Thursday, December 31, 2009

31 DEC ဒိုင်ယာရီ

http://ifile.it/7znihkw31 Dec 2009 Diary

NDF bulletin Dec 2009

http://ifile.it/bejw1ftBul No.05 - Dec 2009

သိန်းတင်အောင်ဝန်ကြီးအောင်သောင်းအကြိုက်ရေးပေးထားတဲ့ စာ

(၁)

၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ဆွေးနွေးပွဲမှာလူငယ်ကျောင်းသားခေါင်းဆောင်တစ်
ဦးက ပြုလုပ်ခဲ့တာပါ။ဦးသုဝေရဲ့  ပါတီက မြန်မာ့အရေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာမဟုတ်ပါ။ အဲဒီကိစ္စအတွက် ဦးသုဝေ ပါတီမှာ ပြသနာတွေ အများကြီးဖြစ်ခဲ့ပါတယ်။ အဲဒီ့ပွဲမှာလည်း ဦးသုဝေရဲ့ ပါတီအတွင်းရေးမှူး ဦးရန်ကျော်က သူတို့ပါတီနဲ့ မဆိုင်ဘူး ဆိုပြီး ပွဲလာဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပါတီ ဒု ဥက္ကဋ္ဌ ဦးဘတင့်ဆွေကလည်း မ-ယ-က ကို တယ်လီဖုန်းဆက် တိုင်တန်းပြီး ချောက်ချ ခဲ့ပါတယ်။ ဦးသုဝေ က အဲဒီ့ပွဲ အောင်မြင်ခဲ့တာမှာ ခပ်တည်တည်နဲ့ သူ့ ပါတီက လုပ်သယောင်ယောင် မှေးလိုက်နေတာဖြစ်ပါတယ်။ ဒီပွဲကို လုပ်ဖို့ ကြိုးစားပေးခဲ့တဲ့ အဆိုပါကျောင်းသားမှာတော့ ဒုက္ခမျိုးစုံနဲ့ ကျန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေအတွက် သက်သေများစွာရှိပါတယ်။

(၂) ၂၀၀၉ ဒီဇင်ဘာ ၃၀ မှာ အဲဒီနာမည်ဆန်ဆန်ယူပြီး ခပ်တည်တည် ဖြီးဖို့ ကြိုးစားလာသူကတော့ သိန်းတင်အောင်ဖြစ်ပါတယ်။ သူဟာ နာမည်ကြီး အေးလွင်ပါတီက ဒုဥက္ကဋ္ဌဟောင်းဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ အေးလွင် နာမည်အကြီးအကျယ်ပျက်သွားတဲ့အချိန်မှာ တစ်ဘက်လှည့်နဲ့ ၈၈ ကျောင်းသားယောင်ဆောင်ပြီး န-အ-ဖ နဲ့ ဇာတ်တိုက် ပြီး အဖွဲ့ ထောင်ကာ အခုလို အယောင်ဆောင် ဆွေးနွေးပွဲကို လှုပ်ရှားတာဖြစ်ပါတယ်။ သိန်းတင်အောင်ရဲ့ န-အ-ဖ ကို မျက်နှာလိုမျက်နှာရလုပ်ပြီး အကြိုက် ၀ါဒဖြန့်ခဲ့တဲ့ဆောင်းပါးကိုဖတ်ရှူနိုင်
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည်သံအမတ်ကြီးမိခင်ဒေါ်ခင်ကြည်နှင့်အတူပြည်ပတွင်လိုက်လံနေထိုင်ပညာသင်ကြား
ပြီးအင်္ဂလန်သားနှင့်အိမ်ထောင်ကျလင့်ကစားမြန်မာနိုင်ငံသားအဖြစ်နှင့်သာနေထိုင်ခဲ့သူတဦးဖြစ်သည်။
မြန်မာနိုင်ငံသိုပြန်လာတိုင်းနိုင်ငံရေးသမားကြီးများထံသွားရောက်၍ဆွေးနွေးလေ့လာမှတ်သား၍မြန်မာ့နိုင်ငံရေး
ကိုလုံးဝမျက်ခြေမပြတ်ခဲ့သူလည်းဖြစ်ပါသည်။သိန်းတင်အောင်ရဲ့ န-အ-ဖ ကို မျက်နှာလိုမျက်နှာရလုပ်ပြီး အကြိုက် ၀ါဒဖြန့်ခဲ့တဲ့ ဆောင်းပါးမှာလိုရာကိုလောက်သာဆွဲ၍တိုက်ခိုက်ရေးသားထားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏သားများတွင်မြန်မာနာမည်ရှိသည်ကိုလည်းသူမသိရှာပါ။ယခင်ထဲက
ကမ္ဘာပေါ်တွင်လူမျိုးစုအသီးသီးရှိသလိုမိမိမျိုးနွယ်စုကိုထိန်းသိမ်းသည့်ဓလေ့ရှိပါသည်။ထိန်းသိမ်းသည့်ဓလေ့
နှင့်တိုင်းပြည်စီမံခန့်ခွဲရေးနဲနဲခွဲ၍နားလည်ရန်လိုပါသည်။အမေရိကန်လူမျိုးများ၏လူဖြူဝါဒသည်မြန်မာလူမျိုးကြီး
ဝါဒထက်အများကြီးပို၍ပြင်းထန်ပါသည်။လူမဲစပ်သည့်အိုဘားမား၏အဖေသည်နိုင်ငံခြားသားဖြစ်သည်။
သို့သော်အိုဘားမားသည်အမေရိကန်တွင်မွေး၍အရည်အချင်းရှိလျှင်သမ္မတဖြစ်ခွင့်ရှိသည်။အရင်ကဒါမျိုးမရပါ။
ဘတ်စကားပင်လျှင်အတူစီးခွင့်မရှိပါ။ခေတ်စနစ်တွေကပြောင်းလဲလာပါပြီ။ပီရူးတွင်လည်းဂျပန်လူမျိုးသမ္မတဖြစ်
ဖူးပါသည်။အဖြူတွေသည်မြန်မာတွေထက်စာလျှင်လူစောဖြစ်သူများဖြစ်သည်။စွန့်ပစ်သင့်သည်များကိုစွန့်ပြစ်
နေကြပါပြီ။မိမိမျိုးနွယ်နှင့်သာအိမ်ထောင်သားမွေးလုပ်သူရှိသလိုမိမိကြိုက်နှစ်သက်သူနှင့်အိမ်ထောင်သားမွေးသူ
များလည်းရှိသည်။ဒါကိုယ်ပိုင်အခွင့်အရေးဖြစ်သည်။နိုင်ငံသားတဦးအဖြစ်နိုင်ငံရေးတွင်ပါဝင်တာနှင့်မသက်ဆိုင်
ကြောင်းကမ္ဘာတွင်ခံယူတတ်နေကြပါပြီ။ကျွန်တော်တို့မြန်မာတွေလူဖြစ်တာတန်းတူဖို့လိုလာပါပြီ။
ဒေါ်စုသည်မြန်မာနိုင်ငံသားဖြစ်၍မြန်မာ့အရေးတွင်ပါဝင်ခွင့်ရှိသည်။ကျွန်တော်တို့တွေကမိုက်ကယ်အဲရစ်ကို
ဝန်ကြီးချူပ်အဖြစ်ခန့်အပ်နေခြင်းမဟုတ်။ဒေါ်စုကိုသာရွေးချယ်ခြင်းဖြစ်သည်။ဒေါ်စုကိုသာအရိုအသေပေးခြင်း
ဖြစ်သည်။ရင်ထဲမှာဒေါ်စုကိုမြန်မာနှင့်သာရစေချင်လင့်ကစားမယူနဲ့လို့ပြောခွင့်မရှိ။တပါးသူ၏ကိုယ်ပိုင်အခွင့်
အရေးကိုစွက်ဖက်ခွင့်မရှိ။ဒါကိုအကြောင်းပြ၍ရှေးရိုးစွဲဥပဒေသများဖြင့်ပစ်ပယ်လို့ကမ္ဘာကြီးကလက်မခံတော့ပါ။
စွန့်ပစ်သင့်တာကိုစွန့်ပစ်ရပါမည်။ထိုနိုင်ငံတွင်မွေးသောထိုနိုင်ငံသားသည်ထိုနိုင်ငံအပေါ်တွင်သစ္စာရှိ၍အကျိုးကို
စောင့်ရှောက်လိုသူဖြစ်ပါကထိုနိုင်ငံအရေးတွင်ပါဝင်ခွင့်ရှိသည်။ကိုယ်ပိုင်အခွင့်အရေးနှင့်မရောထွေးရန်အမြင်
ရှင်းရန်လိုအပ်ပါသည်။

ဒီစာက သိန်းတင်အောင် ဟာ အေးလွင်ဆီမှာ ဒု ဥက္ကဋ္ဌ တာဝန်ယူပြီး ၀န်ကြီးအောင်သောင်းအကြိုက်
ရေးပေးထားတဲ့ စာပါ။သာမန်လူတယောက်ကရေးတာလို့မမြင်ပဲတိုင်းပြည်ကိုပြည်သူကမဲပေးရင်အုပ်ချူပ်ခွင့်
ရမဲ့ပါတီကဒု ဥက္ကဋ္ဌ တယောက်ရေးတဲ့အတွေးအခေါ်ကိုလေ့လာကြည့်ကြပါစို့။
http://ifile.it/k7o19me
Ko Thein Tin Aung a So Pyu Chet Sar Tam