၁၆ရက်-တင်္နလာနေ့နယူးယောက်ကုလရုံးရှေ့ မှာကနေဒါက၂ယောက်ယူအက်က၃ယောက်သံဂဟေအသေဆော်
အဖမ်းခံပြီးဆန္ဒပြချိန်တွင်သံဃာ့ဥသျှောင်အဖွဲ့မှမေတ္တာသုတ်ရွတ်ဖတ်မည်ဟုကြားသိရသည်။အသေးစိတ်သိရပါက
တင်ပြပါမည်။နယူးယောက်သားများသွားရောက်အင်အားပြရန်တိုက်တွန်းပါသည်။
Wednesday, May 12, 2010
send 'inquiry commission for Human Rights' to Burma.
12 May 2010 ဒိုင်ယာရီ
12 may 2010 yeyintnge Diary.doc 3.774 MB
12 may 2010 yeyintnge Diary.pdf 0.801 MB
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။
12 May 2010 Yeyintnge Diary
ပန်ချီ သန်းမြင့်အောင် ကွယ်လွန်(သူ၏ပန်းချီများ)
http://www.moemaka.com/







G20 Human Rights Actions and Burma
By writing to the Prime Minister of Canada (current Chair of G8 & G20), we can work together to put pressure on the world leader to take coordinated action on unfair electoral laws and sham elections. May 5, the UN Special Rapporteur on the Human Rights Situation in Myanmar, mentioned in his statement that “The Government of Myanmar has not yet responded to pleas from inside and outside the country for conditions that allow credible elections”. May 10, US Assistant Secretary of State said that "The upcoming elections will carry no international legitimacy". It is time that Canada to lead the action at the summits. We therefore ask that you go to below link at G20 Human Rights Action Website and sign the petition by clicking on the “submit” . The email will be sent to the Prime Minister of Canada directly. http://www.g20humanrights.com/ Although you may have signed the campaign letter and faxed or mailed to PM. I'd like to appeal you to click on above-mentioned link and submit again via this G20 Human Rights Actions website. The more the merrier!! I also ask that your family and friends join us in this important campaign. This campaign is not limited to residence of Canada; all friends of Burma (especially living in G8 / G20 countries) are encouraged submit this petition to Canada's Prime Minister who the current Chair of G8 and G20 countries.
I'd like to request you to join below on line campaign. This online petition is opened to everyone in any countries.
ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၄)
ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၄) (Choosing Right Path and Real Politics) ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပြည်သူလူထု၊ သူမ၏ပါတီတို့ ထိတွေ့မှုတွေက အကန့်အသတ်တွေ ရှိနေပါတယ်။ ခုလို အချိန်မျိုးမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရှိနေရင် ဘယ်လောက် ကောင်းလိုက်လေမလဲလို့ တမ်းတမိပါတယ်။ သစ်ပင်တွေ တစ်ပင်ချင်းကို ဇောင်းပေးလွန်းအားကြီးတော့ မိမိသည် သစ်တောကြီးအတွင်းမှာဘဲ ရှိနေတုန်းဘဲဆိုတာကို မေ့သွားတတ်ပါတယ်။ လုပ်နည်း လုပ်ဟန်တွေပေါ်မှာ အာရုံစိုက်လွန်းတော့ မဟာဗျူဟာ ရည်မှန်းချက်နှင့် ရှေ့ဆက်ရမဲ့ ရေရှည်တိုက်ပွဲ ခရီးလမ်းကြောင်းကို လျော့တွက်တတ်ပါတယ်။ ဒါ ကလေးတွေ ကစားနေတာ မဟုတ်ဘူးဆိုတဲ့ စကားမျိုးကို ကြားဘူးကြမှာပါ။ ကလေးတွေ ကစားနေကြတာ မဟုတ်ရင် လူကြီးတွေ ဘာလုပ်နေတာလဲ ဆိုတဲ့အမေးကို ဘယ်လိုဖြေကြမလဲ။ ပညာရှိ သတိဖြစ်ခဲဆိုတာ ဉာဏ်ပညာ အမြော်အမြင် ကြီးမားသော်လည်း တခါတရံ သတိလက်လွတ် ဖြစ်တတ်ခြင်းကို ပြပါတယ်။ ကျုပ်တို့ လွတ်လပ်ပြီလား။ ဒီမိုကရေစီ ရပြီလား။ တန်းတူညီမျှသော ပြည်ထောင်စုကြီး ဖြစ်ပြီလားဆိုရင် တစ်ခုမှ မဖြစ်သေးပါ။ ဒါဖြင့် ဘာဖြစ်နေတုန်း။ ဇက်ကို ခွစီးဆဲက နအဖ။ ဂုတ်ပေါ် ဓါးဝဲထားတာ နအဖ။ လည်မျိုကို ဖိနင်းထားတာ နအဖ။ တုတ်နှင့် ရိုက်လို့ဖြစ်ဖြစ်၊ ဓါးနှင့် ခုတ်လို့ဖြစ်ဖြစ်၊ လေးလောင်းပြိုင်မက ရှစ်လောင်းပြိုင် သတ်လို့ဘဲဖြစ်ဖြစ် နည်းမျိုးစုံနှင့် ရွေးကောက်ပွဲမှာ မနိုင်နိုင်အောင် ညစ်မှာက နအဖ။ လွှတ်တော်တွင်းက ဥပဒေထုတ်ပြီးညစ်၊ လွှတ်တော်ပက သေနပ်ထုတ်ပြီးပစ်နှင့် နှစ်ဖက်ညှပ်၊ နှစ်ထပ်ကွမ်း ဖိနှိပ်ဖို့ပြင်နေတာက နအဖ။ အတိုက်အခံတွေ အချင်းချင်း တွဲကြမလား။ ကွဲကြမလား ဆိုတာကို အစည်းအဝေးကြီးလုပ်၊ အကြိတ်အနယ် ဆွေးနွေးပြီးမှ ဆုံးဖြတ်ဖို့ လိုပါသလား။ နိုင်ငံခြားက နိုင်ငံရေး ပါရဂူတွေ ငှားပြီး အဖြေထုတ် သင့်ပါသလား။ ဗေဒင် မေးရမလား။ NLDအတွက် အကောင်းဆုံး မဟာမိတ်ပါတီသည် ဘယ်ပါတီ ဖြစ်မလဲ။ NDFအတွက် အကောင်းဆုံး မဟာမိတ် အင်အားစုက ဘယ်အင်အားစု ဖြစ်မလဲ။ သြော်။ (ဖြစ်နိုင်ရင် အစက ပြန်ဖတ်ပေးပါ) အောင်ထီ မေလ ၁၂၊ ၂၀၁၀
