ယုံကြည်ချက်ကြောင့်အကျဉ်းကျသူတွေ...အမြန်ဆုံးလွတ်ပါစေ။
လယ်ယာလဲသိမ်းခံထောင်ထဲလည်းရောက်တဲ့ဦးရီးတွေ...အမြန်ဆုံးလွတ်ပါစေ။
မတရားပုဒ်မနဲ့အဖမ်းခံသူတွေ...အမြန်ဆုံးလွတ်ပါစေ။
Sunday, May 22, 2011
အမြန်ဆုံးလွတ်ပါစေ။
တရုတ်ငါးဖမ်းသဘောင်္များ မြန်မာ့ရေပြင်တွင် တရားမ၀င် ငါးဖမ်းဆီးနေ
မြန်မာ့ရေပြင်၌ တရုတ်နိုင်ငံမှ ခေတ်မီငါးဖမ်းသဘောင်္များ တရားမ၀င် ၀င်ရောက်ဖမ်းဆီးနေကြောင်း
ပင်လယ်ငါးဖမ်းအသင်းဥက္ကဌ ဦးမောင်မောင်စိုးက ပြောသည်။
ယင်းသို ခေတ်မီငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခြင်းကြောင့် ရေသယံဇာတများဆုံးရှုံးသည့်အပြင်
ပြည်ပမှ တရားမ၀င်ဖမ်းဆီးသူများကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များတွင် ထိခိုက်နစ်နာမှုများ
ရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။
“တရုတ်ငါးဖမ်းသဘောင်္တွေ မြန်မာရေပိုင်နက်ထဲကို ၀င်ရောက်ဖမ်းဆီးနေပါတယ်။ ဒီလိုဝင်ရောက်
ဖမ်းဆီးတဲ့အတွက် တိုင်းရင်းသားလုပ်ငန်းရှင်တွေမှာ နစ်နာရပါတယ်။ ဒါ့အပြင် ခေတ်မီကိရိယာတွေနဲ့ 
ဖမ်းဆီးတာဖြစ်လို့ ရေသယံဇာတကိုဆုံးရှုံးစေတယ်”ဟု ယင်းက ၁၅/၂၀၁၁ သား/ငါးကဏ္ဍဆိုင်ရာ
လုပ်ငန်းရှင်များအစည်းအဝေး၌ ပြောကြားသည်။
ငါးသယံဇာတမှာ ပင်လယ်ပြင်၌သာမက ကုန်းတွင်းပိုင်း အင်း၊ အိုင်လုပ်ငန်းများတွင်လည်း ထုတ်လုပ်
မှု လျော့ကျနေကြောင်း၊ ယင်းကို ရာသီဥတုဖောက်ပြန်မှုကြောင့်ဟုဆိုသော်လည်း ကမ်းနီး၊ ကမ်းဝေး
ငါးဖမ်းသဘောင်္များ များပြားလာခြင်း၊ ခေတ်မီနည်းစနစ်များဖြင့်ဖမ်းဆီးခြင်းနှင့် အလွန်အကျွံဖမ်းဆီးခြင်း
တို့ ကြောင့် သယံဇာတလျော့နည်းလာခြင်းဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
“ပင်လယ်ငါးဖမ်းအသင်းကပြောတဲ့အတိုင်းဆိုလျှင် တရုတ်သဘောင်္ဖမ်းပြီးရင် ဖမ်းစရာကျန်မှာ
မဟုတ်ဘူး။ တရုတ်က ပိုက်ကွက်စိတ်စိတ်လေးတွေနဲ့ ဖမ်းတာဆိုတော့ ငါးမှုန်၊ ငါးဖွဲတောင်ကျန်မှာ
မဟုတ်ဘူး”ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းအဖွဲ့ ချုပ်မှ တာဝန်ရှိသူကပြောသည်။
သယံဇာတလော့နည်းလာခြင်းကြောင့် ငါးဖမ်းလုပ်ငန်းကို မှီခိုအားထားနေရသော ရေလုပ်သားများ
အတွက် စားဝတ်နေရေးပြဿနာများနှင့် ကြုံတွေ့ လာနိုင်ပြီး ရေလုပ်ငန်းနှင့်ဆက်စပ်နေသည့် စက်ရုံ၊
အလုပ်ရုံလုပ်ငန်းများ ရပ်တန့် သွားနိုင်သည်ဟု သိရသည်။
ပြည်ပနိုင်ငံများမှ တရားမ၀င် ပင်လယ်ပြင်၌ဖမ်းဆီးမှုများအပြင် စီးပွားရေးလုပ်ငန်းကြီးများတွင်ပါ
တရားမ၀င်ရင်းနှီးမြုပ်နှံမှုများကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များတွင် ထိခိုက်နစ်နာမှုများရှိသည်ဟု
တိုင်းရင်းသားလုပ်ငန်းရှင်များက ပြောသည်။
ယင်းသို့ တရားမ၀င်ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အား အခွန်အခပေးဆောင်ရခြင်း မရှိသည့်
အတွက် တိုင်းရင်းသားလုပ်ငန်းရှင်များထက် ဈေးကွက်အသာစီးရနေဲ၍ ထိခိုက်နစ်နာကြောင်းသိရသည်။
အေးမြမြထွန်း
VOL 7 NO.19 THE FLOWER NEWS ...မှ ကူးယူဖော်ပြပါသည်။
၂၁.၅.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.

21 May 2011 Yeyintnge's Diary.doc
612K View Download

21 May 2011 Yeyintnge's Diary.pdf
888K View Download
http://www.mediafire.com/file/n37r20e5c2ckc1m/21%20May%202011%20Yeyintnge%27s%20Diary.pdf
21 May 2011 Yeyintnge's Diary