မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမူ နောက်ဆုံးနေ့ များနှင့် စစ်အာဏာရှင်စနစ် ကျဆုံးခန်းများ တွေ့ ရှိခြင်း
နိဒါန်း။ ။
မြန်မာနိုင်ငံ၏ နိုင်ငံရေးကံကြမ္မာနောက်ဆုံးနေ့ များနှင့် စစ်အာဏာရှင်စနစ်ကျဆုံးခြင်း ပြသနာများကို လေ့လာကြည့်သောအခါ အချက်(၃ ) ချက်ကို ဆန်းစစ်ကြည့်ရသည်။ ယင်းမှာကာယကံရှင်ဖြစ်သော ဒီမိုကရေစီအင်အားစုများ၏ မှန်ကန်သောဘ၀အနေအထားများနှင့် စစ်အုပ်စုတို့ ၏ရပ်တည်သောအနေအထားများ ကွာဟနေမူဖြစ်ကြောင်း လေ့လာတွေ့ ရှိရသကဲ့သို့  ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် အာဆီယံအဖွဲ့အစည်းများ၏ ချဉ်းကပ်ပုံချဉ်းကပ်နည်းများ လွှဲချော်နေမူကြောင့် ဤပြသနာများကို မဖြေရှင်းနိုင်ကြောင်း သိသာနိုင်သည်။ ဆိုလိုသည်မှာ ဤသုံးဦးသုံးဖလှယ်မှာ နောက်တပါတ်ဆိုလျှင် မြန်မာနိုင်ငံ၏ကံဆိုးမိုးမှောင်နေ့ ဖြစ်သောနိုဝင်ဘာလ - ၇- နေ့ တွင် အဆုံးသတ်ကြတော့မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၈၈ ခုနှစ်ကမှ ယခုအချိန်ထိ စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်၍ ဒီမိုကရေစီအင်အားစုများက တောင်းဆိုတိုက်ပွဲဝင်မှုသည် မြန်မာနိုင်ငံကို ဒီမိုကရေစီအခွင့်အရေးပြည့်ဝစွာရရှိစေရေးကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းမှာပကတိအနေအထားအရ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်ခြင်းပင်ဖြစ်သည်။ ခုအချိန်ထိ နအဖစစ်အစိုးရမှ ပါတီစုံဒီမိုကရေစီဖေါ်ဆောင်ရေးအတွက် ရွေးကောက်ပွဲကို ကျင်းပရသည်ဆိုခြင်းမှာ သမိုင်းအဖြစ်ကျန်ရစ်နေသော ၈၈ ဒီမိုကရေစီအရေးအခင်းနှင့် ၉၀ ခုနှစ် ပါတီိစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြောင့်ဖြစ်သည်။ စစ်အစိုးရ၏ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဖြစ်သော်လည်း လူကိုရွေးချယ်ခြင်းဖြစ်ကာ မူကိုပြောင်းလဲခြင်းမဟုတ်။
အဓိပ္ပါယ်မှာ စစ်အာဏာရှင်စနစ်ကို ဆက်လက်အကောင်အထည်ဖေါ်ဆောင်သွားမည့် အငြိမ်းစားစစ်ဗိုလ်လူထွက်များ၏ အုပ်ချုပ်မူယန္တယားစနစ် အသက်သွင်းခြင်းဖြစ်သော ရွေးကောက်ပွဲဖြစ်သည်။ ၉၀ ခုနှစ် ရွေးကောက်ပွဲ၏ရလဒ်သည် ဒီမိုကရေစနစ်ကို ရှင်သန်စေရန်ဦးတည်ခြင်းဖြစ်ရာ ယင်းရလဒ်ကိုအကောင်အထည်မဖေါ်နိုင်သမျ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ ဒုတိယဆန်သောရွေးကောက်ပွဲကို လက်ခံနိုင်စရာအကြောင်းမရှိ။ ပထမအကြိမ်ရွေးကောက်ပွဲကို အသိအမှတ်မပြုခြင်းသည် နောက်လာမည့် မည်သည့်ရွေးကောက်ပွဲမျိုးဖြင့် အစားထိုး၍မရနိုင်ကြောင်း ဒိဌလက်ငင်း ဖြေရှင်းပြထားသောအရာသာဖြစ်သည်။ ဤပြသနာမှာ မြန်မာနိုင်ငံ၏ပကတိလက်တွေ့ ကျသော နိုင်ငံရေးပဋိပက္ခဖြစ်သည်။
ဒီမိုကရေစီအင်အားစုများ၏ အဖြေထွက်နိုင်ခဲ့ သော လှုပ်ရှားမူများ။
စစ်အာဏာရှင်စနစ် ကျဆုံးစေရေးအတွက် နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ထိရောက်သောနည်းလမ်းများကို အသုံးပြုခဲ့ ကြသည့် ငြင်းမရသောအချက်များရှိခဲ့ သည်။။ ယင်းမှာဝန်ကြီးချုပ်ဟောင်းဦးနု၏စင်ပြိုင်အစိုးရဖွဲ့ စည်းခြင်း။ ဒေါက်တာစိန်ဝင်းတို့ ပါဝင်သော စင်ပြိုင်အစိုးရဖွဲ့ စည်းရေး စသည်များသည် အဓိကအားဖြင့် စစ်အစိုးရကို ဖြုတ်ချလို၍ ကြိုးစားမူဖြစ်သည်။ ဒီယင်းအရေးအခင်းသာ မဖြစ်ပေါ်ခဲ့ လျှင် တနိုင်ငံလုံးအံကြွမူကြီးဖြင့် စစ်အာဏာရှင်စနစ်ကို ပြောင်းလဲသွားစေနိုင်မည့် အလားအလာရှိနေခဲ့ သည်။ ၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၌ လက်နက်အားကိုးဖြင့် မနှိမ်နှင်းခဲ့လျှင် စစ်အုပ်စုတို့ ၏ယန္တယားမှာ ၈၈ ခုနှစ်အရေးအခင်းလို ဖြစ်မြောက်သွားနိုင်သည်။ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ ဦးမောင်မောင် ဦးစီးသောအဖွဲ့ မှ ကုလသမဂ္ဂ၏ နအဖစစ်အစိုးရအား နေရာဖယ်ရှားပေးရေးတောင်းဆိုမူတို့ မှာ ပြည်ပ၌အပြင်းထန်ဆုံးလှုပ်ရှားမူဖြစ်ခဲ့သည်။ ဤလှုပ်ရှားမူတို့ မှာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားလိုသော အဓိကအရင်းခံပြသနာကို ကောက်ချက်ချထားမူပင်ဖြစ်သည်။ စင်စစ်လည်းဒီမိုကရေစီအင်အားစုတို့ မှာ နအဖစစ်အစိုးရကိုဖြုတ်ချရေးထက် အခြားနည်းလမ်းများမရှိ။ စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမူကော်မီတီကလည်း ဟန်ချက်ညီညီဖြင့် ပြည်တွင်းပြည်ပအင်အားစုများနှင့် ပူးပေါင်းလှုပ်ရှားနေရာ ယင်းမှာအန္တိမရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဆောင်နေကြခြင်းဖြစ်သည်။ အထူးသဖြင့် စစ်အာဏာရှင်လူထုလှုပ်ရှားမူကော်မီတီမှ အထွေထွေသပိတ်ဖြစ်ပေါ်ရေးကို ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်နေပြီး ပြည်တွင်းအင်အားစုများနှင့် ကြးဖြတ်အစိုးရဖြစ်ပေါ်ရေးအတွက် လက်တွဲတိုက်ပွဲဝင်နေခြင်းမှာ အားရစရာကောင်းနေသည့်အဖွဲ့ အစည်းကြီးတခုဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ အမျိုးသမီးများအပေါ်အကြမ်းဖက်ညှင်းပမ်းနှိပ်စက်သည့် ရာဇ၀တ်ပြစ်မူနှင့် ပါတ်သက်၍ ကြားနာစစ်ဆေးခြင်းဆိုင်ရာ လှုပ်ရှားမူများ၌ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်များနှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးအဆောက်အဦးတွင် ကြားနာခဲ့မူသည် ထိရောက်မူရှိခဲ့သည်။ ညူကလီးယားလက်နက်စက်ရုံတည်ဆောက်မူများနှင့် ဗိုလ်မှူးကြီးစိုင်းသိန်းဝင်း၏ ထုတ်ဖေါ်ချက်မှာ နအဖစစ်အုပ်စု၏ အဓိကအထိုးနှက်ဆုံးခံရသောအချက်ဖြစ်သည်။ ဤအချက်များသည် ယေဘူယျအားဖြင့် အဆုံးစွန်သောအဖြေကို မရရှိခဲ့ သော်လည်း တနည်းနည်းဖြင့် စစ်အစိုးရအပေါ် ပြင်းထန်ရိုက်ခတ်ထားနေဆဲဖြစ်သည်။ သို့ သော်ကံတရားမှာ ပြည်သူများဖက်သို့  ဦးညွတ်တိမ်းစောင်းလာမူများက မရှိသေးသောကြောင့် နှောင့်နှေးကြန့် ကြာနေမူများသာရှိနေခြင်းဖြစ်သည်။ တိတိကျကျ သတ်မှတ်သိရှိထားကြသော အကြောင်းအရာတခုမှာ စစ်အာဏာရှင်စနစ်ဖယ်ရှားရေးဖြစ်ပြီး ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာမည်ကို တထစ်ချယုံကြည်ရင်း ရှိနေကြဆဲဖြစ်သည်။ ယင်းယုံကြည်ချက်များကို စစ်အုပ်စုမှ အသေအချာအသိအမှတ်ပြုထားသောကြောင့် ကြောက်ကန်ကန်နေခြင်းဖြစ်၍ မြန်မာနိုင်ငံ၏နိုင်ငံရေးဇတ်ခုံမှာ ယခုလောက်ဇတ်မျှောရှည်ဖြစ်နေရသည်။
ပကတိမျက်မှောက်ကာလ ပြည်တွင်းနိုင်ငံရေး ရည်မှန်းချက်များကို စောင်းငဲ့ကြည့်ခြင်း။
၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှာ အာဏာလွှဲပြောင်းမရရှိခဲ့ရ၍ ပြည်သူ့ လွှတ်တော်ခေါ်ယူလိုကြသည်။ တာဝန်ရှိသောစစ်အစိုးရမှာ ရွှေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုသောကြောင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ခေါ်ယူနိုင်ရန် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို ဖွဲ့ စည်းခဲ့ ကြသည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို ဖွဲ့စည်းပြီးသည်နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ ဒေါက်တာစောမြအောင်ကို ဖမ်းဆီးခြင်းဖြင့် စစ်အစိုးရသည် သူတို့ ၏ အာဏာဖယ်ရှားရေးလုပ်ငန်းစဉ်ဟူသမျကို ထိပါးတိုက်ခိုက်စေမည့် အဖွဲ့အစည်းများအား ပြတ်သားစွာချေမူန်းတော့သည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီမှာ နှစ်ပေါင်းနှစ်ဆယ်အတောအတွင်း မည်သည့်အခါမျှ လွှတ်တော်ပေါ်ပေါက်ရေးအတွက် မခေါ်ယူနိုင်ခဲ့ ။ မင်းကိုနိုင်ဦးဆောင်သော ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ကိုထင်ကျော် ။ မစုစုနွေးတို့  အကျဉ်းထောင်ထဲ ရောက်သွားရပြီးနောက် ပြည်တွင်းလှုပ်ရှားမူများမှာ အင်အားချိနဲ့ သွားခဲ့ ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီအတွင်းတိုက်ပွဲ၌ နှစ်ခြမ်းကွဲကာ နောက်ဆုံးတွင် ပါတီမှတ်ပုံမတင်သည့် အုပ်စုနှင့် ရွေးကောက်ပွဲဝင်မည့်သူများကတဖက်ဖြစ်သွားကြသည်။ နအဖစစ်အစိုးရ၏ ရွေးကောပ်ပွဲကော်မရှင်မှ ထုန်ပြန်သော အသက်၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ရှိသည်ဆိုသောအချက်နှင့် မဲမပေးလိုပါက မဲမပေးပိုင်ခွင့် ရှိသည်ဆိုသောအချက်ကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ရှင်းလင်းပြသည်။ မဲမပေးရေးဆိုသော ပြည်တွင်းလှုပ်ရှားမူမှာ နအဖစစ်အုပ်စု၏ ဥပဒေကိုချိုးဖေါက်ခြင်းမဟုတ်သောကြောင့် မည်သူမဆိုလွပ်လွပ်စွာ လှုပ်ရှားနိုင်သည်။ အောက်တိုဘာလ ၂၄ ရက်နေ့ တွင် ဇိုမီးအမျိုးသားကွန်ကရက်အဖွဲ့အစည်းမှ ဒုတိယပင်လုံညီလာခံကို ခေါ်ယူရန်အတွက် လက်မှတ်ထိုးကြေညာချက်ကို ထုတ်ပြန်လာသည်။ ဤကြေညာချက်မှာ တိုင်းရင်းသားလူမျိုးများက ရေရည်ဖြစ်နေသော ပြည်တွင်းစစ်မီးကို အဆုံးသတ်စေပြီး အနာဂါတ်မြန်မာနိုင်ငံကို ငြိမ်းချမ်းသောဒီမိုကရေစီနိုင်ငံတခုဖြစ်စေလိုသည့်သောသဘောဖြင့်သူတို့ ၏ရင်တွင်းဆန္ဒကို ထုတ်ပြန်ခြင်းဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးမှာ အရေးကြီးသည်။ ပထမပင်လုံညီလာခံသည် နယ်ချဲ့ အင်္ဂလိပ်အစိုးရလက်မှ လွပ်လွပ်ရေးတောင်းဆိုသောအခါ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့  သွေးစည်းညီညွတ်ကြောင်း သဘောတူလက်မှတ်ထိုး စာချုပ်ချုပ်ဆိုခဲ့ ခြင်းဖြစ်သည်။ ယခုဒုတိယပင်လုံညီလာခ့မှာ နယ်ချဲံ တို့ ထံမှ လွပ်လွပ်ရေးတောင်းဆိုခြင်းမဟုတ်။ ဘာသာတူလူမျိုးတူ စစ်အစိုးရတို့ ထံမှ စစ်မှန်သောလွပ်လွပ်ရေးအရသာကို တောင်းဆိုသည့် သဘောတူစာချုပ်ဖြစ်သည်။ ဤဒုတိယပင်လုံညီလာခံကို ခေါ်ယူရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဝင်းတင်က သဘောတူလက်မှတ်ထိုးပြီး ထုတ်ဖေါ်ပြောဆိုရှင်းလင်းသောအခါ နအဖစစ်အစိုးရ၏ အာဘော်ဖြစ်သော သတင်းစာမှ ခြိမ်းခြောက်သတိပေးစာ ရေးသားလာသည်။ ရွေးကောက်ပွဲကို မဲမပေးရေး ဆိုခြင်းမျိုး ၊ သပိတ်မှောက်သည်ဆိုခြင်းမျိုးကို စစ်အစိုးရမှ မည်သို့ မျှ ဂရုမစိုက် ၊ ဒုတိယပင်လုံညီလာခံ ခေါ်ယူမည့်အရေးကိုမူ သူတို့ သည် ဆတ်ဆတ်ခါနာကျဉ်းသွားကြသည်။ အကြောင်းမှာ ဒုတိယပင်လုံညီလာခံခေါ်ယူရေးကြေညာချက်သည် သူတို့ ၏ရွှေးကောက်ပွဲ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံက ရွှေးကောက်ပွဲတွင် ပါဝင်နေပါသည်ဆိုသော အကြောင်းပြချက်ကို အလှပဆုံးထိုးနှက်လိုက်ခြင်းကြောင့်ဖြစ်သည်။
နိုင်ငံတကာအစိုးရများမှ လျှာနှစ်ခွအတွေးအခေါ်များ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မှတ်ပုံမတင်သည့်နေ့ ကစပြီး ယခုအချိန်ထိ နိုင်ငံတကာသံအရာရှိများက လာရောက်ဆွေးနွေးနေခြင်းမှာ အားတက်စရာဖြစ်သည်။ သို့ သော်ယေဘူယျပြသနာများကိုသာ တင်ပြနိုင်ခြင်းကြောင့် နိုင်ငံတကာအစိုးရများမှာ ရွေးကောက်ပွဲမတိုင်မှီကာလနှင့် ရွေးကောက်ပွဲအလွန်ကာလ ကို နှစ်ပိုင်းခွဲ၍ ပြောဆိုဆက်ဆံနေကြရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားများကိုသာ မေးမြန်းပြီး သူတို့ ၏ ထိရောက်သောနည်းဗျူဟာများကို ချမပြပေးခြင်းဖြင့် သံတမန်များသည် အလုပ်မဖြစ်သည့် သံခင်တမံခင်းစကားကိုသာ ပြောဆိုနေကြသည်။ ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ဆောင်၍ ယခုရွှေးကောက်ပွဲကို လက်မခံပါဟု ပြောဆိုထားခြင်းသည် ရှင်းလင်းနေပါသည်။ သည်လိုဆိုလျင် မည်သည့်အတွက်ကြောင့် မနေ့ ကအထိ ကုလသမဂ္ဂအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက ရွေးကောက်ပွဲတွင် အားလုံးပါဝင်ရေးကို ပြောဆိုတိုက်တွန်းနေရပါသနည်း။
ဒေါ်အောင်ဆန်းစုကြည်အား လွပ်မြောက်ရေးကို တောင်းဆိုနေပြီး ရွှေးကောက်ပွဲ၌ ပါဝင်ခွင့်တောင်းဆိုပေးနေသည်။ ရွှေးကောက်ပွဲ မတိုင်မှီကာလနှင့်ပါတ်သက်၍ မည်သို့ မျှ ပြောဆိုမရသောအခါ ရွေးကောက်ပွဲကာလအလွန်မှာ သူတို့ နှင့် ဆက်ဆံသွားစရာရှိသည်ဟု ဆိုလိုက်ပါသေးသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ကပင် စစ်အစိုးရ၏ မူဝါဒများကို အတိတ်မှာထားခဲ့ ပြီး မူုအသစ်နှင့် သွားရမည်ဟု ပြောဆိုသည်။ လူလည်းမပြောင်း မူလည်းမပြောင်းသော နအဖစစ်အစိုးရ၏ ပေါ်လီစီများကို ထိရောက်စွာမသုံးသပ်ကြသော နိုင်ငံတကာ၏ အားပေးမူကြောင့် ယခုအချိန်ထိ မြန်မာနိုင်ငံသည် ဝေလေလေအဆင့်မှ မကျော်နိုင်ခဲ့ ကြပေ။ အမေရိကန်အစိုးနှင့် ဥရောပသမဂ္ဂအဖွဲ့ ၀င်နိုင်ငံများမှာ စစ်အစိုးရ၏ ရွှေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးပေါင်းများစွာက ၀င်ရောက်ရန် သဘောတူလှုပ်ရှားကြသည်။ထောက်ခံကြသည်ဟု ယုံကြည်သွားရသည်မှာ ရှမ်းလူမျိုး ဟန်ညောင်ဝေကြောင့် ပိုမိုဖြစ်သွားသည်ဟု စာတမ်းများ ၊ အစီရင်ခံစာများအရ သိရှိရသည်။
ဟန်ညောင်ဝေနှင့် အပေါင်းပါတစုကြောင့် ပြည်ပတွင် သုံးပွင့်ဆိုင်ဆွေးနွေးရေးဆိုသော ပြသနာက ထိပ်တိုက်ပြသနာဖြစ်သွားသည်။ တွေ့ ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ နှစ်ဦးချင်းတောင် တွေ့ ခွင့်မရသေး။ ပြည်ပမှ သုံးပွင့်ဆိုင်ဆွေးနွေးရေးကို အော်လိုက်သောကြောင့် ကုလသမဂ္ဂကပါ ထအော်ဖြစ်ကြသည်။ နောက်ဆံးတွင် ပြည်တွင်းမှတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဇိုမီးကွန်ဂရက်အဖွဲ့မှ ပူးကျင်ရှင်းထန်တို့ က ENC ဆိုသောတိုင်းရင်းသားလူမျိုးပေါင်းစုံအဖွဲ့ုအား ပြည်တွင်းမှ လူမျိုးပေါင်းစုံကို ကိုယ်စားမပြုသောအဖွဲ့ အဖြစ်ကြေညာပေးလာရသည်။ ယခုလည်း ဒုတိယပင်လုံညီလာခံခေါ်ယူသည့်အခါ ပြည်ပမှ တိုင်းရင်းသားလူမျိုးပေါင်းစုံအဖွဲ့ က ပူးပေါင်းပါဝင်လာပါက ပြသနာရှိလာမည်ကို သတိနှင့် စောင့်ကြည့် ရန်လိုပါသည်။ ဤပုဂ္ဂိုလ်များကြောင့် နိုင်ငံရေးအရှုပ်တော်ပုံများ ပြည်ပမှာ ဖြစ်ပေါ်နေရသည်။ သူတို့ ကြောင့် ရွှေးကောက်ပွဲတွင် လူပေါင်းစုံ ပါဝင်ရေး။ ပါတီပေါင်းစုံပါဝင်ရေးနှင့် ရွှေးကောက်ပွဲကိ အသိအမှတ်ပြုရေး ဆိုသောအပိုင်းကို ရောက်ရှိသွားခြင်းဖြစ်သည်။ ယင်းကြောင့်လည်း စစ်အစိုးရ၏ရွှေးကောက်ပွဲမှာ ဒီမိုကရေစီအတိုက်အခံကြားမှာပင် နှစ်ခြမ်းကွဲသွားရခြင်းဖြစ်သည်။ နိုင်ငံတကာတွင် တဖက်မှ မဲမပေးရေးနှင့် သပိတ်မှောက်နေချိန် အခြားတဖက်မှာ ရွေးကောက်ပွဲကို ကျားကန်ပေးရေးသူများအဖြစ် ဟန်ညောင်ဝေတို့ အုပ်စုက နိုင်ငံတကာတွင် ရုံးခမ်းတွေဖွင့်ပြီး လှုပ်ရှားပေးနေကြသည်။ ထို့ ကြောင့်လည်း နိုင်ငံတကာမှ ရွှေးကောက်ပွဲအလွန်ကာလမှာပင် စစ်အစိုးရ၏အရပ်သားအစိုးရနှင့် ဆက်ဆံရအုံးမည်ဟု ပြောဆိုလာကြသည်။ နိုင်ငံတကာအစိုးရများမှ ယင်းသို့ ဖြစ်အောင် ပြောဆိုလာကြခြင်းမှာ မီဒီယာအပိုင်းနှင့်လည်း များစွာပါတ်သက်မူရှိသည်။ ဒီမိုကရေစီအတိုက်အခံသမားတို့ ၏ အသံများမှာ ရွှေကောက်ပွဲကို ၀င်လိုကြသောသူများ၏အသံထက် မီဒီယာတွင် နေရာမရရှိ။ အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှာလည်း သီးခြားစီအမြင်အမျိုးမျိုးဖြင့် မြန်မာနိုငငံရေးကို ဦးတည်ရှိနေကြသော်လည်း နောက်ဆုံးတွင် ဒုံရင်းအခြေအနေသို့ သာရောက်ရှိသွားကြသည်။ ယင်းမှာဒေါ်အောင်ဆန်းစုကြည်လွပ်မြောက်ရေးကို မြင်လိုတွေ့ လိုပါကြောင်း ကြေညာချက်ကလေးတစောင်ဖြင့် ပြီးစီးသွားခြင်းသာဖြစ်သည်။ တောင်အာရှနိုင်ငံအဖွဲ့ဝင်ဖြစ်သော အိန္ဒိယနိုင်ငံကမူမြန်မာနိုင်ငံ၏လူ့ အခွင့်အရေးချိုးဖေါက်မူများနှင့်ပါတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စည်းရန်တောင်းဆိုနေမူကို လက်မခံကြောင်း ပြောဆိုလိုက်သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပါတ်သက်လျှင် စီးပွါးရေးဆိုင်ရာရင်းနှီးမြုပ်နှံမူ၌ တရုပ်နိုင်ငံကို ပြိုင်ဆိုင်နေသောနိုင်ငံဖြစ်ရာ နအဖစစ်အစိုးရ၏ မျက်နာလိုမျက်နာရ လိုချင်နေပုံရသည်။ အထူးသဖြင့် နိုင်ငံတကာအစိုးရများ၏ လျှာနှစ်ခွဖြစ်သွားရသော အတွေးအခေါ်များ ဖြစ်ပေါ်ရအောင် အဓိကဖန်တီးသူများမှာ ဟန်ညောင်ဝေလို လူစားးမျိုးဖြစ်ရာ ယင်းလျာနှစ်ခွဖြစ်နေသော နိုင်ငံတကာအစိုးရများ၏ ဖိအားများကိုမူ ရနိုင်လိမ့်မည်ဟု လုံးဝစိတ်ချ မယုံကြည်နိုင်သေးပေ။ ဖန်တီးသူဟန်ညောင်ဝေလိုလူစားမျိုးကို ဒီမိုကရေစီနိုင်ငံရေးလောကတွင် မရှင်းလင်းနိုင်သရွှေ့  သူတို့ က ပြသနာရှာကာ နှောင့်ယှက်နေအုံးမည်မှာသေချာနေသည်။
လက်တွေ့ ကျသော ဗျူဟာများနှင့် အတွေးအခေါ်မြင့်မားရေး
ပကတိမျက်မှောက်ကာလ၏ မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းနိုင်ငံရေးအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများနှင့် ပြည်ပမှနိုင်ငံရေးနားလည်မူ လွှဲမှားနေမူသောကြောင့်ဖြစ်နေရသည်။ ၈၈ ခုနှစ်ကာလကပင် စစ်အစိုးရသည် လက်နက်ကိုင်အကြမ်းဖက်နှိမ်နှင်းခြင်းဖြင့် အရာခပ်သိမ်းကို ထိမ်းချုပ်ထားနိုင်သည်ဟု ဆုံးဖြတ်ချက်ချထားသူများဖြစ်သည်။ နောက်ပိုင်းတွင် ညူကလီးယားလက်နက် ထုတ်လုပ်နိုင်ရေးအထိကို စီမံကွက်ကွဲလှုပ်ရှားလာပြီးဖြစ်သည်။ နိုဗယ်ငြိမ်းချမ်းရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားပြီး စစ်အစိုးရသည် သူတို့ လုပ်ချင်သမျ လုပ်လို့ ရသည်ဟု ထင်မှတ်ထားပုံရသည်။ သို့ သော် ညူကလီးယားလက်နက်စက်ရုံထုတ်လုပ်ရေးနှင့်မူ ဒေါ်အောင်ဆန်းစုကြည်မှ မည်သည့်စကားကိုမျှ ထုတ်ဖေါ်မပြောသေး။ ယခုလည်းေ၇ွှးကောက်ပွဲကို သပိတ်မှောက်လိုက်ပြီဟု ကြေညာလိုက်သည်ဆိုခြင်းမှာ နအဖစစ်အစိုးရအား နိုင်ငံတကာအစိုးရများက အသိအမှတ်မပြုရန် မီးစိမ်းပြလိုက်ခြင်းဖြစ်သည်။ ရွှေးကောက်ပွဲတွင် မဲမပေးရေး ကြွေးကြော်သံဖြင့် လှုပ်ရှားခဲ့သော်လည်း မဲရေတွက်ရာတွင် ကြံ့ဖွံ့နိုင်သွားသည်ဆိုလျှင်တောင် ယင်းနိုင်သွားခြင်းမှာ သပိတ်မှောက်ထားသောကြောင့် ဆိုသောပြသနာက လာနေပြီဖြစ်သည်။
ကြံ့ဖွံ့ပါတီဝင်ပေါင်း ၁၈ သန်းရှိသည်ဟု ကြေညာထားသောကြောင့် မဲပေးသူလူဦးရေစာရင်းမှာ ၁၈ သန်းထက်နည်းပါးစွာ ရရှိသွားလျှင် ကြ့ဖွံ့ပါတီသည် သပိတ်မှောက်ခြင်းကို လက်ခံသွားရမည်ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ရွှေးကောက်ပွဲကို သပိတ်မှောက်ထားသောကြောင့် ဤရွှေးကောက်ပွဲသည် တရားမ၀င်တော့။ ပြိုင်ဖက်မရှိ၍ နိုင်သည်ဟု ဆိုဆို ၊ ပြိုင်ဖက်ရှိ၍နိုင်သည်ဟုဆိုဆို သပိတ်မှောက်ထားသော နိုင်ငံရေးပါတီနှင့် ပြည်သူတို့ က ရှိနေသမျှ ကာလပတ်လုံး ယင်းရွှေးကောက်ပွဲမှာ တရားလည်းမ၀င်။ အစိုးရလည်း မည်သူကမျှ အသိအမှတ်မပြုနိုင်။ နိုင်ငံတကာအစိုးရများမှလည်း အသိအမှတ်မပြုဟု ပြောဆိုနေကြသည်။ ရွှေးကောက်ပွဲမှ အရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့ စည်းလာမည့် အစိုးရကိုလည်း အသိအမှတ်မပြုသောနိုင်ငံများရှိရာ ဤပြသနာကို တိကျစွာရှင်းရှင်းလင်းလင်း နားလည်ရန်လိုပါသည်။
အကယ်၍ရွှေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရကို အသိအမှတ်မပြု လက်မခံလျင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရဖွဲ့ စည်းရေးကို လက်ခံပါမည်လား ဟု လက်တွေ့ ကျသောမေးခွန်းကို မေးမြန်းရန် အချိန် နည်းနည်းရှိပါတော့သည်။ ဤမေးခွန်းကို ကုလသမဂ္ဂအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက မေးနေပါသည်။ မြန်မာနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဖို့ အရေးကြီးနေပါသည်။ စစ်အစိုးရအနေဖြင့် ရွှေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်ပါသည်ဟု ပြောဆိုနေပါသည်။ အချိန်နည်းနည်း ရှိနေပါသေးသည်ဟု ပြောဆိုတိုက်တွန်းနေသည်။ သည်လိုဆိုလျင် လက်တွေ့ ကျသော ဗျူဟာများကို အတွေးအခေါ်မြင့်မားစွာနှင့် ချိန်ထိုးကြည့်ရန်လိုပါပြီ။
မစ္စတာဘန်ကီမွန်း၏ ပြောဆိုထောက်ပြသော အချိန်နည်းနည်းလိုနေပါဆိုသော စကားကို စစ်အစိုးရက မလိုက်နာဟု ယေဘူယျသုံးသပ်ကြည့်ဖို့ လိုပါသည်။ စစ်အစိုးရမှ မလိုက်နာလျင် ဒီမိုကရေစီအတိုက်အခံများဖြစ်သော မိမိကိုယ်တိုင်ကော လိုက်နာသင့်ပါသလားဟု စောကြောမိရမည်ထင်သည်။ နအဖစစ်အစိုးရက မလိုက်နာခြင်းမှာ အာဏာလက်လွှဲပြောင်းပေးရမည်မို့  မလိုကနာခြင်းဖြစ်သည်။ ဒီမိုကရေစီအတိုက်အခံများမှာမူ မြန်မာနိုင်ငံကို အသွင်ကူးပြောင်းရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားမရှိပြီဟု မြင်တတ်ရန်လိုပါသည်။ ယင်းအမြင်ရှိလျင် မစ္စတာဘန်ကီမွန်း၏ အချိန်နည်းနည်းသာ လိုတော့သည်ဟု စကားကို တဖက်လှည့်ပြီး တွေးတောကြည့်ရပေတော့မည်။ ယင်းမှာ မြန်မာ့နိုင်ငံရေးလာကေ၌ ဒေါ်အောင်ဆန်းစုကြည်ကို ရှိနေသင့်သည်ဟု ထင်လျှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆာင်သော လူထုအစိုးရ တနည်းအားဖြင့် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ကုလသမဂ္ဂမှ မစ္စတာဘန်ကီမွန်းအပါအ၀င် ထောက်ခံပါမည်လား ဟု မေးမြန်းခွင့် ရှိနိုင်ရမည်ဖြစ်သည်။ သို့ အတူ အခြားသောအာဆီယံနိုင်ငံများပါမက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံချစ်မြတ်နိုးကြသော နိုင်ငံများ ၊အစိုးရများကို လက်တွေ့ ကျသောဗျူဟာများနှင့် အတွေးအခေါ်မြင့်မားစွာဖြင့် လှုပ်ရှားဆောင်၇ွက်ရမည့်အချိန်လည်း ဖြစ်စ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောဆိုနေသောစကားမှာ စစ်အစိုးရကို ပြောဆိုနေသလို ဒီမိုကရေစီအင်အားစုတွေကိုပါ ပြောဆိုနေပါသလားဟု စဉ်းစားရမည့် အချိန်ဖြစ်သောကြောင့် အတွေးအခေါ်မြင့်င့်မားစွာ သုံးသပ်ရမည်ဖြစ်သည်။ သို့ မှသာ ကံဆိုးမိုးမှောင်နေ့ ဖြစ်သည့် နိုဝင်ဘာလ ရ ရက်နေ့ မတိုင်မှီ ပွဲကသိမ်းသွားမည်ဖြစ်သည်။ အကယ်၍ယင်းသို့သာ ဗျူဟာကောင်းကောင်းနှင့် လက်တွေ့ မဆန်သော နိုင်ငံရေးလှုပ်ရှားမူဖြစ်နေလို့ ကတော့ ရေစီးကြောင်းကမူ မျောနေအုံးမည်ဖြစ်သည်။
ယုံကြည်ချက်ပြင်းပြထားသူများ၏ စိန်ခေါ်မူများ
၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းပြီး ဒီမိုကရေစီအရပ်သားအစိုးရကို ဖြစ်ပေါ်လိုသည့် ဒိမိုကရေစီအင်အားစုများအနေဖြင့် ယခုအချိန်မှာ အရေးကြီးဆုံးအချိန်ဖြစ်သည်။ တပါတ်မျှသာလိုတော့သည့်အချိန်မှာ မည်သို့ ဆောင်ရွှက်ကြပြီး စစ်အစိုးရကို ဖြုတ်ချရန် လုပ်နိုင်ကြပါမည်နည်း ဆိုသောအတွေးကို တွေးတောအဖြေ ရှာကြရတော့မည်ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ ကြွေတလက်ကြက်တခုန်သာဖြစ်သည်။ ယခုအချိန်တွင် ၂၀၁၀ ရွှေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ သပိတ်မှောက်လိုက်ပြီဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဤရွေးကောက်ပွဲ၏ ရလဒ်မှာ မည်သို့ မျှ ဖြစ်ပေါ်လာမည်မဟုတ်ပေ။ ရွှေးကောက်ပွဲတွင် မဲပေးမည့်သူများရှိသလို အနိုင်အရှုံးများလည်း ရှိနေကြမည်ဖြစ်သည် ။ ကြံ့ဖွံ့ဘဲနိုင်နိုင် တစညဘဲနိုင်နိုင် ယင်းရွှေးကောက်ပွဲသည် တရားမ၀င်ပေ၊ အဘယ့်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် မြန်မာနိုင်ငံသူနိုင်ငံသားတို့ အား ကိုယ်စားပြုသော ပါတီဖြစ်သောကြောင့် ယင်းပါတီမှ မဲမပေး။ သပိတ်မှောက်ထားသောကြောင့် ရွှေးကောက်ပွဲမှာ မည်သို့ မျ တရားမ၀င်။ တချိန်တည်းမှာပင် နိုင်ငံတကာအစိုးရများမှလည်း ယင်းရွှေးကောက်ပွဲကို အသိအမှတ်ပြုစရာ အကြောင်းမရှိ။ ထို့ ကြောင့် စစ်အစိုးရ၏ ရွှေးကောက်ပွဲမှ အရပ်သားအစိုးရကိုလည်း အသိအမှတ်ပြုစရာမလိုအပ်။ ယုံကြည်ချက်ပြင်းထန်သူများ၏ တခုတည်းသောစိန်ခေါ်မူမှာ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို တပါတ်အတွင်းဆောင်ရွှက်သွားရေးပင်ဖြစ်သည်။ ကြားဖြတ်အစိုးရကို နိုင်ငံတကာအစိုးရမှ အသိအမှတ်ပြုရေးသည် ဒီမိုကရေစီအတိုက်အခံများ၏ အသက်သွေးကြောဖြစ်သည်။ သေရေးရှင်ရေးဖြစ်သည်။ ပြည်တွင်းမှ နိုင်ငံရေးဗျူဟာအခင်းအကျင်းသည် ပြည်ပနိုင်ငံရေးအင်အားစုအတွက် အကြီးမားဆုံး ကျားကန်ပေးမူဖြစ်နေရမည်ဖြစ်သည်။ နိုင်ငံတကာမှ ကျားကန်ထောက်ခံနေမူကို စွမ်းဆောင်နိုင်ပါလျက်နှင့် ဒီမိုကရေစီအတိုက်အခံတို့  ထုတ်မသုံးကြခြင်းမှာ မိမိတို့ အရည်အချင်းကို မိမိတို့ မယုံကြည်ကြ၍ဖြစ်သည်။ နိုင်ငံတကာအစိုးရမှ အာမခံချက်တခုကို ရရှိပြီဆိုပါစို့ ။ ကြားဖြတ်အစိုးရဖွဲ့ စည်းကြောင်းကို ကြေညာချက်ထုတ်ပြန်လိုက်ဖို့ ဘဲ ရှိသည်။ ယင်းမှာ မဟာဗျူဟာနိုင်ငံရေးဖြစ်သည်။
သို့ မှသာ နအဖစစ်အစိုးရသည် ကြားဖြတ်အစိုးရ၏ တရားဝင်ရပ်တည်မူကို လုံးဝဥသုံသိရှိနားလည်သွာမည်ဖြစ်သည်။
နိဂုံး-----
ဤစာတမ်းမှာ ၂၀၁၁ ခုနှစ်တွင် ရုံးပိတ်ရက်ဖြစ်လာနိုင်ကောင်းသော ကံဆိုးမိုးမှောင်နေ့  နိုဝင်ဘာလ ရ ရက်နေ့ မတိုင်မှီ ဆောင်၇ွက်နိုင်သည့် ပေါ်လီရေးရာအပိုင်းသက်သက်ဖြစ်သည်။ ပေါ်လီစီပိုင်းကို ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖေါ်ဆောင်ကြသောအခါ အဖွဲ့  အစည်းအလိုက်သော်၎င်း ။ တဦးချင်းစီသော်၎င်း တွေ့ ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ထိရောက်စွာဆောင်ရွက်ရန်သာ လိုသည်။ တက်မညီလက်မညီ တဦးကောင်းတယောက်ကောင်းမဖြစ်စေရဘဲ တိုင်ပင်ညှိနှိုင်းခြင်းဖြင့် အဖြေကောင်းများကို ရရှိနိုင်ကြမည်ဖြစ်သည်။ အဖြေဆိုသည်မှာ ပြသနာတရပ်ရပ်တွင် ရှိနေပြီးဖြစ်ရာ ယင်းအဖြေကို ရရှိစေရေးအတွက် တခါတခါ နှစ်ရှည်ကြာညောင်းတတ်သလို တခါတခါ အချိန်မိနစ်ပိုင်းမှာပင် ပြီးစီးသွားနိုင်ကြပါသည်။ သို့ သော် ဤစာတမ်းမှာ မည်သည့်အဖွဲ့ အစည်းမည်သည့်လူပုဂ္ဂိုလ်များကို ပြည်တွင်းမှဖြစ်စေ ပြည်ပမှဖြစ်စေ ဆရာကြီးလုပ်၍ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါဆိုပြီး ညွှန်ကြားချက်ပေးနေခြင်းမဟုတ်။ အဖြေရှာညှိနိုင်းကြရန်သာ တိုက်တွန်းခြင်းဖြစ်သည်။ နှစ်ပေါင်းနှစ်ဆယ်ကျော် လိပ်ခဲတင်းလဲဖြစ်နေသော နိုင်ငံရေးပဋိပက္ခများကို တိကျသောအဖြေများအတွက် ဆောင်ရွက်ကြရန်သာရှိသည်။ သို့ မှသာ မြန်မာနိုင်ငံဒိမီုကရေစီလှုပ်ရှားမူ နောက်ဆုံးနေ့ များနှင့် စစ်အာဏာရှင်စနစ်ကျဆုံးခန်းကို တွေ့ ရှိခြင်းဖြစ်ပေမည် ဟုသာ တိုက်တွန်းယင်း နိဂုံးချုပ်အပ်ပါသည်။။
ခိုင်အောင်ကျော် ( နယူးယောက် )