Wednesday, September 8, 2010

အိမ်ဖြည့်


နအဖရဲ့ အာဏာတရားဝင်တည်မြဲဘို့အတွက် အိမ်ဖြည့်ပေးတဲ့ ပါတီတွေ ပြောပြောနေတဲ့လက်တွေ့ကျတဲ့နိုင်ငံရေးဆိုတာကိုတကယ်လက်တွေ့က ဘာလဲဆိုတာ ပဲခုးကိစ္စက သက်သေပြလိုက်ပါပြီ။လက်တွေ့ကျတဲ့နိုင်ငံရေးဆိုတာ အိမ်ဖြည့်ပါတီတွေပြောပြောနေတဲ့စစ်အာဏာရှင်တွေ ကန့်သတ်ထားတဲ့ ဘောင်ကျဉ်းကျဉ်းလေးထဲကလုပ်လို့ရသလောက်လေးလုပ်ပေးသလောက်အခွင့်အရေးလေး ယူတာမျိုးမဟုတ်ပါဘူး။စစ်အာဏာရူးတွေ တိုင်းပြည်ကို ရေရှည်တရားဝင်အုပ်စိုးထားလို့မရအောင်လုပ်တာစစ်အာဏာရှင်တွေ တိုင်းပြည်ကို ထင်တိုင်းကြဲနိုင်အောင်လုပ်ထားတဲ့ ဥပဒေကို တရားမဝင်အောင်ဆန့်ကျင်တာအဲဒါတွေကသာ လက်ရှိမြန်မာပြည်ရဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးပါ။တိုင်းပြည်အတွက်ဘယ်သူ့စေခိုင်းချက်မှမပါဘဲ ကိုယ်ကျိုးစွန့်လုပ်ကြတာမှာနိုင်မယ်ဆိုတာသေချာသိလို့ လုပ်ကြရတာ မဟုတ်ပါဘူး။.လုပ်သင့်လုပ်ထိုက်လို့လုပ်ကြရတာပါ။မနိုင် နိုင်တော့လို့ မလုပ်နိုင်တော့ဘူးဆိုရင်လည်းအနားယူလိုက်တာကောင်းပါတယ်။ သူတို့ခင်းထားတဲ့ လမ်းကြောင်းထဲဝင်ပြီးအားပေးအားမြှောက် ထောက်ခံတာမျိုးဟာ
တကယ်တော့ တိုင်းပြည်အတွက် လက်တွေ့မကျဘဲ စစ်အာဏာရှင်တွေ အာဏာတရားဝင်ရေရှည်တည်မြဲဘို့သာ လက်တွေ့ကျတာပါ။အိမ်ဖြည့်ပါတီတွေ နားလည်ထားစေချင်တာကခင်ဗျားတို့ရနေတဲ့ ပါတီဖွဲ့စည်းခွင့်ဆိုတာတောင် လုပ်သင့်တာကိုတွေကို လုပ်သင့်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်ခဲ့သူတွေ(ခင်ဗျားတို့အထဲက အချို့လည်းပါ ပါတယ်) ကြောင့်ဆိုတာ မေ့မပစ်ဘို့ပါ။ခုချိန်မှာတော့ အချိန်မနှောင်းသေးပါ။ နအဖရဲ့ လမ်းပြမြေပုံထဲမှာ လုံးဝပါဝင် ပတ်သက်ခြင်းမပြုဘဲလက်တွေ့ကျတဲ့နိုင်ငံရေးကို လုပ်ဆောင်နိုင်ပါသေးတယ်။ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးပလက်ဖောင်း၊အဖွဲ့ပလက်ဖောင်း၊ အုပ်စုပလက်ဖောင်း ဆိုတာကို မကြည့်ဘဲနဲ့ ပြည်သူနဲ့အတူဒေါ်အောင်ဆန်းစုကြည်နဲ့အတူ၊ အန်အယ်လ်ဒီနဲ့အတူတညီတညာတည်း ဝိုင်းဝန်းလုပ်ဆောင်နိုင်ကြပါရင် အကောင်းဆုံးပဲဆိုတာ အိမ်ဖြည့်ပါတီင်္တွေကို ကျနော်တို့ တိုက်တွန်းကြပါစို့။

မိုးကောင်း

0 အကြံပြုခြင်း: