ကျွန်တော်တို့မိုးညှင်းမြို့သည်အေးချမ်းသာယာ၍ ပညာရေးထွန်ကားသောခရိုင်မြို့ကလေးတမြို့ဖြစ်ပါသည် ။ထို့ကြောင့်နိုင်ငံတော်အစိုးရမှအစိုးရနည်းပညာကောလိပ် နှင် ဒီဂရီကောလိပ် တို့ကို (၂၀၀၄)ခုနှစ်တွင်ဖွင့်လှစ်ပေး၍ အဆင့်မြင့်ပညာကိုသင်ကြားစေခဲ့ပါသည်။ထိုကျောင်းများ ဖွင့်လှစ်ပေး၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသော်လည်းအချိန်ကြာမြှင့်စွာ်ဝမ်းမသာခဲ့ရပါ။အကြောင်းမှာ state ကျောင်းတလျှောက်တချိန်လုံးလိမ္မာလာခဲ့သော ကျောင်းသားသူငယ် များသည်
မူးရစ်ဆေးဝါးများသုံးစွဲစပြှု့နေသည်ကိုရင်နာစွာတွေ့ရပါသည်။ယင်းမူးရစ်ဆေးဝါး များကို မြို့တွင်းအောင်သပြေရပ်ကွက်နှင့်
မြို့ဧ။်မြောက်ဖက် လေးမိုင် သာကွာဝေးသော ဘီလူး ကျေးရွာတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်သည်ဟုလည်းနီးစပ်သူတိုကပြောပါသည်။
၎င်းအပြင် မိုးညှင်း ဒီဂရီကောလိပ်မှ ပါမောက္ခဆရာမကြီးများကိုယ်တိုင် ဦးစီး၍မေခ၊ ရွှေဗဟိုလ် ၊ပါရမီ၊ နောင်စွန်း၊ ဂန္ဓမာ စသော ကျူရှင် founderများနှင့် ပူးပေါင်းကာ ကျူရှင်လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ဆောင်ရွှက်ခြင်း မှတ်စုစာအုပ်(note book) များပြုလုပ်၍ ယင်းကိုအဆမတန်ဈေးနုန်းများဖြင့်ရောင်းချခြင်းများ ပြုလုပ်နေသည် မှာအရှပ်ဆိုးအကျည်းတန်လွန်းလှပါသည်။ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကပဲမသိတာလား၊သိရက်နဲ လျစ်လှူရှု့ထားတာလား မပြောတတ်တော့ပါ။
Information
ကျူရှင် Founder များနှင် ပါမောက္ခဆရာမကြီးကိုယ်တိုင် ရပိုင်ခွင့်နှင့်လုပ်ဆောင်ရမည့်အစီအစဉ်များကို အစည်းအဝေးပြု့လုပ်
ယင်းအစည်းအဝေး ဧ။်ဆုံး ဖြတ်ချက်မှာစနစ်တကျအချိန်ဇယား ရေးဆွဲ ၍ ဆောင်ရွှက်ရန်
ကျောင်းသားတစ်ဦးဧ။် ကျူရှင်လခ(၁)ဘာသာ ၄၀၀၀ကျပ် x (၇ )ဘာသာ+ founder ကြေး ၄၀၀၀ = ၃၂၀၀၀ ကျပ်
မိုးညှင်းမြို့မှမိဘပြည်သူတစ်ဦး
Thursday, October 29, 2009
ကျွန်တော်တို့မိုးညှင်းမြို့မှာဒီလိုပဲရှိတယ်
Subscribe to:
Posts (Atom)
