အမှိုက်စုတ်တွေကို ထည့်ပြီးအသုံးပြုရန်အတွက်သာ လူတွေအလိုရှိသည့် နအဖစစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ဖတ်လိုက်သည်။ မောင်မိုးရှင်းဆိုသောဆောင်းပါးရှင်က အားလုံးစုံညီမဲပေးကြမည် ဆိုသည့်ဆောင်းပါးတပုဒ်ကို ရေးသားထားသည်ကို ဖတ်ကြည့်လိုက်သည်။ သူကတော့တကယ့် စစ်အစိုးရအကြိုက် လိုက်ဖါးပြီး ရေးထားသည်မို့ ဟုတ်ပေ့ဖြစ်နေသည်။ သို့ပေမင့် ပြည်သူတွေမအကြပါ။ သို့အတူပြည်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား အလွန်တရာ ချစ်မြတ်နိုးကြပါသည်။ ပြီးတော့နိုဘယ်ငြိမ်းချမ်းရေးဂုဏ်ထူးရှင်မို့ လေးစားချစ်ခင်ကြသလို သွားလေသူဗိုလ်ချုပ်အောင်ဆန်း၏ သမီးမို့လည်း ယုံကြည်မြတ်နိုးချစ်ခင်မူ အတိုင်းအတာတခု ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေမှာ မဲပေးခွင့်လည်း ရှိသလို မဲမပေးပိုင်ခွင့်လည်း ရှိသည့်အကြောင်းကို ပြောထားပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးချင်သောပြည်သူတွေမှာ ယခုတော့ရှင်းရှင်းလင်းလင်း နားလည်ထားကြပါပြီ။ ဤနေရာ၌ ပြည်သူတွေမှာဟု ဆိုခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလိုချင်သော ပြည်သူတရ့ပ်လုံးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဘာကြောင့်များပြည်သူတရပ်လုံးကို မဲမပေးကြပါနှင့်ဟု ပြောဆိုကြရပါသနည်း။ ရှင်းနေပါသည်။ မဲမပေးလိုက မပေး၍ရပါသည်ဟု ဥပဒေမှာ ရှိနေနှင့်သောကြောင့် မဲမပေးဘဲနေခြင်းသာဖြစ်သည်။ သည်တော့မဲမပေးဘဲနေသူများကို ရှက်စရာကောင်းနေပါပြီဟု ဘာဖြစ်လို့ မောင်မိုးးရှင်းဆိုသော ဆောင်းပါးရှင် က အားမနာပရေးသားရပါမည်လဲ။
တရားဝင်မဲမပေးပဲ ဆက်နေရင်တော့ သူများစိုက်တဲ့အသီးပဲ စားချင်ပြီး မိမိကိုယ်တိုင် တစုံတရာဘာဆိုဘာမှ ပါဝင်စိုက်ပျိုးချင်သူမဟုတ်တဲ့အတွက် အချောင်သမားသက်သက် အလိုက်မသိတဲ့ လူစားမျိုး ဒီမိုကရေစီနိုင်ငံနဲ့ သင့်တော်ပါဦးမလား ဆိုပြီး ပြည်သူတွေကို စော်ကားရေးပြလိုက်ပါသေးသည်။ ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကို တုန့်ပြန်ခြင်းဖြစ်သည်။
စင်စစ်အားဖြင့် ရွေးကောက်ပွဲဆိုသည်မှာ မဲပေးကြခြင်းဖြစ်ပါသည်။ မပေးဘဲ နေ၍လည်းရပါသည်။ သည်တော့မပေးဘဲနေသူကို သည်လိုစော်ကားမော်ကားပြောခြင်းကို ပြည်သူတွေက လက်ပိုက်ကြည့်နေရပါသည်။ ဘာကြောင့်အောင့်အီးနေရပါသနည်း။ ရှင်းနေပါပြီ။ ရွေးကောက်ပွဲ၌ တရားမျှတမှူမရှိ၍ တဖက်သတ်ပြောဆိုရေးသားနေကြရခြင်းကို အဓိပ္ပါယ်ဖေါ်ပြနေပါသည်။ အကယ်၍လွပ်လွပ်စွာရေးသားခွင့်ဆိုသော ဒီမိုကရေစီအနှစ်သာရရှိသည့် စံနုံးကိုသာ ရရှိနေပါက မောင်းမိုးရှင်းဆိုသော ဆောင်းပါးရှင်သည် ယင်းသို့ရေးသားနိုင်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ချက်ချင်းတုန့်ပြန် ဝေဖန်ရေးသား ချေပကြမည်မှာသေချာလှပါသည်။ ပြည်သူတို့မှာ မျက်စိမုဒိမ်းကျင့်ခံနေရပါသည်။
သူကဆိုထားပြန်သေးသည်။ သူများစိုက်တဲ့အသီးပဲစားချင်ပြီး တစုံတရာဘာဆိုဘာမှ ပါဝင်စိုက်ပျိုးသူမဟုတ်ဟု ရေးထားပါသည်။ အင်မတန်မှ လူပါးဝသောစကားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကမ္ဘာကြီးတခုလုံးနှင့်အတူ တန်းတူညီမျှရရှိရေးအတွက် ၈၈ ကျောင်းသားခေါင်းဆောင်များသည် အကျဉ်းထောင်
ထဲမှာ ထောင်ဒဏ် ၆၀ ကျော်အထက်နှင့် ဆင်းရဲဒုက္ခခံကာ ရှိနေကြဆဲဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များသည် နှစ်ပေါင်း ရာကျော်နှင့် အကျဉ်းထောင်ထဲတွင် နေနေကြရပါသည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်သည် ယခုကဲ့သို့ အကျဉ်းထောင်ထဲတွင် ရှိနေကြသည်ကို ပြည်သူတို့က မမေ့ကြသေးချေ။ တချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအချိန်ထိ နေအိမ်အကျယ်ချုပ်နှင့် နေနေရဆဲ။ နောင်ကိုမည်ကဲ့သို့ဥပ္ပါယ်တမည် ပုဒ်မပုဒ်ထီးတွေနှင့် တပ်ပြီးဖမ်းဆီးနေအုံးမည်မသိရ။
တခုသေချာသည်မှာ နအဖစစ်အစိုးရရှိနေသမျ ဒေါ်အောင်ဆန်းစုကြည်မှာ အကျယ်ချုပ်နှင့်သော်၎င်း၊ အကျဉ်းထောင်နှင့်သော်၎င်း ရှိနေအုံးမှာကတော့ မြေကြီးလက်ခတ်မလွှဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်သည် မြန်မာနိုင်ငံကို ဖျက်လိုဖျက်ဆီးပြုလုပ်မည့် သူများမဟုတ်။ မြန်မာနိုင်ငံဖွံွံ့ဖြိုးတိုးတက်စည်ပင်ရေးအတွက် ကြိုးစားရုမ်းကန်နေကြသည့် ကိုယ်ကျိုးစွန့်အနစ်နာခံ နိုင်ငံရေးသမားများဖြစ်သည်။ သူတို့တွေမပါသော ဤရွေးကောက်ပွဲသည် ဒီမိုကရေစီအသီးအပွင့်ပါသော ရွေးကောက်ပွဲမျိုးမဟုတ်။ ယခုရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို ရွေးချယ်ပွဲဆိုလျင် အကျဉ်းထောင်ထဲမှာ မတရားသဖြင့်ရှိနေသော နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကို လွှတ်ပေးသင့်သည်။ ပြီးတော့ ရွေးကောက်ပွဲကို ပါဝင်ရေးအတွက် နအဖစစ်အစိုးရက ဆောင်ရွက်ရမည်ဖြစ်သည်။ ပြီးတော့ရွေးကောက်ပွဲပြုလုပ်ရေးအတွက် လိုအပ်သောအချက်အလက်များ ၊ အကြောင်းအရာများကို ဥပမာအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် ရွေးကောက်ပွဲကို ပြုလုပ်ကြမည်ဆိုပါက နတ်လူသာဓု ခေါ်ပေးကြမည်မှာ သေချာလှပါသည်။ ကောင်းချီးပေးကြပါလိမ့်မည်။ ဤသည်ကို နအဖစစ်အုပ်စုတို့မှာ တစက်ကလေးမျှမပြုလုပ်။
သည်တော့ပြည်သူတွေက ဒီမိုကရေစီအသီးအပွင့်မဟုတ်သည်ကိ
စစ်အစိုးရအလိုတော်ရိ မောင်မိုးရှင်းမှာ မြန်မာနိုင်ငံမှ ပြည်သူတရပ်လုံးက မဲပေးလိုက်သော ကိန်းဂဏန်းကိုကြည့်၍ နိုင်ငံတကာက နိုင်ငံရေးအသိနိုးကြားမှူကို မြင်တွေ့ကြခြင်း။ ချစ်သည့်နိုင်ငံများကချှီးကြူြး
သပိတ်မှောက်ခြင်းသည် တနိုင်ငံလုံးမဲမပေးခြင်းကို ကမ္ဘာသို့ချပြခြင်းဖြစ်သည်။ ထို့ကြောင့်ဤပွဲမှာတရားဝင်မူမရှ
ကမ္ဘာတွင်အမေရိကန်အစိုးရမှ အသိအမှတ်မပြုလျင် ယင်းနိုင်ငံမှာ ကံဆိုးမိုးမှောင်ကျနေတတ်ပါသည်။ ဒုက္ခကြီးစွာရောက်နေတတ်ပါသည်။ ဥရောပသမဂ္ဂနိုင်ငံများမှ အသိအမှတ်မပြုလျင် ဆက်လက်ပြီးဒုက္ခကြီးစွာကျရောက်ေ
ခိုင်အောင်ကျော် ( နယူးယောက် )
0 အကြံပြုခြင်း:
Post a Comment