အမှတ်ရသောအဖြစ်အပျက် သေသေချာချာ တခုရှိခဲ့ပါသည်။ ယင်းမှာ ရှစ်လေးလုံးနေ့ ဖြစ်သည်။ ၈-၈-၁၉၈၈ နေ့ သည် မဆလစစ်အစိုးရကို ဖြုတ်ချနိုင်ခဲ့ သော နေ့ထူးနေ့ မြတ်ဖြစ်သည်။ သို့ သော်ကံတရားသည် မြန်မာနိုင်ငံသားမျာ့း အပေါ် မျက်နှာသာ မပေးခဲ့ ။ ဒုတိယအကြိမ်အဖြစ် ၁၀ သုံးလုံးနေ့  ကျရောက်လာပါပြီ။ ၁၀-၁၀-၂၀၁၀ နေ့ သည် ယခင်မဆလကို ဖြုတ်ချနိုင်သော ရှစ်လေးလုံးနေ့လို့  အစပျိုး၍ နအဖစစ်အစိုးရကို မဖြုတ်ချနိုင်သလားဆိုသည်ကို မေးခွန်းတွေ မြောက်များစွာ မေးကြည့်မိပါသည်။ လွန်ခဲ့ သောအနှစ်ဆယ်ကျော်ကာလသည် ဟောင်းနွမ်းစုတ်ပြတ်သော ဆက်သွယ်ရေးလမ်းကြောင်းများ ကင်းမဲ့သည့်ကာလဖြစ်သည်။ တောင်မှအော်၍ မြောက်မှမကြား ၊ မြောက်မှအော်၍ တောင်မှ မသိ ဆိုသော အခြေအေနများဖြစ်သည်။ ယခုတော့ဖြင့် သည်လိုမဟုတ်တော့။ ကမ္ဘာကြီးသည် ရွာကလေးတရွာဖြစ်သွားပါပြီ။ ၈၈ ခုနှစ်က အာဏာသိမ်းခဲ့ သော ဗိုလ်ချုပ်မှူးကြီးစောမောင်က အရက်သောက်ပြီး ဖြစ်ချင်တိုင်းဖြစ်နေသည်ကို ယင်းအချိန်က မည်သူမျှ မသိခဲ့ ရ။ ယခုအချိန်မှာ စစ်အုပ်စုမှ ဘာတွေလုပ်နေသည်ကို လူထုတွေက သိလာနေကြပါပြီ။ သူတို့ အထဲမှ နေပြည်တော်က ဖေါက်သည်ချနေသော စစ်ဗိုလ်ဂျူနီယာသမားတွေလည်း ပြည်ပမီဒီယာသမားတွေကို သတင်းတွေပေးလာနေကြပါပြီ။
နအဖစစ်အုပ်စုကို လူ့အခွင့်အရေးချိုးဖေါက်မူများနှင့် ပါတ်သက်၍ ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့ စည်းရန် နိုင်ငံပေါင်း ၁၃ နိုင်ငံ သဘောတူကြောင်းကြေညာကြပါပြီ။ ယင်းမှာကောင်းသောလက္ခဏာဟု ပြောဆိုနိုင်သော်လည်း အခြားသောနိုင်ငံများက မည်သည့်အတွက်ကြောင့် မပါဝင် ၊ သဘောမတူရသေးသနည်း၊ ကျွန်တော်တို့ လေ့လာဆန်းစစ်ရန် လိုလာပါသည်။ ရှေးဦးစွာ ယင်းကျန်ရှိနေသေးသောနိုင်ငံများအား ချဉ်းကပ်ရန် ကျွန်တော်တို့ဖက်က အချိန်လုံလောက်စွာ မရှိခဲ့ ခြင်းလား၊ သို့ တည်းမဟုတ် လူအင်အားမရှိခဲ့ ခြင်းလား ၊ တွေးကြည့်ရန်လိုလာချိန်ဖြစ်သည်။ စစ်အစိုးရ၏အုပ်စုမှာ အင်အားကျစ်လစ်ခိုင်မာသည်ကို သိထားရန်လိုပါသည်။ သူတို့ အတွက် ကြားခံအိမ်နီးချင်း စီးပွါးဖက်နို်င်ငံရှိနေပါသည်။ ကြားပွဲစား နိုင်ငံခြားသား လွှတ်တော်အမတ်များ၊ သတင်းစာဆရာများ ၊ ကြားပွဲစား မြန်မာနိုင်ငံသားနှင့် မီဒီယာသမားတွေ ရှိနေပါသည်။ ဥပမောအားဖြင့် တရုပ်နိုင်ငံ၊အိန္ဒိယ.နိုင်ငံ၊ အာဆီယံနိုင်ငံတို့ မှာ ပုလင်းတူဘူးဆို့  နိုင်ငံများဖြစ်သည်။ ကျွန်တော်တို့ မည်သို့ ပင်ပြောပြောဆိုဆို အာဆီယံသည် နောက်ပိုင်းတွင် အဖျားရှူးသွားစမြဲဖြစ်သည်။
ကမ္ဘာကြီးသည် မြန်မာနိုင်ငံကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်မည်သို့ မျှ မပြုလုပ်ဆောင်နိုင်သေးကြောင့် ယခုအချိန်၌ လက်တွေ့ ဖြစ်နေကြရပါပြီ။ သို့ သော် ကောက်ရိုးမျင်ကလေးတမျှင် ရရှိလာနေသည်ကိုတော့ မြင်တွေ့ 
နေရပါပြီ။ ယင်းမှာ ကုလသမဂ္ဂမှာ ရာဇ၀တ်ကောင်တွေကို စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့ ဖွဲ့ စည်းရန် ကုလဆိုင်ရာလူ့ အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်တော်ဟောင်းများကပါ ကြေညာပေးလာကြပါသည်။ အကယ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စည်းဖြစ်လာသည်ဆိုလျင် မြန်မာနိုငငံသားတို့ အနေဖြင့် စစ်အုပ်စုမှ ဖိနှိပ်ညှင်းပမ်းနှိပ်စက်မူတို့ မှ ကင်းလွပ်ခြင်း ရရှိသွားမည်ဖြစ်ပါသည်။ တနည်းအားဖြင့် စစ်အုပ်စုစု၏ စစ်အာဏာရှင်စနစ်မှာ လုံးပါးပါးသွားစေမည်ဖြစ်သည်။ သည်လိုဆိုလျင် ကျွန်တော်တို့ မှာ စဉ်းစားစရာဖြစ်လာပါသည်။ ယခင်နှစ်များက စစ်အစိုးရမှ လူမဆန်စွာဖိနှိပ် ညှင်းပမ်း သတ်ဖြတ်မူတို့ ကို စုံစမ်းမည်ဆိုသည့်အတွက် ယခုအချိန်တွင်မူ ယင်းသို့ ဖိနှိပ်ညှင်းပမ်းခြင်းများ မရှိလာနိုင်ဟု ယေဘူယျပြောနိုင်စရာဖြစ်ပါသည်။
သို့ ဆိုလျင် ကျွန်တော်တို့ တခုခု ပြောစရာမရှိပေဘူးလား။ တွေ့ ဖူးနေကြ စကားလုံးတွေကို သတိထားမိပါသည်။ ပြည်ပကနိုင်ငံရေးသမားတွေက ဟိုလိုလုပ်ပါ ၊ ဒီလိုလုပ်ပါဆိုပြီး ပြည်တွင်းကလူတွေကို ခိုင်းလို့ ကောလုပ်ကြမှာတဲ့ လား ။ ပြည်တွင်းကပုဂ္ဂိုလ်များ လုပ်လိုက်ကြ၍ ထောင်ကျခံရသည်။ သူတို့ ကျတော့ ဒေါ်လာစားပြီး နေကြသည်ဟု ဆိုသောစကားများမှာ အမြဲကြားနေရပါသည်။ တချို့ သောသူတို့ မှာ ဒေါ်လာတွေအကြံအဖန်စား၍ မှန်ချင်မှန်နေမည်ဖြစ်သော်လည်း ကျွန်တော်တို့ အပါအ၀င် တော်တော်များများတို့ မှာ အကြံအဖန်မရရှိ။ မခံစားကြရကြောင်း ပြောချင်ပါသည်။ အထူးသဖြင့် ယခုကဲ့သို့ ပြောဆိုခြင်း ထောက်ပြခြင်း ၊ ဝေဖန်တွက်ချက်ခြင်းတို့ မှာ ပြည်တွင်းမှအခြေအနေများဖြင့်သာ ပြောင်းလဲသွားစေမည့် အချက်အလက်များကို အခြေခံသောကြောင့်သာ ပြောဆိုခြင်းဖြစ်ပါသည်။ ထို့ ကြောင့် လက်မခံနိုင်သော သူများက အေးအေးဆေးဆေး နေနိုင်ကြစေလိုပါသည်။ မနေနိုင်သောသူများက ထ၍လုပ်ကြရန်အတွက်သာ ဝေဖန်ပိုင်းခြားပြခြင်းဖြစ်ပါသည်။
စစ်အစိုးရဖြုတ်ချရေးအတွက် ယခုအချိန်မှာ အထူးအရေးကြီးနေပါသည်။ တလခန့် သာရှိနေသော ယခုအချိန်ကာလမှာ မည်ကဲ့ သို့ ၂၀၁၀ ရွေးကောက်ပွဲကာလကို ရင်ဆိုင်သွားမည်နည်းဟု စဉ်းစားဆောင်ရွက်ရန်သာ ရှိနေပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးမှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားလွ့ပ်မြောက်ရေးအတွက် တောင်းဆိုနေပါသည်။ သို့ သော် ရွေးကောက်ပွဲတွင် တရားမျှတရေးနှင့် လူပေါင်းစုံပါဝင်စေရေးဆိုပြီး ပြောဆိုနေပါသည်။ သူပြောသည်မှာ တဦးတည်းအာဘ်ာမဟုတ်။ ကုလသမဂ္ဂကိုကိုယ်စားပြုနေပါသည်။ နိုင်ငံရေးအကျဉ်းသားလွပ်မြောက်ရေးကို လက်ခံနိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပြောသောစကားမှာ ကျွန်တော့် တို့ အနေဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုခံရသွားခြင်းဖြစ်သည်။ ထို့ ကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၏စကားကို ဆန့် ကျင်ရမည်ဖြစ်သည်။ လက်မခံကြောင်း ပြောဆိုရမည်ဖြစ်သည်။ အထူးသဖြင့် ယခုအချိန်တွင် ဤကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံနေသော နိုင်ငံတကာအစိုးရကို ကန့်ကွက် ရှုတ်ချရမည်ဖြစ်ပါသည်။
ကောင်းပါပြီ၊ မည်သို့ ဆန့် ကျင်ကြရပါမည်နည်း။ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုရေးအတွက် ကုလသမဂ္ဂမှလည်း သိရှိစေရန် နှင့် နအဖစစ်အုပ်စုမှလည်း သိရှိစေရန် ယခုအချိန်တွင် တချိန်တည်း ဆန္ဒသဘောထားအမှန်ကို ထုတ်ဖေါ်ပြရပါတော့မည်။ သွေးတပေါက်မျှမကျဘဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြင့် နအဖစစ်အစိုးရပြုတ်ကျသွားစေရမည်ဖြစ်သည်။ ယင်းမှာကျွန်တော်တို့ ညီညွတ်ဖို့ လိုပါသည်။ စည်းကမ်းရှိဖို့ လိုပါသည်။
မနက်ဖန်သည် ရာဇ၀င်သမိုင်းအကွေ့ တွင် နေ့ ထူးနေ့ မြတ်ဖြစ်ပါသည်။ ယင်းနေ့ ထူးနေ့ မြတ်မှာ သူရဲကောင်းများစွာတို့ ပေါက်ဖွါးနိုင်ပါသည်။ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ဤခရီးနီးသွားနိုင်ပါသည်။ ထိုင်နေသည်ထက် တခုခုကို လုပ်ပြလိုက်ခြင်းအားဖြင့် သိသာနိုင်ပါလိမ့်မည်။ အလုပ်လုပ်သောအခါ၌ အချိန်ဇယားနှင့် တိကျစေသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ဆောင်ရန် နည်းဗျူဟာများသာလိုပါသည်။ ယခုနည်းဗျူဟာများမှာ သိမ်မွေ့ သောနည်းဗျူဟာ များဖြစ်သည်။ စင်စစ် အဖြူရောင်အ၀တ်အစားများကို ၀တ်ဆင်သွားခြင်းမှာ ထူးခြားသည်မဟုတ်။ လူတိုင်းလိုလို ၀တတ်စားဆင်ယင်သွားနိုင်ပါသည်။ ထို့ ကြောင့် မနက်ဖန်တွင် ၀တ်ဖြူစင်ကြယ်များကို ၀တ်ဆင်ရန် တိုက်တွန်းရခြင်းဖြစ်ပါသည်။
လူတိုင်းတွင် အဖြူရောင်ရှပ်လက်ရှည်များရှိသည်။ ကျောင်းသားကျောင်းသူများတွင် ရှပ်လက်ရှည်အဖြူများ ၀တ်၍ကျောင်းတက်ရသည်။ သည်တော့ ခါတိုင်းလိုပင် အ၀တ်ဖြူမျာကို ၀တ်ဆင်ပြီး လမ်းသွားလမ်းလာနေပေးကြရန် လိုပါသည်။ ဘုရားကျောင်းကန်များတွက် ခိုဖြူများကို မိမိတို့ ဘေးမဲ့ သက်ရှင်လွှတ်ကာ အလှူအဒန်းပြုလုပ်နိုင်ပါသည်။ မိမိတို့ အိမ်ရှေ့တွင် အ၀တ်ဖြူများကို နေပူစာလှမ်းရင်း ထားနိုင်ပါသည်။ ဤအချက်များသည် ၁၀ သုံးလုံးနေ့ ကို
ကိုယ်စားပြုသော လှုပ်ရှားမူကြီးဖြစ်သည်။ ပြည်လုံးဆိုင်ရာလှုပ်ရှားမူကြီးအတွက် အဖြူရောင်လှုပ်ရှားမူမှာ အန္တရယ်မရှိ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ အနေဖြင့် ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးကို လိုချင်ပါသည်ဟု အဓိပ္ပါယ်ကောက်ယူဖွင့်ဆိုပြကြပါမည်။ ပြီးတော့ ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံကြောင်း သိစေအပ်ခြင်းလည်း ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုကြောင်း ကြေညာခြင်းဖြစ်ပါသည်။ သို့ သော် ပြည်သူတရပ်လုံးမှာ မနက်ဖန်တွင် မည်သို့ မျ ယင်းအကြောင်းများကို စကားပြောစရာမလိုအပ်ပါ။ နုတ်မှကြွေးကြော်ရန်မလို။ ယုတ်စွာအဆုံး စာရွက်စာတမ်းများလည်း ဖြန့့် ချီစရာလည်းမလို။
ကျွန်တော်တို့ လိုလားသည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ငြိမ်းချမ်းစွာ အဖြူရောင်ဝတ်စားဆင်မူတခုတည်းသာဖြစ်သည်။ မည်သူမျှအန္တရယ် မဖြစ်စေလို။ လူတိုင်းပါဝင် လူတိုင်းဆန္ဒပြနိုင်သောနည်းလမ်းဗျူဟာကို ကျင့်သုံးစေခြင်းဖြစ်သည်။ သည်တော့ ကျွန်တော်တို့ တိုက်ပွဲသည် နိုင်ငံတကာ၏မျက်နှာစာတွင် ထောက်ခံမူကို အမှန်တကယ် ရရှိစေသွားမည်ဖြစ်သည်။ အကြောင်းမှာ ဤအဖြူရောင်လှုပ်ရှားမူသည် အထွေထွေသပိတ်ခေါ်ယူရေးအတွက် အစပျိုးလုပ်ဆောင်သော နည်းလမ်းဗျူဟာအစိတ်အပိုင်းတခုဖြစ်သည်။ အထွေထွေသပိတ်ခေါ်ယူနိုင်ရန် ပြည်လုံးဆိုင်ရာ သပိတ်ကော်မီတီကို ခေါ်ယူနိုင်ရေးအတွက် ပြည်လုံးဆိုင်ရာအဖွဲ့ အစည်းများကို အကြောင်းကြားအသိပေးထား၍
ရှေးဦးစွာဖွဲ့ စည်းသွားမည်ဖြစ်သည်။ သပိတ်ကော်မီတီဖွဲ့စည်းပြီးသည်ဆိုလျင် အထွေထွေသပိတ်မှာ မြန်မာနိုင်ငံအတွင်း အောက်တိုဘာလ အတွင်းမှာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ အောက်တိုဘာတော်လှန်ရေးသည် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကာလဖြစ်သည်။ ဤသို့ ပြောင်းလဲရေးအတွက် ရှစ်လေးလုံးနေ့ သည် မွေးဖွါးခဲ့ပြီးဖြစ်သည်။ ဒုတိယအကြိမ်ပြန်လည်ရှင်သန်မွေးဖွါးလာသော ၁၀ သုံးလုံးနေ့တွင်ကား ကမ္ဘာကြီးမှာ ရွာကလေးသဘွယ်ဆက်သွယ်ရေးလမ်းကြောင်းမှာ ရှိနေသောအချိန်ဖြစ်နေပြီ။ တောင်မှအော်၍ မြောက်က ကြားရပြီ။ မြောက်ကအော်၍ တောင်မှ ကြားရပြီး၊ အရပ်လေးမျာက်နှာတွင် မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားရေးသမားများသည် ညီညွတ်စွာရှိနေကြလျှင် အဖြူရောင်လှုပ်ရှားရေးသည် လုံးဝအောင်မြင်သွားရမည်ဖြစ်သည်။ အကြောင်းမှာ အဖြူရောင်လှုပ်ရှားမူမှသည် ကြားဖြတ်အစိုးရဖွဲ့စည်းသွားရေးအထိ ဆောင်ရွက်သွားကြရန် ရည်ရွယ်ကြသောကြောင့်ဖြစ်သည်။
ကျွန်တော်တို့ မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးရေးကို အဖက်လုပ်ပြီး စကားပြောရန်အချိန်မရတော့။ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုသောကြောင့် ယင်းကာလအထိ စောင့်ဆိုင်းစရာလည်းမလို။
အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မဲမပေးရေး တိုင်းနှင်ပြည်နယ်အနှံ့ ဟောပြောနေပါသည်။ အခြားတဖက်မှာ ရွေးကောက်ပွဲဝင်မည့်သူများက မဲဆွယ်စည်းရုံးနေကြ ပြောဆိုနေကြပါသည်။ သူတို့ ၏ကြားမှာပြည်သူအမျာ့းေ၀၀ါးနေကြပါပြီ။ နအဖစစ်အစိုးရမှာ နေပြည်တော်၌ အေးအေးဆေးဆေး စောင့်ကြည့်နေသည့်အချိန်ဖြစ်သည်။ ယင်းအချိန်မျိုးတွင် ကျွန်တော်တို့ က ဤပွဲ၌ မပါဝင်လိုတော့။ နအဖစစ်အစိုးရအား ဖြုတ်ချရန်အတွက် နေပြည်တော်သို့  ရောက်သွားနိုင်သော ကျွန်တော်တို့ ၏အသံကို ကြားသိစေလိုပါသည်။ မဲပေးရေးနှင့် မဲမပေးရေးအသံကို နအဖသည် ဂရုမစိုက်။ သူ့ ကိုမထိခိုက်။ ကုလသမဂ္ဂမှလည်း ရွေးကောက်ပွဲကို တရားမျတစမ်းပါဆိုပြီး ပြေနေပါသေးသည်။ ထို့ ကြောင့် ကျွန်တော်တို့ အသံကို နအဖစစ်အစိုးရကြားသိစေရန် လိုပါသည်။ ကျွန်တော်တို့ ၏အသံသည် နအဖစစ်အစိုးရကို ဖြုတ်ချရေးဖြစ်သည်ဆိုသောအသံ ဖြစ်သည်။ စစ်အာဏာရှင်စံနစ်ဖယ်ရှားရေးဆိုသော အသံဖြစ်သည်။ ဤအသံကို နေပြည်တော်မှ မိစ္ဆာာကောင်သန်းရွှေမည်သို့ မျ ကြားချင်သိချင် နားထောင်ချင်နိုင်မည်မဟုတ်။ ကျွန်တော်တို့ ၏အသံမှာ ရာဇသံဖြစ်နေပါလိမ့မည်။ ကြုံးဝါးသံဖြစ်နေပါလိမ့်မည်။
အဖြူရောင်လှုပ်ရှားမူသည် ကြားဖြတ်အစိုးရဖွဲ့စည်းရေးဖြစ်သည်။ ထို့ ကြောင့် ၁၀-၁၀-၂၀၁၀ နေ့ သည် အောက်တိုဘာတော်လှန်ရေးနေ့ အစဖြစ်သည်။ ဤနေ့ မှစ၍ ကျွန်ုပ်တို့ ၏ သူရဲကောင်းများဖြင့်
ငြိမ်းချမ်းစွာ ပြည်သူများက လက်ချင်းဆက်ကာ အဖြူရောင်ဆန္ဒပြမူကို သရုပ်ဖေါ်ဆောင်၇ွက်ပေးကြပါဟု တိုက်တွန်းလိုက်ရပါကြောင်း။
ခိုင်အောင်ကျော် ( နယူးယောက် )
Saturday, October 9, 2010
မနက်ဖန် ၁၀ သုံးလုံး အဖြူရောင်လှုပ်ရှားမူမှသည် ကြားဖြတ်အစိုးရဖွဲ့ စည်းရေးသို့ 
Burma, Buddhism and Non-Violent Revolt ...An event at the University of Toronto
http://cc4fb.org/wp-content/uploads/2010/09/burma-Oct-18.pdf
Burma, Buddhism and Non-Violent Revolt
Presented by Centre of Gravity
Monday, October 18, 7pm
Peace Lounge
Ontario Inst. for Studies in Education
University of Toronto
252 Bloor St. West, 7th Floor
View the flyer
The Saffron Revolution of September 2007 has changed Burma’s history forever and placed Buddhist monks and nuns quite literally in the front ranks of peaceful resistance to Burma’s brutal and illegitimate dictatorship. This evening will focus on the way Loving-Kindness and other non-violent means were used to meet the brutality of Burma’s dictatorship. “Our spiritual message is to bring about a clear, more compassionate way and more harmonious relationship within all aspects of life in the country.”
For Buddhist monks and nuns, turning their begging bowls upside down indicates their refusal to accept alms from the ruthless rulers and their servants. This follows a tradition established in the time of the Buddha by which monastic law allows monks to rebuke those who behave against “Dharma” (Buddhist Law).
In Burma’s Buddhist society, monks are highly respected, because they are disciples of Buddha who taught universal loving kindness, wisdom, peace and compassion. But we monks are facing many challenges at this critical moment in history.
Thousands of Buddhist monks and nuns who were praying for peace were brutally attacked on the streets of Rangoon and other cities in September 2007. Burma’s regime committed these atrocities in full view of the world.
burma-Oct-18
အာဏာရှင် တို့ ရဲ့ ဖက်ရှင်
သီရိထက် ၊ ၊Foreign Policy မဂ္ဂဇင်း ကနေ ထုတ်နှုတ် တင်ပြထားတဲ့ ညိုမှောင်မှောင်၊စိမ်းဖန့် ဖန့် ဝတ်ထားတဲ့ မိစ္ဆာ (The Devil Wears Taupe) ဆိုတဲ့ ကဏ္ဍဖြစ်ပါတယ်။






ဦးတင်ဦးအား စုပေါင်းကန်တော့ပွဲ ကျင်းပပြုလုပ်ရန် စင်ကာပူတွင် ပြင်ဆင်နေ
http://burmatoday.net/news2005/2010/201010/101009_bty_bur_u_tin_oo.swf
101009_bty_bur_u_tin_oo
Friday, 08 October 2010
You are cordially invited to the respect-paying ceremony of Thura U Tin Oo. This event is organized to pay tribute to his renowned integrity, honesty, sacrifices and dedication to the democratic cause of our motherland.
Venue: Toa Payoh Burmese Buddhist Temple
Date: 10 Oct 2010, Sunday
Time: 1:00 pm ~ 2:00 pm
Needless to say, Thura U Tin Oo (83 years old) is one of the all-time greatest and finest people's leaders of Burma. Let's come together to pay respect to the respectful person. Let's take this rare opportunity of honouring the honourable person.
Best Regards
Wunna
(On behalf of the organizers)
Contact: (065) 9227 6490
http://moemaka.com
NCUB Statement in support of British Dpty PM
October 9, 2010
The National Council of the Union of Burma (NCUB) expresses if strong
support and appreciation to Nick Clegg, Deputy Prime Minister of Britain, for his
recent statements calling for a united voice condemning the Burmese military
regime ahead of the 2010 elections.
As Mr. Clegg notes, there is no room for democracy in the upcoming
elections. The State Peace and Development Council (SPDC), has created an
electoral process in which the results are a foregone conclusion. All the while, the
SPDC is using the upcoming polls as a means to increase persecution of ethnic
nationalities and democratic activists. The elections are an attempt to manipulate
the international community into believing that the goal of democracy in Burma is
one step closer, and some governments seem to believe the SPDC’s deception.
As the elections quickly approach, the international community must band
together to call the SPDC on its attempt at deception and demand real democratic
reform in Burma. Only with strong, coordinated international pressure will the
SPDC see that its plan to perpetuate military rule under the guise of democratic
reform will not work.
The NCUB thanks Deputy Prime Minister Clegg for his leadership and calls
on all governments to denounce the SPDC’s sham elections and demand real
democratic reform in Burma.
Contact: U Maung Maung - 66-8-6090-5672
U Myint Thein - 66-8-1953-6114
2010
ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ အပိုင်း ၂
