ဝ အား နအဖ အင်အားသုံးခြေမှုန်းတော့မည်လော
ဝ ပြည်သွေးစည်းရေး တပ်မတော် ခေါင်းဆောင် ပေါက်ယူချမ်း နှင့် နအဖ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် တို့ တန့်ယန်း၌ တွေ့ဆုံ ဆွေးခဲ့သော်လည်း အပေါင်း လက္ခဏာမဆောင်ဘဲ စစ်ရေးအပြိုင်ဖြည့်တင်းလာ ခဲ့သည်။ “နအဖ ခြိမ်းခြောက်ထားတဲ့အတိုင်း တကယ် လုပ်မယ်ဆိုရင် ဒီလ 15 ရက် နောက်ပိုင်း တိုက်ပွဲ ဖြစ်နိုင်တယ်” - ဟု ၀စစ်ဘက် ရေးရာ အရာရှိ တဦးကပြော၏။
ဖေဖေါ်ဝါရီ 25 ရက် တန့်ယန်းတွေ့ဆုံပွဲပြီးနောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က ယူနန်ပြည်နယ် တရုတ်အာဏာပိုင်များ ထံ ယခုလစောစောပိုင်းက စာရေးအကြောင်းကြားခဲ့သည်ဟု ဆို၏။
http://www.mongloi.org/burmese/
1. ၀ တပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း တစုံတရာ လိုက်လျောခြင်းမရှိသည့်အပြင် ထိုင်းနယ်စပ်အခြေစိုက် ၀ တပ်ဖွဲ့များ၊ နအဖ ဖွဲ့စည်းပုံအရ မိုင်းယန်းမြို့နယ် မိုင်းဖျဲန် နှင့် မိုင်းပေါက်ဒေသ အခြေစိုက်တပ်များ အားလုံးရုပ်သိမ်းပေးရန်။
2. မတ်ခ်ျ 10 ထက်မကျော်ဘဲ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ချွင်းချက်မရှိ သဘောတူ လက်ခံရန်။ (ဧရာဝတီသတင်းဌာန ထုတ်ပြန်ချက်တွင်လည်း တရုတ်နိုင်ငံခြားရေးဌာန ၀မ်ကြားရူး မတ်ခ်ျ 4 ရက်နေပြည်တော်ရောက် စဉ် နအဖ တို့ ပြောကြားခဲ့သေးသည်ဟုဆို၏။)
3. နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် မတ်ခ်ျ 15 ရက်နေ့အထိ အကြောင်းမပြန်ပါက အင်အားသုံး တိုက်ခိုက်ကောင်းတိုက်ခိုက်ရလိမ့်မည်ဆို၏။
မတ့်ခ်ျ 3 ရက် နေ့တွင် ယူနန်ပြည်နယ် တာဝန်ရှိ တရုတ်ဆက်ဆံရေးအဖွဲ့ကလည်း ၀ ဌာနချုပ်ပန်ဆန်းသို့ ရောက်လာပြီး စစ်မဖြစ်ရေးအတွက် အပေးအယူအလျှော့အတင်းပြုပြီး ညှိနှိုင်းဆွေးနွေးအဖြေရှာကြပါရန်ပြောကြားတိုက်တွန်းခဲ့သေး သည်ဟု စုံစမ်းသိရှိရပါသည်။
“ နအဖ ဖွဲ့စည်းပုံက ကျနော်တို့ ၀ အမျိုးသားတွေအတွက် ဘာအခွင့်အရေးမှ ပေးမထားဘူး။ လုံးလုံး လက်ခံလိုက် မယ်ဆိုရင် အခွင့်အရေးဆိုတာဘာမှ ရှိမှာမဟုတ်ဘူး။ တိုင်းရင်းသား တန်းတူအခွင့်အရေးအတွက် ကျနော်တို့ဗမာပြည် ကွန်မြူနစ်ပါတီခေတ်ကတည်းက တိုက်ပွဲဝင်ခဲ့ကြတာဘဲ” - ဟု ၀ ထိပ်ပိုင်းခေါင်းဆောင် များက ပြန်လည်ပြောကြားကြောင်း အမည်မဖေါ်လိုသည့် ၀ အရာရှိတဦးကပြောပါသည်။“ လဆန်းပိုင်း 3-4 ရက်နေ့လောက်မှာ ဗမာတပ် တပ်မ 77 က စစ်အင်အားအချို့နဲ့ စားနပ်ရိက္ခာ အပြည့် ကားအစီး 100 ထက်မနည်း သုံးဖက်သုံးတန်ခွဲပြီး ၀ နယ်ခြားဘက် ဦးတည်သွားတယ်။ ညဘက်ဘဲခရီးထွက် တယ်၊သူတို့အပြောက က တော့ တပ်အပြောင်းအလဲတဲ့။ အမှန်တော့ တပ်မ 77 က အသစ်ထပ်တက်လာ တဲ့ တပ်တွေ” – ဟု လားရှိုးဒေသခံတဦးက ပြောပြပါသည်။လက်ရှိ ၀ ပြည်သွေးစည်းရေးတပ်မတော် ထိန်းချုပ်နယ်မြေ
တပ်မ 77 နှင့် 33 စစ်ယာဉ်တန်းသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးတွင် လမ်းသုံးသွယ်ခွဲ၍ ၀ နယ်ဘက် အသီး သီးခရီးဆက်ကြကြောင်း၊ (၁) လားရှိုး - သိန္နီ - ကွန်လုံ - ဟိုပန် (မိုင်းမော၊ နမ့်တစ် ၀ နယ် ၏ အနောက်မြောက်ဘက် တလွှား)၊(2) လားရှိုး - မုန်းယော် - တာ့ဆိုင်းလျဲန် (သံလွင်ကူးတို့ဆိပ်)၊ (3) လားရှိုး - နမ့်ပေါင့် - တန့်ယန်း (တာ့ကောင်း အက် မြစ်ကူးသံတား) လမ်းဘက်သို့ ဦးတည်နေသည်ဟုဆို၏။
“ဗမာ့စစ်တပ်က သူခြိမ်းခြောက်တဲ့ အတိုင်းတကယ်လုပ်ရဲမယ်ဆိုရင် 80% က တိုက်ဖို့များနေတယ်၊ အလ ကားသက်သက် ခြိမ်းခြောက်ရင်တော့ မပြောတတ်ဘူး။ အခု အခြေအနေက မပေါက်ကွဲရင်မပြီးဘူး” – ဟု အဆိုပါ အမည်မဖေါ်လိုသည့် ၀ အရာရှိကပြောပါသည်။
လက်ရှိအခြေအနေအရ နအဖတပ်က စားနပ်ရိက္ခာများလည်း အဆင်သင့် ပြင်ဆင်ထားကြောင်း တိုက်ပွဲ ဆင်နွှဲ မည်ဆိုပါက အမြန်ဆုံးအင်အားဖြည့်တိုက်ခိုက်နိုင်ရန်အတွက်ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ဆိုသည်။
ထို့အတူ 2009 နှစ်ဦးပိုင်းက စတင်ချဲ့ထွင်ပြင်ဆင်သည့် မိုင် 40 ခန့်ရှည်သော မိုင်းရှူး - တာ့ဝန်းနောင်း ကျောက်ခင်း လမ်းလည်း 80% ကျော်ပြီးစီ်းနေပြီဖြစ်ကြောင်း၊ အဆိုပါလမ်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ ခေတ်ကတည်းက ဖေါက်လုပ်ထားသော်လည်း နှစ်ပေါင်း 20 ကျော် လမ်းဟောင်းလမ်းပြတ်အဆင့်ထားပြီး ယခုမှပြန်လည်ပြုပြင်လာခြင်း သည် စစ်ရေးမဟာဗျူဟာအတွက် အသုံးပြုဖို့သာဖြစ်ကြောင်း သုံးသပ်သူများ က ပြောဆိုနေကြပါသည်။
“အခုကျောက်တွေ သဲတွေ အထပ်ထပ်ခင်းတယ်၊ ပြီးတဲ့အဆင့်ဖြစ်နေပြီ။ မိုင်းရှူးကနေ ကားမောင်းရင် 4 နာရီ လောက်ဘဲ သံလွင်မြစ်ကိုရောက်ပြီ၊ အဲမှာကားတွေတင်နိုင်တဲ့ သံလွင်မြစ်ကူးစက်လှေအကြီးစားလဲ 3 စင်းလောက်ရှိနေပြီ” - ဟု ဒေသခံများက ပြောပြပါသည်။
အဆိုပါလမ်းပိုင်းတည်ဆောက်မှုတွင် ဒေသခံလုပ်အားပေးခေါ်ခြင်းမပြုလုပ်ကြောင်း။ နေ့စဉ်လုပ်အားခ ငွေ ပေးချေပြီး (စစ်တပ်/သား နှင့် မိသားစုများသာငှားလုပ်သော) တရက် အလုပ်သမား 200-300 ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်ခ်ျ 3 ရက်ကလဲ အမည်မသိလူတစုက အဆိုပါလမ်းပြုပြင်ရေးတွင် အသုံးပြုသည့် လမ်းကြိတ်စက်တစီးမီးရှို့ဖျက်ဆီးခဲ့သေး သည်ဟု ဒေသခံများကဆက်ပြောပြပါသည်။
ဝ တပ်ဘက် ပြန်ကြည့်မည်ဆိုပါက ဖေဖေါ်ဝါရီ 25 ရက် တန့်ယန်း တွေ့ဆုံပွဲပြီးနောက် ပိုင်း နအဖ ဘက်စစ်ရေးပြင်ဆင် သကဲ့သို. ၀ ဘက်က လည်း အဆင်သင့်ပြင်ဆင်မှု ရှိနေကြောင်း ပန်ဆန်း ဒေသခံတဦးက ဤကဲ့သို့ပြောပြပါသည်။
“အရင်တုန်းက တပ်မဟာမှူးတွေက အလုပ်သိပ်မများရင် ဌာနချုပ်ဘဲလာနေလေ့ရှိတယ်လေ၊ အခုတော့ အဲလို မဟုတ်ဘူး။ ဗမာတပ်နဲ့မျက်နှာချင်းဆိုင်ဖြစ်တဲ့ နမ့်တစ်ဘက်၊ မန်းဆိုင်၊ မော်ဖှ၊ မိုင်းပေါက်၊ မိုင်းဖျဲန် ဘက်မှာအသင့်အနေအထား အတွက် ရှေ့တန်းစစ်မျက်နှာစာမှာဘဲ အချိန်ပြည့်သွားကွပ်ကဲနေကြတယ်”
ဝ နယ်တောင်ဘက်ပိုင်းတွင် စစ်ရေးပြင်ဆင်မှု မထင်ရှားသော်လည်း မြောက်ပိုင်းဌာနချုပ်နှင့် နအဖ ဆက်ရေးမပြေလည် သောကြောင့် စစ်ရေးအတွက်စိုးရိမ်နေရသည်ဟု မိုင်းတုံဒေသခံတဦးကလည်းပြော၏။
တောင်ပိုင်းဝ တပ်မှူးတဦးက အဆိုပါမိုင်းတုံဒေသခံအား နအဖ စစ်ယာဉ်တန်းများ ထူးထူးခြားခြား သံလွင်အရှေ့ ဘက်ခြမ်းသို့ကူးလာသည်ဟု သတင်းရလျှရချင်း မဆိုင်းမတွသတင်းပို့ပေးရန် အကူအညီတောင်း ထားသည် ဟုလည်းဆို၏။
“တကယ်လို့ ဗမာတပ်တွေ အမြောက်အများကူးလာရင် တကယ်တိုက်တော့မယ်ဆိုတဲ့သဘော။ သူတို. ၀ တပ်မိသားစု အချိန်မှီ အပြောင်းအရွှေ့ လုပ်နိုင်အောင်ပေါ့” - ဟု အဆိုပါ မိုင်းတုံဒေသခံက ပြောပြပါသည်။
တောင်ပိုင်း ၀ နယ်မြေ အမှတ် 171 စစ်ဒေသတွင် မိုင်းဆတ် မြို့နယ်ရှိ ၀မ်ဟုံ့၊ မိုင်းယွန်းဒေသ၊ မိုင်းတုံမြို့ နယ်ရှိ ဟွေ့အော့ နှင့် မိုင်းကျွတ်ဒေသများမှ မြောက်ပိုင်း ၀ နယ် တို. တပ်ရုပ်ပေးရန်။ ထို့အတူမြောက်ပိုင်း ၀ နယ်ရှိ(မိုင်းယန်း မြို့နယ်) မိုင်းဖျဲန် မိုင်းပေါက်ဒေသအားလည်း နအဖ ဖွဲ့စည်းပုံအတိုင်း ၀ ဘက်မှ တပ်ရုပ် ပေးရန်။ ထိုတောင်းဆိုချက် အတိုင်း ယခုလ 10 ရက်မှ 15 ရက်အတွင်း ၀ တပ်ဖွဲ့လိုက်နာခြင်းမရှိကအင်အား သုံးတိုက်ခိုက်နိုင်ခြေရှိသောကြောင့် ယခုကဲ့သို့ ရာဇဒဏ်ပေးလာခြင်းဖြစ်သည်။
တန်.ယန်းတွေ.ဆုံပွဲမတိုင်မီ နယ်စပ်လုံခြုံရေးအကြောင်းပြချက်ဖြင့် ၀ နယ်ထဲ တပ်မနှစ်ခု စေလွတ်မည်ဟုစစ်အစိုးရ ခြိမ်းခြောက်ချိန်မှစ၍ ၀ ပြည်သွေးစည်းရေး တပ်မတော်ကလည်း “မည်သည့် တပ်ဖွဲ့မဆို ၀ နယ်ထဲခြေတလှမ်းကျွံဝင် လာပါက မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ပစ်မိန့်ပေးထားတယ် ” - ဟု ၀ စစ်ဘက် ရေးရာ အရာ ရှိတဦးကလည်းပြောဖူး၏။
ဝ နယ်ခြားမျဉ်းတလျှောက် ပြီးခဲ့သည့် အပတ်က၀င်လာသည့် တပ်မ 77 အပြင် ပန်လုံ ဟိုပန်ဒေသ (၀ နယ်မြောက်ဘက် ပိုင်း) တပ်မ 99 ၊ တပ်မ 33 နှင့် 55 အချို့ကလည်း အပစ်ရပ်သျှမ်းပြည်တပ်မတော်နယ်မြေ အတွင်းတွင် ၀င်ရောက် နေရာယူထားပြီးဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
နအဖ ၏ 2008 ဖွဲ့ စည်းပုံတွင် ဟိုပန်၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ မိုင်းမော နှင့် ပန်ဆန်း 6 မြို့ နယ်အား ၀ ကိုယ်ပိုင် အုပ်ချုပ်ရဒေသတိုင်းအဖြစ် သတ်မှတ်ထားသည်။ သို့သော် တဘက်တွင်လည်း ရှိရင်း ၀ တပ် အင် 3 သောင်းခန့်အား တပ်ရင်း 5 ရင်း (တစ်ရင်းအင်အား 320 ယောက်) အထိ လျှော့ချပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်၊ထိုတပ်ရင်းတိုင်း တွင်လည်း နအဖ အရာရှိ အယောက် 30 ပါဝင်ရန် နအဖ က ကန့်သတ် ထားသည်။ ထိုဖိအားအတိုင်းလိုက်နာဆောက်ရွက် ရန်၊ သို့မဟုတ် အင်အားသုံး တိုက်ခိုက်မည် ဟု ဤကဲ့သို့ ဖိအားပေးလာခြင်းဖြစ်သည်။
အဆိုပါ ဖိအားပေးမှုအပေါ် ပေါက်ယူချမ်းခေါင်းဆောင်သည့် ၀ တပ်ဖွဲ့ကလည်း ၀ ပြည်သည် ပြည်ထောင်စု အစိတ် အပိုင်းတခုဖြစ်ကြောင်း၊ ခွဲထွက်ရန်လည်းဆန္ဒမရှိကြောင်း သို့သော် တန်းတူအခွင့်အရေးအရ ၀ အမျိုးသားတို့အတွက် လက်ရှိ ၀ နေထိုင်နေသည့်အတိုင်း ၀ ပြည်သတ်မှတ်ရန်၊ အသွင်ပြောင်းတပ်တွင် ထိပ်ပိုင်းခေါင်းဆောင်နေရာမှတပါး အခြားအရာရှိများ အုပ်ချုပ်ရေးယန္တရားအဖွဲ့များ လက်မခံသည့် အပြင် ၀ ပြည်သူ့ရဲတပ်ဖွဲ့ ပြည်သူ.စစ်တပ်ဖွဲ့ထားရှိရေး နှင့် ပင်စင်ယူမည့်ပုဂ္ဂိုလ် (5 နှစ် လစာ တခါတည်းပေးရန်) စားဝတ်နေရေးအတွက် နအဖ မှ တာဝန်ယူဖြေရှင်းပေးရန် -- ဟူသည့် အချက် 9 ချက် တောင်းဆိုထား သည်။
ဝ တို.၏တောင်းဆိုချက်များအားလုံး နအဖ က လုံးဝပါယ်ချထားပြီး 2008 ဖွဲ့စည်းပုံအတိုင်းဖြစ်မြောက်ရန် အတွက် တဘက်သက်ဖိအားပေးနေခြင်းဖြစ်သည်။
Monday, March 8, 2010
ဝ အား နအဖ အင်အားသုံးခြေမှုန်းတော့မည်လော
Subscribe to:
Post Comments (Atom)



0 အကြံပြုခြင်း:
Post a Comment