အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားသည်နအဖကအစဉ်အဆက်မြန်မာ့နိုင်ငံရေးလှုပ်ရှားခဲ့ကြသူများကိုတိတိကျကျခိုင်
လုံသောအထောက်အထားများပြသခြင်းမပါပဲအကျဉ်းအားဖြင့်တိုက်ခိုက်ခဲ့သည်အပေါစားဇတ်ကားတခုသာဖြစ်သည်။
ဇာတ်ကားတွင်စိုးပြည့်သဇင်,စိုးမြတ်သူဇာ,ဌက်ပျောကြော်,မျိုးသန္တာထွန်း,ကင်းကောင်,ဆုကဗျာ,အရိုင်း,အောင်ခိုင်,
ရတနာမိုင်,ခိုင်သင်းကြည်,ပုလဲဝင်း,ပွင့်နဒီမောင်,မယ်လိုဒီ,မိုးဟေကို ,သက်မွန်မြင့် ,အိန္ဒြာကျော်ဇင် ,မေသက်ခိုင်,
အေးမြတ်သူ,မြတ်ကေသီအောင်,ခန့်စည်သူ ,လူမင်း ,လွင်မိုး,ကျော်ရဲအောင်,နေတိုး ,ပြေတီဦး၊ တို့ပါဝင်သည်။
အဓိကတရားခံ၃ဦးရှိသည်။၎င်းတို့မှာသမိုင်းကြောင်းဆိုင်ရာအကြံပေးဆိုသူများဖြစ်သည့်တက္ကသိုလ်မြတ်သူ၊ဦးဝင်းတင်၊
ဦးကိုကိုလှိုင်ဆိုသူတို့ဖြစ်သည်။ဒုတိယတရားခံမှာရိုက်ကွင်းဇာတ်ညွန်းရေးသူစိုးစန္ဒီဦးဖြစ်သည်။အပေါစားအကြံပေးမှု
များကိုအတိုထပ်ချုံ့နအဖကြိုက်ရင်ပြီးရောဆိုပြီးစကားပြောခန်းများရေးသားသူဖြစ်သည်။ထိုသူတို့စီစဉ်လာတာတွေကို
နောက်ဆုံးမိမိ၏လေ့လာနားလည်သိရှိမှုတွေကိုခေတ္တမျက်လုံးစုံမှိတ်၍သမိုင်းကြောင်းအပျက်ခံသူမှာတင်သန်းဦးပင်ဖြစ်
ပေတော့သည်။ကျွန်တော်တို့ကလည်းတိုက်သလိုနအဖကလည်းပြန်တိုက်တာတရားသည်ဆိုကြပါစို့။
သမိုင်းအမှန်ကိုတော့မဖျက်စီးရပါ။အမှန်အတိုင်းရှိရမည်။သိန်းပေါင်းသုံး
လေးထောင်အကုန်ခံတိုက်သည့်ဒီစစ်ဆင်ရေးသည်နအဖအတွက်အလဟဿဖြစ်ခဲ့တာတော့အမှန်။ဇတ်ညွန်းလာစကား
လုံးများသည်အရမ်းအပေါစားဆန်သည်။ဦးသန့်သည်ဦးနေ၀င်းနှင့်အဖုအကြိတ်တွေရှိကောင်းရှိဖူးမည်။ဦးသန်းရွှေနှင့်
တော့မရှိနိုင်လောက်ပေ။ဦးသန့်သားမြေးတွေလည်းလက်ရှိတရားဝင်ဝင်ထွက်သွားလာနေတာလည်းအမြင်ပင်။
ဒီအခန်းမထည့်လည်းရသည်။အမုန်းခံ၊အကဲ့ရဲ့ခံရမှာနည်းသွားမှာစိုးပုံရသည်။နိုင်ငံခြားရေးဝန်ကြီးရာထူးသည်ကုလချူပ်
ရာထူးထက်ပိုမြင့်သလိုပင်တင်ဆက်ခဲ့သည်။မင်းသားမင်းသမီးများသည်မရိုက်ခင်ဇတ်ညွန်းတောင်းဖတ်ခွင့်ရှိသလိုစကား
လှလှသုံးပြီးငြင်းခွင့်လည်းရှိသည်။အနုပညာရှင်သည်ပြည်သူအတွက်ဖြစ်သည်။အစွန်း၂ဖက်လွတ်ရသည်။မိမိရိုက်သည့်
ဇတ်ကားသည်သမိုင်းကြောင်းမှန်ကန်မှုရှိမရှိစစ်ဆေးသင့်သည်။မိမိကိုယ်မိမိအပေါစားအဖြစ်မခံသင့်ပေ။ဤဇတ်လမ်း
တွင်အဓိကတာဝန်ယူပုတ်ခတ်သွားသူများမှာဗိုလ်မှူးသမီးခိုင်သင်းကြည်နှင့်သူကောင်းဘွဲ့ခံခန့်စည်သူဖြစ်သည်။
မင်းသားမင်းသမီးအများစုသည်မြန်မာ့နိုင်ငံရေးတွင်ပတ်သက်ဖူးသူများမဟုတ်ကြပေ။ရင်နာစရာကောင်းတာကတော့
အရိုင်းကင်းကောင်ဖြစ်သည်။၈၈မှာဘာဖြစ်ခဲ့တယ်။သူတို့ရောဘာတွေလုပ်ခဲ့ကြတယ်သိသိကြီးနှင့်ပါဝင်ခဲ့ခြင်းဖြစ်သည်။
မိးလောင်တာအားပေးသလိုကိုယ်တိုင်လည်းမီးလောင်သည်။စက်တင်ဘာမှာကိုဇာဂနာကအဲဒါတွေရပ်ထားပြီးဘုရားကို
လာဖို့ဖိတ်ခေါ်ဖူးသည်။အခုအင်္ဂလန်ကိုနေတိုးလာသည်။ကန့်ကွက်တာကတရာကျော်၊ထောက်ခံတာက၃၀၀ကျော်ဆို
တော့ကျွန်တော်တို့ပြည်ပနအဖဆန့်ကျင်ရေးအင်အားအခြေအနေကိုစာဖတ်သူသုံးသပ်လို့ရလောက်ပါပြီ။စိုးမြတ်သူ
ဇာအမေရိကားကိုမျက်နှာပြောင်တိုက်လာရောက်နေသလို၊၀ိုင်းစုခိုင်သိန်းလည်းလာတော့မည်။
အထဲကဆုပ်လဲစူးစားလဲရူးဘ၀တွေကိုစာနာနိုင်ပါသည်။သွေးတွေနဲ့ရေးထားတဲ့သမိုင်းနောက်လူငယ်တွေအမှန်
တိုင်းသိမြင်နိုင်ဖို့ပါဝင်သူများအမှန်အတိုင်းသိရှိဝန်ခံတာတွေဖြစ်သင့်ပါသည်။
ိစောင့်ကြည့်လိုက်ပါအုံးမည်။နားစွင့်နေလိုက်ပါအုံးမည်။
Monday, August 2, 2010
အမေရိကားမှာဖူးမည့်ကြာ...
ကြံ့ဖွံ့ပါတီ၏ မူဝါဒတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မပါဝင်
ကြံ့ဖွံ့ပါတီ၏ မူဝါဒတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မပါဝင်
Monday, 02 August 2010 16:26 သျှမ်းသံတော်ဆင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယခုနှစ်မေလပိုင်းက ထုတ်ဝေခဲ့သော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း စာအုပ်တွင် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ ထည့်သွင်းထားခြင်း မရှိပေ။
အစိမ်းရောင်မျက်နှာဖုံးနှင့် စာမျက်နှာ ၈၁ မျက်နှာပါသော အဆိုပါ စာအုပ်တွင် ကြံ့ဖွံ့ပါတီ၏ ရည်မှန်းချက် ယုံကြည်ချက် သံန္နိဋ္ဌာန် မူဝါဒ လုပ်ငန်းစဉ်များနှင့် သဘောထားများကို အသေးစိတ်ဖေါ်ပြထားပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး ၄င်းပါတီ အာဏာရရှိပါက ကျင့်သုံးမည့် မူဝါဒ ဖြစ်သည်။
ကြံ့ဖွံ့ပါတီ၏ အမျိုးသားရေးမူဝါဒတွင် ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာ တည်တံ့ ခိုင်မြဲရေးကို ထာဝစဉ် ဦးထိပ်ထားမည်ဟု ပါရှိသည်။ထို့အပြင် တိုင်းရင်းသားအရေးတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အလေးထားမည် အခြေခံဥပဒေနှင့်အညီ တိုင်းရင်း သားများ၏ အခွင့်အရေးများကို အပြည့်အ၀ရရှိခံစား စေအောင် ဖေါ်ဆောင်ပေးမည်ဟု ပါရှိသည်။
လူ့အခွင့်အရေးအပိုင်းတွင်လည်း အခြေခံဥပဒေနှင့်အညီ နိုင်ငံသားတိုင်း၏ရပိုင်ခွင့်နှင့်အခွင့်အရေးကို အာမခံမည်ဟု ဖေါ် ပြ ထားသည်။ အဆိုပါမူဝါဒများအရ ကြံ့ဖွံ့ပါတီအာဏာရလာပါက နအဖ စစ်အစိုးရ ရေးဆွဲထားသည့် ၂၀၀ဂ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကျောရိုးအတိုင်း အုပ်ချုပ်သွားမည် ဖြစ်သည်။
၂၀၀ဂဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွတ်တော် အမျိုးသားလွတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ် တော် လွှတ်တော် ၃ ရပ်စလုံးတွင် ရွေးကောက်ပွဲဝင်စရာမလိုပဲ စစ်သား ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုထားသည့် အပြင် နိုင်ငံတော် သမ္မတသည် စစ်ရေးအမြင် ရှိသူဖြစ်ရမည်ဟု သတ်မှတ်ထားသေးသည်။
အချုပ်အားဖြင့် စစ်တပ်မှ အာဏာထိန်းချုပ်နိုင်မည့် အချက်အလက်များကို ဖွဲ့စည်းပုံဥပဒေ၌ ထည့်သွင်းထားရာ အတိုက် အခံ ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားများက ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရန် လိုလားနေခြင်း ဖြစ်သည်။
အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် က ၂၀၀၉ ခုနှစ် ဧပြီလ ၂ဂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ရွှေဂုံတိုင်ကြေငြာချက်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်း သားအားလုံး ခြွင်းချက်မရှိလွတ်ပေးရန် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရန် ၊ နိုင်ငံရေးအရ အနှစ် သာရပြည့်ဝစွာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမ ဆွေးနွေးရန် နောက်တဆင့်တွင် တိုင်းရင်းသားများနှင့် ဆွေးနွေးရန် နအဖထံ တောင်းဆိုထားသည်။
ဒေသတွင်းနိုင်ငံတကာအသိုင်းအ၀ိုင်းလည်း ရွေးကောက်ပွဲတွင် အင်အားစုအားလုံး ကျယ်ပြန့်စွာပါဝင်နိုင်ရေးလုပ်ဆောင် ရန်တောင်းဆိုထားသည်။ အထူးသဖြင့် မြန်မာနအဖနှင့်နီးကပ်စွာ ဆက်ဆံနေသည့် မြန်မာ့အိမ်နီးချင်း တရုတ်ပြည် အနေ ဖြင့် နှစ်နိုင်ငံ နယ်စပ်တစ် လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အရေးနှင့် ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ် ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။
တနည်းအားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အရေးကြီးကြောင်း မီးမောင်းထိုးပြနေရာ ယခုကြံ့ဖွံ့ ပါတီ၏ မူဝါဒလမ်းစဉ်များသည် ထိုအချက်ကို မျက်ကွယ်ပြုထားကြောင်း လေ့လာသူများက ထောက်ပြကြသည်။
အဆိုပါ စာအုပ်၏ နိဒါန်းအပိုင်းတွင် ကြံ့ဖွံ့ပါတီအား နိုင်ငံတော်၏ အမျိုးသားရေးအင်အားစုကြီးဖြစ်သည့် ကြံ့ဖွံ့အသင်း ကို အမွေခံ၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး သမိုင်းရေးပကတိလိုအပ်ချက်အရ လေးနက်တည်ကြည်သော သံန္နိဋ္ဌာန်စိတ်ဖြင့်ဖွဲ့စည်း ထားသည်ဟု ဆိုထားသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/997-2010-08-02-09-27-14
သူခိုးဓားရိုးကမ်းသော အိန္ဒိယအစိုးရ
NEJ / ၀၂ သြဂုတ် ၂၀၁၀ သူခိုးဓားရိုးကမ်းသော အိန္ဒိယအစိုးရ
တိုင်းသူပြည်သားနှင့်ဆက်ဆံရာတွင် အလွန်တရာအကျင့်ယုတ်၍ ညစ်ပတ်စုတ်ပဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်းပါ ကပ်ဖားစစ်ဗိုလ်များ ကျူးလွန်ထားသော ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရေးအတွက် ကော်မရှင်ဖွဲ့ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဖြစ်သူ တောမတ်စ်ကင်တားနားက ယခုနှစ်အစောပိုင်းက တင်ပြခဲ့သည်။ မြန်မာ့ကမ်းလွန်တွင် ဓာတ်ငွေ့တူး၍ နအဖရာဇ၀တ်ကောင်နှင့်ပေါင်းကာ စီးပွားရှာနေသော စွမ်းအင်ကုမ္ပဏီများသည်လည်း တာဝန်ရှိသည်ဟု ကင်တားနားက ထောက်ပြထားသည်။ ရွှေဓာတ်ငွေ့စီမံကိန်းတွင် အိန္ဒိယအစိုးရပိုင် ကုမ္ပဏီ (၂) ခုပါဝင်နေသည်။ သို့သော်လည်း ရွှေဓာတ်ငွေ့တွင်းကထွက်သော သဘာဝဓာတ်ငွေ့ကို တရုတ်ကို အရင်ဆုံးရောင်းရန် ဗိုလ်သန်းရွှေက ဆုံးဖြတ်၏။ ဗိုလ်သန်းရွှေညစ်ပတ်သည်ကို အိန္ဒိယက ခံလိုက်ရခြင်းဖြစ်သည်။
လောင်စာစွမ်းအင် မလုံမလောက်ဖြစ်နေသော အိန္ဒိယအစိုးရသည် ဗိုလ်သန်းရွှေ ညစ်ပတ်ထားသည်ကို ဗွေမယူနိုင်ဘဲ ဒေါ်လာသန်း (၁,၃၅၀) ဓာတ်ငွေ့စီမံကိန်းတွင် မြှုပ်နှံရန် လွန်ခဲ့သော ဖေဖော်ဝါရီလက ဆုံးဖြတ်လိုက်ပြန်၏။ အပြည်ပြည်ဆိုင်ရာက ကန့်ကွက်ရှုတ်ချနေသည့်ကြားမှ ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ကို ကော်ဇောနီခင်း၍ အိန္ဒိယအစိုးရ ကြိုဆိုပြန်၏။ ကမ္ဘာပေါ်တွင် တတိယအဆိုးဆုံးနှင့် အညစ်ပတ်ဆုံးဖြစ်သည်ဟု နိုင်ငံခြားရေးပေါ်လစီမဂ္ဂဇင်းက ဇွန်လက သတ်မှတ်လိုက်သော ဗိုလ်ညစ်ပတ်ကြီးကို အိန္ဒိယအစိုးရက သူကောင်းပြုလိုက်ခြင်းဖြစ်သည်။ မုဒိမ်းတပ်မတော် တည်ထောင်သူကို သူကောင်းပြုခြင်းသည် မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု စသည့် လူ့အခွင့်အရေး ချိုးဖျက်မှုအားလုံးကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံလိုက်ခြင်းဖြစ်ပေသည်။
အကြမ်းမဖက်သော နှလုံးရည်တိုက်ပွဲခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ ဂူသင်္ချိုင်းကို အကြမ်းဖက်သမား ဗိုလ်သန်းရွှေ သွားရောက်လည်ပတ်ခြင်းသည် အိန္ဒိယ၏ နှလုံးရည်တိုက်ပွဲသမိုင်းနှင့် မြန်မာ့နှလုံးရည်တိုက်ပွဲကို စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ ဗိုလ်သန်းရွှေကဲ့သို့သော လူညစ်ပတ်များသည် မည်သို့ပင် ချီးမြှင့်မြှောက်စားခံရစေကာမူ စရိုက်ဆိုးကို ပြောင်းနိုင်မည်မဟုတ်ပါ။ ကျီးကန်းသူကောင်းမြှောက်စား ချေးခြောက်ကောက်စားဆိုသော မြန်မာစကားပုံကို ဗိုလ်သန်းရွှေက လက်တွေ့အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ လောင်စာစွမ်းအင်လိုချင်၍ အကြမ်းဖက်သမား ဗိုလ်သန်းရွှေကို သူကောင်းပြုလိုက်ခြင်းသည် မြန်မာပြည်သူလူထုကို စော်ကားလိုက်ခြင်းပင်ဖြစ်သည်။
အရှေ့မြောက်ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာကို ဒီမိုကရေစီနည်းဖြင့် မဖြေရှင်းနိုင်သဖြင့် ဗမာလူမိုက်ငှား၍ တိုက်ခိုင်းသည်မှာ အိန္ဒိယဒီမိုကရေစီအစိုးရ ချွတ်ခြုံကျပုံကို ပြသလိုက်ခြင်းဖြစ်၏။ ဒီမိုကရေစီအရေးကို ချိုးဖျက်နေသော စစ်အာဏာရှင်နှင့် လက်တွဲသည်ကို သီးသန့်ဆက်ဆံရေးအဖြစ် အိန္ဒိယခေါင်းဆောင်ပိုင်းက ပြောနေ၏။ ဓမ္မဓိဋ္ဌာန်ကျစွာ လေ့လာမည်ဆိုပါက အိန္ဒိယ-မြန်မာဆက်ဆံရေးသည် သူခိုးဓားရိုးကမ်းသော ဆက်ဆံရေးပင်ဖြစ်သည်။ သဘာဝဓာတ်ငွေ့ လိုချင်ဇောဖြင့် ဒီမိုကရေစီအရေးကို သစ္စာဖောက်ကာ စစ်အာဏာရှင်ကို ထောက်ခံအားပေးခြင်းသည် နအဖသူခိုးကို ဓားရိုးကမ်းလိုက်ခြင်းပင်ဖြစ်ပေသည်။ ဓာတ်ငွေ့နှင့်စစ်သူခိုးသည် အမြဲတမ်းတည်ရှိမည်မဟုတ်ပါ။ ပြည်သူလူထုသည်သာလျှင် ထာဝစဉ်တည်ရှိနေမည်ဖြစ်သည်။
အိန္ဒိယအရှေ့မြောက်ပြည်နယ်တို့ရှိ တိုင်းရင်းသားလက်နက်ကိုင်များကို နှိမ်နင်းရာ၌ နအဖအကူအညီလိုအပ်နေ၍ လက်တွဲရသည်ဟု အကြောင်းပြ၏။ အိန္ဒိယသူပုန်ကို တိုက်ထုတ်ရန် ဗိုလ်သန်းရွှေက ၂၀၀၄ အိန္ဒိယခရီးတွင် ကတိပြုခဲ့သော်လည်း မထိရောက်သည့်အတွက် ယခုနှစ် ဇန်န၀ါရီနှောင်းပိုင်း၌ အိန္ဒိယပြည်ထဲရေးဝန်ကြီး နေပြည်တော်ကို သွားရောက်ဆွေးနွေးရသည်။ မဏိပူရ်၊ အာသံနှင့် နာဂဒေသရှိ တိုင်းရင်းသားသူပုန်များကို အိန္ဒိယအစိုးရတပ်က ထိုးစစ်ဆင်ရာ၌ မြန်မာပြည်ထဲအထိ ၀င်ရောက်တိုက်ခိုက်ခွင့် ပေးထားကြောင်းသိရ၏။ သူပုန်ဆီက ဆက်ကြေးယူသူမှာ ဗမာစစ်တပ်ဖြစ်သည်။
အိန္ဒိယအရှေ့မြောက် ပြည်နယ်များဖြစ်သော မီဇိုရမ်၊ အာသံ၊ မဏိပူရ်၊ နာဂ၊ Arunachal Pradesh စသည်တို့မှ တိုင်းရင်းသားများသည် မျိုးနွယ်အရ တရုတ်-မြန်မာနှင့် ပိုမိုနီးစပ်ပြီး သူတို့ထဲတွင် အိန္ဒိယလက်အောက်မှ ခွဲထွက်ရန် လက်နက်ကိုင်ပုန်ကန်နေသော အုပ်စုများလည်း ရှိသည်။ အိန္ဒိယ-မြန်မာနယ်စပ်နေ သူပုန်အုပ်စုအချို့သည် မြန်မာဘက်၌ အခြေစိုက်စခန်းဖွင့်ပြီး အိန္ဒိယဘက်ကို ၀င်ရောက်တိုက်ခိုက်လေ့ရှိသောကြောင့် အိန္ဒိယနှင့် နအဖစစ်တပ် မကြာခဏပူးတွဲ စစ်ဆင်ရေးလုပ်နေရသည်။ ဤသည်ကို အကြောင်းပြပြီး အိန္ဒိယသည် နအဖအစိုးရကို စစ်လက်နက်ပစ္စည်း ရောင်းနေခြင်းဖြစ်သည်။
အထိန်းအချုပ်မရှိ လက်နက်ပစ္စည်းပြန့်ပွားခြင်းသည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိခိုက်သည်ဟု လွန်ခဲ့သော အနှစ် (၄၀) ကျော်က အိန္ဒိယအစိုးရ ဆော်သြခဲ့သည်။ ယခုအခါ၌မူ လက်နက်ဖြင့် ကြီးစိုး၍ အနိုင်ကျင့်နေသော ဗမာစစ်တပ်ကို အိန္ဒိယအစိုးရကိုယ်တိုင် လက်နက်ပစ္စည်း ထောက်ပံ့နေသည်။ အိန္ဒိယအစိုးရ၏အပြုအမူသည် အိန္ဒိယပြည်၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိုသာ အန္တရာယ်ပေးနိုင်ကြောင်း အရှေ့မြောက်ဒေသ လက်နက်ကိုင်လှုပ်ရှားမှုက သက်သေပြနေသည်။ အိန္ဒိယသူပုန်ကို ဗမာစစ်တပ်က တိုက်ပေးမှု၊ အိန္ဒိယလိုချင်သော လောင်စာစွမ်းအင် မြန်မာပြည်၌ရှိနေမှု၊ မြန်မာပြည်ကိုဖြတ်ပြီး တရုတ်နှင့် အရှေ့တောင်အာရှသို့ ကုန်သွယ်လိုမှု စသည့် အကြောင်း (၃) ခုကြောင့် အိန္ဒိယအစိုးရသည် မြန်မာ့ဒီမိုကရေစီရေးကို အားမပေးတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအရေးသည် မြန်မာပြည်သားများ၏ ကိစ္စဖြစ်၍ ၎င်းတို့ဘာသာ ကြိုးပမ်းရလိမ့်မည်ဟူသော အကြောင်းပြချက်သည် အိန္ဒိယ၀န်ကြီးများ၏ လက်သုံးစကားဖြစ်လာသည်။
အိန္ဒိယ-မြန်မာနယ်စပ်ဒေသ၌ မူးယစ်ဆေးရောင်းဝယ်မှုတိုက်ဖျက်ရေး၊ လက်နက်ခဲယမ်းမှောင်ခိုမှုပပျောက်ရေး၊ အတတ်ပညာဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူချက်များကို လက်မှတ်ထိုးကြသည်ဟူ၏။ မိုင် (၁,၀၂၅) ရှည်လျားသော နယ်စပ်ဒေသ၌ လက်နက်ကိုင်သူပုန်များ အခြေမစိုက်နိုင်ရန် (၂) နိုင်ငံပူးပေါင်းဆောင်ရွက်ရမည်ဟု ကြေညာ၏။ ဗမာစစ်တပ်ကို စစ်ပစ္စည်းများရောင်းချရန် အိန္ဒိယက သဘောတူလိုက်၏။ အိုင်တီလုပ်ငန်း အတတ်ပညာနှင့် စက်မှုလုပ်ငန်းများတွင်လည်း အိန္ဒိယက ကူညီရန် ဗမာဘက်က ပန်ကြား၏။ စိုက်ပျိုးလယ်ယာသုံး စက်ပ္စည်းဝယ်ယူရန် ဒေါ်လာ (၁၀) သန်း၊ မီးရထားပြုပြင်ရန် ဒေါ်လာသန်း (၆၀) အိန္ဒိယက နအဖအုပ်စုကို ထောက်ပံ့မည်ဟု သိရသည်။ ထရပ်ကားစက်ရုံ၊ ရေနံချက်စက်ရုံ၊ တယ်လီကွမ်း၊ မီးရထား စသည့်လုပ်ငန်းများအတွက် ဒေါ်လာသန်း (၂၅၀) အိန္ဒိယက နအဖကို ချေးထားပြီး ဖြစ်သည်။
ဗိုလ်သန်းရွှေကို ပထမတန်း နိုင်ငံတော်ဧည့်သည်ကြီးအဖြစ် ကြိုဆိုခြင်းသည် နအဖအုပ်စုလုပ်သမျှ အိန္ဒိယအစိုးရက ထောက်ခံကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ အိန္ဒိယဒီမိုကရေစီအစိုးရနှင့် တရုတ်ကွန်မြူနစ်အစိုးရတို့၏ မြန်မာပြည်ဆိုင်ရာ သဘောထားသည် တူညီနေ၏။ (၂) နိုင်ငံစလုံး နအဖနှင့် ဆက်ဆံရေးပြေလည်ရန်သာ အဓိကထားကြသည်။ လောင်စာစွမ်းအင် မလုံမလောက်သော တရုတ်နှင့် အိန္ဒိယအတွက် မြန်မာ့သဘာဝဓာတ်ငွေ့သည် အဓိကအခန်းက ပါဝင်လာ၏။ အထူးသဖြင့် ရခိုင်ပြည်နယ် ကမ်းလွန်၌ သဘာဓာတ်ငွေ့တွင်း ထပ်မံတွေ့ရှိလာသည့်အတွက် ဗမာစစ်အစိုးရ မငြိုငြင်ဖို့ကိုသာ အဓိကထားကြသည်။
နအဖသည် အိန္ဒိယနှင့်တရုတ်ကို မျှမျှတတ ဆက်ဆံနေကြောင်း ပြသရန် ကြိုးပမ်းနေပုံရသည်။ နအဖအစိုးရသည် နှစ်နိုင်ငံစလုံးနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေသည်။ မြန်မာပြည်သည် အိန္ဒိယနှင့်တရုတ်၏ လုံခြုံရေးကို အန္တရာယ်မပေးနိုင်ကြောင်း ပြသနိုင်ရန် ကြိုးစားနေပုံရသည်။ အိန္ဒိယနှင့်တရုတ်သည် မြန်မာပြည်တွင် ပြိုင်ဆိုင်မှုမလုပ်ဘဲ ပူးတွဲဆောင်ရွက်ကြရန် မူအားဖြင့် သဘောတူထားကြသည်။ လက်တွေ့မှာ မြန်မာ့သဘာဝသယံဇာတကို ရရှိရန်နှင့် မြန်မာပြည်ကို အသုံးပြုနိုင်ရန် အိန္ဒိယနှင့်တရုတ် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ တရုတ်နှင့်အိန္ဒိယသည် မြန်မာစစ်သူခိုးအား ပြိုင်ဆိုင်၍ ဓားရိုးကမ်းနေခြင်းပင်ဖြစ်ပေသည်။
http://www.khitpyaing.org/index.php?route=detail&id=3335
ရှစ်လေးလုံးအရေးတော်ပုံ (သို့မဟုတ်) နိုင်ငံတော်လူသတ်မှု
Sunday, August 1, 2010
ရှစ်လေးလုံးအရေးတော်ပုံ (သို့မဟုတ်) နိုင်ငံတော်လူသတ်မှု
သမိုင်းဝင်နေ့
နိုင်ငံတော်လူသတ်မှုကြီး
http://www.freedomburma.org မှကူးယူဖေါ်ပြပါသည်။