2011 su greeting.jpg
74K View Download

buddha in night club.doc
63K View Download

buddha in night club.pdf
352K View Download
Friday, December 31, 2010
31 Dec 2010 ဒိုင်ယာရီ
၂၀၁၁ အကြို (by Kyaw Thu )
၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း ၂၀၁၁ ခုနှစ် အကြိုအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့)နာရေးပို့ဆောင်မှုများ၊ (အခမဲ့)ဆေးဝါးကုသပေးမှုများအပြင် မျိုးဆက်သစ် လူမှုရေးသင်တန်းများ၊ ပညာရေးသင်တန်းများပါ အခမဲ့ဖွင့်လှစ်ပို့ချ ပေးခဲ့ပါသည်။ ယင်းကဲ့သို့ သင်တန်းများပို့ချရာတွင် လူမှုရေးသင်တန်းများကိုနာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ကိုဇင်ထွန်းအောင်၊ အလုပ်အမှုဆောင် ဒေါ်မေဇွန်ဦး၊ ဒေါ်ကြည်ကြည်စိန်တို့နှင့် အတွေ့အကြုံရှိသောအသင်းသား/သူတို့မှ ပို့ချပေးခဲ့သည်။ ဈာပနပို့ဆောင်ရေးသင်တန်းများ၊ ဈာပနသယ်ဆောင်ခြင်းလက်တွေ့/စာတွေ့ သင်ကြားလုပ်ဆောင်မှုများဖြင့် ပြသခဲ့သည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သဘာဝသီးနှံများဖြင့် ထုတ်လုပ်သော (ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်) တို့ကိုလက်တွေ့/စာတွေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး စာရေးဆရာမဒေါ်သန်းမြင့် အောင်ဦးစီး၍ ဒေါ်ကြည်ကြည်စိန်၊ ဒေါ်ခင်ပပမျိုး၊ ဒေါ်အေးအေးခိုင်တို့မှ လူမှုရေးသင်တန်းသူ/ သားများအားလက်တွေ့ထုတ်လုပ် သင်ကြားပြသခဲ့သည်။ ယင်းခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့မှ ဓါတုပစ္စည်းများ မပါဝင်ဘဲ သဘာဝသီးနှံတို့ဖြင့်သာထုတ်လုပ်ခြင်းဖြစ်သည့်အတွက် သုံးစွဲသူတို့အားဈေးနှုန်းသက်သာ၍ ကျန်းမာရေးအရလည်းဘေးဥပါဒ်ဖြစ်ခြင်းတို့ကိုကာကွယ်နိုင်သည်။
မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာအခြေခံသင်တန်းတွင်လည်းတစ်ဦးချင်းတစ်ယောက်ချင်းအင်္ဂလိပ်ဘာသာဖြင့် စကားပြောခြင်း၊ ပုံပြင်များပြောကြားခြင်းတို့နှင့် စာရေးစာဖတ် အင်္ဂလိပ်စာအခြေခံများကိုဆရာ ဦးဝင်းကို၊ ဆရာမဒေါ်ဧရာမောင်မောင်၊ ဆရာမဒေါ်နီနီအေးတို့နှင့် လုပ်အားပေးအသင်းသူများမှ ပူးတွဲသင်ကြားပေးခဲ့သည်။
ထို့ပြင် အဆင့်မြင့် အကြီးတန်းအင်္ဂလိပ်စာသင်တန်းအဖြစ် တက္ကသိုလ်ဝင်တန်းမှ တက္ကသိုလ် တက်ရောက်နေကြသောသူများအား English Four Skills သင်တန်းအဖြစ် အင်္ဂလိပ်စာဆရာမဒေါ်မြသန်း (ဦးကျော်သူမိခင်)၊ဆရာ ဦးဝင်းကို၊ ဆရာမဒေါ်ဧရာမောင်မောင်၊ ဆရာမဒေါ်နီနီအေးတို့မှ လုပ်အားပေးအသင်းသူများနှင့် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်းနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိသုခကုသိုလ်ြဖစ်ဆေးခန်းတွင် မကြာမီဖွင့်လှစ်တော့မည်ဖြစ်သောမျက်စိခွဲစိပ်ခန်းအတွက် အလှူငွေများကိုလည်း ပြည်တွင်း/ပ အလှူရှင်များမှ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုများရှိခဲ့သည်။ ၂၁.၁၂.၂၀၁၀ နေ့တွင်လည်းအဆိုတော် ကော်နီမှလည်းအလှူငွေများလာရောက်လှူဒါန်းခဲ့ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စ အ၀၀တို့ကို အထောက်အကူပြု လူအား၊ ငွေအား၊ လုပ်အားတို့ဖြင့် လှူဒါန်းကြကုန်သော ဆရာဝန်၊ ဆရာဝန်မကြီးများ၊ ပညာသင်ကြားပေးသောဆရာ/မကြီးများနှင့် လုပ်အားဒါနအလှူကိုလာရောက် ပေးဆပ်ကြသောလူမှုရေးသမားများအသင်းသား/သူများ၊ ၀န်ထမ်းများအားလုံးကို ၂၀၁၁ ခုနှစ် အကြိုတွင် အထူးကျေးဇူးမှတ်တမ်းတင်၍ သာဓုသာဓုသာဓုဟုခေါ်ဆိုလိုက်ပါသည်။





















ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည် နယ်၊ ရှန်ဆန်း ပြည် နယ် တို့ တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်း ဖိုးကြီး အိမ်ရာ များ ကို ၀ယ်ယူထားပြီး ဖြစ်သည်။
သည် ၎င်း ၏ သမက် ဦးတေဇ ၏ Pavo Trading လက်အောက် တွင်ရှိသည်။
မှ ၀င်ငွေရရှိသလို နှစ်စဉ် တိုင်းမှုးများ ၊၀န်ကြီး များ ၊ မြို့ တော်ဝန် များ နှင့် နိုင်ငံတွင်းရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်း ရှင် များ မှ လည်း လာဘ်သပ်ပက္ကရရှိသည်။
Canadian Friends of Burma sponsoring new refugee family
ကနေဒါသို့ အသစ်ရောက်ရှိလာသူများအတွက် ရှေးဦးစွာသိသင့်သိထိုက်သောအကြောင်းအရာများ
http://www.burmacanadianassociation.com/
ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်
နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ
နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျွန်မ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ.. ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ၊ နေအိမ်အကျယ်ချုပ် ကျခံသည့်ကာလ၊ ပြန်လည် လွတ်မြောက်လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်.။
ယင်းကာလသုံးပါးစလုံးတွင် ကျွန်မအတွက်လည်းကောင်း၊ ကျွန်မ၏ ရည်မှန်းချက်အတွက် လည်းကောင်း.၊ ကျမ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ အပါအဝင်..ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ စသည်စသည်ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံအများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျွန်မတို့ တိုင်းရင်းသား ပြည်သူများ ပါဝင်ကြပါတယ်..။
ထိုသူများ၏ ကာယကံအားဖြင့်၊ ဝစီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်း ကူညီခဲ့သူများအတွက် ကျွန်မက အထူးတလည် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း အထူးတလည် ဖော်ပြအပ်ပါတယ်..။
အထူးသဖြင့် ယခုတစ်ကြိမ် ပြန်လွတ်ရာတွင် ပိုမို တက်ကြွနေသော လူငယ်များအပါအဝင် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင့် ကျွန်မအလွန် ဝမ်းမြောက် ကြည်နှူးရပါသည်။ အမျိုးသားပြန်လည် သင့်မြတ်မှုရရှိရေး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တဖန်နိုးထ ရှင်သန်လာရေးတို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုကွန်ယက်ကြီး တစ်ရပ် ထူထောင်ခြင်းဖြင့် ကျွန်မတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမယ်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်းပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲကြိုးပမ်းကြပါစို့ဟု နှိုးဆော်ရင်း နှုတ်ခွန်း ဆက်သလိုက်ပါသည်.။
ရက်စွဲ ၁-၁-၂၀၁၁
မိုကရေစီရေး မုချအောင်ရမည်.
အောင်ဆန်းစုကြည်
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ
အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာဆူရှီလိပ်ရင်း
ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘ၀သူ့အခက်အခသူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသဲာ
အားကိုးရာရှိ တော့တယ်လို့သူယုံ ကြည်ထားလို့ပါ။
သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀ အောင်မြင်ဖို့ချစ်တဲ့သူနဲ့အတူလက်တွဲပြီး သာယာတဲ့ဘ၀ခရီးလျှောက်လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊လူငယ်နဲ့မလိုက် ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခုသူ့မှာရှိနေလို့ပါ။
သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။သူအလုပ်လုပ်တဲ့စားသောက်ဆိုင်က လူသုံးရာကျော်စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။
ရန်မျိုးအောင်ဟာ တနေ့တော့ အလုပ်ကအပြန် ရေမိုးချိုးပြီးအနားယူနေချိန်မှာနိုက်ကလပ်သွားချင်တဲ့စိတ်တွေပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲဝါသနာပါသူမဟုတ်တော့လို့ သွားချင်တဲ့ စိတ်တွေမဖြစ်ခဲ့တာလည်းကြာခဲ့ပါပြီ။
ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြဖြစ်နေတယ်လေ။
မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက်ပုတီးစိတ်လိုက်နဲ့ဖြေဖျောက်ဖို့ကြိုးစားခဲ့တယ်။ မရဘူး၊ မသွားရမနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွားမယ်ဆိုပြီးဘယ်သူမှ မခေါ်ဘယ်သူမှမတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကိုရှေ့တန်းတင်ပြီးထွက်ခဲ့တော့တယ်။
နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။နေ့ခင်းမှာ စားသောက်ဆိုင်လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ
နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။
ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြငေးမောကြည့်နေမိတယ်။
တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကိုသူအလုပ်လုပ်တိုင်းမြင်နေကျပါ။ဆိုင်မှာ အလှအပအဖြစ်ထားတယ်လို့ပဲ
သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။
ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ကာမမှောင်တောထဲမှာ သီတင်းသုံးတော်မူနေရရှာတယ်။
လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖိုမအစုံစုံယစ်မူးအဟုန်ဖြင့်အစွမ်းကုန် မြူးတွန့်နေကြတယ်။
ဘုရားရဲ့ရှေ့တည့်တည့် (၁၀) ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့်အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ ကိုယ်အလှသူ့တိုအကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင်ဆွဲဆောင်နေပြန်တယ်။
ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့်ချီ ရောင်စုံမီးဆလိုက်များကဘုရားဦးခေါင်းတော်ဘေးဝန်းကျင်ကိုဖြတ်ကျော်ပြီး
ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။
ဆင်းတုကိုယ်တော်မြတ်ကြီးက “ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်ကမာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်ကငါဘုရားကိုလာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ဒီအဖြူမလေးတွေကညတိုင်းလာဖြားယောင်းနေပါလား ”
လို့တွေးထင်တော်မူလေမလားမသိ။ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။
ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီးဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုးပါလား။
စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကိုသူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့အရက်ခွက်ကိုကိုင်လို့၊ တစ်ချို့က
ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်ထားပြန်တယ်။ဒီထက်ဆိုးတာကမိန်းကလေးက ဘုရားကိုကျောမီနေပြီးသူ့တွဲဖက် ကောင်လေးကဘုရားပေါ်လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်းထွက်မိတယ်၊
ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့ အားလုံးကိုမောင်းထုတ်ပစ်လိုက်ချင်တယ်။မပြုဝံ့ပါပေ၊“ခါကျဉ်ကောင်မာန်ကြီးပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ
ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီးကိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွတွန့်လိမ်ပွတ်သပ်
နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ဂီတသံ၊ ထောင်းထောင်းမွှန်နေတဲ့အရက်နံ့၊မျက်နှာ တော်တည့်တည့်မှာ တစ်ကိုယ်လုံးနီးပါးပေါ်နေတဲ့
ကခြေသည်မလေးတွေရဲ့တုန်ကာလှုပ်ကာ မြူဆွယ်ပြနေတဲ့အက၊ဒီဝန်းကျင်မှာနေရရှာတဲ့ ဘုရားရုပ်ပွားတော်ကြီးခမျာ
စိတ်တော်ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။
ဘုရားဆိုတာ သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနားနေမိတယ်။ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲမျက်နှာတော်ကိုစိုက်ကြည့်မိရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့မိန့်တော်မူနေသလို ခံစားမိပြန်တယ်။
ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာသာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့
အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။မည်သို့ပင်ဖြစ်စေ အခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။
အမျိုးဘာသာသာသနာအတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်ရှိသူဟာတာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။
ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေးငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင်ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။
ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော်ကြီးကို ပင့်ထုတ်ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူလိုက်တော့တယ်။ “ဘုရားရုပ်ပွား
တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင်
ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။
ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာအလုပ်လုပ်ရင်း ဆိုင်ရှင်သူဋ္ဌေးအလာကို စောင့်နေတယ်။
သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ရန်မျိုးအောင်ဟာရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာမခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့်တယ်။
“သူဋ္ဌေးကို ပြောစရာရှိလို့ပါ”
“အေး-ပြော”
“ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”
ရန်မျိုးအောင်ဟာ သူ့ကြံစည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေတာလဲ ဆိုတဲ့သဘောမျိုးနဲ့လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ရန်မျိုးအောင်ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။
ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီပြောပေးပါရန်
အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်နိုင်ကြောင်းနှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့ မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း
အကူအညီတောင်းဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့ မန်နေဂျာကိုပြောမိတယ်
“ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက်အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ
မဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကိုဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။ ” လိုမအောင့်ပဲခံစားမိတဲ့အတိုင်းပြောချလိုက်မိတယ်။
သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင်စကားကြောင့်မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့
ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်းအမှန်တရားကို လက္ခံကြမည်သာ…။
ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာအနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်မယ်လို့ မျှော်လင့်မိရင်း
ကျေနပ်နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါးသောက်စားကြရင်း
ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ပေကျန်နေတဲ့အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ
စွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ပြီးရင် သရဏဂုံသုံးပါးနဲ့ ဘုရားဂုဏ်တော်ကိုးပါးကို
အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ဘုရားကြီးကိုပင့်နိုင်ရပါလို၏ လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။
ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။
ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ဘာမှအကောင် အထည် ပေါ်မလာသေး။
“ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” ( ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆိုမပြီးသည် မည်သည်မရှိ ) ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလိုပိုလို့ ပင် တိုးလာမိတယ်။
ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့မိပြန်တယ်။
“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲအလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို
ရောင်းပေးပါ” ၊ ရန်မျိုးအောင်က ဒီတခါတော့ပုံစံတစ်မျိုးပြင်ပြီးတောင်းဆိုလိုက်တယ်။
သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။
“မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့နဂါးကြီးတစ်ကောင်ရှာပေးပါ” ။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊
“ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်” လို့ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။
အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။
သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ်အိမ်ဂျလိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကိုအနှံ့ရောက်ခဲ့ပြီ။
အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်
ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။”
“တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ” လို့ လွယ်လွယ်ပဲဖြေလိုက်တယ်။အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။
နဂါးရှာရင်း ငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊သိမ်းထားတာလေးတွေ တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီးသုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်းတစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။
ခေါင်းကုတ်လို့ကြံသော်လည်းအကြံက မထွက်။ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက်မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊
မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေးထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြားလှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။
ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ရာ
ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်းလျှောက်သွားမယ်။ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။
ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာအလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီးပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။
အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ် တဲ့ ဆိုင်တွေကိုသူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုးဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့လေးထောင်ကျော်လောက်ရမယ်လေ။
ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။
ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီးတောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘောကျလိမ့်မည်။
ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကိုပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ” လို့ ကြွေးကြော်မိတယ်။
နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီးဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကိုပင့်နိုင်တော့မည်ဘုရား” လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။
သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာဝင်ခဲ့ပြန်တယ်။ တတိယအကြိမ်ဝင်ခဲ့ခြင်းပေါ့။
“ ရန်- မင်းနဂါးတွေ့ပြီလား။”
“ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ”
“မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။”
“၇-ပေရှိပါတယ် ခင်ဗျာ"
“ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”
ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။
ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလိုစဉ်းစားနေမိတယ်။ဆိုင်ပေါင်းစုံရောက်ခဲ့ပြီးဖြစ်လို
့၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ဇာတ်လမ်းကတော့ပြီးလေပြီ.. ။
ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင်ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ်
ရှာကြံစဉ်းစားဆင်ချင်မိပြန်တယ်။ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ်
“ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာမရှိဘူး၊ ဘုရားဂုဏ်တော်တွေကိုရွတ်ပွားပြီး သစ္စာဆိုမယ်” လို့  မျက်စိလယ် လမ်းပျောက်နေသူ
လမ်းမှန်တွေ့သလို အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်းဆူရှီလိပ် လေတော့တယ်။
ရန်မျိုးအောင်တစ်ယောက်ဂုဏ်တော်ပေါက်လေမလား၊လူပေါက်နေသူလို့ထင်ကြလေမလားမသိ၊တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွားဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲဂုဏ်တော်ရွတ် ၊ တစ်ခါတရံ အာခေါင်တွေခြောက်ပြီးလျှာပင်ပူလာတဲ့အထိဖြစ်ခဲ့ရတယ်။
ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှအခြားနှစ်ယောက် ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့်ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။
ရန်မျိုးအောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက်ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့အလုပ်ထွက်တော့မယ်လို့စိတ်ကူးမိတယ်၊မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို
တစ်ပါတည်းပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကိုသာ
အဖန်ဖန်ရွတ်ပွားနေတော့တယ်။
တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ ပင်ရောက်ခဲ့ပေပြီ။ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါးကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ
မအောင်နိုင်ရှာ ဂုဏ်တော်သာ ရွတ်နေဆဲပင်။
တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက် လာတယ်၊ ရန်မျိုးအောင်အလုပ်လုပ်နေရာမှထွက်လာပြီး အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေးပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်းစူးစူးစိုက်စိုက်ပို့နေမိတယ်။
ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီးမဖြစ်ပါပေ။ ဗုဒ္ဓဘာသာဝင်တို့ရဲအားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။ လက်နက်ကောင်းတွေရှိပါလျှက်မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။
ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။
နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ရက်နေ့ပေါ့၊ ဆိုင်ကိုစောစောလာပြီး ပြုလုပ်နေကြဖြစ်တဲ့
ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ် အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီး
ဝတ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိလှပါဘူး၊သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။ ဒါပေမဲ့ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို ရန်မျိုးအောင် ထင်နေမိတယ်.. ။
ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင်လန့်သွားတယ်။ ငါ့များအလုပ်ဖြုတ်တော့ မှာလားဆိုတဲ့အတွေးက
ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရအဓိကထားတဲ့ဘုရားရုပ်ပွားတော်ကြီးကို ရန်မျိုးအောင်
ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။
ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင်ဓါတ်ပုံတွေခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ်တာက ဘုရားကြီးကို
ငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီးအကူအညီတောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။
ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။သူတို့အမြင်တော့ ရန်မျိုးအောင်ဟာအပြစ်ရှိသူတယောက်ပါ။ ဒီဆိုင်မှာ
မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်းမာဖီးယားလိုအင်အားကြီးတဲ့သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး
သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့မျှော်လင့်ထားပြီးသား.. ။
ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ဒီတစ်ခါတော့ သူတောင်းဆို ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့
ဝင်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။
သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့
“ရန်-လာ၊ ထိုင်”
လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး
“ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”
“ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်းသာသွားကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။
သူဋ္ဌေးအားလက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့ လှိုက်လှိုက်လှဲလှဲဆိုမိတယ်။
သူဋ္ဌေးကဆက်ပြောတယ်
“ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။”
လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။
“သြော်- ဟုတ်လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကိုကျေးဇူးတင်ပါတယ်။”
ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာအဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။
ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက်ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး
အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက်အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာလက်နှက်ကောင်းတစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။
ဝမ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံဖုန်းဆက်ကာရည်မှန်းထားသည့်အတိုင်း ကားနှင့်ဆွဲကြိုးကို အတူသွားရောင်းရန်
ရက်ချိန်းလိုက်တော့တယ်။
ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ဘုရားကြီးပင့်နိုင်ရေး ကသာအဓိကမျှော်မှန်းချက်။
ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။ရန်မျိုးအောင်ရဲ့စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။
ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်ကဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။
ကိုမိုးဝင်းက မှတ်ချက်ပေးတယ်
“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။
ရန်မျိုးအောင် အားရပါးရရယ်လိုက်တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ
“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲဘုရားကျွန်ဖြစ်ချင်ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန်
မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”
အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့် ကိုမိုးဝင်းအံ့သြသွားကာ
“ကောင်းပါတယ်ကွာ၊ မင့် စိတ်ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။ မင်းကိုသနားလဲသနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထားတယ်။ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေးပေးပါ့မယ်။”
“ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟုပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာဝှေ့ရမ်းလိုက်မိတယ်။
ဇနီးဖြစ်သူ မဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာလေးထောင်ကိုထုတ်ပေးတဲ့အခါမှာတော့
“အဆင်ပြေချင်တော့လဲ ချောလို့ပါလား” လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။
ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊
“ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်”ဆိုတဲ့ကတိစကားအရ သူဋ္ဌေးအား ခြောက်ထောင်ပေးချေလိုက်တယ်။
“မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက်လောက်ပဲရှိပါတယ်။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်းကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။”
အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက် ကြတယ်။
ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။
ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။
“နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေဘယ်တော့မှ မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကို ပေးပါဗျာ။”
သူဋ္ဌေးကပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။
ရန်မျိုးအောင်ရဲ့သဘောထားကို သူဋ္ဌေးသိနေပြီးဖြစ်ပေလိမ့်မယ်..။
ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော်ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလို နောက်နောင်ဘုရားဆင်းတုတော်များအတွက်လည်း ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။
ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။
ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင် တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။
တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။
တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။
ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်းရပြန်သေး.. ။
လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြောင်းရွှေ့လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။
ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅) နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်းနေမိတယ်၊ သိပ်တွေ့ချင်နေပြီ။
ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။
ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှ ပြန်ခွင့်ရခဲ့တယ်။
အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ဂုဏ်တော်အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။
မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက ပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ်လို့မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။
ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ ခုတော့ ဘုရားကြီးပင့်နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။
တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ ဒီအတွက် ရန်မျိုးအောင် စိတ်မကောင်းပေမယ့်၊ ဘုရားကြီးကြည်ညိုစိတ်နဲ့ ဖြေသိမ့်နေရပေတော့မယ်…။
နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရ ကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။
ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြတယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို ရေသပ္ပါယ်တယ်။
“ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ် ခုမှလုပ်ရတော့တယ်”လို့ပြောလိုက်သေးတယ်။
ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ်
“ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့ ရောက်လာတာပါဘုရား”တဲ့။
သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။
မှန်တယ် .တစ်ချိန်က သူဟာဆေးစွဲခဲ့ဖူးသူ..။ ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေကလဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကိုအလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံရောက်လာခဲ့တယ်။
သူ့ကိုစောင့်ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ.. ။သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက် သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။
ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။
ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။
ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော် အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပတယ်။
ကြေးညိုရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။
မာရ်နတ်ရဲ့ အသင်း အပင်း ကာမမှောင်အတွင်းမှလွှတ်မြောက်တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာမြတ်ကို ခံစားတော်မူလေပြီ။
ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊ အဓိပတိပစ္စည်း စွမ်းအားရှိသော ဆန္ဒ ၀ီရိယများနဲ့ ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်းလောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။
ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်းတရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိဖြင့်ဆောင်ရွက်နိုင်ခဲ့ပေပြီ။
အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင် လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။တစ်ချို့နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါသေးတယ်။
ကမ္ဘာကျော်အပျော်အပါး လောင်းကစားမြို့ဖြစ်တဲ့လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ စံနေတော် မူရကြောင်း ကြားရပါတယ်။
ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ ပပျောက် အောင်ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ......။ ။
အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)
လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်
www.ashinayethaka.com ( မြတ်ပဋ္ဌာန်း )
၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၈-ရက်
သာသနာတော်ကို စောင့်ရှောက်စေလိုတဲ့ ဆန္ဒနဲ့ မောင်ရန်မျိုးအောင်တွေ့ကြုံ ခံစားခဲ့ရတဲ့အတိုင်း တင်ဆက်လိုက်တာပါ။
(တစ်ချို့ပုံများ မသင့်တော်ပေမဲ့ သာဘာဝအမှန်အတိုင်း ဖြစ်စေချင် သိစေချင်လို့ ဖြစ်နေတဲ့အတိုင်းဖေါ်ပြလိုက်ပါတယ်။)
သဒ္ဓါကြည်ဖြူ အတုယူကာ သာသနာပြုနိုင်ကြပါစေ....။










