ကျုပ်တို့ကိုယ်တိုင်က ရေရေလည်လည်ညံ့လွန်းကြပါပေတယ်။ ဒါကိုသေသေချာချာ အနူလုံပဋိလုံစဉ်းစားပြီးမှ ပြောရတာပါ။ မေလ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ကတည်းက
လုပ်ကြဖို့လိုသွားပါတယ်။ ခုတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်သွားရပါပြီ။ အကြောင်းကတော့ တရုပ်နိုင်ငံကနေပြီး လာမဲ့၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက ကြားဝင်စွက်ဖက်ပြီး မနှောင့်ယှက်ကြပါနဲ့လို့ ပြောဆိုသွားလို့ပါဘဲ။
နိုင်ငံတကာကိုလဲ ပြောသွားသလို ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးပါတီများနဲ့ ပြည်သူတရပ်လုံးကို ပြောသွားတာလို့ ထင်မှတ်ရပါတယ်။ အဓိကကတော့ ပြည်တွင်းရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကို ပြောသွားသလိုဘဲ နိုင်ငံတကာရှိ ဒီမိုကရေစီအင်အားစုတွေကိုပါ ဆိုလိုသွားတဲ့ စကားရပ်ပါဘဲ။ သာမန်အားဖြင့်ကြည့်ရင် နအဖစစ်အုပ်စုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တရုပ်ပြည်ကို သွားတဲ့ခရီးမှာ ဒီစကားဟာ လှလှပပမြန်မာနိုင်ငံရေးကို မီးမောင်းထိုးပြလိုက်ခြင်းပါဘဲ။ တနည်းအားဖြင့် ကျနော်တို့ကို စိန်ခေါ်လိုက်တာပါဘဲ ။ နှစ်နိုင်ငံအစိုးရအချင်းချင်းတွေ့ဆုံကြတဲ့အခါ စီးပွါးရေးစာချုပ်ချုပ်ဆိုကြတာဟာ လုပ်ရိုးးလုပ်စဉ်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေပါ။ သံခင်းတမန်ခင်း စီးပွါးရေးပြသနာတွေသာဖြစ်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံအရေးကို တရုပ်နိုင်ငံက ဘယ်လိုပံ့ပိုးကူညီသွားမှာလဲ ဆိုတာကို လေ့လာထားဖို့ လိုအပ်တာတခုပါဘဲ။ ခုတော့ရှင်းရှင်းလင်းလင်း ထုတ်ဖေါ်ပြောဆိုသွားပါပြီ။
ဒီတော့ဒီလိုထုတ်ဖေါ်မပြောဆိုခင် နိုင်ငံတကာရှိဒီမိုကရေစီအင်အားစု တနည်းအားဖြင့်တပ်ပေါင်းစုတွေက ဘယ်လိုနည်းနဲ့မျှ မသိလိုက်လေကြသလားလို့ တွေးတောကြည့်ပါတယ်။ လွန်ခဲ့တဲ့အပါတ်က နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုပ်ပြည်ကို သွားရောက်မဲ့ခရီးစဉ်ကို ကြေညာထားတာပါ။ အတွင်းလဲသိ အပြင်လဲသိကြတာပါဘဲ။ ဒါပေမဲ့အတွင်းလဲ ဘာမှမပြောလိုက်ရ။အပြင်ကလဲ ဘာမှမတုန့်ပြန်လိုက်ကြတာကို ၀မ်းနည်းစွာတွေ့လိုက်ရပါပြီ။ ဆရာအောင်ဗလတယောက် အသေစောသွားခြင်း ဆိုပြီးယူကြုံးမရဖြစ်မိရပါတယ်ဗျာ။ ဆရာအောင်ဗလသာ သက်ရှိထင်ရှားရှိနေခဲ့မယ်ဆိုရင် ပြည်ပကအတိုက်အခံအင်အားစုတွေကို သေသေချာချာတိုက်တွန်း ပြောဆိုနေမှာပါ။ အမှန်ကတရုပ်နိုင်ငံဟာ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးနဲ့ပါတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးတော့ လုပ်ကြမယ်ဆိုရင် ဗီတိုအာဏာကို သုံးနိုင်တယ်ဆိုပြီး စောစောကတည်းကဘဲ ဝေဖန်နေကြတဲ့ နိုင်ငံဖြစ်နေပါတယ်။ ဒီလောက်ရေပန်းစားနေတဲ့ နိုင်ငံကိုတောင်မှ အသိမပေးလိုက်ရခြင်းဟာ ကျနော်တို့ကိုယ်တိုင် ချာလွန်း၍သာဖြစ်ပါတယ်ဗျာ။ ပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရုပ်နိုင်ငံကို ရွေးကောက်ပွဲ့နဲ့ ပါတ်သက်လို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတရပ်လုံးရဲ့ ဆန္ဒသဘောထားအမှန်ကို ထုတ်ဖေါ်ပြောထားလိုက်ရင် တစုံတရာအကျိုးရှိသော အခြေအနေတွေ ဖြစ်ပေါ်လာမှာပါ။ ပြီးတော့ ပြည်ပမှာရှိတဲ့ အင်အားစုတွေကလဲဘဲ နအဖစစ်အုပ်စုတွေရဲ့ တရုပ်နိုင်ငံခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြထားကြမယ်ဆိုရင်လဲ တစံတရာအနေနဲ့ ငြိပြီးအကျိုးရှိချင်ရှိနေမှာပါ။
ဒါပေမဲ့ကျနော်တို့ဘာမျှမလုပ်လိုက်ရခင်မှာဘဲ တရုပ်ပြည်ရဲ့ ခရီးစဉ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သွားရောက်နိုင်ခဲ့ပါပြီ။ သူနဲ့သွားတဲ့အထဲမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေပါသွားတာတွေ့ရပါတယ်။ ဒီနေရာမှာ အစိုးရအဖွဲ့ဝင်ဆိုတဲ့ စကားလုံးကို ဂရုတစိုက် စဉ်းစားမိပါတယ်။ နအဖစစ်အုပ်စုအတွင်းမှာ မည်သူမည်ဝါတွေက အစိုးရဆိုတာမှန်း မသိရဘဲဖြစ်နေရပါတယ်။ နအဖအတွင်းမှာ စစ်ဗိုလ်ချုပ်များသည်သာ အစိုးရအဖွဲ့ဝင်လား ။ သို့မဟုတ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများးသည်သာ အစိုးရအဖွဲ့ဝင်လား ။ ယခုအချိန်မှာ ဘယ်လိုမှ ခွဲခြားမရတော့ပါ။ ကျနော်ကဘဲ ညံ့လွန်း၍လားမသိ။ သူတို့တွေရဲ့အစိုးရဖွဲ့စည်းပုံကို မလေ့လာခဲ့လို့လားမသိ ။ ဥဏှောက်ခြောက်နေမိပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ တွေးတောကြည့်တဲ့အခါ အာဏာလွှဲပြောင်းရေးပြသနာကို စဉ်းစားမိပါတယ်။ ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီတုံးက န၀တအဖွဲ့က ရွေးကောက်ပွဲကို ပြုလုပ်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့အာဏာလွှဲပြောင်းမပေးခဲ့ပါ။
ခုလဲဘဲ ရွေးကောက်ပွဲကို ဒုတိယအကြိမ်အဖြစ် နအဖစစ်အုပ်စုက လုပ်ပါတော့မယ်။ ရွေးကောက်ပွဲလုပ်ပြီးရင် အာဏာလွှဲပြောင်းပေးပါ့မလား။ အာဏာလွှဲပြောင်းပေးမဲ့သူက ဘယ်သူတွေပါလိမ့်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲမှာအနိုင်ရရှိသူကို အာဏာလွှဲ့ပြောင်းပေးပါ့မလား။ ကျနော်စဉ်းစားကြည့်မိနေပါတယ်ဗျာ။ ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိတဲ့ပါတီတွေဟာ အရပ်သားအစိုးရအဖွဲ့ကို ဖွဲ့စည်းကြမယ်လို့ ဆိုပါတယ်။ ဒီတော့ကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲ့ပြောင်းပေးရအောင် သူကအစိုးရလား။ ဒါမှမဟုတ် သူဦးဆောင်တဲ့စစ်အုပ်စုကဘဲ အစိုးရလား။ အဲဒီအစိုးရအဖွဲ့ကိုဖျက်သိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ပါတီတွေကို အစိုးရဖွဲ့ခွင့် ပေးပြီးအာဏာလွှဲပြောင်းပေးမှာတဲ့လား။ အဲဒီအစိုးရဆိုတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးေ
၁၂၅ ဦးသောစစ်တပ်ကဆွဲခန့်ကိုယ်စားလှ
ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တဖက်စောင်းနင်းနဲ့ ကြံ့ဖွံ့ပါတီက မဲအပြတ်အသတ်မရရှိခဲ့ရင် သို့မဟုတ် အစိုးရဖွဲ့နိုင်သော လွှတ်တော်ကိုယ်စားလှယ်အရေအတွက် မရရှိခဲ့ရင် ၀န်ကြီးချုပ်ရာထူးရယူထားသူဦးသိ
အာဏာလွှဲပြောင်းပေးပြီး ရွှေနန်းတော်ကနေပြီး ထွက်တော်မူတတ်ကြတာဟာ အင်မတန်မှလှပတဲ့ နိုင်ငံရေးမြင်ကွင်းတွေဖြစ်ပါ
ဒါကြောင့် အင်မတန်လှပတဲ့နိုင်ငံရေးအာဏာလွှ
ရွေးကောက်ပွဲပြီးရင် အနိုင်ရရှိတဲ့ပါတီက လွှတ်တော်ခေါ်ယူဖို့ အခွင့်အာဏာ ရရှိနိုင်ကြပါ့မလား။ နအဖစစ်အုပ်စုက လွှတ်တော်ကို ခေါ်ယူပေးသည်ထားပါဦး၊ အရပ်သားအစိုးရဖွဲ့စည်းကြတဲ့အခါ ၀န်ကြီးချုပ်ရွေးကြရပါပြီတဲ့။ ၀န်ကြီးချုပ်သိန်းစိန်ကို ဆက်လက်ပြီး ၀န်ကြီးချုပ်ရွေးချယ်ကြတာကို လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နိုင်ကြပြီဆိုရင် ဦးသိန်းစိန် ထွက်ပေးပါ့မလား။ အခုလက်ရှိမြန်မာနိုင်ငံဟာ ၀န်ကြီးချုပ်သိန်းစိန်ရဲ့ လက်ထက်မှာ နိုင်ငံရေးချွတ်ချုံကျမှူတွေ ။ ကမ္ဘာမှာအဆင်းရဆဲဆုံးနိုင်ငံဖြစ်
အခုလဲဘဲ တရုပ်နိုင်ငံက ပြောလိုက်တာကို လေ့လာလိုက်ရင် တရုပ်နိုင်ငံက ရွေးကောက်ပွဲကို နိုင်ငံတကာက ၀င်ရောက်စွာက်ဖက်ခြင်းမပြုလုပ်
တကယ်လို့ဒီမိုကရေစီအတိုက်အခံအင်
ခုလဲဘဲနအဖစစ်အစိုးရကပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဘယ်နိုင်ငံတကာကမှ ၀င်ရောက်စွာက်ဖက်ပြီး မပြုလုပ်ရဘူးတဲ့။ ဒီတော့ တရုပ်နိုင်ငံက ဒီစကားကို ပြောလိုက်တာဟာ မြန်မာနိုင်ငံအရေးကို ၀င်ရောက်စွက်ဖက်လိုက်ခြင်း မဟုတ်ပေဘူးလားဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ
နအဖစစ်အုပ်စုနဲ့ ပြုလုပ်နေတာတွေကို အသိအမှတ်မပြုကြောင်း အသိပေးဖို့လိုအပ်တယ်ဗျ။ သူတို့တွေက နအဖနဲ့ စီးပွါးရေးအရင်းအနှီးတွေ လုပ်နေတော့ စစ်အစိုးရကို ကြောထောက်နောက်ခံပေးနေတာပါ။ ဒါကိုသတိထားပြီး ကိုယ်တွယ်ပြောဆိုဆက်ဆံဖို့လိုပါ
ခိုင်အောင်ကျော် ( နယူးယောက် )
Thursday, September 9, 2010
မြန်မာနိုင်ငံအရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုပ်နိုင်ငံကို တိတိကျကျ ကန့်ကွက်ရှုတ်ချ ပြောကြရအောင်
ဆရာတော် ဦးဥတ္တမ ထုံးကို နှလုံးမူကြဖို့ လိုသည်
ဇင်လင်း / ၀၉ စက်တင်ဘာ ၂၀၁၀ ဆရာတော် ဦးဥတ္တမ ထုံးကို နှလုံးမူကြဖို့ လိုသည်
ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၃) နှစ်ပြည့်သည့် စက်တင်ဘာလသို့ ရောက်ပြန်ပြီ။ စစ်အာဏာရှင်တို့ကလည်း သူတို့အာဏာသက်ဆိုးရှည်ရေးအတွက် ရွေးကောက်ပွဲအတုအယောင်ကို နိုဝင်ဘာ (၇) ရက်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။ လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး မြေအောက်စာရွက်စာတမ်း ဖြန့်ဝေမှုများကို ကျောင်းသားနှင့် သံဃာ တက်ကြွလှုပ်ရှားသူများက စစ်ဆင်ရေးသဖွယ် လုပ်ဆောင်လာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ယင်းဥပဒေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲအား သပိတ်မှောက်ရေးတို့သည် ယနေ့လူထုကြွေးကြော်သံ ဖြစ်လာနေသည်။ ဤလှုပ်ရှားမှု ကြွေးကြော်သံများကို ယနေ့ ပြည်တွင်းပြည်ပရှိ သံဃာ့သမဂ္ဂီများကလည်း ထောက်ခံမှုပြုနေကြောင်း တွေ့ရသည်။ တနည်းအားဖြင့် ရွှေဝါရောင် သံဃာ့အရေးတော်ပုံ စိတ်ဓာတ်သည် ရှစ်လေးလုံး လူထုအရေးတော်ပုံစိတ်ဓာတ်နှင့်အတူ ဆက်လက် အရှိန်အဟုန်မြင့်မားနေဆဲဖြစ်သည်။ တနည်းအားဖြင့် သံဃာ့အရေးတော်ပုံနှင့် လူထုအရေးတော်ပုံ၊ သံဃာတော်တို့ဆန္ဒနှင့် လူထုဆန္ဒသည် တထပ်တည်းဖြစ်ကြောင်း ဖော်ပြချက်လည်းဖြစ်သည်။
တိုက်ဆိုင်စွာပင် ဤစက်တင်ဘာလသည် မြန်မာနိုင်ငံပြည်သူလူထုအား နိုင်ငံရေး နား၊ မျက်စိ အဦးဆုံး ဖွင့်ပေးခဲ့သော ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ရှိသည့်အချိန် ဖြစ်ပေသည်။ ရွှေဝါရောင် သံဃာ့အရေးတော်ပုံ (၃) နှစ်ပြည့်သည့် ယခုနှစ်သည် ‘ဆရာတော် ဦးဥတ္တမ’ ပျံလွန်တော်မူခြင်း (၇၁) နှစ်ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။ ဆရာတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည်ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား ‘ဆရာတော် ဦးဥတ္တမ’ ဖြစ်သည်ကို မှတ်မိကြမည်ထင်ပါသည်။ ‘ကရက်ဒေါက်’ (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံဖြစ်သည်။
ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့၊ ရေစကြိုစာသင်တိုက်၌ ဗုဒ္ဓဘာသာစာပေကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တားရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်းဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာများကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျို ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။
၁၉၁၁ ခုနှစ် မြန်မာနိုင်ငံ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာတိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတ ရစေရန် ရေးသားတင်ပြခဲ့သည်။ ‘၀ိုင်အမ်ဘီအေ’ ကို စတင်ထူထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများ လုပ်ခဲ့သည်။
ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ် လူငယ်လူလတ်များအား ဟုမ္မရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေးရရှိရန် ကိစ္စများကို ကွန်ဂရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ဝင်ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။
ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသ လွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှ ရရှိခဲ့သော အသိပညာဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိ ရှိလှသဖြင့် တရားပွဲတိုင်း ကျိတ်ကျိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျ စိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင် လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့လက်ထဲမှာသာရှိတယ်။˝
ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် ‘သံဃသမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများ ပေါ်ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။
ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်းခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူပရိသတ် ငါးရာကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။
ဆရာတော်သည် ပထမအကြိမ် ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံး လှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ” “တိုင်းရင်းဖြစ်ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသား ဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “ကရက်ဒေါက် ဂက်ဒေါက်”(Craddock,Get Out!) စသော ကြွေးကြော်သံများကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော်ရုပ်ရှင်ရုံ တရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှ ပါဝင်ပေသည်။
ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွ ပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာလျက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာအတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး ဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။ ထိုစဉ်က ဆရာတော် ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေးဟောပြောလာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။
ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျက် ဟုမ္မရူး တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ လျာထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။
ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော် ဦးဥတ္တမက “ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေး ဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။
“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ ဒိုင်အာခီကောင်စီ ၀င်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”
ဆရာတော် ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန် အဓိကထား၍ ဟောပြောတောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။
ဤရက်ပိုင်းမှာပင် ပခုက္ကူ သံဃာအရေးတော်ပုံ (၃) နှစ်ပြည့်ချိန်မှ အစပြု၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေး ပြင်ဆင်လျက်ရှိသည့် ရွေးကောက်ပွဲအား အကြမ်းမဖက်နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်ကြရန် အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာ့အဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်တရပ် RFA မှတဆင့် ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ “၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်၊ (၆) ရက်နေ့များတွင် ပခုက္ကူမြို့၌ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ကြသော သံဃာတော်တို့အား အာဏာပိုင်တို့နှင့် ကြံ့ခိုင်ရေး လူမိုက်များတို့မှ အကြမ်းဖက် ရက်စက်စွာ ချေမှုန်းခဲ့သည်မှာ သုံးနှစ်ပြည့်လုပြီဖြစ်သည်။ ယခု သုံးနှစ်ပြည့် အခါသမယတွင် ၎င်းကြံ့ဖွံ့လူမိုက်များ၏ပါတီမှ ဦးဆောင်၍ ပြည်သူလူထုအား ထာဝစဉ် စစ်ကျွန်ဖြစ်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဖန်တီးလျက်ရှိသည်။”
“သို့ပါ၍ ညီတော်၊ နောင်တော် သံဃာတော် အရှင်သူမြတ်များမှ ဦးဆောင်၍ ၂၀၀၇ စက်တင်ဘာ သုံးနှစ်ပြည့်ပတ်လည် (၅) ရက် (၆) ရက်မှ စတင်ကာ စစ်အစိုးရအား အကြမ်းမဖက်သည့် နည်းလမ်းမျိုးစုံ သုံး၍ ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲဝင်သွားရန် တိုက်တွန်းနှိုးဆော်အပ်သည်။ (သောသုဇနသမဂ္ဂ၊ ပခုက္ကူ)” စသည်ဖြင့် ဦးဆောင် သံဃာတပါးဖြစ်သည့် ဦးသောဘိတက RFA မှတဆင့် မိန့်ကြားခဲ့သည်။
အထက်ဗမာပြည် သံဃာတော်များအနေဖြင့် စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေခြင်းကို စတင်နေပြီဟုလည်း သိရှိရသည်။ ထို့ပြင် ရနိုင်သမျှ နည်းလမ်းများဖြင့် စစ်အာဏာတည်မြဲရေး ရွေးကောက်ပွဲအား ဆန္ဒပြ ဆန့်ကျင်သွားကြရန်လည်း သောသုဇနသမဂ္ဂ (ပခုက္ကူ) အဖွဲ့က ပြည်သူလူထုအား တိုက်တွန်းလျက်ရှိသည်။ ထို့ကြောင့် ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ်မျိုးဆက်သစ်တို့သည် သောသုဇနသမဂ္ဂ၊ (ပခုက္ကူ) အဖွဲ့၏ နှိုးဆော်ချက်ကို အထူးအလေးဂရုပြုကြရပေလိမ့်မည်။ မကြာမီ မြန်မာနိုင်ငံအ၀ှမ်းတွင် ဆင်နွှဲတော့မည့် စစ်အာဏာကြံ့ခိုင်ဖွံ့ဖြိုးရေးရွေးကောက်ပွဲအား သပိတ်မှောက်ရာတွင် ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ သံဃာ့သမဂ္ဂီများက ဦးဆောင်ဦးရွက်ပြုဦးမည့် လက္ခဏာများ မြင်တွေ့နေရပေသည်။
ဦးဥတ္တမခေတ် ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃသမဂ္ဂီ စိတ်ဓာတ်ဝိညာဉ်ကား နှစ်ပေါင်း (၉၀) ကျော် သက်တမ်းရင့်ရှည်ခဲ့လျက် ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီများ၊ သောသုဇနသမဂ္ဂအဖွဲ့များထံသို့ ဆက်လက်ကူးလူး ထွန်းလင်းလျက်ရှိသည်ကို လက်တွေ့မြင်တွေ့နေရပေသည်။ သံဃာတော်တို့၏ အစဉ်အလာမှာ တရားမျှတမှုဘက်၊ ဓမ္မဘက်မှ ရပ်တည်လေ့ရှိပါသည်။ မတရား အနိုင့်အထက်ပြုသည့်ဘက်၊ အဓမ္မဘက်မှ ရပ်တည်သူတို့သည် အာဏာလက်မလွှတ်ရရေး တခုသာကြည့်လေ့ရှိပါသည်။ လူထုဆင်းရဲဒုက္ခကို စာနာထောက်ထားလေ့မရှိပါ။ လူထုဒုက္ခကို စာနာသည့် ဆရာတော် သံဃာတော်တို့ဘက်၊ တရားမျှတမှုဖွံ့ဖြိုးရေးဘက်က တိုက်တွန်းနှိုးဆော်ချက်ဖြစ်သည့် ရွေးကောက်ပွဲသပိတ်မှောက်ရေးသည် “ဆရာတော် ဦးဥတ္တမ” ၏ အာဇာနည်စိတ်ဓာတ်ကို စံနမူထားရာရောက်ပေသည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး” ဟူသော ဆရာတော်၏ မိန့်ထုံး သြ၀ါဒကို နှလုံးသွင်းလျက် ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ကျရာအခန်းမှ တာဝန်ကျေအောင် ထမ်းကြရပေတော့မည်။ ။
ကျမ်းကိုးစာရင်း ။ ။
(၁) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။
http://www.khitpyaing.org/index.php?route=detail&id=4346
အဆိုးထဲက အကောင်းကို ရှာဖွေချင်သူများ
အဆိုးထဲက အကောင်းကို ရှာဖွေချင်သူများ
အက်ရှ်လေ ဆော့သ် Thursday, September 09, 2010 သူ့အတွေး သူ့အမြင်
သိပ်မကြာခင် လပိုင်းက အပစ်ရပ်အဖွဲ့တွေ၊ တိုင်းရင်းသားဒေသ လူထုအခြေပြု အဖွဲ့ ခေါင်းဆောင်တွေဟာ လာမယ့် ရွေးကောက်ပွဲကို ဝင်ဖို့ ပါတီတွေ ထောင်ကြပါတယ်။ ဒါကြောင့်ပဲ မေလကုန်လောက်မှာ မှတ်ပုံတင် လျှောက်ခဲ့ကြတဲ့ ပါတီ ၄၂ ခုထဲက သုံးပုံနှစ်ပုံလောက်ဟာ တိုင်းရင်းသား လူမျိုးစု အဝန်းအဝိုင်း ကိုယ်စားပြုနေပါတယ်။ ရွေးကောက်ပွဲက ယုံကြည်ရပါ့မလား ဆိုတာကတော့ တိုင်းရင်းသား ပါတီတွေ လွတ်လွတ် လပ်လပ် မဲဆွယ် စည်းရုံးခွင့် ရှိရဲ့လား၊ ရွေးကောက်ပွဲနေ့မှာ မဲကို မှန်မှန်ကန်ကန် ရေတွက်ပေးပါ့မလား ဆိုတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။
ကျနော် စကားပြောခဲ့သူတွေကတော့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေဟာ ချို့ယွင်း အားနည်းချက်တွေ ပြည့်နေတယ်၊ ရွေးကောက်ပွဲရလဒ်ဟာ စစ်တပ်က အားကောင်းကောင်းနဲ့ ထိန်းချုပ်ထားမယ့် သမ္မတ စနစ် အစိုးရ တရပ်ပဲ ဖြစ်မယ် ဆိုတာ နားလည်ထားကြသူတွေပါ။ နှစ်ပေါင်း ၆ဝ သက်တမ်း ရှိတဲ့ နယ်စပ်ဒေသ လက်နက်ကိုင် ပဋိပက္ခဟာလည်း လူမျိုးစုတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို လူသိရှင်ကြားဖြစ်အောင် နည်းနည်းပဲ လုပ်နိုင်ခဲ့ပုံ၊ စစ်တပ်နဲ့ အပေါင်းအပါတွေကပဲ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ် အများစုကို ထိန်းချုပ်ထားပုံ ဒါတွေကိုလည်း သိကြပါတယ်။ သူတို့ မျှော်လင့်တာက ရွေးကောက်ပွဲ နောက်ပိုင်းမှာ လှုပ်ရှား နိုင်မယ့် နယ်ပယ် အသင့်အတင့် ရလာဖို့ပါပဲ။
၁၉၉ဝ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြည်ညို လေးစားလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် နိုင်ခဲ့ပါတယ်။ NLD ရဲ့ သြဇာ အဲဒီလို ကြီးခဲ့ပေမယ့် တိုင်းရင်းသား လူမျိုးစု ပါတီတွေက ကိုယ်စားလှယ် ၆၅ ယောက်လည်း ရွေးကောက်ခံရပါတယ်။ အဲဒီ ပါတီတွေက စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့ (UNA) ဆိုတာကို ဖွဲ့ထားတာပါ။ ဒီအဖွဲ့ဟာ NLD နဲ့ နီးနီး ကပ်ကပ် ရှိခဲ့တာကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ် အသိအမှတ်ပြုခံရရေး ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်ကြောင့် ပါပဲ။
NLD က အခု ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားတာပါ။ ဒီလို ဆုံးဖြတ်တာဟာ တိုင်းရင်းသား လူမျိုးစု နယ်မြေတွေမှာ ဒေသခံ ပါတီတွေအတွက် လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားတယ်လို့ လူမျိုးစု နိုင်ငံရေးသမားတွေက မြင်ကြပါတယ်။
ဒီဖြစ်ရပ်ဟာ ၁၉၉၅ မှာ စစ်အစိုးရရဲ့ အမျိုးသားညီလာခံကနေ NLD နုတ်ထွက်သွားတဲ့ အတွက် ညီလာခံမှာ စစ်အစိုးရ မထိန်းချုပ်နိုင်တဲ့ တခုတည်းသော အသံအဖြစ် အပစ်ရပ်အဖွဲ့တွေပဲ ကျန်ရစ်ခဲ့သလို အခြေ အနေမျိုးကို ပြန်ပြီး ထင်ဟပ်ပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေရဲ့ လိုအင် ဆန္ဒတွေ ပါဝင်အောင် လုပ်ဆောင်ရေးက မအောင်မြင်ပေမယ့် ညီလာခံမှာ အပစ်ရပ် အဖွဲ့တွေ ပါဝင်နိုင်တဲ့ အတွက် တိုင်းရင်းသားတွေရဲ့ နစ်နာမှုတွေ၊ ဆန္ဒတွေကို ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒါဟာ ၁၉၆ဝ နောက်ပိုင်း အမျိုးသား နိုင်ငံရေး စင်မြင့်မှာ ပထမဆုံး ရတဲ့ အခွင့်အရေးပါပဲ။
ဒီနှစ် ရွေးကောက်ပွဲမှာတော့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ် အတွက် တိုင်းရင်းသား လူနည်းစု ပါတီ တချို့ ဝင်ပြိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် အများစုကတော့ ပြည်နယ် ၁၄ ခု နဲ့ တိုင်း လွှတ်တော်တွေမှာ အနိုင်ရဖို့ အဓိက အလေးထားကြပါလိမ့်မယ် (ပြည်နယ်နဲ့တိုင်း တို့ကို အခြေခံ ဥပဒေသစ် အရ “ဒေသ” လို့ အမည် ပြောင်းထားပါတယ်)။ သူတို့ မျှော်လင့်တာက အဲဒီ ပြည်နယ် လွှတ်တော်တွေမှာ နေရာ အတော်အတန် ရထားမယ် ဆိုရင် အစိုးရ ချမှတ်ပေးမယ့် အခွန်ငွေ (သဘာဝ သယံဇာတ ထုတ်လုပ်မှု အပါအဝင်)တွေကို ထိန်းချုပ်တဲ့ နေရာမှာ ညီညီမျှမျှ ဖြစ်အောင် လုပ်နိုင်ဖို့၊ ကျောင်းတွေ၊ လူထု အုပ်ချုပ်ရေးနဲ့ တရားရုံး စနစ်တွေမှာ အသုံးပြုတဲ့ ဘာသာစကား မူဝါဒကိစ္စတွေ အခွင့်အရေး ညီမျှ လာစေဖို့ ဖြစ်ပါတယ်။ အစိုးရအာဏာကို ထိန်းညှိရေးအတွက် ဝန်ကြီးတွေ ခန့်ထားရာမှာလည်း မျှမျှတတ လုပ်ဆောင်နိုင်ဖို့လည်း သူတို့က မျှော်လင့်ပါတယ်။
ပါတီ အတော်များများ အထူးသဖြင့် လူမျိုးစုငယ် ကိုယ်စားပြု ပါတီတွေက ရွေးကောက်ပွဲဟာ သူတို့ရဲ့ နိုင်ငံရေး အရ အရေးပါမှုကို ပြသနိုင်ရေးအတွက် အခွင့်အလမ်း ဖြစ်တယ်လို့ သဘောထားကြပါတယ်။ သူတို့ရဲ့ လူမျိုးရေး ဖော်ဆောင် သတ်မှတ်မှု ပိုပြီး ခိုင်မာ အားကောင်းလာအောင် လုပ်ချင်ကြတာပါ။ ပုန်ကန်မှု သက်တမ်းရှည်နေတဲ့ ကရင်တိုင်းရင်းသားတွေလို အဝန်းအဝိုင်းနဲ့ ဆက်စပ်မှုရှိတဲ့ ပါတီ တချို့ အဖို့တော့ လက်နက် မကိုင်တဲ့ နိုင်ငံရေးအဖွဲ့ ဖွဲ့တာဟာ နယ်စပ် အခြေစိုက် တော်လှန်ရေးကနေ လွတ်လပ်ရေး ကြေညာလိုက်တဲ့ သဘောပါပဲ။
လောလောဆယ် ပါတီတွေက မှတ်ပုံတင်တဲ့အဆင့် လုပ်နေကြပြီး နောက်ပိုင်းမှာ စည်းရုံးရေး ဆင်းကြတော့မှာပါ။ အဲဒီအခါ လူမျိုးစုမဲတွေ ပြန့်မထွက်သွားရအောင် အကောင်းဆုံး ဘယ်လို လုပ်ကြမယ် ဆိုတာကို သူတို့ အချင်းချင်း စပြီး ဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ တချို့ ပြည်နယ်တွေမှာ ပါတီ တခုတည်းကနေ ဒေသခံတွေကို စုစည်းနိုင်ပုံ ရပါတယ်။ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP)ကို နိုင်ငံရေး ပါတီ အဖြစ် အစိုးရက မှတ်ပုံတင် ချမပေးသေးတာ အဲဒီအကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်လို့ KSPP နဲ့ တခြား အမှီအခိုကင်းတဲ့ ပါတီတွေ ရွေးကောက်ပွဲ မဝင်နိုင်ဘူး ဆိုရင် ရွေးကောက်ပွဲကို ယုံကြည်မှု အကြီးအကျယ် နည်းသွားကြမှာပါ။
တချို့ ဒေသတွေမှာ (ဥပမာ ကရင် အသိုင်းအဝန်းမှာ) ပါတီ တခုမက ပေါ်လာပါတယ်။ နိုင်ငံရေး အတွေ့အကြုံ မရှိကြတဲ့ ခေါင်းဆောင်တွေ ကြားမှာ အကောင်းဆုံး လက်တွဲကြရေး သဘောတူညီမှု ရ၊ မရ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဒီခေါင်းဆောင်တွေက ဆက်ဆံရေး ပြေပြစ် ချေမွေ့တာကို သဘော တွေ့သူတွေ မဟုတ်ပါဘူး။
ဒေသဆိုင်ရာ အခြေအနေတွေပေါ် မူတည်ပြီး တချို့ ဒေသတွေမှာ တိုင်းရင်းသားတွေရဲ့ မဲတွေ ပြန့်ကွဲ မသွားရအောင် ပါတီ ကိုယ်စားလှယ် အချင်းချင်း အပြန်အလှန် ကူညီရေး သဘောတူပြီး အောင်နိုင်ရေး အတွက် ညွန့်ပေါင်း ဖွဲ့ကြပါလိမ့်မယ်။
ပါတီမှတ်ပုံတင်တာတွေကို လက်ခံလိုက်ပြီ ဆိုတာနဲ့ (ဒါမှမဟုတ် တရားဝင် ပယ်လိုက်ပြီ ဆိုတာနဲ့) ၁၉၉ဝ တုန်းက လိုမျိုး မဟာမိတ် ဖွဲ့တာတွေ ပိုပြီး ပေါ်ထွက်လာနိုင်ပါတယ်။ တချို့ တိုင်းရင်းသား နိုင်ငံရေး သမားတွေက စစ်အစိုးရဘက်တော်သား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဖို့ လိုအပ်မယ် ဆိုတာ သိနေကြပါတယ်။
စစ်အစိုးရ ဖွဲ့ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီကို ကိုယ်စားပြု ရပ်တည်ဖို့ ဆုံးဖြတ်ထားကြတဲ့ ကရင်၊ ကချင် ဒါမှမဟုတ် မွန်ဒေသခံတွေနဲ့ပါ။
ကျနော် စကားပြောခဲ့တဲ့ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမယ်လို့ ယူဆကြတယ်။ သူတို့ ပါတီတွေ ကောင်းကောင်း ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ကြပုံပါပဲ။ အစိုးရ ထောက်ခံတဲ့ပါတီတွေက နိုင်ငံရေးအရရော၊ ရံပုံငွေနဲ့ ပတ်သက်ပြီးတော့ရော အခွင့်ထူးတွေ ရနေတယ် ဆိုတာကတော့ ရှင်းပါတယ်။ သူတို့က အစိုးရ ထိန်းချုပ်တဲ့ သတင်းစာတွေ၊ တခြား မီဒီယာတွေကို အသုံးချခွင့် ရှိနေတာပါ။
၁၉၉ဝ ရွေးကောက်ပွဲမှာ မဲတွေကို မျှမျှ တတ ရေတွက်ခဲ့ပါတယ်။ စစ်အစိုးရက အဲဒီလို ရလဒ်မျိုး ရွေးကောက်ပွဲမှာ နောက်ထပ် မဖြစ်ရအောင် ရှင်းရှင်း လင်းလင်း ပိုင်းဖြတ်ထားပုံပါပဲ။ ဒီနှစ် ရွေးကောက်ပွဲမှာ သူတို့ ကလိမ်ကျမယ် မကျဘူး ဆိုတာကို စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။
ဒီလို မရေရာတာတွေ ရှိနေတဲ့ အတွက် တိုင်းရင်းသား လူနည်းစု ပါတီဝင်တွေဟာ ကိုယ်စားလှယ်တွေ အဖြစ် ပါဝင် အရွေးခံရင် သူတို့ဟာ သူတို့ အသိုင်းအဝန်းမှာ ရပ်တည်ရေး ခက်ခဲလာရုံမက အန္တရာယ်လည်း အတော် ကြီးနေပါတယ်။ အဲဒါကြောင့်ပဲ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကိုယ်စားပြု ဆောင်ရွက်ခွင့်ပြုတဲ့ ရွေးကောက်ပွဲလို့ သဘောထားကြတာပါ။ အကြောင်းကတော့ အရည်အချင်း ရှိတဲ့သူ အများစုဟာ သူတို့ကိုယ်တိုင် ဝင်အရွေးခံဖို့ စိတ်မပါလှဘဲ တခြားသူတွေကို စုစည်းဖို့ ကြိုးစားနေတာကြောင့်ပါပဲ။
အစိုးရနဲ့ မပတ်သက်တဲ့ ပါတီတွေကတော့ ရွေးကောက်ပွဲဝင်ဖို့ လုပ်နေချိန်မှာ အကန့်အသတ် အတော်များများနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့ပါတီတွေမှာ ပညာတတ် ခေါင်းဆောင်တွေ ရှိကြပေမယ့် တချို့မှာတော့ အတွေ့အကြုံ နည်းပါးတဲ့ ပါတီဝင်တွေပဲ ရှိကြတာပါ။ ဥပမာအားဖြင့် ကရင် ပါတီ တခု ဆိုရင် ဗုဒ္ဓဘာသာ လွှမ်းမိုးတဲ့ ပိုးကရင်နဲ့ ခရစ်ယာန် အများစု ဖြစ်တဲ့ စကောကရင် အသိုင်းအဝန်း နှစ်ခုစလုံး ရှိနေပေမယ့် သူတို့မှာ တတ်သိပညာရှင်တွေ၊ အားကိုးရတဲ့ ဒေသခံ ကိုယ်စားလှယ်တွေ မရှိပါဘူး။
တိုင်းရင်းသား လူနည်းစု ပါတီတွေ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တခုကတော့ ရံပုံငွေ မရှိတာပါပဲ။ ပါတီ ကိုယ်စားလှယ်တွေကို မှတ်ပုံတင်ဖို့၊ မဲဆွယ် စည်းရုံးဖို့ ငွေ လိုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲက တရားမျှတမယ်ဆိုရင် မဲ အလုံအလောက် ရမယ်လို့ သူတို့ ယုံကြည်နေကြပါတယ်။ သူတို့က မဲဆွယ်တဲ့နေရာမှာ ငွေသိပ်မကုန်ဖို့ကိုပဲ မျှော်လင့်ထားကြတာပါ။
ရွေးကောက်ပွဲပြီးပြီးချင်းတော့ ဒီရွေးကောက်ပွဲက မြန်မာပြည်အပေါ် ဘယ်လို သက်ရောက်မှု ရှိတယ် ဆိုတာ အဆုံးအဖြတ် ပေးနိုင်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကြောင့် အရေးပါတဲ့ အပြောင်းအလဲ ဖြစ်သလား မဖြစ်ဘူးလား ဆိုတာ အကဲဖြတ်မှု မလုပ်ခင် ကျနော်တို့ တနှစ်ကျော်ကျော် စောင့်ဖို့ လိုပါလိမ့်မယ်။ ခုအချိန်မှာတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အပြစ်ပြောဖို့ ချို့ယွင်းချက်တွေကို ထောက်ပြဖို့ ကြိုးစားနေကြသူတွေအဖို့ အထောက် အထားတွေ အများကြီး ရှိနေမှာပါ။ ဒါပေမယ်လို့ ဝေဖန် ပြစ်တင်သူတွေမှာလည်း တခြား ရွေးချယ်စရာ နည်းလမ်းကောင်းတွေ ရှိမနေပါဘူး။
ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားနေကြသူ အတော်များများဟာ မြန်မာပြည် အခြေအနေ အကောင်းဘက်ကို ပြောင်းလဲအောင် လုပ်နေကြသူတွေ ဖြစ်တယ် ဆိုတာကိုတော့ အသိအမှတ် ပြုသင့်တာပေါ့။ သူတို့က ရွေးကောက်ပွဲကို ရှိသင့် ရှိအပ်တဲ့ မကောင်းဆိုးဝါး လို့ သဘောထားနေကြသူတွေ ဖြစ်ပါတယ်။
(Asley South ရေးသားသည့် Making the Best of a Bad Election ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။ စာရေးဆရာ Asley South သည် မြန်မာနှင့် အရှေ့တောင်အာရှဒေသတွင်းရှိ လူသားချင်း စာနာမှုဆိုင်ရာ နှင့် နိုင်ငံရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်။ )
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/3990-2010-09-06-08-38-47
ဘာထင်လို့လဲ
ရန်ကုန်မြို့လည် လူစဉ်ကားသောကားဂိတ်တစ်ခုတွင်ဖြစ်သည်။ အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့်အော်နေသည်။ “ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ်တက်ထိုင်နေတယ်၊ ထိုင်နေတာလဲဘယ်လောက်တောင်ကြာနေပြီလဲ။ အလကားလူ၊ ကိုယ့်ဘာသာဘာကိုမှလဲ မဆုံးဖြတ်ဘူး။ နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ´´ ထိုစဉ် အဆိုပါအဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး အဘိုးကြီးကိုမေးသည်။ “အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ´´ “ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့´´ ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။ မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့လိုက်လာပြီး အမောတကောမေးသည်။ “မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ်ထင်လို့လဲဟင်´´ မေးလ်မှတဆင့်...
အပြောလွယ်သလောက်အလုပ်ခက်တဲ့  ကုလမြန်မာ့အရေးစုံစမ်းရေးကော်မရှင်
အပြောလွယ်သလောက်အလုပ်ခက်တဲ့  ကုလမြန်မာ့အရေးစုံစမ်းရေးကော် “ကိုယ်တို့ တတွေဟာ ကိုယ်မက်ချင်တဲ့အိမ်မက်ကို အတင်းအဓမ္မမက်နေတဲ့သူတွေဖြစ်နေပါ ပရောစပါရို ၀ီလျှံရှိတ်စပီးယား - “Tempest” Act 4 : Scene 1 ၂၀၀၆ ခုနှစ်နှောင်းပိုင်း၌ နယူးယောက်တိုင်းမ်းစ်သတင်းထော ဆန့် ကျင်၍လုံခြုံရေးကောင်စီအစည်းအေ တကယ်တမ်းလုံခြုံရေးကောင်စီအစည်း ထို့ ကြောင့်ယခု ၂၀၁၀ နှစ်မတ်လ ၂၁ ရက်နေ့ ကထုတ်ပြန်သောကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီသို့  မြန်မာနိုင်ငံဆိုင်အထူးရာစုံစမ် အင်္ဂလိပ်ဘာသာဖြင့်ပြုစုထားသောအစီ (အောက်ပါမူရင်းစာစုကိုမူ ဘာသာပြန်မတိကျမည်စိုး၍ချန်ထား The French version is perhaps closer to Quintana's thought when it suggested that UN institutions "voudront peut-etre envisager la possibilite" switching into the future tense and throwing in a "peut-etre" for good measure. The Chinese version could rely on the ubiquitous "kě yĭ" 4 which implies both "can" and "may", while the Russian plumped for "mogut" 5 which is more of a "can" than a "may". သို့ သော်သူ၏ ဤအကြံပြုချက်ကို လူ့ အခွင့်အရေးအဖွဲ့ အစည်း များနှင့် မြန်မာ့အရေးတက်ကြွသူများ အားလုံးနီးနီးက ကုလသမဂ္ဂအဖွဲ့ ကြီးကနေ၍ (မြန်မာ့ အရေးအတွက်) စုံစမ်းရေး ကော်မရှင်တစ်ခုဖွဲ့ ရန် ကွင်းတားနားကိုယ်တိုင်ကတရားဝင်ေ “ဤကဲ့သို့ သောကော်မရှင်တရပ်ဗားမား(Burma) အတွက်ဖွဲ့ စည်းရေးကိုကုလသမဂ္ဂဆိုင်အထူး စုံစမ်းရေး အရာရှိ(ကွင်းတားနား) က မတ်လအတွင်းကထောက်ခံထားသည်။” ဟုအပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာအဖွဲ့ (Amnesty International) ကကိုးကားခဲ့သည်။ (သို့ သော်လည်း)နိုင်ငံတကာအစိုးရများ သြဂုတ်လ ၂၄ ရက်နေ့ တွင်းပြုလုပ်ခဲ့သောသတင်းဌာနမျာ “ အပြည်ပြည်ဆိုင်ရာဥပဒေကိုချိုးေ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဝီ အဓိပ္ပါယ်မှာ(ဤကိစ္စအတွက်)ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလူ့ အခွင့်အရေးကိစ္စတွင်ကိုဆွဲသုံး ဤမျှနှင့်မကျေနပ်၍လူ့ အခွင့်အရေးကောင်စီကိုပဲထပ်တင် (လုံခြုံရေးကောင်စီနှင့်လူ့ အခွင့်အရေးကောင်စီတို့ ကိုသုံး၍မရနိုင်မှန်းသဘောပေါက် အထွေထွေညီလာခံကြီးအနေဖြင့် “ပြဿနာကိုလေ့လာရေး” လုပ်ပြီးထောက်ခံတင်ပြချက်များလု ဘာဘဲပြောပြော - အင်အားကြီးနိုင်ငံတချို့  (တရုပ်နှင့်ရုရှ) တို့ ကကန့် ကွက်နေကြသည့်ကြားက အထွေထွေညီလာခံကသူ့ လုပ်ပိုင်ခွင့်ဘောင်ကျော်၍လုပ် မြန်မာပြီးလျှင်နောက်ဘယ်နိုင်ငံ အထွေထွေညီလာခံသည်လုံခြုံရေးကော ညီလာခံမတက်သောနိုင်ငံ၊ တက်ပါလျှက်နှင့်(ထောက်ခံ/ကန့် ကွက်တစ်ခုခုမလုပ် သော) မဲမပေးဘဲနေသောနိုင်ငံများကိုဆုံ (ဤသို့ ဆိုလျှင်) မရှိသေးသောလုပ်ထုံးလုပ်နည်း/စီ ထို့ ကြောင့်(ဤလမ်းကြောင်းအတိုင်ြး အထွေထွေညီလာခံသည်ကုလထွေထွေအတွင် သို့ ဖြစ်ရာ - နောက်ဆုံးဖြစ်နိုင်သည့်နည်းအြ မဖြစ်နိုင်ဘူးဟုသာဆက်၍ဖြေရမည်။ အဘယ့်ကြောင့်ဆိုသော် အထွေထွေအတွင်းရေးမှုး (ဘန်ကီမွန်း) က လည်း ဤကဲ့သို့ လုပ်ထုံးလုပ်နည်းမရှိဘူးသည့်ကိ လာမည့်သီတင်းပါတ်များအတွင်းဤကိ မကြာမီရက်များအတွင်းကွင်တားနားန ခရစ္စမတ်မတိုင်မီရက်သတ္တပါတ်များ အချို့ ကအာချီဆန်နည်း(Acheson Plan) ဟုအများကခေါ်ကြသောကုလအထွေထွေညီလာ အာချီဆန်နည်းအရ လုံခြုံရေးကောင်စီတွင်ဆက်၍ရှေ့ ဆက်တိုး၍မရ (impasse) ဖြစ်မည့်အရိပ်အယောင် မြင်နေသောဤ “မြန်မာပြည်အခြေအနေ (The Siutation in Myanmar)” ခေါင်းစဉ်ကိုလုံခြုံရေးကောင်စီက ဆွေးနွေးရန်ခေါင်းစဉ်များစာရင်း (agenda) မှထုတ်မပြစ်ဘဲဆက်၍ထားရှိကာအချိ သို့ ဆိုပြန်လျှင်လည်း အစကတည်းကမြန်မာကိစ္စလုံခြုံရေးေ ဘားမားကင်ပိန်းယူကေ (Burma Campaign UK) သို့ သူရေးသောစာတွင် (ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး) ၀ီလျှံဟိတ်က “(မြန်မာနှင့်ပါတ်သက်လို့ ) ကျနော်တို့ လုပ်ကြမဲ့ဘယ်လှုပ်ရှားမှုမဆိုနို အာရှ၏ကျယ်ကျယ်ပြန့် ပြန့် ပံ့ပိုးမှု- အထူးသဖြင့်တရုပ်၊ အန္ဒိယ၊ ရုရှ နှင့်အေဆီယင် (ASEAN) နိုင်ငံများရဲ့ အကူအညီမပါလျှင်ဘာလုပ်လုပ် လုပ်သမျှမလေးနက်ဘဲ၊ တမင်အကွက်ဆင်နေသည်၊ မြန်မာကိုမကောင်းကြံဖို့ အနောက်နိုင်ငံတွေနောက်တကြိမ်ဂိ အကယ်၍ ဤကိစ္စကိုအမေရိကန်ပြည်ထောင်စုကသာ Bondevik (အော့စလိုစင်တာတွင် သြဂုတ်လ ၂၇ ရက်နေ့ က) ပြောသလို - သေမင်းဖက်နမ်းတာ(kiss of death) ခံရသလိုပင်ဖြစ်သွားနိုင်သေးသည်။ သို့ တစေနော်ေ၀၀န်ကြီးချုပ်သည် မြန်မာကိစ္စကိုအများအာရုံပြုမိ စုံစမ်းရေးကော်မရှင်ကိစ္စနှင့်ေ ကျွန်ုပ် (Derek Tonkin) သည် မိမိကိုယ်ကိုကုလသမဂ္ဂ၏အဖွဲ့ အစည်းများလုပ်ငန်းဆောင်တာများ နိုင်ငံတကာပရိဿပ်၏ညီညွတ်ခိုင်မာ မြန်မာ့အရေးကုလသမဂ္ဂ၏ ကိုင်တွယ်ပုံသည် ယင်းကိုင်တွယ်နေသည်မြန်မာ့အရေး ဘာဘဲဖြစ်ဖြစ် နိုဝင်ဘာ (၇) ရွေးကောက်ပွဲရက်မတိုင်မီဘာကော် ရွေးကောက်ပွဲမတိုင်မီယခုအချိန် Derek Tonkin Chairman Network Myanmar http://www.networkmyanmar.org/ မှတ်ချက် - မူရင်းစာရေးသူ၏ခွင့်ပြုချက်ဖြင် ဘာသာပြန်မတိကျလျှင်ဘာသာပြန်သူ၏ ဘာသာပြန်သူ၏နောက်ဆက်တွဲစကားချပ် -
BP050910 Derek Tonkin
စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့မှ မန္တလေးမှာ စာဖြန့် ဝေ..
မြေသြဇာ ရဲဘော်များမှ မ အိမ်သာ အတွင်း ကပ်နေသောပုံ ဒီလိုလည်း အခြေအနေ ကို စောင့်ကြည့်ရသေးတယ်။ ဆိုင်ကယ်ရပ်နားထားရာ နေရာလည်း မချန်ခဲ့ဘူး အဆောင်တွေထဲထိ ယူလာပြီး သေချာ ဖတ်ရှု့လေ့လာနေသော ကျောင်းသားတဦး ၁၇ စာမေးပွဲ စမယ်ဆိုတဲ့ အချိန်ဇယား ဘုတ်မှာလည်း ကပ်ခဲ့တယ်။Thursday, September 9, 2010
ရတနာပုံ တက္ကသိုလ်အတွင်း လှုတ်ရှား မှု့
ပြည်သူသာ အမိ ပြည်သူသာ အဖ ထုတ်ပြန်ကြေငြာချက်


ပဲခူးတိုင်း ပဲခုးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းတွင် ဖြစ်ပွါားခဲ့သည့် စစ်တပ်၏ လူမဆန်မှုများနှင့်ပတ်သတ်ပြီး စစ်အစိုးရ တာဝန်ရှိသူမှ ပြည်သူလူထုတရပ်လုံးကို တရားဝင် တောင်းပန်ရန်နှင့် မည်သို့မည်ပုံ အပြစ်ပေး အရေးယူထားတယ်ဆိုတာများကို ပြောကြားပေးရန် တောင်းဆိုချက်၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေငြာချက်နှင့် ပြည်သူသာ အမိ၊ပြည်သူသာ အဖ ဆိုသည့် ထုတ်ပြန်ကြေငြာချက်များ ကို မန္တလေးတိုင်း ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ကျား/မ အိမ်သာများ၊ဆိုင်ကယ်ရပ်နားရာနေရာများနှင့်လူနေဆောင်များ အတွင်းသို့ လူထုတရပ်လုံးနှင့်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့ မှ လိုက်လံကပ်ခြင်း၊ဝေငှခြင်းများပြုလုပ်ခဲ့ကြပါသည်။



