ပထမလူ - “ရွေးကောက်ပွဲက ဘယ် လ ထဲမှာ စ မှာလဲ.. သိလား။”
ဒုတိယလူ - “ဘယ်တော့ စ မှာလဲ မသိဘူး။ အဲဒီ့အတွက်ဆိုပြီး ရက်ကွက်လူကြီးက အစောနလေးတင် အိမ်ထောင်စု စာရင်းထဲက လူနာမည်တွေနဲ့ မွေးနေ့တွေက စ ပြီး အသေးစိတ် လာကောက်သွားလေရဲ့။”
ပထမလူ - “အဲဒီလူ လာတုန်းက ရွေးကောက်ပွဲအကြောင်း.. ဘယ်တော့ စ မှာလဲ..၊ ဘယ်လို မဲပေးရမလဲ...ဘာညာ.. အဲဒါတွေ.. မေးမကြည့်လိုက်ဘူးလား။”
တတိယလူ - “မေးမကြည့်မိပါဘူး။ အဲ..ဒါပေမယ့် .. သန်ခေါင်းစာရင်း မလုပ်ရသေးတဲ့အိမ်တို့၊ သန်းခေါင်စာရင်း မရှိသေးတဲ့အိမ်တို့ဆို ခုနေချိန် လုပ်ရလွယ်မယ် ပြောသွားတာပဲ။ ဟုတ်မဟုတ်တော့ သေချာ မသိဘူး။
စကားမစပ် ခင်ဗျားရဲ့ ညီမလေးမိသားစု.. ဟိုတလောက အိမ်ပြောင်းပြီး သန်းခေါင်းစာရင်း လိုက်.. မပြောင်းရသေးလို့ဆို၊ အဲဒါ ခု သွားလုပ်ပါလား။ ရွေးကောက်ပွဲအတွက် လုပ်ပေးနေတုန်း ... သွားလုပ်ထားနော်။
ပုံမှန်ဆို... ဟိုဟာကြေးတောင်း၊ ဒီဟာကြေးတောင်းနဲ့သန်းခေါင်စာ
ပထမလူ - “ရွေးကောက်ပွဲအတွက် ပါတီတွေ ဖွဲ့ကြတဲ့ အထဲမှာ.. ဘယ်ပါတီတွေ ကို စိတ်ဝင်စားမိလဲ။”
ဒုတိယလူ - “ပွင့်ပွင့်လင်းလင်းပြောရရင်.. စီးပွားရှာနေရတာနဲ့ အဲဒါတွေ သေချာ မလေ့လာမိပါဘူးဗျာ။ အချိန်တန်တော့လဲ.. ကိုယ့်ဘာသာကိုယ် ရှာဖွေစားသောက်ရမှာပဲ မဟုတ်လား။
ဒါပေမဲ့ တစ်ခုတော့ ရှိတယ်..၊ ဘယ်သူတွေပဲ ပါတီဖွဲ့ဖွဲ့၊ ဘယ်အစိုးရပဲ တက်တက်..အဲဒီ့ နောက်တက်မယ့်လူတွေအနေနဲ့ ၂၄နာရီစလုံးသာ မီး မှန်မှန်ပေးမယ်ဆိုရင် သူတို့ကို ညတိုင်း ထိုင်ပြီး ဦးချချင်ပါရဲ့။
ခုတော့ဗျာ.. မီးပျက်တိုင်းမှာ.. မီးပျက်လို့ စိတ်ညစ်ရတဲ့အပြင်.. မီးစက်တွေ၊ မီးစက်သံတွေကြောင့် ဒုက္ခများလှပါရဲ့။ ပလက်ဖောင်းပေါ်လဲ မီးစက်တွေ အသီးသီးနေရာယူထားကြတော့ လမ်း ကောင်းကောင်း မလျှောက်ရ၊ မီးစက်သံတွေကြောင့် စကားလည်း ကောင်းကောင်းမပြောရ၊ တဒုန်းဒုန်း.. တအုန်းအုန်းနဲ့.. ဒီပုံအတိုင်း ကြာလာရင် နားဆရာဝန်တွေ အလုပ်များလာမှာ အမှန်အကန်ပဲ။
လာလိုက်ပျက်လိုက်နဲ့မို့ မီးတွေလဲ လောင်ကြ။
ခု..ကြည့်ပါလား.. မီးသာမှန်မှန်လာနေမယ်ဆိုရင် မင်္ဂလာဈေးကြီး မီးလောင်ချင်မှ လောင်မှာပေါ့ဗျာ။ ခုတော့ ပေါ့ဆသူရဲ့ အပစ်ဖြစ်ရပြန်တယ်..။
နောက်ပြီး... မီးစက်ထဲ ထည့်ဖို့ ဆီတွေလှောင်ထားတာကြောင့် မီးရေးထင်းရေးလည်း တစ်ချိန်လုံး စိတ်ပူနေရ..မလွယ်ပါဘူးဗျာ။ ဒါကြောင့် တကယ်ပြောတာဗျာ.. ဘယ်သူပဲတက်တက်.. ၂၄နာရီသာ မီးလာမယ်ဆိုရင် သူတို့ရဲ့ ဓာတ်ပုံကြီးတွေချိတ်ပြီးတော့ကို ငှက်ပျောပွဲ အုန်းပွဲနဲ့ ကန်တော့လိုက်ချင်ပါသေးရဲ့ဗျာ။”
ပထမလူ - “ဒါဖြင့်..ကျနော်သိချင်တာ.. ရွေးကောက်ပွဲ........”
ဒုတိယလူ နှင့် တတိယလူ - “သွားလိုက်တော့..၊ နင် သွားလိုက်တော့... ”From Yangon (May 2010) From Yangon (May 2010) From Yangon (May 2010) From Yangon (May 2010)
(ပန်းနွယ်)
http://pan-nwe.blogspot.com/2010/05/blog-post.html
Sunday, June 6, 2010
ရန်ကုန် “မှိုင်း”
ဒီမိုကရေစီ အဆိုရှင်ထက်အောင်ရှိုင်း၏ နေ့ သစ်ကိုကြိုဆိုကြပါစို့ သီချင်းခွေ
သီချင်းများ၏ Zip ကို ဒီမှာယူနိုင်ပါတယ် http://www.mediafire.com/?
cover Design က ကိုမျိုးလက်ရာပါ။ လွတ်လပ်စွာခံစားနားဆင်ပါ။ အကယ်၍ အခမ်းအနားပွဲများတွင် ဝေမျှဖြန့်ဝေလိုပါကသီချင်းများကို တေးသံရှင်၏ ဆန္ဒအရ ငွေကြေးတစ်စုံတရာဖြင့်ရောင်းစားခြင်းမပြုဘဲ အခမဲ့ထုတ်ဝေ စေလိုပါတယ်။ ကျေးဇူးပါ။ ရွှင်လမ်းချမ်းမြေ့ကြပါစေ။ လေးစားစွာဖြင့်
Myanmar's military ambitions(full video)
mirrorcreator
Myanmar's military ambitions - Part 1
Myanmar's military ambitions - Part 2
Myanmar's military ambitions - Part 3
Myanmar's military ambitions - Part 4
mediafire
Myanmar's military ambitions - Part 1
Myanmar's military ambitions - Part 2
Myanmar's military ambitions - Part 3
Myanmar's military ambitions - Part 4
Subscribe to:
Posts (Atom)




