.
သန်းရွှေ ညောင်းလိုက် by yeyintanada
Justin ပါပီ (Canada)ရေးဖွဲ့ သီဆိုသည်. . . .
အိုဝူ ၀ါးးးးးးးးး အိုဝူ ၀ါးးးးးးးးး
အိုဝူ ၀ါးးးးးးးးးဟိုးးးးးးးး
အကုန်လုံးလဲကုန်ပီ~~~~တနိုင်ငံလုံးလဲမွဲပီ
သူရှောက်လုပ်နေတာ ဘာတခုမှဖြစ်မလာ
စစ်သားကြီးတွေလဲ~~ဖွတ်ကြားဖြစ်သွားပီ
တကယ်ဆိုဗိုလ်ချုပ်တွေဘဲ အကုန်သူဌေးဖြစ်သွားတယ်
လေကတော့ ကျယ်တယ်~~နယူကလီးယားလုပ်မတဲ့ 
လောက်လေးဂွတောင်မှ~~အလုံအလောက်မရှိတာ
ဗမာပြည်စစ်သားတွေလဲ ပဲဟင်းတွေဘဲစား
ဒီကမ္ဘာမှာအတော်ဆုံး ကလိမ်ကကျစ်အကျဆုံးလူ
ကျနော်ပြောမယ်~~~~
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံးမေတ္တာပို့ တယ် ညောင်းတော့ 
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံး တောင်းဆိုကြပီ မြန်မြန်သာ ညောင်းတော့ 
အာနာတကယ်ရူး အာနာအရမ်းမက်တဲ့ သူ
အရာရာကို သေနပ် ကိုင်ပီးဘဲ ဖြေရှင်းတတ်သူ
ဘယ်သူဘာပြောပြော မမှုဘူး အရှက်မရှိတဲ့ မျက်နှာရူး
ဒီကမ္ဘာမှာ တယောက်ထဲဘဲရှိတယ် ပြိုင်လာရင်အရှုံးပေးရမယ်
အာနာတည်မြဲဘို့  ဘာကိုပင် လုပ်ရလုပ်ရ
သူသာလျှင် အမြဲတမ်းဘဲဆရာကြီးလုပ်ချင် ခက်တယ်
အမြန်သာ ညောင်း ညောင်း ညောင်း~~~
ဒီကမ္ဘာ လောကတခုလုံး စိတ်ချမ်းသားသွားရအောင်
ကျနော်ပြောမယ်~~~~
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံးမေတ္တာပို့ တယ် ညောင်းတော့ 
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံး တောင်းဆိုကြပီ မြန်မြန်သာညောင်းတော့ 
Rap..
၈၈မှာအာနာသိမ်းတယ်~~စစ်တပ်ကိုအိတ်ထဲထဲ့ ခါ~~ကြံ့ ဖွန့် ကိုပါတီဖွဲ့ ပီး
နာဂစ်မုန်တိုင်းမှာအခွင့် အရေးယူတယ်~~~အခြေခံဥပဒေကိုဝါးရင်းဒုတ်ကိုင်ပီး
ဂီရိရွေးကောင်ပွဲကို တရားမ၀င်လုပ်တယ်~~တကမ္ဘာလုံးမှာပထမဆုံးသော
ကြိုတင်မဲတွေကို အိတ်နဲ့ ထဲထဲ့ ပီးတော့ ~~အနိုင်ရအောင်သူအတင်းလုပ်တယ်
အကြံပက်စက်တဲ့ နေရာမျိုးမှာ~~ ဒေ၀ဒတ် တောင်ဆရာတင်ရမယ်
ဒီတသက်မှာအာနာမရရင်~~ကိုယ့် ကိုယ်ကို သတ်သေပလိုက်မယ်
သူလုပ်သမျှ~~So amazing~~and now my heart is Breaking
ကျနော်ပြောမယ်~~~~
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံးမေတ္တာပို့ တယ် ဒိုးတော့ 
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံး တောင်းဆိုကြပီ မြန်မြန်သာညောင်းတော့ 
ရေးရေးရေး~~~~ရေးရေးရေး~~~အာနာရူးကြီး
ရေးရေးရေး~~~~ရေးရေးရေး~~~ရှင်ဘုရင်ရူးကြီး
ရေးရေးရေး~~~~ရေးရေးရေး~~~မင်္ဂလာချုပ်ကြီး
အမြန်သာ ညောင်းတော့ 
အသံဖိုင်ရယူရန်
Sunday, January 16, 2011
.သန်းရွှေ ညောင်းလိုက် - Justin ပါပီ (Canada)
၁၆.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.။

16 Jan 2011 Yeyintnge's Diary.doc
2401K View Download

16 Jan 2011 Yeyintnge's Diary.pdf
2955K View Download

46935077-Democracy-2.pdf
318K View Download

46934935-46915527-National-League-for-Democracy-and-National-Youth-Network-Meet.pdf
115K View Download

46960760-DA-NYA-WA-DEE.pdf
2255K View Download

46934864-46915581-National-Youth-Network-Newsletter.pdf
84K View Download

46959760-Sasana-Moli-India-Thin.pdf
70K View Download
http://www.mediafire.com/file/gl7ui37baxp1s6t/16%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/5ilfa6b613urg1b/16%20Jan%202011%20Yeyintnge%27s%20Diary.pdf
16 Jan 2011 Yeyintnge's Diary
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ရွေ့
အဘယ်ကြောင့်ဆိုသော် အာဏာလက်ရှိ စစ်အစိုးရကဲ့သို့ပင် နောင်ဖြစ်ပေါ်လာမည့် စစ်တပ်ဦးစီး အရပ်သားအစိုးရသည်လည်း ပြည်သူလူထု၏ လှိုက်လှဲသောထောက်ခံမှုရရှိရန် မလွယ်ကူသေးပါ။ ထို့အပြင် တပ်မတော်သားများ၏ ထောက်ခံမှု အပြည့်အဝရရှိဖို့ပင် ခဲယဉ်းနေပါသည်။ စစ်ခေါင်းဆောင်များသည် တပ်မတော်သားများအား အမိန့်ဖြင့်တမျိုး နှစ်သိမ့်ချော့မြူခြင်းဖြင့်တသွယ် အမျိုးမျိုး စည်းရုံးချုပ်ကိုင်တတ်ပါသည်။
ယခုလိုအချိန်မျိုးတွင် စစ်တပ်ကို အပိတ်သဘောမျိုး ကိုင်တွယ်လျှင် တပ်တွင်းအုံကြွမှုဖြစ်ပေါ်လာနိုင်သည်။ သည်ထက်ပို၍ ပြည်သူလူထုနှင့် တပ်မတော်သားများ ပူးပေါင်းသွားလျှင် သူတို့အာဏာမြဲဖို့အတွက် အခက်ကြုံနိုင် သည်။ သည်အလားအလာကို စစ်ခေါင်းဆောင်ကြီးများက နောကျေပြီးသားဖြစ်သည်။ ယခုကိစ္စမှာ စစ်မှုထမ်းများကို ထွက်ပေါက်ပေးသလိုလိုနှင့် တပ်မတော်နှင့် ပြည်သူအကြား ဒင်္ဂါးပြား တခုကိုဒေါင်လိုက် ချပြလိုက်သည်။ တဖက်ကခေါင်း တဖက်ကပန်း အပြန်အလှန်ဇာတ်လမ်းတွေ ရှုပ်သွားအောင် တမင်ဖန်တီးလိုက်ဟန်ရှိသည်။
သို့ဖြင့် တပ်မတော်သားများနှင့် ပြည်သူလူထုအတွင်း ဝိဝါဒ ကွဲလွဲနိုင်သော ဤအမိန့်ပြန်တမ်းကို အချိန်မီထုတ် ပြန်ထားပုံရသည်။ ဤအမိန့်ပြန်တမ်း၏ နောက်ကွယ်ပါ ရည်ရွယ်ချက်ကို ထိထိမိမိအဖြေရှာကြဖို့ လိုမည်ထင်ပါ သည်။ ဖြစ်နိုင်လျှင် တပ်မတော်သားများ၏ အသံများများထုတ်သင့်သည်။ ပြည်သူ့စစ်မှုထမ်းဆိုသည့် စကားရပ်မှာ ယေဘူယျဆန်လွန်းသောအဓိပ္ပါယ်ကိုဆောင်၍ ရုပ်ပြကောင်းသည်။ အပေါ်ယံကြောတွေးလျှင် ဤစကားရပ်နှင့်ပတ်သက်ပြီး တပ်မတော် နှင့်ပြည်သူအကြား အမြင်ကွဲလွဲမှု အလွယ်တကူဖြစ်ပေါ်စေနိုင်သည်။ ထိုအခြေအနေမှာ အာဏာလက်မလွှတ် ချင်သော စစ်ခေါင်းဆောင်ကြီးများ အကြိုက်ဖြစ်သည်။
စစ်မှုထမ်းများဖက်မှ ကြည့်လျှင် စစ်တပ်မှ နှုတ်ထွက်ခွင့်ရလိုသူအများစုရှိနေပြီး ၎င်းတို့အနေဖြင့် စစ်တပ်အင် အားတိုးတက်ရေးကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်မည့် အဆိုပါဥပဒေအား လက်ခံကြိုဆိုစရာဖြစ်နေပါသည်။ အခြားတဖက်တွင်မူ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးနေရာမှ စစ်မှုထမ်းဘဝကိုပင် ခါးခါးသည်းသည်း စက်ဆုပ်နေပုံရသည်။ သို့ဖြစ်ပါ၍ ဤကိစ္စဆွေးနွေးရာတွင် နှစ်ဖက်အင်အားစုများ၏ သဘောဆန္ဒအသီးသီးကို အခြေခံနိုင်လျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
ဤနေရာတွင် ပြည်သူလူထုဖက်မှ လက်ရှိတပ်မတော်သားများ၏ဘဝကို ကိုယ်ချင်းစာနာသော်လည်း အာဏာဖြင့် ဖိနှိပ်မှုယန္တရားကြီးထွားသည်ထက် ကြီးထွားလာမှာကို မလိုလားကြောင်း ပေါ်လွင်အောင် ဖော်ပြဆွေးနွေး သင့်ပါသည်။ ထို့ပြင် တပ်မတော်ပြိုကွဲရေးကို ဦးမတည်သင့် (ပြိုကွဲမည်လည်းမဟုတ်၊ အကယ်၍ တပ်မတော်ပြို ကွဲခဲ့သည်ရှိသော် တိုင်းပြည်အခြေအနေမှာ ယခုထက် အဆများစွာ ဆိုးရွားသွားဖို့ရှိသည်)။ တပ်မတော်အတွင်း ခေါင်းဆောင်မှု ပြောင်းလဲရေးကိုသာ ရှေးရှုသင့်ပါသည်။ တိုင်းချစ်ပြည်ချစ်တပ်မတော်သားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြု မြှင့်တင်ပေးရန် လိုအပ်ပါသည်။ လက်ရှိမြန်မာပြည်၏ စစ်ဖက်အရပ်ဖက်ဆက်ဆံရေး အခြေအနေမှာ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ် ဟုဆိုပြီး နှာခေါင်းရှုံ့နေရုံဖြင့် မပြီးပါ။ အားလုံးက တာဝန်သိသိဖြင့် ပုပ်နေသောငါးများကို ရွေးဖယ်ထုတ်လိုက်လျှင် ငါးကောင်းငါးသန့်များသာ ကျန်ရှိပါမည်။ ထိုသို့လုပ် ဆောင်ရန် ပြည်သူများနှင့် တပ်မတော်သားများ ညီညွှတ်ဖို့အရေးကြီးပါသည်။
တပ်မတော်သားများဖက်မှလည်း ပြည်သူလူထုကို အကာအကွယ်ပေးသောတပ်မတော်၊ ပြည်သူလူထုကို အလုပ်အကျွေးပြုသောတပ်မတော်၊ ပြည်သူချစ်သောတပ်မတော် တရပ်အဖြစ် ရပ်တည်နိုင်မှသာ ပြည်သူလူ ထုက တပ်မတော်ကို အားပေးဝန်းရံကူညီလာမည်ဖြစ်ကြောင်း သတိချပ်စေချင်ပါသည်။ အထက်အမိန့်ကို တသွေမတိမ်း လိုက်နာနေရုံမျှဖြင့် ပြည်သူချစ်သောတပ်မတော် ဖြစ်မလာပါ။ ပြည်သူလူထုနှင့် အေးအတူပူအမျှ အတူရှိနေမှသာလျှင် မလိုလားအပ်သော အထက်အရာရှိဆိုးများ၏ ဦးဆောင်မှုကို ပြောင်းလဲဖယ်ရှားပေးနိုင်ပါမည်။
ဒီနေ့မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် ကြီးဆိုးနေမှုကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးကာ ပြည်သူ လူထုအများစု ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်နေရပြီး ပြည်သူအကြားမှာတပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းနေရသည်ကို ပြောစရာပင်လိုမည် မထင်ပါ။
တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားများတွင် ယခင်ကကဲ့သို့ ပြည်သူလူထုလှိုက်လှိုက်လှဲလှဲ ပါဝင်မှုမရှိတော့ခြင်း၊ ရှေ့တန်းပြန်တပ်မတော်သားများအား ပြည်သူလူထုက သောင်းသောင်းဖြဖြ နွေးနွေးထွေးထွေး ကြိုဆိုဂုဏ်ပြုမှု မရှိတော့ခြင်းတို့က သက်သေခံနေပါသည်။ တပ်မတော်သားများကိုယ်တိုင် မိမိတို့၏ လုပ်ရပ်များသည် ပြည်သူလူထုအကျိုးအတွက် ဟုတ်ပါသလား၊ မိမိတို့အသက်အသေခံ တိုက်နေရသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသူများ ဟုတ်မှန်ပါသလား၊ တိုက်ပွဲဖြစ်ရာဒေသရှိ ပြည်သူလူထုက မိမိတို့အပေါ် အားကိုးယုံကြည်မှုဖြင့် ဆက်ဆံပါသလား၊ စိုးရိမ်ကြောက်လန့်မှုဖြင့် တုန့်ပြန်ပါသလား၊ မိမိတို့စားသုံးသော ရိက္ခာကိုမည်သူတို့က စိုက်ပျိုးထောက်ပံ့ပေးပါသနည်း၊ မိမိတို့ရရှိသော လစာငွေကို ဘယ်ကရသနည်း။ မျက်စိတမှိတ် စဉ်းစားကြည့်လျှင်ပင် တိတိကျကျ အဖြေပေါ်နိုင်ပါသည်။
အထက်ပါ အခြေအနေများအောက်တွင် အဓိပ္ပါယ်ထွေပြားပြီး အကဲဆတ်လှသော ပြည်သူ့စစ်မှုထမ်းဥပဒေ အမိန့်ပြန်တမ်းနှင့် ပတ်သက်၍ ဆွေးနွေးကြရာ၌ ဘက်တဖက်စီ၏ အမြင်များကို အလေးကဲဆွေးနွေးနေပါလျှင် ကွဲလွဲမှုများသာ ရှေ့တန်းရောက်လာပြီး အာဏာရှင်ကြီးများအလိုကျအတိုင်း တပ်မတော်နှင့်ပြည်သူ ကြည်ဖြူ
လက်တွဲနိုင်မည့် အခွင့်အလမ်းများ အလှမ်းဝေးနေဦးမည် ဖြစ်ပါသည်။ ယခုချိန်ခါသည် အမျိုးသားရင်ကြားစေ့ရေးကို အလေးထားဆောင် ရွက်နေချိန်လည်း ဖြစ်ပါသည်။
ထို့ကြောင့် စစ်မှုထမ်းခြင်း၏ ကောင်းကျိုးဆိုးပြစ်များနှင့်ပတ်သက်၍ (တိုင်းပြည်၏ လိုအပ်ချက်လော၊ အာဏာ ချုပ်ကိုင်ထားသူများ၏ လိုအပ်ချက်လော) စသည်ဖြင့် သေချာဂဏစွာ စဉ်းစားဝေဖန်သုံးသပ်၍ ဆွေးနွေးအဖြေ ရှာကြပါရန် တိုက်တွန်းအကြံပြု တင်ပြအပ်ပါသည်။
အာဏာရှင်၏ လှည့်စားမှုညွှတ်ကွင်းမှ ရုန်းထွက်လွတ်ကင်းနိုင်ကြပါစေ။
တပ်ကြပ်ကြီး-နေမင်းသူ
http://www.naytthit.net/?p=6560
စကြ၀ဠာကြီးထဲမှာ...
တဦးနှင့်တဦးဆက်သွယ်ချိတ်ဆက်နှီးနှောဖလှယ်ခြင်းကိုကွန်ယက်ဟုခေါ်လျှင်အင်တာနက်အွန်လိုင်းပေါ်တွင်တဦးနှင့်တဦးတဖွဲ့နှင့်တဖွဲ့
ကူလူးဆက်ဆံနေကြသည်မှာရှေးမဆွကပင်ရှိခဲ့ပါသည်။သူတို့တွေကနာမည်မတတ်သော်ငြားအပြန်အလှန်ဖလှယ်မှုများတွင်ပျက်ကွက်မှု
မရှိနေ့စဉ်လှုပ်ရှားနေကြသည်။
အမေစုကလူငယ်ကွန်ယက်ဟုဆို၍အသီသီးဟန်ချက်ညီညီထွက်ပေါ်လာတာတွေရသည်။
တယောက်နှင့်တယောက်ကူးလူးဆက်ဆံပုံလေးတွေတော့သတ်မှတ်သင့်ကြပါသည်။အချို့ကဖိုရမ်ဖွင့်၍ဆွေးနွေးဖလှယ်သည်။အချို့က
အီးမေးဂရုဖွင့်ပြီးဖလှယ်သည်။ဖိုရမ်ကိုအများဆွေးနွေးနိုင်အောင်အသုံးချနိုင်ပြီးခေါင်းစဉ်များစွာလည်းပါဝင်လို့ရပါသည်။
အီးမေးဂရုကိုအများဆွေးနွေးနိုင်အောင်အသုံးချနိုင်သလိုမိမိဖိတ်ကြားထားသောသူများကိုသာဆွေးနွေးနိုင်အောင်ပြုလုပ်၍လည်းရ ပါသည်။အင်တာနက်အွန်လိုင်းကြီးသည်မိခင်ကွန်ယက်ကြီးဖြစ်သည်။မည်သူမျှမပိုင်။လှည့်လည်သွားရောက်ခွင့်တော့ရှိသည်။ဖိုရမ်ဖွင့်
ဆွေးနွေးခြင်း၊chatroomများတွင်ဆွေးနွေးခြင်းသည်ကွန်ယက်ငယ်များဖြစ်သည်။ကွန်ယက်ငယ်များသည်မိမိကွန်ယက်အတွင်းနေ့စဉ်
ဆွေးနွေးသလိုအခြားကွန်ယက်များတွင်လည်းမန်ဘာဝင်ပြိးဆွေးနွေးခြင်းမိမိကွန်ယက်အတွင်းပြန်လည်သယ်ဆောင်လာပြီးဖြန့်ဝေခြင်း
အမှုကိုလည်းပြုကြပေသည်။ထိုသို့လုပ်ဆောင်ကြရာတွင်ကွန်ယက်ငယ်အသီးသီးတွင်သတ်မှတ်ထားသောပေါ်လစီများရှိကြရသည်။ကွန်
ယက်အတွင်းဆွေးနွေးမှုများကိုအစဉ်စောင့်ကြည့်ရသည့်မော်ဒါရေတာ(moderator)သုံးလေးယောက်ခန့်လိုအပ်ပေသည်။ကွန်ယက်ခေါင်း
ဆောင်မဟုတ်ပင်ငြားနည်းပညာ။အဖွဲ့ဝင်များ၏အခက်အခဲ။မလိုအပ်သောဆွေးနွေးမှုနှင့်မသင့်လျော်သောမန်ဘာများကို
ပယ်ဖျက်ခြင်း။အစရှိသည်တို့ကိုပြုရပေသည်။
အချုပ်အားဖြင့်မိမိကွန်ယက်အမြဲရှင်သန်နေစေရန်ဖိတ်ကြားခြင်း။မွန်းမံခြင်း။ဒိုင်ခံဆွေးနွေးပေးခြင်းအစရှိသည်တို့ပြုလုပ်ပေးရပေသည်။
လူအားလုံးကိုကွန်ယက်တခုထဲအောက်ဆွဲသွင်းမရသော်ငြားမိမိကွန်ယက်အတွင်းဆွေးနွေးမှုများ၊သတင်းများ၊နည်းပညာဖြန့်ဝေခြင်း
များမှာလွန်စွာမှUPDATEဖြစ်လျှင်ထိုလူငယ်များသည်မုဆိုးသားကောင်အနံ့ ခံသလိုရောက်ရှိလာမည်ဖြစ်ကြောင်းကွန်ယက်အပေါင်းတို့ အတွက်ဆွေးနွေးရပေသည်။
ရဲရင့်ငယ်
Kay Thwe ၏ လက်နဲ့ ယက်တဲ့ ကွန်ယက် ကိုလည်းဖတ်နိုင်ပါတယ်။
မကောင်း ဗြဲမခေါင်းချ
ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့နဲ့"အဘကို ဓာတ်ပုံ လှအောင် ရိုက်ပေးနော်" ဆိုတဲ့ ဗိုလ်ချုပ် ကျော်ဆန်း
January 16, 2011
Pyay Ti Oo + Eaindra Kyaw Zin's Wedding on 16 Jan @ Sedona
Here are some photos of Pyay Ti Oo and Eaindra Kyaw Zin's Binding the hands of the Bride and Groom, Wedding Ceremony which was held on 16 January 2011 at Sedona Hotel, Yangon.

အဖြူရောင် မင်္ဂလာ ၀တ်စုံ နဲ့ သတို့သား ပြေတီဦး

အဖြူရောင် မင်္ဂလာ ၀တ်စုံ နဲ့ စိန်ရောင် တဖျက်ဖျက်လတ်နေတဲ့ သတို့သမီး အိန္ဒြာကျော်ဇင်

"အဘကို ဓာတ်ပုံ လှအောင် ရိုက်ပေးနော်" ဆိုတဲ့ ဗိုလ်ချုပ် ကျော်ဆန်း နဲ့ ဇနီး

ပန်းရောင် ပွဲတက် ၀တ်စုံ နဲ့ ပွဲတက်လာတဲ့ ရန်အောင်

သတင်း ဓာတ်ပုံ သမားတွေကို ဧည်ခံ ခန်းမထဲ မ၀င်ရန် ထားမြစ်ထားတဲ့ ကြေငြာစာ

ခန်းမအတွင်း ၀င်ရောက် သတင်းယူခွင့် မရလို့ အပြင်မှာ ရပ်စောင့်နေတဲ့ သတင်းသမားများ
သရုပ်ဆောင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား မင်္ဂလာပွဲကို ဒီကနေ့ (၁၆ ဇန်န၀ါရီ ၂၀၁၁) Sedona Hotel မှာ ပြုလုပ်ကျင်းပခဲ့ ပါတယ်။ သတို့သား နဲ့ သတို့သမီး နှစ်ယောက်စလုံး အဖြူရောင် မင်္ဂလာဝတ်စုံ၊ အဖြူရောင် လက်ဝတ်ရတနာ (စိန်) များကို ၀တ်ဆင်ခဲ့ကြပါတယ်။ ဒီပွဲမှာ သတင်းဓာတ်ပုံ ယူမည့် စာနယ်ဇင်းသမားများကို ဧည့်ခံမင်္ဂလာ ခန်းမထဲသို့ ၀င်ရောက် သတင်းရယူခွင့် မပေးခဲ့ဘဲ သတ်မှတ်ထားတဲ့ အ၀င်ပေါက်မှဘဲ သတင်းရယူစေခဲ့တာပါ။ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ စုလျားရစ်ပတ် မင်္ဂလာပွဲသို့ မြို့တော်ဝန် အောင်သိန်းလင်း နဲ့ ဇနီး နှင့် ဗိုလ်ချုပ် ကျော်ဆန်း နဲ့ ဇနီး တို့လည်း တက်ရောက်ခဲ့ ကြပါတယ်။
Photos of MyanmarCelebrity.Com
http://www.myanmarcelebrity.com/ မှတဆင့်ဖေါ်ပြသည်။



















