Monday, September 6, 2010

ခေတ်ပြိုင်ဆောင်းပါး အတွက်ဦးကောင်းမြင့်ထွဋ်ရဲ့ဖြေရှင်းချက်



ခေတ်ပြိုင်ဆောင်းပါး "' ပြည်သူနှင့် ပါတီတို့ ၂၀၁၀ ရွေးကောက်ပွဲကို စွန့်လွှတ်ကျောခိုင်းသင့်နေပြီ "' အတွက်ဦးကောင်းမြင့်ထွဋ်ရဲ့ဖြေရှင်းချက်



"ကိုရဲရင့်ငယ်ခင်ဗျား -
ကျနော်ဟာ ရဲရင့်ငယ်ဒေါ့ကွန်းကို အားပေးနေသူတစ်ဦးပါ။
ဒါပေမယ့် ၀၆ စက်တင်ဘာ ဒိုင်ယာရီမှာပါတဲ့ ရေးသူအောင်ထက်က ဘယ်လို အထောက်အထားတွေနဲ့များ ကျနော်မပြောတာတွေကို ပြောတယ်လို့ ရေးသလဲမသိ။
အောက်ပါ စာပိုဒ်ကို ပြန်ဖတ်ကြည့်ပါ။

------------------------------
-----------------------
အပိုင်း (ခ)
မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ

ဥက္ကဋ္ဌဦးကောင်းမြင့်ထွဋ် အပါအ၀င် အဖွဲ့ဝင်(၅)ဦးအားတွေ့ဆုံမေးမြန်းခဲ့သည့်သတင်းထောက်တစ်ဦးက ဦးကောင်းမြင့်ထွဋ်ဟာ(၁၃)နှစ်သားမှာ နိုင်ငံရေးမှုနဲ့ထောင်ကျခဲ့တယ်လို့ သူ့နှုတ်ကပြောတယ်။ ကျနော်သေချာအောင်ထပ်မေးတယ်။ သူက ဟုတ်တယ်ချည်း ဖြေတယ်။ အသက်မပြည့်သေးသူကို ခုလိုထောင်ချလို့ရပါသလား ဆိုတဲ့ မေးခွန်းကျ သူမဖြေဘူး။ ရှောင်ထွက်သွားတယ်။ အဲဒီ့တော့ နိုင်ငံရေးစံကို ထောင်ကျဖူးခြင်းနဲ့ တိုင်းတာလို့ရပါ့မလား။ တလွဲဆံပင်ကောင်းနေတဲ့ သူ့အဖြေကြောင့် သူ့ကို နိုင်ငံရေးအာဝါလားလို့ မီဒီယာအနေနဲ့ သတ်မှတ်တယ် ဟု ဝေဖန်သွားသည်။

-----------------------------------

အတော်ကြောင်တဲ့ ဝေဖန်မှုနဲ့ သတင်းဖော်ပြမှုပါပဲ။
အောက်ပါအချက်များကို တင်ပြပါရစေ။

၁။ ကျနော်ဟာ ဘယ်သတင်းထောက်ကိုမှ ၁၃နှစ်သားနဲ့ ထောင်ကျဖူးတယ်လို့ မပြောဖူးပါ။
( အလွယ်တကူစဉ်းစားနိုင်ရန်) - ကျနော်က ၁၉၇၅ ဧပြီ မှာ မွေးတယ်။ ၁၉၈၈ အရေးတော်ပုံကာလမှာ ၁၃ နှစ်သားပါ။
- ကျနော် အခြေခံပညာကျောင်းသားသမဂ္ဂမှာ လုပ်တော့ ၁၉၈၉ ခုနှစ်။ ၁၄ နှစ်သားပါ။ ၁၉၈၉ သြဂုတ်မှာ နှစ်ကြိမ်အဖမ်းခံရတယ်။ သမဂ္ဂကရော၊ ပါတီတွေကရော စာထုတ်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတယ်။
- ကျနော် တတိယအကြိမ် ၁၉၉၀ ဒီဇင်ဘာမှာ အဖမ်းခံရတယ်။ အဲဒီ့တော့ အ-က-သ ခေါင်းဆောင်တစ်ဦးဖြစ်နေပြီ။ အသက် ၁၅ နှစ်ပါ။

၂။ အသက်မပြည့်သေးသူကို ထောင်ချလို့ ရ၊ မရ ကိစ္စ တစ်ယောက်က မေးဖူးတယ်လို့တော့ ထင်တယ်။ မမှတ်မိပါ။ ၁၉၅၀ ကလေးသူငယ်များအက်ဥပဒေအရ ကျနော့်မှာ ခုခံပိုင်ခွင့်တွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် အဲဒီ့တုန်းက မသိခဲ့ပါ။ ထောင်ချတာကလည်း စစ်ခုံရုံးက ချတာဖြစ်တယ်။ ခုခံခွင့်လုံးဝမရှိ။

၃။ နိုင်ငံရေးစံတွေဘာတွေဆိုတဲ့ စကားလုံးကို ပြောတတ်သူတစ်ယောက်အနေနဲ့ စိတ်ကောင်းလေးထားပြီး လူတစ်ဦးတစ်ယောက်ကို မပြောတာ ပြောသယောင် လျှောက်လုပ်နေတာ ရပ်သင့်ပါတယ်။ နိုင်ငံရေးစံနဲ့ ထောင်ကျဖူးတာနဲ့ ဘာဆိုင်သလဲ။ ကျနော်က ထောင်ကျဖူးတာပဲ လျှောက်ကြွားစရာလား။ ထောင်ကျဖူးလား မေးသူတွေကို ..... ဟုတ်တယ် ...ကျဖူးတယ်။ ဘယ်တုန်းကလဲလို့ ထပ်မေးရင် ..... ဘယ်တုန်းကပေါ့ ...ဆိုတာမျိုးဖြေရတာပဲ။ ဒါ ရိုးရိုးလေးပဲ။ ဒါကိုပဲ နေရင်းထိုင်ရင်း ကျနော့်ကို အသားလွတ် တွယ်ရအောင် လုပ်သူကို ..... ခင်ဗျား သိပ် အားနေလား..... လို့ မေးဖို့ပဲ ကျန်တော့တယ်။

၎။ ရဲရင့်ငယ်ဒေါ့ကွန်းကို ယုံကြည်ခဲ့ကြသူများအတွက် ဒီလို စည်းလွတ်ဝါးလွတ် ကိစ္စများကို အရေးယူပေးပါရန် လေးစားစွာ အကြောင်းကြားပါတယ်။

ကောင်းမြင့်ထွဋ်

0 အကြံပြုခြင်း: