Wednesday, March 30, 2011

၃၀.၃.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

110330_bty_bur_new_government.doc110330_bty_bur_new_government.doc
5795K View   Download
30 March yeyintnge's Diary.pdf30 March yeyintnge's Diary.pdf
3767K View   Download
30 March yeyintnge's Diary.doc30 March yeyintnge's Diary.doc
2554KView   Download
Reply

Forward




30 March yeyintnge's Diary

ပြည်သူ့လွှတ်တော် နဲ့ လုပ်ပိုင်ခွင့်အာဏာ


By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 30 မတ် 2011
သုံးသပ်ချက်အစီအစဉ်မှာ ဥပဒေပြုလွှတ်တော်ဟာ တကယ့် အာဏာရှိတဲ့လွှတ်တော် မဟုတ်ဘူး၊ လက်ညှိုးထောင်၊ ခေါင်းညိတ်လွှတ်တော်မျှသာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေရှိနေပေမယ့် ဒီလွှတ်တော်နဲ့ ပတ်သက်လို့ မျှော်လင့်ထားနိုင်စရာတွေရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အမတ်တဦးက ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူကြုံတွေ့ ခံစားရသမျှ ဗွီအိုအေ ကို စာရေးပြောဆိုလာသူ သီပေါမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော်မေးချင်တာက အခု လွှတ်တော်နဲ့ ပတ်သက်ပြီးတော့ အတိုက်အခံတွေ၊ ဝေဖန်တဲ့လူ အတော်များများက ဒီလွှတ်တော်ဟာ Rubber Stamp ဘာဘဲလုပ်နိုင်မှာ မဟုတ်ဘူး။ ဘာမှလွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်လည်း ရှိမှာမဟုတ်ဘူး။ ဟိုတုန်းက အမျိုးသားညီလာခံ ကျင်းပခဲ့တာနဲ့ နှိုင်းယှဉ်ပြောဆိုကြတာလည်း ရှိပါတယ်။ ဦးရဲထွန်း အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ကိုယ်တိုင်လွှတ်တော်တက်နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဦးရဲထွန်း အမြင်မှာ ဒီဟာမှာ ကောင်းတဲ့အကွက်တွေ၊ အားတတ်စရာအချက်တွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုအချက်တွေက အားတတ်စရာကောင်းသလဲ။ အလားအလာကောင်းဆိုတာကို ပြောပြပါ။

ဦးရဲထွန်း ။ ။ ဘယ်လိုအချက်တွေက ကောင်းသလဲဆိုရင် ကျနော်တို့ကစပြီး ဒီ လွှတ်တော်ရောက်ဖို့အတွက် ရွေးကောက်ပွဲဝင်ခဲ့တုန်းက အများကြီး မမျှော်လင့်ထားခဲ့ဘူး။ အခုနပြောသလို ဒီလွှတ်တော်က နှစ်ပေါင်း (၅၀) အတွင်းမှာ ပထမဦးဆုံး ပါတီစုံ ဒီမိုကရေစီလွှတ်တော်ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းပါးပါးပဲ ပြည်သူလူထုရဲ့  ခံစားချက်တွေ၊ သူတို့ရဲ့  ဒုက္ခသုက္ခတွေကို ပြောခွင့်ရတယ်ဆိုရင်ပဲ မဆိုဘူးဆိုတဲ့ ခံယူချက်နဲ့သွားခဲ့တယ်။ သွားတဲ့အခါကြတော့လည်း အဲဒီမှာ ပြောခွင့်ရတယ်။ ပြောခွင့်ရတဲ့အခါကြတော့ လွှတ်တော်အထဲမှာ ပြောခွင့်ပြောထိုက်ရတဲ့ဥစ္စာတွေ ပြောလိုက်တော့ ချက်ချင်း အကျိုးသက်ရောက်တာတွေလည်း တွေ့ရတယ်။ အခု ဥပမာ ၁၆ မိုင်ဂိတ်မှာ ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းကို သယ်ယူပို့ဆောင်ခွင့် မရတဲ့ ဆန်၊ ပဲ စသည်တို့ကို ပိတ်ထားတဲ့ကိစ္စတွေ။ အဲဒါမျိုးဆိုရင် အခု ကျနော့်ဒေသက ဖုန်းဆက်လာတာက တော်တော်လေး လွတ်လွတ်လပ်လပ် သွားလို့ရပြီပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒါက လွှတ်တော်မှ တင်ပြဆွေးနွေးလိုက်လို့ အဆင်ပြေသွားတဲ့ သဘောလား။

ဦးရဲထွန်း ။ ။ လွှတ်တော်မှာ မေးခွန်းအနေနဲ့ တင်ပြပြီးတဲ့အခါကြတော့ ဒီကိစ္စကို ဈေးကွက်စီးပွားရေးစနစ်အရ မသင့်တော်ပါဘူးလို့ မေးလိုက်တဲ့အခါမှာ ဖြေတဲ့ ဝန်ကြီးကလည်း သေသေချာချာ ဖြေပေးပါတယ်။ လက်တွေ့ပိုင်းမှာလည်း သူတို့က အဲဒါကို ဖြေလျှော့ပေးတယ်။ နောက်တခုကတော့ တချို့ ကိစ္စတွေ လွှတ်တော်ထဲမှာ ပြောလို့ဆိုလို့ မသင့်တဲ့ကိစ္စတွေဆိုလိုရှိရင်လည်း ကျနော်တို့က သက်ဆိုင်ရာ တာဝန်ခံကို စာနဲ့ရေးပြီးတော့ ကျနော်တို့ဒေသမှာ ဒီလိုအခက်အခဲတွေ ရှိပါတယ်ဆိုပြီးတော့ အောက်ခြေမှာ နားလည်းမှုနဲ့ ဆောင်ရွက်တာလည်းရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါကို ဥပမာလေးပေးပြီး ဘယ်ကိစ္စကို လွှတ်တော်မှာ တင်ပြလို့ မသင့်တော်လို့ စာရေးပြောခဲ့တယ်၊ ပြေလည်သွားတယ်ဆိုတာကို ခပ်တိုတိုပြောပေးပါ။

ဦးရဲထွန်း ။ ။ အဲဒါကိုတော့ မပြောပါရစေနဲ့။ အဲဒါကတော့ ကျနော်တို့ရဲ့  လက်တွေ့လုပ်ငန်းတွေမှာလည်း နောင်မှာ ပြည်သူလူထု အကျိုးစီးပွားအတွက် ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့အတွက်ပဲ ရည်ရွယ်ထားတော့ ဒါတော့ ကျနော် မီဒီယာကို သိပ်မပြောလိုဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခုနပြောသလို နယ်မြေဒေသအတွင်းမှာ ကူးသန်းရောင်းဝယ်ရေး အဆင်မပြေတာတွေ လုပ်ပေးနိုင်တာ သိပ်ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ တိုင်းပြည်အတွက် တကယ့်အရေးကြီးတဲ့ကိစ္စတွေကိုရော လွှတ်တော်မှာ အခု ဆုံးဖြတ်ချက်တွေထဲမှာ ဘယ်ဟာတွေကို အဆိုတင်သွင်းပြီးတော့၊ ဘယ်အချက်တွေ အတည်ပြုနိုင်ခဲ့တယ်ဆိုတာကို ပြောနိုင်ပါသလား။ အဲဒါမျိုး ရှိပါသလား။

ဦးရဲထွန်း ။ ။ ကျနော်အဆိုပြုတဲ့ အဆိုတခုကတော့ သန်းခေါင်စာရင်းကောက်ဖို့ဆိုတဲ့ ကိစ္စ။ အဲဒါကတော့ လုပ်လည်းလုပ်ရာမှာဖြစ်တယ်။ နောက် မလုပ်တာလည်းကြာပြီဆိုတော့ အဲဒီအဆိုကတော့ အနိုင်ရတယ်။ ကျန်တဲ့ တော်တော်များများ အဆိုတွေကတော့ အစိုးရဖက်ပိုင်းမှာလည်း လုပ်ပေးဖို့ အခက်အခဲရှိတယ်ထင်တယ်။ ခက်တာက ကျနော်တို့တတွေက အခုမှ လွှတ်တော်ထဲရောက်ပြီးတော့ အစိုးရရဲ့  ဘတ်ဂျက်အခြေအနေ၊ ဘာညာဆိုတာကလည်း ကောင်းကောင်းမသိသေးတော့ အစိုးရမှာ ဘတ်ဂျက်တွေအရ လုပ်ပေးနိုင်သလား၊ မပေးနိုင်သလားဆိုတာကို ဂဃနဏ မသိသေးဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော်မေးချင်တာက ဒီဟာတင် မဟုတ်ဘဲနဲ့ ဥပမာအားဖြင့် ဘတ်ဂျက်မှာ စစ်အသုံးစရိတ် များနေပြီး ပညာရေး၊ ကျန်းမာရေးအတွက် နည်းနေတယ်ဆိုတဲ့ကိစ္စ။ အဲဒါမျိုးတွေကို ဆွေးနွေးခွင့် ရပါသလား။ ဘတ်ဂျက်ကို လွှတ်တော်ကိုယ်စားလှယ်ဝင်တွေနဲ့ တရားဝင် ဆွေးနွေးထုတ်ဖော် ပြောဆိုခွင့် ရှိပါသလား။

ဦးရဲထွန်း ။ ။ အဲဒီဟာ ဘတ်ဂျက်ကို ကျနော်တို့က အခုထိ မတွေ့ရသေးဘူး။ ဘတ်ဂျက်က ပြုလားမပြုလား။ မီဒီယာတွေက ကြားရတာတော့ အဲဒီ ဘတ်ဂျက်က လာမယ့်ဟိုအဝါအတွက်က လွှတ်တော်ထဲမှာ မတင်ဘဲနဲ့ သူတို့က အတည်ပြုလိုက်ပြီ၊ ဘာညာ ကြိုပြီအတည်ပြုလိုက်ပြီးဆိုပြီ ကြားရတယ်။ ကျနော်တို့က အဲဒါကို မတွေ့ရဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒါမျိုးကို လွှတ်တော်မှာ မေးလို့မရဘူးလား။ ဘတ်ဂျက်ဥပဒေနဲ့ ပတ်သက်ပြီး ပြန်တမ်းမှာ ဖော်ပြထားတယ်လို့ သိရတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်မှာ တင်ပြဖို့ အစီအစဉ် ရှိပါသလားဆိုတာလောက်တော့ မဆွေးနွေးဘူးလား။

ဦးရဲထွန်း ။ ။ မေးလို့ရပါတယ်။ အဲဒါ မေးမယ်ဆိုရင်တော့ သူတို့ အဖြေပေးမှာပေါ့။ ကျနော်တို့လည်း အဲဒါကို သတိမရလိုက်ဘူး။ ကျနော်တို့လည်း ကိုယ့်ဒေသ ကိုယ့်လူထုကိစ္စကိုပဲ နည်းနည်းအဓိကထားလိုက်တဲ့အခါကြတော့ ဒီတပတ်မှာလည်း တပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စတွေဘာတွေ နည်းနည်းလျှော့ထားတယ်။ သိပ်ပြီး အလေးမထားဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက လွှတ်တော်မှာ မေးမယ်ဆိုရင် မေးလို့ရတဲ့ အဲဒီလို မေးဖို့အတွက် ကြိုပြီတော့ ခွင့်တောင်းရပါသလား။ တင်ပြပေးရသလား။

ဦးရဲထွန်း ။ ။ တင်ပြရပါတယ်။ ကျနော်တို့က အဲဒီဟာကို မေးခွန်းပဲဖြစ်စေ၊ အဖြေပဲဖြစ်စေ။ ကျနော်တို့က သူ့စည်းကမ်းအတိုင်း ကြိုတင်ရတယ်။

ဦးကျော်ဇံသာ ။ ။ ဘတ်ဂျက်ကိစ္စဆိုလို့ရှိရင် ဦးရဲထွန်းတို့က ခွင့်တောင်းပြီးတော့ မေးခွန်းထုတ်နိုင်လိမ့်မယ်လို့ ထင်တယ်ပေါ့နော်။

ဦးရဲထွန်း ။ ။ ဟုတ်ကဲ့ဗျ။

ဦးကျော်ဇံသာ ။ ။ ကျနော်သိတာက တချို့ ကြတော့ လွတ်ငြိမ်းချမ်းသာခွင့်အဆို။ အဲဒီ အဆိုထက်ပိုပြီးတော့ ယေဘုယျအားဖြင့် ပြောလိုက်တာက အပြင်မှာ မီဒီယာကို ပြောထားတဲ့အဆိုတွေကို လွှတ်တော်မှာ မေးခွင့်မရှိဘူး၊ တင်သွင်းခွင့်မရှိဘူးလို့ စည်းကမ်းထုတ်တယ်လို့ ကြားရပါတယ်။ ဟုတ်ပါသလား။

ဦးရဲထွန်း ။ ။ စည်းကမ်းရယ်လို့တော့ မဟုတ်ဘူး။ ကျနော် ကြားလိုက်တာက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က တချို့ မေးခွန်းတွေလား၊ အဆိုလား မပြောတတ်ပါဘူး။ ကောင်းကောင်းမမှတ်မိတော့ဘူး။ အဲဒါတွေက တင်ထားတာ ရှိပေမယ့် သူတို့မဖြေခင်မှာ လွှတ်တော်ထဲမှာ မဖြေခင်မှာ မီဒီယာကို ပေါက်ကြားတယ်။ ဒါကြောင့်မို့ အဲဒါတွေကို သူအနေနဲ့ ထည့်မပေးတော့ဘူးလို့ ပြောတာကို သတိထားမိတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာက တချို့  တိုင်းပြည်အတွက် သိပ်အရေးကြီးတဲ့ ကိစ္စတွေရှိမယ်။ မီဒီယာကို ပေါက်ကြား၊ မပေါက်ကြားတာထက် အဲဒီကိစ္စမျိုးကို မီဒီယာပေါက်ကြားလို့ဆိုပြီး မေးခွန်းမပေးရင် လွှတ်တော်ရဲ့  တာဝန်၊ အခန်းကဏ္ဍ မှေးမှိန်ရာ မရောက်ဘူးလားလို့ စဉ်းစားမိတာပါ။ ဥပမာ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တင်သွင်းမယ်ဆိုရင် လွှတ်တော်ကိုယ်စားတဦးက ကျနော်တို့ဆီကို မကြာခဏ ပြောပါတယ်။ အဲဒီကိစ္စကို ကျနော်တို့က မီဒီယာပီပီ ဖော်ထုတ်ပြောလိုက်တဲ့အခါမှာ အဲဒီမေးခွန်းကို မေးလို့ရတော့မှ မဟုတ်တော့ဘူးလို့ ဖြေသွားလို့ပါ။

ဦးရဲထွန်း ။ ။ မဟုတ်ဘူးဗျ။ ကျနော်တို့ဆီက ကျားဖြူပါတီက မေးတဲ့ မေးခွန်းကိုတော့ အဖြေပေးတယ်။ အဓိကတော့ ဒါက အဲဒီလို မီဒီယာတွေ ပေါက်ကြားလို့ ရှိရင် မဖြေဘူးဆိုတဲ့ စည်းကမ်းချက်မျိုး မဟုတ်ဘဲနဲ့ ဒီဟာကတော့ လွှတ်တော်ဥက္ကဌရဲ့ သဘော။ လွှတ်တော်ဥက္ကဌက မေးခွန်းတွေ၊ အဆိုတွေကို ကြည့်လိုက်တဲ့အခါမှာ မသင့်တော်ဘူးလို့ထင်လို့ရှိရင် သူ့မှာ agenda ထဲကို ထည့်မလားမထည့်ဘူးလားဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အဲဒါကတော့ သူက အကြောင်းပြချက်ကို ရိုးရိုးလေး ပြောတာပေါ့။ သို့သော် သူမထည့်ဘူးဆိုရင် ဘာကြောင့် မထည့်ဘူးဆိုတာကို မေးခွင့်မရှိဘူး။

ဦးကျော်ဇံသာ ။ ။ မေးခွင့်မရှိဘူးဆိုတော့ အခုအခါကြတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါတယ်ဆိုတဲ့ မေးခွန်ကို လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းတယ်လူ၊ အဆိုတင်သွင်းတဲ့လူ ရှိပါသလား။

ဦးရဲထွန်း ။ ။ မေးခွန်းမေးတာ ရှိတယ်။ ကျနော်တို့ ကျားဖြူပါတီ က မေးတယ်။ နောင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စက သမ္မတက ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက်ကြောင့် သမ္မတ ကျမ်းသစ္စာဆိုပြီးရင် နောင်သူလုပ်ပါလိမ့်မယ်လို့ ပြည်ထဲရေးဝန်ကြီးက ဖြေသွားတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခု ဝန်ကြီးအဖွဲ့ ဖွဲ့တဲ့နေရာမှာလည်း တိုင်းရင်းသားကိုယ်စားလှယ်တွေ မပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လူတွေနဲ့ သူတို့ရွေးထားတဲ့ အရပ်သားတချို့  တယောက်နှစ်ယောက်လောက်ပဲ ပါတယ်လို့ ဆိုကြပါတယ်။ တိုင်းရင်းသားအမတ်တွေက အဲဒီကိစ္စကို မမေးမြန်း မဆွေးနွေးကြဘူးလား။

ဦးရဲထွန်း ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့မှာ မပါတဲ့ကိစ္စကိုတော့ မပြောကြဘူး။ မပြောကြဘူးဆိုတာ သူ့ရဲ့  constitution အရကတော့ ဒါက သမ္မတ ရွေးချယ်ခံရသူရဲ့  ဆုံးဖြတ်ချက်ပဲဆိုတော့ အမေရိကန်မှာ အမေရိကန်သမ္မတ ရွေးတဲ့ကိစ္စကို ကျနော်တို့ ဥပဒေအကြောင်းအရာ ဘာမှ ဝင်စွက်ဖက်ခွင့်မရှိသလိုပေါ့။

ဦးကျော်ဇံသာ ။ ။ ဥပဒေအကြောင်းအရ ဝင်ရောက်စွက်ဖက်ခွင့် မရှိသောလည်း ဘယ်အကြောင်းအရာမဆို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေကတော့ မေးခွင့်ရှိတာပေါ့။ မမေးဘူးလား။

ဦးရဲထွန်း ။ ။ မေးခွင့်ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မမေးကြဘူးပေါ့။

ဦးရဲထွန်း ။ ။ အစောပိုင်းကတော့ ကျနော်တို့ ချင်းကိုယ်စားလှယ် ဦးမော်မောင် က အုပ်ချုပ်ရေးကဏ္ဍတွေ၊ စီမံခန့်ခွဲရေးကဏ္ဍတွေမှာ တိုင်းရင်းသားတွေကို ထည့်ပေးဖို့ သူက မေးခွန်းမေးထားတာရှိတယ်။ မေးခွန်းမဟုတ်ဘူး အဆိုတင်သွင်းထားတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြည်နယ်တွေမှာ တော်တော်များများ တိုင်းရင်းသားပါတီတွေကလည်း ရတဲ့အတွက်ကြောင့် ဒါ ကျေနပ်လောက်ဖွယ်ရှိတယ်ဆိုပြီး အဆိုရှင်ကိုယ်၌က ကျေနပ်လက်ခံသွားတာရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအဆိုကို မဲမခွဲဘူးပေါ့။

ဦးရဲထွန်း ။ ။ ဟုတ္ကဲ့ခင္မ်။ မဲခြဲတဲ့အဆင့္မေရာက္ဘူး။
http://www.voanews.com/burmese/news/burma/

မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန် ကျမ်းကျိမ်လိုက်ရပုံက ..

တခုကတော့ သေချာသည် ။ သမတရာထူးကို လွဲပြောင်းရမည်ဟု ပြောဆိုနေကြသည်။ အာဏာလွှဲပြောင်းရေးတော့ မဟုတ်။ သည်တော့ ဦးသိန်းစိန်က ကျမ်းသစ္စာ ကျိန်ဆိုရမည်ဟု ဆိုသည်။ ဆိုလျင် သူမည်သည့်နေရာမှာ ကျမ်းသစ္စာဆိုမည်နည်း။ ဗုဒ္ဒဘာသာဝင်တို့  ထုံးစံအရ ရဟန်းသင်္ဃာ ဆရာတော်မြတ်တို့ ရှေ့ မှာ ကျမ်းသစ္စာဆိုမည်လား။ သည်လိုဆိုလျှင် သီရိလင်္ကာနိုင်ငံမှာ သမတမဟိန္ဒရာဇပါ့တ်စကီ လို့  ကျမ်းသစ္စာ ဆိုမည်တော့ မထင်။ အဘယ့်ကြောင့်ဆိုသော် သီရိလင်္ကာနိုင်ငံက ဗုဓ္ဒဘာသာထွန်းကားသောနိုင်ငံဖြစ်၍ ဘာသာတရားကို အခြေခံကာ ကျမ်းသစ္စာခံယူကြသည်။ သမတမဟိန္ဒ ကျမ်းသစ္စာခံယူချိန်က ခရုသင်းတွင် သစ္စာရေထည့်ကာ အောက်မှာ မုဒ်ဖလားဖြင့် ရေခံထားသည်။ ကျမ်းသစ္စာဆိုနေချိန် သမတမဟိန္ဒက ရေစက်ချနေသည်ကို လက်ဖြင့်ခံကာ ဂတိသစ္စာခံယူရသည်။ သီလသမာဓိနှင့် ပြည့်စုံသော ဆရာတော် အရှင်သူမြတ်-၅၀၀- ခန့် က သမတ ကျမ်းသစ္စာခံယူချိန်တွင် ပရိတ်တရားတော် ချီးမြှောက်ကြသည်။
ယခုမြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာကား သီရိလင်္ကာမှ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ ကြောင့် ဗုဒ္ဒဘာသာဝင်တို့ ထုံးစံအရ သီရိလင်္ကာနိုင်ငံလို ဆရာတော် အရှင်သူမြတ်တို့ ထံတွင် ကျမ်းသစ္စာ ခံယူကြမည်လားဆိုသည်မှာ စဉ်းစားစရာဖြစ်သည်။ ဖြစ်နိုင်ခြေမ၇ှိဟုထင်သည်။ အကြောင်းမှာ သီလသမာဓိနှင့် ပြည့်စုံသောဆရာတော် အရှင်သူမြတ်တို့ မှာ -၂၀၀ရ-ခုနှစ်က ဘုန်းကြီးတွေ သင်္ဃာတွေကို ရက်ရက်စက်စက်သေနတ်နှင့် ပစ်သတ်ထားပြီးဖြစ်သည်ကို ယခုအချိန်ထိ မြင်ယောင်နေကြသည်။ စစ်အစိုးရကမူ သည်ထက် မြင်ယောင်နေကြပါသည်။ ရဟန်းသင်္ဃာတော်တွေကို အလိုလိုနေယင်း သံသယစိတ်တွေနှင့် ရှိနေသော ဗိုလ်ချုပ်မှူးသန်းရွှေနှင့် စစ်အုပ်စုမှာ မည်သည့်အခါမျ ဆရာတော်ရဟန်းသင်္ဃာတော်တွေကို အသိအမှတ်မပြု။
မြန်မာနိုင်ငံတော်၏ သမတကို ကျမ်းသစ္စကျိန်ဆိုမည့်နေရာတွင် ဆရာတော်ရဟန်းသင်္ဃာတော်တွေရှေ့မှာ မည်သို့  ကျမ်းသစ္စာဆိုကြပါမည်နည်း။
ကြည့်လေ ။ ကွှန်ုပ်သည် မြန်မာနိုင်ငံသားတို့  အပေါ် ရင်ဝယ်သားကဲ့ သို့  ချစ်မြတ်နိုးပြီး ပြည်သူတို့ ၏အလိုကျ စီမံအုပ်ချုပ်သွားပါမည်။ ကျွှန်တော်၏ ကာယအား၊ညာဏအား ဖြင့် ကိုယ်စွမ်းရှိသရွေ့ မြန်မာနိုင်ငံတိုးတက်အောင် ဆောင်ရွက်သွားပါမည်။ ဗုဒ္ဒဘာသာဝင်ဖြစ်သည်နှင့်အညီ ဆရာတော် ရဟန်းတော် အရှင်သူမြတ်များကို နေ့ ညမပြတ် လက်အုပ်ချီကာ ရှိခိုးပူဇေါ်ပါမည်ဟု ဦးသိန်းစိန်က မည်သူတို့ ရှေ့မှာ သစ္စာ ဆိုပါမည်နည်း။ ဤသစ္စာစကားကို မည်သူယုံကြည်ပါမည်နည်း။
သူသစ္စာဆိုမည့်နေရာမှာ ဘုန်းကြီးတွေ ရဟန်းသဃာင်္တော်တွေကို ပစ်သတ်သော ပြည်သူလူထုကို ပစ်သတ်သော စစ်ဗိုလ်တွေရှေ့မှာ သစ္စာဆိုနေပါလိမ့်မည်။ ယင်းသို့ ဆိုလျင် ဦးသိန်းစိန်ကျိန်သော ယင်းသစ္စာသည်ကား မည်ကဲ့သို့ စူးရှပါမည်လဲ ။ သစ္စာဆိုသည်မှာ စူးပါစေသားဆိုသည်နှင့် ကျမ်းကျိန်သကဲ့သို့  စူးရောက်စေသည်။ ယခုမည်သို့  သူဆိုသော ကျမ်းသစ္စာ စူးပါမည်နည်း။ ပြီးတော့ မည်သည့်ဆရာတော်ရှေ့မှာမှ သစ္စာ တိုင်သည်မဟုတ်။ သူတိုင်သောနေရာတွင် မြတ်စွာဘုရားဆင်းထုတော်ပင်လျင် တဆူမရှိချေ။ တရားရုံးတော်များတွင် ကျမ်းကျိန်ပြီး ဆိုကြခြင်းမှာ အနောက်နိုင်ငံဥပဒေအရ ကျမ်းစာအုပ်ကို ကိုင်တွယ်ပြီး သစ္စာဆိုကြရသည်။ မဟုတ်မမှန် ထွက်ဆိုပါက စူးပါစေသား စသည်ဖြင့် ကျိန်စာတိုက်ကြရသည်။
ယခုဦးသိန်းစိန်က မည်သူ့ ကို သက်သေထားပြီး ကျမ်းသစ္စာ ဆိုမည်နည်း။ ဘုရားဆင်းထုတော်လည်းမရှိ ။ ဆရာ တော် အရှင်သူမြတ်လည်းမရှိ။
လွှတ်တော်တွင် ကျမ်းသစ္စာ ဆိုသည်မှာ လွှတ်တော်ဥက္ကဌတွေ ၊တရားသူကြီးချုပ်တွေရှေ့မှာ ရသည်ဟု ပြောလျင် ရပါသေးသည်။ သို့ ဆိုလျင် ယင်းပုဂ္ဂိုလ်က ဦးသိန်းစိန်၏ သစ္စာဖေါက်ပြားခဲ့ လျှင် သစ္စာစူးအောင် လုပ်နိုင်ကြပါမည်လား။ ယင်းသို့ လုပ်နိုင်အောင် မည်ကဲ့သို့  အာမခံချက်များ ပေးကြမည်နည်။ အဓိပ္ပါယ်မရှိသော အာမခံချက်မျိုးသာဖြစ်လိမ့်မည်ထင်သည်။ အကြောင်းမှာ သမတသည် မြန်မာနိုင်ငံသူ နိုငငံသားများအား ရင်ဝယ်သားကဲံသို့  ချစ်မြတ်နိုးသည့်သူမဖြစ်နိုင်။ သူကား စစ်အစိုးရ၏ လက်ကိုင်တုတ်ဖြစ်သောကြောင့် လူ့ အခွင့်အရေးကို ဆက်လက်ချိုးဖေါက်နေလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် ဆက်လက်ဆောင်၇ွက်သွားလိမ့်မည်ဖြစ်သည်။ ဆရာတော်ရဟန်းသင်္ဃာတော်မြတ်များကို အာဏာသိမ်းနိုင်သည်ဟု ထင်မှတ်လျင် သတ်ပစ်မည်ဟု ထာဝရတွေးထားသောသူများဖြစ်လိမ့် မည်။ ထို့ ကြောင့် သူတို့  ဆိုမည့် ကျမ်းသစ္စာကား မည်သည့်နည်းနှင့်မျ သစ္စာတရားကို အခြေခံသည်မဟုတ်။
လူသတ်သမားစစ်အုပ်စုများရှေ့တွင် တိုက်ပုံဝတ် လူသတ်သမားများက ကျမ်းသစ္စာဆိုခြင်းမှာ လူများရယ်စရာဖြစ်သည်။ မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသား-၂၀၀၀- ကျော်မှာ ၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ လွပ်လာလိမ့်မည်မဟုတ်ချေ။ ယင်းဥပဒေကိုပင် သမတက တာဝန်ကျေပြွန်စွာ ထမ်းရွက်ပါမည်ဟု သစ္စာဆိုသောအခါ သူ့ သစ္စာသည်မှန်ကန်ပြီး လိုက်နာဆောင်ရွက်နေမည်မှာ သေချာသည်။ ယင်းမှာ ပြည်သူပြည်သားများကို ရင်ဝယ်သားကဲံသို့  ချစ်မြတ်နိုးခြင်းလား။ ဗိုလ်သန်းရွှေဦးစီးသော စစ်အုပ်စုမှာ မိမိတို့  လွှတ်တော်အတွင်းမှာပင် ဘယ်နေ့ ဘယ်ကာလမှာ သမတအဖြစ်ကျမ်းသစ္စာ ကျိန်ဆိုမည်ကို မပြောဝံ့၇ှာကြ။ ရွေးချယ်ထားပြီးဖြစ်သော နေရာကိုမျှ မပြောဝံ့ခြင်းမှာ ရွံစရာကြီးဖြစ်နေသည်။ ပြသနာတခုမှာ စစ်အစိုးရ၏ နိုင်ငံရေးပရိယယ်ကို နိုင်ငံရေးသမားတို့ က နားမလည်နိုင်ကြသေး။
လွှတ်တော်ကိစ္စသတင်းများ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ သတင်းများကို ပြောဆိုနေသောသူတို့ မှာ နိုင်ငံရေးသမားများဖြစ်သည်။ လွှတ်တော်တက်ရောက်နေသော ကိုယ်စားလှယ်များက လွှတ်တော်အကြောင်းကို သတင်းးဌါနများသို့ ပြောသည်။ သည်အခါ စစ်အစိုးရက ရိုက်မစစ်ပါဘဲ လွှတ်တော်ကိုယ်စားလှယ်များထံမှ စကားတွေကို ရရှိသွားသည် ။ အကြံအညဏ်တွေကို ရရှိသွားသည်။ သို့ အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဘာဘဲလုပ်လုပ် စစ်အစိုးရမှ ထောက်လှမ်းရေးလွှတ်ထားစရာမလို ။ အဖွဲ့ ချုပ်အတွင်း မည်သို့  ဖြစ်နေသည်။ မည်သို့ လုပ်ကိုင်နေသည်ကို ၏ သည် မရွေး အစကအဆုံးထိ ပြောနေတော့ စစ်အစိုးရက ရေးမှတ်ထားရုံဖြစ်နေသည်။ အခြားတဖက်မှာမူ စစ်အစိုးရမှ မည်သို့  ဆောင်၇ွက်နေသည် ။ မည်သို့  လုပ်ကိုင်နေသည် ။ လုပ်လာမည်ကို တွက်ချက်နိုင်ရန် မည်သို့ မှ သတင်းအစအန မရနိုင်ခြင်းပင် ဖြစ်သည်။ ယင်းကြောင့် စစ်အစိုးရဘက်က ခြေလှမ်းတကွက်သာနေခြင်းဖြစ်သည်။
ထို့ ကြောင့် စစ်အစိုးရသိရှိသွားအောင် ပြောဆိုနေခြင်းထက် အပြောတွေကို လျော့ပေးဖို့  လိုအပ်နေပြီဟုထင်သည်။ နည်းနည်းလောက်ဆင်ခြင်သင့်သည်ဟုမြင်သည်။ နိုင်ငံရေးပါတီများမှ ဆောင်ရွက်နေသော အကြောင်းအရာများကို ပြည်သူများက မသိတာထက် စစ်အစိုးရက သိသွားခြင်းက ကိုယ့်အတွက် အရေးနိမ့်သွားစေတတ်သော ဗျူဟာ တခုဖြစ်နေသည်။ မည်သည့်နေရာ မည်သည့်အချိန်တွင် မည်သူက အင်တာဗျူး ပြုလုပ်ပါသည်ဟု နာမည်နှင့်တကွ ဖေါ်ပြလိုက်တော့ အဖမ်းခံနေရသော နိုင်ငံရေးအကျဉ်းသမားတဦးမှာ ယခုအချိန်ထိ ထောင်ထဲမှာ ရှိနေသေးသည်။ ပြည်တွင်းမှာကော ပြည်ပမှာပါ ပြည်သူတွေကို အားတက်စေလိုသော စိတဆန္ဒတွေ နိုးကြားစေလိုသော အတွေးအေခေါ်တွေ ၇ှိနေကြသည်။ သို့ သော် စစ်အစိုးရဖက်က အခွင့်အရေးယူသွားနိုင်မည့် အကြောင်းအရာမျိုးကို မဟာဗျူဟာမြောက် မပြုလုပ်မိရန် လိုသည်ဟု ထင်သည်။
စစ်အစိုးရ၏ ချွတ်ချော်ကျနေမူများကို ပြောကြသောအခါ အသံတွေထွက်လို့ ရပါသည်။ ယင်းအသံများမှာ ပြည်သူတရပ်လုံးကို အသိညဏ်တိုးပွါးစေခြင်းသာဖြစ်သည်။ ယခုအချိန်တွင် စစ်အစိုးရကို ဖြုတ်ချရန် တာစူနေပြီဖြစ်သည်။ မည်သည့်နေ့ တွင် လူထုတွေက လမ်းမပေါ်သို့  အစုလိုက်အပြုံလိုက် ထွက်လာမည် မသိရသေး။ သို့ သော် တနေ့ နေ့ တော့ ထွက်လာကြမည်ထင်သည်။ အကြောင်းမှာ စစ်အစိုးရကို အီဂျစ်လို စစ်ရေးအရအရေးယူရန် လက်မှတ်ထိုးတောင်းဆိုနေကြပြီ။ လက်မှတ်တသိန်းပြည့်လျှင် စစ်အစိုးရကို အရေးယူရန် ပြင်ဆင်နိုင်ပြီဟု သိရသည်။ ကုလသမဂ္ဂလက်အောက်ခံ လူ့ အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံ၏ စစ်တပ်မှ အပြစ်မဲ့ လူထုကို ပစ်သတ်ခြင်းများအား အရေးယူရန် စုံစမ်းရေးကော်မရှင်တခုကို ဖွဲ့ စည်းလိုက်ပြီဖြစ်သည်။ ယင်းစုံစမ်းရေးကော်မရှင်မှ နအဖစစ်အုပ်စု၏ ရာဇ၀တ်မူကျူးလွန်ထားမူများကို စစ်ဆေးရန်ဖြစ်သည်။ တချိန်တည်းမှာ ယခုဦးသိန်းစိန် က သမတအဖြစ် ဦးဆောင်မည့် အစိုးရသည် လူထုအပေါ် လမ်းမပေါ်ထွက်လာလျင် မပစ်သတ်ရဟု ဆိုသော ဥပဒေတခုကို အမိ န့် ချပေးထားပြီဖြစ်သည်။ ရှေးကကျူးလွန်ထားသော အမူများကို စုံစမ်းစစ်ဆေးမည်ဟု ဆိုထားရာ နောင်အစိုးရသည်လည်း မကျုးလွန်ရကြောင်း အသိပေးထားခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများမှ ပြောချင်လွန်းကြပြီဆိုလျှင်မူ လမ်းမပေါ်ထွက်အောင်သာ တိုက်တွန်းပေးဖို့  အသိရှိစေဖို့  ပြောဆိုစည်းရုံးနိုင်ကြ ဖို့ သာလိုသည်။ မည်သို့ ပင်ဆိုစေ သမတဦးသိန်းစိန်မှာ ကျမ်းသစ္စာကျိန်ဆိုလိုက်ပုံကဖြင့် လူသတ်သမားများရှေ့မှာ လူသတ်သမားတဦးက ကျမ်းသစ္စာ ဆိုခြင်းထက် ဘာမျ မထူးဟု ပြောစရာသာ ဖြစ်တော့သည်။ သည်တော့ ဘုရားဆင်းထုတော်ရှေ့မှာ သစ္စာမဆိုရဲသော ငမိုက်သားများဟု ပြောရတော့မည် မဟုတ်ပါလား။

ခိုင်အောင်ကျော် ( နယူးယောက် )

အကျဉ်းကျခံ ရှမ်းခေါင်းဆောင်များကို တိုင်းရင်းသားလူမျိုးစုများက စုပေါင်းဂုဏ်ပြုပွဲ

ခွန်ထွန်းဦးဇနီး ဒေါ်ဝေေ၀လွင်၊ စိုင်းညွန့်လွင်ဇနီး ဒေါ်ခင်အုန်းတင့်၊ကရင်၊ ချင်း၊ ဇိုမီး၊ ကယန်း၊ မွန်၊ ရခိုင်နှင့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ အကျဉ်းကျခံ မိသားစုဝင်များ တက်ရောက်ကြသည်။အထူးဖိတ်ကြားသူများထဲတွင် အဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဥိးဟံသာမြင့်၊ ဥိးအုန်းကြိုင်၊ ဦးဥာဏ်ဝင်း၊ ဥိးကြည်ဝင်း၊
ဝါရင့်အဖွဲ့မှ သခင်ချန်ထွန်း၊ ဦးထွေးမြင့်၊ ရွေတောင်အုံးမောင်၊စုစုပေါင်း ၃၀ ခန့်တက်ရောက်ကြသည်။








Shan Leader's

MORE PHOTOS
Hero.rarHero.rar
2649K   Download  

ယခုဖွဲ့ စည်းလိုက်သော မြန်မာနိုင်ငံ၏ အစိုးရအား အယုံအကြည်မရှိကြောင်း ပြန်ကြားလွှာ

၁။ ကျွှန်ုပ်တို့ သည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးထွန်းကားရေးအတွက် လိုလားသော ပုဂ္ဂိုလ်များဖြစ်ပါသည်။ ဗြဟ္မာစိုးရ်တရားနှင့် အညီ ကျင့်ကြံအုပ်ချုပ်စီမံသော မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်မည့် အစိုးရမျိုးကို လိုလားတောင့်တသူများ ဖြစ်သည်။ ယခုအချိန်တွင် ပြည်သူလူထု၏ စစ်မှန်သော စိတ်ဆန္ဒများကို ထုတ်ဖေါ်မပြနိုင်ဘဲ စစ်အစိုးရ၏ လုပ်ကြံမူကြောင့် ၂၀၁၀- ရွေးကောက်ပွဲမှာ ပြီးဆုံးသွားခဲ့ ရသည်။ ယင်းရွေးကောက်ပွဲမှ လွှတ်တော်ကိုယ်စားလှယ်များဖြင့် အစိုးရဖွဲ့ စည်းလိုက်ပြီဖြစ်ရာ မြန်မာနိုင်ငံ၏ အနာဂါတ်ကံကြမ္မာကို သူတို့ က ဖန်တီးနိုင်လိမ့်မည်ဟု ထင်မှတ်ထားကြသည်။
ယနေ့ အချိန်တွင် အစိုးရအဖွဲ့ မှာ ကျမ်းသစ္စာကျိန်ဆိုပြီး နိုင်ငံကိုအုပ်ချုပ်မည်ဟု ကြေညာလိုက်ပြီဖြစ်ရာ ဤအစိုးရမှာ ပြည်သူပြည်သားတို့ အား မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်လိမ့်မည်ဟု လုံးဝအယုံအကြည် မရှိကြောင်း သိစေအပ်ပါသည်။
၂။ ကျွှန်ုပ်တို့ အနေဖြင့် လူသတ်သမား စစ်ဘောင်းဘီချွတ် သမတနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများအား အယုံအကြည်မရှိခြင်းမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအား မတရားသတ်ဖြတ်ခြင်း နှင့် အမျိုးအမည်ရေတွက်မရနိုင်သော လူ့ အခွင့်အရေးချိုးဖေါက်မူများကို ကျူးလွန်ထားသူများဖြစ်၍ မယုံကြည်ကြကြောင်း ကြေညာရခြင်းဖြစ်သည်။ ကုလသမဂ္ဂ လက်အောက်ခံ လူ့ အခွင့်အရေးကောင်စီမှ ဆုံးဖြတ်ချက်အတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရအား လူ့ အခွင့်အရေးချိုးဖေါက်မူများအား စုံစမ်းစစ်ဆေးရန်လည်း ယခုအချိန်ထိ မဆောင်ရွက်သေးကြောင်းကို ထောက်ရှုခြင်းဖြင့် ပို၍ပင် သံသယပွါးစေနိုင်ပါသည်။
၃။ ကျွှန်ုပ်တို့ အနေဖြင့် ယခုဖွဲ့ စည်းလိုက်ပြီဟု ကြေညာလိုက်သော သမတဦးသိန်းစိန်အစိုးရအဖွဲ့ ဝင်များ အားလုံးအား ယနေ့  ကျွှန်ုပ်တို့ကြေညာသည့်အချိန်မှစ၍ -၁၉၉၀-ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူတရပ်လုံးက မဲဆန္ဒကို တခဲနက်ပေးခဲ့ခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ထောက်ခံထားကြသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား အာဏာလွှဲပြောင်းပေးရန် အကြောင်းကြားလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေသလို -၁၉၉၀- ခုနှစ် ရွေးကောက်ပွဲ ရလဒ်သည်လည်း ပျက်ပြယ်ခြင်း အလျဉ်းမရှိသေးချေ။
၎။ ကျွှန်ုပ်တို့ ပြည်သူတရပ်လုံး၏ တောင်းဆိုမူအတိုင်း သမ္မတဦးသိန်းစိန် ဦးဆောင်သော စစ်ဘောင်းဘီချွတ်အစိုးရသည် နိုင်ငံတော်အာဏာလွှဲပြောင်းပေးရန် အမြန်ဆုံးဆောင်ရွက် ရမည်ဖြစ်သည်။ သမတဦးသိန်းစိန်မှာ သမ္မတရာထူးရရှိထားသည့်အတိုင်း မည်သည့်အခွင့်အာဏာ ဟူသမျှကိုမဆို -၁၉၉၀- ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား နိုင်ငံတော်အာဏာအား ချက်ချင်း လွှဲပြောင်းရမည်ဖြစ်သည်။ ဤကြေညာချက်အား မလိုက်နာ မဆောင်ရွက်ပါက မြန်မာနိုင်ငံ မီးဟုန်းဟုန်း တောက်နေမည်ဖြစ်ကြောင်း အထူးသတိပေးလိုက်သည်။
၅။ ဤကြေညာချက်သည် ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများအား တရားဝင်ကြေညာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများက အယုံအကြည်မရှိကြောင်း အသိပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများ