ကနေဒါနိုင်ငံ၊တိုရန်တိုမြို့တွင်...
October 2 ,2010 ညနေ၆နာရီကစပြီး CCIJ (Canadian Centre for International Justice)မှကျင်းပတဲ့ပြပွဲမှာ မြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ့(တိုရန်းတို)မှမြန်မာကိုယ်စားပြုဝင်ရောက်ပြသခွင့်ရခဲ့ပါတယ်၊
သံဃာ့ဥသျှောင်ဆရာတော်ဦးကောဝိဒလည်းကြွရောက်ချီးမြှင့်တော်မူပါတယ်။အားကစားကွင်းအတွင်းဓါတ်ပုံနှင့်နိုင်ငံတကာ
မှတရားမမျှတမှုများကိုဖေါ်ညွန်းအထောက်အထားများကိုကွင်းလုံးပြည့်ပြသရာမြန်မာနှင့်သက်ဆိုင်သောအထောက်အထား
များလည်းပါဝင်ခဲ့ပါတယ်။ထို့အပြင်ခန်းမထဲတွင်ပြသရန်နေရာရရှိသေး၍သီးသန့်ရှင်းလင်းတင်ပြခွင့်လည်းရရှိခဲ့ပါသည်။
လက်ကမ်းစာစောင်များဝေငှခြင်း၊ကနေဒါအစိုးရနှင့်ကုလသမဂ္ဂသို့ပေးပို့မည့်စာများကိုကနေဒါပြည်သူများသို့လက်မှတ်ရေးထိုးပေးပါ
ရန်ရှင်းလင်းတင်ပြခဲ့ကြပါသည်။
CCIJ မှနှစ်စဉ်ကျင်းပသောထိုပွဲပြုလုပ်ချိန်တွင်TTC တိုရန်တိုဘတ်စ်ကားများကလည်းအခမဲ့ပြေးဆွဲပေးခဲ့ပါသည်။
October 3 ,2010 မနက် ၇ နာ၇ီ အထိပြသခဲ့ကြပါတယ်။
0 အကြံပြုခြင်း:
Post a Comment