http://ifile.it/sy6h4jxA Letter of Condolence From SYCB
Saturday, January 30, 2010
တကယ့်ဗုံးခွဲတရားခံက ဘယ်သူတွေလဲ?
တကယ့်ဗုံးခွဲတရားခံက ဘယ်သူတွေလဲ?
~~~~~~~~~~~~~~~~~~~~~~~~
01/30/2010
ပန်းချီ-ဒီဇိုင်း ကိုမျိုး
ယခုတလော န အ ဖ သတင်းမီဒီယာတွေမှာ ဗုံးဖောက်ခွဲမှုသတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြနေတာကို တွေ့နေရပါသည်။
၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်ခံနေရတဲ့ န အ ဖ ဟာ ကိုယ့်ဗုံးကိုယ်ဖောက် နိုင်ငံတကာနဲ့ ပြည်သူတွေကို လိမ်လည် မျက်လှည့်ပြဖို့ ကြိုးစားနေပြီး ၂၀၁၀ မှာအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ရမယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပြောဆိုချက်နဲ့ NLD ရဲ့ရွှေဂုံတိုင်ကြေငြာချက်ကြောင့် အကျပ်ရိုက်နေတဲ့ နအဖ ဟာ ဟိုနေရာဗုံးဖောက်ပြ ဒီနေရာဗုံးဖောက်ပြနဲ့ ပြည်သူတွေကို ခြိမ်းခြောက်လျှက် အကောက်ကြံဖို့ ကြိုးစားနေကြပါတော့သည်။
ဒေသဆိုင်ရာတပ်ရင်းတချို့ကို လျှိ့ဝှက်ညွန့်ကြားမှုများပြုလုပ်ထားပြီး ဖောက်ခွဲရေးတာဝန်ကျ သူတစ်ဦးကို နယ်မြေရဲစခန်းမှ လက်နှက်နှင့်အတူ ဖမ်းဆီးရမှိသော်လည်း မည်သို့မျှအရေးယူ ဆောင်ရွက်ခွင့် မရပဲ အဆိုပါသူအား ၄င်းတို့၏တပ်ရင်းမှ လာရောက်ခေါ်ဆောင်သွားပြီး ပြင်ပ မီဒီယာများသို့ မပေါက်ကြားစေရန် အထူးညွန့်ကြားထားကြောင်းသိရပါသည်။
ဒါကြောင့် န အ ဖ ရဲ့ကောက်ကျစ် ရက်စက် ယုတ်ပတ်တဲ့ ဥာဏ် နီ ဥာဏ်နက် တွေကို ၅၅သန်း ကျော်ရှိ ပြည်သူလူထုက သတိရှိရန် ရန်အထူးလိုအပ်နေပြီး အခုလည်းပဲ မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြန်ပါသည်။ ဒါတွေဟာလည်း န အ ဖ လက်ပါးစေတို့ရဲ့ လက်ချက်ဖြစ်နိုင်ကြောင်းကိုလည်း အပြစ်ရပ်အဖွဲများ ခန့်မှန်းကြပါသည်။
ဘာပဲဖြစ်ဖြစ် နအဖ ခွေးယုတ်တွေကတော့ ဥာဏ်နီဥာဏ်နက် သုံးပြီးအကောက်ကြံနေကြပါပြီပြည်သူ့ ခေါင်းဆောင်ကြီးတွေအားလုံး သတိရှိရန်အထူးလိုအပ်နေပါတော့သည်။
ဗုံးဖောက်ခွဲတဲ့ တကယ့်တရားခံတွေရဲ့ ကိုယ်ရေးအကျဉ်းကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်....



ကြွေးကြော်သံ
ကြွေးကြော်သံ
ကို …....
.............
“ကြွေးကြော်သံ” နဲ့ ပတ်သက်ပြီး ခင်ဗျားပြောတာမှန်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျနော် စဉ်းစားမိတာ ပြောပါ့မယ်။ နည်းနည်းရှည်ရှည် ရေးပါရစေ။
၁၉၄၅ မှာ ရဲဘော်ကြီးသိန်းဖေ (မြင့်) အိန္ဒိယက ပြန်ရောက်လာ ပါတယ်။ အဲဒီကာလ ၁၉၄၅/၄၆ က လူထုက နိုင်ငံရေးအရ သိပ်တက် ကြွနေတာပါ။ အစည်းအဝေးတွေ ဆန္ဒပြပွဲတွေမှာ ကြွေးကြော်သံတွေ အများကြီး ကြွေးကြော် ကြပါတယ်။ အခုခေတ်လို “တို့အရေး” လို့ ယေဘုယျကြွေးကြော်တာ သက်သက် မဟုတ်ပါဘူး။ “စစ်အုပ်ချုပ်ရေး ရုတ်သိမ်းပစ်” “အင်္ဂလိပ်စစ်တပ်ထွက်သွား” “စက္ကူဖြူ စီမံ ကိန်းအလိုမရှိ” စသဖြင့် လက်တွေ့နိုင်ငံရေးလုပ်ငန်းကို ထင်ဟပ်တဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ကြပါတယ်။ ဒီတော့ ရဲဘော်ကြီး သိန်းဖေ(မြင့်) က လူထုဆန္ဒပြပွဲ ချီတက်ပွဲတွေမှာ ကြွေးကြော်ကြတဲ့ “ကြွေးကြော်သံ” နဲ့ ပါတီရဲ့ “သေနင်္ဂဗျူဟာ ကြွေးကြော်သံ” (strategic slogan) ကွဲပြားစေဖို့အတွက် slogan ကို “ဆောင်ပုဒ်” လို့ ဘာသာပြန်ဖို့ အဆိုပြုဖူးတယ်လို့ ဆိုပါတယ်။ သူပြောတာ မဆိုးပါဘူး၊ စဉ်းစားစရာ ကောင်းပါတယ်။ ဒါပေမဲ့ slogan ကို “ကြွေးကြော်သံ” လို့ အများနားလည် အထိုင်ကျနေပြီဖြစ် လို့ “ဗကပ” က မပြင်ဖြစ်တော့ပါဘူး။
• “ကြွေးကြော်သံ” မှာ လုပ်ငန်းစဉ်တခုလုံးကို ချုပ်ပြီးပြောတဲ့ သေနင်္ဂဗျူဟာ (strategic) “ကြွေး ကြော်သံ” ရှိရပါမယ်။ “စစ်အာဏာ ရှင်စနစ်ကို တိုက်ဖျက်ပြီး ပြည်သူ့ဒီမိုကရေစီ စနစ်ထူထောင်ကြ” ဆိုတဲ့ ကြွေးကြော်သံဟာ “သေနင်္ဂဗျူဟာကြွေးကြော်သံ” ပါ။ ဘာကို တိုက်ဖျက်မယ်၊ ဘာကိုထူထောင်မယ်ဆိုတာ ပါနေပါတယ်။ ကာလအတော်ကြာကြာ လုပ်ရမယ့်အလုပ်ပါ။
• “လက်တွေ့နိုင်ငံရေးကြွေးကြော်သံ” ကျတော့ ကာလကလေးတခုအတွက်ပဲ ကြွေးကြော်ပါတယ်။ ဥပမာအားဖြင့် “စစ်အုပ်ချုပ်ရေး ရုတ်သိမ်းပေး” “စက္ကူဖြူစီမံကိန်း အလိုမရှိ” လိုဟာမျိုးကစပြီး ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန်အလုံအလောက် ရရှိရေး၊ လာဘ်စားတဲ့ အရာရှိ အရေးယူရေးတို့လို လက်တွေ့ နိုင်ငံရေးကိစ္စတွေကို ကြွေးကြော်တာ ဖြစ်ပါတယ်။ ဒါကို နည်းပရိယာယ် (tactical) ကြွေး ကြော်သံလို့ သတ်မှတ်ရမှာပါ။ “အောက်တိုဘာ ကျောင်းတလပိတ်ရေး” တို့ “သမဂ္ဂထူထောင်ခွင့်ရရေး” တို့လိုဟာလည်း “နည်းပရိ ယာယ် ကြွေးကြော်သံ” တွေပါပဲ။
(၁) နောက်ပြီး “ကြွေးကြော်သံ” မှာ မကြောက်တရားသွင်းပေးတဲ့ ကြွေးကြော်သံတွေ၊ အားတင်းတဲ့ ကြွေးကြော်သံတွေလည်း ရှိရပါ တယ်။ လက်နက်ကိုင်တိုက်ပွဲလမ်းကြောင်းကို ရွေးရတော့မယ့် အခြေအနေကိုရောက်တော့ ယေဘုယျကြွေးကြော်သံ “သခင်မျိုးဟေ့ တို့ဗမာ” ဆိုတာလောက်နဲ့ မရတော့ပါဘူး။ “မီးဒုတ် မီးဒုတ် ရှို့ရှို့” “သူပုန်သူပုန် ထထ” “ဖိရင်ကြွမယ် ထိရင်ချမယ်” “လာမယ့်ဘေး ပြေးတွေ့” စတာတွေ ကြွေးကြော်ခဲ့ရပါတယ်။
- ဒီနေရာမှာ ဖြတ်ပြောချင်တာတခုက အကြမ်းမဖက်ရေးဟာ ကြွေးကြော်သံ မဟုတ်ပါဘူး။ တိုက်ပွဲနည်းနာသာ ဖြစ်ပါတယ်။
- တိုက်ပွဲဝင်ကြွေးကြော်သံတင်ရင် စည်းရုံးရေးကလည်း တိုက်ပွဲဝင်ဖို့ စည်းရုံးရေးပဲ ဖြစ်ရပါမယ်။ တက္ကသိုလ် ကျောင်းသား သမဂ္ဂက (၁၃ဝဝ ပြည့်မှာ) အတွင်းဝန်ရုံးဝိုင်းတုန်းက ပုံမှန်စည်းရုံးရေးသဏ္ဌာန်ပါပဲ။ နောက်တော၊့ ဗိုလ်အောင်ကျော် ကျဆုံးပြီးတော့ ဥက္ကဋ္ဌ ကိုလှရွှေကို “ကျောင်းသားအာဏာရှင်” အဖြစ် တင်ပါတယ်။ သူက သူ့နာမည်နဲ့ပဲ ညွှန်ကြားချက်တွေ ထုတ်ပါတယ်။ ဒါက အင်္ဂလိပ်ရဲ့ ကိုလိုနီဒီမိုကရေစီ ကာလကမို့ လုပ်နိုင်တာပါ။ ဖက်ဆစ်အောက်မှာ လုပ်မရပါဘူး။ မြေပေါ် ဥပဒေတွင်းအနေနဲ့ လုပ်မရပါဘူး။ မြေ အောက်ယူဂျီအနေနဲ့ပဲ လုပ်နိုင်ပါတယ်။ ဂျပန့်လက်အောက်မှာ လူထုဆန္ဒပြပွဲ မရှိခဲ့ပါဘူး။ ဒီမိုကရေစီ အငွေ့အသက်ကလေးရှိရင် စည်းရုံး ရေးပုံသဏ္ဌာန်တမျိုး ဖက်ဆစ်အောက်မှာဆိုရင်တမျိုး ဖြစ်မှရပါမယ်။
(၂) ဝါဒဖြန့်တဲ့ကြွေးကြော်သံ၊ လှုံ့ဆော်တဲ့ကြွေးကြော်သံ၊ လက်တွေ့လုပ်ဖို့ ညွှန်ကြားတဲ့ကြွေးကြော်သံဆိုတာကလည်း ရှိပါသေးတယ်။ ကြွေးကြော်သံဆိုတာကလည်း ရှိပါသေးတယ်။ ကြွေးကြော်သံကတော့ တခုတည်းပါ။
“ဘုရင့်နိုင်ငံ စနစ်ကိုဖျက်သိမ်း သမ္မတနိုင်ငံစနစ်ထူထောင်” ဆိုတဲ့ ကြွေးကြော်သံ တခုတည်းပဲ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တော်လှန် ရေး (အစောပိုင်း) တွေမှာ တင်ခဲ့ပါတယ်။
လူထုမနိုးကြားသေးခင်မှာ ဒီကြွေးကြော်သံရဲ့တန်ဖိုးက ဝါဒဖြန့်ချိတဲ့တန်ဖိုးပဲ ရှိပါတယ်။ လူထုက တစုံတရာနိုးကြားနေပေမယ့် မထကြွဝံ့သေးရင် အဲဒီကြွေးကြော်သံမှာ လှုံ့ဆော်ရေးတန်ဖိုး ပါလာပြီ။ လူထုက လက်တွေ့ထကြွနေပြီဆိုရင် ချက်ချင်းအကောင်အထည်ဖော်ဖို့ ညွှန်ကြားတာအထိ တန်ဖိုး တက်သွားပါတယ်။
ဗမာပြည်တော်လှန်ရေးလက်တွေ့နဲ့ ထင်ဟပ်ပြီးပြောမယ်ဆိုရင် “ဒီမိုကရေစီရေး တို့အရေး” ကြွေးကြော်သံဟာ အစောကြီးကတည်းက ပေါ်နေတာပါ။ ၁၉၅၈ စစ်အုပ်စု အာဏာမသိမ်းခင်ကတည်းက ၁၉၄၈ ကတည်းက ပေါ်နေတာပါ။
ဓနရှင်ဒီမိုကရေစီစည်းဝိုင်းက ကျဉ်းလာလေလေ ဒီကြွေးကြော်သံကို ကြွေးကြော်သူ များလာလေ ဖြစ်ပါတယ်။ ပြည်သူ့ရဲဘော်ကစပြီး နောက်ဆုံး ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းအထိ ကြွေးကြော်လာတယ်။ ဒါက ၁၉၈၈ မတိုင်မီအထိကို ပြောတာပါ။
၁၉၈၈ မှာကျတော့ စစ်အုပ်စုဝင်ဟောင်းတွေပါ ဒီမိုကရေစီရေး တို့အရေး ဖြစ်လာပါတယ်။
ကြွေးကြော်သံတူပေမယ့် အလုပ်မတူကြပါဘူး။ ဘာကြောင့်လဲ။ - အတွေးအခေါ်မတူလို့ပါ။ အမြင်မတူလို့ပါ။ ရပ်တည်မှုမှာတောင် ၂ ခွ ဖြစ်နေသူ ရှိတယ်။
- ဖြစ်ပေါ်ပြောင်းလဲမှုတွေက သိပ်မြန်တယ်။ အမီမလိုက်နိုင် ဖြစ်ကြတယ်။ ဒါက ကိုယ့်ဘက်မှာသာ ဖြစ်နေတာ မဟုတ်ပါဘူး။ ဗိုလ်နေ ဝင်း ဘက်မှာလည်း ဖြစ်နေတာပါ။ ဒါပေမဲ့ ကိုယ့်ဘက်က အာဏာမဲ့တယ်။ တကွဲတပြားစီ ကျဲပြန့်နေတယ်။ သူတို့ဘက်က အာဏာရှိ တယ်။ တစုံတရာ စုစည်းမိထားတယ်။ သူတို့က လူထုကို အခြေခံတာ မဟုတ်ဘူး။ ဗျူရိုကရေစီယန္တရားကို အခြေခံတာ ဖြစ်တယ်။
- နောက်ဆုံးတော့ “ဓားပါတဲ့ကုလားက စားသွား” တာပါ။ ဒီသင်ခန်းစာကို မမေ့ကြဖို့ လိုပါတယ်။
ရဲဘော်သဖွယ် …
ဖိုးသံချောင်း
Saturday, January 30, 2010
http://www.naytthit.com/articals/2010/jan10/ptc-jan30.html
- မောင်စူးစမ်းအပေါင်းအပါများနဲ့ ဗကပ
မောင်စူးစမ်း (ရဲဘော်တင်ရွှေ၊ ဦးချမ်းအေး) ကိစ္စ
http://ifile.it/bwamrve mss-uca29jan
- မောင်စူးစမ်းနဲ့အပေါင်းအပါများနဲ့ပတ်သက်၍ ဗကပ ရဲ့ သဘောထား (၂၉- ၁- ၂၀၁၀)
http://ifile.it/bxs1o9yOn Mss29jan
http://www.cpburma.org/

