Monday, March 14, 2011
ကနေဒါတိုရန်တိုတွင်ကိုဖုန်းမော်နှင့်တကွဒီမိုကရေစီတိုက်ပွဲတွင်ကျဆုံးခဲ့သူများအားရည်းစူး၍ဆွမ်းကပ်
၁၃ရက်မတ်လ၂၀၁၁မနက်၁၀နညရီခွဲတွင်ကနေဒါတိုရန်တိုမြန်မာဘောလုံးအသင်းရုံးခန်းမတွင်၊ပဓါနဆရာတော်ဦးပညာဝံသနှင့်ဆရာတော်များမှကိုဖုန်းမော်နှင့်တကွဒီမိုကရေစီတိုက်ပွဲတွင်ကျဆုံးခဲ့သူများအတွက်မေတ္တာပို့တရားတော်များရွတ်ဖတ်ပေးပါသည်။ဤအမျှပေးဝေသည့်အခမ်းအနားကိုထိုနေ့(လူ့အခွင့်အရေးနေ့)ရောက်တိုင်းမြန်မာ ကျောင်းသားများဒီမိုကရက်တစ်အဖွဲ့မှကျင်းပလေ့ရှိကြောင်းသိရပါသည်။အခမ်းအနားအပြီးတွင်ဂျပန်ဆူနာမီအရေးပေါ်အလှုငွေကိစ္စ၊အန်အယ်လ်ဒီလူမှုအထောက်အကူပြု အဖွဲ့သို့ဝိုင်းရံကူညီရန်ကိစ္စ များအတွက်ဆက်လက်ညှိနိုင်းတိုင်ပင်ခဲ့ကြကြောင်းသိရပါသည်။
လက်ရှိသက်တမ်းမြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ့ (တိုရန်တို)ဥက္ကဠမှာကိုတင်ထွဋ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး နေ့ ထုတ်ပြန် ကြော်ငြာချက်(Burmese Canadian Network)
Statement on 62 Anniversary of International Human Rights Day
တပ်မတော်သားတို့၏ တာဝန်ဝတ္တရားနှင့် ပြည်သူ့သဘောထား
အာဏာရှင် စနစ်ဆိုးအောက်မှာ နေရသမျှ လူ့အခွင့်အရေး မှန်သမျှ ဆုံးရှုံးကာ လူသားမပီသတဲ့ လုပ်ရပ်များနဲ့ ရှင်သန်နေရတာကို လွတ်မြောက်လိုတဲ့ လူအများက စတင် ဆန့်ကျင်ကာ တော်လှန်ရေးများ လုပ်ရှားလုပ်ဆောင်နေကြပါပြီ ။ စစ်အာဏာရှင်စနစ်ဆိုး ကို မွေးထုတ်နေတဲ့ ဗိုလ်ချုပ်တွေက သူတို့ကောင်းစားရေးကို ဦးထိပ်ထားနေကြလို့ ပြည်သူလူထုနှင့် အတူ ဒုက္ခခံစားနေရတဲ့ ဘ၀က လွတ်မြောက်လိုတဲ့ တပ်မတော်သားများက လည်း အာဏာရှင်များရဲ့ အမိန့်ကို ဆန့်ကျင်ကာ ပြည်သူအများက ယုံကြည်အားထားတဲ့ တပ်မတော်သားဘ၀ကို ပြန်လည် ရယူပေးတော့မယ် ဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်များနဲ့ စတင် လုပ်ရှား လုပ်ဆောင်နေတဲ့ အချိန်အခါမှာ သင်လည်း နိုင်ရာ တာဝန် ထမ်းရွက်ဖို့ မမေ့ပါနဲ့ ။
တပ်မတော်သား အပေါင်းတို့ ခင်ဗျာ ....
တပ်မတော်ရဲ့ ဖခင်ကြီးက မိန့်မှာခဲ့တဲ့ စကားအတိုင်း တပ်မတော်သည် တိုင်းပြည် အတွက် ၊ တိုင်းပြည်သည် တပ်မတော် အတွက် မဟုတ်
စည်းကမ်းမရှိတဲ့ စစ်တပ် ရှိနေမယ့် အစား အဲဒီ စစ်တပ် မရှိတာ ပိုကောင်းတယ်ဆိုတဲ့ စကားလေးကို လက်တွေ့ကျကျ စဉ်းစားကြည့်လိုက်ရင်
ဒီနေ့ တပ်မတော်သားတွေ ကို အသုံးချပြီး ကြီးပွားချမ်းသာနေတဲ့ စစ်အာဏာရှင်ကြီးများကို ဘယ်လို တုန့်ပြန်လုပ်ဆောင် သင့်လည်း ဆိုတာ
သိသာ ပေါ်လွင်ထင်ရှားလာမှ အမှန်ပါဘဲ ။
အာဏာယစ်မူးနေတဲ့ စစ်ဗိုလ်ချုပ်ကြီးများက တိုင်းပြည် ဘဏ္ဍာများနဲ့ စည်းစိမ် အမျိုးမျိုးခံနေကြချိန်မှာ သူတို့ လက်အောက်မှာ တာဝန် ထမ်းရွက်နေတဲ့ အောက်ခြေပိုင်း ရဲဘော်တွေ ၀မ်းရေး အတွက် မနည်း ရုန်းကန် လုပ်ရှားနေကြ သလို ပြည်သူလူထု တရပ်လုံးကလဲ ဒုက္ခတွေ ပွေ့ဖက်ပြီး မျက်ရည်ရွှဲလဲနဲ့ ခေါင်းငုံ့ခံနေကြရာ အားလုံး မျက်မြင် ထင်ရှားတွေ့မြင်လာကြရမှာပါ ။
ဒီနေ့တပ်မတော်သား အဖြစ်ခံယူထားတဲ့ မိတ်ဆွေ အပေါင်းကို ကျွန်တော် လေးနက်စွာ အသိပေးချင်ပါတယ် ။ တစ်ချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ ကြိုးစားစဉ် ဗိုလ်ချုပ်အောင်ဆန်း လက်အောက်က တပ်မတော်သား တွေကို ပြည်သူလူထု ထားရှိတဲ့ သဘောထား လေးကို ဒီသီချင်းလေးကို လိုက်ရွှတ်ကြည့်စမ်းပါ ။ ပြည်သူတွေဟာ တပ်မတော် သားတွေကို ဘယ်လောက် ကြည်ညိုလိုက်သလဲ ၊ ဘယ်လောက် လေးစားလိုက်သလဲ ။
ချွေးနဲ့သာရယ် သွေးနဲ့သာရယ်
စစ်တိုက်တဲ့ နေရာဝယ် အသက်စွန့်ကြလေတော့တယ်
သနားလောက်စရာ တကယ် စားသောက်ရှာတယ်
အဆင်းရဲလည်း ခံရှာတယ် .......ဇွဲသတ္တိထုံးနဲ့ရယ်
ဗမာ့တပ်မတော်ကြီးကိုသာ ၀င်တယ်
စွန့်စားတဲ့လူတွေရယ်ကျေးဇူးကို မျှော်တွေးလို့
ဗမာ့သွေး ကို
နှမပေးချင်ပါတယ် ။
ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ....
သြော်...ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ...
ပိုပြီးပျော်ဖို့ရယ် ဟေ. ဒို့ကြီးတော်ကြီးကိုပါ ငါ ပေးမယ် ။
ယူမယ် ယူမယ် ဗမာတိုင်း ဗမာတိုင်း မှတ်သားကြကွယ်
ခေတ်ပေါ်တိုင်းပြည်မှာကွယ် စစ်သည် အပေါင်းကို ကောင်းမွန်စွာ ရယ်
ကြိုက်တာလိုရာ ပေးလို့ အင်မတန် အရေးယူတယ်
အဲဒီ လို ဗမာတပ်မတော်ကို မှ တတ်နိုင်သလို ကူပါကြဖို့
နမူနာပြလို့ ကျွန်တော်များ ဆိုပါတယ် ....။
ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ တိုက်ပွဲဝင်ကြမယ့် ရဲဘော်တွေကို ပြည်သူလူထု ကိုယ်စား ဂီတာသိန်းမောင်က ဂျူဗလီဟော မှာ ဖျော်ဖြေခဲ့တဲ့ သီးချင်းလေးပါ ။ အဲဒီ သီချင်းလေးကို နားဆင်ရတဲ့ ရဲဘော်တွေ မျက်ရည်ကျတယ်တဲ့ ။ ဘယ်လောက် လွှမ်းစရာကောင်းလိုက်တဲ့ သီချင်းလေးလဲဗျာ ။
ဒီနေ့ချိန်ခါမှာလည်း တပ်မတော်သားတွေက အာဏာရှင် စနစ်ကို ဆန့်ကျင်ဖို့ ကြိုးစားကြတာနဲ့ တပြိုက်နက်ထဲ ချီးကြူးဂုဏ်ပြုစကားတွေ ပြောကြားပြီး တေးသီချင်းတွေနဲ့ ဂုဏ်ပြုကြမှာ ကို ကိုယ်တိုင်ပါဝင် ခံစားနိုင်အောင် ကြိုးစားပေးကြပါ ။
တချိန်က နယ်ချဲ့လက်အောက်က လွတ်မြောက်ဖို့ ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ကြီးဟာ ယခု အချိန်အခါမှာ ကိုယ်ကျိုး အတ္တ အတွက်ဆို နယ်ချဲ့လက်အောက်ကို တိုင်းပြည်တောင် ထိုးအပ်ချင်တဲ့ စစ်အာဏာရှင်များ ကြီးဆိုးနေတယ် ဆိုတာ တပ်မတော်သားတွေ လည်း အားလုံးအသိပါ ။
ကိုယ့်တိုင်းပြည် သယံဇာတကို ဂုပ်သွေးစုပ်ရတာ အားမရတဲ့ တရုတ်ကြီးများက တိုင်းပြည်ကို အပိုင်သိမ်းပိုက်ဖို့ ကြံစည်နေတာကို ဒို့မြေကို တလက်မတောင် အထိမခံဘူးလို့ ကြွေးကြော်နေတဲ့ တပ်မတော်သားတွေက ကာကွယ်ဖို့ဆို အသာထား အားပေးအားမြှောက် ပြုနေကြအုံးမှာလား ။
တပ်မတော်သားတွေ ရွတ်ဆိုနေတဲ့ သစ္စာ ဒိဌာန်တွေထဲမှာ အာဏာရှင်တွေ ခိုင်းသမျှ အကုန်လုပ်ရမယ်လို့ မပြဆိုထားပါဘူး ။
ကိုယ့်လူမျိုး အချင်းချင်း ပြန်သတ်ပြီး ရလာတဲ့ သူရဲကောင်း တံဆိပ်တွေကို ရင်ဘတ်ကြီး ချွတ်ပြီး မ၀ံ့ကြွားချင်ကြပါနဲ့ လို့ တောင်းဆိုပါရစေ ။
ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့ဘက်တော်သား တပ်မတော်သားတွေက ပြည်သူလူထုနဲ့ တသားတည်း ရှိနေမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာမှာပါ ။ အတိတ်သမိုင်းက တပ်မတော်သားတွေရဲ့ လုပ်ရပ်များကို နမူနာထားပြီး အာဏာရှင် စနစ်ကို ၀ိုင်းဝန်း ဆန့်ကျင်ပေးကြပါ ။
ယခင်က တပ်မတော်သားတွေကို ပြည်သူလူထု က လေးစားချစ်ခင် ခဲ့တာကို အခွင့်ကောင်းယူပြီး စစ်အာဏာရှင်တွေက သူတို့ ကိုယ်ကျိုး အတွက် တပ်မတော်သားတွေကို အသုံးချခြင်းကို ခံခဲ့ရလို့ အခု ချိန်မှာ တပ်မတော်သား တွေကို ပြည်သူလူထု က နာကြည်းမုန်းတီး နေကြပါပြီ ။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူလူထု ကို အရက်စက်ဆုံး နှိမ်နှင်း ခဲ့ကြတဲ့ တပ်မတော်သား တွေကို နာကြည်းလာတာ မုန်းတီးလာတာ ပြည်သူတွေ ကို အပြစ်ဆိုလို့လည်း မရပါဘူး ။ ဒီနေ့ ပြည်သူလူထု ကိုယ်စား ကျွန်တော် ပြောကြားချင်တာက ကျွန်တော်တို့ တပ်မတော်သား တွေကို မမုန်းပါဘူး ။ စစ်အာဏာရှင်တွေ အလို ကျ ပြည်သူလူထု ကို ဒုက္ခပေးတဲ့ စစ်သားတွေကိုသာ မုန်းတာပါ ။ ကျွန်တော်တို့ တတွေ မုန်းတီးနေတာက စစ်အာဏာရှင် စနစ်ကြီးကို မွေးဖွာပေးတဲ့ ယုတ်မာလွန်းလှတဲ့ ဗိုလ်ချုပ်ကြီးများကိုသာ မုန်းတာပါ ။
စစ်အာဏာရှင်တွေရဲ့ ပါးစပ်ဖျားက တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အကောင်အထညဖော် ဆောင်ရွက်မယ်လို့ ပရိတ်ရွတ်သလို ရွတ်ဆိုပြီး ဆောင် ပုဒ်အမျိုးမျိုး ထုတ်ကာ ကြွေးကြော်ခိုင်းခဲ့ကြပေမယ့် လက်တွေ့ဘ၀ ကိုယ့်လူမျိုး အချင်းချင်း ပြန်သတ်ခိုင်းနေတဲ့ သူတို့လုပ်ရပ်များက အင်မတန်မှ ရွှံရှာ မုန်းတီးစရာ ကောင်းလှပါတယ် ။ ဒါတင်မကသေးပါဘူး သူတို့ ကိုယ်ကျိုးစီးပွား အတွက် ရတနာ သုံးပါးလည်း စော်ကားဖို့ ၀န်မလေးပါဘူး ။ ပြည်သူလူထကို သတ်ဖြတ်ဖို့ ၀န်မလေးပါဘူး ဆိုတာ အားလုံးတွေ့မြင်ခဲ့ရပြီးပြီဘဲ ။ အဲဒီလို မှားယွင်းတဲ့ လုပ်ရပ်တွေကို သာ ရပ်ပြီး ပြည်သူလူထု နဲ့ လက်တွဲကြ၍ အာဏာရှင် စနစ်ဆိုးကို ပူးပေါင်း၍ တော်လှန်ကြမည် ဆိုလျှင် မကြာခင် အချိန်အတွင်းမှာ ပြည်သူလူထု ကလည်း တပ်မတော်သား တွေ အပေါ်ကို သဘောထား ပြောင်းလာကြမှာ သေချာပါတယ် ။
တချိန်က တပ်မတော်နဲ့ ပြည်သူလူထု ချစ်ခင်စည်းလုံးခဲ့ကြလို့ လွတ်လပ်ရေးကို ရရှိခဲ့ကြတယ် ဆိုတာကို မမေ့စေချင်ပါဘူး ။ ပြည်သူချစ်သော စည်းကမ်းပြည့်ဝတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ တပ်မတော် ကြီးကို ပြန်လည် မွေးဖွားဖို့ အတွက် ဒီနေ့ တပ်မတော်သားတိုင်းမှာ တာဝန်ရှိတယ် ဆိုတာ မမေ့ကြပါနဲ့ ။ ယခု အချိန်ဟာ တပ်မတော်သား တွေ အမြင်မှန်ရပြီး တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး မြန်မာတမျိုးသားလုံးက လေးစားချစ်ခင်ရတဲ့ တပ်မတော်ကြီးကို ပြန်လည် တည်ဆောက်ဖို့အတွက် ကမ္ဗည်း မော်ကွန်း ရေးထိုးရမည့် အချိန်ကို ရောက်လာပါပြီလို့ လေးစားစွာ အသိပေး နိုးဆော် လိုက်ပါတယ် ။
ဒီနေ့ချိန်ခါမှာ စစ်အာဏာရှင်များရဲ့ သဘောထား အမှန်ကို သိမြင်နားလည်လာကြတဲ့ တပ်မတော်သား တော်တော်များများက သူတို့လက်ရှိ ဘ၀က လွတ်မြောက်အောင် ရုန်းထွက်လိုကြပေမယ့် အကြောင်းကြောင်းသော အချက်များကြောင့် လုပ်ဆောင်မှုတွေ တုန့်နှေးနေတာကို ပြည်သူလူထုက အားမလို အားမရ ဖြစ်နေကြသလို တပ်မတော်သားများဘက်ကလည်း ပြည်သူလူထုက သာ စလုပ်ရှားရင် ပြည်သူလူထုဘက်က ရပ်တည်ဖို့ ၀န်မလေးပါဘူးလို့ ခံယူထားကြကာ လူထုတရပ်လုံးကို အားမလို အားမရ စောင့်ကြည့်နေကြတဲ့ အနေအထား ကို ရောက်နေပါတယ် ။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းတရား တရပ်က အမိန့်မှန်သမျှကို မှန်သည် မှားသည် မခွဲခြားဘဲ တပ်မတော်သားတွေရဲ့ လုပ်ဆောင်မှုများကြောင့်ဆိုတာလည်း မမေ့စေချင်ပါဘူး ။ လစ်ဗျား ၊ အီဂျစ် အစရှိတဲ့ နိုင်ငံတွေမှာ အာဏာရှင်တွေရဲ့ အမိန့်တွေကို တပ်မတော်သားတွေက လက်မခံဘဲ ပြည်သူလူထုနဲ့ ပူးပေါင်းခဲ့လို့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သလို ပြည်သူချစ်သော တပ်မတော်သားများဘ၀ ကို ခံယူနေကြတဲ့ ပုံရိပ်များကို ဥပမာထားပြီး လိုက်နာ ဆောင်ရွက် စေချင်ပါတယ် ။
ဒါကြောင့် တပ်မတော်များနဲ့ လူထု အမြန်ဆုံး ပူးပေါင်းမှု လုပ်ပြီး ဆောင်ရွက်စရာ ရှိတာတွေကို လက်တွေ့ကျကျ ဆောင်ရွက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ် ။ တကယ်တော့ စစ်အာဏာရှင်ကြီးများဟာ တပ်မတော်သားတွေရဲ့ ခွန်အားကို အသုံးချပြီး အာဏာကို ဖက်တွယ်ထားတာပါ ။ တပ်မတော်နဲ့ ပြည်သူလူထု ပူးပေါင်းကြတဲ့ နေ့ဟာ သူတို့တွေ ကျဆုံးတဲ့ နေ့ပါဘဲ ။ လက်ရှိ အနေအထားမှာ တပ်မတော်သားများ အနေနဲ့လည်း ဒုက္ခ မျိုးစုံကို ခံစားနေရတယ်ဆိုတာ ကိုယ်တိုင် တွေ့ကြုံပြီးသားဖြစ်လို့ မတွေဝေနေကြဘဲ လုပ်ဆောင်စရာ ရှိတာများကို လက်တွေ့ကျကျ လုပ်ဆောင်ကာ
အာဏာရှင်များကို ဆန့်ကျင် တိုက်ပွဲဝင်ပေးကြပါ ။
တပ်မတော်ဆိုတာ တိုင်းပြည်နဲ့ လူမျိုး ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် ပြည်သူလူထုက ယုံကြည်အားထားပြီး တိုင်းပြည် ဘဏ္ဍာများမှ ထုတ်နှုတ် သုံးစွဲကာ လက်နက်တပ်ဆင်ပေးထားခဲ့ကြတာပါ ။ အဲဒီလက်နက်တွေဟာ ကိုယ့်လူမျိုး အချင်းချင်း သတ်ဖို့ မဟုတ်ပါဘူး ။ ပြည်သူလူထုကို သတ်ဖို့ မဟုတ်ပါဘူး ။ ဗိုလ်ချုပ်ပေးခဲ့တဲ့ စစ်ပညာ ဆိုတာဟာ ပြည်သူလူထုကို သတ်ဖို့ မဟုတ်ဘူး ဆိုတဲ့ စကားကို လေးစားစွာ လိုက်နာ ဆောင်ရွက်ကြရင် တပ်မတော်သားကောင်း ဘ၀ကို ပြန်လည် တည်ဆောက်နိုင်မှာ အသေအချာပါဘဲ ။
တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ နားလည်မှုတွေ ကွဲလွဲလာအောင် မိစ္ဆာအယူဝါဒတွေ ရိုက်ထည့်ထားလို့ လုပ်ဆောင်ချက်တွေမှားနေတဲ့ တပ်မတော်သားတွေ အသိမြင်မှန်ရလာတဲ့ တနေ့ဟာ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်နိုင်မှာ အမှန်ဖြစ်သလို မြန်မာနိုင်ငံတ၀ှမ်းမှာ ငြိမ်းချမ်းရေး တေးသံများ လွင့်ပျံသံကို စိတ်ထဲမှာ ကြားယောင်ပြီး စိတ်ကူးနဲ့ တွေးကြည့်လိုက်ရင်တောင် ဘယ်လောက် ကြည်နူးစရာ ကောင်းလည်းဗျာ.........။
အာဏာရှင် စနစ်ကြီးရဲ့ နှိပ်စက်မှု ဒဏ်များကြောင့် ဒုက္ခရောက်ကာ ညည်းညူနေရရှာတဲ့ ပြည်သူလူထုအပေါင်းနှင့် တပ်မတော်သားများရဲ့
ထွက်ပေါက်အမှန်ဟာ လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ တပ်မတော်သားတွေရဲ့ တာဝန် ၀တ္တရားကို နားလည်မှု အပေါ်မှာဘဲ မူတည်နေတယ်ဆိုတာ
ပြည်သူလူထု သဘောထား အဖြစ် လေးစားစွာ တင်ပြရင်း စစ်အာဏာရှင်များရဲ့ မတရားတဲ့ အမိန့်များကို ငြင်းဆန်ကာ လက်တွေ့ ဆန့်ကျင်နေကြတဲ့ တပ်မတော်သားများကို လေးစားစွာ ဂါရ၀ ပြုလိုက်ပါတယ် ။
တပ်မတော်နှင့် ပြည်သူလူထု အတူတကွ ပေါင်းစုကာ အာဏာရှင် စနစ်ဆိုးအား စတင်တော်လှန်ပြီး အေးချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံ တခုကို တည်ဆောက်နိုင်ဖို့ ရှေ့ဆက် ချီတက်ကြပါစို့..............။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
၁၄.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.

Ko Phone Maw.pdf
93K View Download

14 March 2011 Yeyintnge's Diary.doc
1976K View Download

14 March 2011 Yeyintnge's Diary.pdf
2826K View Download
http://www.mediafire.com/file/d0t6jt25de2m3t6/14%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/22wx869tbyhd7ou/14%20March%202011%20Yeyintnge%27s%20Diary.pdf14 March 2011 Yeyintnge's Diary
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း
၁၉၄၈ ခုနှစ်၊ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာထိုကြေညာစာတမ်းကြီး၏ စာသားသည်နောက်စာမျက်နှာ များတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇ၀င်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့်အကြောင်းကို လည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲအဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။
စကားချီး
လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ် ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် လည်းကောင်း၊ လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက် ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ်ပေါ်စေခဲ့သော ကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု လွတ်လပ်စွာ သက်ဝင် ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ် သောကြောင့်လည်းကောင်း၊ လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်က လူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက် စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်ရေး များကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ် ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံ အချင်းချင်း ချစ်ခင် ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည် မူလလူ့အခွင့် ရေးများကို လည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြု ပြီးသည့်ပြင်၊ လူမှုကြီးပွား တိုးတက်ရေးနှင့်တကွ ပိုမို လွတ်လပ် ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည်ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူအခွင့်အရေးများကိုလည်ကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာ့တ၀ှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း၊ ထိုကြောင့် အထွေထွေညီလာခံ က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့ အစည်းတိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သား များအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက် နိုင်ကြစိမ့်သော ငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။
အပိုဒ် ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။
အပိုဒ် ၂
လူတိုင်းသည် လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား၊ မ၊ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကာားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။
ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေ စီရင်ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ်တဒေသလောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။
အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။
အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန်သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။
အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။
အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာ စာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။
အပိုဒ် ၈
ဖွဲ့စည်းပုံ အခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက်ဖျက်ဆီး သော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရှိနိုင်စေရမည်။
အပိုဒ် ၉
မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန် ၀တ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစား ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆ ခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။
အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အ၀န်းကို သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာ ကိုလည်း အထက်ပါ အတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ် ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင်၊မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်းရှိသည်။
အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှုအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။
အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သောအခွင့်အရေးကို လည်း ငြင်းပယ်ခြင်း မခံစေရ။
အပိုဒ် ၁၆
(၁) အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသား အဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင်
ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သား နှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
(၃) မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။
အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စည်းဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။
အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက် ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ် ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ် စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်း ဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့် နှင့် ဖွဲ့စည်းနိုင်ခွင့် တို့ ရှိသည်။
(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန် အတင်းအကျပ်မပြုရ။
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ၀န်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက် ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။
အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင့်ခွင့်ရှိသည့် အပြင်နိုင်ငံရေး ကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာ ပူပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတ အင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။
အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ်လုပ် ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန် လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ် ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင်အခြား နည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရိုင်ခွင့် ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။
အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့် ရှိသည်။
အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အစာအဟာရ၊ အ၀တ်အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မကျန်းမမာ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန်ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သော်အခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာ ရှာမှီးနိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လြုံခုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၂) သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေးအားလုံး သည် တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေးကို ရယူ ခံစားကြရမည်။
အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများတွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူ နိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာအပြည့်အ၀တိုးတက်မှု အပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစုများ တွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံ မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။
(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့်ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။
အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမပညာရပ် များကိုလွတ်လပ်စွာလိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပံ္ပ ပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ၀င်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် သိပံ္ပမှ ဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှ ဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ကြံစည် ဖန်းတီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေး အတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေး ရှိသည်။
အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။
အပိုဒ် ၂၉
(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အ၀န်း အတွက်လူတိုင်း၌ တာဝန် ရှိသည်။
(၂) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင်ကိုယ်ကျင့်တရားအပြင်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေးတို့ အတွက်၊ တရားမျှတစွာကျင့် ဆောင်ရန် အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့် လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။
အပိုဒ် ၃၀
ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍၊ နိုင်ငံတစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စုအတွက် ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည် ဟုသော်လည်းကောင်းအဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ။
ဘာရိန်းတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ
မည်မျှဆိုးဝါးသည်ကိုမူ သတင်းအတိအကျ မရရှိသေးပါ။
လုံခြုံရေးများက ၀င်ရောက်လာသူများအား တားဆီးရန် ကြိုးပမ်းခဲ့ကြသည်။ အထဲကသူများကို အပြင်ထွက်ခွင့်ကိုမူ ပေးထားသည်။
တနင်္ဂနွေနေ့က ဤနိုင်ငံငယ်လေးတွင် ဆန္ဒပြပွဲ ၃ ကြိမ် ဖြစ်ပွားမှုမှာ တူနီးရှားနှင့် အီဂျစ်တို့တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများနှင့် အစိုးရများကို ဖြုတ်ချနိုင်ခဲ့ခြင်း ဖြစ်စဉ်များ၏ ရိုက်ခတ်မှုပင်ဖြစ်၏။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက “ဘာရိန်းဘုရင်နှင့် ခေါင်းဆောင်များ အနေဖြင့် အစစ်အမှန် ပြောင်းလဲခြင်းတို့ လုပ်ဆောင်ရန် ပြင်းပြသော ဆန္ဒ” ရှိနေသည်ဟု ပြောဆိုခဲ့ပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြောင်းလဲမှု အလျင်အမြန် လုပ်ဆောင်ရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်။
ပါရှန်ပင်လယ်ကွေ့တွင် တည်ရှိနေသော ဘာရိန်းနိုင်ငံငယ်တွင် အမေရိကန် ရေတပ်မတော် အမှတ် (၅) က အခြေစိုက် စခန်းဖြင့် တပ်စွဲထားသည်။
လူနည်းစု ဆူနီမွတ်ဆလင်များက ဘာရိန်းအစိုးရ အဖွဲ့ကို ကြီးစိုးထားသည်။
ရှိဟိုက်မွတ်ဆလင် အများစုမှာမူ ခွဲခြားဆက်ဆံခံရခြင်း၊ အလုပ်လက်မဲ့ ပြဿနာနှင့် အဂတိတရားလိုက်စားမှုတို့ကြောင့် ပြီးခဲ့သည့် နှစ်များက ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။
ပြီးခဲ့သည့် အပတ်က ဘာရိန်းဘုရင်က ကတ်ဘိနက်ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။ “အမျိုးသား တွေ့ဆုံဆွေးနွေးရေး” ကို ကမ်းလှမ်းထားခဲ့သည်။
မောက္ခနိုင်ငံတကာသတင်း
Source: CNN
‘ကလေးအားလုံး ကျောင်းနေနိုင်ရေး’ဆောင်ပုဒ် တံငါကလေးများ အတွက် မဟုတ်





မြန်မာနိုင်ငံလူအခွင့်အရေးနေ့ ပြည်တွင်းမှာ လှုပ်ရှားမှုတွေရှိ
2011-03-13
စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တဲ့ ၂၃ နှစ်ပြည့်အဖြစ် ဒီနေ့ မတ်လ ၁၃ ရက်နေ့မနက်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေ ဆွမ်းကျွေးအလှူဒါန ပြုလုပ်ခဲ့ကြသလို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကျောင်းသားတွေကလည်း ရန်ကုန်မြို့မှာ အနက်ရောင် လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။
“ကျနော်တို့က ဒီနေ့ကို အမှတ်တရ အနေနဲ့ မပျောက်ပျက်အောင် လုပ်ကြတာပါ။ နောက် ဒီနေ့ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို သုံးသပ်ပြောဆိုကြတယ်။ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဘဆွေ၊ ဒေါ်သန်းသန်းနု တို့တက်တယ်။ ကျနော်တို့ဘက်က ကျနော်ရယ် ကိုမျိုးရန်နောင်သိန်း၊ ကိုဖြိုးမင်းသိန်း၊ ကိုသိန်းဌေး တို့တက်တယ်။ နောက် ကမကထ လုပ်တာက ကိုဘိုဘိုကျော်နဲ့ ကိုအောင်နိုင်သူ။ အာဏာပိုင်တွေကတော့ စောင့်ကြည့်တာကလွဲလို့ အနှောက်အယှက်တော့ မပေးဘူး။ သူတို့လည်း ဝိုင်းထဲမှာ ဝင်ထိုင်ကြတယ်။ SB ရော၊ စရဖတွေရော အနည်းဆုံး ၁ဝ ယောက်လောက် ရှိမယ်”
၁၉၈၈ မတ်လ ၁၃ ရက်နေ့က ရန်ကုန် စက်မှုတက္ကသိုလ် RIT ကျောင်းရှေ့ ရပ်ကွက်လဘက်ရည်ဆိုင်မှာ ကျောင်းသားနဲ့ အရပ်သား ရန်ပွဲဖြစ်တဲ့အပေါ် မဆလ အစိုးရက လုံထိန်းတပ်ဖွဲ့တွေ လွှတ်ပြီး ပစ်ခတ် နှိမ်နင်းတဲ့အတွက် RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ကိုဘုန်းမော် နဲ့  ကိုစိုးနိုင် သေဆုံးရတာ ၂၃ နှစ် ရှိခဲ့ပေမယ့် အာဏာပိုင်တွေက ခုချိန်ထိ ဒီကိစ္စကို အရေးယူတာ၊ နစ်နာသူတွေအတွက် ပြန်လည် ကုစားပေးတာတွေ မတွေ့ရသလို၊ ကျောင်းသားတွေကလည်း နှစ်စဉ် သူတို့အတွက် အောင့်မေ့ဘွယ် အခမ်းအနားနဲ့ အလှူဒါနတွေ ပြုလေ့ရှိတာ တွေ့ ရပါတယ်။
ဒီမိုကရေစီ အင်အားစုတွေကလည်း ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးတဲ့နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် လှုပ်ရှားမှု ပြုလုပ်လေ့ ရှိကြပါတယ်။
အလားတူ နိုင်ငံရေးအင်အားစုတွေကလည်း အောက်မေ့ဘွယ် အခမ်းအနားနဲ့ အလှူပွဲ ကျင်းပကြသလို၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသားတွေကလည်း ရန်ကုန်မြို့မှာ အနက်ရောင် လှုပ်ရှားမှုတခု ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ဗကသများအဖွဲ့ ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က RFA ကို အခုလို ပြောပါတယ်။
“တာမွေ၊ တောင်ဥက္ကလာ၊ လှည်းတန်း၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း မှာ လုပ်ဖြစ်ပါတယ်။ ကိုဖုန်းမော် ပုံနဲ့ ခွပ်ဒေါင်းသွေးတို့ နီစွေးသည်၊ စစ်အာဏာရှင်စနစ် မြေလှန်ပစ်ရမည်၊ စတဲ့ စာတွေပါတဲ့ ပို့စကဒ်တွေနဲ့ အနက်ရောင် ပိတ်စတွေ ဝေပါတယ်။ ကျနော်တို့က ကားတွေပေါ်မှာ ဝေပြီး ကားပေါ်က ပြန်ဆင်းတယ်၊ ဈေးထဲမှာ ဆိုင်ခန်းတွေကို ဝင်ပြီး ချက်ခြင်း ပြန်ထွက်တယ်။ အဲဒီလိုမျိုး ဆိုတော့ လောလောဆယ် အခုထိတော့ အဖမ်းအဆီး မရှိသေးဘူး”
ကျောင်းသားတွေဝေတဲ့ ပို့စ်ကဒ်နဲ့ အနက်ရောင်ပိတ်စတွေကို ပြည်သူတွေက လက်ခံကြသလိ ကျောင်းသားတွေကို အားပေးကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အခုတလော ကုန်ဈေးနှုန်းတွေ တက်လာနေတဲ့ အပေါ်မှာလည်း ရန်ကုန်မြို့က ပြည်သူတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/students_hold_phone_maw_anniversary_in_rangoon-03132011113759.html
မဏ္ဍာပ် မထိုးရ၊ လူ မစုရ၊ စားမြိန်ထုတ် မထည့်လိုက်ရ၊ ရေအိုး မခွဲလိုက်ရ မနက်စောစောချတဲ့ အသုဘ
phone maw
Sunday, 13 March 2011
မနက်စောစောချတဲ့ အသုဘ
ရန်ကုန်စက်မှုတက္ကသိုလ်၊ မတ်လ အရေးအခင်းတွင် ကျဆုံးသွားခဲ့သော ကိုဖုန်းမော်၊ ပဉ္စမနှစ် (ဓာတု) ၏ အမကြီး မမာမာဝင်း၊ သူငယ်ချင်းများ ဖြစ်ကြသော ကိုခင်မောင်ထွန်း (B.Sc. Hist) ၊ မဝင်းဝင်းမြင့် (B.Sc. Phy)၊ ကိုမင်းထွဋ် III Yr Zoo တို့နှင့် စက်မှုအားမာန် စာစောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့သည်များကို ကျန်ရစ်သူများ၏ ခံစားချက်များအတိုင်း ဖော်ပြလိုက်ပါသည်။
စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။
http://moemaka.com/index.php?option=com_content&task=view&id=8369&Itemid=1
အင်တာနက် သည် ပြည်သူ တို့ ၏ အခြေခံ လို အပ်ချက် ဖြစ်နေ
March 14, 2011

FNG၊ ၊အင်တာနက် သည် မြန်မာ ပြည်သူတို့ ၏ စားဝတ် နေရေး ကဲ့ သို့ အခြေခံ လိုအပ် ချက် တစ်ရပ် ဖြစ် နေပြီးအင်တာနက် ဆက်သွယ်မှု များ ထပ်မံ နှေး ကွေး နေ မည်ဆိုပါက ပြည်သူတို့ ၏ ဒေါသအမျက် နှင့် ရင် ဆိုင်ရပြီး လူထု အုံ ကြွမှု များ ပေါ် ပေါက် လာနိုင် ဟု ၈၈ မျိုး ဆက်ကျောင်း သား ဟောင်း တစ်ဦး ဖြစ်သူနိုင်ငံ ရေး အကျဉ်းသား ဟောင်းတစ်ဦးက Freedom News Group သို့ ပြောသည်။ပြည်တွင်း ရှိတက်ကြွသူ လူငယ် များ က အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Facebookနှင့် Twitter တို့ မှ စစ်အာဏာရှင်ဆန့်ကျင် ရေး စည်းရုံး လှုံ့ ဆော်မှု များ အရှိန် ပြင်းပြင်းထန်ထန် လုပ်နေ သောကြောင့်အင်တာ နက် လိုင်း များ နှေး ကွေး နေခြင်း ဖြစ်သည် ဟု ကျောက်တံတား မြို့ နယ် မှာအင်တာနက် ကဖေး ဆိုင် ဖွင့်လှစ် ထား သူ တစ် ဦး က ပြောသည်။မြန်မာ နိုင်ငံ တွင် စီးပွား ရေး ၊ပညာရေး နှင့် ဘဏ် ၀န်ဆောင် မှုလုပ် ငန်း များ အတွက် အင်တာနက် အပေါ် လုံးလုံးလျှား လျှား မမှီခိုသော် လည်း တိုင်း ပြည်၏ ဆိုးရွား လှ သည့် စီးပွားရေး အခြေ အနေကြောင့် နိုင်ငံရပ် ခြား တွင်သွား ရောက် အလုပ် လုပ် ကိုင် နေသည့် မြန်မာများ ၏ မိသားစု ၀င်များ သည် ၎င်း တို့ ၏ သွေးချင်း များနှင့် ဆက်သွယ် ရေး တွင် အင်တာနက်အီးမေး များ ဖြစ် သည့် ဂျီမေး နှင့် အင်တာ နက် ဖုန်း ခေါ် ဆိုမှု ကိုအဓိက ထား ပြီး ဆက်သွယ်ကြသည်။အင်တာ နက် နှေး ကွေး မှု ကြောင့် စာနယ် ဇင်း မီဒီယာများ မှာလည်း နိုင်ငံ သတင်း များ ရယူရာ တွင် အခက် အခဲ နှင့် ကြုံ ရသည် ဟု ဆိုသည်။ပညာရပ် ဆိုင်ရာ အတွက်အင်တာနက် အသုံး ပြု ရသူများ နှင့် နိုင်ငံတာကာ ဘဏ်စာရင်းများရှိ သူ မြန်မာ လူမျိုး မှာ အင်တာနက်နှေး ကွေး မှု ၏ အကျိုး ဆက် ကြောင့် လုပ်ငန်း များ မတွင်ကျယ် ဖြစ်နေကြရသည်။အများ ပြည်သူသုံး အင်တာ နက် လိုင်း များ မှာ နှေး ကွေး သော် လည်း အစိုးရ ဌာန များ နှင့်အာဏာပိုင် မိသား စုများ က ဆက် သွယ် ထား သည့် လိုင်း များ မှာ မူ မြန်ဆန် သည် ဟုဆိုသည်။ စစ်ထောက်လှမ်း ရေး နှင့် မော်စကို ရောက် မြန်မာ စစ်ဗိုလ် အချို့ သည့် နိုင်ငံရေးလှုပ်ရှား သူများ ၏ နာ မည် ကို ဆင် တူယိုး မှား လုပ်ပြီး၊နိုင်ငံ ရေး ဓာတ် ပုံ များ စာများ ရေးသား က အင်တာနက် လှုပ်ရှား မှု ပြု သူများ ကို ၀ါဒဖြန့် ချိတိုက် ခိုက် လျှက် ရှိသည်။အင်တာနက် လိုင်း နှေး ကွေး မှု လွန် ကဲ လာလျှင် ပြည်သူ တို့ သည် ၂၀၀၇ ခုနှစ်လောင်စာဆီဈေးနှုန်းများ မြင့်တက် ခြင်း ကဲ့သို့  ပင် ဒေါသ ပေါက်ကွဲ နိုင်သည်။ လက်ရှိ အင်တာ နက် ပြုသူအများ စု မှာလည်း လူငယ် များ ဖြစ် သ ဖြင့် အချိန် မရွေး ပေါက် ကွဲ လွယ် သည် ဟု အင်တက် နက်ဆိုင် ပိုင် ရှင် တစ်ဦး ကပြောသည်။
http://freedomnewsgroup.com/2011/03/14/internet-connection-slowdown/
တိုကျိုရှိ မြန်မာ သံရုံး ပိတ်ပြေးပြီ
တိုကျို ရှိ မြန်မာ သံရုံး က မြန်မာ နိုင်ငံ သား များ အကူအညီတောင်းမှု များ လာ၍ ဤ သို့ ပိတ်သည့် သတင်းကိုထုတ်ပြန် ခဲ့သည်။ အခြား နိုင်ငံ များ ၏ သံရုံးများ က မူ ၎င်း တို့  နိုင်ငံ သား များ အား ၂၄ နာရီကူညီနေပြီးတယ်လီ ဖုန်း ဆက် သွယ်မေးမြန်းမှု များ ၊ အကူအညီ များ ကို လည်း ၂၄ နာရီဝန်ဆောင်မှုအပြည့် ပေး နေသည်ဟု Freedom News Group မှ သတင်း ရရှိသည်။
http://freedomnewsgroup.com/2011/03/14/embassy-shutdown/





















