Tuesday, March 9, 2010

ပန်းရံအလုပ်သမ ၂ ဦးထိုင်းရဲလိုက်ဖမ်းသဖြင့်ရေနစ် သေဆုံး

ထိုင်းနိုင်ငံ တောင်ပိုင် ဖူးခက် ပင်လယ် ၊ ကမ်းပါသောင် ကမ်းခြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုသို့ ယမန်နေ့ ညနေက ဒေသခံ ထိုင်းပုလိပ်များ ၀င်ရောက် ရှာဖွေ ဖမ်းဆီးစဉ် ထွက်ပြေး သဖြင့် မြန်မာ အလုပ်သမ ညီအစ်မ နှစ်ဦး ရေနစ် သေဆုံး ခဲ့ရသည်။ ယမန်နေ့ ညနေ ၅ နာရီခန့် က ပန်းရံဆိုဒ် နေအိမ် အတွင်းသို့ ထိုင်းပုလိပ်များ ၀င်လာသဖြင့် အသက် ၁၂ နှစ်အရွယ် မမြင့်မြင့်စမ်း မှာ ခြေဦး တည့်ရာ ထွက်ပြေးသည်။ ပါသောင်ချောင်းတွင် ရေနစ် နေသည်ကို မြင့်သော အစ်မ အရင်း ဖြစ်သူ အသက် ၂၀ အရွယ် မညိုညိုစမ်း က ချောင်းထဲသို့ ဆင်းဆယ်ရာ ညီမ နှစ်ဦး စလုံး ရေနစ် သေဆုံး ခဲ့ရသည်။

လောင်လုံမြို့ နယ်၊ အံဇေါက် ကျေးရွာနေ ဦးမြင့်သိန်း ၊ ဒေါ်မတင်ဝေ တို့၏ သမီးငယ် များဖြစ် ကြသည်။ ထိုမိသားစု အားလုံးမှာ ထိုနေရာတွင် အတူ နေထိုင် လုပ်ကိုင်စားနေကြ သူများ ဖြစ်ကြသည်။ အစ်ကို အရင်းဖြစ်သူ ကိုနောင်နောင်က“ ကျနော် အကြီးဆုံးပါ၊ ကျနော်တို့ မှာ ညီကို မောင်နှမ ငါးယောက် ရှိပါတယ်၊ ကျနော့် ညီမလေးတွေ ခုလို့ မသေသင့်ပဲ သေဆုံး ရတာ ထိုင်းပုလိပ်တွေကြောင့် သေရတာပါ။ ကျနော့် ညီမအငယ် မြင့်မြင့်စမ်း ရေနစ် နေတာကို ညီမ အကြီးမ ညိုညိုစမ်းက မမြင် နိုင်ဘူးလေ၊ ကိုယ့်ညီမ ဆိုတော့ ဆင်းပြီးတော့ ဆွဲတယ်။ ၂ ယောက်စလုံး ရေကူး မတတ်တော့ မသေသင့်ပဲ သေဆုံး ကြရတယ်။ ကျနော်တို့ ဘယ်ကျေ နပ်မလဲ၊ ဒါပေမယ့် သူတစ်ပါး တိုင်းပြည်မှာ ကျွန်လာခံ နေရတော့ ဘာမှ မတတ် နိုင်ဘူး” ဟုပြောသည်။


မျက်မြင် တစ်ဦး ဖြစ်သည့် ကိုခိုင်သန်းက “လူနေတဲ့ တန်းလျားကို လာပြီး အလုပ် သမားတွေကို ၀င်ဖမ်း ပါတယ်။ ပုလိပ် ၉ ယောက်လောက် ရှိပါတယ် ၊ ကားက ၂ စီးပါ၊ လူ ၁၅ ယောက်လောက် ဖမ်းယူ သွားပါတယ်၊ မနက် ကတော့ ငွေပေးပြီး ရွေးလာကြလို ရောက်နေ ကြပါပြီ၊ စီမံချက်နဲ့ ဖမ်းတယ် ထင်ပါတယ်၊ ကလေးမလေး၂ ယောက် မသေသင့်ပဲ သေရတာပါ၊ ဆင်းကယ်မယ့်လူ တစ်ယောက်ကို ထိုင်းပုလိပ်က မင်း ဆယ်ရဲရင် ဆယ်ကြည့် သေနတ်နဲ့ ပစ်သတ် မယ်လို့  သေနတ်နဲ့ တေ့ထားတယ်ပြောတယ်၊ အဲဒီကလေးမ ၂ ယောက် နေနစ် နေတာကို အားလုံး မြင်နေ ရပါတယ်။ လုံဝ ရေနစ်သွားမှ ပုလိပ်တွေ ပြန်သွား တာပါ၊ တော်တော် ရက်စက် လွန်းပါတယ်” ဟုပြောသည်။

အလောင်း၂ လောင်ကို ယနေ့ မွန်းလွဲ ပိုင်းတွင် ပါသောင် ပထိုးမြို့ ဘုန်းတော်ကြီးကျောင်း တွင် မီးသဂြိုဟ် ပြီးစီး ခဲ့ပြီး ဖြစ်သည်။ အသုဘ အခမ်းအနားသို့ အနီး ပတ်ဝန်း ကျင်မှ မြန်မာ အလုပ်သမားများ ၃၀၀ ကျော်ခန့် လာရောက်ခဲ့ ကြသည်။ အဆိုပါ ၁၃ ထပ် ပါသောင် ပန်းရံဆိုဒ်တွင် မြန်မာ အလုပ်သမားပေါင်း ၃၅၀ အထက်တွင် ရှိကြောင်း သိရှိ ရသည်။ ထိုပန်းရံဆိုဒ် အတွင်း ထက်ဝက် ကျော်ခန့် မှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လုပ်ထား ကြသော်လည်း ပုလိပ်နှင့် မဖြေရှင်းလို သဖြင့် အားလုံး လိုလို ထွက်ပြေး ကြကြောင်း အလုပ် သမားများက ပြောသည်။

အလားတူ ထိုင်းပုလိပ် လိုက်လံ ဖမ်းဆီး သဖြင့် ထွက်ပြေး သဖြင့် ကားတိုက် သေဆုံးမှု များနှင့် ရေနစ် သေဆုံး ရမှုများ ယခင်းက လည်း ထိုင်းနိုင်ငံ မဟာချိုင် နှင့် အခြား နေရာ အတော် များများ တို့ တွင်လည်း ဖြစ်ပေါ် ခဲ့ဖူးကြောင်း သိရသည်။

၉ . ၃ . ၂၀၁၀ l ဓါတ်ပုံ - ခိုင်အတ
သတင်း - ကိုကျော်သောင်း(ဘန်ကောက်)
http://www.nfacforburma.info/2010/03/drown.html

1 အကြံပြုခြင်း:

u rocey said...

We have lots of natural resources, perfect weather for farm, food soil but horible regiem. Why no one blame these military dogs who barking to innocent civilians. Because the regime, the whold coutry is poor except thier family members. we have no choice but to come to thailand for seeking jobs. lets fight Regiem first then Thai later.