ကျွန်တော်တို့ ကျောင်းမှာလုံးဝအဓိပ္ပါယ်မရှိတဲ့စည်းမျဉ်းစည်းကမ်းတွေထုတ်နေတာအခုထုတ်တဲ့စည်းကမ်း
ကလည်းတစ်ခုအပါအ၀င်ပါပဲ သေချာစဉ်းစားကြည့်ဗျာ တက္ကသိုလ်ပဲရောက်နေပြီ ဟိုမသွားရဘူး
ဒီနေရာမသွားရဘူးဆိုတာဖြစ်သင့်လားဗျာ အခုကြတော့ ဘူတာရုံတောင်မသွားရဘူးတဲ့
ဆိုင်းဘုတ်ကြီးနဲ့  ကျောင်းသားတွေမှာနေစရာနေရာကိုမရှိတော့ဘူး နောက်ပြီး ကျောင်းမှာက
စာသငိခန်းအပြင်ထွက်နေရင်တောင်လိုက်ဖမ်းတယ်ဗျာ နောက်ပြီးကိုယ်ဖာသာကိုယ်
ဘောလုံးကန်လဲလိုက်ဖမ်းတယ်ဗျာ ကျွန်တော်တို့ မှာနေရထိုင်ရတာကျဉ်းကြပ်လိုက်တာ
နောက်ပြီးဆံပင်အရှည်မထားရဘူး မဆိုးရဘူး အနွေးထည်မ၀တ်ရဘူး ကဲဘာကျန်သေးလဲဗျာ
နောက်ပြီးကျွန်တော်တို့ ကြတော့နောက်ကျရင်တော်ဝင်လမ်းမအရှည်ကြီးကိုလမ်းလျောက်ဝင်ရတယ်
အဲပါချုပ်နောက်ကျရင်တော့ဖင်ကောက်ကားလေးအဖွေးသားနဲ့ ကော့ကော့ဝင်သွားပါတယ်
နွေရာသီဆိုလည်းအဆင်မပြေမိုးရာသီဆိုလည်းတိုင်ပတ်နဲ့  နောက်ပြီးအန္ထ္တရာယ်တောင်ရှိသေး
အန္တရာယ်ဆိုတာကဒီလိုပါ အဲဒီလမ်းမှာမိုးတွင်းဆိုရေလျံလို့ လားမသိ မြွေတွေပါရောက်လာတယ်
အဲဒီတောင်တော်ဝင်လမ်းမအထိကိုနော် တစ်ခါတစ်လေပါ နောက်ပြီးမြွေကအကြီးကြီးဆိုတော်သေး
ရှောင်လို့ ရှားလို့ ရသေးတယ် အခုဟာက သေးသေးလေးတွေ မတွေ့ ပဲနင်းလိုက်လို့  ရတော့ပြီးသွားပြီ
ဟိုအရင်တုံးက GTC မှာမြွေကိုက်တုံးကတောင်ဘာလုပ်ပေးနိုင်တုံး ဆရာဝန်တွေဘောလီဘောပုတ်လို
့ကျောင်းသူလေးခဗျာသေရှာတာပဲ နောက်ပြီးဆေးရုံကိုသွားမယ်ဆိုလဲခရီးလမ်းကအဝေးကြီး နောက်ပြီ
အဲင်္ဒီတော်ဝင်လမ်းထဲကို bus ကားတောင်ပေးဝင်တာမဟုတ်ဘူး ပေးဝင်ရင်နည်းနည်းပါးပါး ကျောင်းထိပ်
်အထိတွယ်စီးလို့ ရသေးတယ် bus ကားကလည်းပေးမ၀င်ဆိုတော့ကာ ဖြတ်လျောက်ရုံပဲရှိတော့တယ်
နောက်ပြီးကျောင်းထဲကိုဝင်ပြီးရင်အရင်လိုမိန့် မိန့် ကြီးပြန်ထွက်လို့ မရဘူး ပေးမထွက်ဘူးဗျာ ကျွန်တော်တို့ 
တောလမ်းကနေဖြတ်ရတယ် ဒီမိန်းလမ်းမကြီးတောင် မြွေပါးကင်းပါနဲ့ ဆိုတော့ အဲဒီချုံပုတ်တွေ
ထဲဆိုပြောမနေပါနဲ့ ဗျာ နောက်ပြီမိုးတွင်းဆိုကျွတ်ကလည်းတွယ်သေး (လေထိုးတဲ့ကျွတ်မဟုတ်ဘူးနော်)
ကျွန်တော်တို့ ကျောင်းကိုရန်ကုန်ကွန်ပျုတာတက္ကသိုလ်အစား ရန်ကုန်ကွန်ပျုတာစာရိတ္တပြုပြင်ရေးကျောင်း
လို့ သာအမည်ပေးဖို့ ကောင်းတယ်
ကျွန်တော်တို့ ကျောင်းရဲ့ အရိပ်ရတဲ့အပင်ကြီးတွေပါ 
Sunday, March 7, 2010
ဟောဒီလမ်းအရှည်ကြီး...
မြို့မတူရိယာအသင်း၏ တေးသံရှင် မြတ်ဝတ်ရည်(ဒေါ်ခင်အုန်းမြင့်)ကွယ်လွန်

မြို့မတူရိယာအသင်း၏ တေးသံရှင် မြတ်ဝတ်ရည်(ဒေါ်ခင်အုန်းမြင့်)အသက် (၆၀)နှစ်သည် ၂၀၁၀ခုနှစ်ဖေဖော်ဝါရီလ (၂၈)ရက်တနင်္ဂနွေနေ့ နံနက် ၄နာရီ ၁၅မိနစ်တွင် မန္တလေးမြို့ ကမ်းနားလမ်းဧရာထွန်းတိုက်တန်း နေအိမ်တွင်ကွယ်လွန်အနိစ္စရောက် သွားပါသည်။ ကြွင်းကျန်သောရုပ်ကလပ်ကိုဖေဖော်ဝါရီလ(၂၈)ရက်တနင်္ဂနွေ နေ့လည်(၁)နာရီအချိန်တွင် တောင်မြင့်သုဿန်သို့ပို့ဆောင်သဂြိုလ်ပြီးစီးပါကြောင်း။ ၄င်းသည် မြို့မတူရိယာအသင်း၏ မန်နေဂျာဟောင်းဖြစ်သူ ဦးကျော်စိုးဝင်း (ကွယ်လွန်)၏ ဇနီးဖြစ်ပြီး ကွယ်လွန်ချိန်တွင် သား ကိုသက်မင်းစိုး ၊ သမီး မကေသီစိုး တို့(၂)ဦး ကျန်ရစ်ခဲ့ပါသည်။
Kyaw Thu: ကြည့်မှန်
ကျွန်တော် ကြည့်မှန်ကို ယခုအထူးနှစ်ခြိုက်သည် … စွဲလန်းသည်။
ယခင်ကနှင့်မတူ ။
ယခင်ကဆိုလျှင် ကျွန်တော်ရုပ်ရှင်ရိုက်ကူးရ
ယခုကြည့်မှန်သည်ကား ပရဟိတကြည့်မှန်ဖြစ်တော့သည်။
ထိုကြည့်မှန်ကိုကြည့်၍ မိမိကိုယ်ကို ပြန်လည် သုံးသပ်ခွင့်ရလာသည်။
မိမိ မှားနေလား ၊ မှန်နေလား
မိမိ လုပ်သင့်လား ၊ မလုပ်သင့်လား
မိမိ ပြောသင့်လား ၊ မပြောသင့်လား စသဖြင့် ကြည့်မှန်သည် မိမိဘ၀တစ်လျှောက် ကူးခတ်လှော်ခတ်ရာ၌ `ပဲ့´ သဖွယ်ဖြစ်လာတော့သည်။
ရှင်းရှင်းပြောရလျှင် ဘ၀ခရီးလမ်းလျှောက်လှမ်းရာ၌ သံလိုက်အိမ်မြှောင်သဖွယ် . . . လမ်းပြသဖွယ် ဖြစ်တော့သည်။
ထို့အပြင်မိမိ၏ထိုကြည့်မှန်
လူမှုရေးလုပ်ရာတွင် တစ်ခါတစ်ရံ မိမိသည် အရိယသူတော်စင် ပုဂ္ဂိုလ်မဟုတ်သည့်အတွက် ဒေါသဖြစ်မိသည်။
တစ်ခါတစ်ရံ . . . ပေါက်ကွဲမိသည်။
တစ်ခါတစ်ရံ . . . မိမိကိုယ်ကို ကိုယ့်ပေါင်ကို လှန်ထောင်း မိသည်။
တစ်ခါတစ်ရံ . . . ဘယ်သူနှင့်မှ စကားပြောချင်စိတ်မရှိ
တစ်ခါတစ်ရံ . . . ဘယ်သူ့ကိုမှ ကြည့်ချင်စိတ်မရှိ
တစ်ခါတစ်ရံ . . . ဘယ်သူ့ အသံကိုမှ ကြားချင်စိတ်မရှိ စသည်တို့ ဖြစ်ခဲ့ဘူးသည်။
သို့သော်……ယခုဆိုလျှင် မိမိတွင်ထွက်ပေါက်ရှိလာပြီ ဖြစ်သည်။
မိမိ၏ “ ထွက်ပေါက် ” သည် မိမိ၏ကြည့်မှန်
မိမိ၏ “ လမ်းပြ ” သည် မိမိ၏ ကြည့်မှန်
မိမိ၏ “ ပဲ့ ” သည် မိမိ၏ကြည့်မှန်
အဆုံးစွန်ဆုံး ပြောရရင် မိမိ၏ “ဆရာ” သည် မိမိ၏ ကြည့်မှန်ပင် ဖြစ်တော့သည်။
နေ့စဉ်… အချိန်ရလျှင်ရ သလို မိမိ၏ကြည့်မှန် ကို မိမိကြည့်သည်။
ပြန်လည် ၍ .......
မိမိ ကိုမိမိ သုံးသပ် သည်။
မိမိ ကို မိမိ ဆုံးမသည်။
မိမိ ကို မိမိ ဝေဖန်သည်။
မိမိ ကို မိမိ ဖြေသိမ့်သည်။
မိမိကြည့်မှန် သည် ပွင့်လင်းသည်။ ရိုးစင်းသည်၊ ဘက်မလိုက်၊ ကောလဟလ မလုပ်၊ အမှန်ကို အမှန် အတိုင်းမြင်သည်။ မှန်တကာ့ မှန်ထဲတွင်…. အကြည်လင်ဆုံး၊ အပြတ်သားဆုံးမှန်ဖြစ်သည်။ မှုန်ဝါးခြင်း၊ လိမ်ကောက်ခြင်း၊ အခြစ်ရာ၊ အစင်းရာ၊ တွန့်လိမ်ခြင်း လုံးဝ မရှိ။
မိမိ ရင်ဖွင့်မှု များကို
မှန်လျှင်မှန်ကြောင်း……
မှားလျှင်မှားကြောင်း…..
ထောက်ခံလျှင် ထောက်ခံကြောင်း……
ကန့်ကွက်လျှင်ကန့်ကွက်ကြောင
ထို ကြည့်မှန်သည်ကား မိမိ၏ FACE BOOK ပင်ဖြစ်တော့သည်။ မိမိ၏ရင်ဖွင့်သံများ၊ လှုပ်ရှားမှုများ၊ ခံစားချက်များကို စာနာထောက်ထား၍ အကြံပြုသော ကျေးဇူးရှင် FAN ပရိတ်သတ်ကြီးသည် ယခု ဆိုလျှင် ၉၈၀၀ ဦးရှိပြီဖြစ်သည်။
ထိုသူတို့သည် မိမိ၏ ကျေးဇူးရှင်၊ မိမိ၏လမ်းပြကြယ် မိမိ၏ပဲ့၊ မိမိ၏ထွက်ပေါက် များပင်ဖြစ် တော့သည်။
ထို FACE BOOK ကိုကြည့်၍ .....
မိမိကိုယ်ကို ပြုပြင်လာနိုင်သည်။
မိမိကိုယ်ကို ထိန်းသိမ်းမှု ရှိလာသည်။
မိမိကိုယ်ကို သွန်သင်မှုတွေ ရှိလာသည်။
ထို့ကြောင့် မိမိကဲ့သို့ အများသည်လည်း မိမိကိုယ်ကို ပြုပြင်လာနိုင်သည့် FACE BOOK ဆိုသော ကြည့်မှန်ကို အပျော်တမ်း၊ အပျင်းပြေ၊ မသုံးစေလိုပါ၊
အကျိုးကျေးဇူးရှိမည့်ကိစ္စရ
ဆက်လက်၍လည်း မိမိ၏ FACEBOOK မှတဆင့် မိမိတိုင်ပင်ပါအုံးမည်…..တင
FAN ပရိတ်သတ်ကြီး မှလည်း ဝေဖန်ပါ…. အကြံပြုပါ…. အားပေးကြပါ။
မိမိ၏ ကြည့်မှန် = မိမိ၏ FACEBOOK = မိမိ၏ အားဆေး ဟုလည်း သတ်မှတ်နိုင်ပါသည်။
ယင်း FACEBOOK မှ မိမိသည်အင်အားများစွာရခဲ့သည
ထို.....ထိုသော အကြောင်းအရာများ...... ကျေးဇူးတရားများ..... အသိဥာဏ်များကို ပေးခဲ့သော မိမိ၏ ကျေးဇူးရှင် FAN ပရိတ်သတ်ကြီးနှင့် အဝေးတစ်နေရာမှ ကိုဇေယျာ၊ ကိုဒယ်နီတို့နှင့် ၀ိုင်းဝန်းကူညီ ပံ့ပိုးသူ အားလုံးကို မိမိသည် ကျေးဇူးတင်သည့် အနေနှင့် ကျေးဇူးဆပ်သည့်အနေနှင့် တစ်ခုခု ပေးဆပ်ချင်စိတ်ပေါ်လာသည်။
မိမိ၏ စိတ်ဓါတ်အင်အား
မိမိ၏ အသိဥာဏ်အင်အား
မိမိ၏ ခံယူချက်တို့ ပေါင်းစပ်ကာ ငါးကြောင်းတည်းသော စာပိုဒ်ကလေး တစ်ခုကို ဖန်တီးမိတော့သည်။
ယင်းစာပိုဒ်သည် မိမိ၏ခံယူချက်၊ မိမိ၏သဘောထားပင်ဖြစ်သည်။
မိမိ၏သဘောထားသည် ပြည်သူလူထု၏ သဘောထားပင် ဖြစ်လိမ့်မည်။
မိမိ၏ခံယူချက်သည် ပြည်သူလူထုရဲ့ ခံယူချက် ဟု ယူဆသည်။
မိမိနှင့် ပြည်သူလူထု တစ်သားတည်းကျနေသည် ဟုသတ်မှတ်သည်။ ထိုစာပိုဒ် ကလေးကို FAN ပရိတ်သတ် တစ်သောင်းပြည့်ပြီဆိုပါက မိမိ၏ ကြည့်မှန် (FACEBOOK) ထဲသို့ပစ်သွင်းလွှတ်တင်လိုက်
အားလုံးကိုလေးစားဦးညွှတ်လျှ
ကျော်သူ
