Tuesday, November 17, 2009

ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများ Upload တင်မှုကြောင့် ဘလော့ဂ်ဂါတဦး ထောင်ဒဏ်များစွာ ချမှတ် ခံရဖွယ်ရှိ




၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကြီး အတွင်း ရိုက်ကူး ခဲ့သော မှတ်တမ်း ဓာတ်ပုံ များကို အင်တာနက်တွင် Upload တင်ခဲ့ မှုကြောင့် မြန်မာ နိုင်ငံမှ Blogger တဦးသည် ထောင်ဒဏ် (၁၅)နှစ် အထိ ကျခံရရန် နီးစပ်နေကြောင်း သိရှိ ရသည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာသတင်းသမဂ္ဂတို့သည် ကိုဝင်းဇော်နိုင် လွတ်မြောက်ရေး နှင့် အခြားသော အဖမ်းဆီးခံ Blogger များအား လွှတ်ပေးရေး တို့အတွက် မြန်မာ စစ်အစိုးရထံ တောင်းဆိုလျှက် ရှိသည်။ နိုင်ငံတကာ အနေနှင့် မြန်မာ့အရေးကို ညင်သာစွာ ကိုင်တွယ် ဖြေရှင်းရန် ကြံစည် နေခြင်းအား အခွင့်ကောင်း ယူကာ မြန်မာ စစ်အစိုးရသည် နိုင်ငံတွင်း မတရား ဖိနှိမ်မှုများ ပြုလုပ်နေကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် မြန်မာသတင်းသမဂ္ဂတို့က ပြောဆိုလိုက်သည်။

လွတ်လပ်သော သတင်းပြန်ကြားမှု မရှိဘဲ လာမည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတသည်ဟု မည်သို့မျှ သတ်မှတ်နိုင်မည် မဟုတ်ကြောင်း ယင်းအဖွဲ့၂ဖွဲ့က ဆက်လက် ပြောကြားသွားခဲ့ပြီး၊ ကိုဝင်းဇော်နိုင်သည် အသက် (၂၄)နှစ်သာ ရှိသေးပြီး ပြီးခဲ့သော သီတင်းပါတ်များ အတွင်း ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်တွင် ရဲများက လာရောက် ဖမ်းဆီးသွားမှုကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် ရှေ့နေများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့သေးပဲ၊ ကိုဝင်းဇော်နိုင် သည် မြန်မာ စစ်အစိုးရ ပြဌာန်းထားသော အီလက်ထရောနစ် ဥပဒေအရ ထောင်ဒဏ် (၁၅)နှစ် အထိ ကျခံ ရဖွယ်ရှိနေပြီး ၎င်းသည် http://shwenyarthar.co.cc အမည်ရှိ ဘလော့ဂ် ၀ဘ်ဆိုဒ်တွင် ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများအား Upload တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။


Source

“သူရာထောင်ချောက်”




ခင်ငြိမ်းသစ်Tuesday, November 17, 2009
ရန်ကုန်မြို့မှာတော့ အလုပ်မရှိဈေးရောင်းဆိုတဲ့ အဆိုအမိန့်ကိုလိုက်နာကြတယ် ထင့်၊ နဲနဲလေးလူစည်တဲ့နေရာမှာ ဈေးသည်တွေဟာ ကြက်ပျံမကျပါပဲ၊ အဲဒီဈေး သည်တွေဆီကိုသွားတဲ့ (ဈေးဝယ်သူမဟုတ်) ပစ္စည်းငမ်းတဲ့ လူတွေကလည်း ကြိတ်ကြိတ်တိုးပါ။ ဒါပေမဲ့ တကယ်ရောင်းပန်းဝယ်ပန်းလှတဲ့ ဈေးသည်က အ နည်းစုပါ။ အဲဒီအနည်းစုထဲမှာ အရက်ရောင်းတဲ့လူတွေလည်း ပါတယ်လေ။ အရက်ရောင်းတဲ့ပုံစံတွေကလည်း အစုံပါပဲ၊ တချို့ကဟော်တယ်ကြီးတွေပေါ်မှာ ဘားကောင်တာတွေနဲ့ရောင်းတယ်။ ဒါလည် ရောင်းနေရတာပဲ၊ တချို့က ဘော လုံးပွဲရှိတဲ့နေ့ဆိုရင် ဟော်တယ်ဘားတွေမှာ အရက်သောက်ရင်း ဘောပွဲကြည့် ကြပါတယ်။ အရက်အကောင်းစားကို ငြိမ့်ငြိမ့်လေးသုံးဆောင်ရင်းနဲ့ ဘောလုံးပွဲ ကိုရင်ခုန်ခံစားကြတာပေါ့၊ တချို့ကြတော့ အရေးကြီးတဲ့ စီးပွားရေးကိစ္စတွေကို အေးအေးဆေးဆေး ဆွေးနွေးလို့ရတဲ့ ဟော်တယ်ဘားတွေကို ရွေးချယ်ကြ တယ်။ ဒါကတော့ ရန်ကုန်မြိုရဲ့လူနည်းစုပါ၊ တကယ့်ကို လက်တဆုပ်စာ လူ နည်းစုပါ။ ဒါပေမဲ့ ဒေါ်လာနဲ့ရှင်းရတဲ့ဘားတွေကတော့ ကိုက်ပါတယ်။ နောက်တမျိုးကတော့ ဘီယာစတေရှင်ပါ။ ဒါပေမဲ့ ကာရာအိုကေနဲ့တွဲဖွင့်ထားတဲ့ ဆိုင်တွေပေါ့၊ တချို့က မိန်းကလေးတွေပါ မွေးထား ပြီး လိင်ပါရောင်းချကြပါတယ်။ တချို့ကတော့ အဲဒီလိုမျိုး မလုပ်ကြပါဘူး၊ လုပ်တယ်လို့လဲ နာမည်ထွက်မှာစိုလို့ သီးချင်းဆိုတဲ့ကောင်မ လေးတွေကို ကားနဲ့လိုက်ကြို လိုက်ပို့လုပ်ပေးပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ အဲဒီလိုဆိုင်မျိုးတွေက တော်ရုံလူတော့ ဖွင့်လို့မရပါ ဘူး။ ပတ်သက်ရာပတ်သက်ကြောင်း စစ်အုပ်စုနဲ့အပေးအယူရှိမှ ရနိုင်တဲ့အခွင့်အရေးပါ။ ဒါတင်မကပါဘူး ရဲ၊ ကြံ့ဖွံ့ အစရှိသည်တို့နှင့် ပါ ဆက်ဆံရေးအသင့်အတင့်၊ အပေးယူအသင့်အတင့်တော့ ရှိရပါမယ်။ အဲဒီဆိုင်တွေကလည်း မဆိုးပါဘူး၊ ရောင်းရပါတယ်။ ဒါပေမဲ့ တခုတော့ရှိပါတယ်။ သီးချင်းဆိုတဲ့ ကောင်မလေးတွေက ခပ်မိုက်မိုက်နဲ့ ဆွဲဆောင်မှုရှိဖို့တော့ လိုပါတယ်။ ပြီးတော့ ပန်းကုံးစွပ်တဲ့ကိစ္စမှာ အဆင်ပြေချောမွေ့အောင် စီမံထားရပါမယ်။ ကာရာအိုကေ ခေတ်ဦး တုန်းကတော့ အဲဒီလိုဆိုင်တွေမှာဆိုနေရင်းနဲ့ အောင်မြင်တဲ့အဆိုတော်ဖြစ်သွားတဲ့ အမျိုးသား၊ အမျိုးသ္မီးတွေရှိခဲ့ဖူးပါတယ်။ အဲဒီဆိုင်တွေမှာလာပြီ စားသောက်ကြတဲ့လူတွေကတော့ လူလတ်တန်းစား သုံးနိုင်စွဲနိုင်တွေလည်းရှိသလို၊ ပျော်ချင်တဲ့၊ ပျော်တတ်တဲ့ ကြေးရတတ် အဖိုးကြီးတွေလည်းပါပါတယ်။ ဒီဆိုင်တွေမှာက ဘီယာအပြင် တန်ဖိုးကြီးအရက်မျိုးစုံကို ရရှိနိုင်ပါတယ်။ တချို့လုပ်ငန်း ရှင်တွေလည်း ပါမစ်ရဖို့အတွက် ရုံးကတာဝန်ရှိ အရာရှိကြီးတွေကို ဒီလိုဆိုင်တွေမှာ ဧည့်ခံကြရပါတယ်။ အရက်သောက်လိုက် ပန်းကုံး စွပ်လိုက်နဲ့ အရာရှိကြီးလုပ်သမျှကို လုပ်ငန်းရှင်က ကုန်ကျခံရတာကိုး၊ ပါမစ်လည်းရရော ကုန်ကျစရိတ်စုစုပေါင်းထဲမှာ ဧည့်ခံစရိတ်ပါ ထည့်လိုက်တော့ ပါမစ်ရဲ့တန်ဖိုးဟာ ဈေးတက်သွားပါတော့တယ်။ နောက်တမျိုးက ဘီယာစတေရှင်ပါပဲ၊ သိပ်အကြီးအကျယ်ကြီးတော့မဟုတ်ပါဘူး၊ ကာရာအိုကေလဲ မပါတာများပါတယ်။ ပါခဲ့ရင်လည်း DVD နဲ့ ကိုယ်ဖာသာကို air con ခန်းတွေမှာဆိုကြတာပါ။ စတိတ်ရှိုးပါခဲ့ရင်တောင် နေ့စဉ်မဟုတ်ပဲ စနေ၊ တနင်္ဂနွေ လောက်ကို ခပ်ပေါပေါအဆိုတော်တွေ ဆိုကြတာပါ။ အများအားဖြင့်တော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ များပါတယ်။ အဲဒီဆိုင်တွေကိုတော့ ပိုက်ဆံ ရှိတဲ့လူတိုင်း ဖွင့်နိုင်ပါတယ်။ ရဲကင်းကြေးပေးမယ်။ ကြံ့ဖွံ့ရန်ပုံငွေထည့်မယ်။ ရပ်ကွက်ဥက္ကဋ္ဌ အလှူငွေတောင်းရင်လည်း ပေးရပါ တယ်။ အဲဒီဆိုင်တွေလည်းမဆိုးပါဘူး ဝင်ငွေဖြောင့်ပါတယ်။ သူကဘီယာရောင်းမယ် ပြည်တွင်းဖြစ် အရက်မျိုးစုံရောင်းမယ်။ ဒီလိုဆိုင် တွေဘယ်လောက်များများ သူ့ဖောက်သည်နဲ့သူ အလုပ်ဖြစ်ပါတယ်။ နောက်တခုက ဘီယာစတေရှင်နဲ့ ဘိနဲ့ ရောဖွင့်ထားတာပါ။ ဒါမျိုး ကတော့ ပိုင်တဲ့လူရှိမှ ဖွင့်လို့ရမှာပါ။ သုဝဏ္ဏမြို့ပေါ် ဆန်းမှတ်တိုင်မှာဖွင့်ထားတဲ့ ဘီယာစတေရှင်က ရဲမှူးကြီးသမီး ပိုင်တာဖြစ်ပြီး၊ ကောင်မလေးတွေကိုဝင်ဖမ်းတာ တခါမှမတွေ့ဖူးပါဘူး။ ဆိုင်ကကောင်မလေးတွေက နေ့လည်ပိုင်းမှာစားပွဲထိုးလုပ်၊ ဆိုင်ရဲ့ ဝေယျာ ဝစ္စတွေလုပ်ပြီး ညရောက်မှ အော်ဒါလိုက်ကြတာပါ။ အဲလိုဆိုင်မျိုး တောင်၊ မြောက်လမ်းဆုံက ဗိုလ်ချုပ်သန်းရွှေ တူမပိုင်တဲ့ ဆိုင်လည်း ရှိပါတယ်။ ပြည်တွင်းမှာအလွန် အန္တရာယ်ကြီးလာတဲ့ HIV ၊ AIDS ရဲ့ ပင်ရင်းဌာနတွေထဲက တခုပေါ့။ ဆင်ခြေဖုံးတွေမှာ ဘီယာစတေရှင်တွေတော်တော်များများ ရှိပါတယ်။ အလုပ်လက်မဲ့များလေ ဆိုင်တွေမှာအရက်သောက်သူတွေများ လာလေပါပဲ။ ကျမ သူငယ်ချင်းရဲ့ သားလေးက ၁၀ တန်းအောင်ပြီး အလုပ်ဝင်လုပ်ပါတယ်။ သူ့အလုပ်မှာ တခါတရံ ဘီယာတိုက်တာ မျိုးတွေ ရှိပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ အလုပ်သမားတွေလျော့လိုက်တော့ အဲဒီကလေး ပါသွားပါတယ်။ အလုပ်တွေ ထပ်လျှောက်ပေမဲ့ အလုပ်မရတဲ့အခါမှာ ကလေးကစိတ်ဓါတ်ကျပြီး နေ့တိုင်းလိုလို ဘီယာဆိုင်မှာ သွားသောက်ဖြစ်နေပါတယ်။ ဒီလိုလူမျိုး ဒုနဲ့ဒေး ပါ။ ရပ်ကွက်ကျောင်းတွေရဲ့ ပတ်ပတ်လည်မှာ မြေကွက်အပိုတွေရှိနေ တတ်ပါတယ်။ အဲဒီအကွက်တွေမှာ ကြံ့ဖွံ့အဖွဲရဲ့ ရန်ပုံငွေအဖြစ် ဆိုင် ခန်းတွေဆောက်ပြီး ငှားတာရောင်းတာတွေ လုပ်ကြပါတယ်။ အဲဒီ် ဆိုင်တွေရဲ့ ဈေးနှုန်းတွေကမြင့်တော့ တော်ရုံလုပ်ငန်းရှင်တွေ ဝယ်ဖို့ ငှားဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ အခုလိုလုပ်ငန်းတွေ အရှုံးပေါ်နေ တဲ့အချိန်မှာ ဆိုင်အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို လျော့ချနေကြတာ ပါ၊ ဒီတော့ အမြတ်များတဲ့ အရက်ဆိုင်လုပ်ငန်းတွေကပဲ ငှားရမ်းကြ တာများပါတယ်။ ဒါကြောင့် ကျောင်းတွေရဲ့ပတ်ပတ်လည်မှာ စား သောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ ဝိုင်းနေပါတယ်။ ဆိုင်ပိုင်ရှင်တွေကလည်း စည်းမစောင့်ကြပါဘူး အဖြူ၊ အစိမ်းတွေနဲ့ ဘီယာဆိုင်ထဲဝင်ရင် မောင်းမထုတ်ပါဘူး၊ ရောင်းပေးလိုက်ကြ တာပါပဲ။ အထက်တန်းကျောင်းသားလေးတွေထဲမှာ အရက်ဘီယာသောက်သုံးမှုတွေ များလာပါတယ်။ ကျမတို့ ငယ်ငယ်တုန်းက အ ထက်တန်းကျောင်းမှာ အရက်မူးပြီးရစ်တဲ့ကျောင်းသားဆိုတာ မတွေ့ဖူး၊ မကြားဖူးပါဘူး။ အခုတော့ အထက်တန်းကျောင်းမှာ ကျောင်း သားတွေအရက်မူးလို့ ပြဿနာတက်တဲ့အကြောင်းတွေ ခဏ ခဏ ကြားနေရပါတယ်။ ကျမ စာသင်တဲ့ကလေးတွေ သူတို့အချင်းချင်းပြောနေတာကို ကျမ ကြားခဲ့ရတာပါ။ သူတို့က ရေသန့်ပုလင်းထဲကရေကို ဆေးထိုအပ်နဲ့ စုပ်ထုတ်ပစ်လိုက်ပြီး၊ အရက်ဖြူကို ဆေးထိုးအပ်နဲ့ပဲ ပြန်ပြီးစုပ်ထည့်လိုက်ပြီး စာသင်ခန်းထဲမှာ ခပ်တည်တည်နဲ့ ရေသောက်သလို သောက်နေတာတဲ့၊ ဒါနဲ့ ကျမက မနေနိုင်လို့ အဲဒါဘယ်နှစ်ယောက်လောက်ရှိလဲဆိုတော့ ခပ်ဆိုးဆိုးတွေကတော့ သောက်နေတာပဲ တဲ့ တိုင်းပြည်ရဲ့အညွန့်ဖူးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တတ်နေပြီဆိုရင် ဒီတိုင်းပြည်ရဲ့အနာဂတ်ဟာ ဘာတွေဖြစ် လာမလဲဆိုတာ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ နောက်တမျိုးကတော့ စာသောက်ဆိုင်တွေပါ။ အဲဒီအထဲမှာ အရက်ပုန်းဆိုင်တွေလည်း ပါဝင်ပြီး။ အစိုးရဖွင့်တဲ့ CS-4 ဆိုင်တွေလည်း ပါပါတယ်။ ကျမတို့ပြည်တွင်းမှာထုတ်လုပ်တဲ့ အပေါစားအရက်တွေကို ရောင်းချပေးတာပါ။ ပြည်တွင်းထုတ်အရက်တွေဟာ အမျိုးစား များသလို တံဆိပ်တွေလည်းအများကြီးပါပဲ။ ပြီတော့ အရက်ကြော်ငြာတွေကလည်း ဘယ်သွားသွားမလွတ်ပါဘူး။ အရက်ကိုတော့ ကြော်ငြာခွင့်ပြုထားပါတယ်။ အရက်ထုတ်လုပ်သူတွေဟာ စစ်အစိုရနဲ့ပက်သက်တဲ့ လူတွေချည်းပဲကိုး၊ ဒါမှမဟုတ်ရင်တော့ အရက်ခိုး ချက်တဲ့လူတွေဟာ ရဲကို တနင့်တပိုးပေးထားကြတဲ့ လူတွေချည်းပါပဲ။ ဒေါက်တာနေဝင်းက ကျမကိုပြောပြဖူးတယ်။ အရက်မှာ မီသိုင်းအယ်ကိုဟောနဲ့ အီသိုင်းအယ်ကိုဟောဆိုပြီး ၂ မျိုး ရှိတယ်တဲ့၊ မီသိုင်း ဟာ အဆိပ်ဖြစ်ပြီးတော့ သူချည်းပဲသောက်ရင် ချက်ချင်းကိုသေစေတယ်တဲ့၊ သန်စင်တဲ့အီသိုင်းရဖို့အတွက် အဆင့်ဆင့်ပေါင်းခံချက် လုပ်ရတာကြောင့် သန့်စင်တဲ့ အီသိုင်းဟာဈေးကြီးတယ်တဲ့၊ ဒါကြောင့် နိုင်ငံခြားအရက်တွေဟာ တန်ဖိုးကြီးနေတာပေါ့တဲ့၊ သန့်စင်တဲ့ အီသိုင်းဟာ လူကိုစွဲလမ်းတဲ့စိတ်ဖြစ်ပေါ်စေပေမဲ့ တဖြည်းဖြည်းပဲ စွဲလမ်းစေတယ်တဲ့၊ အလွန်အကျွံသုံးစွဲရင် အန္တရာယ်ဖြစ်နိုင်ပေမဲ့ limit သုံးစွဲရင်ကျန်းမာရေးကို ထောက်အကူပြုတယ်တဲ့။ ဒေါက်တာကိုယ်တိုင်က Grand Royal လို အရက်မျိုးကို limit နဲ့ သောက် တဲ့ သူပါ။ ဒါပေမဲ့ ပြည်တွင်းကထုတ်လုပ်တဲ့အရက်တွေဟာ သန့်စင်တဲ့ အီသိုင်းအဆင့်ကိုရောက်ဖို့ အတော်လိုသေးတဲ့အပြင် မီသိုင်းရာခိုင်နှုန်း တော်တော်များများ ပါဝင်နေပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်တုန်းက ရွှေပြည်သာမြို့နယ်အတွင်းကလူတွေ ဆေးရုံကို တရာကျော် ရောက်လာပါတယ်။ အားလုံးဟာအဆိပ့်သင့်တဲ့ လက္ခဏာတွေနဲ့ပါ အတော်များများလည်း သေဆုံးသွားပါတယ်။ စစ်ဆေးကြည့်တော့ မီိသိုင်းရာနှုန်း တော်တော်များများပါတဲ့ အရက်ကိုသောက်မိလို့တဲ့။ ဒီအဖြစ်ပျက်တွေမှာ လူတွေသေဆုံးကုန်ကြပေမဲ့ ဘယ်သူကိုမှ အ ရေးမယူသလို ဘယ်အရက်ဆိုင်ကိုမှ ပိတ်မပစ်ပါဘူး။ အရက်ဆိုင်တွေဆိုတာက ရဲတွေရဲ့ စီးပွားရေးစစ်မျက်နှာပြင်ဖြစ်ပြီး ကြံ့ဖွံ့တို့ ရပ်ကွက်ဥက္ကဋ္ဌတို့ရဲ့ငွေတွင်းလည်းဖြစ်ပါတယ်။ အရက် ဆိုင်ဆိုတာ သူတို့တတွေရဲ့ဒေါက်တိုင်ပါ။ ဒါကြောင့် ဘယ်လိုပြဿနာတွေဖြစ်ဖြစ် ဒေါက်တိုင်တွေကိုတော့ ရိုက်မချိုးကြပါဘူး။ ဗိုလ်ချုပ်ကြီးမောင်အေးဟာ အရက်ကြိုက်တဲ့သူအဖြစ် အလွန်နာမည်ကြီးပါတယ်။ တကယ့်အကောင်းစား အရက်တွေကိုသောက်ပြီး အသည်းဆရာဝန်တွေနဲ့ ထပ်တလဲလဲပြသပြီး သူရဲ့ကျန်းမာရေးကို စောင့်ရှောက်နေပေမဲ့၊ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးအ တွက် ပြည်တွင်းထုတ်အရက်တွေကို အရည်အသွေးစစ်ဆေးတာတို့၊ မြှင့်တင်တာတို့လုပ်ဖို့ကို စဉ်းကိုမစဉ်းစားတာကတော့ အသေအ ချာပါပဲ။ ပြည်တွင်းထုတ် အရက်ဖြူတွေဟာ အရမ်းကိုဈေးပေါပါတယ်။ တပုလင်းကို ၄၀၀ ကျပ် ပဲရှိပါတယ်။ အဲဒီအရက်တွေရဲ့ ပုလင်းခွံတွေပေါ်မှာ ပါဝင်ပစ္စည်းနဲ့ ရာခိုင်နှုန်းကို ဘယ်တော့မှ ဖော်ပြလေ့မရှိပါဘူး။ ဒါ့အပြင် ပြင်းအားကိုလည်း ဘယ်တော့မှ ဖော်ပြ မထားပါဘူး။ အဲဒီလို ဘာမှန်းမသိတဲ့အရက်တွေကို မော်ဒလ်မတွေက မလုံ့တလုံ ဝတ်ပြီး တုံးလုံးပက်လက်လှဲပြီး ကြော်ငြာကြပါတယ်။ အဲဒီ ကြော်ငြာတွေက ရန်ကုန် တမြို့လုံး အနှံအပြားပါပဲ။ ဘယ်စာပေစိစစ်ရေးကမှ မစိစစ်ပါဘူး။ ကြော်ငြာလွတ် လပ်ခွင့် ပေးထားပါတယ်။ နအဖ ဟာ ပြည်သူတွေရဲ့ဘဝကို အစီအစဉ်တကျ ဖျက်ဆီးနေတာပါ။ ပြည်သူတွေ ဆင်းရဲမွဲတေလေ၊ ပြည်သူတွေရဲ့ကျန်းမာရေး အဖက်ဖက်က ပျက်စီးနေလေ၊ သူတို့ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ခိုင်မြဲစေဖို့ ကျကျနနလုပ်ဆောင်နေတာက သေချာပါတယ်။ အရက်ဖြူထက် ပြင်းအားများပြီး၊ ဈေးလည်းပိုပေါတဲ့၊ အန္တရာယ်လည်းကြီးတဲ့ အရက် အမျိုးအစားတွေကိုလည်း ကြော်ငြာအားကောင်းကောင်းနဲ့ ရောင်းချပေးနေပါတယ်။ လစ်ကွာ၊ စပျစ်ဝိုင်၊ နာနတ်ဝိုင်၊ မကျည်းဝိုင်ဆိုတာတွေပါ၊ ဝိုင်ဆိုလို့ အပျော့စားလို့ မထင်ပါနဲ့ အဲဒီ အမျိုးအစားဟာ ဘီယာမတ်ခွက်တခွက်ကို အရက်ဖြူတပိုင်းနဲ့ညီမျှပါတယ်။ အရက်ဟာ ရေရောသောက်လို့ရပြီး လစ်ကွာတို့ဝိုင်တို့ ဟာ ရေရောဖို့မလိုတဲ့အတွက် ပြင်းအားတိုင်းရင် အရက်ထက်ပိုပြင်းအားများပါတယ်။ မြန်မာနိုင်ငံအနှံအပြားမှာ ကြော်ငြာမျိုးစုံနဲ့ တွင်တွင်ကျယ်ကျယ် ရောင်းချနေတာပါ။ တခွက်ကို ကျပ် ၁၅၀ ပဲ ကျသင့်တော့ ဈေးလည်းတော်တော်ပေါပါတယ်။ အဲဒီ ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေသူတွေကတော့ စစ်အုပ်စုနဲ့ပက်သက်ရာပက်သက်ကြောင်းတွေပါပဲ။ ဘယ်ကျန်းမာရေးဌာန ရဲ့ စစ်ဆေးချက် အာမခံချက်တွေ မရှိပါဘူး။ အရက်ကိုသောက်လိုက်တဲ့အခါ ဦးနှောက်ထဲကို အောက်ဆီဂျင်အရောက်နည်းသွားလို့ လူဟာ တဖြည်းဖြည်းမူးလာတာပါ။ အရက် ဟာ တဖြည်းဖြည်းချင်းပဲမူးပြီး၊ အဲဒီ လစ်ကွာဆိုတာကတော့ ချက်ချင်ဆောင့်ပြီး မူးလာလေ့ရှိပါတယ်။ ဦးနှောက်ထဲကို အောက်ဆီဂျင် အရောက်နည်းသွားအောင်လုပ်တဲ့ရာနှုန်းက လစ်ကွာကပိုများပုံရပါတယ်။ ဒါကြောင့် လစ်ကွာသောက်တဲ့လူတွေဟာ အာရုံကြောရော ဂါကိုပိုပြီး ဖြစ်စေပါတယ်။ ကျမရဲ့ မိတ်ဆွေတဦးဟာ အရက်ကို limit နဲ့ သောက်တတ်တဲ့လူပါ။ သူက လစ်ကွာတွေပေါ်လာတော့ ပိုဈေးချိုပြီး၊ ပိုမူးလို့ လစ်ကွာ ကို သောက်ပါတယ်၊ လစ်ကွာကိုသောက်ပြီး နောက်တနေ့ မနက်မှာ အာရုံကြောတွေဟာ ထိုင်းမှိုင်းနေတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ဆက်ပြီးသောက်ဖြစ်ပါတယ်။ ဒီလိုသောက်ရင်းကနေ အာရုံကြောရောဂါ စဖြစ်လာပြီး၊ ပြီးခဲ့တဲ့လက အာရုံကြောတွေ အလုပ်မ လုပ်ဘဲ သေတဲ့ရောဂါနဲ့ သေဆုံးသွားပါတယ်။ ဒီလိုလူမျိုးတွေ ဘယ်နှစ်ယောက်ရှိနေတယ်ဆိုတာ ကျမတို့ မသိရပါဘူး။ အရက်မူးလာတဲ့အခါမှာ တဖြည်းဖြည်းအသိစိတ်ပျောက်ပြီး မသိစိတ်ကလွှမ်းမိုးလာပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဒုစရိုက်အမှုတွေကို ကျူးလွန်ဖို့ ဝန်မလေးတတ်ပါဘူး။ အရက်မူးတဲ့ အခိုက်အတန့်မှာ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့်လည်း ပြစ်မှုကျူးလွန်တာတွေ၊ ဒုစရိုက်မှုတွေ ထူထပ်ပေါများလာပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ အရေးတော်ပုံမှာတွေ့ရပါတယ်။ သံဃာနဲ့ကျောင်းသား ပြည်သူတွေကိုပစ်တဲ့ ရဲတွေ၊ စစ်သားတွေဟာ တစုံတရာမူးနေပါတယ်။ သူတို့ဟာ မူးမူးရူးရူးနဲ့ အသိမဲ့ရန်လိုစွာ လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်နေတာ ကို တွေ့ရပါတယ်။ HAWK အဖွဲ့က ကိုအောင်ဆွေဦး (ကွယ်လွန်) ပြောပြခဲ့ဖူးတာက၊ သူတို့ ဝမ်းခမှာတိုက်ပွဲဖြစ်တုန်းက သူတို့အဖွဲ့က တောင်ကုန်းပေါ်က နေစီးပြီး ပစ်နေတာတဲ့၊ အောက်ကတက်လာတဲ့ နအဖ(န၀တ) ရဲဘော်တွေဟာ ကမူးရှူးထိုး အသိမဲ့ အတင်းတက်လာတယ်တဲ့၊ နောက်ဆုံး အပေါ်ကပစ်တဲ့လူက သနားပြီးမပစ်ချင်တော့ဘူးတဲ့ ကျဆုံးသွားတဲ့ရဲဘော် အတော်များများဟာ ကလေးစစ်သားတွေဖြစ် ပြီး အရက်တွေကိုမူးနေအောင် တိုက်ထားတယ်တဲ့။ အဆုံးသတ်တော့ နအဖ ဟာ သူရဲ့အာဏာခိုင်မြဲရေးအတွက် ပြည်သူတွေကို မှိုင်းအမျိုးမျိုးတိုက်ပါတယ်။ အရက်ကြိုက်သူတွေကို အ ရက်မှိုင်း၊ ငွေကြိုက်သူကို လောင်းကစားမှိုင်းတွေနဲ့ ဖျက်ဆီးထားပါတယ်။ သူတို့ ရည်ရွယ်ချက်ရဲ့အဆုံးသတ်ကတော့ အာဏာခိုင်မြဲ ရေးပဲ ဖြစ်ပါတော့တယ်။

ခင်ငြိမ်းသစ်

photo by: http://www.osmanart.net/paintings2005D.html
http://www.flickr.com/photos/gjik/2375449040/
http://www.irrawaddy.org

Post by... http://www.naytthit.com/articals/nov09/knt-nov17.html

ပြည်သူကို ပေးဆပ်ဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်



NEJ / ၁၇ နိုဝင်ဘာ၂၀၀၉

၂၀၀၁ ဇန်န၀ါရီ (၁) ရက်တွင် ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ (ကွယ်လွန်) နာယကအဖြစ် စတင်ဦးစီးတည်ထောင်ခဲ့သော နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။
မေး။ ။ ကိုကျော်သူအနေနဲ့ နာရေးကူညီမှုအသင်း လုပ်ကိုင်လာခဲ့တဲ့ (၉) နှစ်တာကာ လ အတွင်းမှာ အသင်းအနေနဲ့လုပ်ချင်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်သေးတဲ့ လုပ်ငန်းတွေ ရှိပါသလား။
ဖြေ။ ။ အသင်းအနေနဲ့ကတော့ ကျနော်တို့လုပ်ချင်တဲ့ အတိုင်းအတာတွေတော့ ရှိပါတယ်။ တချို့ဟာတွေက စည်ပင်က ခွင့်ပြုချက်မရတာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ ဒီထက်ပိုပြီး ပြည်သူလူထုအားလုံးကို အဆင်ပြေအောင် လုပ်ပေးချင်တယ်။ လုပ်ပေးချင်တဲ့ဆန္ဒတွေရှိတယ်။ ဒါပေမယ့် တချို့ဟာတွေတော့ ခွင့်ပြုဖို့ ငြိစွန်းနေလို့ ခွင့်မပြုတာတွေ ရှိတယ်။
မေး။ ။ မြောက်ဒဂုံကို ပြောင်းရွှေ့ခဲ့ရတဲ့ ကိုကျော်သူတို့ နာရေးကူညီမှုအသင်း ခြံဝင်းရှေ့မှာ (၅) ပေအကျယ်၊ (၅) ပေအနက် ရေမြောင်းမတူးလို့ အသင်းအဆောက်အဦကို ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုပြီး မြောက်ဒဂုံစည်ပင်က တရားစွဲဆိုမယ်ဆိုတဲ့ကိစ္စရော အခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လောလောဆယ်တော့ အဆောက်အဦ အသုံးပြုခွင့် သူတို့ချပေးလိုက်ပြီ။ မြောင်းကတော့ (၂) ပေတော့ ဖောက်ပေးရတာပေါ့လေ။ အမှုကိစ္စကတော့ သူတို့ တရားစွဲလို့မရဘူးလေ။ ကျနော်မသွားတဲ့အတွက် အမှုကို ဖွင့်ကို မဖွင့်လိုက်ရတာ၊ အမှုဖွင့်ခွင့်မရသွားဘူး။
မေး။ ။ ဒီလိုကိစ္စမျိုးတွေ ဖြစ်တာ နာရေးကူညီမှုအသင်းတခုတည်းပဲဖြစ်တာပါလား၊ ဘာကြောင့်လို့ထင်ပါသလဲ။ တခြားလူမှုရေးအသင်းအဖွဲ့တွေရော ဒီလိုပြဿနာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ တခြားအသင်းအဖွဲ့တွေတော့ ကျနော်မသိဘူး။ ကျနော့်အသင်းနဲ့ပတ်သက်တာပဲ လုပ်နေတယ်ဆိုတော့။ တခြားအသင်းတွေတော့ ဘာတွေဖြစ်နေလဲမသိဘူး။ ဒါပေမယ့် တချို့အဖွဲ့လေးတွေကတော့ ကျနော့်ဆီဖုန်းဆက်ပြီးတော့ ကျေးဇူးတင်ပါတယ်ပေါ့။ ကိုကျော်သူ အခုလိုအင်တာဗျူးတွေ လုပ်တဲ့အတွက် သူတို့လည်း တော်တော်အဆင်ပြေသွားတယ်လို့ ပြောတယ်။ အဓိကကတော့ ကျနော်တို့နာရေးကူညီမှုအသင်းကို ဖိအားပေးတယ်။ ကျနော်သိသလောက်ပေါ့လေ။ နောက် ဒီအသင်း ဦးဆောင်နေတာလည်း ကျနော်ဖြစ်နေတာကိုး။ အဓိကဦးဆောင်နေတဲ့ ကျနော်ရယ်၊ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ရယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်ရယ်ပေါ့၊ ဒီသုံးယောက်စလုံးက သံဃာ့ကိစ္စတုန်းက သံဃာတော်တွေကို ဆွမ်းကပ်တာတို့၊ ဆေးကပ်တာတို့ အအေးအချိုရည်ကပ်တာတို့ လုပ်ခဲ့တော့ ကျနော်တို့ကို မဲတယ်ထင်တာပဲ။
မေး။ ။ ဒါဆို အသင်းအနေနဲ့ တခြားဖြေရှင်းရတဲ့ အခက်အခဲ ပြဿနာတွေကော ရှိပါသလား။
ဖြေ။ ။ အသင်းစထူထောင်ကတည်းက စတာဆိုရင်တော့ အခေါင်းကိစ္စပေါ့၊ ကျနော်တို့က မှန်ခေါင်းသုံးတယ်။ မှန်ခေါင်းသုံးတယ်ဆိုတာက အောက်ကကတ်ပေါ်မှာ အလောင်းကိုတင်ပြီးတော့ မီးသင်္ဂြိုဟ်စက်ရောက်တော့မှ ကတ်နဲ့အလောင်းကိုပဲ မီးရှို့လိုက်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကာယကံရှင်တွေလည်း သက်သာတယ်၊ ပြီးတော့ သစ်ဖြုန်းတီးရာလည်း မရောက်ဘူး။ သစ်ခြွေတာရာလည်းရောက်တယ်ပေါ့။ အဲဒါကို ပထမပိုင်းက တော်တော်လေး ကန့်ကွက်ခံရတယ်။ အခေါင်းရောင်းသမားတွေက အခေါင်းတွေ ရောင်းခွင့်မရလို့၊ ရောင်းအားကျလို့ဆိုပြီးတော့ အမျိုးမျိုး ပြဿနာလုပ်တာပေါ့လေ။ လူမြင်ကွင်းကြီးမှာ မကောင်းဘူး၊ မှန်ခေါင်းကြီးနဲ့သယ်တာတို့ ဘာတို့ပေါ့၊ အဲဒါမျိုးတွေ အမျိုးမျိုးအပြောခံရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဖြေရှင်းခဲ့ရတာပေါ့လေ။ နောက် အသေးအမွှားတွေကတော့ အများကြီးပဲ၊ ပြောလို့ကုန်မှာမဟုတ်ဘူး။အခေါင်းကိစ္စကတော့ ဒီအတိုင်း ခန်းမထဲမှာထားရင်လည်း သူတို့ဒီအတိုင်း ဇာခြင်ထောင်ကြီးအုပ်ထားပြီးမှ အခေါင်းထဲထည့်သယ်တာပဲ။ ကျနော်တို့က မှန်ခေါင်းထဲမှာ ကြည့်ကောင်းအောင်ထားတယ်။ ပိုပြီးတော့တောင် သားနားအောင် ကျနော်တို့က ထားတယ်။ သယ်တဲ့အခါကျမှ ကတ္တီပါအစအနီရောင်ကို ဖုံးပြီးတော့ ကျနော်တို့က မီးသင်္ဂြိုဟ်စက်ထဲကို သယ်သွားတယ်၊ အဲဒါပိုပြီးတော့တောင် ခမ်းခမ်းနားနားဖြစ်သေးတယ်။ အခု သူတို့ ဘာမှပြောလို့မရတော့ဘူး။ အခုလည်း ဒီအတိုင်းပဲ လုပ်ပါတယ်။
မေး။ ။ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တယောက်ဖြစ်တဲ့ ကိုကျော်သူအနေနဲ့ ဒီနာရေးကူညီမှုလုပ်ငန်းတွေနဲ့ ကိုယ့်ရဲ့အနုပညာ လဲလိုက်ရသလိုဖြစ်နေတော့ နာရေးကူညီမှုအသင်းနဲ့ အနုပညာအလုပ် ဘယ်ဟာကို ကိုကျော်သူ ရွေးချယ်လုပ်ကိုင်သွားမလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်ကတော့ ရုပ်ရှင်အလုပ်ကို မလုပ်တော့ဘူး။ ကျနော်ဆုံးဖြတ်ထားတာ။ ရုပ်ရှင်ရိုက်ခွင့်ပြုရင်တောင်မှ ကျနော်က သမိုင်းအစစ်အမှန်တို့၊ biography တို့ အဲလိုရိုက်တဲ့ဟာမျိုးပဲ ကျနော်က ရိုက်တော့မယ်။ သမိုင်းအစစ်အမှန်ကိစ္စတွေပဲ ကျနော်ရိုက်မယ်။ နာရေးကူညီမှုအသင်းကလည်း ဘဘဦးသုခက အဓိကပေါ့။ ဘဘဦးသုခက နာရေးကူညီမှုအသင်းလုပ်မယ်ဆိုတော့ အဲဒီအချိန်မှာ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ကလည်း သူ့အဒေါ်က မန္တလေး ဗြဟ္မစိုရ်အသင်းမှာ အဖွဲ့ဝင်ပေါ့လေ။ ရွှေဇီးကွက်ကလည်း လုပ်ချင်တယ်။ ဘဘလုပ်မယ်ဆိုတာနဲ့ ကျနော်တို့ သွားငွေလှူပြီးတော့ စပြီးလုပ်ဖြစ်သွားတာပါ။ အဲလိုလုပ်ဖြစ်ရင်းနဲ့ ဘဘကလည်း မကြာမကြာ ဆုံးမတယ်။ ကျော်သူတဲ့၊ မင်းလိုအနုပညာသမားတယောက်လုပ်မှ လူမှုရေးကိစ္စက အောင်မြင်တာတဲ့၊ မင်းလုပ်မှဖြစ်မယ်တဲ့၊ မင်းပြည်သူကို ပြန်အလုပ်အကျွေးပြုရမယ်ဆိုတာနဲ့ အခုအချိန်အထိ ပြည်သူကို အဲဒါနဲ့ ပြန်ပေးဆပ်နေတာပါ။
မေး။ ။ အခု လုပ်နေတဲ့ နာရေးကူညီမှုအသင်း လုပ်ငန်းအပေါ် ဘယ်လိုသဘောထားပါသလဲ။
ဖြေ။ ။ ဒီလုပ်ငန်းဟာ အင်မတန် မွန်မြတ်တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ဒီ့ပြင် လူမှုရေးလုပ်ငန်းနဲ့မတူဘူး။ သူက တကယ့်ကို လူတွေရဲ့အပူမီးကို ကျနော်တို့က ငြိမ်းပေးရတာ။ သေဆုံးသွားတဲ့အိမ်ရောက်ပြီဆိုရင် ကျနော်တို့ကို တွေ့ပြီဆိုရင် သူတို့ကြေကွဲတာတွေ တော်တော်လျှော့သွားတယ်။ နောက် ကျနော်တို့ကိုယ်တိုင် ဖေးဖေးမမနဲ့ အလောင်းကိုသယ်၊ သင်္ဂြိုဟ်ပေးဆိုတော့ သူတို့လည်း တော်တော်လေးကို စိတ်ကျေနပ်မှုရှိတယ်။ ဒါဟာ ကိုယ့်အတွက်လည်း ကုသိုလ်အရမ်းရတယ်၊ အဖိုးမဖြတ်နိုင်တဲ့ ပီတိရတာပေါ့လေ။
မေး။ ။ အသင်းအနေနဲ့ ရည်မှန်းချက် ပြည့်ဝအောင်မြင်တယ်လို့ ဆိုနိုင်ပါသလား။
ဖြေ။ ။ အခြေအနေကတော့ လိုပါသေးတယ်။ ကျနော်တို့ လုပ်ချင်တဲ့အတိုင်းအတာတွေ အများကြီးရှိပါသေးတယ်။ နာရေးတခုတင် မဟုတ်ဘူး။ ကျနော်တို့က ဆေးကုသမှု ဖြစ်တဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာပါ ဖွင့်ထားတာကိုး။ ကျန်းမာရေးချို့တဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အလကားအခမဲ့ တရက်ကို အယောက် (၂၀၀) လောက် ကျနော်တို့ ကုပေးနေရတယ်။ အဲဒီဘက်အပိုင်းမှာ ကျနော်တို့က လုပ်ပေးရဖို့တာဝန်ရှိတယ်။ ဒါကတော့ ဘယ်အစိုးရပဲတက်တက်၊ ဘယ်အစိုးရပဲ အုပ်ချုပ် အုပ်ချုပ် ကျနော်တို့ကတော့ ဒီနာရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စကို အဓိကထားပြီး ပေးဆပ်သွားမယ်ဆိုတာ ဆုံးဖြတ်ထားပါတယ်။
မေး။ ။ သုခဆေးခန်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဆေးခန်းကလည်း အခု လူနာများတယ်။ အရင်သင်္ကန်းကျွန်းတုန်းကဆိုရင် နည်းတယ်။ အခု လူနာလည်း များလာပြီးတော့ volunteer ဆရာဝန်တွေဆိုလည်း အယောက် (၄၀) ကျော်လောက်ရှိလာတယ်။ ဒီဆရာဝန်တွေရဲ့ ကျေးဇူးကြောင့်လည်း အခုလိုဆေးခန်းဖွင့်နိုင်တာပေါ့လေ။ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ဒီဆရာဝန်တွေရဲ့ အခမဲ့ကုသပေးမှုအတွက် ကျနော်တို့ကလည်း တဆင့်ပြန်ပြီး ပြည်သူကို ထောက်ပံ့ပေးနေတာပေါ့။
မေး။ ။ အဓိက ဘယ်လိုရောဂါမျိုးတွေကို လက်ခံကုသပေးနေပါသလဲ။
ဖြေ။ ။ အဓိကအနေနဲ့ ဒီမှာ မျက်စိကုပေးတယ်၊ မျက်စိတိမ်ခွဲတာမျိုးပေါ့။ မျက်စိခွဲပေးတယ်၊ အရေပြားကြည့်ပေးတယ်၊ အရိုး အကြော ကြည့်တယ်၊ သားဖွားနဲ့ မီးယပ်ရှိတယ်၊ ကလေး အထူးကုရှိတယ်၊ နောက်အထွေထွေပေါ့။ ultrasound စက်ရှိတယ်၊ နောက် ဓာတ်မှန်စက်အတွက် အဆောက်အဦဆောက်ခွင့် ထပ်လျှောက်ထားတယ်။ ဆောက်ခွင့်ရရင် ဓာတ်မှန်စက်ထည့်မယ်။ အခုလောလောဆယ်တော့ ဓာတ်မှန်ရိုက်မယ်ဆိုရင် ကျနော်တို့က နီးစပ်ရာဆေးခန်းနဲ့ ဆေးရုံတို့မှာပဲ လူနာက သူ့ဖာသာ သွားရိုက်ပြီးတော့ အဲဒီက ဖြတ်ပိုင်းနဲ့ ဓာတ်မှန်ပြားပြရင် ကျနော်တို့က ငွေရှင်းပေးလိုက်တယ်။ အခု ကိုယ်ပိုင်ဓာတ်မှန်တော့ လုပ်ဖို့ရှိတယ်။ နောက် သွားဆေးခန်းပါ ဖွင့်ထားပါတယ်။
မေး။ ။ အသင်းကို ဘယ်လိုရပ်တည် လည်ပတ်နေတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်တို့ရဲ့ အန်ဂျီအိုအဖွဲ့ကတော့ ကမ္ဘာပေါ်မှာတောင် ရှိမယ်မထင်ဘူး။ proposal တင်ပြီးတော့ ရပ်တည်တဲ့အသင်း မဟုတ်ပါဘူး။ ကျနော်တို့က တကယ့်မြန်မာပြည်သူပြည်သားတွေ၊ နိုင်ငံခြားရောက် မြန်မာလူမျိုးတွေ၊ တချို့နိုင်ငံခြားသားတွေက ကျနော်တို့ရဲ့လုပ်ရပ်ကို သဘောကျပြီးလာလှူတယ်။ လှူတဲ့ရန်ပုံငွေ အလှူငွေကို ကျနော်တို့က စနစ်တကျဘဏ်မှာထားပြီးတော့ စနစ်တကျသုံးစွဲတယ်။ အဲဒီ အလှူငွေနဲ့ ကျနော်တို့က ရပ်တည်နေတာပါ။ နာရေးကူညီမှုအသင်းက ၂၀၀၁ ခုနှစ် စကတည်းက အခုအချိန်အထိ ပိုက်ဆံတပြားတချပ်မှ မယူဘဲနဲ့ ကျနော်တို့ လုပ်ခဲ့ရတာ။ အခု နာရေးကိစ္စ လုပ်နေတာလည်း အသင်းက ကိုယ့်ကားနဲ့ ကိုယ့်ဓာတ်ဆီနဲ့ကိုယ် သွားတယ်။ ထမင်းစားလည်း ကိုယ့်စရိတ်နဲ့ကိုယ် စားကြတာ။ ကျနော်တို့က လခစားလည်း မဟုတ်ဘူး။
မေး။ ။ နာရေးကူညီမှုအသင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ရော လုပ်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ ကျနော်တို့အသင်းကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဆိုပြီး တသင်းပဲရှိပါတယ်။ ကျနော်အနေနဲ့ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျနော်လိုက်ဖွင့်ပေးတဲ့ မြို့တွေ ရွာတွေအားလုံးဆိုရင် (၅၀) ကျော်လောက်ပြီ။ ကျနော်အသက်ထက်တောင် များသွားပြီ။ ဒါပေမယ့် အဲဒီမြို့တွေက အသင်းတွေက ကျနော်တို့ရဲ့ လက်အောက်ခံလည်းမဟုတ်ဘူး၊ သူတို့ဘာသာသူတို့ ကျနော်တို့ကို အားကျပြီး ဖွင့်တာပေါ့လေ။ သူတို့မြို့တွေ၊ ရွာတွေမှာဖွင့်တယ်ဆိုရင် သူတို့မြို့သူမြို့သားတွေက အယူသီးတာတွေများတယ်။ ဗမာပြည်သူလူထုက အယူသီးတာ ပပျောက်ဖို့အတွက် ကျနော့်ကိုခေါ်တယ်၊ မင်းသားကိုယ်တိုင်လာပြီးတော့ အလောင်းထမ်းပေးတယ်၊ သင်္ဂြိုဟ်ပေးတယ်၊ သူတို့ရှေ့မှာလုပ်ပြတယ်။ ညဘက်ဆို ကျနော်တို့က အယူသီးတာပပျောက်ဖို့အတွက် ဟောပြောပွဲမျိုး လုပ်ပေးတယ်။ အဲလိုလုပ်ပေးတော့ သူတို့လည်းကျေနပ်သွားတယ်။ အဲလိုမျိုး ကျနော်လိုက်ဖွင့်ပေးရတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းကျ ကျနော်ခရီးသွားရတာ မလွတ်လပ်တော့ဘူး။ ဒါကြောင့် ကျနော့်ကို ဖိတ်တဲ့မြို့တွေ ကျနော်မသွားနိုင်တော့ဘူး။ ပြီးခဲ့တဲ့ (၃) နှစ် လောက်အထိတော့ ကျနော်တောက်လျှောက်လိုက်ဖွင့်ပေးထားတယ်။
မေး။ ။ ပြည်သူတွေကို အမှတ်တရစကား ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့ အခုအချိန်မှာ အသက် (၅၀) ဖြစ်ပြီ။ ရုပ်ရှင်ရိုက်ခဲ့တာဆိုလည်း (၂၅) နှစ်လောက် ရှိသွားပြီ။ အဲဒီအတွင်း ပြည်သူတွေ ကျနော်ကိုအားပေးတဲ့ငွေနဲ့ ကျနော်မိသားစုရပ်တည်ဖို့အတွက် ကျနော်လုပ်ခဲ့ပြီးပြီ။ ကျနော့်မှာ ပြည်သူကိုပြန်ပေးဆပ်ရမယ့် တာဝန်ရှိတယ်။ ပြည်သူကိုပေးဆပ်ရမယ့် တာဝန်အရရော၊ ကျနော်ရဲ့စေတနာရော၊ ကျနော်ရဲ့ အရင်ဘ၀က ဘာလုပ်ခဲ့လို့လည်းတော့ မသိဘူး၊ အခုအချိန်အထိ ခပ်ရိုင်းရိုင်းပြောရရင် အရင်တုန်းကတော့ ရုပ်ရှင်မင်းသားပေါ့၊ အခုဟာကတော့ မသာမင်းသားဖြစ်နေတာပေါ့လေ။ အဲဒီလိုပဲ ဒီဟာနဲ့ပဲ ပြည်သူကိုပေးဆပ်ဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်။

http://www.khitpyaing.org/interviews/Nov09/171109.php




17 Nov ဒိုင်ယာရီ

http://ifile.it/t234d5r
nov 17 09 Diary


< ရှမ်းနှစ်သစ်ကူးပွဲတော် ချင်းမိုင်တွင် ဆင်နွှဲ (ရုပ်သံသတင်း)
ဗီဒီယို
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ နိုဝင်ဘာလ 17 ရက် 2009 ခုနှစ် 19 နာရီ 16 မိနစ်

မြန်မာဒုက္ခသည်တွေအကြား ဘင်္ဂလား စာရင်းကောက် (ရုပ်သံသတင်း)
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ နိုဝင်ဘာလ 17 ရက် 2009 ခုနှစ် 14 နာရီ 28 မိနစ်

၈၈၈၈ ပြည့်သူ့ သတင်းစဉ် (Novenber16)

http://ifile.it/7e5na3c8888 peoplepower Novenber16

ဦးသန်းရွှေသို့ဒေါ်အောင်ဆန်းစုကြည်ပေးပို့သောစာအန်အယ်ဒီအတည်ပြု

http://ifile.it/xewk1qg
NLD Confirm Latter to SPDC