မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.

Profiles_of_Ministers_-_USDP_Govt.pdf
2763K View Download

11 Feb 2011 Yeyintnge's Diary.doc
2344K View Download

11 Feb 2011 Yeyintnge's Diary.pdf
2951K View Download
http://www.mediafire.com/file/babqk5iln6c21h1/11%20Feb%202011%20Yeyintnge%27s%20Diary.pdf
11 Feb 2011 Yeyintnge's Diary
Friday, February 11, 2011
၁၁.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
စိတ်ကိုတက်ကြွစေပြီး ပင်ကို ပုံမှန်စိတ်ကို ပြောင်းလဲစေတဲ့ ပီကေ နဲ့ သကြားလုံး
စိတ်ကိုတက်ကြွစေပြီး ပင်ကို ပုံမှန်စိတ်ကို ပြောင်းလဲစေတဲ့ ပီကေ တို့၊ သကြားလုံးတို့ရှိတဲ့ အတွက် ချစ်သူရည်းစားက ပီကေ ၊ သကြားလုံး တို့ရှိတဲ့ အတွက် ချစ်သူရည်းစား က ပီကေ၊ သကြားလုံးကျွေး တဲ့အခါမှာ မိန်းကလေး တွေ အနေနဲ့ အလွယ်တကူစားတာမျိုး တွေ မလုပ်သင့်ဘူး လို့သိရပါတယ်။
မူးယစ်ဆန့်ကျင် ရေး MANA မှ ဒေါက်တာ မောင်မောင်လွင်က ဈေးကွက်ထဲမှာ စိတ်ကြွစေတဲ့ ပီကေနဲ့ စိတ်ကြွစေတဲ့ သကြားလုံးတွေ ပေါ်နေတယ်။ အဲဒီ လို စိတ်ကြွ စေတဲ့ အရာတွေ စားမိရင် စိတ်ကို ပျောက်စေတယ်။ အဲလို ဆေးတွေသုံးမိတဲ့ အချိန်ကျရင် လူက ရွှင်လန်း တက်ကြွလာတယ်၊ ဘယ်လောက် ပင်ပန်း တဲ့အလုပ်လုပ်နေပါစေ ပင်ပန်း တယ်လို့ မထင် ဘူး။ နောက်ဆိုး ကျိုးတစ်ခုက လိင်ကိစ္စ နဲ့ ပတ်သက်လို့ စိတ်ကို တက်ကြွစေတယ်၊ အဲဒီလို စိတ်တွေခံစားမိလာရင် သုံးမိတဲ့ လူတွေ အတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်၊
သည်စိတ်ကြွပီကေ တွေနဲ့ စိတ်ကြွသကြားလုံးတွေထဲမှာ မူးယစ် ဆေးဝါး လို့ ပြောလို့ရပေမဲ့ စိတ်ကို တက်ကြွစေတဲ့ ဟော်မုန်း ဓာတ်ပါတဲ့ ဆေးပမာဏ ဘယ်လောက် ပါဝင်တယ်ဆိုတာ မသိနိုင်ဘူး။ အရင် တုန်းက စိတ်ကြွဆေးဆိုတာ သက်သက်ရှိတယ်။ ထိုင်းဘက်ကနေ ၀င်ပြီး ဆေးထုပ် မှာ မရိုးသား တဲ့ပုံ တွေဆွဲထား တာတွေရှိတယ်။ အဲသည်လိုဆေးတွေ က ၀ယ်ဖို့လည်း မလွယ်ဘူး။ သုံးတဲ့သူတွေက ခန္ဓာကိုယ် နဲ့ ရင်းပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေ ကသူတို့ လုပ်ငန်း အတွက်ဝယ်ယူ သုံးစွဲ ကြ တယ်။ အခု ချိန်မှာ ပေါ်နေတဲ့ စိတ်ကြွ ပီကေတွေ ၊ စိတ်ကြွ သကြားလုံးတွေက စိတ်ကြွဆေးလို့ ပေါ်တင်ခေါ်ဖို့ မရအောင် လုပ်ထားတယ်။ မရိုးသားတဲ့ စိတ်နဲ့ တစ်ပါးသူ ကိုကျွေး မယ်ဆိုရင် မသိနိုင်ဘူးလို ဒေါက်တာ မောင်မောင်လွင်က ပဲ ဆိုပါတယ်။
တချို့ ခေတ်လူငယ်တွေက သည်စိတ်ကြွပီကေ ၊ စိတ်ကြွ သကြားလုံးတွေကိုချစ်သူ မိန်းကလေး ကိုကျွေးပြီး လိင်ကိစ္စ ဆွဲဆောင်တာတွေ ရှိတယ်လို့သိရပါတယ် ။ ဗိုလ်တထောင်မြို့နယ်နေ မိန်းကလေး တစ်ဥိးက သူငယ်ချင်း ယောက်ျားလေး တစ်ဦးက သူ့ကောင်မလေးကို ပီကေကျွေး ဖူးတယ်လို့ ပြောပြတယ်။ ကောင်မလေး က မသိဘဲ စားလိုက်မိပြီး စားမိတဲ့ခဏတာ အတွင်းမှာ သူတို့ အတူတူ နေမိ ကြတယ်။ ကောင် မလေး အသိစိတ်ရလာတော့ စိတ်ဆိုးပေမဲ့ ကိုယ့်ချစ်သူ ယောက်ျားလေး ဖြစ်နေတော့ ခွင့်လွှတ်လိုက်ရတယ် လို့ ပြောပါတယ်။ အဲသည်မိန်းကလေးကပဲ သူ့သူငယ်ချင်း မိန်းကလေးတွေ ယောက်ျားလေးတွေ ကျွေးတာ စားမိမှာ စိုးလို့ ဈေးကွက်ထဲမှာ စိတ်ကြွပီကေတွေ ၊ စိတ်ကြွသကြားလုံး တွေရှိတယ်လို့ ပြောပြတာ ပါလို့ ဆိုပါတယ်။
သည်လို စိတ်ကြွ ပီကေတို့ ၊ စိတ်ကြွသကြားလုံး တို့ကို ခဏခဏ စားမိရင် ဆေးမသောက် ရရင် နေမကောင်း တာတွေ ဖြစ်လာတယ်။ စိတ်ဓာတ်ကျ အိပ်လို့မရဘဲ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း မှုတွေ ရေရှည်မှာ ဖြစ်လာတယ်။ လက်တလောမှာ တော့ ချစ်သူ ရည်းစားတွေ စားမိသွားရင် စားမိတဲ့ ခဏတာ အသိစိတ် ပျောက်သွားတဲ့ အတွက် မိန်းကလေးတွေ ဘ၀ ပျက်နိုင်တယ်။ တချို့ ယောက်ျား လေး တွေကျတော့ ချစ်သူ ရည်စား မဟုတ်ဘဲ နဲ့ လုပ်တဲ့သူတွေ ရှိတယ်။ ဒါကြောင့် ခစ်ျသူ ရည်းစား ကျွေးတာ မှ မဟုတ် ဘဲကိုယ်နဲ့ အခုမှ သိတဲ့ သူစိမ်းယောက်ျား လေး ကျွေးတဲ့ပီကေ၊ သကြားလုံးတို့ကို ယုံကြည်ပြီး မစား သင့်ဘူးလို့ မူးယစ် ဆန့်ကျင်ရေး MANA မှ ဒေါက်တာ မောင်မောင်လွင်က အကြံပြုပါ တယ်။
ကြံ့ဖွံ့အစိုးရအဖွဲ့ဝင် လူ ၃၀ ၏ ကိုယ်ရေးအကျဉ်း
http://www.mediafire.com/file/dzik7bwzizh8wkw/Profiles_of_Ministers_-_USDP_Govt.pdf
Profiles_of_Ministers_-_USDP_Govt
*ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့*




ဗမာပြည်သည် သူတို့ပြည် ၊ ဗမာစာသည် သူတို့စာ ၊ ဗမာစကားသည် သူတို့စကား
" သတင်းစာတွေမဖတ်ဖြစ်တော့ဘူး " ဟူသော စာကြောင်းဖြုတ်
" ခုတလော...ကြွေတယ် "
" ကြယ်ကြွေတာ "
" ခုတလောကြွေတယ် " ဟူသော စာကြောင်းများအကုန်ဖြုတ်
" ရှမ်းပြည် "ဟူသော စာသားများကို
" ရှမ်းပြည်နယ် " ဟုပြင်
" တရား" ကဗျာ အား
စက်ဝိုင်းပုံစံကို ဆိုလိုချက်ဖွင့်
" ဒီကိစ္စဒီလိုရှိတယ် " ကဗျာ မှ
" ကဗျာအကြောင်းဂဃနဏမသိသူတစ်ယောက် " ဟူသော စာကြောင်းဖြုတ်
" နဖူးပေါက်ခေါင်းကွဲ " ဟူသော စာကြောင်းဖြုတ်
" ပိတုန်းတံဆိပ် " ကဗျာ မှ
" ဘရန်ဒီမှာတစ်ဇွန်းထားသမို့ " ဟူသော စာကြောင်းဖြုတ်
" စက်ရုပ်များဖျက်သိမ်းရာဒေသ " ကဗျာ မှ
" ရွေးကောက်ပွဲအကြောင်းအရာ " မှ " လူကြီးမင်းတို့၏ " အထိ စာကြောင်းများအကုန်ဖြုတ်
" ဖြူစင်သောမှတ်တိုင် " ကဗျာမှ
" အတင်းတည်ဆောက်နေသောနန်းတော်ဖြစ်ချင်ဖြစ်မည် " ဟူသောစာကြောင်းဖြုတ်
" ကြိုးကလေးတစ်ချောင်းရဲ့ ရှိုက်သံ " ကဗျာ မှ
" ပန်းကလေးတွေ ပင့်သက်ခြွေရင်း ကြွေကျတယ် " ဟူသော စာကြောင်းဖြုတ်
" ရုပ်ရှင်ထဲကအလှဓာတ်ပုံ "ကဗျာ မှ
" ၀ိုင်ပုလင်းဆို " မှ " ရမ်ပုလင်းလည်းရတယ် " အထိ စာကြောင်းများအကုန်ဖြုတ်
" ကျနော်စောင်ပါးပါးခြုံထားတယ် " ကဗျာ မှ
" အစိမ်းရောင်တိမ်တိုက်များ "
" ဘုန်းကြီးကျောင်းထက်မှာတဂွပ်ဂွပ်မြည်သံ "
" သမိုင်းတွေလေးလံ တကယ်ကိုအောက်ထစ်အကုန်လေးလံ "
" ဦးခေါင်းထက်မှအစိမ်းရောင်တိမ်တိုက်များ " ဟူသော စာကြောင်းများ အကုန်ဖြုတ်
" အွန်လိုင်းကဗျာဟုခေါ်ချင်ခေါ်နိုင်ပါသည် " ကဗျာ မှ
" ဘုရားသခင်ဟာဖန်ဆင်းရှင်မဟုတ်ဘူး "ဟူသော စာကြောင်းဖြုတ်
ု" သူရဲကောင်းတေး "ကဗျာ မှ
" စောစောကအသံနက်ကြီးရှိတယ် "
" ဝေဒနာမျိုးစုံနဲ့ "
" အသက်ရှုရခက်လိုက်တာ " ဟူသော စာကြောင်းများအကုန်ဖြုတ်
" မိတ်ဆုံစားပွဲ "ကဗျာ မှ
" လူကြီးမင်းသိပုံမရဘူး..လူကြီးမင်း ခင်ဗျားသိပုံမရဘူး "
" ဘယ်သူဘယ်ဝါအောင်လံမလွှင့်နိုင်သေးတဲ့အချိန် " ဟူသော စာကြောင်းများအကုန်ဖြုတ်
" ပြုတ်ကျခဲ့တဲ့ညတွေအကြောင်း "ကဗျာ မှ
" အသိညဏ်တစ်စုံရဖို့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာတယ် " ဟူသော စာကြောင်းဖြုတ်
" ပီအိတ်ခ်ျကဲ " ကဗျာ မှ
" စောက်ရမ်း" ကို " သောက်ရမ်း" ဟုပြင်
" စစ်ချီတေး" ကို "သံပြိုင်တေး" ဟုပြင်
" ကဗျာဆရာ၊ ကဗျာ၊ အသည်းကွဲခြင်း" ကဗျာ မှ
ှ" မီးခိုးမွှန်၊ အသက်ရှုကြပ် " မှနေ
" မီးသွေးခဲတွေရဲနေချိန် "ထိ နှစ်ကြောင်းဖြုတ်
" သွေးကြောပေါက်သွားတဲ့ညနေ" ကဗျာ မှ
" လက်ဖက်ရည်ခွက်ထဲကသွေးတွေဟာ" ဟူသော စာကြောင်းဖြုတ်
" အမှားအယွင်းများတဲ့"...မှနေပြီး "အသင့်ဖြစ်တော့" အထိ နှစ်ကြောင်းဖြုတ်
" ဇလပ်ဖြူ "ကဗျာ မှ
" အဲဒီလို...မှ ဆုံးပါးသွားနှင့်တယ် " ဟူသော အောက်ဆုံးတစ်ပိုဒ်လုံးဖြုတ်
" ဖျားနာလွယ်ရာသီ " ကဗျာ မှ
" ဆုပ်ကိုင်ထားမိတာက " မှနေ
" မီးတောက်ပင်လယ် "အထိ တစ်ပိုဒ်လုံးဖြုတ်
" ဖွဲမီး" ကဗျာအား
တစ်ပုဒ်လုံးဖြုတ်
" စံပယ်ပွင့်ဖတ်မလေးရဲ့လေးဆယ့်ငါးမိနစ်ကြာခရီး " ကဗျာအား
တစ်ပုဒ်လုံးဖြုတ်
" လူအပုံပြင် " ကဗျာအား
တစ်ပုဒ်လုံးဖြူတ်
" မနက်မိုးသောက်ရင်လေ ငါမင်းကို " ကဗျာအား
တစ်ပုဒ်လုံးဖြုတ်
" 2010 နှင့်သူမ၏နောက်ပိုင်းအမျှော် " ကဗျာအား
တစ်ပုဒ်လုံးဖြုတ်
" ဒီနေ့ရယ်ရတာ အထိုင်မကျဘူး " ကဗျာအား
တစ်ပုဒ်လုံးဖြုတ်
