NLD ဗဟိုသို့ အိတ်ဖွင့်ပေးစာ
အကြောင်းအရာ ။ ။ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ
မကြာတော့တဲ့ကာလမှာ နဝတစစ်အာဏာရှင်တွေဟာ မြန်မာတပြည်လုံးကို စစ်ကျွန်ဘဝသွတ်သွင်းဖို့ ရည်ရွယ်တဲ့ အတုအ ယောင် ရွေးကောက်ပွဲကို ဖန်တီးဖို့ ကောက်ကျစ်စဉ်းလဲစွာ ကြံစည်အားထုတ်နေကြတာကို မြန် မာပြည်သူလူထုတရပ်လုံးသာ မက တကမ္ဘာလုံးက ပြည်သူတွေပါ သိကြပါတယ်။ သူတို့ရဲ့ ၂၀၀၈ နာဂစ်အခြေ ခံ ဥပဒေနဲ့ စစ်အာဏာရှင်တစု သားစဉ်မြေး ဆက် တိုင်းပြည်ရဲ့ဓနဥစ္စာတွေကို လုယက်စားသောက်နိုင်ဖို့၊ စနစ် တကျ စီမံနေကြတာကိုလည်း အထင်းသား မြင် တွေ့နေရ ပါ တယ်။
ဒီနေရာမှာ အာဏာရူးတွေအကြောင်းကို အဓိက ပြောချင်တာမဟုတ်ပါ။ စစ်အာဏာရှင်တွေ (ဗိုလ်နေဝင်းလက် ထက်ကစလို့)
ဟာ တလျှောက်လုံး သူတို့အလုပ်ကို သူတို့လုပ်ခဲ့ကြတာ တွေ့ရပါတယ်။ သူတို့အလုပ်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်
စနစ် သက်ဆိုးရှည်ရေးနဲ့ စစ်အာဏာရှင်တစု သားစဉ်မြေးဆက် ကောင်းစားရေး ပဲဖြစ်ပါတယ်။ အဲဒီအလုပ်ကလွဲပြီး သူတို့
ဘာမှစိတ်မဝင်စားပါဘူး။ တိုင်းပြည်အကျိုး၊ ပြည်သူတွေရဲ့အကျိုးဆို တာ သူတို့အဘိဓမ္မာထဲမှာကို မရှိခဲ့ပါဘူး။ အဲ့ဒီတော့ကာ
သူတို့က သူတို့အလုပ်ကို သူတို့လုပ်ကြသလို ကျနော် တို့ဘက်ကလည်း ကျနော်တို့အလုပ် ကျနော်တို့ လုပ်ကြဖို့တော့ လိုပါပြီ။
အရင်မလုပ်ခဲ့တာတွေကို ပြန်ပြောင်းမပြောလိုတော့ပါ။ အခုတကြိမ်မှာတော့ ကိုယ့်အလုပ်ကိုကိုယ် ရဲရဲဝံဝံ လုပ် ကိုင်သင့်ပြီလို့
ထင်ပါတယ်။ (ထင်ပါတယ်ဆိုတဲ့ ဝေါဟာရက ကိုယ့်အချင်းချင်းမို့ အားနာပါးနာနဲ့ ရွေးလိုက်တာ ပါ၊ တကယ်ဆို ထင်ပါတယ်မ ဟုတ်ပါ လုပ်ကိုင်သင့်ပါပြီလို့ပဲ ရေးရမှာပါ)ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်တ ပြည်လုံးအမှန်တကယ် ချောက်ထဲကျတော့မှာ မို့ပါ။ အလုံးစုံပျက်သုန်းမှုကို အမှန်တကယ် ကျရောက်တော့မှာမို့ ပါ။
“ဒီလိုမှမဟုတ်ဘဲ အရင်တခါလို ယောင်ဝါးဝါးနဲ့ ကိုယ့်ခေါင်းဆောင်၊ ကိုယ့်ရဲဘော်တွေကို စတေးပြီး ခေါင်းပေါင်းစ တလူလူနဲ့
လွှတ်တော်ထဲဝင်ဖို့ ကြံကြမယ်ဆိုရင်တော့ ဒီတချီမှာ လူထုက ခွင့်လွှတ်သည်းခံမှာမဟုတ်ဘူးဆိုတာ အသိပေးချင်ပါတယ်။
အဲ့ဒီလိုသာ ဆုံးဖြတ်ကြမယ်ဆိုရင် ရန်သူက အားရပါးရနဲ့ ပါတီကို အသက်ရှင်ခွင့် ပေးသနားပေမယ့် လူထုကတော့ ပါတီကို
ဖျက်ပစ်ရပါလိမ့်မယ်”
စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ တန်းတူညီမျှတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတခု ပေါ်ပေါက်ရေးအ တွက် ပြည်သူလူ ထုဟာ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်တိုက်ပွဲဝင်ရင်း မပြီးသေးတဲ့ ဒီသမိုင်းတာဝန် ကို ၁၉၉၀ မေလရွေးကောက်ပွဲက နေတဆင့် NLD ကို တပ်ဦးတင်ပြီး လူထုဦးဆောင် တိုက်ပွဲဝင်ပါတီအဖြစ် လူ ထုက တပြည်လုံး တခဲနက်အာဏာအပ်နှင်းခဲ့တယ် မဟုတ်ပါလား။
အဲ့ဒီအချိန်က လူထုဟာ တပ်ဦးပါတီရဲ့ ဦးဆောင်မှုနောက်ကနေ လိုက်ပါဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ် အပ် နှင်းခဲ့ကြ တာပဲဖြစ်တယ်။ ကံအကြောင်းမလှစွာဘဲ လူထုမျှော်လင့်တောင့်တမှုတွေဟာ အပြည့်အဝ မပြောနဲ့ တခုတလေတောင် မရတဲ့ အပြင် နောက်ထပ် သေကြေပျက်စီး၊ ဆုံးရှုံးမှုတွေ၊ ပေးဆပ်ရမှုတွေဟာ ကနေ့ထိ တွေ့ကြုံရင်ဆိုင်နေကြရတယ်။
အကြောက်တရားပေါင်းစုံကြားက လူထုဟာ ၉၀ ခုနှစ်မှာ NLD ပါတီကို ပေးအပ်လိုက်တဲ့ မန်းဒိတ်ဟာ အလွန် တရာ အင်အားကြီးမားလှပါတယ်။ စစ်အာဏာရှင်တွေ မင်သက်မိပြီး ကြောက်ဒူးတုန်၊ ခြေမကိုင်မိ လက်မကိုင် မိဖြစ်သွားကြတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်မလုပ်နိုင်ခဲ့ကြဘူးဆိုတာ သမိုင်းက သက်သေပြနေတယ်။ သို့ သော်လည်း ဘာပဲဖြစ်ဖြစ် NLD ပါတီဟာ ၉၀ မန်းဒိတ်ကို ကနေ့ထိ ကြံ့ကြံ့ခံ ကိုင်ဆွဲထားသေးတဲ့အတွက် လူ ထုအပေါ် သစ္စာရှိနေသေးတယ်ဆိုတာ မှတ်ယူလို့ရနေပါတယ်။
တခြားကိစ္စတွေ အသာထား ဒီတချက်ထဲနဲ့တင် NLD ကို ကျနော်တို့တတွေ (ပြည်သူတွေ) က ဝိုင်းရံအားပေး၊ ကာကွယ်သွားကြဖို့ အကြောင်းခိုင်လုံသွားပါပြီ။ ဒါကြောင့် ပြည်သူလူထုရဲ့ကိုယ်စား ကျနော်ပြောချင်တာက တော့ ၉၀ မန်းဒိတ်ကို ဆက်လက်ဆွဲကိုင်ထားပါ။ ဒါဟာ ကိုယ့်အလုပ်ကိုယ်လုပ်တာ၊ ပြည်သူက ပေးအပ်လိုက် တဲ့ တာဝန်ကို ထမ်းဆောင်နေတာဖြစ်တယ်လို့ မြင်ပါတယ်။ ပိုပြည့်စုံအောင်ဆိုရရင် ရွှေဂုံတိုင်ဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်ဆွဲခြင်းသည်သာ ပြည်သူတွေအပေါ် သစ္စာရှိရာရောက်ပါမယ်။
NLD ဆိုတာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ၈၈ လူထုအုံကြွမှုကြီးကနေပေါ်ထွက်လာတဲ့ ပါတီတခုဖြစ်ပါ တယ်။ လူထုပါတီဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူထုအကျိုးစီးပွားအတွက် လူထုက တာဝန်ခံခိုင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် လူထုရဲ့လိုလားချက်တွေ၊ လူထုရဲ့ရင်ခုန်သံတွေကို နားထောင်ဖို့ လိုပါတယ်။ နိုင်ငံရေးပါတီတရပ်မှာ ပျော့ပျောင်းညင်သာတဲ့ နည်းပရိယာယ်လမ်းစဉ်ရှိရမယ်ဆိုတာ ဘယ်သူမှ ငြင်းမှာမဟုတ်ပေမယ့် မိမိပါတီရဲ့ အသက်တမျှ အရေးကြီးတဲ့၊ အခြေခံမူတွေကို ပြောင်းလဲ အလျှော့ပေး လိုက်လျောတဲ့ လုပ်ရပ်ကိုတော့ နည်းပ ရိယာယ်လို့ သတ်မှတ်လို့ရမယ်မထင်ပါဘူး။
လူထုရဲ့လိုလားချက်တွေ၊ လူထုနိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ မလုပ်နိုင်ဆောင်ရွက်နိုင်၊ နိုင်ငံရေးပါတီတရပ်ရဲ့ ပါ တီတွင်း ပုံမှန်လုပ်ငန်းလုပ်ဆောင်မှုတွေမှာတောင် လွတ်လပ်စွာ ပြုလုပ်ဆောင်ရွက်ခွင့်ဆိုတဲ့ အနိမ့်ဆုံး အခွင့် အရေးလေးတောင် မရနိုင်တဲ့နေအထားမျိုးမှာ ပါတီတည်ရှိနေရေး၊ ပါတီဆက်လက်အသက်ရှင်နေရေးသက် သက်တခုတည်းဟာဖြင့် မူမဲ့တယ်လို့ ယူဆပါတယ်။
ကောက်ကျစ်ယုတ်မာတဲ့ စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ကျနော်တို့ဟာ မြွေမသေ တုတ်မကျိုး လုပ် နေလို့မရပါဘူး။ ရန်သူနဲ့ ရင်ဆိုင်ရာမှာ တိုက်ပွဲဝင်ပါတီတရပ်လို မကျင့်ကြံဘဲ သံတမန် တယောက်လို ကျင့်ကြံ နေလို့မဖြစ်ပါဘူး။ ပြတ်သားတဲ့ မူ၊ ခိုင်မာတဲ့ ခံယူချက်၊ ထက်မြက်တဲ့ လုပ်ဆောင်မှုတွေနဲ့သာ လူထုကို ဦး ဆောင်ပြီး ကောက်ကျစ်ယုတ်မာတဲ့ စစ်အာဏာရှင်တွေကို ရင်ဆိုင်တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ မိုးထဲလေထဲ မှာ မပြတ်မသား၊ ယောင်ဝါးဝါးလုပ်နေရင်တော့ ဒီမိုးဒီလေထဲမှာ လွင့်စင်ပျောက်ကွယ်၊ ကြေပြုန်းသွားမှာမလွဲ ပါ။
ကဲ … ခု နအဖရဲ့နာဂစ်ခြေခံဥပဒေကို အကောင်အထည်ဖော်မယ့် ၂၀၁၀ လူလိမ်လွှတ်တော် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေ ထွက်လာပါပြီ။ လူထုရဲ့မန်းဒိတ်ရပါတီ ဘယ်လိုဆုံးဖြတ်ကြမလဲ။ ထွက်လာတဲ့ ဥပဒေတွေ တော့ သာမန်မြန်မာစာဖတ်တတ်တဲ့ ကလေးကအစ ဘယ်လိုရည်ရွယ်ပြီး ရေးထားတယ်ဆိုတာ သိကြမှာဖြစ် တဲ့အတွက် ဒီနေရာမှာ ထပ်မပြောလိုတော့ပါ။ ၁၉၉၁ တုန်းကလည်း ပါတီဆက်လက်ရပ်တည်နိုင်ရေးဆိုတဲ့ အ ကြောင်းပြချက်နဲ့ ကိုယ်ပါတီရဲ့ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေ မဆိုင်းမတွ ထုတ်ပစ်ခဲ့ကြ ပြီးပြီ။
အမှန်တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ NLD ပါတီတခုတည်းရဲ့ ခေါင်းဆောင်တယောက်ဆိုတာ ထက် ပိုမိုလေးနက်တဲ့၊ အမျိုးသားလက္ခဏာဆောင်တဲ့ လူထုခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုရင် ပိုမှန်ကန် ပါတယ်။ အဲ့ဒီတုန်းကလည်း လူထုတရပ်လုံးက အမျက်ဒေါသ ထွက်ခဲ့ကြရတယ်။ ယူကျုံးမရဖြစ်ခဲ့ကြရတယ်။ ဒါပေမယ့် ကျနော်တို့လူထုဟာ နားလည်၊ စိတ်ရှည်မှုပေးပြီး၊ ပါတီကို ဆက်လက်ဝိုင်းရံအားပေးခဲ့ကြပါတယ်။ ကြားကာလက အကြောင်းအရာတွေကိုတော့ ဒီနေရာမှာ ပြန်မရေးတော့၊ မပြောတော့ပါ။
အခုကနေ့ မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားဟာ လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။ မြန်မာနိုင်ငံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး ငရဲတွင်းထဲ ဆွဲထည့်တာကိုခံမလား။ ဒါမှမဟုတ် ရုန်းထွက်ပြီး ဒီမကောင်းဆိုးဝါးကောင် တွေကို သုတ်သင်ဖယ်ရှားကြမလားဆိုတာ၊ လူထုရဲ့မန်းဒိတ်ပါတီကြီးဖြစ်တဲ့ NLD အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး၊ လူထုကို ဦးဆောင်တိုက်ပွဲဝင်သွားကြရမယ့် အချိန်ရောက်နေပြီလို့ ပြောချင်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ အရင်တခါလို ယောင်ဝါးဝါးနဲ့ ကိုယ့်ခေါင်းဆောင်၊ ကိုယ့်ရဲဘော်တွေကို စတေးပြီး ခေါင်းပေါင်း စ တလူလူနဲ့ လွှတ်တော်ထဲဝင်ဖို့ ကြံကြမယ်ဆိုရင်တော့ ဒီတချီမှာ လူထုက ခွင့်လွှတ်သည်းခံမှာမဟုတ်ဘူးဆို တာအသိပေးချင်ပါတယ်။ အဲ့ဒီလိုသာ ဆုံးဖြတ်ကြမယ်ဆိုရင် ရန်သူက အားရပါးရနဲ့ ပါတီကို အသက်ရှင်ခွင့် ပေးသနားပေမယ့် လူထုကတော့ ပါတီကို ဖျက်ပစ်ရပါလိမ့်မယ်။ လူထုက ယုံကြည်စွာအပ်နှင်းထားတဲ့ မန်းဒိတ် ကို အလွဲသုံးစားလုပ်မှုနဲ့ အပ်နှံထားတဲ့ မန်းဒိတ်ကို ပြန်လည်ရုပ်သိမ်းပြီး လူထုပါတီအဖြစ်ကနေ ဖယ်ရှားပစ်ကြ မှာဖြစ်တယ်။
နောက်ဆုံးအနေနဲ့ ဦဝင်းတင်ရဲ့စကားနဲ့ပိတ်ချင်ပါတယ်။
“NLD ရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားတဲ့ အခြေအနေ ဖြစ်သွားတယ်။ အနှစ် (၂၀) လုံးလုံး အကျဉ်းအကျပ် တွေကြားထဲမှာ နေလာတာ၊ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ကျ နော်တို့ ယူဆတယ်၊ အခု သူတို့က မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဥပဒေနဲ့ ချည်ဖို့ လုပ်နေတဲ့အခါကျ တော့ ကျနော်တို့ ပါတီအနေနဲ့ အခက်အခဲတွေ တွေ့နေတဲ့ အနေအထားမှာ ရောက်နေတယ်။ နိုင်ငံရေးပါတီတ ရပ်ဟာ နိုင်ငံရေးလှုပ်ရှားမှု ရှိဖို့လိုတယ်။ နိုင်ငံရေးလှုပ်ရှားမှုမရှိဘဲနဲ့ ပါတီမရှိနိုင်ဘူး။ ပါတီပဲရှိပြီးတော့ နိုင်ငံရေး မရှိရင်လည်း အဲဒီပါတီဟာ လူရာလည်းဝင်မှာမဟုတ်ဘူး၊ ဘာမှလည်း လုပ်လို့ရမှာ မဟုတ်ဘူး၊ အရာလည်း ရောက်မှာမဟုတ်ဘူး”
“လူယုတ်မာတွေ ကောက်ကျစ်စဉ်းလဲစွာ ပြုလုပ်ပေးမယ့်
၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး ဆန့်ကျင်ကြ”
“စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်”
“အရေးတော်ပုံအောင်ရမည်”
လေးစားစွာဖြင့် ...
ရဲဘော်သန်းနိုင်
နိုင်ငံရေး စိတ်ဝင်စားသူတို့ လေ့လာချင့်ချိန် စဉ်းစားနိုင်ရန် ဖော်ပြခြင်း ဖြစ်ပါသည်။(ဟစ်တိုင်)
၁၁။၃။၂၀၁၀
အမှန်တရားချစ်သူ စာဖတ်ပရိတ်သတ်များအတွက်-- ဟစ်တိုင်အဖွဲ့ 
http://www.hittai.org/main.htm
Thursday, March 11, 2010
NLD ဗဟိုသို့ အိတ်ဖွင့်ပေးစာ
Subscribe to:
Post Comments (Atom)




0 အကြံပြုခြင်း:
Post a Comment