မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.

shinyinmaw (1).pdf
41K View Download

11 Jan 2011 Yeyintnge's Diary.doc
2092K View Download

11 Jan 2011 Yeyintnge's Diary.pdf
4007K View Download

42148535-Letter-to-Former-Comrades-Abroad.pdf
56K View Download

Maung Wunna passes away.pdf
188K View Download
http://www.mediafire.com/file/r22rvstf6o7lkx8/11%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/zr0o339u1dhisqx/11%20Jan%202011%20Yeyintnge%27s%20Diary.pdf
11 Jan 2011 Yeyintnge's Diary
Tuesday, January 11, 2011
၁၁.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ မင်္ဂလာအခမ်းအနားတခုက သတို့သား လုပ်ငန်းခွင်မှာ ဖိအားပေးခံရ
Posted by admin on January 11, 2011

ဇန်နဝါရီလ ၁ ရက်နေ့မှာ မောင်မင်းဆုမွန် နဲ့ မခင်ဝါဝါလှိုင် တို့ရဲ့ မင်္ဂလာအခမ်းအနားကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အတွက် Movie5 မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်မင်းဆုမွန် ဟာ သူ့အလုပ်တာဝန်ထဲမှာ အထက်အာဏာပိုင်တွေရဲ့ ဖိအားပေးခြင်းကို ခံရပါတယ်။
သတိုးသား မောင်မင်းဆုမွန်ဟာ Movie5 မှာ တာယူဝန်ဆောင်ရွက်လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။ အဆိုတော် ထူးအိမ်သင် နဲ့ ညီအကိုတော်စပ်သူလည်းဖြစ်ပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မိသားစုခြင်း ရင်းနှီးသူတဦးလည်း ဖြစ်ပါတယ်။ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ သူ့ရဲ့ မင်္ဂလာပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လာတဲ့အတွက် အာဏာပိုင်တွေဘက်က အမြတ်ဒေါသဖြစ်ပြီး မောင်မင်းဆုမွန်ကို လက်ရှိလုပ်ကိုင်နေတဲ့ တာဝန်မှ နှုတ်ထွက်စာတင်ခိုင်းတာကို ခံခဲ့ရပါတယ်။
Movie5 မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မောင်မင်းဆုမွန်ရဲ့ အပေါင်းအသင်းအသိုင်းအဝိုင်းတွေက သူ့ကို အလုပ်က ထုပ်ပစ်မယ်ဆိုရင် သူတို့ပါ မလုပ်တော့ဘူးဆိုပြီး ထွက်စာဝိုင်းတင်ကြပါတယ်။ ခုဆိုရင် ရုံးသူရုံးသား အပေါင်းအသင်း တွေအားလုံး အလုပ်ထွက်စာဝိုင်းတင်ကြတဲ့အတွက် အထက်အာဏာပိုင်တွေက မောင်မင်းဆုမွန် အပါအဝင် ထွက်စာ တင်သူအားလုံးကို အလုပ်မှာ ပြန်လည်ခန့်အပ်ထားလိုက်ရတယ်လို့ Movie5 အသိုင်းအဝိုင်းမှ ပြောပြလာတဲ့အတွက် သိရှိရပါတယ်။
ပေးပို့သူ … လွင်မြင့်
http://www.naytthit.net/?p=6398
စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
ချင်းမိုင်(မဇ္စိ္ဈမ) ။ ။ အရွယ်ရောက်ပြီးသူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ရာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တင်းမာမှု ပိုတိုးလာစေနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။
မဇ္ဈိမက လက်ခံရရှိထားသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ မနှစ် နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အမှတ် ၂၇/၂၀၁၀ ပြန်တမ်းမိတ္တူအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။
စစ်မှုထမ်းဆင့်ခေါ်ရန် တိုင်းဒေသကြီး သို့မဟုတ် 
ဆရာဝန်၊ အင်ဂျင်နီယာစသဖြင့် အတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကြောင်း နေထိုင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိ ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။
ကျွမ်းကျင်သူ စစ်မှုထမ်း အမျိုးအစားတွင် ၃ နှစ်အထိ ဝင်ရောက်စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။
ထို့အပြင် အရေးပေါ်အခြေအနေတွင် အစိုးရအနေဖြင့် စစ်မှုထမ်းကာလကို ၅ နှစ်အထိ သတ်မှတ်နိုင်ခွင့်လည်း ပေးထားသည်။
ရပ်ကွက်အာဏာပိုင်များက မိမိကျေးရွာအုပ်စု သို့မဟုတ် ရပ်ကွက်တွင် နေထိုင်သူများအနက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အရွယ်ရောက်သူများ စာရင်းကို နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့အရောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ကို ပို့ရမည် ဖြစ်သည်။
သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂင်္ါ မသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်ကြောင်း သတ်မှတ်ထားသူများ၊ ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်စေရမည်ဟု ဆိုထားသည်။
သို့သော် နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားစောင့်ရှောက်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါး ဖြတ်ရန် ဆေးကုသမှု ခံယူနေသူများနှင့် ထောင်ဒဏ်ကျ ခံနေသူများသည် သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ဖြင့် ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ဖော်ပြထားသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အဖွဲ့အင်အားကို ထိခိုက်လာနိုင်သည်ဟု အင်အား ၁ သောင်းခန့်ရှိမည် ခန့်မှန်းထားသော ကချင်လွတ်လပ်ရေးအဖွဲ့ အရာရှိများက စိုးရိမ်နေကြသည်။
စစ်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းသွားသော ကေအိုင်အို၏ လက်နက်ကိုင်တပ်တွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြား စစ်သည်အင်အားက ၉၀ ရာခိုင်နှုန်းရှိနိုင်သည်ဟု ကချင်အရာရှိတဦးက ပြောသည်။
စစ်မှုထမ်း ဥပဒေသစ်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ရန် အင်အားတိုးချဲ့ခြင်းသာ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU)မှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောသည်။
“ပြဿနာတွေ အများကြီးဖြစ်လာနိုင်တာပေါ့။ စစ်အာဏာရှင် တည်မြဲဖို့အတွက် တိုင်းရင်းသားတွေကို သတ်ဖြတ်ဖို့အတွက် ထုတ်တယ်လို့ မြင်တယ်။ … အတင်းအဓမ္မ စစ်သားစုဆောင်းရေးတွေ ဖြစ်လာနိုင်မယ်”ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။
စစ်ဆင်ရေးကာလများတွင် ပေါ်တာဆွဲခွင့်ကို တရားဝင်ဖြစ်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက သုံးသပ်သည်။
“ဒီဥပဒေက တတိုင်းပြည်လုံးနဲ့ ဆိုင်တယ်လို့ ရေးမထားဘူး။ သူက တိုင်း၊ ပြည်နယ်၊ ခရိုင် ဒါမှ မဟုတ်ရင် အောက်မှာ မြို့နယ်အလိုက် အရေးပေါ်အခြေအနေပေါ် မူတည်ပြီးတော့ ဒီဥပဒေကို ပြဋ္ဌာန်းနိုင်တယ်။ အကယ်၍ မြန်မာပြည်ကြီးမှာ အေးချမ်းနေတယ်၊ ဥပမာ ကရင်ပြည်နယ်မှာ စစ်ဖြစ်တယ်ဆိုရင် ကရင်ပြည်နယ် တခုထဲ လုပ်လိုက်လို့ ရတယ်။ ရှင်းအောင်ပြောရရင် ပေါ်တာကို တရားဝင် ဆွဲလို့ရအောင် လုပ်လိုက်တာပဲ”ဟု ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။
ရဲအရေးပိုင်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန်ရှိသော်လည်း ပျက်ကွက်သူကို ထောင်ဒဏ် ၃ နှစ်ထိ အပြစ်ပေးခွင့်နှင့် ဟန်ဆောင်ကာ တိမ်းရှောင်လွှဲဖယ်လျှင် ထောင်ဒဏ် ၅ နှစ်ထိ အပြစ်ပေးရန် သတ်မှတ်ထားသည်။
ထို့ပြင် ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကို အရေးပေါ် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဟုလည်း ဆိုထားသည်။
တခြားနိုင်ငံများ၏ ရန်ပြုလာမှုပေါ်မူတည်၍ ထုတ်ပြန်ရမည်ဖြစ်ပြီး လက်ရှိ မြန်မာပြည် အခြေအနေအရ ပြည်ပရန်လည်းမရှိသဖြင့် တိုင်းပြည်အတွက် စည်းလုံးညီညွတ်မှုရယူပြီးမှ အဆိုပါ ဥပဒေများကို ထုတ်ပြန်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
“တိုင်းပြည်မှာ တကယ်လုပ်သင့်တာက စည်းလုံးညီညွတ်မှုရအောင် ယုံကြည်မှုရအောင် လုပ်ကိုင်ပေးနိုင်တဲ့ အခြေအနေကျရင် ဒီကစ္စဆွေးနွေးသင့်တယ်။ လုပ်ကိုင်သင့်တယ်ဗျာ၊ ခုတော့ ပြည်ပရန်ဖြစ်လာဖို့ မရှိဘဲနဲ့ လုပ်နေတာက အင်မတန် စဉ်းစားစရာကောင်းတဲ့ အချက်ပါဘဲ”ဟု သူက မဇ္စိ္ဈမကို ပြောသည်။
သို့သော် လေ့လာသူများက ကောင်းကျိုးအားဖြင့် စစ်ပညာတတ်မြောက်သူ များလာနိုင်သည်ဟု ပြောသည်။
အစိုးရသစ် မပေါ်ပေါက်မီ ပြဋ္ဌာန်းလိုက်ခြင်းက စစ်အစိုးရ မလိမ့်တပတ်လုပ်ခြင်းဟု မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က ပြောသည်။
“စစ်အစိုးရက မလိမ့်တပတ် လုပ်ထားတာမျိုး တွေ့တယ်လေ။ မဆလခေတ်တုန်းက အခြေခံ ဥပဒေ ရေးဆွဲပြီးရင် လူထုကို ၃ ကြိမ် ချပြရတယ်။ လူထုကနေ အမျိုးသား ညီလာခံထဲမှာ ဆွေးနွေးရမယ်။ …သူ့အတွက် လျှို့ဝှက်ပြီး ကလိမ်ကကျစ်လုပ်မယ့် အကြောင်းအရာ တခုခုတော့ ရှိနေလိမ့်မယ်ထင်တယ်”ဟု ဦးဌေးအောင်က ပြောသည်။
စစ်အစိုးရက အရန်တပ်ဖွဲ့ဲ့ဥပဒေ ကိုလည်း နိုဝင်ဘာလ ၄ ရက်က ထုတ်ပြန်ထားသည်။ စစ်မှုထမ်းတဦး စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့် ရရှိသည့်နေ့ရက်မှစ၍ ၅ နှစ်ထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းရမည် ဖြစ်သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုထားသော တိုင်းရင်းသားအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက်သို့ ထည့်သွင်းမည့် နယ်ခြားစောင့်တပ်ပြောင်းရေး အစီအစဉ် မအောင်မြင်ဖြစ်နေ၍ စစ်အစိုးရနှင့် ယခင်အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအကြား ဆက်ဆံရေး ယိုယွင်းနေဆဲ ဖြစ်သည်။
http://mizzimaburmese.com/news/inside-burma/6701-2011-01-11-11-38-11.html
အာဏာရှင်ကြီးတို့ရဲ့ မြေးလေးတွေ ပုံပါအတိုင်း စားစရာ ဝတ်စရာမရှိ မြင်ရရင် ဘယ်လိုနေမလဲ
အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr Paul Gorve နှင့်အဖွဲ့ဝင်များ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ လာရောက်
အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr Paul Gorve နှင့်အဖွဲ့ဝင်များ တောင်ဒဂုံရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာ ကြည့်ရှူ
တော်လှန်ရေးအတွက် သူတို့ အစပျိုးလမ်းဖွင့်ပေးမှု
စစ်အစိုးရရဲ့ စစ်မူမထမ်းမနေရ ဥပဒေကြောင့် ထောင်ကျမှာ စိုးလို့ စစ်တပ်ထဲ ၀င်သွားကြမည့် လူငယ်တွေ က ရှိကြမှာပါပဲ ။ ဒါပေမယ့် ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းတွေ ဟာ ဒီမိုကရေစီအင်အားစုတွေပဲခေါ်ခေါ်၊နိုင်ငံရေးအင်အားစု တွေက ဖန်တီးပုံဖေါ်လို့ ဖြစ်ပေါ်လာတာ က နည်းလွန်းပါတယ်။ တကယ်တမ်း ၈၈၈၈ ဆိုတဲ့ ရှစ်လေးလုံးဒီမိုကရေစီတော်လှန်ရေးကြီးမှာတုန်းက တောင်မှ နိုင်ငံရေးသမားဟောင်းတစ်ချို့ က မင်းတို့ သောက်ရူးလေးတွေ ငါတို့ တောင် တစ်သက်လုံးလုပ်လာတာ နေ၀င်းကိုဘာမှတ်နေလို့ လဲ၊အုတ်နံရံခေါင်းနဲ့ မတိုက်ကြနဲ့ လို့ ပြောဖူးခဲ့တာတွေကို အမှတ်ရနေမိပါတယ်။ နောက် ဆက်တိုက်ဖြစ်ပေါ်လာခဲ့တဲ့ အရေးအခင်းတွေဟာ စစ်တပ်က အစပျိုးလိုက်ခဲ့တာချည်းပဲဖြစ်နေ
တာကိုသတိထားမိကြလိမ့်မယ်ထင်ပါတယ်။ ၈၈ အစ မှာ ပိုက်ဆံတွေ သိမ်းတယ်။ ကိုဘုန်းမော်တို့ ကိုစိုးနိုင်တို့  စတဲ့ ကျောင်းသားအာဇာနည်တွေကိုပစ်သတ်တယ်။ တံတားနီ အရေးအခင်းကြီးဖြစ်ပေါ်တယ်။ ဒီလိုပဲ နောက်နောက် အရေးအခင်းတွေ ကိုကြည့်ပါ၊နောက်ဆုံး လောင်စာဆီတိုးမြှင့်တာ သူတို့ လုပ်တယ် ။ ကျောင်းသားခေါင်းဆောင်တွေ က အစပျိုးပြီးလမ်း လျှောက်ပြတယ်။ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးကြီးပေါ်လာတယ်။ ကဲ အခု တော့ လာပြန်ပြီ ၊တစ်တိုင်းပြည်လုံးကို စိန်ခေါ်တဲ့ စစ်မှုမထမ်းမနေရ အမိန့် ကိုခိုးကြောင်ခိုးဝှက် တိတ်တိတ်လေးပြန်တမ်းထုတ်တယ်။ အခုသူတို့ ရဲ့စိန်ခေါ်မှုကြီးကို မြန်မာနိုင်ငံသားအာဇာနည် ညီအကိုမောင် ၊နှမ အမျိုးကောင်းသားတွေက ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ သေချာပါတယ် ။ ဘယ်နိုင်ငံရေး သမားတွေ က မှ မျှော်လင့်မထားတဲ့ တော်လှန်မှုကြီးတစ်ခု ဖြစ်တော့မယ်ဆိုတာပါပဲ။ တော်လှန်ရေးအတွက် လူငယ်များအားလုံးလက်တွဲညီညီ ဟန်ချက်ညီညီနဲ့  ရရာနေရာ၊ရောက်ရာအခန်းကဏ္ဍက နေပြီးစကြပါတော့မယ်။ ငါးပွက်ရာငါးစာချ၊ ဟိုနားစု၊ဒေါ်အောင်ဆန်းစုကြည်နား ဓါတ်ပုံတွဲရိုက်ဖို့ ၊ကိုယ့်နံမည်သတင်းထဲပါဖို့ ၊တကယ့် အရေးကြီးတဲ့ လုပ်သင့်တာတွေကို မလုပ်ပဲ မယောင်ရာဆီလူးနေသူများကိုတော့လူငယ်တွေ ၊ တော်လှန်ရေး ရဲဘော်၊ရဲမေများက ရှောင်ရှားကြမှာပါပဲ။ ထိုသူတွေကလဲ ရှောင်သွားကြမှာပါပဲ။ အခု အမျိုးသားဒီမိုကရေစီရုံးချုပ်သွား၊ လက်တွေ့  ဘာအလုပ်မှ မလုပ်ပဲ နံမည်ကြီးဖို့ ၊လုပ်စားဖို့ ဒေါ်စုဘေးကပ်နေကြသူတွေ အတွက် ဒီတော်လှန်ရေးမှာ နေရာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတကယ်ချစ်တဲ့လေးစားတဲ့ သူတွေက ဘာနံမည်မှ အဖေါ်ပြမခံပဲ နောက်ကွယ်မှာ တကယ်အလုပ်လုပ်နေကြတာပါ။ ဒါကို ဘယ်လိုမှ ထုတ်ဖေါ်ပြောလို့ မရလို့  အခုလို Guiding Stars များဆီကို ပို့ ပေးလိုက်တာပါ။ သူတို့ တွေ က ဒေါ်စုကို အသုံးချဖို့ လုပ် ဆောင်ပြီး နိုင်ငံရေးလုပ်စားကြသူများပါတယ်။ တကယ်လုပ်ဆောင်နေသူ က လက်ခ်ျိုးရေလို့  ရပါတယ်။ အဲဒီမှာ လုပ်နေတဲ့ဦးဆောင်ပါတယ်ဆိုတဲ့သူတွေဟာ စစ်အစိုးရရဲ့မွေးထားတဲ့ ဒေါက်တာနေ၀င်းမောင်တို့နဲ့အနီးကပ်လုပ်ဆောင်နေသူ ထောင်ထွက်တစ်ချို့ က နံမည်ယူ လုပ်ဆောင်နေတာဟာ သိပ်ဝမ်းနည်းစရာကောင်းပါတယ်။ ဒါကို ဘဘ ဦးတင်ဦးက အရည်အချင်း ရှိသယောင်ပြောသွားတာက တော့ ကျန်တဲ့တကယ်လုပ်တဲ့သူတွေက အရည်အချင်းမရှိသလိုဖြစ်သွားတာမို့ အတော်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ က တော့ ဒေါ်စုတို့ ဘေးမှာ တကယ် ဒေါ်စု ဘာဖြစ်ချင်တာလဲဆိုတာကို ဘာသာပြန်မှန်မှန်လုပ်ပြီး
ထိထိရောက်ရောက်နဲ့ လုပ်ဆောင်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသား စစ်စစ်များဖြစ်ကြပါ တယ်။ အမည်ခံတွေလဲ မဟုတ်ပါဘူး။ ထောင်ထဲမှာ လဲ နေခဲ့ဘူးသူတွေများပါတယ်။ လုပ်စား နံမည်ခံလုပ်နေသူတွေမဟုတ်ပါဘူး။စစ်အစိုးရရဲ့ ရွေးကောက်ပွဲကိုထောက်ခံလိုက်၊ မဲပေးရေး တွေ လုပ်လိုက်၊ဒေါ်စုပြန်လွတ်လာတော့ဒေါ်စုဘေးကပ်လိုက်၊နံမည်မွေးနိုင်ငံရေးလုပ်စား နေသူ ၊စိတ်မူမမှန်သူတွေ မဟုတ်ပါဘူး။နိုင်ငံရေးကို အချစ်အမှန်းကင်းကင်းနဲ့ တိုင်းပြည်အကျိုး၊ နိုင်ငံသားများအကျိုးကိုသာလုပ်ဆောင်နေကြပြီး တော်လှန်ရေးစစ်စစ်ကိုအကောင်အထည်ဖေါ် နေကြသူများဖြစ်ပါတယ်။ အခု စစ်အာဏာရှင်များအစပျိုးလမ်းဖွင့်ပေးမှုအပေါ် တိုက်ပွဲခေါ်သံကို စတင်ပြီး အမြန်ဆုံး တိုင်းရင်းသားညီအကိုမောင်နှမများနှင့်လက်တွဲ ကာ စစ်ကျွန်ဇာတ်သွင်းမှု ကို အမြန်ဆုံးတော်လှန်ကြပါစို့  ။။ အရေးကြီးပြီ ညီနောင်အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့ ။။။
၈၈ မျိုးဆက်ကျောင်းသားစစ်စစ်လူငယ်များ
Posted by Guiding Star at Tuesday, January 11, 2011
http://guidingstarsofburma.blogspot.com/2011/01/blog-post_528.html မှ
ပါလီမန်ခေတ် နောက်ပိုင်း သမ္မတကြီးများ
ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆နှစ်ကြာ ၊ ၁၉၈၈ တွင် ဦးနေ၀င်းမှ ကျောင်းသားသမ္မက အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရ ပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့သည့် ခေါင်းဆောင်ကြီး ဖြစ်သည် ။
ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)သည် သူ၏ဈာပနကို တပ်မ တော်စစ် သချိုင်္င်း(မင်္ဂ လာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။
အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။ဤသည်ကား အာဏာသိမ်းခေါင်းဆောင်ကြီး ဦးနေ၀င်း ၏ ဘ၀တစိတ်တဒေသတည်း။
၂၀၀၂ ခုနှစ်၊ မတ်လတွင် သူ့ဆရာသခင် ဘိုနေ၀င်း အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ သြဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ သူ၏ အစာအိမ်ရောဂါ အတွက် စင်ကာပူတွင် ကုသမှု ခံယူပြီး အပြန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အသက် ၈၁ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ သေဆုံးသည်။
တပ်ကြပ်အဆင့် ရရှိပြီးနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ စစ်တက္ဗသိုလ် စတုတ္ထပတ် ဗိုလ်သင်တန်း တက်ရောက်သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်သင်တန်းဆင်းပြီး စစ်ဝန်ကြီးရုံး စစ်ပညာ ဌာနကြီးတွင် ဗိုလ်လေး အဆင့်ဖြင့် တာဝန် ထမ်းဆောင်သည်။ တော်လှန်ရေးတွင် ဟင်္သာတခရိုင်၊ မျိုးချစ် ဗမာ့ တပ်မတော် တိုင်း (၁) ဌာနချုပ်၊ ပဲနွယ်ကုန်း၌ တာဝန် ယူခဲ့သည်။
၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသော အဖွဲ့ဝင် ၉၇ ဦး ပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် ဖြစ်လာပြီး၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး အစိုးရ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
http://lamin30.blogspot.com/2010/12/blog-post.html မှ....
ဝါးလုံး အလှူခံတော်မူပါဘုရား ၊ အလှူခံတော်မူပါဘုရား
စာရေးသူအသစ်လေးရှင်ရင်မောနဲ့ မိတ်ဆက်ပေးပါရစေ။
http://www.mediafire.com/file/2yos1rk7pum8ktr/shinyinmaw%20%281%29.doc
http://www.mediafire.com/file/3p3z7wtge4452b2/shinyinmaw%20%281%29.pdf
shinyinmaw (1)








