ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မည့်အုပ်စု နဲ့ ရွေးကောက်ပွဲ ကို သပိတ်မှောက်မည့် အုပ်စုနှစ်ခုလုံးမှာ တူညီစွာနားလည်နေတဲ့အချက်တချက်ရိ
အဲ့ဒါကတော့ လူထု ဟာ နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါဝင်မှုမရှိရင်၊ ပြိုင်ဘက်အတိုက်အခံစစ်အုပ်စုကို ယှဉ်ပြိုင်ဖို့ အတွက် ခက်ခဲတယ် ဆိုတဲ့
အချက်ဖြစ်တယ်။ တချို့က လူထုဟာ နိုင်ငံရေးကိုကြောက်နေတယ်။ ဖိနှိပ်မှုကိုကြောက်နေတယ် လို့ ဆိုတယ်။ ဖြစ်နိုင်တာပေါ့။
ဒီလောက်ရက်စက်ယုတ်မာတဲ့ အစိုးရအောက်မှာ လူထုဟာ ကြောက်ရွံ့မှုရှိနိုင်ပါတယ်။ လူထုပါဝင်လာနိုင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို
အကြောင်း ကို ကျနော်တို့ ဆွေးနွေးဖို့လိုအပ်လိမ့်မယ်ထင်
(၁)
မကြာသေးခင်တုန်းက ကျနော့ကို ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာပါ
“ပြည်သူတွေကလည်း ဒီလောက်လှုံ့ဆော်နေတာတောင် မတက်ကြွကြဘူးဗျာ” လို့ ညီးတွားရင်ဖွင့်ရှာတယ်။
“ ပြည်သူကို ပါဝင်လာဖို့ဆိုတာ စတိတ်မန့်ထုတ်၊ စာရွက်ကြဲ၊ ပြည်ပက လူတွေနဲ့ ဆက်သွယ်ပြီး သတင်းရောင်းစားနေတဲ့အဆင့်ကို ကျော်တက်နိုင်မှသာ ဖြစ်နိုင်မယ်” လို့ ပြန်ပြီး ဆွေးနွေးမိတယ်။ အင်တာနက်တွေမှာ အချိန်ပေးပြီး နိုင်ငံတကာကို သတင်းပေးပို့နေဖို့
လိုသလို၊ ပြည်သူတွေဆီမှာ မြှုပ်နှံဖို့လိုအပ်မယ်။ သတင်းသမားတွေနဲ့ နိုင်ငံရေးသမား တွေကြားမှာ ဟန်ချက်မညီတော့ဘူးဆိုရင်တော့ သားလျောကျမဲ့အရောင်တော်လှန်ရေးက လွဲလို့ဘာမှဖြစ်လာနိုင်မယ်မထင်
ဒီနေရာမှာ ရှစ်ဆယ့်ရှစ်အရေးတော်ပုံ နဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးရဲ့ကွာခြာ
ရှစ်လေးလုံးအရေးတော်ပုံ ရဲ့ အရှိန်ကို ကျနော်တို့ဒီမိုကရေစီအင်အားစုေ
၂၀၀၇ လှုပ်ရှားမှုကတော့ ရှစ်လေးလုံးအရေးတော်ပုံ လို ကြာရှည်ထိန်းမထားနိုင်ခဲ့ဘူး။ ဘာကြောင့်လည်း။
၁၉၈၈ အရေးတော်ပုံမတိုင်ခင်တုန်းက၊ မြေအောက်လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေက ဒေသအနှံ့အပြားမှာ မြှုပ်နှံထားခဲ့တယ်။
သူတို့က လူထုနဲ့အတူနေထိုင်တယ်။ ဘဝပေါင်းများစွာကို နာမည်မျိုးစုံ နဲ့ ရှင်သန်ကြတယ်။ ရုန်းကန်ကြတယ်။
လူထုကို ပညာပေးနိုင်တဲ့အရာဆိုလို့ စာပေမဂ္ဂဇင်း ပဲ ရှိတယ်။ တခါတလေ ဘီဘီစီ ကို အသုံးပြုနိုင်တယ်။
မြေအောက်ကနေ ကေဒါတွေကို စနစ်တကျမွေးထုတ်တယ်။ ဒါကြောင့်လည်း ပထမတန်းစားခေါင်းဆောင်တွေထောင်
ဒုတိယတန်းစား၊ တတိယတန်းစားခေါင်းဆောင်တွေ က နေရာဝင်ယူခဲ့ကြတယ်။
(၂)
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအပြီး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဦးဆောင်ပါဝင်နေဆဲဖြစ်တဲ့ ကျောင်းသားတချို့နဲ့ ဒီမိုကရေစီရေး
လှုပ်ရှားသူတွေရဲ့ ပုံသဏ္ဍန်တွေကတော့ လူတန်းစားတရပ်လိုဖြစ်လာတယ်။ ပြည်ပနဲ့ဆက်တယ်။ ငွေကြေးအများအပြားယူမယ်။ သတင်းရောင်းစားမယ်။ တခါတလေ မဲဆောက်ကိုထွက်ပြီး အင်တာဗျုးမယ်။ လူထုကို အပေါ်စီးကနေ လှုံ့ဆော်အမိန့်ပေးမယ်။
အမှန်က နိုင်ငံအနှံ့အပြားမှာရောက်နေတ့
သူငယ်ချင်းတွေရှိနေတော့ ဘယ်သူဘယ်ရောက်နေတယ်။ ဘာလုပ်နေတယ် ဆိုတာ သိနေကြတယ်။
တယောက်နဲ့တယောက်က လိမ်လို့မရတော့ဘူး။ မဲဆောက်ကနေထိုင်ပြီး ပြည်တွင်းမှာပုန်းအောင်နေသလိုလိ
အင်တာဗျုးတာတွေလုပ်၊ မရှိတဲ့ ကောင်မလေးတွေနာမည်ကို အမည်ပေးအင်တာဗျုးခိုင်းတာတွေ --စတဲ့ ပုံသဏ္ဍန်တွေဟာ
ဒီမိုကရေစီလှုပ်ရှားမှုကို လိမ်လည်လှည့်ဖျားနေတဲ့ အရာတွေဖြစ်တယ်။ လိုအပ်တာထက်ပိုတဲ့ ထင်ရောင်ထင်မှားရှုပ်ထွေးမှုတွေ
ပေါ်အောင်လုပ်တာ ဟာ မလုပ်ကောင်းပါဘူး။ အထက်မှာ ပြောခဲ့တဲ့ လူငယ်တဦးက အဲ့သလို လုပ်နေတဲ့ မိတ်ဆွေတွေ နဲ့
ရင်းနှီးကျွမ်းဝင်နေတဲ့၊ ပတ်သက်ဆက်နွယ်နေတဲ့ ညီငယ်တယောက် ဖြစ်ပါတယ်။ သူကိုယ်တိုင် ကလည်း စိတ်ညစ်ပြီး
ပြည်တွင်းကို ပြန်ခဲ့ရတယ် လို့ဆိုတယ်။ ကျနော့် ဆန္ဒကတော့ ဒီလိုလုပ်နေတဲ့ ပုံသဏ္ဍန်တွေကို ပြုပြင်စေချင်တယ်။
ဒါကြောင့်လည်း ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့တာပါ
နယ်စပ်မှာ တကယ်လုပ်ကိုင်နေသောသူများကို မဆိုလိုပါ။ ၁၉၈၈ အရေးတော်ပုံဖြစ်ခဲ့တယ်ဆိုတာ ပြည်သူကြားမှာ နှစ်အတော်ကြာမြှုပ်နှံပြီး၊
လူထုပညာပေးလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ တက်တက်ကြွကြွလုပ်ကိုင်ခဲ့ကြတဲ့၊ နိုင်ငံရေးသမားတွေရှိနေခဲ့ကြ လို့ပါ။
ပြည်သူလူထုကြားမှာနေထိုင်ခြင်း အလုပ် ( ဒီကနေ့ ဆရာဦးဝင်းတင် နဲ့ ဦးတင်ဦး တို့ လုပ်နေတဲ့အလုပ်) ကို လူငယ်ခေါင်းဆောင်တွေ
အရှိန်ကောင်းကောင်း ဆက်လက်လုပ်ဆောင်မှသာ ကျနော်တို့လိုချင်တဲ့ လှိုင်းတခုကို ဖန်တီးနိုင်ကြပါလိမ့်မယ်။
ဒီတပတ်မှာတော့ အိန္ဒိယ နိုင်ငံ၊ ရာဂျက်စတန်ဒေသဆီမှာ လူထုကို လှုပ်ရှားမှုထဲပါဝင်လာအောင် ကြိုးစားခဲ့ကြတဲ့ MKSS အမျိုးသမီးကြီးတွေရဲ့
လှုံ့ဆော်မှုတွေ၊ လုပ်နည်းလုပ်ဟန်တွေကို ဆွေးနွေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစကား
ဆိုရင်လည်းမမှားပါဘူး။ လွတ်လပ်တဲ့ အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ဆွေးနွေးဖြစ်ခဲ့တဲ့ ဆောင်းပါးလေးတခုပါ။
လူထုပူးပေါင်းပါဝင်တဲ့ ဒီမိုကရေစီစက်ဝိုင်းများ
အိန္ဒိယနိုင်ငံ ရာဂျက်စတန်ဒေသဟာ မိုးခေါင်ခြောက်သွေ့တဲ့ ဒေသဖြစ်တာကြောင့် ငတ်မွတ်ခေါင်းပါးမှုကို မကြာခဏ ရင်ဆိုင်ခဲ့ကြရပါတယ်။
မိုးကျ တဲ့ ရာသီမှာ ဆိုလည်း ရွေးချယ်စရာမရှိဘူး။ ရှိတဲ့အလုပ်ကို လုပ်ချင်လုပ် ၊ ဒါမှမဟုတ် အခြားဒေသတွေကိုပြောင်းရွေ့
အလုပ်ရှာချင်ရှာဆိုတဲ့အရာနှစ်ခု
အမျိုးသမီးတွေက အစိုးရကလာဖွင့်ပေးတဲ့ လမ်းတံတားရှင်းလင်းရေး၊ ဆည်မြောင်းဆောက်လုပ်တူးဖော်ရေး၊ ရေတွင်းတူး၊
တာရိုးဖို့--စတဲ့ လူမှုကယ်ဆယ်ရေးအလုပ်ဋ္ဌာနတွေမှာ ဝင်ရောက် လုပ်ကိုင်ကြရတယ်။ ယောင်္ကျားအများစု က တခြားနယ်တွေဆီ
ထွက်သွားအလုပ်လုပ်ကိုင်နေကြတြာေ
ဒါပေမဲ့ အာဏာပိုင်တွေဈေးသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခ ကိုလည်း မရခဲ့ကြပါဘူး၊
လုပ်ခတောင်းတဲ့ အခါ အလုပ်ကောင်းကောင်းမလုပ်ဘူး ဆိုပြီး ငြင်းပယ်ခံရ၊အလုပ်ထုတ်ခံရတယ်။
အလုပ်ထုတ်ခံရခြင်းရဲ့အကြောင်း
အလုပ်ထုတ်ခံရတဲ့ အမျိုးသမီးတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး မှတ်တမ်းကို ကြည့်ချင်တယ် လို့ ပြန်လှန်ပြောတဲ့အခါ မှတ်တမ်းစာအုပ်ကို ပြလေ့မရှိပါဘူး။ ဒါ့အပြင် အခြေခံ နေထိုင်မှုစရိတ်တွေ၊ ဗဟိုအစိုးရ မှ ထောက်ပံ့ပေးတဲ့ အစားအသောက်ခွဲတန်းတွေ၊
ကျန်းမာရေးဋ္ဌာနဆီက ရသင့်တဲ့ဆေးဝါးကုသကုသမှုတွေအတွက် ဆွေးနွေးဖို့သွားရောက်ကြတဲ့အခါ
တားဆီးကြတယ်။ တခါတလေ နှောင့်နှေးကြံ့ကြာအောင်ပြုလုပ်
“ ကျမတို့ရဲ့ ရှင်သန်မှုအတွက် ကျမတို့ကိုယ်တိုင် ရုန်းကန်တိုက်ပွဲဝင်မှဖြစ်တော့
လွတ်လပ်စွာပြောဆိုစည်းရုံခွင့်
အစိုးရ ကို ပြည်သူတွေပိုင်တယ်။ ဘယ်သူတဦးတယောက်ကမှ ပိုင်တဲ့အဖွဲ့မဟုတ်ဘူး။ ကျမတို့ရဲ့ ငွေ၊ ကျမတို့ရဲ့စာရင်းဇယားတွေအတွက် ကျမတို့မှာ သတင်းအားလုံးကို သိပိုင်ခွင့်ရှိတယ်။ ဒါဟာ ကျမတို့ ရှင်သန်မှုရဲ့ရပိုင်ခွင့် အခွင့်အရေးဖြစ်တယ် ဆိုတဲ့ ကြွေးကြော်သံတွေကို တဆင့်ပြီးတဆင့် မြှင့်တင်လှုံ့ဆော်လိုက်ကြတယ်”
Mazdoor Kisan Shakti Sangathan ( MKSS) လို့ခေါ်တဲ့ အမျိုးသမီးအဖွဲ့က သတင်းအချက်အလက်တွေ ကို သိရှိပိုင်ခွင့် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ရာချက်စတန်ဒေသကို ၁၉၉၆ ခုနှစ်ကစပြီး လှုပ်နိုးလိုက်ပါတယ်။ သူတို့ရဲ့ပြည်နယ်တွေနဲ့ ပတ်သက်တဲ့
မူဝါဒရေးရာတွေကို အစိုးရက ရေးဆွဲနေချိန်မှာ အမျိုးသမီးကြီးတွေက တရားမျှတတဲ့ကြားနာမှုတွေ၊ အမြင်တွေကို ထည့်သွင်းစဉ်းစားပေးဖို့အတွက်
သူတို့ရဲ့ဆန္ဒတွေကိုထုတ်ဖေါ်ပြော
“ ဒီနှိုးဆော်မှု ရဲ့အဓိက ရည်ရွယ်ချက်က “လူထုပူးပေါင်းပါဝင်တဲ့ ဒီမိုကရေစီ” အတွေးအခေါ်ကို စတင်တည်ဆောက်ကြတာဖြစ်တယ်။
အရင်တုန်းက ကျမတို့ဟာ ရိုးရိုးသာမန်လူတွေဖြစ်တယ် လို့ ယူဆထားတဲ့ သူတွေကို “ ကျမတို့ဟာ အစိုးရအဖွဲ့အစည်း၊ အုပ်ချုပ်မှု
အပိုင်းတွေမှာပါဝင်သက်ဆိုင်ခွင်
ဒီလှုံ့ဆော်မှု ကို ပြုလုပ်ဖို့အတွက် တခါတလေ၊ စုဆုံစကားပြောပွဲတွေ၊ လူထုစည်းဝေးပွဲတွေ၊ တေးဂီတ၊ ရုပ်သေးပွဲ၊ လမ်းဘေးပြဇာတ်ပွဲတွေမှာ
ကျင်းပတဲ့ ယဉ်ကျေးမှုကပွဲတွေကတဆင့် အစိုးရကိုဆက်သွယ်ညှိနှိုင်းဆွေးေ
တကယ်တော့ MKSS အဖွဲ့က ဦးဆောင်ပြီးကျင်းပခဲ့တဲ့ စုထိုင်ဆွေးနွေးပွဲတွေ၊ ပူပေါင်းပါဝင်တဲ့ ဒီမိုကရေစီ အတွေးအခေါ်ကို ရာဂျက်စတန်အစိုးရက ခါးခါးသီးသီးတုန့်ပြန်ခဲ့ကြပါ
ထုတ်မှုတွေကို ပေါ်သွားမှာကြောက်တဲ့ အကျင့်ပျက်နိုင်ငံရေးခေါင်းဆော
ဖိနှိပ်ခဲ့ပါတယ်။ တခါတလေ ညအချိန်မတော် ရပ်ကွက်ထဲကို ဝင်ပြီးရိုက်နှက်သွားတာတွေ ကို ပြုလုပ်ခဲ့ကြသလို၊ အစိုးရထောက်ပံ့ကြေး
ခွဲတမ်းတွေ ဆက်လက်ပေးတော့မှာမဟုတ်ဘူး ဆိုတဲ့ အကြပ်ကိုင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ဝတ္တရားနှောက်ရှက်မှုဆိုတဲ့ တရားဥပဒေ အမျိုးမျိုးကိုပြပြီး ခြိမ်းခြောက်ခဲ့ကြပါတယ်။
“ ဒီလိုအဖြစ်မျိုးတွေရင်ဆိုင်ရမယ်
အနှောက်အရှက်တွေ ကြုံတွေ့ခဲ့ကြပေမဲ့ ကျမတို့ဟာ နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို သိပိုင်ခွင့်ရှိတယ် ဆိုတဲ့
ယုံကြည်ချက်ကို ကိုင်စွဲခဲ့ကြတယ်။ မိမိနေထိုင်တဲ့ နယ်မြေထဲမှာ အစိုးရက ပြည်သူ့အတွက် ကျန်းမာရေးဆေးပေးခန်းတွေ၊
လူမှုဖူလုံရေးလုပ်ငန်းတွေ၊ လမ်းတံတားဖောက်လုပ်ရေးလုပ်ငန်းေ
ကျမတို့ပြည်သူတွေ အလုပ်ဝင်တဲ့အခါ၊ အစိုးရကိုယ်စားလှယ်တွေဟာ ပြည်သူတွေအတွက် လူမှုဖူလုံရေးလုပ်ငန်းတွေတကယ်လု
အစိုးရကလျာထားတဲ့အသုံးစရိတ်တွေ
စာရင်းစစ်မှုတွေကို ကျမတို့သိသင့်တယ် လို့ လှုံ့ဆော်စည်းရုံးပြီး၊ ပြည်သူ့အခွင့်အရေး၊ ရပိုင်ခွင့်တိုက်ပွဲတွေကို အရှိန်မြှင့်ခဲ့ကြတယ်”
MKSS ရဲ့လှုပ်ရှားမှုတွေက တဖြည်းဖြည်းအားကောင်းလာခဲ့ပါပြီ
အစိုးရကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး အပြန်အလှန်မေးခွန်းထုတ်ငြင်းဆို
အကျိုးဆက်ကတော့ လအတော်ကြာ လုပ်အားခမရခဲ့ကြတဲ့ အလုပ်သမားတွေရဲ့အနိုင်ကျင့်ခံ
လုပ်ငန်းသုံးငွေ စာရင်းလိမ်ပြမှုတွေ၊ တရားဥပဒေမဲ့ပြုလုပ်နေတဲ့နိုင်ငံ
ခဲ့ကြတဲ့ ပြည်သူတွေဟာ၊ သူတို့ဒေသ အုပ်ချုပ်ရေးအရာရှိတွေထံ တရားမျှတတဲ့ လူ့အဖွဲ့အစည်းကိုတည်ဆောက်ပေးဖို
ဖိအားပေးမှုတွေကို ပြုလုပ်လာခဲ့ပါတော့တယ်။ သူတို့ရဲ့ကျေးလက်ဒေသဆီက အသံတွေ၊ လှုပ်ရှားမှုတွေဟာ အိန္ဒိယနိုင်ငံဒေသအသီးသီးရဲ့
အမျိုးသမီးထုဆီကို ကူးစက်သွားခဲ့ပါတော့တယ်။
သောတရှင်များခင်ဗျား
အစိုးရဟာ သာမန်ပြည်သူတွေဖြစ်သလို၊ သာမန်ပြည်သူတွေကလည်း အစိုးရအုပ်ချုပ်ရေးယန္ဒရားမှာ အရေးပါတဲ့ အသံတွေ၊ မဲဆန္ဒရှင်တွေ
ဖြစ်ကြပါတယ်။ ရှင်သန်ရပ်တည်ဖို့အတွက် နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကို သိရှိပိုင်ခွင့်ရှိတယ် ဆိုတဲ့ အိန္ဒိယ ကျေးလက်ဒေသဆီက အမျိုးသမီးကြီးတွေ ကို ဘဝရပ်တည်ခွင့်အခွင့်အရေးရဲ့ချန်
သောတရှင်တို့လည်း မတရားမှုတွေ ကို ထုတ်ဖေါ်ပြောကြားနိုင်ပြီး လွတ်လပ်အေးချမ်းတဲ့ ဒေသတခု ကို ဖန်တီးနိုင်ကြပါစေ။
Soumya Kidambi ရဲ့ “Championing the ‘Right to Information’ in Rural India” ဆောင်းပါးပါ အချက်လက်များကို အသုံးပြုပြီး ခံစားရေးဖွဲ့ခဲ့ပါတယ်။
0 အကြံပြုခြင်း:
Post a Comment