တပ်မတော်ဆေးတက်ကသိုလ် မင်္ဂလာဒုံက ကျောင်းအုပ်ကြီး ဗိုလ်မှုးချုပ်ထွန်းနေလင်းဟာ သူ့လက်အောက် ဦးစီးအရာရှိတွေကနေတဆင့် လာဘ်စားမှုတွေကိုပြုလုပ်နေပါတယ်။ အထူးသဖြင့် တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးသန်းဝင်းကနေ တဆင့် ဗိုလ်လောင်းတွေအပေါ်မှာ မမြတ်ထုတ်နေတာဖြစ်ပါတယ်။ ဗိုလ်လောင်းတွေကို အထက်က ချပေးတဲ့ ထောက်ပံ့ကြေးတွေအတိုင်းကျွေးမွေးရမယ့် အစား၊ ဘဲဥပြုတ်၊ ဆန်ကွဲတွေ၊ စပါးလုံးတွေနဲ့ပြည့်နေတဲ့ ထမင်းကြမ်းများ၊ ကြောင်ကြွေးလို့တောင် မစားတဲ့ငါးခြောက်လေးတွေနဲ့ ကျွေးမွေးပြီး၊ အဲဒါတွေအတွက် ချပေးတဲ့ပိုက်ဆံတွေထဲက ပိုတဲ့ငွေတွေဟာ တစ်လတစ်လကို သိန်း ၈၀ ကနေ ၉၀ ကြားကျန်ပါတယ်။ ဒီအကြောင်းတွေကို ဗိုလ်လောင်းတွေက တိုင်မှာစိုးလို့ မတိုင်ရဲအောင် စည်းကမ်းထိန်းသိမ်းတယ်ဆိုပြီး အနိုင်ကျင့်မှုတွေလုပ်နေပါတယ်။ တစ်ချို့အရာရှိတွေဆိုရင် ဗိုလ်လောင်းတွေကို ကိုယ်ထိလက်ရောက် ထိုးကြိတ်နေတယ်ဆိုတာကို အထိုးခံရတဲ့ ဗိုလ်လောင်းမိဘတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အဆိုးဆုံးကတော့ ဗိုလ်လောင်း အသစ်တွေခေါ်ယူတဲ့အချိန်ဟာ ကျောင်းအုပ်ကြီးအတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဗိုလ်လောင်းဝင်ခွင့်ဖြေမယ့် ကျောင်းသား မိဘတွေဆီက ဗိုလ်လောင်းပါအောင်လုပ်ပေးမယ် သိန်း၂၀ ပေးပါဆိုပြီး တောင်းခံအာမခံထားပြီး၊ ဗိုလ်လောင်းရွေးတဲ့အထဲမှာ မပါတဲ့အခါကျတော့ ခင်ဗျားသားက အရပ်ပုလို့၊ လေ့ကျင့်ခန်းစမ်းစစ်မှုမအောင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ငွေလိမ်လည်မှုတွေကိုပြုလုပ်နေပါတယ်။
အဲဒါတွေကတော့ ဗိုလ်လောင်းမိဘတွေရဲ့ ရင်ဖွင့်စကားပါ။
ဇင်ဇင်အောင်.
Thursday, November 5, 2009
့ ခင်ဗျားသားက အရပ်ပုလို့၊
၁၉၇၄ ခုနှစ်၊ ဦးသန့် ဈာပန အရေးတော်ပုံ သမိုင်းမှတ်တမ်း
"အခု မကြာခင်မှာ ဦးသန့် အရေးအခင်း နှစ်ပတ်လည်လည်း ရောက်လာတော့မှာပါ။ မပျိုလည်း ဦးသန့် အရေးအခင်းကို မမီခဲ့ပါဘူး … စုဆောင်းထားတဲ့ မှတ်တမ်းတွေရယ် … ဦးသန့် အရေးအခင်းမှာ ကိုယ်တိုင် ပါဝင်ခဲ့လို့ ဖမ်းခံရပြီး ထောင် ၇ နှစ် ကျခဲ့တဲ့ ဦးလေးရဲ့ ပြန်ပြောချက်တွေကို နားရည် ဝနေတာရယ် စုပေါင်းပြီး သမိုင်းမှတ်တမ်း သက်သက် ရေးပေးပါမယ်။ မပျိုရဲ့ ကိုယ်ပိုင် အာဘော် ဘာတခုမှ မပါပါဘူး ဆိုတာ ကြိုတင် ပြောပြထားပါရစေ။ ဖတ်လို့ ကောင်းအောင် စကားပြေ သဘောမျိုး အရေးအသားပဲ ပြောင်းတာရှိမှာပါ။ မှတ်တမ်းကိုတော့ မူရင်း အတိုင်း ရေးပေးမှာပါ။ အကယ်၍ အကြောင်းအရာ တစုံတခု မှားယွင်းခဲ့ပါရင် မပျို ညံ့ဖျင်းမှုကြောင့် မှတ်တမ်း ပြုစုမှု မှားတာလို့ပဲ ဝန်ခံပါရစေ" . . . (မြန်မာကျူးပစ် [MyanmarCupid.net] ဖိုရမ်မှာ 'ပျိုပျိုမေ' ရိုက်တင် ပေးခဲ့တဲ့ "၁၉၇၄ ခုနှစ်၊ ဦးသန့် ဈာပန အရေးတော်ပုံ သမိုင်းမှတ်တမ်း" ကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။)
file download here
U Thant Funeral Uprising 1974
SOURCE
05 Nov ဒိုင်ယာရီ

file download here
Nov 05 News
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာများကို ဖမ်းဆီးပြန်ပို့ (ရုပ်သံသတင်း)
မဇ္စျိမသတင်းဌာန
ကြာသပတေးနေ့၊ နိုဝင်ဘာလ 05 ရက် 2009 ခုနှစ် 19 နာရီ 25 မိနစ်