Thursday, September 9, 2010

အပြောလွယ်သလောက်အလုပ်ခက်တဲ့  ကုလမြန်မာ့အရေးစုံစမ်းရေးကော်မရှင်


အပြောလွယ်သလောက်အလုပ်ခက်တဲ့ 

ကုလမြန်မာ့အရေးစုံစမ်းရေးကော်မရှင်

“ကိုယ်တို့ တတွေဟာ ကိုယ်မက်ချင်တဲ့အိမ်မက်ကို

အတင်းအဓမ္မမက်နေတဲ့သူတွေဖြစ်နေပါမင့်ကလား”


ပရောစပါရို

ဝီလျှံရှိတ်စပီးယား - “Tempest” Act 4 : Scene 1


၂၀၀၆ ခုနှစ်နှောင်းပိုင်း၌ နယူးယောက်တိုင်းမ်းစ်သတင်းထောက် ဂျိမ်းထရပ်ဘ် (James Traub) နှင့် ပြုလုပ်သောအင်တာဗျူး၌ ကုလသမဂ္ဂဆိုင်ရာတရုပ်သံအမတ်ဂွမ်ယာ (Guangya) က သူ့ တွင် လုံခြုံရေးကောင်စီတွင်မြန်မာနှင့်ပါတ်သက်၍တင်လာသမျှကို “ဗီတို” လုပ်ရန် ပီကင်းမှအခိုင်အမာ ညွှန်ကြားချက်ရထားပြီးသားဖြစ်သည်ဟုအတိအလင်းထုတ်ပြောခဲ့သည်။ အချိန်မှာအနောက်အုပ်စုကတရုပ်၏ဆန္ဒကို

ဆန့် ကျင်၍လုံခြုံရေးကောင်စီအစည်းအဝေးဆွေးနွေးမည့်ခေါင်းစဉ်များစာရင်းတွင် မြန်မာနိုင်ငံအခြေအနေဟူသောခေါင်းစဉ်ကို အတင်းထည့်သွင်းရန်အားထုတ်နေကြသည့်အချိန်ဖြစ်သည်။

တကယ်တမ်းလုံခြုံရေးကောင်စီအစည်းအဝေးတွင်မြန်မာ့အရေးကိုထည့်ဆွေးနွေးရန်အာဂျင်ဒါသို့ မူကြမ်း တင်ကြသည့်နေ့ (ဇန်န၀ါရီ ၁၂ - ၂၀၀၇) တွင်တရုပ်သာမကတရုပ်နည်းတူ ကြိုတင်သတိပေးထားသော ရုရှကပါ ဗီတိုလုပ်သဖြင်လုံခြုံရေးကောင်စီသမိုင်းတွင်တစ်ခါမှမကြုံဘူးသော နှစ်ထပ်ကွမ်းဗီတို(double veto) ထိသောခေါင်းစဉ်တစ်ခုဘ၀ရောက်ကာအနောက်အုပ်စုအကြီိးအကျယ်အရေးနိမ့်ခဲ့သည်။

ထို့ ကြောင့်ယခု ၂၀၁၀ နှစ်မတ်လ ၂၁ ရက်နေ့ ကထုတ်ပြန်သောကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီသို့  မြန်မာနိုင်ငံဆိုင်အထူးရာစုံစမ်းရေး သမားတော့မတ်စ်အိုကျီယာကွင်းတားနား ၏အစီရင်ခံစာပါ - ကုလသမဂ္ဂ၏အဖွဲ့ အစည်းများအနေဖြင့်နိုင်ငံတကာရာဇ၀တ်မှုများအရေးကိုကိုင်တွယ်ရာတွင်ကိစ္စ (နိုင်ငံ) တစ်ခုချင်းစီနှင့်ပါတ်သက်၍ခိုင်မာသော အချက်အလက်များရှာဖွေစုဆောင်းရေးလုပ်ပိုင်ခွင့်များနှင့်တကွ ဖြစ်သောစုံစမ်းရေးကော်မရှင်များဖွဲ့ စည်းရေး တကယ်ဖြစ်နိုင်မဖြစ်နိုင်ကိစ္စကိုစဉ်းစားကြမည်ဆိုပါကစဉ်းစားနိုင်ကြောင်း” - အဆိုအတိုင်းလိုက်လုပ်ပါက ၂၀၀၆ခုနှစ်ကအဖြစ်မျိုးထပ်ဆိုက် မည့်အနေအထားရှိနေသည်။

အင်္ဂလိပ်ဘာသာဖြင့်ပြုစုထားသောအစီရင်ခံစာကို “မပွင့်တပွင့်အင်္ဂလိပ်စာသွား (slightly opaque English)” ဖြင့်ရေးထားသဖြင့်ပြင်သစ်လို ၊တရုပ်လို၊ ရုရှလိုဘာသာပြန်ရသူများအခက်အခဲအနည်းငယ်စီရှိကြသော်လည်း ကွင်းတားနားပြောသည်မှာကုလသမဂ္ဂအနေဖြင့် သူပြောတဲ့အတိုင်းဖြစ်တန်ရာ အခြေရှိမရှိကိုစဉ်းစားချိန်ဆရန် ဆန္ဒရှိသည်ဆိုလျှင်စဉ်းစားကြရန်မျှသာဖြစ်ကြောင်းလုံလောက်သောအဓိပ္ပါယ်ရှင်းလင်းမှုတော့ရှိပါသည်။

(အောက်ပါမူရင်းစာစုကိုမူ ဘာသာပြန်မတိကျမည်စိုး၍ချန်ထားရစ်ခဲ့ပါသည် - ဘာသာပြန်သူ)


The French version is perhaps closer to Quintana's thought when it suggested that UN institutions "voudront peut-etre envisager la possibilite" switching into the future tense and throwing in a "peut-etre" for good measure. The Chinese version could rely on the ubiquitous "kě yĭ" 4 which implies both "can" and "may", while the Russian plumped for "mogut" 5 which is more of a "can" than a "may".

သို့ သော်သူ၏ ဤအကြံပြုချက်ကို လူ့ အခွင့်အရေးအဖွဲ့ အစည်း များနှင့် မြန်မာ့အရေးတက်ကြွသူများ အားလုံးနီးနီးက ကုလသမဂ္ဂအဖွဲ့ ကြီးကနေ၍ (မြန်မာ့ အရေးအတွက်) စုံစမ်းရေး ကော်မရှင်တစ်ခုဖွဲ့ ရန် ကွင်းတားနားကိုယ်တိုင်ကတရားဝင်ထောက်ခံချက်ပေးလိုက်သယောင်ယောင်သဘောမျိုးအမိအရ ဖမ်းဆုပ်လိုက်ကြပါသည်။

“ဤကဲ့သို့ သောကော်မရှင်တရပ်ဗားမား(Burma) အတွက်ဖွဲ့ စည်းရေးကိုကုလသမဂ္ဂဆိုင်အထူး စုံစမ်းရေး အရာရှိ(ကွင်းတားနား) က မတ်လအတွင်းကထောက်ခံထားသည်။” ဟုအပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာအဖွဲ့ (Amnesty International) ကကိုးကားခဲ့သည်။

(သို့ သော်လည်း)နိုင်ငံတကာအစိုးရများကတော့သတိထား၍တုန့် ပြန်ကြပါသည်။ ၾသစေတ်းလ်၊ ယူအက်စ်၊ ယူကေ၊ ချက်၊ စလိုဗက်ကီးယားနှင့်ယခုနောက်ဆုံးပိတ်ကနေဒါတို့ က ကွင်းတားနား၏ကုလအဖွဲ့ အစည်းများ သို့ အဆိုပြုတင်ပြချက်ကို မူအားဖြင့်ထောက်ခံ ကြောင်းဖေါ်ပြကြသော်လည်းစစ်ရာဇ၀တ်မှုများ (war crimes) လူသားမျိုးနွယ်ကိုဆန့် ကျင်သောရာဇ၀တ်မှုများ (crimes against humanity) စသည့်အသုံးအနှုံးများကို မသုံးမိဘို့ သတိထား၍ရှောင်ရှားခဲ့ကြသည်။ အကြောင်းမှာ “အမှုအပေါ်ကြိုတင်စီရင်ချက်ချက်ချထားပြီးသလို” ဖြစ်နေမှာစိုး၍တကြောင်း၊ အမေရိကန်ပြည်ထောင်စုကအဖွဲ့ ဝင်မဟုတ်သောနိုင်ငံတကာရာဇ၀တ် တရားရုံး (ICC) နှင့်သွား၍နွယ်နေမှာစိုး၍တကြောင်းကြောင့်ဖြစ်သည်။

သြဂုတ်လ ၂၄ ရက်နေ့ တွင်းပြုလုပ်ခဲ့သောသတင်းဌာနများနှင့်ပုံမှန်လုပ်နေကျတွေ့ ဆုံ ပွဲတစ်ခု၌ (ဤကိစ္စနှင့် ပါတ်သက်၍အမေရိကန်)နိုင်ငံခြားရေးဌာနသို့ သတင်းထောက်များကမေးသောမေးခွန်းတစ်ခု ကိုဖြေဆိုရာ တွင်ပြောရေးဆိုခွင့်ရှိသူ ဖိလစ်ခရောက်လီ (Philip Crowley) က -

“ အပြည်ပြည်ဆိုင်ရာဥပဒေကိုချိုးဖေါက်မှုတွေဗားမား(Burma) မှာဖြစ်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့  ပါတ်သက်လို့ စုံစမ်းဘို့ သင့်မြတ်မဲ့နည်းလမ်းတွေနဲ့ ဖွဲ့ စည်း မယ့်နိုင်ငံတကာစုံစမ်းရေးကော်မရှင်တစ်ခုဟာလျှော်ကန်တဲ့(ကိစ္စဖြစ်)တယ်လို့ ကျွန်ုပ်တို့  (အမေရိကန်ပြည်ထောင်စုက) လက္ခံထားပါတယ်” ဟူ၍ (ပြော့ပျောင်းသောလေသံဖြင့်)ဖြေကြားသွားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဝီလျှံဟိတ်ကဆိုလျှင် (၀ါရှင်တန်ထက်ပင်အများကြီးလေသံလျှော့၍)- “စုံစမ်းရေးကော်မရှင်ကိစ္စကို(ဗြိတိန်က) လုံးဝဥသုံသဘောမျိုးနဲ့ တော့မပယ်ရှားပါဘူး” ဟုသာလူပုံ အလယ်မှာပြောသည်။

အဓိပ္ပါယ်မှာ(ဤကိစ္စအတွက်)ကုလသမဂ္ဂသည်အသုံးချဘို့ အကောင်းဆုံးနေရာ/အဖွဲ့ အစည်းအဖြစ်ယူဆကာ အသုံးချလျှင်နိုင်ငံရေးအရကော(ထို့ ထက် ကုလအဖွဲ့ ကြီးကိုဖွဲ့ စည်းပေးထားသော)အခြေခံမူများအရပါအခက် အခဲတွေ (political and more importantly doctrinal difficulties) တလှေကြီးရှိနိုင်သည်ဆိုတာကိုအမေရိ ကန်နှင့်အခြားနိုင်ငံများနည်းတူဗြိတိန်ကလည်းကြိုတင်တွက်ဆထားမိသည်ဟုဆိုလိုသည်။

လုံခြုံရေးကောင်စီကိုလူ့ အခွင့်အရေးကိစ္စတွင်ကိုဆွဲသုံးတာကိုသူတို့ မနှစ်မျို့ ကြောင်းတရုပ်ကောရုရှကပါ ပြသထားကြပြီးဖြစ်ရာလက်တွေ့အဆို ထပ်တင်လာလျှင်လည်းဗီတို(ထပ်)သုံးမည်ဆိုတာလည်းရှင်းပြီးသားပင်ဖြစ်သည်။ (လုံခြုံရေးကောင်စီထက်စာလျှင်) လူ့ အခွင့်အရေးကောင်စီ (Human Rights Council) ကပိုသင့်မြတ်သောကြောင့်ဤကောင်စီသို့ သာကွင်းတာနားကသူ၏အစီရင်ခံစာနှင့်အဆိုပြုချက်ကိုတင် ခဲ့တာလဲဖြစ်သည်။ သို့ စေကာမူလူ့ အခွင့်အရေး ကောင်စီကလည်းကွင်းတားနား၏အဆိုပြုချက်ကိုနား ထောင်ယုံနားထောင်ပြီးမဲခွဲစရာမလိုသောသာမန်ဆုံးဖြတ်ချက်တစ်ခုကိုသာ မတ်လ ၂၆ ရက် (၂၀၁၀ခုနှစ်) တွင်ချပေးခဲ့သည်။

ဤမျှနှင့်မကျေနပ်၍လူ့ အခွင့်အရေးကောင်စီကိုပဲထပ်တင်ရန်အားထုတ်ကြမည်ဆိုလျှင်လည်း (ဆိုခဲ့သောကမ္ဘာ့) နိုင်ငံရေးနှင့်(ကုလ၏) အခြေခံမူများနှင့်ညိနေဟူသောခံစားချက်ကြောင့်ပင် နိုင်ငံပေါင်းများစွာတို့ အနေဖြင့် ရှေ့ ဆက်၍ဆုတ်ဆိုင်းဆိုင်းဖြစ်နေနိုင်သေးသည်။

(လုံခြုံရေးကောင်စီနှင့်လူ့ အခွင့်အရေးကောင်စီတို့ ကိုသုံး၍မရနိုင်မှန်းသဘောပေါက်လာကြသည့်အခါ) အထွေထွေညီလာခံကြီး နှင့်အထွေထွေအတွင်းရေးမှုးချုပ်(ရုံး) တို့ သည့်(အဆိုပါ)စုံစမ်းရေးကော်မရှင်ဖွဲ့  စည်းရေးကိုတာဝန်ပေးခံရမည့်နေရာများအဖြစ်မြင်လာပြန်သည်။

အထွေထွေညီလာခံကြီးအနေဖြင့် “ပြဿနာကိုလေ့လာရေး” လုပ်ပြီးထောက်ခံတင်ပြချက်များလုပ် ကောင်းလုပ်နိုင်ပါသည်။ သို့ သော်အထွေထွေညီလာခံသည်သူ့ ပင်ကိုယ်အနှစ်သာရအရ “ညီလာခံ” သာဖြစ်သည်။ “ကွန်ဖရင့်” သာဖြစ်သည်။ လက်တွေ့ ဘာကိုမှကိုယ်တိုင်ထ၍လုပ်ရသည့်အဖွဲ့ အစည်းမဟုတ်။ စင်စစ်ယခုပြောနေသည့် “အချက်အလက်ရှာဖွေရေး” ကိစ္စကိုကိုယ်တိုင်လုပ်မည်ဆိုလျှင်ပင်ဘောင်ကျော် နေပြီဖြစ်သည်။

ဘာဘဲပြောပြော - အင်အားကြီးနိုင်ငံတချို့  (တရုပ်နှင့်ရုရှ) တို့ ကကန့် ကွက်နေကြသည့်ကြားက အထွေထွေညီလာခံကသူ့ လုပ်ပိုင်ခွင့်ဘောင်ကျော်၍လုပ်နိုင်လိုက်ပြီ၊ အချက်အလက်ရှာဖွေရေးအဆင့်သာ မက၊ “မြန်မာပြည်အရေးစုံစမ်းရေးကော်မရှင်” ကိုပါဖွဲ့ နိုင်ပြီဘဲဆိုပါစို့  - ဤကိစ္စမျိုးသည်အစဆွဲမိလျှင် ကိုယ်ရပ်ထားချင်သည့်နေရာတွင်ရပ်ထား၍မရ။

မြန်မာပြီးလျှင်နောက်ဘယ်နိုင်ငံအလှည့်လဲဆိုသည့်မေးခွန်းကတပါတည်းကပ်၍ပါလာလိမ့်မည်။

အထွေထွေညီလာခံသည်လုံခြုံရေးကောင်စီမဟုတ်သောကြောင့်ဗီတိုမရှိ။ “အရေးကြီးပြဿနာများ” အတွက် ညီလာခံတက်နေသောကိုယ်စားလှယ်များအနက်မှမဲပေးသူစုစုပေါင်း၏သုံးပုံနှစ်ပုံကထောက်ခံလျှင်အဆိုတစ်ခုသည်အတည်ဖြစ်သည်။

ညီလာခံမတက်သောနိုင်ငံ၊ တက်ပါလျှက်နှင့်(ထောက်ခံ/ကန့် ကွက်တစ်ခုခုမလုပ် သော) မဲမပေးဘဲနေသောနိုင်ငံများကိုဆုံးဖြတ်ချရာတွင်ထည့်သွင်းမရေတွက်။ ဆိုလိုသည်မှာအဆိုတစ်ခုသည် အထွေထွေ ညီလာခံတွင်လိပ်ခဲတင်းလင်းဖြစ်ကာဆုံးဖြတ်ချက်မကျနိုင်တာမျိုး ဖြစ်ရန်ခဲယဉ်းသည်။

(ဤသို့ ဆိုလျှင်) မရှိသေးသောလုပ်ထုံးလုပ်နည်း/စီရင်ထုံး/ နမူနာ(precedent) အသစ်တစ်ခု (မြန်မာ့အရေးကိုအကြောင်းပြုကာ) တီထွင်မိသလိုဖြစ်သွားမည်။ ဤသို့ ဖြစ်သွားမည်ကိုနိုင်ငံ အများစုကြီးကမလိုလားကြ။

ထို့ ကြောင့်(ဤလမ်းကြောင်းအတိုင်းဖြစ်နိုင်ရန်ခဲယဉ်းနေသော်လည်း - ဖြစ်လာသည်ဟုပဲဆက်တွေးကြည့်ကာ)

အထွေထွေညီလာခံသည်ကုလထွေထွေအတွင်းရေးမှုးချုပ်အားမိမိတို့ ၏ဆုံးဖြတ်ချက်ကိုအကောင်အထည် ဖေါ်ပေးရန်ထောက်ခံတင်ပြရန်သာကျန်တော့သည်။ သို့ ဆိုလျှင်လည်းအထွေထွေအတွင်းရေးမှုးချုပ်ကို ညွှန်ကြားချက်(instruction) ပေးရာကျနေသဖြင့်ကုလ၏အခြေခံမူများအရမသင့်လျှော်ပြန်ပေ (doctrinally improper)။

သို့ ဖြစ်ရာ - နောက်ဆုံးဖြစ်နိုင်သည့်နည်းအဖြစ်နှင့် - အတွင်းရေးမှုးချုပ်ကဦးစီးဦးဆောင်ကမကထပြု၍ ဤ“စုံစမ်းရေး” ကိုလုပ်သည်ဆိုလျှင်ကောမဖြစ်နိုင်ဘူးလားမေးစရာရှိသည်။

မဖြစ်နိုင်ဘူးဟုသာဆက်၍ဖြေရမည်။ အဘယ့်ကြောင့်ဆိုသော် အထွေထွေအတွင်းရေးမှုး (ဘန်ကီမွန်း) က လည်း ဤကဲ့သို့ လုပ်ထုံးလုပ်နည်းမရှိဘူးသည့်ကိစ္စကို(ကုလသမဂ္ဂ)အဖွဲ့ ကြီးထံမှသင့်မြတ်လျှော်ကန်သော လမ်းညွှန်မှု (appropriate guidance) အသေအချာမရဘဲနှင့်သူ(ခေါင်းခံ၍) လုပ်ရန်ဆန္ဒမရှိကြောင်း အရိပ်အရောင်များပြသခဲ့ပြီးဖြစ်နေသည်။

လာမည့်သီတင်းပါတ်များအတွင်းဤကိစ္စဘာဆက်ဖြစ်ဦးမည်ကိုစောင့်ကြည့်ရန်မှာစိတ်ဝင်စားစရာပင်။

မကြာမီရက်များအတွင်းကွင်တားနားနှင့်အထွေထွေအတွင်းရေးမှုးချုပ်တို့ သည်မြန်မာပြည်လူ့ အခွင့်အရေး အခြေအနေနှင့်ပါတ်သက်သောအစီရင်ခံစာတစ်စောင်အထွေထွေညီလာခံသို့ တင်ကြဘို့ ရှိနေသည်။

ခရစ္စမတ်မတိုင်မီရက်သတ္တပါတ်များအတွင်းတတိယကော်မတီ (The Third Committee) ကလည်း အထွေထွေညီလာခံတင်ရန်အဆိုမူကြမ်းတစ်ခုအပြီးပြင်ဆင်ပေးရန်အစည်းအဝေးစထိုင်လိမ့်မည်။


အချို့ ကအာချီဆန်နည်း(Acheson Plan) ဟုအများကခေါ်ကြသောကုလအထွေထွေညီလာခံဆုံးဖြတ်ချက် အမှတ် ၃၇၇ (၁၉၅၀) သို့ မဟုတ် “ငြိမ်းချမ်းရေးအတွက်ညီညွတ်ကြစို့ ” (Unity for Peace – UN General Assembly Resolution 377 of 1950) ကိုသုံးကြည့်ရန်အကြံပေးကြသည်။

အာချီဆန်နည်းအရ လုံခြုံရေးကောင်စီတွင်ဆက်၍ရှေ့ ဆက်တိုး၍မရ (impasse) ဖြစ်မည့်အရိပ်အယောင် မြင်နေသောဤ “မြန်မာပြည်အခြေအနေ (The Siutation in Myanmar)” ခေါင်းစဉ်ကိုလုံခြုံရေးကောင်စီက ဆွေးနွေးရန်ခေါင်းစဉ်များစာရင်း (agenda) မှထုတ်မပြစ်ဘဲဆက်၍ထားရှိကာအချိန်အခါ အလိုက်အလျဉ်း သင့်သလို မကြာမကြာ ယင်း၏အစည်းအဝေးများတွင်ပြန်အစဖေါ်ပေးနေရန်ဟူ၍ဖြစ်သည်။

သို့ ဆိုပြန်လျှင်လည်း အစကတည်းကမြန်မာကိစ္စလုံခြုံရေးကောင်စီ၌ရှေ့ ဆက်မတိုးနိုင် (impasse) ဖြစ် နေခြင်းမှာ ဤအရေးသည်(ကမ္ဘာ့)ငြိမ်းချမ်းရေးကိုတကယ်တန်းချိမ်းချောက်/မချောက်ဆိုသည့်အပေါ်အဖွဲ့ ဝင် များသဘောထားမညီနိုင် ကြခြင်းမှထွက်ပေါ်လာသည်ဖြစ်သည်။ ယခုပြောနေသော “ငြိမ်းချမ်းရေးအတွက် ညီညွတ်စို့ ” ဟူသောမူသည် ငြိမ်းချမ်းရေးကိုတကယ်ချိမ်းချောက်နေပြီဟု လုံခြုံရေးကောင်စီဝင်တိုင်းက သံသယမရှိစတမ်းတသဘောတည်းခံစားလာရသည့်အချိန်ကျမှ ထိုဘုံခံစားချက်အပေါ်အခြေတည်၍ ကျင့်သုံးရန်ဖြစ်နေသဖြင့်မဆီလျှော်ဖြစ်နေပြန်သည်။

ဘားမားကင်ပိန်းယူကေ (Burma Campaign UK) သို့ သူရေးသောစာတွင် (ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး) ၀ီလျှံဟိတ်က “(မြန်မာနှင့်ပါတ်သက်လို့ ) ကျနော်တို့ လုပ်ကြမဲ့ဘယ်လှုပ်ရှားမှုမဆိုနိုင်ငံတကာရဲ့ဝင်ပါမှု (engegement) လိုအပ်တယ်။” ဟုပါရှိသည်။

အာရှ၏ကျယ်ကျယ်ပြန့် ပြန့် ပံ့ပိုးမှု- အထူးသဖြင့်တရုပ်၊ အန္ဒိယ၊ ရုရှ နှင့်အေဆီယင် (ASEAN) နိုင်ငံများရဲ့ အကူအညီမပါလျှင်ဘာလုပ်လုပ် လုပ်သမျှမလေးနက်ဘဲ၊ တမင်အကွက်ဆင်နေသည်၊ မြန်မာကိုမကောင်းကြံဖို့ အနောက်နိုင်ငံတွေနောက်တကြိမ်ဂိုဏ်းဖွဲ့ ကြပြန်ပြီဟုသာကမ္ဘာကမြင်ကြလိမ့်မည်။

အကယ်၍ ဤကိစ္စကိုအမေရိကန်ပြည်ထောင်စုကသာဦးဆောင်လိုက်လျှင်နော်ေ၀၀န်ကြီးချုပ် Kjell Mange

Bondevik (အော့စလိုစင်တာတွင် သြဂုတ်လ ၂၇ ရက်နေ့ က) ပြောသလို - သေမင်းဖက်နမ်းတာ(kiss of death) ခံရသလိုပင်ဖြစ်သွားနိုင်သေးသည်။

သို့ တစေနော်ေ၀၀န်ကြီးချုပ်သည် မြန်မာကိစ္စကိုအများအာရုံပြုမိမည့်မည်သည့်အခွင့်အရေးကိုမျှလက် လွတ်မခံသူ ဖြစ်သည်။ သူကပင် “လာမည့်နိုဝင်ဘာလရွေးကောက်ပွဲဟာအခုကတည်းကမ္ဘာ့နိုင်ငံအတော် များများကရှုံ့ ချတာခံနေရပြီ၊ အကယ်၍ ကုလ သမဂ္ဂကစုံစမ်းတာမျိုးခံရဦးမယ်ဆိုယင်တော့ ထပ်ပြီးတော့တောင် အမှတ်လျှော့သွားဦးမယ်” ဟုလည်းဝေဘန်ထားသည်။

စုံစမ်းရေးကော်မရှင်ကိစ္စနှင့်ရွေးကောက်ပွဲတို့ ဆက်စပ်နေမှုကိုမြန်မာအစိုးရဘက်ကသတိမပြုမိဘဲနေလိမ့်မည် မဟုတ်ပေ။ ဒါဟာရွေးကောက်ပွဲကို ဖျက်ဘို့ နိုင်ငံရေးထိုးနှက်ချက်သက်သက်လုပ်နေတာဟု နေပြည်တော် ဘက်ကမုချတွက်နိုင်သည်။

ကျွန်ုပ် (Derek Tonkin) သည် မိမိကိုယ်ကိုကုလသမဂ္ဂ၏အဖွဲ့ အစည်းများလုပ်ငန်းဆောင်တာများပါတ် သက်လျှင်ကျွမ်းကျင်သူဗဟုသုတရှိသူဟုမကြွေးကျော်ပါ။ သို့ သော်နိုင်ငံခြားရေးဝါဒရေးရာများကိုစီမံကိုင် တွယ်ဘူးသူတစ်ဦးအနေဖြင့် ကာလကြာရှည်စွာဆိုးဆိုးဝါးဝါးဖြစ်နေရသောမြန်မာပြည်ကလူ့  အခွင့်အရေး ပြဿနာလျှော့ပါးသက်သာရေး၌လက်တွေ့ ဘယ်ကစရမည်၊ ဘယ်ကစ၍လုပ်မှဖြစ်နိုင်မည်ဆိုတာကိုတော့ အသေးစိတ်အချက်များကိုတစ်စချင်းတစ်ခုချင်းကစ၍လေ့လာသုံးသပ်ကြည့်ပါသည်။

နိုင်ငံတကာပရိဿပ်၏ညီညွတ်ခိုင်မာရေရာသောထောက်ခံမှုရမည့်စုံစမ်းရေးကော်မရှင်မျိုးတစ်ခုကိုလက်ခံဘို့  ကျွန်ုပ်အတွက်ပြဿနာမရှိပါ။ ကံကောင်းထောက်မစွာပင် လတ်တလောအနေတွင် အနောက်တိုင်းအစိုးရများ သည် အကျိုးရှိဘို့ ထက်အကျိုး ယုတ်ဖို့ ကများနေသော မြန်မာ့အရေးစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ကို ကုလ သမဂ္ဂအမည်သုံး၍အတင်းဖွဲ့ ခိုင်း နေသည့်တက်ကြွသူများပေးနေသောဖိအားကို ဦးညွှတ်မည့်ပုံမပေါက် သေးပါ။

မြန်မာ့အရေးကုလသမဂ္ဂ၏ ကိုင်တွယ်ပုံသည် ယင်းကိုင်တွယ်နေသည်မြန်မာ့အရေးထက်ပိုဆိုးသော - အရှေ့  အနောက်ဆက်ဆံရေး၏ အခြားမျက်နှာစာများဖြစ်သော - အစ္စရေးပါလက်စတိုင်းပြဿနာ၊ အီရန်၊ ဆူဒန် နှင့် အာဖဂန် နစ္စတန်တို့ ကို ပို၍ခက်ခဲသွားအောင် ဆိုးကျိုးသက်ရောက်သွားနိုင်ပါသည်။

ဘာဘဲဖြစ်ဖြစ် နိုဝင်ဘာ (၇) ရွေးကောက်ပွဲရက်မတိုင်မီဘာကော်မရှင်မှပေါ်လာမည့်အခြေအနေမရှိ။ ရှေ့ နှစ် (၂၀၁၁) မတ်လ သို့ မဟုတ် ဧပြီလလောက်တွင် နေပြည်တော်တွင် အုပ်ချုပ်ရေးအသစ် တစ်ခု၂၀၀၈ ဖွဲ့ စည်း ပုံဥပဒေသစ်ကိုအခြေခံ၍မွေးဖွားလာလိမ့်မည်ဟုမျှော်လင့်ရသည်။ ဤသို့ ဆိုလျှင် ကွင်းတားနားတယောက် မြန်မာပြည်သို့ နောက်ထပ်တခေါက်ဝင်ခွင့်ရမည့်ပုံမပေါ်သော်လည်း ပြဿနာကိုတော့ မြန်မာအာဏာပိုင်များနှင့် တိုက်ရိုက်နှင့်လေးနက်စွာစကားပြောနိုင်မည့်အခွင့်အလမ်းပွင့်ကောင်းပွင့်လာနိုင်သည်။

ရွေးကောက်ပွဲမတိုင်မီယခုအချိန်တွင်အလွန်အကျွံစိတ်ပြင်းပြနေခြင်းများသည်မြန်မာပြည်သူများ၏ ကောင်းကျိုး ကိုသည်ပိုးရန်ကျိမ်းသေမည့်အထောက်အပံ့တစ်ခုဖြစ်မည့်ပုံမပေါ်ချေ။

Derek Tonkin

Chairman Network Myanmar

http://www.networkmyanmar.org/


မှတ်ချက် - မူရင်းစာရေးသူ၏ခွင့်ပြုချက်ဖြင့်မြန်မာဘာသာသို့ ပြန်ဆိုခြင်းဖြစ်ပါသည်။

ဘာသာပြန်မတိကျလျှင်ဘာသာပြန်သူ၏တာဝန်သာဖြစ်ပါမည်။ (မြင့်ရွှေ -မြန်မာသံတော်ဆင့်)


ဘာသာပြန်သူ၏နောက်ဆက်တွဲစကားချပ် -

မကြာမီရက်ပိုင်းအတွင်းပဲခူးမြို့ တွင်အရပ်သားလူငယ်နှစ်ဦးအားစစ်

တပ်ကပစ်သတ်မှုတစ်ခုဖြစ်ပွားရာထို အချက် ကိုကွင်းတားနားကသူ၏လာမည့်အစီရင်ခံစာတွင်ထည့်မည်ဟုအတိအလင်းကြိုတင်ကြေငြာထားသည်။ နိုင်ငံရေးကြောင့်မဟုတ်သောအရပ်သားနှင့်စစ်သားပဋိပက္ခများသည်တိုင်းပြည်အနှံ့ တွင်မကြာမကြာဖြစ်နေသည့်အတွက်ချွင်းချက်တွေ (isolated cases) ဆိုတာထက်ထုံးစံ (pattern) နှင့်ပိုတူလာနေသည်ဟုဆိုရမည်။ ယခု တကြိမ်သည်အရုပ်ဆိုးလွန်းသည်မှာအမှုကျူးလွန်သူ (အရာရှိ) များသည်ဒေါသအလျှောက်ပြဿနာဖြစ်ရာနေရာ တွင်ချက်ချင်းနှင့်ကိုယ်တိုင်ကိုယ်ကျကျူးလွန်ခြင်းမဟုတ်ဘဲမိမိတို့ လက်အောက်ငယ်သားများကိုတပ်မှပြန်ခေါ် လာ၍အမိန့် ပေးစေခိုင်းခြင်းဖြစ်သလို၊ အမိန့် ပေးခံရသူစစ်သားကလည်းတချက်တလေမဟုတ်၊ စစ်မြေပြင်တွင် ပစ်သလိုဆက်တိုက်ပစ်ခတ်ခဲ့ရာရက်စက်မှု (brutality) ဖြစ်နေသည်။ စစ်တပ်၏အရပ်ဘက်အပေါ်ပကတိသဘောထားကိုပြသလိုဖြစ်နေသည်။ ရွေးကောက်ပွဲနီးကာလတွင်ကွင်းတားနားအဖို့ လက်နက် ကောင်း တစ်ခုရသွားသလို ဖြစ်သည်။ဤအခြေအနေကိုမြန်မာအစိုးရကမည်သို့ ကုစားမည်စောင့်ကြည့်ရပေမည်။


BP050910 Derek Tonkin

0 အကြံပြုခြင်း: