
29 Dec 2010 Yeyintnge's Diary.doc
1872K View Download

29 Dec 2010 Yeyintnge's Diary.pdf
2600K View Download

how to get real Demo in Burma.pdf
52K View Download

Issue 5-3.pdf
584K View Download

VOB794KK.pdf
440K View Download
http://www.mediafire.com/file/6mw6hv5h7pddazd/29%20Dec%202010%20Yeyintnge%27s%20Diary.doc
Union and Union spirit.pdf
24K View Download
http://www.mediafire.com/file/wh50nhl7hdd01cd/29%20Dec%202010%20Yeyintnge%27s%20Diary.pdf
29 Dec 2010 Yeyintnge's Diary
Wednesday, December 29, 2010
29 Dec 2010 ဒိုင်ယာရီ
နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ကူညီထောက်ပံ့ဖို့ ဈေးရောင်းပွဲ NLD လုပ်မည်
2010-12-29
ဇန္န၀ါရီလ ၄ ရက်နေ့ မှာ ကျင်းပမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လွတ်လပ်ရေးနေ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရံပုံငွေ ရှာဖွေပွဲ ကျင်းပပြုလုပ်ဖို့  စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
လွတ်လပ်ရေးနေ့ အခမ်းအနားကို ယခင်နှစ်တွေနဲ့ မတူဘဲ ထူးခြားစွာ ကျင်းပရာမှာ ဈေးရောင်းပွဲတော် ပါဝင်မှာ ဖြစ်ကြောင်း၊ ဇန္န၀ါရီလ ၂ ရက် နဲ့  ၃ ရက်နေ့  အဖွဲ့ ချုပ်ရုံးရှေ့ မှာ NLD အဖွဲ့ ဝင်တွေက ဈေးရောင်းပွဲ ကျင်းပပြီး နိုင်ငံရေး အကျဉ်းသားတွေကို ကူညီထောက်ပံ့ဖို့  ဆောင်ရွက်မဲ့အကြောင်း၊ နိုင်ငံရေး အကျဉ်းသားများရဲ့ မိသားစုဝင်တွေကို ပေးအပ်မှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
NLD အဖွဲ့ ဝင်တွေရဲ့  ရံပုံငွေဈေးရောင်းပွဲမှာ NLD တံဆိပ်ပါ အ၀တ်အထည်တွေနဲ့  အမှတ်တရ လက်ဆောင် ပစ္စည်းတွေ၊ အစားအစာ နဲ့  အခြား လူသုံးကုန်တွေကို ရောင်းချပြီး ရရှိတဲ့ ရံပုံငွေကို လူမှု အထောက်အကူပြု အဖွဲ့ကို ပေးအပ်မယ်လို့ ဆိုပါတယ်။
အဲဒီ ဈေးရောင်းပွဲကို မနက် ၈ နာရီမှာ စတင်မယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/fun_raising_for_pol_prisoners_by_nld-12292010150846.html
ရွှေလီမြန်မာကနေ လျှပ်စစ်ဓာတ်အား နာရီဝပ် သန်း ၃ ထရီလီယံ တရုတ် တင်သွင်းခဲ့
2010-12-29
တရုတ်အစိုးရပိုင် တောင်ပိုင်းပြည်နယ်များ စွမ်းအင်ကုမ္ပဏီရဲ့ ယူနန်ပြည်နယ် လုပ်ငန်းခွဲဟာ ၂၀၁၀ ပြည့်နှစ် ပထမ ၁၁ လ အတွင်း မြန်မာနိုင်ငံက ရွှေလီ မြန်မာရေအား လျှပ်စစ်ဓာတ်အား စက်ရုံ အမှတ် ၁ ကနေ နာရီဝပ် သန်းပေါင်း ၃ ထရီလီယံ တင်သွင်းခဲ့တယ်လို့ ကုမ္ပဏီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အခုလို မြန်မာဖက်က လျှပ်စစ်ဓာတ်အား အမြောက်အများ တင်သွင်းခဲ့တဲ့ အတွက် တရုတ်နိုင်ငံဖက်မှာ ကျောက်မီးသွေး တန်ချိန် ၂ သန်း အကုန်ကျ သက်သာခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု တန်ချိန် ၂ သန်း ၅ သိန်းကျော် လျှော့ချနိုင်ခဲ့တယ် လို့လည်း ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။
ယူနန်ပြည်နယ် စွမ်းအင်ကုမ္ပဏီခွဲဟာ တရုတ်ပြည်ရဲ့ စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းရေး အတွက် မြန်မာ အပါအ၀င် မဲခေါင်မြစ်ဝှမ်း နိုင်ငံတွေက စွမ်းအင်တွေ ရရှိဖို့ မဟာဗျူဟာမြောက် လုပ်ဆောင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ရွှေလီမြန်မာရေအား လျှပ်စစ်စက်ရုံဟာ မြန်မာနိုင်ငံမှာ တရုတ် အစိုးရ ကိုယ်တိုင် အကုန်ကျခံ တည်ဆောက် လည်ပတ်ပြီး ကိုယ်တိုင် တရုတ်ပြည်ကို ပြန်လည်တင်ပို့တဲ့ တရုတ် ရင်းနှီးမြုပ်နှံမှုတွေထဲမှာ အကြီးဆုံး လုပ်ငန်း ဖြစ်တယ်လို့ သိရပါတယ်။
နှစ်စဉ် လျှပ်စစ် စွမ်းအင် နာရီသန်း ၄ ထောင်အထိ ထုတ်လုပ်နိုင်ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကစပြီး စက်ရုံက ဓာတ်အားခွဲရုံ ၃ ရုံကနေ လစဉ် လျှပ်စစ် စွမ်းအင် နာရီဝပ် သန်းပေါင်း ၁၄၀ ထုတ်လုပ် နိုင်တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/china_imports_hydro_power-12292010160054.html
စစ်အစိုးရနဲ့ မြန်မာ့စီးပွားရေး
By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 29 ဒီဇင်ဘာ 2010
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မြန်မာ့စီးပွားရေးအခြေအနေ ကို စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး (VAHU အဖွဲ့ ဒါရိုက်တာ) နဲ့ ဦးစိန်ဌေး (Burma Fund) တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော်တို့ မြန်မာနိုင်ငံမှာ အခုလက်ရှိ စစ်အစိုးရ သို့မဟုတ် တပ်မတော်အစိုးရ သံယံဇာတတွေကို ဖြုန်းတီးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေပါတယ်။ သူတို့ရဲ့  mismanagement - စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်၊ အဲဒါအပြင် အဂတိလိုက်စားတယ်။ သူတို့ကိုယ်ကျိုးအတွက် သုံးစွဲတယ်ဆိုတဲ့ ပြောသံစွပ်စွဲသံတွေ အများကြီး ကြားရပါတယ်။ ဒီဟာကို ပညာရှင်တွေ ရှုထောင့်ကကြည့်ရင် ဘယ်လောက်မှန်ကန်ပါသလဲ။ ဘယ်လောက်အတိအကျ သိသလဲဆိုတာကို ကျနော်သိချင်လို့ ဆရာတို့ကို ဆက်သွယ်မေးမြန်းတာ ဖြစ်ပါတယ်။ ပထမဦးဆုံး မြန်မာပြည်မှာ တိုင်းပြည်အုပ်ချုပ်ရေးအတွက် စရိတ်စခတွေ ပေးနေရတာလည်း ထုတ်လုပ်ပြီး ကုန်ပစ္စည်းတွေ တင်ပို့တာမရှိတော့ သံယံဇာတတွေရောင်းလို့ရတဲ့ ပိုက်ဆံတွေကပဲ သုံးနေတာ မဟုတ်ဘူးလား။ ဒေါက်တာဇော်ဦး ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။
ဒေါက်တာဇော်ဦး ။ ။ ဟုတ်ပါတယ်။ ကျနော်တို့နိုင်ငံဟာ ဒီ သဘာဝအရင်းအမြစ်တွေကို ထုတ်လုပ်ရောင်းချတဲ့ဆီကပဲ အများဆုံး ဝင်ငွေရနေတာပါ။ တခြားအာရှတိုက်က နိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ကျနော်တို့နိုင်ငံက ပြည်တွင်းမှာလည်း အခွန်ကောက်ခံမှုကလည်း အင်မတန်မှ အနည်းဆုံးတိုင်းပြည်လို့လည်း ပြောလို့ရပါတယ်။ အဲဒီတော့ သဘာဝအရင်းအမြစ်ပေါ်မှာ မှီခိုမှုက ကျနော်တို့နိုင်ငံဟာ တခြားနိုင်ငံတွေထက် ပိုပြီးမှီခိုနေရတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း နောက်ဆက်တွဲ ပြဿနာတွေ ဆက်တိုက်ဖြစ်လာရပါတယ်လို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု လူပြိန်းတွေ တွေးမိတာ ရှိပါသေးတယ်။ အဲဒါဘာလဲဆိုတော့ ဗမာပြည်မှာ ကျောက်စိမ်းတွေ၊ ကျွန်းသစ်တွေ ရှိတယ်။ ဒီနှစ်ခုပဲကြည့်လိုက်ပါ - ကျောက်စိမ်းလုပ်ငန်းမှာ နှစ်အတော်ကြာကြာလုပ်ခဲ့ဘူးတဲ့ ကျောက်စိမ်းကုန်သည်ကြီးတဦးကို မေးကြည့်ပါတယ်။ အဲဒီလူက ‘ကျောက်စိမ်းတွေ ဗမာပြည်မှာ ထွက်ခဲ့တာ အကုန်လုံးပေါင်းလိုက်ရင် သန်းပေါင်း ထောင်မက trillion လောက် ရှိမယ်’။ အလားတူစွာပဲ ကျွန်းသစ်တွေဆိုရင်လည်း တန်းဖိုးမြောက်မြားစွာ ထွက်ခဲ့တာဆိုတော့ အဲဒီလောက်ထွက်ခဲ့တဲ့ ပိုက်ဆံတွေနဲ့ဆိုရင် ဗမာပြည်က လူတွေက ဒီထက် ပိုချမ်းသာသင့်တယ်လို့ စဉ်းစားမိပါတယ်။ အဲဒါကို ဒေါက်တာဇော်ဦး ဆက်ပြီး ရှင်းပြပေးပါ။
ဒေါက်တာဇော်ဦး ။ ။ အဲဒါလည်း အမှန်ပါပဲ။ ကျနော်တို့နိုင်ငံဟာ သဘာဝအရင်းအမြစ်ကရတဲ့ ဝင်ငွေဟာ နှစ်စဉ် ပိုပိုပြီး တိုးလာတာပဲရှိတယ် လျော့သွားတာ မရှိပါဘူး။ ပြီးတော့ ဒီသဘာဝ အရင်းအမြစ်ကို လာပြီးမြုပ်နှံတာကလည်း ၂၀၁၀ မှာဆိုရင် ဒေါ်လာသန်း တစ်ဆယ် ဘီလီယံရှိတယ်ဆိုပြီး သိရတော့ အတော်လေးများပြားတဲ့ ရင်းနှီမြုပ်နှံမှုလို့ ပြောလို့ရတယ်။ ၂၀၀၉ ထက်ဆရင် ၂၀၁၀ အတွင်းမှာ ရင်းနှီမြုပ်နှံမှုဟာ အဆပေါင်းများစွာ တက်သွားတယ်။ အဲဒီတက်သွားတဲ့ အဓိကအများဆုံး ရင်းနှီမြုပ်နှံမှု အများဆုံးက ဒီ သဘာဝအရင်းအမြစ်တွေဖြစ်စတယ်။ ရေအားလျှပ်စစ်ထုတ်တာ နဲ့ ရေနံနဲ့သဘာဝ ဓါတ်ငွေ့တွေ ရှာတဲ့လုပ်ငန်းတွေပဲ ဖြစ်နေတယ်။ ၂၀၁၀ မှာပဲ ထူးခြားတာက UNDP က လူသားဖွံ့ဖြိုးမှု အစီရင်ခံစာကို ကြည့်လိုက်တော့ ကျနော်တို့က အရှေ့ တောင်အာရှမှာ နောက်ဆုံးပိတ်ကို ရောက်သွားတာကို အံ့အံ့သြသြ တွေ့ရတယ်။ လာအို နဲ့ ကဗ္မောဒီးယား - အထူးသဖြင့် လာအို က ကျနော်တို့နောက်က အမြဲလိုက်နေတာကနေ ဒီနှစ်ကနေစပြီးတော့ လာအို က ကျော်တက်သွားတဲ့သဘောမှာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံရဲ့  လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုဟာ အရှေ့ တောင်အာရှမှာ အနှိမ့်ဆုံးဖြစ်သွားတယ်ဆိုတဲ့ကိစ္စကလည်း အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတခုဖြစ်တယ်။ တဖက်မှာ ဒီလောက် ဝင်ငွေတွေ ဝင်နေရဲ့ သားနဲ့ တဖက်မှာ လူတွေရဲ့  လူနေမှုအဆင့်အတန်းနဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို မစွမ်းဆောင်နိုင်တာကလည်း ဒါဟာ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ကိစ္စတခုလို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးစိန်ဌေး ခင်များ မြန်မာနိုင်ငံမှာ သံယံဇာတတွေ ဒီလောက်ချမ်းသာတယ်။ အဲဒါတွေကို ဒီလောက် အမြောက်အမြားလည်း ရောင်းချနိုင်ရဲ့ သားနဲ့ ပြည်သူတွေ ဆင်းရဲနွှမ်းပါးနေကြတယ်။ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးလာတာဟာ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့လား၊ အဂတိလိုက်စားလို့လား၊ သူတို့ မရိုးသားလို့လား၊ ကိုယ်ကျိုးသုံးလို့လား။ နှစ်ခုစလုံးကြောင့်လား ဘယ်လိုသဘောရပါသလဲ။
ဦးစိန်ဌေး ။ ။အဲဒါ အကုန်လုံးပါ။ အကုန်လုံး ဖြစ်နေတာ။ မလုပ်တက်တာလည်းပါတယ်၊ မကိုင်တက်တာလည်းပါတယ်။ စေတနာ မရှိတာလည်းပါတယ်။ ခိုးတာလည်း ပါတယ်။ ဝှက်တာလည်း ပါတယ်။ အတ္တကြီးတာပေါ့။ အဲဒါတွေကြောင့် ဖြစ်ရတာပါ။ နောင်ကြာလေ ဒီထက်ဆိုးတာ ဖြစ်မှာပါ။
ဦးကျော်ဇံသာ ။ ။ ၉၀ ရွေးကောက်ပွဲပြီးတဲ့အခါ ဗိုလ်ချုပ်မှုးကြီးစောမောင် လက်ထက်မှာ ကမ္ဘာ့ဘဏ်တို့က မြန်မာပညာရှင်တွေပဲ တချို့ ဆိုလည်း မြန်မာနိုင်ငံအကြံပေးနဲ့ တာဝန်ယူခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ နောက်တခါ ဂျပန်နိုင်ငံကလား၊ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ကိစ္စတွေ ကြားခဲ့ပါတယ်။ အဲဒီလူတွေဆီက သူတို့ အကြံမရလိုက်ဘူးလား၊ အကြံကို သူတို့လက်မခံခဲ့တာလား။ ဘယ်လိုဖြစ်သွားတယ်ဆိုတာကို ဆရာဦးစိန်ဌေး သိပါသလား။
ဦးစိန်ဌေး ။ ။ အဲဒါက အဲဒီတုန်းကမှ မဟုတ်ဘူး။ ၁၉၆၂ ခုနှစ် မတိုင်ခင်က ကျနော်တို့ မမှီလိုက်ပါဘူး။ ကျနော်တို့ စီးပွားရေးတက္ကသိုလ်က ဆရာတွေရဲ့  ဆရာတွေပါ။ ဒေါက်တာလှမြင့် အခုထက်ထိ ရှိပါသေးတယ်။ အခု ထိုင်းမှာလို့ ပြောပါတယ်။ တကယ့်ကို ကမ္ဘာကျော်ပညာရှင်ကြီး။ သူ့ရဲ့  ပေါ်လစီနဲ့သွားလို့ ထိုင်းတို့၊ မလေးရှားတို့ တက်သွားတာပဲ။ သူက export/import promotion - အဲဒါကို သွားပါလို့ ဦးနေဝင်းကို အကြံပြုခဲ့တယ်။ လုံးဝလက်မခံခဲ့ဘူး။ အဲဒီနောက် သူပြန်ကို မပြောတော့ဘူး၊ LSE (London School of Economics) ထွက်သွားခဲ့တယ်။ အခုထိလည်း မပြောတော့ဘူး။ ဒီလိုပဲ Dr. Ronald Findlay တို့ - တချို့  ကိုဇော်ဦး သိပါတယ်။ ဆရာတွေ အများကြီးပဲ။ ဗမာပညာရှင်တွေ၊ နိုင်ငံခြား ပညာရှင်တွေ သွားဆွေးနွေးတာရှိတယ်။ ဒီလို သွားတဲ့အခါမှာ အကြံဥာဏ်တွေ လုံးဝမလိုဘူး။ ငါတကောကောပြီး ထင်ရာလုပ်တာ။ အဲဒါကြောင့် ကျနော်စကားကို ခပ်ကြမ်းကြမ်းပြောပါတယ်။ ဒီလူတွေက စီမံခန့်ခွဲမှုမှာလည်း ညံ့တယ်။ လုပ်လည်းမလုပ်တက်ဘူး။ လုပ်တက်တဲ့လူလည်း ဆရာမတင်ဘူး။ လုပ်ချင်ရာလုပ်တယ်။ အတ္တကြီးတယ်။ ခိုးတယ်၊ ဝှက်တယ်။ ပေါင်းစားတယ်။ သူတို့နဲ့ ပေါင်းစားတဲ့ cronies တွေက ဒါတွေဟာ တိုင်းပြည်ကိုဖျက်နေတဲ့ အဖျက်သမားတွေ။
ဦးကျော်ဇံသာ ။ ။ ဆရာဦးဇော်ဦး အဲဒီတော့ အခု ရွေးကောက်ပွဲလုပ်ပြီးပြီ။ အရပ်သားအစိုးရ လွှဲမယ်လို့ သူတို့ကပြောတယ်။ နိုင်ငံရေးအားဖြင့်တော့ ဘယ်သူပဲ ဆက်အုပ်ချုပ်အုပ်ချုပ် ဒီလို စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ အကျင့်ပျက်တာ။ အဲဒါမျိုးတွေဟာ ပပျောက်သွားနိုင်မယ့် အခြေအနေမြင်ပါသလား။ နိုင်ငံခြား ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ အကြံပေးစာတမ်းတွေ ရေးကြတာကို တွေ့ရပါတယ်။ ပါမောက္ခခင်မောင်ကြည်၊ ဆရာကြီးဖင်ဒ်လေ တို့။ အဲဒါတွေကို လက်ခံစဉ်းစားမယ့် အလားအလာ မြင်ရပါရဲ့  လား။
ဦးဇော်ဦး ။ ။ သေချာတာကတော့ ဒီ သဘာဝ အရင်းအမြစ်ကို ဆက်ပြီး မှီခိုနေသမျှပတ်လုံး စီးပွားရေးပြုပြင် ပြောင်းလဲမှု လုပ်ဖို့က အတော်ခက်သေးတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ သဘာဝ အရင်းအမြစ်ကို မှီခိုနေတဲ့ တခြားစီးပွားရေးတွေကို ကြည့်လိုက်လို့ရှိရင် အထူးသဖြင့် အာဖရိကဒေသက အင်မတန်မှ သဘာဝအရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံတွေကြည့်မလား၊ အရှေ့ အလယ်ပိုင်းက သဘာဝ အရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံတွေ ကြည့်မလား။ ဒီဟာတွေ အားလုံးကို ကြည့်လိုက်ရင် သဘာဝအရင်းအမြစ် ကျိန်စာသင့်မှုကို ခံနေရတဲ့ တိုင်းပြည်တွေကိုပဲ သွားတွေ့ရတာ ဖြစ်နေတယ်။ အဲဒီတော့ နောင်တက်လာမယ့် အစိုးရသစ်ကလည်း အကယ်၍ သဘာဝအရင်းအမြစ် မှီခိုနေမှုကို မထိန်းချုပ်နိုင်ခဲ့ရင် ဆက်ပြီး ဒီအပေါ်မှာ သာယာနေမယ်ဆိုရင် အခုနလိုပဲ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို မလုပ်ဘဲနဲ့ မှိန်းပြီးတော့ ဆက်နေမယ်ဆိုရင်တော့ ဒီကိစ္စဟာ တော်တော်နဲ့ လုပ်ရခက်တဲ့ အနေအထားမှာရှိတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဟာနဲ့ သဘာဝအရင်းအမြစ်ကရတဲ့ ပိုက်ဆံတွေက ဆက်တိုက်ဝင်နေတာရှိတဲ့အတွက်ကြောင့် ဒီဟာလည်း သီးခြားစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်စရာမလိုဘူးဟု ရေတိုကြည့်တဲ့အမြင်တွေကလည်း များလာတာပေါ့။ အဲဒီတော့ အဓိက အရေးကြီးတာကတော့ သဘာဝ အရင်းအမြစ် မှီခိုနေရတာကနေ လွတ်ထွက်နိုင်ဖို့ကို ကြိုးစားကြဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ကြိုးစားနိုင်ဖို့ အခြေအနေတွေ ပေါ်ထွက်လာဖို့ဆိုတာက အခုလက်ရှိ အနေအထားမှာ တော်တော်ခက်နေအုန်းမယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ သဘာဝအရင်းအမြစ်ကို အားကိုးနေရတဲ့ ဘဝက လွတ်မြောက်အောင် မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အကြီးအကဲတွေမှာ ဒီအမြင် မရှိဘူးလား။ ဆရာဦးစိန်ဌေး ဘယ်လိုမြင်ပါသလဲ။ သူတို့တွေ မပြောင်းချင်တာလား၊ ပြောင်းရခဲ့မှန်း မသိတာလား။
ဦးစိန်ဌေး ။ ။ ပြောင်းရခဲ့မှန်း မသိတာတော့ မဟုတ်ဘူး။ ဒီလူတွေ ပြောင်းဖို့အတွက် လိုတယ်ဆိုတာကိုသိတယ်။ ဘာကြောင့်လည်းဆိုတော့ အခုနပြောခဲ့သလို သူတို့ရဲ့  အတ္တကြီးမားမှုကြောင့် ဖြစ်နေတဲ့ပြဿနာ။ အဲဒီတော့ တောင်ကိုရီးယားကို ကြည့်ပါ။ တောင်ကိုရီးယား က ၆၃ မှာ အာဏာသိမ်းတာ (အမှန်ပြင်ဆင်ချက် - ၁၉၆၁ ခုနှစ် မေလ ၁၆ ရက်နေ့)။ ကျနော်တို့ထက် တနှစ်နောက်ကျတယ်။ အဲဒီတုန်းက အာဏာသိမ်းတာ ဗိုလ်ချုပ်ကြီး ပက်ချောင်ဟီ (Park Chaung-hee) - ဗိုလ်ချုပ်ဖြစ်တယ်။ စီးပွားရေးပညာရှင် မဟုတ်ဘူး။ ဒါပေမဲ့ သူက တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်။ အဲဒီတော့ ဘာဖြစ်သလဲဆိုတော့ သူက တက်တဲ့လူတွေကို ဆရာတင်တယ်။ အကြံတောင်းတယ်၊ ယူတယ်။ ဥပမာတခုအားဖြင့် သူတို့ အမေရိကမှာ တောင်ကိုရီးယားလူမျိုးတွေ ပညာတက်တွေရှိတယ်။ UC Berkeley က အဲဒီက ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ ပေါ့။ သူတို့တွေကို ပြန်ခေါ်တယ်။ ဒို့တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် မင်းတို့ ပြန်လာကြပါ။ မင်းတို့ အမေရိကမှာရတဲ့ ဒေါ်လာ သုံးလေးသောင်းတော့ မပေးနိုင်ဘူး။ ဥပမာ ငါးထောင်ပေးမယ်၊ ခြောက်ထောင်ပေးမယ်ပေါ့။ အဲဒီလို ပြန်ခေါ်တာ။ အခု တောင်ကိုရီးယား ဘာဖြစ်သွားသလဲ။ အဲဒီတုန်းက တောင်ကိုရီးယားနိုင်ငံရဲ့  investment ခေါ်မှာပေါ့ investment ration က ကျနော်တို့ GDP ရဲ့  ၅% လောက်ပဲရှိတယ်။ စစ်ကလည်း ဖြစ်ပြီးကစ။ ကျနော်တို့က အဲဒီတုန်းက ၁၀%။ အခု တောင်ကိုရီးယား ဘာဖြစ်သွားလဲ၊ ကျနော်တို့ ဘာဖြစ်သွားလဲ။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်ပေါ်မှာ အုပ်ချုပ်တဲ့လူက စေတနာမရှိဘူးဆိုတာကို ပြတာ။ ဒါက ဦးနေဝင်း အစ။ အခု ဗိုလ်သန်းရွှေ က ပိုဆိုးတယ်။ နောက်တချက် ထောက်ပြရရင် ဦးသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်တို့ ပိုင်တဲ့ ကုမ္မဏီတွေက အများကြီး။ ကျနော်တို့ဆီမှာ အထောက်အထားတွေရှိတယ်။ အကုန်ပြလို့ရတယ်။ ဒီလူတွေဟာ တိုင်းပြည်အပေါ်မှာ စေတနာမရှိဘူး။ အတ္တကြီးမားစွာနဲ့ စီမံကိန်းတွေကို သူတို့အတွက် pet project တွေလုပ်ပြီး ဒီအပေါ် ဘတ်ဂျက်တွေ၊ ပြည်တွင်းပြည်ပငွေတွေ စား အဲဒီလို လုပ်တဲ့အခါကြတော့ ဒီလူတွေက အတ္တကြီးနေတာကြောင့် ဒီပြဿနာတွေ ကြီးလာတာ။ အခုန ကိုဇော်ဦး ပြောတာကို လက်ခံတယ်။ ဘာလက်ခံလည်းဆိုတော့ resource curse - သံယံဇာတကျိန်စာ။ ကျိန်စာဘယ်လောက်သင့်သင့် အဲဒီပုဂ္ဂိုလ်တွေက စေတနာပြောင်းရင် resource မရှိတဲ့ စင်္ကာပူနိုင်ငံက ၁၀% GDP Growth Rate ရှိရင် ကျနော်တို့က ၂၀% ဖြစ်မှာပေါ့။ သဘောပြောတာပါ။ အခု ထိုင်းကိုကြည့် ဘာလို့တက်သွားသလဲ။ ကျနော်တို့လောက်မရှိဘူး။ ကျနော်တို့ဆီက labor တောင် ပို့ရတယ်။ migrant အလုပ်သမားတွေ သုံးသန်းလောက် ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တိုင်းပြည်ရဲ့  ပြည်သူလူထုအတွက် ဒီလူတွေက export လုပ်ပေးရတယ်။ နအဖ က မကျွေးတော့ ကိုယ့်ပိုက်ဆံ၊ ကိုယ့်ပြဿနာ သွားရှာရတယ်။ အိမ်ထောင်စုတစုမှာ တယောက်သွားလို့ရှိရင် ဒီအိမ်ထောင်ကို ထိန်းတာ။ ကရင်၊ မွန် တို့မှာကြည့်ကြည့်။ ပြောချင်တာက ဘာလဲဆိုတော့ ဒီပုဂ္ဂိုလ်များသည် တိုင်းပြည်အပေါ်မှာ လုံးဝ စေတနာမရှိဘဲနဲ့ သူတို့အတ္တကြီးမားမှုက အာဏာနဲ့ စီးပွားရေး။ အရင်တုန်းက ဦးနေဝင်း က အာဏာ။ အခုက အကုန်လုံးက ကြံ့ဖွံ့ကအစ အာဏာ နဲ့ စီးပွားရေး အကုန်လုံး မက်တာ။ ဘယ်သူ့စကားပြောပြော နားထောင်မယ့် လူတွေ မဟုတ်ဘူး။ ပြဿနာ အဲဒါအခြေခံပဲ။
ဦးကျော်ဇံသာ ။ ။ ဒေါက်တာဇော်ဦးအနေနဲ့ အကောင်းမြင်စရာလေး ပြောပါအုန်း။ ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ အစိုးရအသစ်လည်း ဖွဲ့မယ်။ မကြာခင် လွှတ်တော်ခေါ်မယ့်ဆိုတော့ ဘယ်လောက်များ ကောင်းလာစရာ ရှိပါသလဲ။ လမ်းကြောင်းနည်းလမ်းလေးများရှိရင် ပြောပါအုန်း။
ဦးဇော်ဦး ။ ။ တဖက်က ကြည့်မယ်ဆိုရင် သိပ်ပြီးတော့ အခုဟာက သိပ်ပြီးတော့ ဓနအင်အားက သိပ်တောင့်တင်းသွားတဲ့ အနေအထားမှာရှိတယ်။ အခုဆိုရင်ပဲ ပြီးခဲ့တဲ့နှစ်က နိုင်ငံခြား ရင်းနှီမြုပ်နှံမှုတွေ ဝင်ချလာတယ်ဆိုတော့ ကျနော်တို့ အခုနောက်တက်မယ့် အစိုးရကတော့ ဘဏ္ဍာငွေ တောင့်တောင့်တင်းတင်းနဲ့ ရှိနေပြီဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ အဓိက စဉ်းစားလို့ရတာကတော့ သူတို့ဟာ စီးပွားရေးပြဿနာနဲ့ ရေတိုပြဿနာတွေကို ပူစရာမရှိတဲ့ အနေအထားမှာ ရှိနေတယ်။ အခုန ဆရာဦးစိန်ဌေး ပြောတဲ့ဟာကိုပဲ ပြန်ပြီးကောက်ရမယ်ဆိုရင် တဖက်ကလည်း အတ္တကြီးတာတွေ၊ လောဘကြီးတာတွေ ရှိတယ်။ ဒါပေမဲ့လည်း တခါတခါကြတော့ ရေတိုအတွက် ပြဿနာတွေဖြစ်နေတာကို မြင်မိတယ်။ အကယ်၍ ရေရှည်ကို ကြည့်မယ်ဆိုရင် ဒီ သဘာဝအရင်းအမြစ် ကျိန်စာသင့်မှုက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီဟာ မှီခိုနေရတာက တသက်လုံး မှီခိုနေလို့ မရဘူး။ ကျနော်တို့က နှောင်လာနှောင်သားတွေ၊ ကျနော်တို့ရဲ့  သားသမီး၊ မြေးမြစ်တွေ ကာလမှာ သူတို့ ချမ်းချမ်းသာသာနဲ့ နေနိုင်မယ့် အနေအထားကနေ အခု ကျနော်တို့က ယူပြီးသုံးလိုက်တဲ့ သဘောဖြစ်နေတယ်။ ဒါဟာ ဘယ်သူမဆို ဗမာတိုင်း ဒီကိစ္စကို ကြုံရမယ့်အနေအထားမှာ ရှိနေတယ်။ အခု ဗိုလ်ချုပ်မှုးကြီး အပါအဝင် ဒီတိုင်းပြည် တာဝန်ယူခေါင်းဆောင်တွေကလည်း အခုခေတ်မှာ စားသာနေမယ်။ လုပ်ရကိုင်ရတာ လွယ်ကူနေပေမယ့်လည်း သူတို့ရဲ့  သားသမီးတွေ မြေးမြစ်တွေခေတ်ရောက်ရင်တော့ အခုနပြောတဲ့ အရှေ့ တောင်အာရှမှာရှိတဲ့ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျနော်တို့က အလိုလိုနေရင်နဲ့ ဘေးကိုရောက်သွားမယ်။ နောက်ကို ရောက်သွားမယ့် အနေအထားမှာ ရှိနေတယ်။
ဦးကျော်ဇံသာ ။ ။ အခု ရွေးကောက်ပွဲနောက်မှာ ကောင်းလာနိုင်စရာ အလားအလာ မတွေ့ဘူးလား။
ဦးဇော်ဦး ။ ။ အခုလို ရေတိုပြဿနာတွေ နည်းသွားတဲ့အချိန်မှာ သူတို့ကသာ ရေရှည်ကို ကြည့်တက်မယ်ဆိုရင် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေဟာ သူတို့အကျိုးစီးပွားအတွက်လည်း ပါနေတယ်။ အဲဒီတော့ အားလုံးအကျိုးစီးပွားအတွက် ရှိနေတဲ့အတွက်ကြောင့် မို့လို ဒါကို လုပ်မယ်ဆိုလို့ရှိရင် လုပ်လို့ရတဲ့အနေအထားရှိနေပြီလို့ ကျနော်တော့ မြင်ပါတယ်။ ဒါပေမဲ့လည်း ရေတိုအမြင်နဲ့ ကြည့်ပြီတော့လည်း အခု အသာစီရနေတဲ့ အနေအထားတွေ၊ အခြေအနေသာနေတဲ့ ကိစ္စတွေမှာပဲ ရစ်မူးနေအုန်းမယ်ဆိုရင်တော့ ဒါတွေက လုပ်ဖို့ခက်နေအုန်းမှာပဲ။ ဒါပေမဲ့ အခု ဒီနှစ်နဲ့ နောက်နှစ်တွေမှာ စီးပွားရေး အခြေအနေဟာ တော်တော်ကောင်းလာတဲ့အတွက်ကြောင့်မို့ အားလုံးရှေ့ မှာက ရေရှည်ကို မြင်နိုင်ပြီး ရေရှည်ကို လုပ်နိုင်မယ့်ကိစ္စတွေကတော့ ပိုပြီးမြင်သာထင်သာ ရှိလာမယ်လို့ တဖက်က စဉ်းစားလို့ရပါတယ်။
http://www.voanews.com/burmese/
PM invites Aung San Suu Kyi to Canada
Harper invites Suu Kyi to Canada
Last Updated: Monday, December 27, 2010 | 3:57 PM ET Comments309Recommend97
The Canadian Press
Prime Minister Stephen Harper has invited Burmese opposition leader Suu Kyi, seen Monday, to visit Canada. (Khin Maung Win/Associated Press)Prime Minister Stephen Harper has invited the icon of Burma's pro-democracy movement to visit Canada.
Aung San Suu Kyi, a Nobel Peace Prize winner, was freed in November from house arrest in the military-controlled country, also known as Myanmar.
A senior official told The Canadian Press that the Canadian government shares her desire to see democracy flourish in her home country in Southeast Asia.
In December, she released a statement thanking the people of Canada for their support during her long incarceration.
Suu Kyi was made an honorary Canadian citizen in 2007, but her ties to Canada go back further. Her mother-in-law was French-Canadian.
Earlier this month, NDP Leader Jack Layton had proposed inviting Suu Kyi to Canada to accept her honorary citizenship in person.
Read more: http://www.cbc.ca/politics/story/2010/12/27/suu-kyi-harper.html#ixzz19YGfxYjrPM invites Aung San Suu Kyi to Canada
"We recognize that Aung San Suu Kyi's immediate priority since her release from house arrest is to focus her energies on consultations and dialogue within Burma, before embarking on international travel," Harper in a statement said.
"We hope, however, that she will be able at the appropriate time to accept our invitation."
The Canadian government has long called for negotiations in Burma to restore democracy.
In 1990, the Nobel laureate's National League for Democracy party won Burma's national election by a wide margin, but the military prevented her from taking office. She spent more than 15 of the last 20 years either in jail or under house arrest. Suu Kyi was freed on Nov. 15, more than seven years after her latest period of house arrest began.
Back in November, Harper hailed the news, calling Suu Kyi "an unwavering champion of peace."
"Neither her trial nor appeal process were conducted in line with international standards. She was not granted due process and should never have been detained," Harper in a statement.
Harper also noted that Canada had long called for the release of Suu Kyi, who was granted honorary Canadian citizenship in 2007.
The government also thanked NDP Leader Jack Layton for his work on the file, as he wrote the prime minister asking for Canada to extend the invitation to Suu Kyi.
In early December, Suu Kyi, whose mother-in-law was French Canadian, issued a statement thanking Canadians for their support during her ordeal.
Prime Minister Stephen Harper has extended an invitation to Burmese pro-democracy leader Aung San Suu Kyi, who was freed from house arrest by the ruling military junta in November, to come to Canada.
The Canadian government has long called for negotiations in Burma to restore democracy.
In 1990, the Nobel laureate's National League for Democracy party won Burma's national election by a wide margin, but the military prevented her from taking office. She spent more than 15 of the last 20 years either in jail or under house arrest. Suu Kyi was freed on Nov. 15, more than seven years after her latest period of house arrest began.
Back in November, Harper hailed the news, calling Suu Kyi "an unwavering champion of peace."
"Neither her trial nor appeal process were conducted in line with international standards. She was not granted due process and should never have been detained," Harper in a statement.
Harper also noted that Canada had long called for the release of Suu Kyi, who was granted honorary Canadian citizenship in 2007.
The government also thanked NDP Leader Jack Layton for his work on the file, as he wrote the prime minister asking for Canada to extend the invitation to Suu Kyi.
In early December, Suu Kyi, whose mother-in-law was French Canadian, issued a statement thanking Canadians for their support during her ordeal.
http://www.ctv.ca/CTVNews/Canada/20101227/harper-invitation-suu-kyi-canada-101227/
ဒေါ်စုကို နိုင်ငံသားဆု ရယူရန် ကနေဒါ ဖိတ်ခေါ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု လာယူရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ် စတီဖင်ဟာပါက ဖိတ်ခေါ်ကြောင်း ကနေဒါအခြေစိုက် The Gazatte သတင်းစာက ဖော်ပြလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရစဉ် ပြန်လွှတ်ရန်အတွက် ဖိအားပေးမှု တစိတ်တပိုင်းအဖြစ် ယခုဆုကို ကနေဒါပါလီမန်က ၂ဝဝ၇ ခုနှစ်တွင် ချီးမြှင့်ခဲ့ရာမှ၊ လူကိုယ်တိုင် လာယူရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း The Gazatte အွန်လိုင်းစာမျက်နှာ၌ ယမန်နေ့တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျနော်တို့ရဲ့ ဖိတ်ခေါ်မှုကို သင့်တင့်လျောက်ပတ်တဲ့ အချိန်မှာ လက်ခံပြီး လာရောက် လည်ပတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကနေဒါဝန်ကြီးချုပ်၏ သတင်းထုတ်ပြန်ချက်ကို သတင်းစာက ကိုးကားရေးသားသည်။ မြန်မာ့အနာဂတ် ကောင်းမွန်ရန် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေဒီအင်အားစုများနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို အဓိပ္ပာယ်ရှိရှိ တွေ့ဆုံ ဆွေးနွေးစေလိုကြောင်း တိုက်တွန်းထားသေးသည်။
မြန်မာပြည်ဆိုင်ရာ ကနေဒါမူဝါဒမှာ စစ်အစိုးရက ပြည်သူများအပေါ် ဖန်တီးသည့် ကြီးလေးသော ပြဿနာများတွင် ရောင်ပြန်ဟပ်ကြောင်းနှင့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် လေးနက်စွာ စိုးရိမ်ပူပန်ပြီး နိုင်ငံရေး အကျဉ်းသား ၂၁ဝဝ ကျော် လွတ်မြောက်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်က ဆိုသည်။
ကနေဒါနိုင်ငံသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ကုလစုံစမ်းရေး ကော်မရှင်ဖွဲ့ရေး အဆိုပြုချက်ကို ထောက်ခံထားသည်။
ဒဏ်ခတ်ပိတ်ဆို့မှုကို စစ်အစိုးရဝေဖန်ဟု အမေရိကန် ကြေးနန်းပြော
Reference ID Created Released Classification Origin
09RANGOON536 2009-08-17 11:11 2010-12-12 21:09 SECRET Embassy Rangoon
VZCZCXRO4173
OO RUEHCHI RUEHDT RUEHHM RUEHNH RUEHTRO
DE RUEHGO #0536/01 2291149
ZNY SSSSS ZZH
O 171149Z AUG 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9360
INFO RHEHNSC/NSC WASHDC IMMEDIATE
RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 2233
RUEHNE/AMEMBASSY NEW DELHI 5697
RUEHUL/AMEMBASSY SEOUL 9299
RUEHKO/AMEMBASSY TOKYO 6880
RUEHCHI/AMCONSUL CHIANG MAI 2291
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 2671
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
S E C R E T SECTION 01 OF 04 RANGOON 000536
SENSITIVE
SIPDIS
DEPT FOR EAP/MLS, DRL, AND IO
PACOM FOR FPA
E.O. 12958: DECL: 08/16/2019
TAGS: PGOV PREL PHUM BM
SUBJECT: BURMA: SENATOR WEBB'S MEETING WITH PRIME MINISTER THEIN SEIN
RANGOON 00000536 001.2 OF 004
Classified By: P/E Chief Jennifer Harhigh for Reasons 1.4 (b) & (d)
အကြောင်းအရာ။ ။ အထက်လွှတ်တော်အမတ် ဝက်ဘ် နှင့် ဝန်ကြီးချုပ်သိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှု
လျှို့ဝှက် မှတ်တမ်းဖြည့်သွင်းသူ။ ။ နိုင်ငံရေး-စီးပွားရေး ဌာန အကြီးအကဲ ဂျင်နီဖာ ဟားဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)
အကျဉ်းချုပ်
-------
၁။ (S) သြဂုတ်လ ၁၄ ရက် ဝန်ကြီးချုပ် သိန်းစိန်နှင့် တနာရီကြာ အစည်းအဝေးအတွင်း ဆီနိတ်တာ ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မေတ္တာရပ်ခံခဲ့ပြီး ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံ ရပ်တည်ချက်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အပြုသဘော သက်ရောက်စေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ် ပေးရန်ပါ တောင်းဆိုခဲ့သည်။ ထိန်းသိမ်းခံထားရသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကိုလည်း ပြန်လွှတ်ပေး၍ နေရပ်ရင်းသို့ ပြန်ခွင့်ပြုရန် ဆီနိတ်တာက တောင်းဆိုခဲ့သည်။ စစ်အစိုးရ၏ လက်သုံးစကားအတိုင်း ဝန်ကြီးချုပ်က ပြစ်ဒဏ် ခတ်ပိတ်ဆို့မှုများက စီးပွားရေးကို အထိနာစေပြီး ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အနှောက်အယှက် ဖြစ်စေကြောင်း နှင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော လုပ်ငန်းစဉ်တခု ဖြစ်ရစေမည်ဟု ကတိပြုကာ စစ်အစိုးရ၏ လမ်းပြမြေပုံကိုသာ ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ကို လိုလားကြောင်း၊ ဝါရှင်တန်နှင့် တိုက်ရိုက်ဆက်သွယ်မှုကိုလည်း လိုလားကြောင်း ဝန်ကြီးချုပ်က တိတိကျကျ ပြောဆို ခဲ့သည်။ မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်သွယ်စရာလူအဖြစ် ယခင်အမေရိကန် သံအမတ်ဟောင်း ယခုသိပ္ပံနှင့် နည်း ပညာဝန်ကြီး ဦးသောင်းကို တာဝန်ခံအဖြစ် ခန့်ထားကြောင်း စစ်အစိုးရက ပြောဆိုခဲ့သည်။ အစည်း အဝေး အနေအထားသည် အပြုသဘောဆောင်၍ နွေးထွေးမှုရှိသည်။ အကယ်၍ ကိစ္စအချို့ကို ဖြေရှင်းပြီးပါက နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်၍ အကျိုးဖြစ်ထွန်းလာမည်ဟု ဆီနိတ်တာ ဝက်ဘ်နှင့် ဝန်ကြီးချုပ်သိန်းစိန်တို့က ဖော်ပြပြောဆို ခဲ့ကြသည်။ (အကျဉ်းချုပ်ပြီး)
အစည်းအဝေးတက်ရောက်သူများ
-------------
၂။ (S) သြဂုတ်လ ၁၄ ရက် မြန်မာနိုင်ငံ နေပြည်တော်ရှိ အစိုးရဧည့်ဂေဟာတွင် ပြုလုပ်သော Codel Webb နှင့် ဝန်ကြီးချုပ်သိန်းစိန်၊ အခြားအစိုးရဝန်ကြီးများ တွေ့ဆုံသော အစည်းအဝေးတက်ရောက်သူများမှာ
ဆီနိတ်တာ ဂျင်ဝက်ဘ်
အထက်လွှတ်တော် အကြီးတန်း ဝန်ထမ်း မာသာ မက်လီလန်ရို့စ်
သံရုံးယာယီတာဝန်ခံ လယ်ရီဒင်းဂါး
DATT ဗိုလ်မှူးကြီး ဘရီ စလုန်း
နိုင်ငံရေး၊ စီးပွားရေး အရာရှိချုပ် ဂျင်နီဖာ ဟာဟိုက်
မြန်မာနိုင်ငံမှ
ဗိုလ်ချုပ်ကြီးသိန်းစိန်-ဝန်ကြီးချုပ်
ဦးသောင်း - သိပံ္ပနှင့် နည်းပညာဝန်ကြီး
ဦးဉာဏ်ဝင်း - နိုင်ငံခြားရေး ဝန်ကြီး
ဗိုလ်မှူးချုပ်ကျော်ဆန်း - ပြန်ကြားရေးဝန်ကြီး
ဗိုလ်မှူးချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှုဝန်ကြီး
ဗိုလ်မှူးကြီး သူရိန်ဇော်- အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး
ဗိုလ်မှူးကြီး သန့်ရှင်း- ဝန်ကြီးချုပ်ရုံး အရာရှိချုပ်
ဦးကျော်ကျော် - ညွှန်ကြားရေးမှူးချုပ်၊ စီမံခန့်ခွဲရေးဌာန (Protocol Department)၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ဦးရဲလွင် (မှတ်တမ်းလိုက်သူ)
အလည်အပတ် ခရီးစဉ်.. နိုင်ငံတော် အကြီးအကဲနှင့် တွေ့ဆုံခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်သည်။
--------------------------------------------- -----------
၃။ (S) ဝန်ကြီးချုပ် သိန်းစိန်က သူ့အနေနှင့် ဆီနိတ်တာ၏ အောင်မြင်မှုများအပေါ် အလွန် ဂုဏ်ယူပါကြောင်း ပြောဆိုကာ ဆီနိတ်တာဝက်ဘ်ကို နွေးထွေးစွာ နှုတ်ခွန်းဆက်ခဲ့သည်။ ဆီနိတ်တာ၏ ခရီးစဉ်ကို အလွန်အရေးကြီးသော ခရီးစဉ် အဖြစ် မြန်မာအစိုးရက မြင်ပါကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခြင်းမှ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေမည်ဟု မှတ်ယူပါကြောင်း ၎င်းက ပြောဆိုခဲ့သည်။ အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ အကြား မတူညီမှုများ ရှိသော်လည်း မှန်ကန်သော အခြေအနေများအောက်တွင် ရှေ့ဆက်လျှောက်နိုင်မည့် လမ်းသစ်တခု ရှိနိုင်ကြောင်း ဆီနိတ်တာဝက်ဘ်က ပြန်လည်ပြောကြားခဲ့သည်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ဖြစ်လာ လိမ့်မည်ဟုလည်း သူ မျှော်လင့်ကြောင်းပြောဆိုသည်။
ရှေ့တလှမ်းတိုး၍ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေ ခြင်းအပေါ် ဆီနိတ်တာဝက်ဘ်က မြန်မာအစိုးရကို ချီးကျူးခဲ့သည်။ ရွေးကောက်ပွဲဥပဒေများ အကောင်အထည်ဖေါ်ခြင်း သည် ပြင်ပကမ္ဘာအတွက် အရေးကြီးသောလက္ခဏာတရပ်ဖြစ်သည်။ ၎င်းလုပ်ငန်းနယ်ပယ်များတွင် တိုးတက်မှု၊ အခြား ကိစ္စရပ်များတွင် အဖြေရှာမှုများနှင့်အတူ တွေ့ဆုံဆွေးနွေးမှု အသစ်တခု ဖေါ်ဆောင်နိုင်လာလိမ့်မည်။ မြန်မာနိုင်ငံ သည် စိန်ခေါ်ချက်များကို ရင်ဆိုင်နေရကြောင်း နှင့် တိုင်းရင်းသားများစွာရှိသော မြန်မာနိုင်ငံ၏ တည်ငြိမ်မှုသည် ရှုပ်ထွေး နက်နဲသော ကိစ္စဟု သူနားလည်ကြောင်း ဆီနိတ်တာက ပြောဆိုခဲ့သည်။ ဆီနိတ်တာက သူသည် မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုအတွက် ချဉ်းကပ်မှုအသစ်တခု လိုအပ်သည်ဟု ပြောဆိုရေးသားခဲ့ကြောင်းနှင့် လွန်ခဲ့သော လများအတွင်းဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များကြောင့် အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့ရေး မူဝါဒကို ပြောင်းလဲရန် ခက်ခဲသွားကြောင်းလည်း ပြောဆိုခဲ့သည်။
ဆီနိတ်တာက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မေတ္တာရပ်ခံခြင်း၊ သူ့ကိုဖမ်းဆီးထားမှုအပေါ် မေးမြန်းခြင်း
--------------------------------------------- ---------
၎။ (C) အမေရိကန်နိုင်ငံအတွက် အရေးကြီးသော လက္ခဏာတခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ကိုတွေ့ဆုံ ခွင့်ပေးရန် ဆီနိတ်တာဝက်ဘ်က ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့သည်။ မည်သည့်အတွက်ကြောင့် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဆက်ထားရန် လိုသနည်းဟု ဆီနိတ်တာက ဝန်ကြီးချုပ်ကို မေးခွန်း ထုတ်ခဲ့ပြီး မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံမှုအပေါ်မူတည်၍ ကမ္ဘာ့နိုင်ငံများစုက မြန်မာအစိုးရ အပေါ် သဘောထား ချမှတ်ကြသည်ဟုလည်း သူက ဖြည့်စွက် ပြောဆိုခဲ့သည်။
၅။ (C) ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော တရားခွင် ပြီးဆုံးသွားပြီးဖြစ်ကြောင်း စီရင်ချက်ကိုလည်း ဥပဒေနှင့် အညီ ချမှတ်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေကိစ္စသည် ပြည်တွင်း ရေးသက်သက်သာ ဖြစ်သည်။ သူ့ကို အနိမ့်ဆုံးပြစ်ဒဏ် ၃ နှစ်သာ ချမှတ်ထားသည်။ (နအဖ) က ယင်းပြစ်ဒဏ်ကို လျှော့ချပေးထားပြီး သူ့အနေဖြင့် နေအိမ်တွင် ကျန်ရှိသော ၁၈ လကို ကျခံရမည်ဖြစ်သည်။ အကယ်၍ ချမှတ်ထားသည့် စည်းမျဉ်းကိုလိုက်နာပါက ပြစ်ဒဏ်ကို နောက်ထပ် လျှော့ချပေးမည်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ ဇူလိုင်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခဲ့သည်မှာ သူလာစဉ်က တရားခွင် အပြီးမသတ်သေးသောကြောင့် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။ ယခုအချိန်တွင် အခြေအနေ မတူတော့သောကြောင့် မြန်မာအစိုးရက ဆီနိတ်တာ၏ မေတ္တာ ရပ်ခံချက်ကို လိုက်လျောခွင့်ပြုခဲ့သည်။ ဝက်ဘ်က သူ့အနေနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လမ်းသစ်တခု ရှာဖွေရန် စိတ် ဝင်စားကြောင်းနှင့် အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့် ကင်းဝေးစွာ ထားပါက ရွေးကောက်ပွဲကို "ပွင့်လင်းသော" ရွေးကောက်ပွဲအဖြစ် ကမ္ဘာမှ လက်ခံရန်ခက်ခဲသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
ထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားကို ပြန်ပို့ရန် အားထုတ်ခြင်း
-----------------------------------
၆။ (C) ချစ်ကြည်ရေးလုပ်ရပ်အနေနှင့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ပြန်လွှတ်ပေးရန် နှင့် နေရပ်ရင်း ပြန်ပို့ရန် ဆီနိတ်တာ ဝက်ဘ်က တောင်းဆိုခဲ့သည်။ ယက်တော၏ လုပ်ရပ်အပေါ် သူ့အနေနှင့် မကာကွယ်ကြောင်း၊ သို့သော် ၎င်းအမေရိကန်နိုင်ငံသား၏ ဆိုးဝါးနေသော ကျန်းမာရေးကို အလေးအနက် ပြုပေးရန် ဆီနိတ်တာက ပြောဆိုခဲ့သည်။ ယက်တောသည် ၎င်းကျူးလွန်ခဲ့သော ပြစ်မှုအတိုင်း အပြစ်ပေးခံထားရသည်ဟု ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။ ယင်းကဲ့သို့ပြစ်မှုများကို အစိုးရ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ကိုင်ကြောင်း၊ သို့သော် အစိုးရအနေဖြင့် မေတ္တာရပ်ခံချက်အပေါ် သေချာစွာ စဉ်းစားပေးမည်ဟု ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။
မြန်မာအစိုးရက ပိုမိုကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးရရှိရန် အားထုတ်ခြင်း
--------------------------------------
၇။ (C) နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို လွတ်လပ်ရေးမရခင် ၁၉၄၇ မှပင် စတင်တည်ဆောက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ဒုတိယသမ္မတ နစ်ဆင်သည် ၁၉၅၈ တွင် လာလည်ခဲ့ပြီး ၁၉၈၅ တွင် နောက်တကြိမ် လာခဲ့သည်။ နှစ်ပြန်စစ်ရန် ၁၉၆၆ တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဝါရှင်တန်သို့ တရားဝင်သွားရောက်လည်ပတ်ခဲ့သည်။ ဆီနိတ်တာများဖြစ်သော မက္ကိန်း နှင့် ကယ်ရီတို့လည်း လာရောက် လည်ပတ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံသည် ၁၉၈၈ မတိုင်ခင်က အမေရိကန်နိုင်ငံထံမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်းတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လူသားအရင်းအမြစ်အကူအညီများ ရရှိခဲ့သည်။ နာဂစ်မုန်တိုင်းတိုက်အပြီး အမေရိကန်နိုင်ငံက အရေးပေါ် အကူအညီများ ရက်ရက်ရောရော ထောက်ပံ့ပေးခဲ့သည့် အတွက် မြန်မာနိုင်ငံက ကျေးဇူးတင်ရပါသည်။ မြန်မာအစိုးရသည် ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရစ်ခဲ့သော အမေရိကန် ရုပ်ကြွင်းများကို ကြိုးစားရှာဖွေ၍ ပြန်လည်ပို့ဆောင်ပေးနေသည်။
၈။ (S) မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေခြင်းကို ယုံကြည်ကြောင်း အပြုသဘော ဆက်ဆံရေး ရရှိရန်အတွက် အားထုတ်ကြောင်း နှင့် နိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးရရှိရန်လည်း အားထုတ်ကြိုးပမ်းနေကြောင်း သိန်းစိန်က ပြောဆိုခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ယခင်အမေရိကန်ဆိုင်ရာ သံအမတ်ဟောင်း၊ ယခု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း (အစည်းအဝေးပါဝင်သူ) ကို ဝါရှင်တန်နှင့် ဆက်ဆံရေးတာဝန်ခံအဖြစ် ရွေးချယ်ထား ကြောင်း သူက ဆက်လက်ပြောဆိုသည်။ အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေးအလွန် ကောင်း မွန်သော နိုင်ငံနှစ်ခု ဖြစ်ခဲ့ကြောင်း၊ မြန်မာအစိုးရသည် တိုက်ရိုက်ဆက်သွယ်မှုနှင့် တွေ့ဆုံဆွေးနွေးမှုကို လိုလားကြောင်း ဝန်ကြီးချုပ်က ထုတ်ဖေါ်ပြောဆိုခဲ့သည်။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အထူးကိုယ်စားလှယ် ဂန်ဘာရီတို့၏ အား ထုတ်မှုများသည် တိုက်ရိုက် ဆက်သွယ်မှုမဟုတ်ကြောင်း "အမေရိကန်အစိုးရသို့ ကျေးဇူးပြု၍ပြောပေးပါ" မြန်မာအစိုးရက အမေရိကန် အစိုးရနှင့် တိုက်ရိုက်ဆံဆက်ဆံရေးကိုသာ လိုလားကြောင်း ဝန်ကြီးချုပ်က ဆီနိတ်တာဝက်ဘ်ကို အကြံပြု ခဲ့သည်။ (မှတ်ချက်။ သီးခြားတွေ့ဆုံမှုတွင် နိုင်ငံခြားရေးရုံး စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ဦးသောင်းသည် ဝါရှင်တန်နှင့် တိုက်ရိုက် စကားပြောဆိုရေးအတွက် အဆင်သင့် ရှိနေကြောင်း သံရုံးယာယီတာဝန်ခံကို ပြောဆိုခဲ့သည်။ မှတ်ချက်ပြီး) မြို့တော်နှစ်ခုလုံးတွင် နှစ်နိုင်ငံလုံးက သံအမတ်အဆင့်ကိုယ်စားလှယ်များ တိုးမြှင့်ထားရန် ဝန်ကြီးချုပ်က အကြံပြုတင်ပြ ထားသည်။
တည်ငြိမ်ရေး၊ လုံခြုံရေးအပေါ် စစ်အစိုးရအမြင်
------------------------------------------
၉။ (C) ဝန်ကြီးချုပ်က စကား အခြေအတင် ငြင်းခုံပြောဆိုခြင်းကို ရှောင်ရှားသည်။ သို့သော် စစ်အစိုးရ၏ သုံးနေကျ စကား များအတိုင်း မြန်မာနိုင်ငံ၏ မတူကွဲပြားသော တိုင်းရင်းသားနောက်ခံနှင့် တည်ငြိမ်မှုနှင့် လုံခြုံရေးအတွက် လိုအပ်ချက်များ ကိုသာ ထပ်ခါထပ်ခါ ပြောဆိုခဲ့သည်။ စစ်အစိုးရသည် ပြည်သူလူထုကို ဒီမိုကရေစီကျင့်စဉ်များနှင့် ပတ်သက်၍ ပညာပေး နေပြီး ပြဿနာများကိုလည်း အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းပေးနေသည်ဟု ဆိုသည်။ အစိုးရအနေဖြင့် လူတဦး (ဝါ) အဖွဲ့တဖွဲ့တည်း အပေါ်သာ အာရုံစိုက်၍မရဘဲ အားလုံးပါဝင်လာအောင် ဆောင်ရွက်ရမည်။ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ စသဖြင့် အရာအားလုံးသည် ချိတ်ဆက်နေသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု မြန်မာနိုင်ငံတွင် ရှိရမည်ဟု ဝန်ကြီးချုပ်က အလေးအနက်ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်က ရင်းနှီးမြုပ်နှံမှုများလာရောက်ရန် တောင်းဆိုခြင်း၊ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုကို ဝေဖန်ခြင်း
---------------------------------------------
၁ဝ။ (C) စီးပွားရေးနှင့် ပတ်သက်၍ ကမ္ဘာအဝှမ်း ဘဏ္ဍာရေးအကျပ်အတည်းနှင့် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများက မြန်မာ့ စီးပွားရေးအပေါ် သက်ရောက်မှုရှိကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ချပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံတိုင်းပြည်တခု ဖြစ်၍ လူထုကို ကျွေးမွေးရန် ဆန်စပါး အလုံအလောက် ထုတ်လုပ်ကာ ပိုသည့် ကုန်ပမာဏကို နိုင်ငံခြားသို့ တင်ပို့သည်။ သို့သော် အစားအစာ လုံခြုံမှုသာမက မြန်မာနိုင်ငံသည် စက်မှု ဖွံ့ဖြိုးမှုရှိရန် လိုအပ်သည်။ တိုင်းပြည်တွင် သံယဇာတများ ရှိကြောင်း သို့သော် ပြင်ပရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာ အကူအညီလိုအပ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ အနောက်နိုင်ငံ၏ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများသည် ဆင်းရဲမွဲတေမှုကို ပိုဖြစ်စေကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဟန့်အတား ဖြစ်စေသည့်အပြင် အနောက်နိုင်ငံများအပေါ် အမုန်းပွားမှုကိုသာ ဖြစ်ပေါ်စေသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံရေးအရတည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည်စေသည်ဟု ဆိုသည်။
ရွေးကောက်ပွဲသည် လွတ်လပ်သော၊ တရားမျှတသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်မည်။
---------------------------------------
၁၁။ (C) အီရတ်နှင့် အာဖဂန်တိုင်းပြည်များကပေးသော သင်ခန်းစာဖြစ်သည့် " ဒီမိုကရေစီကို အလျင် အမြန် မဖေါ်ဆောင်နှင့်" သင်ခန်းစာကို မြန်မာနိုင်ငံက လေ့လာထားပြီးဖြစ်ကြောင်းပြောဆိုကာ စစ်အစိုးရ၏ "ဒီမိုကရေစီ လမ်းပြမြေပုံ"ကို ဝန်ကြီးချုပ်က ရှင်းပြခဲ့သည်။ အခြေခံဥပဒေကို လူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက လက်ခံအတည်ပြု ထားပြီး ဖြစ်သည်။ ၂ဝ၁ဝ တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်သော၊ တရားမျှတသော၊ အားလုံးပါဝင်နိုင် သော ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဝန်ကြီးချုပ်က အကြောက်အကန် ပြောဆိုခဲ့သည်။ နိုင်ငံရေးပါတီဥပဒေနှင့် ရွေးကောက် ပွဲဥပဒေများ မကြာခင် ထွက်လာလိမ့်မည်။ "သတ်မှတ်ချက်နှင့်လျော်ညီသော" ပါတီများအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။ ဝန်ကြီးချုပ်က ဆီနိတ်တာဝက်ဘ်အား နောက်တခါ ပြန်လာလည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး သမ္မတကြီး အိုဘားမားထံသို့လည်း ဆုမွန်ကောင်း တောင်းလိုက်ကြောင်း ပြောဆိုခဲ့သည်။
ဆီနိတ်တာဝက်ဘ်။ အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံတွဲဖက်အလုပ်လုပ်ကိုင်နိုင်သည်။
--------------------------------------------- --
၁၂။ (C) အိုဘားမားအစိုးရသည် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ်နေကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဆီနိတ်တာ ကလင်တန်၊ အိုဘားမားနှင့် မြန်မာ့အရေးနှင့် ပတ်သက်၍ သူ ဆွေးနွေးမှုများစွာ လုပ်ခဲ့ကြောင်း ဆီနိတ်တာဝက်ဘ်က တုံ့ပြန်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသို့ သူ ယခုလာရောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံမှုကို မတူညီသော လမ်းကြောင်းပေါ်သို့ ကူညီ ပြောင်းလဲပေးရန် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အချို့ကိစ္စရပ်များကို ဖြေရှင်းပြီးသည်နှင့် အမေရိကန်နှင့် မြန်မာနိုင်ငံသည် မိတ်ဆွေပြန်ဖြစ်ရမည့် အခြေအနေများရှိပြီးသားဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ပြီး တိုင်းရင်းသားများစွာရှိသည်။ မတူကွဲပြားမှုသည် စိန်ခေါ်ချက်တခုဖြစ်သလို ခွန်အားတခုလည်း ဖြစ်သည်။ ၁၉၄၇ ကတည်းကစ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေကို သူသိရှိကြောင်း တရုတ်နိုင်ငံဘက်က နှစ်ကြာရှည်စွာ ရှုပ်ထွေးမှုများ ရှိခဲ့သည်ကိုလည်း သူသိရှိသည်ဟု ဆီနိတ်တာက ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် အတူတကွ တွဲဖက်လုပ်ကိုင်ကြောင်းနှင့် အမေရိကန်အနေဖြင့်လည်း ဒေသအတွင်း ချိန်ခွင်လျှာကို ထိန်းပေးနိုင်ကြောင်း ဆိုသည်။
၁၃။ (C) တိုင်းပြည်တပြည်သည် ဒီမိုကရေစီထွန်းကားစေရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုလိုသည်ဆိုသော ဝန်ကြီးချုပ်၏ ဆိုလိုရင်းကို ဆီနိတ်တာက အသိအမှတ်ပြုလက်ခံခဲ့သည်။ သူ့အနေဖြင့် အစိုးရနှင့် အမေရိကန်အခြေစိုက် ဗီယက်နမ်များ အကြား ပေါင်းကူးတံတားအဖြစ် သူထမ်းဆောင်ပေးခဲ့ရသည်များကို ဆီနိတ်တာက ရည်ညွန်း ပြောဆိုခဲ့သည်။ သူ့၏ ၂ဝ၁ဝ အလွတ်သဘော မြန်မာခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံနှစ်ခုကို နှိုင်းယှဉ်လေ့လာခဲ့သည်။ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် သူနှင့်နီးစပ်သော မိတ်ဆွေတဦးသည် မြန်မာနိုင်ငံမှ သူ့စီးပွားရေးကို ပိတ်ခဲ့ရပြီး ဝန်ထမ်းများလည်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ဆီနိတ်တာက ပြောဆိုခဲ့သည်။ အကယ်၍ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ခဲ့ပါက မြန်မာနိုင်ငံသားများသည် ထိုထက်ကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်ခွင့် ရနိုင်သည်။ အမေရိကန်အစိုးရ၏ ယုံကြည် ထောက်ခံမှုများရနိုင်သော အကြောင်းအရာများကို မြန်မာအစိုးရက ဖြေရှင်းဆောင်ရွက်သင့်သည်ဟု ဆီနိတ်တာက ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ဆီိနိတ်တာ၏ ခရီးစဉ်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် "ခင်ဗျား အခုတင်ပြတဲ့အချက်တွေကို ကျနော်တို့ဘက်က စဉ်းစားပါမည်" ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုယ်ရေးအချက်အလက်မှတ်စု
---------------
၁၄။ (C) ဦးသောင်းသည် လက်ရှိတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ၁၉၉၁ မှ ၁၉၉၆ အထိ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ကနေဒါဆိုင်ရာ သံအမတ်အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အလုပ်သမားဝန်ကြီးနှင့် စက်မှု - ၁ ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ သတ္တုတူးဖော်ရေး၊ စက်မှုလုပ်ငန်းနှင့် ပတ်သက်သော အစိုးရတာဝန်များစွာကို ထမ်းဆောင်ဖူးသည်။ သူသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့်အတူ စစ်တက္ကသိုလ် တပတ်စဉ်တည်း အတူတူ ဆင်းခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ စိတ်ဓာတ်စစ်ဆင်ရေးဌာနတွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့သည်ဟု ယုံကြည်ရသည်။ လေ့လာ အကဲခတ်သူအများစုက ၎င်းသည် ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးစလုံးနှင့် နီးစပ်သော အတွင်းလူ တယောက်ဟု ဆိုသည်။
၁၅။ (SBU) Codel Webb က ယင်းသတင်းအချက်နှင့် ပတ်သက်၍ ရှင်းလင်းပေးရန် ငြင်းဆန်ခဲ့သည်။
VAJDA
http://mizzimaburmese.com/special/burma-related-leaked-us-cables/6654-2010-12-29-12-30-13.html
တပ်ချုပ်ကြီးခင်ဗျား .. ကိုယ့်မြေးအရွယ်တွေပါ..။

ဒီပုံလေးကတော့ ခုရက်ပိုင်းအတွင်းက ရိုက်ထားတဲ့ ပန်းဆိုးတန်း တံတားပေါ်မှာ အခြေအနေမဲ့ ကလေးငယ်နှစ်ဦးရဲ့ ခြင်ထောင်စုတ်ကို ခြုံပြီး ဒီဇင်ဘာ မနက်ခင်း အအေးဒဏ်ကို ကာကွယ်နေရတဲ့ ကျွန်တော်တို့ တိုင်းပြည်က အနာဂတ် ကလေးငယ်နှစ်ဦးရဲ့ သနားစဖွယ် အခြေအနေပါ...။ တိုင်းပြည်မှာ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်နေပါတယ် ဆိုတဲ့ တပ်ချုပ်ကြီးခင်ဗျား .. ကိုယ့်မြေးအရွယ်တွေပါ..။ သားသမီးချင်း မြေးမြစ်ချင်းကိုယ်ချင်း စာနိုင်ပါစေ....။
http://www.demowaiyan.co.cc/
မြန်မာနိုင်ငံ ဒီမိုကရေစီအစစ်ရရှိအောင် ဘယ်လိုလုပ်ကြမလဲ?
မြန်မာနိုင်ငံ ဒီမိုကရေစီအစစ်ရရှိအောင် ဘယ်လိုလုပ်ကြမလဲ?
စစ်အာဏာရှင်အစိုးရက ၂၀၁၀ရွေးကောက်ပွဲလုပ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီရသွားပြီလိုလို အသံကောင်းဟစ်နေကြပါတယ်။
ဒါပေမယ့် အဲဒီ ဒီမိုကရေစီကို သူတို့က 'စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ' ဆိုပြီး နာမည်တပ်တယ်။
ဒီမိုကရေစီဆိုတာဟာ ပြည်သူ့စိတ်ကြိုက်အုပ်ချုပ်တြာ
ဒီတော့ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီပါပဲ။ စည်းကမ်းပြည့်ဝသောတွေ စည်းကမ်းမပြည့်ဝသောတွေ ဘာမှမရှိဘူး။
ဒီလိုပါပဲ သန်းရွှေစိတ်ကြိုက်ဒီမိုကရေစီ။ ကြိုင်ကြိုင်စိတ်ကြိုက် ဒီမိုကရေစီ။ စစ်တပ်ခေါင်းပုံဖြတ်ဒီမိုကရေစီ ... စသဖြင့် ဘာမှမရှိဘူး။
တကယ်တော့ အခုမြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ ဒီမိုကရေစီအတုသာလျှင်ဖြစ်တယ်။
ဂျပန့်ခေတ်က မြန်မာပြည်ကို ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့သလို
ဘာကြောင့် ဒီလိုပြောရသလဲ။ ရှင်းပါ့မယ်။
အခုသူတို့ ပြဌာန်းတဲ့ အခြေခံဥပဒေမှာကိုက စစ်တပ်ကိုယ်စားလှယ် ဘယ်ရွှေ့ဘယ်မျှပါရမယ်ဆိုပြီး အတင်းအကြပ်ထည့်သွင်းထားတယ်။
ဒီကတည်းကိုက ဒီမိုကရေစီမဟုတ်တော့ဘူး။
မြန်မာပြည်မှာ ဘာဥပဒေကိုချမှတ်မှတ် လူနည်းစုဖြစ်တဲ့ စစ်အာဏာရှင်အကြီးအကဲတစ်စုသဘောတူ
ဒီမိုကရေစီမဟုတ်တော့ဘူး။
တကယ်တော့ စစ်တပ်ဆိုတာလည်းပြည်သူပဲ မဟုတ်ဘူးလား။ ဘာကြောင့် စစ်တပ်နဲ့ ပြည်သူကို ကတ္တားခြားနေသလဲ။
ရွေးကောက်ပွဲမှာ သူတို့ စစ်တပ်ကိုယ်စားလှယ်တွေ ၀င်ပြိုင်လို့ရတာပဲ။ နိုင်ရင် လွှတ်တော်ထဲရောက်မှာပေါ့။
(တကယ်လည်း ၀င်ပြိုင်ခဲ့ပြီး မဲခိုးလို့ လွှတ်တော်ထဲရောက်သွားပါပြီ။ လာမယ့်လွှတ်တော်ဟာ
စစ်အာဏာရှင်တွေချည်းယိမ်းကမယ့် လွှတ်တော်ဖြစ်မှာပါ)
ခုလို ရာခိုင်နှုန်းဘယ်လောက်ပါရမယ်ဆြို
သူတို့လုပ်ပုံက ဒီမိုကရေစီနာမည်တပ်ပြီး သူတို့စိတ်ကြိုက်လုပ်နေတာ။
ဟစ်တလာလုပ်ခဲ့တဲ့ပုံစံတွေနဲ့ တော်တော်တူနေတယ်။
ဒီတော့ သူတို့လုပ်နေတဲ့ ဒီမိုကရေစီအတုကို အစစ်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ?
မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အင်အားစု ၅စုခွဲချင်ပါတယ်။
(က) ပြည်တွင်းပြည်သူများ
(ခ) ပြည်ပရောက်ပြည်သူများ
(ဂ) လက်နက်ကိုင်အင်အားစုများ
(ဃ) ဒေါ်အောင်ဆန်းစုကြည် အမှုးပြုသော အတိုက်အခံအင်အားစုများ
(င) ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီ
အဲဒီအင်အားစု ၅စုကတစ်ဘက် စစ်အာဏာရှင်တွေက တစ်ဘက်ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဆိုရာမှာ ထိပ်ပိုင်းဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေကိုသာ ဆိုလိုတာဖြစ်ပါတယ်။
အောက်ပိုင်း တပ်မတော်သားတွေက ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်လာတာမျိုးရှိလာနိုင်ပါတယ်။
ဒီအကြောင်း နောက်ပိုင်းမှာ ဆက်ဆွေးနွေးပါမယ်။
ဒီအင်အားစု ၅စုမှာ အင်အားအများဆုံးက နံပါတ် (က) ပြည်တွင်းပြည်သူများ ဖြစ်ပါတယ်။ အဖိနှိပ်ခံရဆုံးလူတွေလည်းဖြစ်
ဒီအင်အားစု နံပါတ် (က) အနေနဲ့ ဘာလုပ်ရမလဲ?
ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီအင်အားစုဟာ စစ်အာဏာရှင်တွေရဲ့ သေနတ်မိုးအုပ်ချုပ်မှုအောက်မှာရှ
ဒီတော့ လှုပ်ရှားရာမှာ အရေးကြီးဆုံးက သတိဖြစ်ပါတယ်။ ပြီးတော့ တစ်လှမ်းချင်းသာ ရှေ့တိုးပြီးဆောင်ရွက်သင့်တယ်။
- ပထမဆုံး ဒီမိုကရေစီနဲ့ ညီတဲ့ အကျင့်ကိုပြင်ရမယ်။ ဘယ်သူမှ အသိအမှတ်မပြုသေးခင်မှာ ကိုယ့်လူ့အခွင့်အရေးကိုယ်
အသိအမှတ်ပြုရမယ်။ မြန်မာနိုင်ငံသားတိုင်းမှာ အခွင့်အရေးတန်းတူရှိတယ်။ စစ်တပ်ကမို့ ပိုအခွင့်အရေးရတာ။
အရပ်သားမို့ အနှိမ်ခံရတာ မဖြစ်ရဘူး။ ဥပမာ ကိုယ့်မြို့မှာကိုယ်နေပေမယ့် သူငယ်ချင်းအိမ်အလည်သွားအိပ်မိတာ
ဧည့်စာရင်းတိုင်ရတာမျိုး။ ဒါဟာ အသေးအဖွဲလေးပေမယ့် လူ့အခွင့်အရေးမရှိတာကို ပြတယ်။ လွတ်လပ်တဲ့
ပြည်သူတစ်ယောက် ပြည်တွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်။ ဒါ ဘာပြစ်မှုမှ လုပ်တာမဟုတ်ဘူး။
ဒီတော့ ဧည့်စာရင်းကိစ္စလေးက စကြရအောင်။ ဘယ်တော့မှ ဧည့်စာရင်းမတိုင်ကြပါနဲ့။
ဒီအတွက် ထောင်ချလို့မရဘူး။ ရုံးတင်ရင် အပြစ်မရှိကြောင်းငြင်းခုန်ရမယ်။ ဒါဟာ နမူနာတစ်ခုသာဖြစ်ပါတယ်။
ဒီလိုပဲ အခြေခံအသေးအဖွဲနေရာလေးတွေတိုင်း
အခြေခံအကျဆုံးမှတ်ထားဖို့ကတော့ မြန်မာနိုင်ငံသားတိုင်းမှာ အခွင့်အရေးတန်းတူရှိတယ်ဆိုတာပါ
- ဒုတိယအားဖြင့် အာဏာရှင်စိတ်ကို အခြေခံကစပြီး ဆန့်ကျင်ရမယ်။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဟာ အာဏာရှင်စနစ်ဖြစ်တယ်။
ပြည်သူတွေမှာလည်း အာဏာရှင်စိတ် မထားနဲ့။ အခုက ရယကဥက္ကဌကစလို့ အာဏာလေးနည်းနည်းရလာတာနဲ့
အာဏာပြချင်တယ်။ ကျန်သူတွေကလည်း သူ့ကိုကြောက်ကြတယ်။ ဒါကြောင့် အာဏာရှင်စနစ်မြန်မာပြည်မှာ အမြစ်တွယ်နေတာ။
အခုကစပြီးလုပ်ရမှာက ကိုယ်အာဏာနည်းနည်းလေးရလဲ အာဏာရှင်စိတ်မထားနဲ့။ ကိုယ်က အာဏာရှင်စိတ်
ထားရင် ကိုယ့်ပြန်အာဏာပြမယ့်သူ ပေါ်လာမှာပဲ။ ဒီလိုနဲ့ အဆင့်ဆင့်ဖိနှိပ်မှုတွေ ဖြစ်လာမယ်။
အာဏာမရှိတဲ့ ကျန်သူတွေကလည်း အာဏာရှိသူကို လုံးဝကြောက်ဖို့မလိုဘူး။ သူ့တာဝန်ရှိမှုကိုသာ အသိအမှတ်ပြုရမယ်။
- တတိယအားဖြင့် စည်းကမ်းရှိဖို့လိုတယ်။ ပြောရရင် နိုင်ငံကြီးသားစိတ်ပေါ့။ ဒီစကားလုံးကို အစိုးရက ထပ်တလဲလဲ သုံးနေလို့ မသုံးချင်တာ။
လူတစ်ယောက် လူ့အခွင့်အရေးရဖို့ဆိုတာ သူကိုယ်တိုင်က လူပီသအောင်နေတတ်ဖို့လဲ လိုတယ်။ အဆင့်အတန်းရှိရှိ နိုင်ငံကြီးသား
ပီပီသသမနေတတ်ရင် မတရားအနိုင်ကျင့်အုပ်စိုးသူနဲ့ တွေ့ရမှာပဲ။
အခုက ကျွန်တော်တို့ မြန်မာတွေမှာ ကိုယ့်တာဝန်ကိုယ်ယူတဲ့စိတ်။ ကိုယ့်သိက္ခာကိုယ်စောင့်တဲ့စိတ်
ဥပမာ ဖြူနီကြားလို ကားမရပ်သင့်တဲ့နေရာမှာလဲ ရပ်တာပဲ။ ဒါက ရှေ့မှာပြောတဲ့ အာဏာရှင်က ချမှတ်ထားတာကို
ဆန့်ကျင်တာမဟုတ်တော့ဘူး။ လူ့သိက္ခာကို တန်ဘိုးမထားတော့တာ။ များသောအားဖြင့် ဖြူနီကြားနေရာတွေဟာ
ကားရပ်ရင် ယာဉ်တိုက်မှုဖြစ်စေနိုင်တယ်။ ဒါကြောင့်မရပ်သင့်တာ။
ကျွန်တော်တို့ဟာ တရားလွတ်အာဏာပြတာကိုသာ ဆန့်ကျင်ရမှာဖြစ်တယ်။ ဒီလို ဆန့်ကျင်ရာမှာလည်း ငါဟာ
လူ့သားဂုဏ်သိက္ခာအပြည့်ရှိတယ်။ ငါ့လူသားဂုဏ်သိက္ခာကို ထိပါးလာသမျှ ဆန့်ကျင်မယ်။ ဒီလိုစိတ်မျိုးထားပြီး ဆန့်ကျင်ရမယ်။
အခုတော့ ကျွန်တော်တို့က နေရာတော်တော်များများမှာပဲ လစ်ရင် လစ်သလိုလုပ်မယ်ဆိုတာမျိုးတြွေ
- စတုတ္ထအားဖြင့် ညီညွတ်ဖို့လိုတယ်။ အဓိကပြောချင်တာကတော့ အန်တီစုကို ညီညီညွတ်ညွတ်ဝန်းရံဖို့ပါပဲ။
တစ်ခါတစ်လေမှာ အန်တီလုပ်တာတွေ လိုကောင်းလိုတာ ရှိမယ်။ ဒါပေမဲ့ သူ့စေတနာကို ကျွန်တော်တို့ အဓိကထားရမှာ။
အရင်က ကိုမိုးသီးဇွန်တို့ဝေဖန်ဘူးတယ်။ ကြိုးမဲ့လေတံခွန်ဆိုတာမျိုးတွေ။ ကျွန်တော်တို့လဲ သူပြောတာနဲ့ သဘောတူချင်ချင်ပဲ။
ဒါပေမဲ့ ခုအချိန်က အချင်းချင်းဝေဖန်နေရမယ့်ကာလမဟု
အန်တီက မဲမပေးနဲ့လို့ တစ်ခွန်းတည်းပြောရင် ဘယ်သူမှ မဲရုံနားတောင်မသီနဲ့။
သူလုပ်တာမှားနေရင် နောက်မှရှင်း။ နောက်မှ သူနားလည်အောင်ပြောပြ။ လောလောဆယ် သူ့နောက်မှာအားလုံးရှိမှဖြစ်မယ်
အခု စစ်တပ်ဘာလို့ အာဏာရနေလဲ။ လူညီလို့။ အဆင့်ဆင့်အကြောက်တရားနဲ့ အုပ်ချုပ်ထားပေမယ့် အထက်ကအမိန့်ကို
အောက်ခြေထိလိုက်နာရတယ်။ သူတို့နဲ့ ယှဉ်ဖို့ ကျွန်တော်တို့လည်း ညီမှဖြစ်မယ်။
နောက်ပိုင်းနိုင်ငံ့ခေါင်းဆော
လူတစ်စု တစ်ဖွဲ့လောက်လေးနာတာကို ကြည့်နေလို့မရဘူး။ တစ်နိုင်ငံလုံးအတွက် လုပ်နေချိန်မှာ ကိုယ်နာလည်း အနာခံရမှာပဲ။
အခုကျွန်တော်ဆို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုေ
ဒါပေမဲ့ ဒီလိုပဲ အနာခံရမှာပဲ။ တစ်တိုင်းပြည်လုံး သေနတ်ကျွန်ဘ၀ရောက်နေတာ ကိုယ်နာတာလောက်ကို စာဖွဲ့နေစရာမရှိပါဘူး။
- ပဉ္စမအားဖြင့် အာဏာရှင်တွေရဲ့ သတင်းအမှောင်ချမှုကို တိုက်ရအောင်။
လောလောဆယ်အင်တာနက်ကနေ အချင်းချင်းသတင်းဖလှယ်ဖြန့်ချိ
ဒါပေမဲ့ မြန်မာပြည်မှာ အင်တာနက်သုံးနိုင်တာ လက်တစ်ဆုပ်စာလောက်ရှိတယ်။ ဒီထဲမှာမှ mail ထဲက ဖြန့်တာမျိုးလောက်ပဲ
အသုံးဝင်တယ်။ စစ်အစိုးရကို ဆန့်ကျင်တဲ့ Site မှန်သမျှက ပိတ်ထားတော့ ပြည်တွင်းမှာ ကြည့်လို့မရဘူး။ ကျော်ကြည့်ရင်လဲ
Connection က မကောင်းတော့ မတက်ဘူး။
ဒီတော့ ရေဒီယိုက အကောင်းဆုံးပဲ။ မြန်မာနိုင်ငံသားတိုင်းကိုယ့်အိ
အကျယ်ကြီးဖွင့်ရအောင်။ ဒါဟာ အနည်းဆုံးတော့ ကိုယ့်ရပ်ကွက်ကို လှုံဆော်တာပဲ။
ဖြစ်နိုင်ရင် RFA ရဲ့ အစီအစဉ်တွေ ဒီ့ထက်တိုးချဲ့အောင်တိုက်တွန်ြး
BBC နဲ့ VOA ကျတော့ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် အစဉ်အလာအရ မြန်မာပြည်ဒီမိုကရေစီရရှိရေးတို
သက်သက်မဟုတ်ဘဲ အသံလွှင့်ဌာနတစ်ခုပီသအောင် လုပ်နေရတဲ့အပိုင်းတွေတွေ့ရတယ်။
ကျွန်တော်တို့လိုချင်တာက မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွ
အသံလွှင့်ဌာနမျိုး ဖြစ်တယ်။
ဒါတွေဟာ ပထမအဆင့်လုပ်စရာတွေဖြစ်တယ်။ ကျန်တဲ့အဆင့်တွေက နောက်ပိုင်းမှာ ဆက်တင်ပြပေးထားပါတယ်။
အုပ်စု (ခ) ကတော့ ပြည်ပရောက်ပြည်သူတွေပေါ့။ ပြည်တွင်းကထက်စာရင်တော့ အဖိအနှိပ်လွတ်ပေမယ့် လူမျိုးခြားတွေကြားမှာ
ရုန်းကန်နေရတာပါပဲ။
ဒီလိုလူတွေကို အသိပေးချင်တာလေးကတော့ ငါမြန်မာဆိုတာ မမေ့ဖို့ပါပဲ။ ကိုယ့် ဆွေမျိုး ကိုယ့်လူမျိုးတွေရှိသေးတဲ့ နိုင်ငံကြီး
သေနတ်ကျွန်ဘ၀မှာ စုတ်ပြတ်သတ် ဒုက္ခတွင်းထဲရောက်နေတာ မကြည့်ရက်ကြပါနဲ့။
ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေအနေနဲ့ အမေရိကားမှာ နော်ဝေမှာ အင်္ဂလန်မှာ ခိုလှုံခွင့်ရသွားတာမျိုးတွေရှိ
တစ်ချို့လဲ ဒီလိုရဖို့သက်သက်ဟန်ပြလုပ်တဲ့ တစ်ချို့လည်းရှိပါတယ်။
ပြည်ပရောက်အင်အားစုတွေကို တင်ပြလိုတာကတော့ ...
(၁) ဆန္ဒပြပွဲတွေကို နေရာရွှေ့ရအောင်။
မြန်မာသံရုံးရှေ့ပြနေလို့ကတော့ ဘာမှ မထူးပါဘူး။ ဒီသံအမတ်တွေက ဘာမှလုပ်နိုင်တာမှ မဟုတ်တာပဲ။
တရုပ်သံရုံးရှေ့ ဆန္ဒပြရအောင်။ လက်ရှိ မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံပေးနေတာ တရုပ်ဖြစ်တယ်။
ဒီတော့ တရုပ်ကို ကမ္ဘာ့အလည်မှာ ရုပ်ဆိုးသွားအောင်လုပ်ရမယ်။ သူတို့ဇာတိရုပ်ကို ဖော်ရမယ်။
တရုပ်သံရုံးရှေ့ဆန္ဒပြရာမှာလဲ တိုက်ခိုက်ဆန့်ကျင်လိုတဲ့သဘော
ဆိုတာ သူတို့(တရုပ်) ကိုယ်တိုင်နဲ့ ကမ္ဘာကသိအောင်လုပ်ကြစို့။
(၂) ကုလသမဂ္ဂနဲ့ အရေးပါတဲ့အဖွဲ့တွေ အစည်းအဝေးတွေမှာ တက်ရောက်တင်ပြနိုင်ဖို့ ကြိုးစားကြပါ။
ဒီနေရာမှာလည်း တရုပ်အကြောင်းပဲ ဦးစားပေးပြောရမှာပဲ။ တရုပ်၊ ရုရှား၊ အိန္ဒိယနဲ့ အာဆီယံတွေကြောင့် မြန်မာပြည်ဒီလိုဒုက္ခရောက်
နေရကြောင်းဖော်ထုတ်ရမှာပေါ့။ မြန်မာအစိုးရအကြောင်း ကမ္ဘာ့အလည်မှာ ပြောနေလို့တော့အလကားပဲ။
မြန်မာအာဏာရှင်တွေက ကမ္ဘာ့အလည်က ပုံရိပ်ကို ဂရုမစိုက်ဘူး။ ပြောရရင် မြန်မာအာဏာရှင်တွေက မရှက်တတ်ဘူး။
တရုပ်အစိုးရက နည်းနည်းတော့ အရှက်ရှိသေးတယ်။ ရှက်တတ်သူကို မျက်နှာဖုံးခွာချဖို့ကြိုးစား
ဒါမှ သူတို့က မြန်မာအစိုးရကို ဖိအားပေးလိမ့်မယ်။ ဒါမှမဟုတ်တောင် အနည်းဆုံးလုံခြုံရေးကောင်စီဆုံး
ဗီတိုသုံးတာ မလုပ်တော့ဘူးပေါ့။
(၃) မြန်မာအစိုးရကို ပြည်ပကနေဖုန်းဆက်ပြီးနှောင့်ယှ
အစိုးရဌာနတွေရဲ့ ဖုန်းနံပါတ်တွေကို အလွယ်ရနိုင်ပါတယ်။ အဲဒီကတစ်ဆင့် အနည်းဆုံးဝန်ကြီးလောက်အဆင့်ကို ဖုန်းဆက်ပြီး
မြန်မာပြည်အခြေနေမှန်တွေကိုပြော
များများဝိုင်းပြောခံရရင် သူတို့စိတ်ထိခိုက်လာလိမ့်မယ်။ ဒါဟာ ပြောင်းလဲဖို့လမ်းစပဲ။
စာတွေပို့တာမျိုး။ Fax ပို့တာမျိုးတွေလဲလုပ်လို့ရပါတယ်
(၄) မြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့ အာရုံစိုက်မှု အရေးယူမှုတွေ ဒီ့ထက်ပိုများအောင် တွန်းအားပေးပါ။
မြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့ အရေးယူမှုတွေကို စစ်အစိုးရက လန့်လဲလန့် စိတ်လည်းညစ်ပါတယ်။ ဒါတွေဟာ သူတို့အတွက်
ဖိအားဖြစ်စေပါတယ်။
(၅) ဆန္ဒပြမယ့်သူတွေပြောင်းရအောင်။
မြန်မာနိုင်ငံကလာတဲ့ အနုပညာရှင်တွေကို ဆန္ဒပြတာထက် မြန်မာပြည်က အာဏာရှင်တွေ ဒါမှမဟုတ် အာဏာရှင်တွေရဲ့ ဆွေမျိုး
အသိုင်းအ၀ိုင်းတွေကို အနှောင့်အယှက်ပေးကြရအောင်။
တစ်ခုတော့ ရှိပါတယ် ကြံ့ဖွံ့လွင်မိုးလို လျှပ်တပြက်မြတ်ခိုင်လိုလူမျိုး
သဘောထားချင်ပါတယ်။
(၆) ဖြစ်နိုင်ရင်တော့ မြန်မာပြည်ပြန်လာဖို့ ကြိုးစားပေးပါ။
စည်းဝိုင်းအပြင်ကတိုက်တာထက် စည်းဝိုင်းထဲက တိုက်တာကပိုထိရောက်မယ် ထင်ပါတယ်။
လာပါ။ ပြန်လာပြီး ကျွန်တော်တို့အားလုံး အသက်စွန့်တိုက်ရအောင်။
အုပ်စု (ဂ) ဖြစ်တဲ့ လက်နက်ကိုင်အင်အားစုကတော့ စစ်အာဏာရှင်တွေကို အဓိက ခံချနိုင်သူတွေပါ။
နယ်စပ်တနံတလျားမှာရှိနေကြတဲ့ အဲဒီအင်အားစုတွေ စည်းလုံးဖို့ အရင်လုပ်ရမယ်။
အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူနိုင်ရင်ကောင်းပါမယ်။ သူ့ဆီက ကိုယ်စားလှယ်လွှတ်ပြီးစည်းရုံးတာ
ဒါပေမဲ့ ဒီလိုလက်နက်ကိုင်အင်အားစုအားလုံ
ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေ
ဖြစ်နိုင်ရင် ၁၉၈၈ တုန်းကလောက်တော့ ဆန့်ကျင်သူ အင်အားရှိဖို့ပြန်လုပ်ရမယ်။
ဒီနေရာမှာ ဆန့်ကျင်သူတွေက ဒီမိုကရေစီရတဲ့အခါ မြန်မာနိုင်ငံက ခွဲထွက်ခွင့်ကို တောင်းဆိုလာနိုင်ပါတယ်။
ဦးနုတို့တုန်းက ဒီလိုတောင်းလာတာကြောင့် စည်းလုံးမှုပျက်ပြားသွားခဲ့တဲ့သေ
ဒါကို ကျွန်တော်တို့ ညှိရမှာပါ။ ခြဲထြက္တယ္ဆိုတဲ့စကားလံုးႀကီးကေ
အမေရိကန်လို ပြည်နယ်တွေကိုယ်ပိုင်အုပ်ချုပ်
ဒါပေမယ့် နောက်ပိုင်းမှာ ခွဲထွက်သွားလည်း ဘာမှမတတ်နိုင်ပါဘူး။ ပြီးမှ ပြန်ပေါင်းဖို့ ကြိုးစားရတော့မှာပါ။
လောလောဆယ် တစ်နိုင်ငံလုံး စစ်ဖိနပ်ထမ်းပိုးအောင်က လွတ်ဖို့သည် ပဏာနဖြစ်တယ်။ ကျန်တာနောက်မှ ဖြေရှင်းဖို့ မခက်ပါဘူး။
ဒီတော့ လက်နက်ကိုင်ဆန့်ကျင်မယ့်အင်အား
ဒီနေရာမှာ ပြည်တွင်းအင်အားစုတွေနဲ့ ပြည်ပရောက်အင်အားစုတွေလည်းပါဝင်
ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိပ်နဲ့အတူ ပြည်တော်ပြန်ဝင်လာသလို ကျွန်တော်တို့စုပြီး စစ်အာဏာရှင် ဒိဠိတွေကို တိုက်ရအောင်။
ဒီစစ်ပွဲက အချိန်တော့ယူရမယ်။ လုပ်စရာအဆင့်တွေရှိဦးမယ်။ ဒါပေမဲ့ ခုကတည်းက စလုပ်ရမှာပါ။
ဒီစစ်ပွဲကို 'ဒိဠိသုတ်သင်ရေးစစ်ပွဲ' လို့ ကျွန်တော် နာမည်ပေးချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နအဖဟာ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ပစ်သတ်တယ်။ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖြိုချတယ်။
မွတ်စလင်တွေ ဟိန္ဒူတွေကို ဖိနှိပ်တယ်။ သူတို့ဟာ သေနတ်နဲ့ အာဏာကိုသာ ကိုးကွယ်တဲ့ ဒိဠိတွေဖြစ်တယ်။
အုပ်စု (ဃ) အဖြစ် ဒေါ်အောင်ဆန်းစုကြည် အမှုးပြုသော အတိုက်အခံအင်အားစုများအကြောင်း
အန်တီစုနားနေတဲ့သူတွေဟာ အန်တီစုလှုပ်မှလှုပ်တတ်တာမျိုးတော
ဒီနေရာမှာ အန်တီစုကို ပန်ကြားချင်တာကတော့ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကု
ရိုးသားလွန်းတာကို နည်းနည်းလေးပြောင်းပေးဖို့ပါပဲ။
အန်တီ့ကို ကျွန်တော်တို့က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဆိ
ကျွန်တော်တို့လိုချင်တာ ငြိမ်းချမ်းရေးမဟုတ်ပါ။ စစ်ဖိနပ်အောက် လွတ်မြောက်ရေးသာဖြစ်ပါတယ်။
စစ်ဖိနပ်အောက်က လွတ်ဖို့ဆို ပြည်တွင်းစစ်ဖြစ်ရလည်း ကျွန်တော်တို့တော့ ချမှာပဲ။ ချလည်းချချင်တယ်။
ခုလည်း သူတို့သတ်လို့ လူတွေသေနေရတာပဲ။ သူတို့နဲ့ သူတင်ကိုယ်တင် ယှဉ်ချပြီးသေရတာမှ ကောင်းသေးတယ်။
ပြီးတော့ အန်တီစုအနေနဲ့ နအဖနဲ့ ဆက်ဆံတဲ့အခါ သိပ်မရိုးသားပါနဲ့။ သူတို့က အရမ်းကောက်ကျစ်တယ်။
အန်တီ့ဖခင် ဗိုလ်ချုပ်ကတောင် ဂျပန်ကိုရော အင်္ဂလိပ်ကိုပါ လှည့်ဖျားခဲ့ပါသေးတယ်။
အုပ်စု (င) ဖြစ်တဲ့ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီေ
သူတို့အဓိကယှဉ်ရမှာ ကြံ့ဖွံ့နဲ့ပါပဲ။ လွှတ်တော်ထဲမှာ တကယ့်ဒီမိုကရေစီအစစ်ဖြစ်အောင်လု
အခြေခံဥပဒေထဲက ဒီမိုကရေစီနဲ့လုံးဝမလိုက်ဖက်တဲ့ ပြည်သူကို ဖိနှိပ်ဖို့ထည့်သွင်းထားတဲ့အချ
ပြောင်းလဲနိုင်အောင်ကြိုးစားရမှ
အခု နိဂုံးချုပ်အနေနဲ့ အထက်မှာတင်ပြခဲ့သမျှအားလုံးကို စုစည်းရရင် ...
ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်တွေပြုတ်ကျသွားအောင် လောလောဆယ် တတ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။
ဒီလိုပြုတ်ကျသွားစရာက လုံခြုံရေးကောင်စီဆုံးဖြတ်ချက်
ဒါမှမဟုတ် ပြည်တွင်းစစ်ဖြစ်ပွားပြီး သူတို့ရှုံးနိမ့်သွားဖို့ ... ဒီနှစ်လမ်းသာရှိပါတယ်။
ဒီနေရာမှာ နိုင်ငံတကာတပ်တွေဝင်တိုက်ဖို့ကေ
မြန်မာပြည်ဟာ မဟာဗျူဟာအရ အရေးမပါလှသလို ပထ၀ီနိုင်ငံရေးအရလည်း သိပ်မထိရောက်တဲ့နေရာမှာရှိနေပါ
သယံဇာတဆိုတာကလည်း အရင်လို မပေါများလှတော့ ရေနံထွက်တဲ့နိုင်ငံတွေလို အမေရိကန်ကလည်း
အနာခံဝင်စွက်ဖက်လိမ့်မယ် မဟုတ်ပါ။
ပြည်တွင်းစစ်ဖြစ်ပွားပြီး စစ်အာဏာရှင်တွေ ရှုံးနိမ့်သွားဖို့ကလည်း ဝေးလှပါတယ်။
ဒါပေမဲ့ အဲဒီအချက်တွေအားလုံးကိုပဲ ရနိုင်သလောက်အသုံးချရမှာပါ။
နောက်ထပ်၂နှစ်လောက်အတွင်း အထွေထွေသပိတ်ကြီးဖန်တီးရမယ်။
ဒါဟာ တစ်တိုင်းပြည်လုံးရဲ့ လူထုအုံကြွမှုကြီးဖြစ်စေရပါမယ်။
ဒီအချိန်မှာ ပြည်တွင်းစစ်ကိုလည်းတစ်ဘက်က ဖန်တီး။
အန်တီစုဘက်ကလည်း အရေးဆို။
နိုင်ငံတကာကလည်း တွန်းအားပေးရင်တော့ အခြေအနေတွေပြောင်းလဲလာနိုင်ပါ
အဲဒီပန်းတိုင်ရောက်အောင် အထက်ကတင်ပြခဲ့တဲ့ အင်အားစု၅စုက လုပ်ရမှာပါ။
ဒါတောင်မှလည်း စစ်အာဏာရှင်တွေလုံးဝပြုတ်ကျသွား
သူတို့ဟာ အစိုးရမဟုတ်ပါ။ နိုင်ငံကို သေနတ်ပြသိမ်းထားတဲ့ ဓားပြတွေသာဖြစ်ပါတယ်။
ဓားပြမှ အရင်စစ်တန်းလျားမှာ ငတ်ပြတ်နေတဲ့ဓားပြကို အခုပလ္လင်ပေါ်တက်ခွင့်ရတော့ အရသာသိပြီး
သေမှဆင်းမယ်ဆိုတာမျိုးဖြစ်နေပြါ
ဒါပေမယ့် ခုနကတင်ပြသလို ပန်းတိုင်အထိ ရောက်အောင်လုပ်နိုင်မယ်ဆိုရင်ေ
အာဏာရူးတွေ ပြောင်းလဲလာလိမ့်မယ်လို့ ယူဆရပါတယ်။ ပြည်သူတွေကို လျှော့ပေးလာမယ်။
လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့်ရှိလာမယ်။ တရားလက်လွတ်လုပ်နေတာမျိုးကနေ ဥပဒေနဲ့အညီလုပ်လာမယ်။
ဒီနောက်ပိုင်းမှာမှ နောက်တစ်ခေါက် ရွေးကောက်ပွဲမှာ ပြည်သူ့ဘက်သားတွေ အလုံးစုံ အောင်မြင်မှုရပြီး
တကယ့်ဒီမိုကရေစီအစစ်ဆီ ကူးပြောင်းနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
စစ်အာဏာရှင်အစိုးရကို ဖော်လံဖားတဲ့အနုပညာရှင်တွေကို Black List သွင်းကြစို့
ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးအတွက် သိပ်အရေးကြီးပါတယ်။
အနုပညာသမားဆိုတာ ပြည်သူကြားမှာ Icon ဖြစ်တယ်။ သူတို့ကို ဖိအားပေးခြင်းအားဖြင့် သူတို့ဟာ
စစ်အာဏာရှင်တွေအတွက် ၀ါဒဖြန့်ချိပေးတာမျိုးကို ရှောင်ကြဉ်လာပြီး ပြည်သူ့ဘက်ကရပ်လာမယ်။
နောက်ဆုံး ပြည်သူအတွက်လုပ်တဲ့ ကိုဇာဂနာတို့၊ ကိုကျော်သူတို့လို အသိတရးမျိုးရှိလာမယ်ဆိုရင်
မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှု
ဒီနေရာမှာ စစ်အာဏာရှင်အစိုးရကို ဖော်လံဖားတဲ့အနုပညာရှင်ဆိုရာမှာ ...
အဓိကအားဖြင့် သူတို့စိတ်ဓာတ်နဲ့သူတို့ စစ်အာဏာရှင်အစိုးရဘက်က အတင်းရပ် ကပ်မြှောင်လုပ်နေတဲ့သူတွေကို
အဓိကဆိုလိုချင်တာဖြစ်ပါတယ်။ ဥပမာ ... ကြံ့ဖွံ့လွင်မိုးတို့၊ လျှပ်တပျက်မြတ်ခိုင်တို့ပေါ့။
ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်အစိုးရကို တိုက်ရိုက်အပြစ်ပေးချင်လို့မလွ
သူတို့က သေနတ်နဲ့ အတင်းခြိမ်းခြောက်ထားတယ်။ ပြီးတော့ သူတို့ဟာ ပြည်သူကျွေးတဲ့ထမင်းကို
တိုက်ရိုက်စားနေသူတွေ မဟုတ်ဘူး။
အနုပညာသမားတွေကတော့ ပြည်သူကျွေးတဲ့ထမင်းကို တိုက်ရိုက်စားနေသူတွေ ဖြစ်တယ်။
သူတို့ကို စစ်အာဏာရှင်အတွက်လုပ်ပေးလို့ ပြည်သူက ဒါဏ်ခတ်လိုက်မယ်ဆိုရင် ...
ဒါဟာ တစ်နည်းအားဖြင့် စစ်အာဏာရှင်တွေကို သွယ်ဝိုက်သောနည်းအားဖြင့် ဒါဏ်ခတ်ခြင်းလဲ ဖြစ်ပါလိမ့်မယ်။
အမြင်သာဆုံးပြပါ့မယ်။
ဖော်လံဖားမြတ်ခိုင်ထုတ်နေတဲ့ဂျာ
လျှပ်တပြက်ရယ်၊ မော်နီတာရယ်၊ First Line Up ရယ်ပါ။
အဲဒီဂျာနယ်တွေကို ပြည်သူတွေက လုံးဝအားမပေးကြနဲ့။ ဆိုင်တွေမှာလဲ တင်မရောင်းကြနဲ့။
အဲဒီဂျာနယ်ဝယ်ဖတ်တဲ့သူတွေကိုလဲ ကဲ့ရဲ့ကြမယ် ရှုံ့ချကြမယ်ဆိုရင် မြတ်ခိုင်ဘာနဲ့သွားစားမလဲ။
ဒီလို အနုပညာသမားနည်းနည်းလောက်ကို ထင်ထင်ရှားရှား ပညာပေးလိုက်ရင် အားလုံးလန့်သွားလိမ့်မယ်။
ဒီနောက်ကမှ စီးပွားရေးသမားတွေလာမယ်။ စစ်အာဏာရှင်တွေနဲ့ ပင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို
သပိတ်မှောက်ကြမယ်ပေါ့။
နောက်ကမှ ပညာရေးလောက၊ ကုန်သွယ်ရေးလောက၊ ... စသဖြင့် တစ်ခုစီ လာပါမယ်။
ဒီလို တစ်ဆင့်စီလုပ်သွားရင် မြန်မာပြည်ထဲမှာကိုပဲ စစ်အာဏာရှင်တွေဟာ အထီးကျန်ဖြစ်လာလိမ့်မယ်။
ပြည်ပက စီးပွားရေးပိတ်ဆို့တာကို သူတို့မမူပေမယ့် ပြည်တွင်းက ပိတ်ဆို့မှုတွေကိုရော သူတို့
ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ကြရအောင်။
သူတို့ကို တိုက်ရိုက်လုပ်တာမဟုတ်လို့ ပြင်းပြင်းထန်ထန်အရေးယူလို့မရတာ
အန္တရာယ်လဲကင်းတယ်။ ဒါကြောင့် ဒီနည်းဟာ လွယ်လည်းလွယ်။ ထိလည်းထိရောက်မှုရှိလိမ့်မယ်လို့ ယူဆပါတယ်။
ဒါကြောင့် အခုကစပြီး တိုက်တွန်းပါတယ်။
စစ်အစိုးရကို ဖော်လံဖားတဲ့ သစ္စာဖောက်အနုပညာသမားတွေကို ပြည်သူက ကျဉ်ကြရအောင်။
သူတို့ လုပ်တာတွေ တစ်ခုမှ အားမပေးနဲ့။
သူတို့လုပ်သမျှ ဆန့်ကျင်ကြစို့။
ဒါမှ ဒီလူတွေကို တကယ် ထမင်းကျွေးနေတာ စစ်အာဏာရှင်တွေလားပြည်သူတွေလား
ပြည်သူကျွေးတာစားပြီး စစ်အာဏာရှင်အစိုးရကို ဖော်လံဖားတဲ့ကောင်တွေကို မှတ်လောက်သားလောက်အောင်
ပညာပေးရမယ်။
လောလောဆယ် ကြံဖွံ့လွင်မိုးနဲ့ လျှပ်ပျက်မြတ်ခိုင်ကို အဆိုပြုပါတယ်။
တခြားသူတွေလည်း အဆိုပြုကြပါ။
ယနေ့ မြန်မာစာပေလောကတွင် ကြုံတွေ့နေရသော ပြဿနာများ
အဓိကအားဖြင့် မြန်မာစာပေလောကမှာကြုံနေရတဲ့ ပြဿနာတွေဟာ စာပေစိစစ်ရေးကြောင့်ဖြစ်ပါတယ်။
ကျွန်တော်ဟာ မြန်မာစာပေလောကသားတစ်ယောက်ပါ။ ဒါကြောင့်မြန်မာစာပေနယ်မှာ စာပေစိစစ်ရေးဟာ
ဘယ်လောက်ဆိုးရွား ဒုက္ခပေးလှတယ်ဆိုတာကို အချက်အလက်တွေရှာဖွေပေးပို့လိုက်
ဖြစ်နိုင်ရင် ခင်ဗျားတို့အနေနဲ့ တစ်ပြည်လုံးသိအောင် ဖြန့်ချိပေးပါခင်ဗျား
၁။ စာပေစိစစ်ရေးတွင် တိကျသော မူဝါဒမရှိပါ။
စာပေစိစစ်ရေးဟာ မြန်မာစာပေအညွန့်တုံးဖို့သက်သက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
သူတို့ရဲ့ စည်းကမ်းတွေဆိုပြီး စာအုပ်စိမ်းလေးတစ်အုပ်နဲ့ စည်းကမ်းချက်၁၀၀လောက်ထုတ်ထားပါ
ဒါပေမယ့် တိကျရေရာတဲ့၊ ဥပဒေသဘောသက်ဝင်တဲ့ အချက်တစ်ချက်မှ မပါပါ။
အကုန်ယေဘုယျသဘော လျှောက်ရေးထားတာချည်းပါပဲ။
ဥပမာအားဖြင့် ... မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သော စာပေများရေးသားခွင့်မပြု ဆိုတာမျိုး
လူငယ်များအတုယူမှားစေနိုင်သောစာ
ချည်းပါ။ အဲဒီလို အချက်တွေက အဓိပ္ပါယ်ကောက်ရတော်တော်ခက်ပါတယ်
မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သောဆိုတာ ဘာကို ခေါ်တာလဲ။ လုံချည်မ၀တ်တာ ဘောင်းဘီဝတ်တာ ကို ဆိုလိုတာလား။
ဒါဆို တပ်မတော်နေ့အခမ်းအနားဟာ ပိတ်ပင်သင့်တဲ့အခန်းအနားတစ်ခြု
အားလုံးဘောင်းဘီဝတ်ကြလို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်သူမှ မညီတာကြောင့်ပါ။
တကယ်တော့ စည်းမျဉ်းတစ်ခုဆိုတာ ဒီလိုယောင်ဝါးဝါးချလို့ရတာမှမဟု
ဒါမှ လိုက်နာဖို့ ဥပဒေဖြစ်မယ်လေ။
၂။ စာပေစိစစ်ရေးဝန်ထမ်းများမှာ အရည်အချင်းမပြည့်မီပါ။
အထူးသဖြင့် စာပေကို နားလည်နိုင်တဲ့ဥာဏ်ရည်မရှိတာပါ
ညွှန်မှုးကစလို့ အဆင့်ဆင့်ဝန်ထမ်းအားလုံးဟာ အကြောက်တရားနဲ့သာ လည်ပတ်နေကြတာဖြစ်တယ်။
ဒီစာလေးလွှတ်လိုက်ရင် ငါ့ကို အထက်လူကြီးကများဆူလေမလား အပြစ်ပြောလေမလား။
အလုပ်ဖြုတ်လေမလားဆိုတဲ့စိတ်နဲ့ လုပ်ကိုင်နေရတာကြောင့် မလိုလားအပ်ပဲ စာပေများစွာ ဖြတ်တောက်ခြင်းခံနေပါတယ်။
ဒါဟာလည်း အထက်အချက်၁မှာပြောထားသလို အဓိပ္ပါယ်တိကျတဲ့ဥပဒေမရှိတာကြော
သူတို့လုပ်ပုံက အထက်လူကြီးတစ်ယောက်ယောက်လာရင် သြ၀ါဒတွေခြွေသွားတယ်။
အဲဒါကို စာအုပ်လေးနဲ့လိုက်မှတ်ပြီး အဲဒီလူကြီးပြောသွားတာတွေဟာ ဥပဒေတွေဖြစ်နေရောပဲ။
ဥပဒေကို ဒီလိုပြဌာန်းလို့ရသလား။ အဖွဲ့အစည်းနဲ့စနစ်တကျ တည်ဆောက်ပြဌာန်းရမှာမဟုတ်ဘူးလား
ပြီးတော့ စိစစ်ရေးရဲ့ ဌာနတွင်းအစည်းအဝေးတွေဟာလည်း အဆင်ဆင့် ဆူပူကြိမ်းမောင်းတဲ့ပွဲတစ်ပွဲသာ
အပတ်စဉ်အစည်းအဝေးရှိပါတယ်။ များသောအားဖြင့် ဗိုလ်မှုတင့်ဆွေဆိုတဲ့လူက သူ့ထက်အသက်ကြီး ၀ါကြီးတဲ့ ၀န်ထမ်းတွေကို
၂ပြားမတန်အောင် ဆဲနေတဲ့ပွဲတွေချည်းပါပဲ။
ဒီတော့ စိစစ်ရေးဝန်ထမ်းအားလုံးဟာ အပတ်စဉ်မှာ အဆဲမခံရရေးသည်သာ ဦးစားပေးလုပ်ဆောင်တဲ့အရာဖြစ်ေ
၃။ စာပေစိစစ်ရေးတွင် အကြီးအကျယ်လာဘ်စားနေကြသည်။
ရုတ်တရက်ကြည့်ရင် ဘာစားပေါက်မှ မရှိဘူးထင်ရတဲ့ စိစစ်ရေးညွှန်မှုးဗိုလ်မှုးတင့်ဆွေ
သိန်းထောင်ကျော်တန် ကွန်ဒိုတိုက်ခန်းကြီး ၀ယ်ထားပါပြီ။
လာဘ်ပေးသူတွေကို မျက်နှာလိုက်ပြီး လာဘ်မပေးနိုင်သူတွေကို ဖိနှိပ်တာ စာပေစိစစ်ရေးရဲ့ ထုံးစံလိုဖြစ်နေပါတယ်။
စာအုပ်တစ်အုပ်ပဲတင်တင် စာနယ်ဇင်းပဲတင်တင် ရုံးအတွက်လက်ဆောင်ဆိုပြီးသပ်သပ်
အနည်းဆုံး ဂျာနယ်ဆို ၃၀ ၄၀ ။ စာအုပ်ဆို ၅၀ ၆၀ ပေး၇တာပါ။ အဲဒါတွေကို ထုတ်ဝေသူတွေက မဖြန့်ရသေးခင် သူတို့က
အပြင်မှာ ရောင်းစားပါတယ်။
စာနယ်ဇင်းတွေထဲမှာ မြတ်ခိုင်ရဲ့ လျှပ်တပြက်အုပ်စု၊ စာပေတိုက်တွေထဲမှာ အောင်မြင်စာပေတို့ဟာ
စိစစ်ရေးကို လာဘ်အကြီးအကျယ်ပေးနေသူတွေဖြစ်ြ
ဒါကြောင့် မြတ်ခိုင်တို့ဂျာနယ်တွေဟာ တခြားသူတွေထက် အခွင့်အရေးအများကြီးပိုရတယ်။
တခြားမှာ ဖြုတ်တဲ့သတင်းကို သူတို့ဆီထည့်ခွင့်ရတယ်။
တချို့မျက်နှာမွဲဂျာနယ်လေးတွေဆိ
ဂျာနယ်တွေအတွက် ထွက်ခါနီးမှ ကပ်ရတဲ့အရေးကြီးသတင်းတွေကို နောက်ဆက်တွဲဆိုပြီး တင်လို့ရပါတယ်။
တကယ်လို့ သတင်းတစ်ခုဟာ ကိုယ့်ဂျာနယ်အတွက် လှုပ်လောက်တဲ့သတင်းဖြစ်နေမယ်ဆို
စာပေစိစစ်ရေးက စာရေးမတွေက မြတ်ခိုင်ကို ဖုန်းနဲ့ သတင်းပေးပါတယ်။
မြတ်ခိုင်က စိစစ်ရေးကို ပိုက်ဆံပေးထားပြီး တခြားဂျာနယ်တွေရဲ့ သတင်းဦးကို အဲဒီလိုခိုးပါတယ်။
အောင်မြင်စာပေကျတော့ စာရေးဆရာအစစ်မယ်မယ်ရရမရှိပဲ စာရေးချင်သူတွေဆ်ီက စာမူတွေကို
၃သောင်း၎သောင်းလောက်နဲ့ဝယ်ပြီး ကလောင်နာမည်အမျိုးမျိုးတပ်ရောင်
သူတို့ထုတ်သမျှကလည်း ညစ်ညမ်းစာပေ အဆိပ်အတောက်စာပေတွေချည်းများပါ
အဲဒီစာမူမျိုးတွေ တခြားတိုက်ကတင်ရင် မကျပေမယ့် သူတို့တိုက်ကတော့ လာဘ်ပေးထားတာကြောင့် ဆင်ဆာခွင့်ပြုပါတယ်။
၎။ စာပေစိစစ်ရေးသည် အကြွင်းမဲ့အာဏာရှင်ပုံစံဖြင့် တည်ဆောက်ထားသည်။
လူဆိုးသူခိုးပဲဖြစ်ဖြစ် မုဒိန်းမှု လူသတ်မှုပဲဖြစ်ဖြစ် အယူခံဝင်လို့ရပါတယ်။
စာမူတစ်ခု စာအုပ်တစ်အုပ်ကို ပိတ်ပင်ရင်တော့ လုံးဝအယူခံဝင်ခွင့်မရှိပါ။
စာရေးဆရာတွေဆို အပိတ်ပင်ခံရတဲ့ သူတို့စာမူကို ပြန်ထုတ်ယူခွင့်တောင်မရတော့ပါ။
သိမ်းတယ်ဆိုပြီး အပြီးအပိုင်ပိတ်လိုက်ပါတယ်။
ဘာကြောင့်ပိတ်သလဲ အကြောင်းပြချက်မပေးပါ။ ပေးရင်လဲ အချက်၁ မှာဖော်ပြထားသလို ယောင်ဝါးဝါး
အကြောင်းပြချက်တွေချည်းပါပဲ။
တကယ်လို့ စာရေးဆရာတစ်ယောက်ဟာ ကိုယ့်စာမူအပိတ်ခံရလို့ ညွှန်မှုးကို ၀င်တွေ့ချင်ရင်လည်း အတွေ့မခံပါ။
ညွှန်မှုးရုံးခန်းရှေ့က စာရေးကတင် အတော်ရိုင်းရိုင်းပျပျဆက်ဆံတာခံ
ညွှန်မှုးရှိလျက်နဲ့ မရှိဘူးပြောတာမျိုး။ ခင်ဗျားတို့လို ကိစ္စအသေးအဖွဲအတွက် ညွှန်မှုးခေါင်းရှုပ်မခံနိုင်ဘူး စတဲ့စကားတွေနဲ့
မိုက်မိုက်ရိုင်းရိုင်းပြောလွှတ်
ညွှန်မှုးရုံးခန်းဟာ တံခါး၂ပေါက်ရှိပါတယ်။ ညွှန်မှုးဝင်တဲ့အပေါက်က တစ်ဘက်။ စာပေလောကသားတွေဝင်ဖို့ မလွယ်ပေါက်
လေးက တစ်ဘက်ပါ။ အဲဒီမလွယ်ပေါက်လေးက ၀င်ခွင့်ရဖို့တောင် ညွှန်မှုးကို လာဘ်ထိုးနေကြသူတွေသာ ၀င်နိုင်ပြီး
အပေါက်စောင့်စာရေးကို လာဘ်ပေးပြီးမှ ဖြတ်သန်းရတာ ဖြစ်ပါတယ်။
၅။ စာပေစိစစ်ရေးသည် စာပေဆိုင်ရာ စီးပွားရေးလုပ်ငန်းအား စစ်အာဏာရှင်တစ်စုသာ လုပ်နိုင်အောင် ကန့်သတ်ထားသည်။
အခု ထုတ်နေတဲ့ ဂျာနယ်တွေကို ကြည့်ပါ။ အများစုက စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်းပါပဲ။
7Days အုပ်စုက သောင်းစုငြိမ်းဆိုတဲ့ ၀န်ကြီးသား။
Eleven Media Group က စိုးရှိန်ဆိုတဲ့ ဗိုလ်ချုပ်မှုးကြီးတူ ရှယ်ယာပါတယ်။
ရန်ကုန်မီဒီယာဂရုပ်က ကိုကို(စက်မှု) ဆိုတဲ့ ဖော်လံဖား။
ပြည်မြန်မာအုပ်စုက ကြံဖွံအမတ် ဒေါက်တာတင်ထွန်းဦး။
ပေါ်ပြူလာအုပ်စုက ဗိုလ်ချုပ်ဝင်းမြင့်ရဲ့ သားသမီးတွေ။
လျှပ်တပြက်အုပ်စုကတော့ သစ္စာဖောက်မြတ်ခိုင်။
... အစရှိသဖြင့် အားလုံးဟာ စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်းဖြစ်ပါတယ်။
အဲဒီလိုလူတွေကိုတော့ တစ်ဦးတစ်ဦးကို ဂျာနယ် ၅စောင် ၆စောင်စီလောက် လုပ်ခွင့်ပေးထားပြီး
စာပေသမားစစ်စစ်တွေအတွက်ကတော့ ဂျာနယ်ထုတ်ဝေခွင့်ကတ်ဝယ်ထုတ်ြ
သတင်းဂျာနယ်အတွက် ထုတ်ဝေခွင့်ကတ်က အပြင်ပေါက်ဈေး သိန်း၅၀အထက်မှာရှိပြီး
တခြားအမျိုးအစားဂျာနယ်တွေအတွက်
ဒါတောင် နောက်ခံစစ်အာဏာရှင်အဆက်အသွယ်မရှ
အဖြတ်အတောက် သူများထက်ပိုခံရတာမျိုးနဲ့ အမျိုးမျိုးဒုက္ခပေးပါတယ်။
၆။ စာကောင်းပေမွန်များ အထွက်နည်းရေးသည် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်ဖြစ်သည်။
တော်ရုံတန်ရုံလူဟာ စာအုပ်ထုတ်ဖို့ဆိုရင် စာပေစိစစ်ရေးကိုကြောက်တာနဲ့ စိတ်ပျက်သွားလောက်ပါတယ်။
စာအုပ်တစ်အုပ်ကို သုံးကြိမ်တိတိအပြန်ပြန်အလှန်လှ
ပထမအဆင့် - စာမူတင်ပြရတာပါ။ စာမူသုံးစုံ တင်ပြရပါတယ်။
အဲဒီစာမူသုံးစုံကို စာစစ်မှုးလို့ခေါ်တဲ့စာရေးကနေ ဌာနခွဲမှုး၊ ဌာနမှုး၊ လက်ထောက်ညွှန်မှုး၊ ဒုညွှန်မှုး။ ညွှန်မှုးစသဖြင့်
အဆင်ဆင့်ဖတ်ပြီး အကြိမ်ကြိမ်ဖြတ်တောက်ပြင်ဆင်မြှု
အဆင့်တစ်ဆင့်တစ်ဆင့်(လူတစ်ယောက်
ဒီအဆင့်မှာတင် ခွင့်ပြုချက်မရတော့တာက တစ်လကို အုပ်၄၀၀ခန့်ရှိပါတယ်။
ဒုတိယအဆင့် - မျက်နှာဖုံးတင်ပြရပါတယ်။
ဒီအခါမှာလည်း ခုနကလိုပဲ အဆင့်ဆင့် ဖြတ်တောက်ပြင်ဆင်ကြသေးတာပါ။
ဒီလိုမျက်နှာဖုံးတင်ချိန်မှာ မျက်နှာဖုံးကို မကြိုက်ရင် အကြိမ်ကြိမ်ပြောင်းလဲခိုင်းသလို
ဒီအချိန်ကျမှ စာပေစိစစ်ရေးမှာ မူဝါဒအပြောင်းအလဲဖြစ်တာကြောင့် ပထမအဆင့်ခွင်ပြုထားပြီးသား
စာမူကိုပါ ပြန်ပိတ်လိုက်တာမျိုးလည်းရှိပါ
မူဝါဒအပြောင်းအလဲဆိုတာကလဲ တစ်လတစ်ကြိမ်လောက်ဖြစ်နေတာမျိုး
အပတ်စဉ်အစည်အဝေးမှာ အထက်လူကြီးရဲ့ နှုတ်ထွက်စကားတစ်ခွန်းဟာ ဥပဒေပါပဲ။
ဒီလိုအဆင့်ကျမှ ပြန်အပိတ်ခံရတဲ့ စာမူပေါင်းက ပျမ်းမျှ တစ်လကို အုပ်၁၀၀ခန့်ရှိပါတယ်။
နောက်ဆုံးအဆင့်ကတော့ - ချုပ်လုပ်ပြီး ဖြန့်ချီရန်စာအုပ်တင်ပြရတာပါ။
ဒါကို မူချောတင်တယ် ခေါ်ပါတယ်။ ဒီအချိန်မှာလည်း အခန့်မသင့်ရင် ပြန်ပိတ်တာမျိုးရှိနိုင်ပါတယ်။
ဒါမှမဟုတ် စာမူဘ၀မှာသူတို့ ဖြတ်တောက်ပြင်ဆင်ထားတဲ့ထဲက တစ်လုံးတစ်လေများမှားယွင်းရိုက်
တစ်ခါတည်း စာအုပ်အားလုံးပြန်ရိုက်ခိုင်းပါ
ဒီလိုအဆင့်ဆင့်စော စိတ်ဒုက္ခငရဲတွေကို ဖြတ်သန်းပြီးလို့မှ စာအုပ်စာတမ်းအဖြစ်ထုတ်ဝေလိုက်ြ
သူတို့ဂရုမပြုမိလိုက်တဲ့ အရေးအသားတစ်ခုတစ်လေကိုများ ကောင်းနိုးရာရာတင်ပြတဲ့သဘောနဲ့
နိုင်ငံရပ်ခြားအသံလွှင့်ဌာနတွေက တင်ပြလိုက်တာမျိုးဖြစ်စေ။
ပြည်သူတွေကြား ပျံ့နှံ့သွားတာမျိုးဖြစ်စေ ...
သူတို့မကြိုက်တာမျိုးဖြစ်လာရင်ေ
နောက်နောင် သူရေးသမျှ လိုက်ပိတ်တော့တာပေါ့။
ဒါကြောင့် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်သည် စာကောင်းပေမွန်များ အထွက်နည်းရေးဖြစ်သည်လို့
ပြောတာဖြစ်ပါတယ်။
Forward Mail မှရှိဖေါ်ပြပါသည်။
မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင့် တိုက်ပွဲဝင်အံ့
How to Get Real Demo in Burma






