ဒီတမြို့လုံးမှာဒီပန်းခြံလေးကအိပ်စက်အနားယူလို့အကောင်းဆုံး၊ဘုရားကျောင်းနဲ့အနီးဆုံးနေရာလေးက
ကုန်းဂမူလေး၊မိမိရောက်တိုင်းအိပ်စက်ရာနေရာလေးပေါ့၊အဲဒီနေရာလေးကနေအိပ်မပျော်ခင်ပန်းခြံတခု
လုံးကိုအပေါ်ကနေခြုံပြီးမြင်တွေ့လို့လည်းရတယ်။ဘုရားကျောင်းကခေါင်းလောင်းကြီးက၈နာရီထိုးရင်
၈ချက်မြည်သလိုနာရီဝက်တိုင်းမှာလည်းတချက်မြည်တယ်..ပန်းခြံဆိုတာအများပြည်သူအနားယူဖို့နေရာ
မဟုတ်လား၊ဒီပန်းခြံလေးကသိပ်အကျယ်ကြီးလည်းမဟုတ်ပါဖူး..ပန်းခြံထဲအရှိန်ပြင်းပြင်းနဲ့စက်ဘီးတွေ
ဖြတ်စီးတာတွေ့ရတော့သိပ်တော့ဘ၀င်မကျလှဖူး..ဆော့ကစားနေတဲ့ကလေးလေးတွေတိုက်မိရင်မခက်
လား၊ကျူပ်အိပ်တဲ့နေရာနဲ့ခပ်စောင်းစောင်းကပန်းခုံတန်းမှာလည်းသုံးဘီးစကိတ်စီးတဲ့လူငယ်တွေရဲ့ကိုယ်
ပိုင်ဧရိယာလိုဖြစ်နေပြီ၊ပန်းခုံတန်းတခုလုံးလည်းမှုတ်ဆေးတွေနဲ့ရေးခြစ်ထားတာပန်းခြံအလှကိုအလွန်အ
ကျည်းတန်စေတယ်လေ၊အမုန်းဆုံးကတော့ခွေးတွေကိုကြိုးဖြေပြီးလွှတ်ထားကြတာပဲ၊သူတို့ကတော့စကား
လက်ဆုံကြနေကြလိုက်တာ၊သူတို့ခွေးတွေမဟုတ်တဲ့အတိုင်းပဲ၊အမှန်တကယ်ဆိုခွေးတွေသီးသန့်လွှတ်ပေး
တဲ့ကွင်းအလွတ်တွေဆီသွားရမှာ၊အနားယူသူတွေအတွက်ဘယ်လောက်အနှောက်အယှက်ဖြစ်စေလဲ။
ပန်းခြံဘေးကလမ်းဟာယာဉ်သွားယာဉ်လာထူထပ်တယ်၊မြို့လည်ခေါင်ပဲဒီလောက်တော့ယာဉ်ကြောပိတ်တာ
ရှိမှာပေါ့၊ဟွန်းတွေတပွမ်ပွမ်နှိပ်နေကြတော့လန့်လန့်နိုးတာအခါခါ။ယာဉ်ကြောပိတ်တာမမိချင်ရင်မြို့ပတ်
လမ်းသုံးပါလား၊မြို့လည်ခေါင်ဟွန်းတီးတဲ့အကျင့်ဖျောက်၊မြို့ကြီးသားတွေပီသသင့်နေပါပြီ၊
ခပ်လှမ်းလှမ်းကအမှိုက်ပုံးပြည့်နေတာတွေ့တာ၂ရက်လောက်ရှိနေပြီကော်ဖီခွက်တွေမဆံ့တော့လို့အမှိုက်
ပုံးတ၀ိုက့်ပြန့်ကျဲနေတာမြင်လို့မကောင်း၊ဒီပန်းခြံကမြို့တော်ခန်းမဘေးတင်ရယ်၊စည်ပင်ဝန်ထမ်းတွေ
လစာတွေအများကြီးရရဲ့သားနဲ့၂နစ်တခါလောက်ဆန္ဒပြလစာဆတိုးတောင်းဖို့ပဲသိတယ်၊အလုပ်ကိုကျတော့
တာဝန်မကျေချင်ကြဖူး။မြို့တော်ဝန်လည်းဘာထူးလည်းယာဉ်အသွားအလာများတဲ့ပန်ခြံဘေးကလမ်းအချိုင့်
တွေအခွက်တွေဖြစ်နေတာဘယ်လောက်ကြာပြီလဲ၊မိုးရွာရေ၀ပ်ချိန်ခပ်ကြမ်းကြမ်းမောင်းတဲ့ကားဖြတ်နင်းမိရင်
ပလက်ဖေါင်းပေါ်လမ်းလျှောက်သူမပြောနဲ့၊ပန်းခြံထဲလှဲလျောင်းအနားယူသူတွေတောင်လာစင်တာတော့လွန်
လွန်းပါတယ်။စည်းကြပ်ခွန်၊စည်ပင်သာယာအခွန်တွေတိုးတိုးပြီးသာကောက်နေတယ်။မြို့တော်လှပသန့်ရှင်း
စည်းကမ်းရှိရေးသူ့အလုပ်မဟုတ်သလိုပဲ။ရဲမတွေ့ပြီးရောဆိုပြီးလမ်းပေါ်တံတွေးထွေးတာ၊ပီကေ၀ါးပြီးသား
ထွေးတာတွေမလုပ်ပဲစည်းကမ်းတကျရှိဖို့လိုကြပါပြီ။
အရာရာတွေ့မြင်နေရတာတွေဟာစိတ်ထဲမှာအံဝင်ခွင်ကျဖြစ်တာတခုမှမရှိပါဖူးလို့တွေးရင်းငေးရင်းမှေးကနဲ
အိပ်ပျော်မလို့ရှိတုံးခြေထောက်ကိုခြေထောက်ခြင်းလာထိတဲ့အတွေ့ကြောင့်မျက်လုံးကိုအားယူပြီးဖွင့်ကြည့်
လိုက်မိပါတယ်။
ရဲသားတယောက်နဲ့ရဲမေတယောက်၊ပြီးတော့...
...အများပြည်သူလာရောက်အပန်းဖြေတဲ့ပန်းခြံတွေထဲမှာတောင်းရမ်းခြင်း၊အိပ်စက်ခြင်းမပြုလုပ်ရဖူးဆိုတာ
တိတိကျကျလိုက်နာပါ။အိပ်ဖို့သတ်မှတ်ပေးထားတဲ့နေရာတွေမှာသွားအိပ်ပါ....
ပန်းခြံအပြင်ထွက်ပေးဖို့အိပ်ရာအိတ်ကိုခေါက်လွယ်ပြီးရှေ့မှာချထားတဲ့ခွက်အလွတ်လေးထဲငုံ့ကြည့်လိုက်တော့
ကော်ဖီတခွက်စာပင်ငွေအကြွေကမပြည့်သေး။ ။
ရဲရင့်ငယ် ( ၁၂ .၉ .၁၀ )
Sunday, September 12, 2010
တမျက်နှာ
သီအိုလိုဂျီ မလိုကြောင်း စတီဖင်ဟော့ကင်း ပြော

သောကြာနေ့ CNN သတင်းဌာနမှ လာရီကင်းနှင့် အင်တဗျူးတွင် အသက် ၆၈ နှစ်ရှိ ဟော့ကင်းက “ဂေါ့ဒ် တည်ရှိကောင်း တည်ရှိမယ်၊ ဒါပေမဲ့ သိပ္ပံပညာက ဖန်ဆင်းရှင်မလိုဘဲ စကြာဝဠာကြီးအကြောင်း ရှင်းပြနိုင်တယ်” ဟု ဆိုသည်။
သူ့စာအုပ်တွင် ကမ္ဘာမြေဆွဲငင်အား တည်ရှိမှု၊ နေတစ်ခုကို ဂြိုဟ်များက လှည့်ပတ်မှု သီအိုရီကို ကိုးကားပြီး အကြောင်းတိုက်ဆိုင်သဖြင့် မိမိတို့ နေအဖွဲ့အစည်းရှိ ကမ္ဘာဂြိုဟ်တွင် တည်ရှိနေခြင်းဖြစ်ကြောင်း ထောက်ပြသည်။ အဲဒီသဘောအရ စကြာဝဠာဟာ သူ့ဖာသာ ဖန်ဆင်းတာ ဖြစ်တယ်၊ ဘယ်အရာကမှ ဖန်ဆင်းတာ မဟုတ်ဘူး။ စကြာဝဠာနှင့် လူသားတွေ တည်ရှိခြင်းဟာ ‘အလိုအလျောက် ဖန်ဆင်းခြင်း’ (spontaneous creation) ကြောင့် ဖြစ်တယ်ဟု ရေးသားထားသည်။
ဟော့ကင်းက “အရင်က ဘာသာရေး လွှမ်းမိုးချုပ်ကိုင်ထားတဲ့ မေးခွန်းတွေကို သိပ္ပံပညာက ဖြေပေးလာနေတယ်။ အရင်က ဖြေရှင်းမရတဲ့ ပုစ္ဆာတိုင်း ဘုရားသခင်ဆီ ခေါင်းငှါးကြရတယ်။ အခု သိပ္ပံနည်းကျ ချည်းကပ်မှုကသာ ပြီးပြည့်စုံတယ်။ ဘာသာရေး သီအိုလိုဂျီတွေ မလိုတော့ပါဘူး” ဟု လာရီကင်းကို ရှင်းပြသည်။
ယခု သူ့စာအုပ်မှာ စကြာဝဠာ ဖွဲ့စည်းလည်ပတ်နေပုံနှင့် လူသားတွေမှာ စကြ၀ဠာရဲ့ မည်သည့်နေရာတွင် ရှိပုံ တို့ကို တင်ပြထားသည်။သူ့အယူအဆမှာ M-theory အပေါ် အခြေခံကြောင်း ပြောသည်။ M-theory ဆိုသည်မှာ ‘ဂေါဒ့် ဖန်ဆင်းတာ မဟုတ်ဘဲ၊ ဘာမှမရှိတာထဲမှ ထွက်ပေါ်လာသော စကြ၀ဠာများကို’ ဆိုလိုသည်။ M-theory သည် အရာရာတိုင်းအတွက် သီအိုရီ တစ်ခု (a theory of everything) ဖြစ်သည်။
ဟော့ကင်း အမြင်က “စကြာဝဠာတွေဟာ ဘာမှ မရှိတာတွေထဲက ထွက်လာတာ။ အခြေခံကိုက ဘာမှကို မရှိတာ ဖြစ်တဲ့အတွက် တစုံတရာ ရှိပါတယ်လို့ ပြောမယ့် ဂေါဒ့် မလိုတော့၊ ဂေါ့ဒ် ၀င်ပါစရာ မလိုတော့” ဟု တင်ပြသည်။
စတီဖင်ဟော့ကင်း စာအုပ်အသစ်မှာ ကမ္ဘာအနှံရှိ ပရိတ်သတ်များကြား ပွဲဆူနေပြီး၊ ယခုလို ခရစ်ယာန် ဘာသာနှင့် အစ္စလမ်ဘာသာ ဂေါ့ဒ် အားပြိုင်မှုများ ကြီးမားနေသော ကာလတွင် သိပ္ပံပညာသည် မည့်သည့်ဂေါ့ဒ်မှ မလိုအပ်ကြောင်း သီအိုရီအထောက်အထားနှင့် ရေးသားတင်ပြချက် ဖြစ်သည်။
သတင်း CNN
http://freedomnewsgroup.com/
http://edition.cnn.com/2010/WORLD/europe/09/11/stephen.hawking.interview/index.html?hpt=C1#fbid=7iKpMmi32eF&wom=true
Statement of Vigorous Burmese Students Warriors
စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့၏ သဘောထား ထုတ် ပြန်ချက် (၁/၂၀၁၀)
http://xa.yimg.com/kq/groups/20354587/904040213/name/statement%202010.pdf
Statement 2010
