NEJ / ၈ မတ် ၂၀၁၀
၂၀၁၀ ခုနှစ် မတ်လ (၈) ရက် နေ့စွဲဖြင့် နအဖ ထုတ်ပြန်ပြီးစီးခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့နှင့်ပတ်သက်၍ ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားအမြင်များကို ခေတ်ပြိုင်က စုစည်းတင်ပြလိုက်ပါသည်။
ဦးမြင့်သိဏ်း။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ တွဲဖက်အတွင်းရေးမှူး- ၁ (အန်စီယူဘီ)
အကြမ်းအားဖြင့် ပြောရရင် စစ်အုပ်စုအမြဲပြောနေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ သွားမယ်ဆိုတဲ့အပေါ်မှာတော့ သူတို့ထုတ်တဲ့ ဥပဒေက ကိုက်ညီမှုမရှိဘူး။ တည့်တည့်ပြောရရင် ဒီမိုကရေစီကျင့်စဉ်နဲ့ မကိုက်ညီတာ တွေ့ရတယ်။ နောက်တချက်က နိုင်ငံရေး ဆိုင်ရာပါတီများ လွတ်လပ်ခွင့်ဆိုင်ရာနဲ့ပတ်သက်ပြီး မရှိတဲ့အခြေခံကို တွေ့ရတယ်။ သူတို့က တပါတီအာဏာရှင် စနစ်ဆန်ဆန်နဲ့ သူတို့လုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံမယ်ဆိုမှ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့်ရပြီးတော့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ပုဒ်မတွေအရ ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်လည်း စစ်မှန်တဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်မူဝါဒ သဘောထားတွေနဲ့ ကိုက်ညီတဲ့ မူဝါဒသဘောထားတွေ မရနိုင်ဘူး။ စစ်အုပ်စုက အသာစီးရပြီး သူအမြဲတမ်း လွမ်းမိုးကြီးကြပ်သွားနိုင်မယ့်၊ ပံ့ပိုးအားပေးမယ့် အနေအထားမျိုးပဲလို့ သုံးသပ်ပါတယ်။
ဒေါ်စန်းစန်း။ ။ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဒု-ဥက္ကဋ္ဌ (အမ်ပီယူ)
သူတို့ဥပဒေအရ ကျမတို့က ဘယ်လိုပဲကန့်ကွက်ပါစေ သူတို့ဥပဒေကို ခေါင်းရှိုလက်ခံပြီး ၀င်ရမယ့်ပုံဖြစ်နေတယ်။ အဲလိုဝင်လိုက်ရင် ကျမတို့တောင်းဆိုနေတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ အလကားဖြစ်သွားမယ်။ သူတို့ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထောင်ကျနေသူ နိုင်ငံရေးအကျဉ်းသားတွေကို ပါတီကနေ ထုတ်ရမယ့်ပုံဖြစ်နေတယ်။ ကျမတို့က ၂၀၀၈ ခုနှစ် ဥပဒေကို တနည်းနည်းနဲ့ ပြင်ပေးပါဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ ပါတီမှတ်ပုံတင်ခွင့် ပြုသည်ဖြစ်စေ၊ စိစစ်သည်ဖြစ်စေ အန်အယ်လ်ဒီကို လုံးဝမှတ်ပုံတင်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို မသိကျိုးကျွန်ပြုပြီး နောက်ထပ်ရွေးကောက်ပွဲလုပ်မယ်ဆိုတာက လုံးဝအဓိပ္ပယ်မရှိဘူး။ ဒီရွေးကောက်ပွဲက ဖြစ်ပေါ်လာမယ့် အစိုးရဟာ တရားဝင်မှာမဟုတ်သလို နိုင်ငံတကာကလည်း လက်ခံမှာမဟုတ်ဘူး။
ဦးခင်မောင်တင့်။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး (ဒီပီအန်အက်စ်)
ပထမ နိုင်ငံရေးပါတီများ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေကို ကြည့်လိုက်ရင် နအဖစစ်အစိုးရက ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိတဲ့ ပုဂ္ဂိုလ်တွေလို့ ယူဆတဲ့လူတွေကပဲ ဒီကော်မရှင်မှာ ပါဝင်ရမယ်။ ကော်မရှင်ကို ဖွဲ့စည်းမယ်လို့ ပါတဲ့အတွက် သူ့စိတ်ကြိုက်ပဲဖြစ်တယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာလည်း ဒီပါတီ ဒီဖွဲ့စည်းပုံတွေအားလုံးကို လေ့လာလိုက်ရင် တားမြစ်ကန့်သတ်ချက်တွေ အများဆုံးက မှတ်ပုံတင်ခြင်းဥပဒေလို့ ပြောရမှာပဲ။ အဲဒီထဲမှာ အထူးသဖြင့် အန်အယ်လ်ဒီ အပါအ၀င် တည်ဆဲနိုင်ငံရေးပါတီ (၁၀) ပါတီဟာ ရက်ပေါင်း (၆၀) အတွင်းမှာ မှတ်ပုံတင်ရမယ်၊ မတင်နိုင်ရင် အလိုလိုပျက်ပြယ်မယ်လို့ ပြောထားပြီးဖြစ်တယ်။ ဒါကြောင့်မို့ အခြေခံဥပဒေကိုပဲကြည့်ကြည့်၊ ကောင်မရှင်ဥပဒေကိုပဲ ကြည့်ကြည့် ကန့်သတ်ဖိနှိပ်မှုတွေ အမြောက်အမြားနဲ့ ပြဋ္ဌာန်းလိုက်တာဖြစ်တယ်။ ပြန်ကြည့်ရင် အမျိုးသားညီလာခံကျင်းပတာ ဖြစ်ဖြစ်၊ ဒီဖွဲ့စည်းပုံဥပဒေကို ပြဋ္ဌာန်းရေးဆွဲတာပဲဖြစ်ဖြစ် အားလုံးဟာ နအဖစစ်အစိုးရ စိတ်ကြိုက်လုပ်ခဲ့တာဖြစ်တယ်။ အခုလည်း နအဖစိတ်ကြိုက် လုပ်မှာဖြစ်တဲ့အတွက် အခြားပုဂ္ဂိုလ်တွေ ပြောနေသလို အခွင့်အလမ်းတို့၊ ဒီမိုကရေစီတို့ဆိုတာ ဒီဥပဒေတွေအောက်မှာ မရှိဘူးဆိုတာ ရှင်းနေပါပြီ။ ကျနော်တို့ကတော့ ဒီဥပဒေတွေအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်သွားရမယ်လို့ ယူဆတယ်။
ဦးငွေလင်း။ ။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု ဒုတိယအတွင်းရေးမှူးချုပ် (အက်ဖ်ဒီဘီ)
ရွေးကောက်ပွဲကော်မရှင်မှာ ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိတဲ့ ပုဂ္ဂိုလ်အဖြစ် နအဖက ယူဆသူဖြစ်ရမယ်လို့ပါတယ်။ အဲဒီအချက်က ဘာလဲဆိုရင် ရွေးကောက်ပွဲကော်မရှင် လူကြီးအားလုံးကို နအဖစိတ်တိုင်းကျ ဖွဲ့မယ်လို့ပြောလိုက်တာ ဖြစ်တယ်။ ဒီအချက်က ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းရှိပါဘူး။ ဒီဥပဒေတွေဟာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီတွေကို ဖျက်သိမ်းလိုက်ပြီး တရားမ၀င်တော့ဘူးလို့ ပြောလိုက်တဲ့ ဥပဒေတခုလို ဖြစ်နေတယ်။ ပါတီအသစ်တွေ ထောင်မယ်ဆိုရင်လည်း သူ့ရဲ့ပုဒ်မ (၆) ကို ခံဝန်ကတိပြုနိုင်တဲ့လူ ဖြစ်ရမယ်လို့ဆိုတယ်။ အဆိုးဆုံးကိစ္စကတော့ ၂၀၀၈ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ခံဝန်ကတိပြုကြရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူတရပ်လုံးကို ဒုက္ခပေးမယ့် ဥပဒေဖြစ်တယ်။ အဲဒါတွေကို ပြန်ပြင်ရမယ်လို့ တောင်းဆိုနေတဲ့အချိန်မှာ လုံးလုံးမပြင်ဘူး၊ ခေါင်းငုံ့ဒူးထောက်ပြီး ၀င်ကြ၊ ဒီလိုမှ မ၀င်ရင် ပါတီအဖြစ်လည်း အသိအမှတ်မပြုဘူး၊ ပါတီခေါင်းဆောင်အဖြစ်လည်း အသိအမှတ်မပြုဘူးလို့ ပြောတာဖြစ်တဲ့အတွက် လူထုနဲ့ အနိုင်ရပါတီကို စော်ကားမော်ကားလုပ်လိုက်တဲ့ ဥပဒေတွေဖြစ်တယ်။ ဒါကြောင့် ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ သဘောထားပေးတယ်။ တိုင်းပြည်ကို မီးဟုန်းဟုန်းတောက်နိုင်တဲ့အတွက် အခြေခံဥပဒေပြင်ရေးကိုသာ စောင်းပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။
မိုင်းဘုန်းကျော်။ ။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အထွေထွေအတွင်းရေးမှူး (အန်ဒီအက်ဖ်)
ဒီရွေးကောက်ပွဲဥပဒေကို ကြည့်မယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ပြည်တွင်းစစ်မီးကို ပိုပြီးတောက်လောင်စေမယ့် ရွေးကောက်ပွဲ ဖြစ်မယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းမှုဖြေရှင်းမယ့် နည်းလမ်းဟာ သွေဖည်သွားပြီလို့ သုံးသပ်လို့ရတယ်။ ကျနော်တို့ကတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်တယ်။ ဒီဥပဒေကို ဘောလုံးစကားနဲ့ပြောရင် နအဖဟာ သူကျင်းပမယ့် ဘောလုံးပွဲကို သူပဲ ဒိုင်လုပ်မယ်၊ သူပဲ စည်းမျဉ်းစည်းကမ်းချမယ်၊ သူ့အသင်းနဲ့ပဲ ကန်ခိုင်းမယ်ဆိုတော့ ၀င်ကန်မယ့်လူဟာ ကိုယ့်ဂိုးကို ကိုယ်ပြန်သွင်းတာနဲ့ တူတူပဲ။ အဲဒီအရှုံးဟာ နအဖနဲ့ ရှုံးတာမဟုတ်ဘဲ တိုင်းသူပြည်သားအားလုံးရဲ့ အရှုံးဖြစ်သွားမယ်။
ဒေါက်တာအေးကျော်။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ ဒု-ဥက္ကဋ္ဌ (အန်အယ်လ်ဒီ-အယ်လ်အေ)
ဒီဥပဒေက အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်လို့မရအောင် လုပ်ထားတာတွေ့ရတယ်။ နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်လို့မရအောင်လည်း လုပ်ထားတယ်။ တရားသဖြင့်လုပ်တဲ့ ရွေးကောက်ပွဲလို့မမြင်ဘူး။ ကျနော်တို့ကတော့ တိုင်းပြည်ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းနေပေမယ့် သူတို့မှာ ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူး။ ထွက်လာတဲ့ ဥပဒေကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်မှာ ဆိုးကျိုးတွေကတော့ အများကြီး ဆက်လက်ကြုံတွေ့ရမှာ ဖြစ်တယ်။
ပဒိုဒေးဗစ်သကဘော။ ။ ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ (ကေအန်ယူ)
ကျနော်တို့ကတော့ ကြေညာချက်ထုတ်ထားပြီးဖြစ်တယ်။ နအဖက အများပြည်သူလက်မခံတဲ့ ရွေးကောက်ပွဲကို သူ့သဘောနဲ့သူ လုပ်ရင် တရားမ၀င်တဲ့ ရွေးကောက်ပွဲပဲဖြစ်မယ်။ KNU ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဆက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကြိုးတွေကတော့ နအဖရဲ့တာဝန်ပဲ။
ခွန်မြင့်ထွန်း။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ အလုပ်သမားဝန်ကြီး (အန်စီဂျီယူဘီ)
ဒီရွေးကောက်ပွဲဥပဒေ မထုတ်ပြန်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ပြီး ထောင်ချခဲ့တယ်။ ဒေါ်စု၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်အပါအ၀င် အဲလိုနိုင်ငံရေးခေါင်းဆောင် တွေကို ထောင်ချပြစ်ဒဏ်ပေးပြီးတော့မှ ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပြောသလို သက်ဆိုင်သူအားလုံး ပါဝင်ရမယ်ဆိုတဲ့အချက်နဲ့ လုံးဝဆန့်ကျင်နေတာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ခြင်းမရှိတဲ့အတွက် ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ကို စစ်ပဒေသရာဇ်တွေရဲ့ စစ်ဖိနပ်အောက်မှာ ကျွန်ပြုခံရမယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာဖြစ်တယ်။ နအဖဟာ ၈၈ ခုနှစ်က ထုတ်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေကို အခုအမိန့်နဲ့ ပယ်ဖျက်လိုက်တယ်။ ဒီဥပဒေတွေကို ရှင်းလင်းချက် အကြောင်းတစုံတရာမရှိဘဲ ပယ်ဖျက်တယ်ဆိုတာမျိုးဟာ နောက်ထပ် ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာလည်း အဓိပ္ပာယ်မဲ့သွားတယ်။ ဥပဒေတွေကို ပုဂ္ဂိုလ်တဦးတယောက်က ပြဋ္ဌာန်းချင်တဲ့အချိန် ပြဋ္ဌာန်းမယ်၊ ပယ်ဖျက်ချင်တဲ့အချိန် ပယ်ဖျက်မယ် အဲလိုဆိုရင် ကျနော်တို့တိုင်းပြည်မှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ ဥပဒေ မမည်တော့ဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဆိုရင် ပေါ်လွင်ထင်ရှားစေတယ်။
မနိုးနိုးထက်စံ။ ။ မြန်မာအမျိုးသမီးများသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ (ဘီဒဗလျူယူ)
ဒီရွေးကောက်ပွဲ ဥပဒေထုတ်တော့မယ်ဆိုတာ သိတယ်။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုတာလည်း သိတယ်။ ရွေးကောက်ပွဲဥပဒေ ထုတ်ထုတ် မထုတ်ထုတ် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးတော့ လုပ်တဲ့အတွက် ဖြစ်တယ်။ တရားမျှတမှု ရှိတယ်လို့ သူတို့ဘယ်လောက်ပဲ ပြောပြော၊ ဘာကိုပဲ အခြေခံပြီးလုပ်လုပ် ၂၀၁၀ ရွေးကောက်ပွဲမဖြစ်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ထွက်လာတဲ့ ဥပဒေကိုလည်း စိတ်မ၀င်စားဘူး၊ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ပဲ ပြောချင်တယ်။
ခေတ်ပြိုင်သတင်းဂျာနယ်
Friday, March 12, 2010
နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ
Subscribe to:
Post Comments (Atom)
အကြမ်းအားဖြင့် ပြောရရင် စစ်အုပ်စုအမြဲပြောနေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ သွားမယ်ဆိုတဲ့အပေါ်မှာတော့ သူတို့ထုတ်တဲ့ ဥပဒေက ကိုက်ညီမှုမရှိဘူး။ တည့်တည့်ပြောရရင် ဒီမိုကရေစီကျင့်စဉ်နဲ့ မကိုက်ညီတာ တွေ့ရတယ်။ နောက်တချက်က နိုင်ငံရေး ဆိုင်ရာပါတီများ လွတ်လပ်ခွင့်ဆိုင်ရာနဲ့ပတ်သက်ပြီး မရှိတဲ့အခြေခံကို တွေ့ရတယ်။ သူတို့က တပါတီအာဏာရှင် စနစ်ဆန်ဆန်နဲ့ သူတို့လုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံမယ်ဆိုမှ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့်ရပြီးတော့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ပုဒ်မတွေအရ ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်လည်း စစ်မှန်တဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်မူဝါဒ သဘောထားတွေနဲ့ ကိုက်ညီတဲ့ မူဝါဒသဘောထားတွေ မရနိုင်ဘူး။ စစ်အုပ်စုက အသာစီးရပြီး သူအမြဲတမ်း လွမ်းမိုးကြီးကြပ်သွားနိုင်မယ့်၊ ပံ့ပိုးအားပေးမယ့် အနေအထားမျိုးပဲလို့ သုံးသပ်ပါတယ်။
သူတို့ဥပဒေအရ ကျမတို့က ဘယ်လိုပဲကန့်ကွက်ပါစေ သူတို့ဥပဒေကို ခေါင်းရှိုလက်ခံပြီး ၀င်ရမယ့်ပုံဖြစ်နေတယ်။ အဲလိုဝင်လိုက်ရင် ကျမတို့တောင်းဆိုနေတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ အလကားဖြစ်သွားမယ်။ သူတို့ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထောင်ကျနေသူ နိုင်ငံရေးအကျဉ်းသားတွေကို ပါတီကနေ ထုတ်ရမယ့်ပုံဖြစ်နေတယ်။ ကျမတို့က ၂၀၀၈ ခုနှစ် ဥပဒေကို တနည်းနည်းနဲ့ ပြင်ပေးပါဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ ပါတီမှတ်ပုံတင်ခွင့် ပြုသည်ဖြစ်စေ၊ စိစစ်သည်ဖြစ်စေ အန်အယ်လ်ဒီကို လုံးဝမှတ်ပုံတင်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို မသိကျိုးကျွန်ပြုပြီး နောက်ထပ်ရွေးကောက်ပွဲလုပ်မယ်ဆိုတာက လုံးဝအဓိပ္ပယ်မရှိဘူး။ ဒီရွေးကောက်ပွဲက ဖြစ်ပေါ်လာမယ့် အစိုးရဟာ တရားဝင်မှာမဟုတ်သလို နိုင်ငံတကာကလည်း လက်ခံမှာမဟုတ်ဘူး။
ပထမ နိုင်ငံရေးပါတီများ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေကို ကြည့်လိုက်ရင် နအဖစစ်အစိုးရက ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိတဲ့ ပုဂ္ဂိုလ်တွေလို့ ယူဆတဲ့လူတွေကပဲ ဒီကော်မရှင်မှာ ပါဝင်ရမယ်။ ကော်မရှင်ကို ဖွဲ့စည်းမယ်လို့ ပါတဲ့အတွက် သူ့စိတ်ကြိုက်ပဲဖြစ်တယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာလည်း ဒီပါတီ ဒီဖွဲ့စည်းပုံတွေအားလုံးကို လေ့လာလိုက်ရင် တားမြစ်ကန့်သတ်ချက်တွေ အများဆုံးက မှတ်ပုံတင်ခြင်းဥပဒေလို့ ပြောရမှာပဲ။ အဲဒီထဲမှာ အထူးသဖြင့် အန်အယ်လ်ဒီ အပါအ၀င် တည်ဆဲနိုင်ငံရေးပါတီ (၁၀) ပါတီဟာ ရက်ပေါင်း (၆၀) အတွင်းမှာ မှတ်ပုံတင်ရမယ်၊ မတင်နိုင်ရင် အလိုလိုပျက်ပြယ်မယ်လို့ ပြောထားပြီးဖြစ်တယ်။ ဒါကြောင့်မို့ အခြေခံဥပဒေကိုပဲကြည့်ကြည့်၊ ကောင်မရှင်ဥပဒေကိုပဲ ကြည့်ကြည့် ကန့်သတ်ဖိနှိပ်မှုတွေ အမြောက်အမြားနဲ့ ပြဋ္ဌာန်းလိုက်တာဖြစ်တယ်။ ပြန်ကြည့်ရင် အမျိုးသားညီလာခံကျင်းပတာ ဖြစ်ဖြစ်၊ ဒီဖွဲ့စည်းပုံဥပဒေကို ပြဋ္ဌာန်းရေးဆွဲတာပဲဖြစ်ဖြစ် အားလုံးဟာ နအဖစစ်အစိုးရ စိတ်ကြိုက်လုပ်ခဲ့တာဖြစ်တယ်။ အခုလည်း နအဖစိတ်ကြိုက် လုပ်မှာဖြစ်တဲ့အတွက် အခြားပုဂ္ဂိုလ်တွေ ပြောနေသလို အခွင့်အလမ်းတို့၊ ဒီမိုကရေစီတို့ဆိုတာ ဒီဥပဒေတွေအောက်မှာ မရှိဘူးဆိုတာ ရှင်းနေပါပြီ။ ကျနော်တို့ကတော့ ဒီဥပဒေတွေအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်သွားရမယ်လို့ ယူဆတယ်။
ရွေးကောက်ပွဲကော်မရှင်မှာ ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိတဲ့ ပုဂ္ဂိုလ်အဖြစ် နအဖက ယူဆသူဖြစ်ရမယ်လို့ပါတယ်။ အဲဒီအချက်က ဘာလဲဆိုရင် ရွေးကောက်ပွဲကော်မရှင် လူကြီးအားလုံးကို နအဖစိတ်တိုင်းကျ ဖွဲ့မယ်လို့ပြောလိုက်တာ ဖြစ်တယ်။ ဒီအချက်က ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းရှိပါဘူး။ ဒီဥပဒေတွေဟာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီတွေကို ဖျက်သိမ်းလိုက်ပြီး တရားမ၀င်တော့ဘူးလို့ ပြောလိုက်တဲ့ ဥပဒေတခုလို ဖြစ်နေတယ်။ ပါတီအသစ်တွေ ထောင်မယ်ဆိုရင်လည်း သူ့ရဲ့ပုဒ်မ (၆) ကို ခံဝန်ကတိပြုနိုင်တဲ့လူ ဖြစ်ရမယ်လို့ဆိုတယ်။ အဆိုးဆုံးကိစ္စကတော့ ၂၀၀၈ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ခံဝန်ကတိပြုကြရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူတရပ်လုံးကို ဒုက္ခပေးမယ့် ဥပဒေဖြစ်တယ်။ အဲဒါတွေကို ပြန်ပြင်ရမယ်လို့ တောင်းဆိုနေတဲ့အချိန်မှာ လုံးလုံးမပြင်ဘူး၊ ခေါင်းငုံ့ဒူးထောက်ပြီး ၀င်ကြ၊ ဒီလိုမှ မ၀င်ရင် ပါတီအဖြစ်လည်း အသိအမှတ်မပြုဘူး၊ ပါတီခေါင်းဆောင်အဖြစ်လည်း အသိအမှတ်မပြုဘူးလို့ ပြောတာဖြစ်တဲ့အတွက် လူထုနဲ့ အနိုင်ရပါတီကို စော်ကားမော်ကားလုပ်လိုက်တဲ့ ဥပဒေတွေဖြစ်တယ်။ ဒါကြောင့် ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ သဘောထားပေးတယ်။ တိုင်းပြည်ကို မီးဟုန်းဟုန်းတောက်နိုင်တဲ့အတွက် အခြေခံဥပဒေပြင်ရေးကိုသာ စောင်းပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။
ဒီရွေးကောက်ပွဲဥပဒေကို ကြည့်မယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ပြည်တွင်းစစ်မီးကို ပိုပြီးတောက်လောင်စေမယ့် ရွေးကောက်ပွဲ ဖြစ်မယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းမှုဖြေရှင်းမယ့် နည်းလမ်းဟာ သွေဖည်သွားပြီလို့ သုံးသပ်လို့ရတယ်။ ကျနော်တို့ကတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်တယ်။ ဒီဥပဒေကို ဘောလုံးစကားနဲ့ပြောရင် နအဖဟာ သူကျင်းပမယ့် ဘောလုံးပွဲကို သူပဲ ဒိုင်လုပ်မယ်၊ သူပဲ စည်းမျဉ်းစည်းကမ်းချမယ်၊ သူ့အသင်းနဲ့ပဲ ကန်ခိုင်းမယ်ဆိုတော့ ၀င်ကန်မယ့်လူဟာ ကိုယ့်ဂိုးကို ကိုယ်ပြန်သွင်းတာနဲ့ တူတူပဲ။ အဲဒီအရှုံးဟာ နအဖနဲ့ ရှုံးတာမဟုတ်ဘဲ တိုင်းသူပြည်သားအားလုံးရဲ့ အရှုံးဖြစ်သွားမယ်။
ဒီဥပဒေက အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်လို့မရအောင် လုပ်ထားတာတွေ့ရတယ်။ နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်လို့မရအောင်လည်း လုပ်ထားတယ်။ တရားသဖြင့်လုပ်တဲ့ ရွေးကောက်ပွဲလို့မမြင်ဘူး။ ကျနော်တို့ကတော့ တိုင်းပြည်ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းနေပေမယ့် သူတို့မှာ ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူး။ ထွက်လာတဲ့ ဥပဒေကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်မှာ ဆိုးကျိုးတွေကတော့ အများကြီး ဆက်လက်ကြုံတွေ့ရမှာ ဖြစ်တယ်။
ကျနော်တို့ကတော့ ကြေညာချက်ထုတ်ထားပြီးဖြစ်တယ်။ နအဖက အများပြည်သူလက်မခံတဲ့ ရွေးကောက်ပွဲကို သူ့သဘောနဲ့သူ လုပ်ရင် တရားမ၀င်တဲ့ ရွေးကောက်ပွဲပဲဖြစ်မယ်။ KNU ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဆက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကြိုးတွေကတော့ နအဖရဲ့တာဝန်ပဲ။
ဒီရွေးကောက်ပွဲဥပဒေ မထုတ်ပြန်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ပြီး ထောင်ချခဲ့တယ်။ ဒေါ်စု၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်အပါအ၀င် အဲလိုနိုင်ငံရေးခေါင်းဆောင် တွေကို ထောင်ချပြစ်ဒဏ်ပေးပြီးတော့မှ ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပြောသလို သက်ဆိုင်သူအားလုံး ပါဝင်ရမယ်ဆိုတဲ့အချက်နဲ့ လုံးဝဆန့်ကျင်နေတာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ခြင်းမရှိတဲ့အတွက် ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ကို စစ်ပဒေသရာဇ်တွေရဲ့ စစ်ဖိနပ်အောက်မှာ ကျွန်ပြုခံရမယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာဖြစ်တယ်။ နအဖဟာ ၈၈ ခုနှစ်က ထုတ်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေကို အခုအမိန့်နဲ့ ပယ်ဖျက်လိုက်တယ်။ ဒီဥပဒေတွေကို ရှင်းလင်းချက် အကြောင်းတစုံတရာမရှိဘဲ ပယ်ဖျက်တယ်ဆိုတာမျိုးဟာ နောက်ထပ် ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာလည်း အဓိပ္ပာယ်မဲ့သွားတယ်။ ဥပဒေတွေကို ပုဂ္ဂိုလ်တဦးတယောက်က ပြဋ္ဌာန်းချင်တဲ့အချိန် ပြဋ္ဌာန်းမယ်၊ ပယ်ဖျက်ချင်တဲ့အချိန် ပယ်ဖျက်မယ် အဲလိုဆိုရင် ကျနော်တို့တိုင်းပြည်မှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ ဥပဒေ မမည်တော့ဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဆိုရင် ပေါ်လွင်ထင်ရှားစေတယ်။
ဒီရွေးကောက်ပွဲ ဥပဒေထုတ်တော့မယ်ဆိုတာ သိတယ်။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုတာလည်း သိတယ်။ ရွေးကောက်ပွဲဥပဒေ ထုတ်ထုတ် မထုတ်ထုတ် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးတော့ လုပ်တဲ့အတွက် ဖြစ်တယ်။ တရားမျှတမှု ရှိတယ်လို့ သူတို့ဘယ်လောက်ပဲ ပြောပြော၊ ဘာကိုပဲ အခြေခံပြီးလုပ်လုပ် ၂၀၁၀ ရွေးကောက်ပွဲမဖြစ်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ထွက်လာတဲ့ ဥပဒေကိုလည်း စိတ်မ၀င်စားဘူး၊ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ပဲ ပြောချင်တယ်။
0 အကြံပြုခြင်း:
Post a Comment