Friday, September 23, 2011

တော်စမ်းပါ----ကျော်ဆန်းရာ(သို့ ) သုဘဒ္ဒါကျော်ဆန်း


video



တော်စမ်းပါ----ကျော်ဆန်းရာ(သို့ ) သုဘဒ္ဒါကျော်ဆန်း


ရေး/ဆို)စိုင်းစိုင်းသန်းရွှေ(Canada)


သတင်းများ-- ဖတ်တိုင်း

နင်တို့ လုပ်သမျှအကြောင်းတွေ အပ်ကြောင်းထပ်

ဒီစကားတခွန်းဘဲနင်ပြောတတ်တယ်

သတင်းများဆိုလဲ--တရုပ်ကြိးအကောင်းအကြောင်းဘဲ

အမြဲတန်းဖေါ်ပြတယ် အရမ်းအရမ်းဘဲ စိတ်ကုန်မိတယ်

တော်ပါတော့ ---

တော်စမ်းပါ ကျော်ဆန်းရာ--နင်ပါးစပ်ကို ပိတ်ထားစမ်းပါ

ထပ်ပီးမလိမ်ပါနဲ့ တော့ -- ငါမယုံဘူး

တော်စမ်းပါ ကျော်ဆန်းရာ--နင့် အပေါက် ကို ပိတ်ထားပေးပါ

လိမ်နေတာတွေရပ်ပါတော့ 

BBC နဲ့  VOA ကို--လေလှိုင်းပေါ်ကလူသတ်သမားတဲ့ 

ငါနားတွေငြီးလွန်းလို့  --စိတ်တွေတောင်ရှုပ်လာတယ်

မဂ္ဂဇင်းတွေ ဆောင်းပါးတွေဆို--နင်ခွင့် ပြုမှ ထုတ်ရတယ်တဲ့ 

ကြက်ဆူပင်စိုက် ရေလောင်းလိုက်နဲ့ -- နင်လုပ်တတ်တာဒါဘဲရှိတယ်

နင့် ရဲ့ သတင်းစာ ဘယ်သူမှမဖတ်ဘူး -- နာရေးကြော်ငြာတခုကလွဲရင်

လက်တွေ့ မှာနင့်  သတင်းစာက -- ပလာတာထုပ်ဘို့ ဖြစ်နေတယ်

ငါ့ ရှေ့ မှာရုပ်တည်နဲ့  -- ယုံတမ်းစကားတွေနင်အမြဲပြောတယ်

ကြာလာတော့ နင့် စကားတွေလဲ -- အရူးချီးပန်းသလိုဖြစ်ဖြစ်လာတယ်

သတင်းထောက်တွေရှေ့ -- ဟန်လုပ်တဲ့ စကားလေးခနခန နင်ပြောသေးတယ်

စောင်ရေ၃သိန်း---ဖြန့် ချီသတဲ့ 

ဗုံးပေါက်တဲ့ သတင်း --အမှန်အတိုင်းမရေးရဲတဲ့ နင့် ရဲ့ အကျင့် ဆိုးတွေ

ငါတဖြေးဖြေး စိတ်ကုန်မိတယ်

တော်ပါတော့ ---

တော်စမ်းပါ ကျော်ဆန်းရာ--နင့် ပါးစပ်ကို ပိတ်ထားစမ်းပါ

ထပ်ပီးမလိမ်ပါနဲ့ တော့ -- ငါမယုံဘူး

တော်စမ်းပါ ကျော်ဆန်းရာ--နင့် အပေါက် ကို ပိတ်ထားပေးပါ

လိမ်နေတာတွေရပ်ပါတော့ 

လွှတ်တော်မှာ တလောကအရှက်ကွဲ--သုဘဒ္ဒါဇာတ်ခင်းသွားတယ်

ဥက္ကဌကြီးတောင်တားယူရတယ်-- တိုတိုနဲ့ လိုရင်းပြောဘို့ 

နာမည်တောင်ပြောင်းခေါ်ကြပီ--သုဘဒ္ဒါကျော်ဆန်းတဲ့ 

လွှတ်တော်မှာသတင်းစာရှင်းပွဲ -- ငိုကြီးချက်မ ပဲများသေးတယ်

မီဒီယာကိုမီဒီယာနဲ့ ဘဲ ပြန်ပီးတိုက်မယ် နင်ပြောဘူးတယ်

ပေါက်ကရတွေရှောက်ပြောသေးတယ် -- လူသားအစ ကျော်ဆန်းကတဲ့ 

သမ္မတကြီးရဲ စတုတ္ထမဏ္ဍိုင် -- ကျော်ဆန်းငပုက ခွင့် မပြုဘူး

ခုချိန်ကစပီးနင့် စကား -- တခွန်းမှငါမယုံတော့ ပါ

တော်ပါတော့ ---

တော်စမ်းပါ ကျော်ဆန်းရာ--နင့် ပါးစပ်ကို ပိတ်ထားစမ်းပါ

ထပ်ပီးမလိမ်ပါနဲ့ တော့ -- ငါမယုံဘူး

သုဘဒ္ဒါ ကျော်ဆန်းရာ--နင့် အပေါက် ကို ပိတ်ထားပေးပါ

လိမ်နေတာတွေရပ်ပါတော့ 

1 အကြံပြုခြင်း:

ကိုပေါ said...

ကောင်းတယ်ဗျာ။ ဒီနေ့ အိပ်ယာက နိုးနိုးချင်း နားထောင်ရင်း သဘောကျနေမိတယ်။