Sunday, March 21, 2010
ရှင်းတမ်း(၂)
သဒ္ဓါတရားသည် လူသားတိုင်းမှာ ရှိသင့်ရှိထိုက်သော အရေးကြီးဆုံး တရား တစ်မျိုးဖြစ်သည်။ ရတနာမြတ်သုံးပါး၊ ကံ ကံ၏အကျိုးတရား၊ ယခုလက်ရှိ ဘ၀ နောင်ဘ၀တို့် ယုံမှားသံသယ မရှိပဲ လေးလေးနက်နက် ယုံကြည်မှုကို `သဒ္ဓါ´ ဟုခေါ် သည်။ အယူဝါဒရေးရာ၌ အမြင်ကြည်လင် ပြတ်သားမှုသည် သဒ္ဓါ၏ အစွမ်းသတ္တိပင် ဖြစ်သည်။
` ဒါန ´၏ အခြေခံအုတ်မြစ်သည် .. သဒ္ဓါပင်ဖြစ်တော့သည်။ သဒ္ဓါစိတ်ရှိမှ ဒါနမြောက်သည်။ ဒါနဟု ဆိုရာတွင် မိဘက သားသမီးများကိုပေးခြင်း၊ သားသမီး များက မိဘတို့ကိုပေးခြင်း၊ ရန်သူကို ကြောက်၍ပေးခြင်း၊ ရန်သူကို အောင်နိုင်ရန် ပေးခြင်း၊ ပြည်သူများကအစိုးရအား အခွန်ပေးရခြင်း၊ အစိုးရက ပြည်သူတို့ကို စားဝတ်နေရေးပြေလည်စေရန်ဆောင
` ဒါန ´သည် နတ်ပြည်သို့ သွားလမ်းစောင်းတန်းလှေကားသဖ
`ဣစ္ဆာသမယ ပတ္တမြားပမာ လိုရာကိုပေးနိုင်သော ဒါန´ကို လျစ်လျူရှုသူ၊ ရုတ်ချကဲ့ရဲ့သူ၊ မနာလိုသူ၊ နှောင့်နှေးအောင်ပြုလုပ်သူ၊
ဓမ္မ န္တရာယ်တို့ပင်ဖြစ်တော့သည်။
ဤတွင် ကျွန်တော်ပြောပြပါတော့မည်။
ကျွန်တော်တို့၏ ကိုယ်ကျိုးမဖက်လုပ်ဆောင်ပေး
ရှိ၍လှူခြင်း၊ မရှိဘဲနှင့် လှူခြင်း
ရှိ၍ ဒါနလုပ်ခြင်း၊ မရှိဘဲနှင့် ဒါနလုပ်ခြင်း
တို့ဖြစ်သည်။
မိမိတွင် ငွေကြေးပစ္စည်းဥစ္စာပြည့်စုံ၍
ယင်းကို ထမင်းအိုးချက်သည်နှင့် တင်စားပြောလိုသည်။ ထမင်းအိုးကျက် ရန် ထင်းကောင်းကောင်းလိုသည်။ ထင်းကိုလောင်မြိုက်ရန် မီးကောင်းကောင်းလို သည်။ မီးကောင်းလျှင် ထင်းမီးတောက်မည်။ ထင်းမီးကောင်းလျှင် ထမင်းအိုး မြန်မြန်ကျက်မည်ဖြစ်သည်။ ဤတွင် -
ထင်းကို သဒ္ဓါစိတ်
မီးကို ဒါနစိတ်
ထမင်းအိုးကို ကုသိုလ်စိတ် ဟုတင်စားလိုက်ရပါသည်။
ထင်းကောင်း၍ မီးကောင်းသည်။ မီးကောင်း၍ ထမင်းကျက်သည် ဖြစ်တော့သည်။
အကျိုးပေးရာမှာ စေတနာကသာ အကျိုးပေးနိုင်၍ ၀တ္ထုကအကျိုးမပေး နိုင်။ ယင်းသို့ အကျိုးမပေးနိုင်ပါဘဲလျက် အဘယ့်ကြောင့် ပစ္စည်းဝတ္ထုကို ဒါနဟုခေါ်သနည်း။ အကျိုးပေးရာ၌ စေတနာကသာကံဖြစ်၍ အကျိုးပေးနိုင် သော်လည်း ထိုစေတနာသည် ပစ္စည်းဝတ္ထုထင်ရှားရှိ၍ ဖြစ်ပေါ်နေသော စေတနာမှသာ ဒါနကံအတွင်း သွတ်သွင်းနိုင်သည်ဖြစ်၏။ ပစ္စည်းဝတ္ထုသည် လည်း ဒါနကံမြောက်ဖို့ရန် အရေးကြီးသော အကြောင်းဖြစ်၏။ `လှူဖွယ်ဝတ္ထု ကြောင့် ကောင်းကျိုးရသည်´ ဟုဆိုလျှင် မမှားနိုင်ပေ။
ကျွန်တော်တို့သည် အလှူရှင်များလှူဒါန်းသော ဆေးဝါး၊ ငွေကြေးတို့ဖြင့် နာမကျန်းဖြစ်သော (၇)ရက်သားသမီးများ၊ ဘ၀တစ်ပါးသို့ ပြောင်းသွားကြကုန် သော (၇)ရက်သားသမီးတို့၏ နာရေးကိစ္စများကို ကုသိုလ်ဖြစ် ကြားခံပေးဆပ်နေ ကြသူတို့ ဖြစ်ကြပါသည်။ ထိုသို့ ထမ်းဆောင်ပေးနိုင်ခြင်းမှာ အလှူရှင်တို့၏ သဒ္ဓါစိတ်၊ ကုသိုလ်စိတ်၊ ဒါနအလှူတို့ကြောင့် ဖြစ်ပါသည်။
အလှူရှင် မရှိလျှင် ကျွန်တော်တို့ အများအတွက် မစွမ်းဆောင်နိုင်ပါ။
သဒ္ဓါစိတ် မရှိလျှင် ကျွန်တော်တို့ အများအတွက် မပေးဆပ်နိုင်ပါ။
ဒါန မရှိလျှင် ကျွန်တော်တို့ အများအတွက် မရပ်တည်နိုင်ပါ။
ထို့ကြောင့် ကျွန်တော်တို့၏ လုပ်ငန်းသည် အလှူရှင်တို့နှင့် တိုက်ရိုက် ဆက်နွယ်နေသည်။ ကျွန်တော်တို့၏ လူမှုရေးလုပ်ငန်းသည် N.G.O အဖွဲ့အစည်း ဖြစ်သော်လည်း အခြားအခြားသော ၊ အချို့သော N.G.O အဖွဲ့အစည်းများနှင့် လုပ်ဆောင်မှု၊ ခံယူမှု၊ ကျင့်ကြံအားထုတ်မှု မတူညီပါ။ မည်သို့ပင်ဖြစ်စေကာမူ ...
ကိုယ့်လမ်း ... ကိုယ်လျှောက် ...
ကိုယ့်သီလ ... ကိုယ်လုံ ... ရန်သာ အရေးကြီးပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ နာရေးကူညီမှုအသင်းအတွက် Proposal တင်ခြင်း၊ အခြားသော အဖွဲ့အစည်းများမှ အလှူခံခြင်းတို့သည် ယနေ့တိုင် (၂၀၀၁ - ခုနှစ်မှစ၍) မရှိခဲ့ပါ။ ပြည်တွင်း၊ ပြည်ပအလှူရှင်၊ ဒါနရှင်၊ သဒ္ဓါတရားပြည့်ဝသော အလှူရှင်များ၏ အလှူငွေများကိုသာ စနစ်တကျ စိစစ်လက်ခံ၍ နာရေး၊ ကျန်းမာရေး၊ ဒုက္ခသည်များထံ တိုက်ရိုက်ကူညီပံ့ပိုးမှုကို
အလှူရှင်တို့၏ သဒ္ဓါစိတ်၊ ဒါနစိတ်၊ ကုသိုလ်ကောင်းမှုကြီးကြောင့်
ဤသို့လှူဒါန်းကြရာဝယ် ... ဥပမာအားဖြင့် သာဓကပြုပြောရမည်ဆိုပါက ...
လွန်ခဲ့သော (၅)နှစ်ခန့်က ဆရာတော်ကြီးများ၏ တရားပွဲများကို နှစ်စဉ် ကျင်းပပေးနေသော ကံမြင့် (စမ်းချောင်း)ကျောင်းတိုက်တ
တရားပွဲသို့ တရားနာရန် လာရောက်ကြကုန်သော (၇)ရက်သားသမီး အပေါင်းတို့က ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)အလှူခံဌာနသို့ အလှူငွေများ လာရောက်လှူဒါန်းကြသည်မှာ အလွန်ပီတိဖြစ်စရာ၊ သာဓုအနု မောဒနာခေါ်စရာပင်ဖြစ်သည်။ အချို့သည် အလှူငွေ (၁)သိန်း၊ (၅)သောင်း၊ (၁) ထောင်စသည်ဖြင့် ၀မ်းမြောက်ဝမ်းသာ လှူဒါန်းကြသည်။ ထိုအချိန် အလှူခံဌာန နှင့် မလှမ်းမကမ်းမှ ကလေးမလေးတစ်ဦးသည် မယောင်မလည်ရပ်ကြည့် နေသည်။ တရားပွဲစခါနီးတွင် အလှူခံဌာနမှ အလှူရှင်များ နည်းပါးသွားချိန် ထိုကလေးမလေးသည် မ၀ံမရဲနှင့် သိမ်ငယ်စွာ စကားလေးတစ်ခွန်းလာရောက် ပြောပြပါသည်။ `သမီးလည်း ငွေလှူချင်ပါတယ် ... သမီးအိမ်က အဖေနေမ ကောင်းဖြစ်နေတာရယ်၊ ပြီးခဲ့တဲ့အပတ်က သမီးအမေဆုံးပါးသွားတာရယ်ကို
ထို့အပြင် တောင်ဥက္ကလာပမြို့နယ်၊ နန္ဒာဝန်ဈေးမိသားစု စေတနာရှင်များ ၏ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လစဉ်အလှူငွေလှူဒါန်းကြပုံကု
ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၂၀၀၇ ခုနှစ်၊ မတ်လ (၂)ရက်နေ့မှစ၍ သုခကုသိုလ်ဖြစ်ဆေးခန်း စတင်ဖွင့်လှစ်ပြီး ဆင်းရဲချမ်းသာ၊ လူမျိုးမရွေး၊ ဘာသာမရွေး နာမကျန်းဖြစ်သော ဝေဒနာရှင်များအား အခမဲ့ ကုသိုလ်ဖြစ် ဆေးဝါးကုသပေးနေကြောင်း ကြားသိရသောအချိန်တွင် . . . . . .
တောင်ဥက္ကလာပမြို့နယ်မှ ဦးစစ်ကွင်း (စတိုင်သစ်လ္ဘက်ရည်ဆိုင်)၊ ဦးမျိုးတင့်၊ ဦးအကြူး၊ ဦးလှိုင်မြင့်၊ ဦးအောင်မြင့်၊ ဦးစိုးနိုင်နှင့် ဦးမြင့်ဇော်တို့ မိတ်ဆွေတစ်စု သည် မုဒိတာပွားကာ ၀မ်းမြောက်မိသဖြင့် သုခကုသိုလ်ဖြစ်ဆေးခန်းကို မည်ကဲ့ သို့ပံ့ပိုးကူညီကုသိုလ်ပြု
သို့ဖြစ်ပါ၍ ကျွန်တော်တို့၏အသင်းရုံး (ယခင်သင်္ဃန်းကျွန်းမြို့နယ်)
အထူးသဖြင့် နန္ဒ၀န်ဈေးတွင် ပန်းရောင်းချနေသည့် အမေကြီး ဒေါ်သန်းက နေ့စဉ်ပန်းရောင်းရငွေမှ (၂၀၀)ကျပ်ကိုစုစည်း၍ လှူဒါန်းခြင်း၊ ကုန်စိမ်းရောင်း သော ဒေါ်သန်းစိန်၏ ချွေးနဲစာဒါနအလှူ၊ ဆံသဆိုင်မှ ကိုကြည်လွင်မှလည်း ဈေးဦးပေါက်ငွေမှ (၂၀၀)ကျပ်နေ့စဉ် လှူဒါန်းခြင်း၊ အမေကြီး ဒေါ်မြင့်မိသားစုက လည်း မိမိတို့အနေဖြင့် ချို့တဲ့လှသဖြင့် နေအိမ်ကိုပြင်ဆင်နိုင်ခြင်း
ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများတ
သို့ရာတွင် ... ယခုကျွန်တော့်၏ရှင်းချက်၊ ကျွန်တော့်၏ရှင်းတမ်းထုတ်ရပ
အကြောင်းမှာ ... ကျွန်တော်တို့တော်တော်များမ
ကိုယ့်ပေါင် ... ကိုယ်လှန်ထောင်းပါရစေတော့ ။
ရှက်ရှက်နှင့် ပြောရမည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ... ကျွန်တော်တို့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
လွန်ခဲ့သော ... (၆)နှစ်ခန့် ကဖြစ်ပါသည်။
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ... ရပ်ကွက်တစ်ခုအတွင်းမှ ရပ်ကွက်မိသားစုများမှ သဒ္ဓါတရားထက်သန်စွာဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ငွေလှူဒါန်းပွဲလေးလုပ်ချင်ေ
နောက် ... လွန်ခဲ့သော (၄)နှစ်ခန့်က ဖြစ်ပါသည်။
ရန်ကုန်မြို့၊ ပုသိမ်ညွှန့်ရပ်ကွက်၊ လမ်းတစ်လမ်းတွင် တရားပွဲတစ်ပွဲကျင်းပလျက် ရှိသည်။ တရားဟောဆရာတော်ကြီးမှ ဤတရားပွဲမှ ကောက်ခံရရှိသော အလှူ ငွေများကို နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လှူဒါန်းလိုပါကြောင်း အကြောင်း ကြားသည့်အတွက် ညတရားပွဲပြီးချိန်တွင် လာရောက်အလှူခံရန်နှင့် တရားပွဲက တရားကိုချစ်ခင်၊ တရားကိုမြတ်နိုးကြသော (၇)ရက်သားသမီးတို့မှ ဆရာတော် ကြီးအား လှူဒါန်းမှုအစုစုကို ယခုကဲ့သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ တဆင့်လှူဒါန်းမှုအတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုရန် စောင့်စားနေကြ သည်။ ကျွန်တော်တို့သည် ည (၇)နာရီအချိန်ခန့်တွင် တရားပွဲပြီးစီးမည့်အချိန်နှ
နောက် ... လွန်ခဲ့သော (၂)နှစ်ခန့်ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း အသင်းသို့ လှူဒါန်းနေကြသော ကြည်မြင့်တိုင်၊ ကမ်းနားဈေးမိသားစု ဖြစ်ပါသည်။ နှစ်စဉ် နှစ်သစ်ကူးပြီး နှစ်ဆန်း (၁)ရက် (အင်္ဂလိပ်လို ဇန္န၀ါရီလ (၁)ရက်)နေ့တွင် ဈေးမိ ဈေးဖများကဦးစီး၍ ဈေးသူဈေးသားများ၊ ဈေးဝယ်သူများ၏ နာရေးကူညီမှု အသင်း (ရန်ကုန်)သို့ အားတက်သရော ချွေးနည်းစာမှ လှူတန်းကြသည့် အလှူ ပွဲနေ့၊ မင်္ဂလာရှိသည့်နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ယင်းနေ့တွင် ဈေးသူ/ ဈေးသားများ ၀ိုင်းဝန်းချက်ပြုတ်ထားသော မြန်မာ့တို့ရဲ့ မုန့်ဟင်းခါးကို ရာဝင်အိုး ကြီးများနှင့် ချက်ပြုတ်၍ လာရောက်သူမှန်သမျှကို စတုဒီသာကျွေးမွေး၍၊ နာရေး ကူညီမှုအသင်း (ရန်ကုန်)သို့ စုပေါင်းလှူဒါန်းခြင်း အခမ်းအနားကို နှစ်စဉ်မပျက် ပြုလုပ်ခဲ့ပါသည်။
သို့သော် ... ထိုနှစ် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလသို့ရောက်သော် ... ဈေးမိဈေးဖများထံမှ ကျွန်တော်တို့ဆီသို့ အကြောင်းကြားလာတော့သည်။ `ကိုကျော်သူရေ ... စိတ်မကောင်းပါဘူးဗျာ ၊ ကျွန်တော်တို့ ဒီနှစ်ကစပြီး လှူဒါန်း ပွဲလုပ်ခွင့်မရတော့ပါဘူး`တဲ
ကျွန်တော်တို့ ပြုလုပ်နေကြသည့် ကုသိုလ်အလှူမျိုးကို လူ့ပြည်မှလွဲ၍ ကျန် (၃၁)ဘုံတွင် မည်သည့်ဘုံတွင်မှ မရနိုင်သော ကုသိုလ်အလုပ်မျိုးပင်ဖြစ် သည်။
ထိုကုသိုလ်အလုပ်မျိုးကို ဓါးမြတိုက်ခံရခြင်း၊
အနုကြမ်းစီးခံရခြင်း၊
ပိတ်ဆို့တားမြစ်ခံရခြင်း တို့သည် လွန်စွာရှက် ဖွယ်ဖြစ်တော့သည်။
မွန်မြတ်သည့်ဒါနအလှူပွဲကို တားမြစ်သူ၊ နှောက်ယှက်သူ၊ ဖျက်ဆီးသူတို့ သည် ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ရဲ့လားဟု သံသယဖြစ်မိသည်။ ဒိဋ္ဌိအယူဝါဒ တွေလား၊ ဓမ္မ န္တရာယ်တွေ များလားဟု သတ်မှတ်မိသည်။ အခြားသောအခြား သော ဘာသာ ၀င်များတွင် ဤကဲ့သို့အကျင့်ဆိုး၊ အကျင့်ပျက်၊ သီလဖောက်ပြန် တဲ့သူတွေ ရှိသည်ဟု မကြားမိ။ ဒါကြောင့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကာ ကိုယ့်မျက်နှာကိုယ်ဓါးနဲ့ လှီးလိုက်ချင်ရဲ့ဟု စိတ်တွင်ဖြစ်ပေါ် လာသည်။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် ကိုယ့်လမ်းကိုယ်သွား၊ ကိုယ့် တာဝန်ကိုယ်ကြေ၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်သီလကိုယ်လုံအောင်ထား၍
ကျွန်တော်တို့၏ အသင်းအဖွဲ့သို့ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းမှုပြုကြသော အလှူရှင်များကိုလည်း နေ့စဉ်မေတ္တာပို့ အမျှဝေ၍ လှူဒါန်းမှုအစုစု(နည်းများမဆ
သာဓု .... သာဓု .... သာဓု ဟု ခေါ်ဆိုလိုက်ပါသည်။
ရှေ့ဆက်၍ ကျွန်တော်တို့လျှောက်လှမ်းမ
သုခ အာသီသ
ဘ၀ခုံရုံးမှာ
တရားခံလည်းမဖြစ်လိုပါ ...
တရားလိုလည်းမဖြစ်လိုပါ ...
သက်သေလည်းမဖြစ်လိုပါ ...
ပြောလာသမျှ စောဒကမတက်လိုပါ ...
လောကဓံတရား ထိုရှစ်ပါး
ဘုရားသော်မှ ငြင်းမရ
မင်းက ဘာမို့လဲ ဟု
အမြဲဆင်ခြင်နေလိုပါသည် .... ။
`ဒါန`နှင့်ပတ်သက်၍ စာသားများစကားလုံးများသည် ဆရာတော် ဓမ္မဒူတ အရှင်ပညာဇောတ၏ `ဒါန၀တ္ထု`မှဖြစ်ပြီး ပေါက်စေတီကျောင်းတိုက် ဆရာတော် ကြီး (ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်)၏ ခွင့်ပြုချက်ဖြင့် ထုတ်နုတ်ထားခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။
ငရဲမှလာသူတို့ ပြာပူကိုမကြောက်ကြသော်လည်း ငရဲသို့ပြန်မသွားစေလို သောဆန္ဒဖြင့် ....။
ကျော်သူ
ဖုန်းဆက် တာက ပြည်ပ စာရင်း ၀င်သွားတော့ နိုင်ငံခြား ခေါ်ဆိုမှု ရှေ့ဂဏန်း တစ်လုံး ပိုနှိပ် မိခြင်း သတိပြုပါ
ဖုန်းဆက် တာက ပြည်ပ စာရင်း ၀င်သွားတော့ နိုင်ငံခြား ခေါ်ဆိုမှု ရှေ့ဂဏန်း တစ်လုံး ပိုနှိပ် မိခြင်း သတိပြုပါ
အဓိက ကတော့ ဖုန်းနံပါတ် ရှေ့ဂဏန်းတွေကို ပိုနှိပ်မိတယ်ဆိုရင် oversea call ၀င်သွား တတ်တာပါ။ ဖုန်းနံပါတ် နောက်ဆုံး ဂဏန်းတွေ ပိုနှိပ် မိမယ်ဆိုရင် oversea call မ၀င် နိုင်ပါဘူး။ တချို့ လုပ်ငန်း ရှင်တွေဆီ တစ်ခါ တစ်ရံ ဖုန်းဘေလ် ကြွေးကျန် ရှိသေးတယ် ဆိုပြီး စာရောက် လာလို့ ဖုန်းရုံးကို သွားမေးကြည့်တဲ့ အခါ နိုင်ငံခြားခေါ်ဆိုမှု(call)ဖြစ်နေတာကိုမကြာ ခဏ ကြုံနေ ကြရတယ်။ အဲဒါတွေကလည်း ဖုန်းနံပါတ် ရှေ့ဂဏန်း (ဥပမာ -၀၉ မှာ ၀၀၉) ဆိုပြီး ပိုနှိပ် မိတာကြောင့် ဆိုတာ တွေ့ရတယ်။ ဒီအဖြစ်တွေကို စီးပွားရေး လုပ်ငန်း ရှင်တွေ တော်တော် များများက ကြုံတွေ့ နေရပြီး ဖုန်းရုံးကို ဘယ်လိုမှ ဖြေရှင်းလို့ မရတော့ဘဲ နိုင်ငံခြား ခေါ်ဆိုမှု (oversea call) အတွက် ကျသင့် ငွေကို ရှင်းပေး ရပါတယ်” ဟု၎င်းက ပြောသည်။ မိုဘိုင်းဖုန်း (GSM)ပြည်တွင်း ခေါ်ဆိုမှု အတွက် ကျသင့် ငွေမှာ ၁ မိနစ် ကျပ် ၅၀ ဖြစ်ပြီး ပြည်ပ ခေါ်ဆိုမှု အတွက် ကျသင့်ငွေမှာ နိုင်ငံ အလိုက် ကွာခြား သွားကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၁၈ ရက်နေ့ ထုတ် Popular News ဂျာနယ်တွင်ဖော်ပြထားပါသည်။
၂၀ . ၃ . ၂၀၁၀ l MT
http://www.nfacforburma.info/2010/03/20032010.html


























