လူထု အုံကြွမှု ဖြစ်ပေါ် နိုင်၊ စစ်သားများ စစ်ဝတ်စုံ ဖြင့် ပဲခူး နှင့် ရန်ကုန် တွင် တပ်ပြင်မထွက်ရဲ
Updated:: တရားရှု ပွဲ လာမည့် သူများ မြို့ ဝင်၊မြို့ ထွက် ဂိတ် များ ကို ကျော်ဖြတ်လာနိုင်
Updated:: အင်းတိုင် ၊ ရဲမွန် ကိစ္စ ကြောင့် တပ်တွေ မလာ နိုင် (ည ၀၁း၀၀ နာရီ)
Updated::တိုင်းမှုး ကလုံခြုံရေး အပြည့် ယူခိုင်းထားသော် လည်း စစ်ကား တစ်စီးတည်း
ပင် လမ်းပေါ် မထွက် ရဲ့ တော့ ။ လူ ထုက အတွင်း လမ်း များ ကို ကင်းစောင့် ပြီး ၂၄ နာရီ
အပြည့် သတိရှိ နေ
Updated:: FNG အဖွဲ့ သားများ ပဲခူးမြို့ သို့ ရောက်ရှိ
Updated :: အနယ်နယ်အရပ်ရပ် မှ လှုပ်ရှား တက်ကြွသူများ ယနေ့ ည ပဲခူးမြို့ သို့ ရောက်ရှိ
Updated ::လူငယ်နှစ်ဦး အား ပစ်သတ်ခဲ့သည့် ဗိုလ်ကြီး နှစ်ဦး နှင့် စစ်သားရှစ် ဦးအား
ခလရ ၅၉ တပ်တွင်းမှာပင်ပုံမှန် ရှိ နေဆဲ (အရေးယူမှု မရှိ) Source : ပဲခူးရဲစခန်း တစ်ခု နှင့်
ဆက်သွယ်ပြောဆိုချက်

မောင်စိုးပိုင်ဇော်၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ
ပဲခူး အခြေစိုက် ခလရ ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးသဖြင့်
စစ်သားများက ကျဉ်ကပ် အတွဲ လိုက် ပစ်ခတ်၍ သေဆုံးခဲ့သည့် လူငယ်နှစ်ဦး ဖြစ်သည့်
ကို အောင်သူဟိန်း နှင့် ကိုစိုးပိုင် ဇော် တို့ နှစ်ဦး၏ ရုပ်အလောင်း ကို အင်္ဂါနေ့ နံနက် တွင် ပဲခူးမြို့ ဆေးရုံကြီးမှ ဆင်ဖြူကွင်း သုဿာန် သို့ ပို့ ဆောင်မီးသဂြိုလ် မည့် အစီအစဉ် တွင် ပဲခူးမြို့ အနီး ရှိ ဝေါ ၊ ဘုရားကြီး
စသည့် မြို့ များ မှ ပြည်သူလူထု အပြင် လှည်ကူး၊ဒိုက်ဦး ၊မှော် ဘီ စသည့် ကျေးရွာများ မှ ပြည်သူများ
လည်း လိုက်ပါပို့ ဆောင် မည်ဖြစ်သည်။

မောင်အောင်သူဟိန်း ၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ
စစ်တပ်၏ ဥပဒေမဲ့ လုပ်ရပ်ကြောင့် ကာယကံရှင် မိသားစု ၀င်များ သာမက ပဲခူးမြို့ နေ လူထု လည်း စစ်တပ်
ကိုရွံ့ မုန်း လျှက် ရှိပြီး အချို့ မြို့ ခံများ က စစ်သားများ အား ကန့် ကွက်ရှုံချရန် ပြင်ဆင် ထားသောကြောင့်
ပဲခူး အခြေစိုက် စစ်တပ်များ မှာ လုံခြုံရေး တင်းကျပ် စွာချထားပြီး တပ်ရင်းမှုးများ က လည်း ၎င်း တို့ ၏ ငယ်
သားများ အား တပ်ပြင် သို့ စစ်ဝတ်စုံ ၀တ်၍ မထွက်ရန် အမိန့် ပေးထားသည်။
ပဲခူးမြို့ နေ ပြည်သူများ က စစ်တပ်၏ ယုတ်မာ ရက်စက်မှု ကို အော့နှလုံးနာလျှက် ရှိပြီး ပဲခူးမြို့ အထက်တန်း
ကျောင်းမှ ကျောင်းဆရာ မ တစ်ဦး ဖြစ်သူ ဒေါ်သီတာမြင့် က ‘ဒါ ပဲခူးက ဒုတိယ ပခုက္ကူ ဖြစ်သွား နိုင်တယ် ၊လူ
တွေက စစ်တပ် ဆို စိတ်နာနေပြီ ဟု ယနေ့ အခြေအနေ များ နှင့် ပတ်သက်၍ သုံးသပ် ပြောကြား သွားသည်။
http://freedomnewsgroup.com/
0 အကြံပြုခြင်း:
Post a Comment