Friday, July 31, 2009

31JULY ဒိုင်ယာရီ


စီရင်ချက်ချမယ့်ရက်ကို Aug 11သို့ရွှေ့ဆိုင်းလိုက်ကြောင်း တရားသူကြီးကြေငြာချက်အဆုံးမှာ ဒေါ်စုက သံတမန်များဖက်သို့လှည့်၍.. လူကြီးမင်းများကို နောက်ထပ်အလုပ်ရှုပ်စေအုံးမှာဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ရှင် လို့ အရွှန်းဖောက်ပြောခဲ့သည်။


လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃) ကို ချိုးဖောက်နေသည်ဟု (HRDP)ပြော
Friday, 31 July 2009 17:31 ဗထူး .ဒေါ်အောင်ဆန်းစုကြည်အား ယခုလို တရားစွဲဆိုနေခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂမှ ပြဌာန်းထားသည့် လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃) အား ချိုးဖောက်နေသည်ဟု (HRDP) ခေါ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်က ယနေ့ပြောဆိုလိုက်သည်။

လူတိုင်းအသက်ရှင်နိုင်ခွင့်နှင့် လုံခြုံခွင့်ရှိသည်ဆိုသည့် အပိုဒ် (၃) ပါ အချက်အလက်ကို တိကျစွာ စစ်အစိုးရအနေဖြင့် ဖောက်ဖျက်နေသည်ဟု (HRDP) မှ တာဝန်ခံတဦးဖြစ်သူ ကိုမောင်မောင်လေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဂျွန်ယက်တောက သူယုံကြည်တဲ့ ဘာသာအရ ဝင်တာဆိုရင် သူ့နေရာမှာ တခြား အကြမ်းဖက် သတ်မဲ့သူ ဝင်လာမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ဒီအချိန်မှာ သေနေလောက်ပြီ၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံမှုနဲ့ အသက်ရှင်ပိုင်ခွင့် လုံးဝမရှိဘူးဆိုတာကို သက်သေပြနေတာပါ၊ အဲလို ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းတောင် အသက်ရှင်ပိုင်ခွင့် လုံခြုံစိတ်ချမှုမရှိဘူးဆိုရင် တတိုင်းပြည်လုံး ပြည်သူတွေအတွက် လုံခြုံစိတ်ချပိုင်ခွင့် မရှိတော့ဘူးဆိုတာကို ပြောချင်ပါတယ်” ဟု ပြောသည်။

ယနေ့တွင် ရန်ကုန်မြို့နေရာအနှံ့အပြားတွင်း လုံခြုံရေးများ တင်းကြပ်စွာ ချထားပြီး လုံထိန်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များကို တွေ့နေရကြောင်းကို ၎င်းက ဆက်လက်ပြောသည်။

“ဒီနေ့အခြေအနေကတော့ (၈) နာရီလောက် ကျနော် ရောက်သွားတဲ့အချိန်မှာ အားလုံးပိတ်ထားတယ်၊ ခါတိုင်းလိုမရတော့ အပြင်မှာ ဟိုတစု ဒီတစုနဲ့ ဖြစ်နေကြတယ်၊ ပိုထူးခြားတာက ဒိုင်နာကားတိုင်း ကားတိုင်းပေါ်မှာ အမျိုးသမီးတွေပါတယ်၊ (၁၀) နာရီခွဲမှာ ရုံးချိန်းကို (၁၁) ရက်နေ့ကို ပြောင်းလဲလိုက်တယ်၊ အကြောင်းပြချက်ကတော့ ဥပဒေဆိုင်ရာ အချက်အလက်များ ပြန်လည်သုံးသပ်ရန် လိုနေသည့်အတွက် အခုလို ချိန်းလိုက်တာလို့ ပြောတယ်” ဟု ကိုမောင်မောင်လေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ကာ တရားရုံးတင် စစ်ဆေးနေခြင်းသည် ဥပဒေနှင့် လုံးဝ မညီညွတ်မှုမရှိဘဲ အကွက်ဆင်ဖမ်းဆီးခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

“စတင်ဖမ်းဆီးချုပ်နှောင်စဉ်ကတည်းက ဥပဒေနဲ့ မညီညွတ်ဘူး၊ ရိုက်တဲ့သူနဲ့ အရိုက်ခံရသူ၊ အိမ်ထဲကို သူခိုးဝင်တဲ့အခါ သူခိုးနဲ့ အိမ်ရှင်၊ ဘယ်ဥပဒေနဲ့ကြည့်မလဲ၊ အဲဒါကို ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဒါဟာ အင်မတန် ရင်နာစရာကောင်းတဲ့ ကိစ္စပါ၊ အဲဒီတော့ ဒီပဲယင်းကိစ္စကတည်းက ဥပဒေနဲ့မညီဘဲ လုပ်တဲ့ကိစ္စလို့ မြင်တယ်၊ အကြမ်းဖက်တဲ့ သူတွေကို ဥပဒေအရ ဘာကြောင့် ရုံးပေါ်ကို မတင်လဲ” ဟု ဆက်လက်ပြောဆိုလိုက်သည်။


ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ ထောင်ရှေ့သို့သွား
ဓာတ်ပုံသတင်း (မိုးမခ)
ဇူလိုင် ၃၁၊ ၂၀၀၉






ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ကို ဘန်ကီမွန်း ခေါ်တွေ့

31 July 2009


ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု စီရင်ချက်ချမယ့်နေ့ ဖြစ်ပါတယ်။ ဒီနေ့ကျင်းပမယ့် တရားခွင်ကို အမေရိကန်ဘက်က ကောင်စစ်ဝန်တဦးလည်း တက်ရောက်လိမ့်မယ်လို့ မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုဘက်က အထူးစောင့်ကြည့်နေတယ်၊ ပြီးခဲ့တဲ့ အပြီးသတ် လျှောက်လဲချက်တင်တဲ့ တရားခွင်ကိုလည်း အမေရိကန် ကောင်စစ်ဝင်တဦး တက်ရောက်ခဲ့တယ်၊ အမေရိကန် နိုင်ငံသားတဦးကလည်း ဒီအမှုနဲ့အတူ တရားခွင်မှာ ရင်ဆိုင်နေရတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အမေရိကန်ဘက်က ရပ်တည်ချက်ကို လူသိရှင်ကြား တောက်လျှောက် ပြောနေခဲ့တာ ဖြစ်တယ်၊ မကြာခင်တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က အာဆီယံ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုတဲ့အကြောင်း ပြောထားခဲ့ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) က ရှင်းပြခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။ ကုလသမဂ္ဂ ရုံးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးသန်းဆွေကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း လွန်ခဲ့တဲ့ နာရီပိုင်းက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ဗွီအိုအေကို ပြောပါတယ်။ သူတို့တွေ ဘာအကြောင်း ပြောဆိုသလဲတော့ မသိရသေးပါဘူး။



ဘယ်လိုရှောင်ရှောင် မလွတ်တော့ဘူး
Friday, 31 July 2009 16:13 ဗထူး .ဒေါ်အောင်ဆန်းစုကြည်းအား အမိန့်ချမည့်ရက် ရွှေ့ဆိုင်းလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (ဟံသာဝတီ) ဦးဝင်းတင်က စစ်အစိုးရအနေဖြင့် မတရားလုပ်ကြံနေမှုသာဖြစ်ပြီး ယင်းကိစ္စအား ရှောင်လွှဲ၍ မလွတ်တော့ကြောင်း ပြောဆိုလိုက်သည်။

ယနေ့ အင်းစိန်ထောင်ရှေ့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရက်ချိန်းရွှေ့လိုက်ခြင်းအပေါ် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ ပြောချင်တာကတော့ သူတို့ ဘယ်လိုရှောင်ရှောင် သိပ်မလွတ်တော့ဘူး၊ လူထုက တော်တော် ဒေါသဖြစ်နေကြပြီ၊ မီဒီယာတွေက ပြောနေတာရော ပြည်သူတွေကိုယ်တိုင်ကပါ တီရှပ်တွေ၊ ဓါတ်ပုံတွေ ဝေတဲ့အခါကျတော့ တပြည်လုံးအတိုင်းအတာ အုန်းအုန်းကျက်ကျက်ကို ဖြစ်နေပြီ၊ သူတို့ရှောင်လို့ရမယ်ဆိုရင် ရှစ်လေးလုံးနေ့ပဲ ရမယ်၊ လူတွေစိတ်ထဲမှာရှိတဲ့ ဒေါသတွေ၊ စစ်အစိုးရဆန့်ကျင်ရေး စိတ်ဓါတ်တွေကို ဘယ်နေ့လုပ်လုပ် ရှောင်လို့မရဘူးဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ယခုလိုရက်ချိန်း ရွှေ့ပြောင်းလိုက်ခြင်းသည် ရှစ်လေးလုံးနှစ်ပတ်လည်နှင့် နီးကပ်လာသည်သဖြင့် ရွှေ့ဆိုင်းသွားသည်ဟု ထင်မြင်ကြောင်း၊ သူ့အား သွားလာခွင့်ပိတ်ပင်ထားသည်ဆိုသည့် သတင်းမှာ မမှန်ကန်သော်လည်း အင်းစိန်လမ်းမရှေ့ကို တားဆီးပိတ်ပင်ထားသဖြင့် အင်းစိန်ထောင်အနီးသို့ နောက်ဖေးလမ်းကြားမှ ယနေ့ ရောက်အောင်သွားခဲ့ရသည်ဟု ဆရာဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ အမိန့်ချရန် ရက်ရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍ ဦးဝင်းတင်၏ နောက်ထပ် ထင်မြင်ချက်တခုမှာ “ရဟန်းသံဃာတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘူးဆိုရင် ပြည်တွင်းမှာ သံဃာလှုပ်ရှားမှုတွေ လုပ်မယ်၊ ကျောင်းသားလူငယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးရင် ကျောင်းသားလှုပ်ရှားမှုတွေ လုပ်မယ်၊ ဖိလစ်ပိုင်သမ္မတနဲ့ အိုးဘားမားတို့ တွေ့တဲ့အခါကျတော့လည်း ဒီကိစ္စကို ရှေ့တမ်းတင် ဆွေးနွေးတယ်ဆိုတော့ စစ်အစိုးရက သူတို့အဖို့ ပြည်သူရဲ့ဖိအား၊ ကမ္ဘာအသိုင်းအဝိုင်းရဲ့ ဖိအားတွေဟာ အလွန်ကို ကြီးမားနေတဲ့အတွက် သူတို့ ပြန်ပြီး စဉ်းစားဖို့ အချိန်ရအောင် လုပ်တာပဲလို့ ယူဆတယ်” ဟု ပြောသည်။

ယခုလက်ရှိ နိုင်ငံရေးအကြပ်အတည်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၍ တွေ့ဆုံဆွေးရန် လိုအပ်ကြောင်း၊ ကျောင်းသားနှင့် လူထုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုနေမှုများကို ဆုပ်ကိုင်ပြီး တုန့်ပြန်ရန်၊ ယင်းဆုပ်ကိုင်ချက်အတိုင်း မားမားမတ်မတ် ရပ်တည်ပါက စစ်အစိုးရသည် မကြာမီ ပြုတ်ကျသွားမည်ဟု ဆက်လက်ပြောဆိုသွားခဲ့သည်။






NLD လူငယ် 23ဦးခန့် အဖမ်းခံရ စာရင်း
shwenanda


အဖမ်းအဆီးစာရင်း
ရေနံချောင်း
၁။ ကိုမြင့်ငွေ
၂။ ကိုတင့်လွင်
၃။ ကိုသန်းအောင်
၎။ အမည်မသိ

အောင်လံ
၅။ ဦးအေးမြင့်
၆။ ဦးမင်းမောင်

တောင်တွင်းကြီး
၇။ ကိုစိုး
၈။ ကိုပါလေး
၉။ ကိုကျော်နိုင်

မြို့သစ်
၁၀။ ဦးသာအောင် (အမတ်)
၁၁။ မဇင်မမထွန်း
၁၂။ ကိုသန်းစိုးမြင်


ဒဂုံမြို့သစ်
၁၃။ ကိုထိန်ဝင်း
၁၄။ ဒေါ်ခင်ဝင်းကြည်
မင်းဘူး
၁၈။ ဦးသောင်းစိုး-ဥက္ကဌ (မကွေးအမှတ် ၂ ရဲစခန်းမှာချုပ်ထား)

စကု
၁၉။ ကိုနေမျိုးကျော် (မကွေးအမှတ် ၁ ရဲစခန်းမှာချုပ်ထား)

ပွင့်ဖြူ
၂၀။ ကိုအောင်ဝင်း (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)
၂၁။ အမည်မသိ (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)ရဲစခန်းမှာချုပ်ထား)



မင်္ဂလာဒုံ
၁၅။ မခင်မြတ်သူ

ဒေါပုံ
၁၆။ ကိုနေလင်းကျော်

သာကေတ
၁၇။ ကိုနေလင်းစိုး
မနေ့ညကဖမ်းပြီး ဒီနေ့မနက်ပြန်လွှတ်သူများ

မြောက်ဥက္ကလာ
၂၂။ ဒေါ်နော်အုန်းလှ

စမ်းချောင်း
၂၃။ ဦးညွှန့်လှိုင် (အောင်လံအမတ်)


ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းကို သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်း


ကြားဖြတ်သတင်း
ဒေါ်အောင်ဆန်းစုကြည် အား ယနေ့ရုံးချိန်းတွင် အမိန့်ချမည်ဟု သတင်းများ ထွက်နေခဲ့သော်လည်း ယနေ့ရုံးချိန်းတွင် အမိန်မချပဲ နောက်လ ၁၁ နေ့သို့ ရွှေ့ဆိုင်းကြောင်း ရုံးချိန်းကိုသာ ဖတ်ကြားသွားခဲ့သည်ဟု သိရသည်။


အင်းစိန်ဈေးကို အဏာပိုင်များက ပိတ်ခိုင်းထားပြီး အစောပိုင်းရက်များကကဲ့သို့ပင် အင်းစိန်လမ်းကြီးကို ပိတ်ထား သည့်အပြင် လမ်းသွယ်များကိုပါ ပိတ်ဆို့ထားလိုက်သည်။


သို့သော် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းပြသသည့်အနေဖြင့် ပါတီဝင်များအပါအဝင် လူ ၅ဝဝ ခန့် စုရုံး ရောက်ရှိ လာခဲ့ကြသည်။
မြို့ခံ တဦးက ယနေ့တွင် လာရောက် သတင်းနားထောင်သူများ၊ အားပေးကြသူများမှာ ယခင်နေ့များကထက် ပိုမိုများပြားသဖြင် တစုံတရာ ပြဿနာ ပေါ်ပေါက်လာမည်ကို စိုး၍ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်နိုင်ကြောင်း ပြောပြ ခဲ့သည်။
နိုင်ငံရေး သုံးသပ်သူ တော်တော်များများ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်လိမ့်မည်ဟု ယူဆနေ ကြသည်။
စစ်ဘက်နှင့် နီးစပ်သော အသိုင်းအဝိုင်းများက ပြေပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချသင့် မချသင့်နှင့် ပါတ်သက်၍ ထိပ်ပိုင်းခေါင်းဆောင်များတွင် အယူအဆကွဲပြားမှုများ ဖြစ်ပေါ်နေသည်ဟု သိရပါ သည်။
၃၀ ရက်နေ့နှင့် ယနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ အပါအဝင် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၃ ဦး ရှိခဲ့ပြီး ထိုအထဲမှ ဒေါ်နော်အုန်းလှနှင့် အောင်လံအမတ် ဦးညွန့်လှိုင်တို့ကို ယနေ့နံနက်က ပြန်လွှတ် ပေးခဲ့သည်ဟု သိရပါသည်။


ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချခဲ့ပါက နအဖ ကံကြမ္မာသည် အပြောင်းအလဲဖြစ်သွားနိုင်
၁၄ မေ ရန်ကုန်၊ ၊Freedom News Group

People Outrageous For Junta Action On Prominent Leader
မြန်မာ့တပ်မတော်၏ ဖခင်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဒေါ်အောင်ဆန်းစုကြည် အား ယခုကဲ့သို့  အပြစ်မရှိအပြစ်ရှာပြီး ဖမ်းဆီးထောင်ထဲပို့ ခြင်းကို စစ်တပ်တွင်းမှ အရာရှိများနှင့် စစ်အစိုးရလိုလားသူများပင် မကျေနပ်ဟု Freedom News Group မှစုံစမ်းသိရှိရသည်။

ယနေ့ ညလက်ဖက်ရည်ဆိုင်၊ဘီယာဆိုင် များနှင့် ရန်ကုန်မြို့ ရပ်ကွက်တွင်းရှိ လူအများစုဝေးကြသည့်နေရာများတွင် ဒေါ်စု ကိစ္စနှင့်ပတ်သက်၍ ပြည်သူများက မကျေနပ်ချက်များဖြင့်ဆွေးနွေးတိုင်ပင်ကြသည်။ယနေ့ဘီဘီစီမြန်မာပိုင်းရေဒီယိုအစီအစဉ် နှင့် နိုင်ငံတကာသတင်းထုတ်လွှင့်ချက်များကို နားထောင်သူများလည်းအလွန်များသည် ။
ဒေါ်အောင်ဆန်းစုကြည်အားထောင်သွင်းသို့ ပြောင်းရွှေ့၍ ဖမ်းဆီးထိန်းသိမ်းထားသည့် ကိစ္စနှင်ပတ်သက်၍ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံရှိ ကုန်သည်တစ်ဦးက “သူတို့ လက်ခုပ်ထဲမှာ သူတို့ မျက်လုံးအောက်ကလူကို အပြစ်ရှိတယ် ဆိုပြီးထပ်ဖမ်းတာ တော့ ဘယ်သဘာဝ ကျမလဲ ၊ဒါနိုင်ငံတွင်းမှာတရားမျှတ မှုဆိုတာ လုံးဝမမရှိတော့ ဘူးဆိုတာ ပြလိုက်တာပဲဟုသူကပြောသည်။

ရန်ကုန်မြို့ ခံအချို့ ကလည်း ရေကူးဝင်ရောက်လာ သော အမေရိကန်နိုင်ငံသား ယက်ထော အားမုန်းတီးမှု ပိုနေကြပြီး သူ့ ကြောင့်ဒေါ်စုယခုကဲ့သို့ ဖြစ်ရသည် ဟု သုံးသပ်ပြောဆိုကြသည်။

ရန်ကုန်ဆေးရုံးကြီးမှ ခွဲစိတ်ကု ဆရာဝန်တစ်ဦးကမူ “ဒေါ်စု ကို ထောင်ချရင် နအဖ ကံကြမ္မာပြောင်းလဲသွားနိုင်တယ် တစ်နိုင်ငံလုံးက သူ့ ကိုပိုချစ် ၊ပိုလေးစား၊ပို မြတ်နိုးကျတာ ကို ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ နအဖ ရင်ဆိုင်ရမယ်”ဟု သုံးသပ်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အားရုံးတင် စစ်ဆေးမှုနှင့်ပတ်သက်၍ အနောက်နိုင်ငံများက ရှုံချကန့်ကွက်ထားပြီးပြန်လွှတ်ပေးရန်တောင်းဆိုထားသည်။

ဒေါ်စုအား လာမည့် တနင်္လာနေ့ တွင် ရုံးတင်စစ်ဆေး ၍ဖမ်းဆီးထောင်ချခဲ့မည် ဆိုပါက စစ်အစိုးရသည်ကိုယ့် သေတွင်းကိုယ်တူးသလိုဖြစ်သွား နိုင်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှကျောင်းသားတစ်ဦး ကပြောသည်။



လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ ချုပ်အဖွဲ့ ဝင် သုံးဆယ်ကျော် ကိုဖမ်းဆီးထား
၃၁ ဇူလိုင် ရန်ကုန် ၊ ၊Freedom News Group

At least 30 National League for Democracy members arrested

ဒေါ်အောင်ဆန်းစုကြည် အား တရားရုံးမှ စီရင် ချက် ချမှတ်မည့် နေ့ မတိုင် ခင်တွင် နိုင် ငံတ၀ှမ်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင် ၃၀ ထက်မနည်းကိုဖမ်းဆီးခဲ့ပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုများတွင်မကွေးတိုင်း မြို့ သစ်မြို့ နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာအောင် လည်းပါဝင်သည်။ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ် ဘုရားတွင် ၀တ်ပြုဆုတောင်းသည့်  ဒေါ်နော်အုံးလှ လည်းပါဝင်ပြီး ဖမ်းဆီးပြီး မကြာခင် တွင် ပြန်လည်လွှတ်ပေးခဲ့သည်။
ရန်ကုန် တိုင်းစမ်းချောင်းမြို့ နယ်တွင် နေထိုင် သော အောင်လံမြို့ နယ်လွှတ်တော် အမတ် ဦးညွန့်လှိုင် ကိုလည်းဖမ်းဆီးပြီး မကြာခင် မှာ ပင် ပြန်လည် လွှတ်ပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကယနေ့ ထုတ်ပြန် သော ဖမ်းဆီးခံရသူ များစာရင်း မှာ
Magwe Division;
1. (Ko) Myint Ngwe (Yenangyaung Township, Magwe Division)
2. (Ko) Tint Lwin (Yenangyaung Township, Magwe Division)
3. (Ko) Than Aung (Yenangyaung Township, Magwe Division)
4. (Ko) Khin Win (Yenangyaung Township, Magwe Division)
5. (U) Aye Myint (Aunglan Township, Magwe Division)
6. (U) Min Maung (Aunglan Township, Magwe Division)
7. (Ko) Soe (Taungdwingyi Township, Magwe Division)
8. (Ko) Par Lay (Taungdwingyi Township, Magwe Division)
9. (Ko) Kyaw Naing (Taungdwingyi Township, Magwe Division)
10. (U) Tha Aung (MP) (Myothit Township, Magwe Division)
11. (Ma) Zin Ma Ma Tun (Myothit Township, Magwe Division)
12. (Ko) Than Soe Myint (Myothit Township, Magwe Division)
13. (U) Pike Ko (Pakokku Township, Magwe Divison)
14. (U) Kyaw Nyunt (Pakokku Township, Magwe Divison)
15. (U) Tin Myint Aung (Pakokku Township, Magwe Divison)
16. (U) Thaung Soe (Chairparson of Minbu Township, Magwe Division)
17. (Ko) Nay Myo Kyaw (Saku Township, Magwe Division)
18. (Ko) Aung Win (Pwintbyu Township, Magwe Division)
19. (Mg) Thu Ya (Pwintbyu Township, Magwe Division)
20. (Ko) Htay Win (Kamma Township, Magwe Division)
Rangoon Division;
21. (Ko) Htein Win (Dagon Myothit Township, Rangoon)
22. (Daw) Khin Win Kyi (Dagon Myothit Township, Rangoon)
23. (Ma) Khin Myat Thu (Mingaladon Township, Rangoon)
24. (Ko) Nay Lin Kyaw (Dawbon Township, Rangoon)
25. (Ko) Nay Lin Soe (Tharkayta Township, Rangoon)
26. (Ko) Sai Kyaw Kyaw (Tamwe Township, Rangoon)
27. (Ko) Tin Min Naing (North Okkalapa Township, Rangoon)

Three NLD members were arrested then later released;
28. (Daw) Naw Ohn Hla (North Okkalapa Township, Rangoon)
29. (U) Nyunt Hlaing (MP-Aunglan) (Sanchaung Township, Rangoon)
30. (Ko) Myint Aung



ဒေါ်အောင်ဆန်းစုကြည် အမိန့် ချမည့်နေ့ သြဂုတ်လ ၁၁ ရက်နေ့ သို့ ထပ်မံရွှေ့ဆိုင်း
၃၁ ဇူလိုင် ရန်ကုန်၊ ၊Freedom News Group

Burma Court Delay Aung San Suu Kyi Verdict Until 11 August
ရန်ကုန် မှ လာသော ရိုက်တာ သတင်းအရ ဒေါ်အောင်ဆန်းစုကြည် အားအမိန့် ချမှတ် မည့်နေ့ ကိုမူလတရားရုံးချိန်း နေ့ မှ ရွှေ့ဆိုင်းကာ သြဂုတ် လ ၁၁ ရက်နေ့ သို့ ရွှေ့ဆိုင်းလိုက်သည်။ယနေ့ အင်းစိန်ထောင် ရှေ့ သို့ သွားရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် တစ်ဦးက “ညကတည်းက သတင်းထွက် နေတယ် စာဝေတယ် ၊ဆန္ဒပြဖို့ ရှိနေ တယ် ၊ရှစ်လေးလုံး နှစ်ပတ်လည် နဲ့ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် တို့ ရှိနေသေးလို့ အောက်တိုဘာလ လောက် ထိ အချိန်ဆွဲထားအုံးမှာ” ဟု Freedom News Group သို့ ပြောသည်။
ယနေ့ အင်းစိန်ထောင် အနီးတစ်ဝိုက် တွင်လုံခြုံရေးတင်းကျပ်စွာချထားသော် လည်း ဒေါ်အောင်ဆန်းစုကြည် အားထောက်ခံသူ ငါးရာခန့် စုရုံးခဲ့သည် ဟု သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးလှုပ်ရှား သူ အယောက် နှစ်ဆယ်ထက်မနည်းကို ယမန်နေ့ က ဖမ်းဆီးခဲ့သည် ဟု သတင်းရရှိသည်။ “လူတွေ က ပေါက်ကွဲလုနီးနီး ပဲ တကယ် လူထုကို မှန်မှန် ကန်ကန် နဲ့ ခေါင်းဆောင် မှု ပေးနိုင်မယ့် သူတစ်ယောက်ရှိ ဖို့ ပဲလိုတယ်”ဟု အင်းစိန် ဈေးမှ ဈေးသည် တစ်ဦးက ပြောသည်။




ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း
မင်းနိုင်သူ / ၃၁ ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်တို့အား စီရင်ချက်ချမည့်ရက်ကို သြဂုတ် (၁၁) ရက်သို့ ပြောင်းရွှေ့လိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

အင်းစိန်အထူးတရားရုံးတွင် ယနေ့နံနက် (၁၀) နာရီတွင် ရုံးချိန်းစတင်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လာသူများ ယခင်ရက်များကထက် ပိုမိုများပြားခဲ့ကြောင်း အန်အယ်လ်ဒီအဖွဲ့ဝင်တဦးက ပြောသည်။

“ဒီနေ့ပိုများလာတယ်။ အင်းစိန်ခုံးတံတားကိုလည်း လုံးလုံးပိတ်ထားတာတွေ့ရတယ်။ လုံခြုံရေးတွေလည်း ပိုများလာတယ်။ အင်းစိန်မီးရထားဆေးရုံဝင်းမှာလည်း လူနာတွေကို နှင်ချပြီး လုံခြုံရေးကွပ်ကဲရေးရုံးဖွင့်ထားတယ်။ ဆရာဦးဝင်းတင်လည်း နေမကောင်းတဲ့ အကြားက ဆိုက္ကားစီးပြီး အရောက်လာပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ထောက်ခံသူများကို အမည်မသိလူတစုက ကုလသမဂ္ဂအလံတံဆိပ်ပါ ရင်ထိုးများ လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ထဲတွင်မူ ယူနီဖောင်းဝတ် လုံခြုံရေးများကို များပြားစွာ မတွေ့ရှိရသော်လည်း သိမ်းငှက်ပုံရင်ထိုးတပ်ဆင်ထားသော စွမ်းအားရှင်များကို ကားမှတ်တိုင်များ၊ လမ်းဆုံလမ်းခွများတွင် တွေ့နေရသည်ဟု ပြည်တွင်းစာနယ်ဇင်းသမားတဦးက ပြောသည်။

“လူထုက ဒီနေ့သတင်းကို နားစွင့်နေကြတယ်။ ကွမ်းယာဆိုင်မှာလည်း ဒီအကြောင်း၊ လက်ဖက်ရည်ဆိုင်မှာလည်း ဒီအကြောင်း၊ ကိုယ့်အုပ်စုနဲ့ကိုယ် ကြိတ်ပြီး ပြောဆိုနေကြတာ။ သတင်းသမားတွေလည်း ဒီနေ့အင်းစိန်ဘက်ကို အများဆုံးသွားနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ထောင်ချလိုက်လို့ကတော့ ပေါက်ကွဲထွက်လာမယ့် အလားအလာရှိတယ်။ ဦးဆောင်သူဘယ်က ပေါ်လာမလဲဆိုတာဘဲ အဓိကကျနေတယ်” ဟု ၎င်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည်။

နအဖစစ်အစိုးရက ယခုအမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ယခုအမှုသည် နအဖစစ်အစိုးရ၏ နိုင်ငံရေးလုပ်ကြံမှု တခုအဖြစ် ရှုမြင်ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း နအဖစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားမှုများကို ပြန်လည်ရုပ်သိမ်းကာ ခြွင်းချက်မရှိပြန်လွှတ်ပေးရန် ပြီးခဲ့သည့် ဇူလိုင် (၂၉) ရက်က ထပ်မံ တောင်းဆိုထားပြီး ယမန်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းသံအမတ်ကြီး ဦးသန်းဆွေကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီးဖြစ်သည်။


ဒေါ်စုအမှု စိတ်ဝင်စားသူများ အင်းစိန်ထောင်အနီးစုရုံးခဲ့ကြ
NEJ / ၃၁ ဇူလိုင် ၂၀၀၉


ယနေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည်ဆိုသည့်အတွက် ထောင်ဂဏန်းနီးပါး ပြည်သူလူထုတို့သည် အင်းစိန်မြို့နယ်အတွင်း အင်းစိန်ထောင်ပတ်ဝန်းကျင်တွင် ဖြန့်ကြက်လာရောက်ကြကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ပြည်သူများနှင့်အတူ သံဃာများလည်း ပါဝင်ကြကြောင်း အင်းစိန်ပန်းခြံအနီး နေသူတဦးက ပြောသည်။

“ဘုန်းကြီးတွေ ကျနော်တို့ဆိုင်မှာ လာထိုင်နေကြတယ်။ သူတို့မှာ ဖုန်းလည်း ပါတယ်။ ဘုန်းကြီးတွေက သူများတွေဆိုင်မှာလည်း ရှိတယ်ခင်ဗျ။ ကြည့်ရတာ အုပ်စုခွဲထားတာနဲ့တူတယ်” ဟု အင်းစိန်ပန်းခြံအနီး လက်ဖက်ရည်ဆိုင်ရှင်က ပြောသည်။

ရန်ကုန်မြို့အနှံ့နှင့် လှည်းတန်းမီးပွိုင့်တို့တွင် ယနေ့ လုံခြုံရေး တင်းကျပ်လျက်ရှိပြီး အင်းစိန်ပန်းခြံထောင့်တွင် ၀တ်စုံ အပြည့်ရဲများပါဝင်သည့် ရဲကား (၆) စီးက အသင့်နေရာယူထားသည်။

“ကျနော်တို့က တာဝန်ကျတဲ့သူတွေပါ။ အမိန့်တော့ပေးထားပါတယ်။ ဆန္ဒလာပြတဲ့ သူတွေ၊ စာရွက်ဝေတဲ့ သူတွေ၊ အဲဒါမျိုးတွေကို တွေ့တာနဲ့  မစစ်ဆေးဘဲ ဖမ်းဆီးရမှာပါ” ဟု အင်းစိန် ပန်းခြံထောင့်ရှိ တာဝန်ကျ ရဲတဦးက ခေတ်ပြိုင်သို့ ပြောသည်။

အင်းစိန်ခုံးကျော်တံတားသို့ မည်သူတဦးတယောက်မျှ မသွားရဟု အမိန့်ထုတ်ထားကာ ယနေ့ အဆိုပါခုံးတံတား၌ ရဲများနေရာချထားရာတွင် အမျိုးသမီးရဲအရာရှိများပါ နေရာယူ စစ်ဆေးခဲ့ကြသည်။

“စွမ်းအားရှင်တွေရဲ့ မိသားစုတွေကိုပါ ပြည်သူတွေကြားထဲမှာ နေရာချထားတယ်။ အဲဒီထဲမှာ အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတွေ ပါတယ်” ဟု မျက်မြင်တွေ့ကြုံခဲ့သူများက ပြောသည်။

အင်းစိန်ပေါက်တောဝ မီးပွိုင့်အနီးတွင်လည်း စွမ်းအားရှင်နှင့် ကြံ့ဖွံ့များစွာရှိနေပြီး အမိန့်ချသည့် အစီအစဉ် ပြီးဆုံးသည်ကို စောင့်ဆိုင်းနေကြသော ပြည်သူကြားသို့ လာရောက်လှည့်ပတ်ကြည့်ရှုနေကြောင်း ကိုယ်တွေ့ကြုံခဲ့သူတဦးက ပြောသည်။

သံရုံးကားများ အစီအရီ ပြန်ထွက်လာသည့်အခါ စောင့်ဆိုင်းနေကြသော ပြည်သူတို့က ပေါက်တောဝမီးပွိုင့်တွင် စုရုံးသွားကြကာ မည်သို့အမိန့်ချမှတ်လိုက်သည်ကို သိချင်ဇောဖြင့် နားစွင့်နေခဲ့ကြပြီး အမှုကို သြဂုတ်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီသို့ ပြောင်းရွှေ့လိုက်သည်ဟု သိရသည့်အတွက် ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။



ကြက်ဥအတုများ မြန်မာနိုင်ငံသို့ ၀င်ရောက်ဟု
နအဖ သတင်းဖြန့်


NEJ / ၃၁ ဇူလိုင် ၂၀၀၉


စားသုံးရန်အန္တရာယ်ရှိသည့် ကြက်ဥအတုများ နယ်စပ်မှတဆင့် ၀င်ရောက်လျက်ရှိသည်ဟု ယမန်နေ့ညက မြန်မာ့ရုပ်သံလှိုင်း များမှ သတင်းထုတ်လွှင့်ခဲ့သည်။

အကာနှင့်အနှစ် ရောနှောနေသည့် ကြက်ဥအတုများကို ဓာတုဗေဒဆေးဝါးများဖြင့် ပြုလုပ်ထားပြီး ၎င်းကြက်ဥအတုများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ရန်ပါရှိသည်။

သို့သော် ကြက်ဥအတုများ မည့်သည့်နယ်စပ်မှ ၀င်ရောက်လာသည်ကို ထည့်သွင်းပြောဆိုခြင်းမရှိဘဲ စားသုံးပါက အန္တရာယ်ရှိသည်ဟုသာ ပြောသည်။

ယခုကဲ့သို့ ကြက်ဥအတု ပေါ်ထွက်သည့်ကိစ္စကို မြန်မာစစ်အစိုးရ မီဒီယာများက တွင်တွင်ကျယ်ကျယ် ဖော်ပြနေခြင်းမှာ လူများကို အာရုံပြောင်းရန် ဆောင်ရွက်ချက်တရပ်ဖြစ်သည်ဟု ပြည်တွင်းသတင်းထောက်တဦးက သုံးသပ်သည်။

၎င်းက “အခု လူထုက ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် စိတ်ဝင်စားနေတာကို အာရုံပြောင်းအောင် လုပ်တာပဲဖြစ်တယ်။ ကြက်ဥတလုံး ကျပ် (၇၀) လောက်ရှိတဲ့ဟာ အတုလုပ်စရာလားဗျာ။ သူတို့ရေးထားသလို ဓာတုဗေဒနည်းနဲ့လုပ်တဲ့ ကြက်ဥ အတုက အစစ်ထက်တောင် ပိုကုန်ကျဦးမယ်။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သတင်းမှာကလည်း ကြက်ဥအတုတွေ နယ်စပ်က ၀င်လာတယ်ဆိုတာလောက်ပဲပါတယ်။ ဘယ်အချိန်တုန်းက ဘယ်နေရာကနေ သိမ်းဆည်းရမိတယ်။ ဘယ်မှာ ဓာတ်ခွဲစမ်းသပ်ကြည့်လို့ သိရတယ်ဆိုတာတွေ ဘာမှမပါဘူး” ဟု သုံးသပ်ပြောဆိုသည်။

အဆိုပါကြက်ဥအတု သတင်းနှင့်စပ်လျဉ်း၍ စစ်အစိုးရပိုင်သတင်းစာများတွင် ကြက်ဥအတုသည် ခပ်ပြင်းပြင်း ကိုင်လှုပ်ကြည့်ပါက အဆန်ချောင်ကြောင်း၊ ဇလုံ၊ ပန်းကန်တခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါကလည်း လည်ပတ်နှုန်းပိုကြာသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကြက်ဥအတုရောင်းချခြင်းများ၊ ကြက်ဥအတုအသုံးပြုသည့် စားသောက်ဆိုင်များအား သတင်းပို့တိုင်ကြားရန် နှိုးဆော်ထားသည်။

ထိုင်းနယ်စပ်မှ မြန်မာကုန်သည်တဦးက “ရန်ကုန်မှာရောက်နေတာကြာပြီ။ တရုတ်ဘက်ကလာတာပါ။ တရုတ်ကတော့စုံတယ်။ ဆန်အတု၊ ကြက်ဥအတု အကုန်သွင်းတယ်။ အစိုးရက ဘယ်ကလာသလဲဆိုတာ သိပါတယ်။ သူ့ဆရာ တရုတ်ကိုတော့ ဒဲ့ဒိုးဘယ်ပြောရဲမှာလည်း” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ မဲဆောက်ဘက်မှ ကြက်ဥအမြောက်အမြားတင်သွင်းနေပြီး ယခုကဲ့သို့ ကြက်ဥအတုသတင်းကြောင့် ကုန်သည်များ တအံ့တသြ ဖြစ်ကြရသည်ဟုလည်း မဲဆောက်မြို့မှ ကြက်ဥနှင့်မွေးမြူရေးအစာရောင်းသည့် ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

၎င်းက “ထိုင်းမှာကြက်ဥအတုမရှိဘူး။ ထုတ်ကုန်က စားသုံးမှုလုံလောက်တဲ့အပြင် နိုင်ငံခြားကိုလည်း ကုမ္ပဏီတွေက ရေကြောင်း၊ လေကြောင်းကနေ ပို့တာတွေရှိတယ်။ မဲဆောက်ကနေလည်း တရက်ခြား မြန်မာဘက်ကို အလုံး (၁) သိန်းကျော် ပုံမှန်ပို့ပါတယ်။ ဒီကိစ္စက ကုန်သည်တွေကို ဇဝေဇ၀ါဖြစ်စေတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ကြက်ဥအတုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်း ထိုင်းနိုင်ငံထုတ် သတင်းစာများတွင် ယခုရက်ပိုင်းအတွင်း ဖော်ပြခဲ့ကြပြီး ကြက်ဥထဲတွင် (မယ်လမင်း) ဓာတ်နှင့် ဓာတုဗေဒပစ္စည်းများ အလွန်အကျွံပါဝင်ပြီး ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ရေးသားထားသည်။



မြောက်ပိုင်းတိုင်း တိုင်းမှူး ကေအိုင်အိုနယ်မြေရောက်ရှိ
စစ်ဆေးရုံသို့ သွားရောက်လေ့လာ
NEJ / ၃၁ ဇူလိုင် ၂၀၀၉


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ယနေ့ရောက်ရှိလာကာ လိုင်ဇာဟိုတယ်တွင် ကေအိုင်အိုခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ကေအိုင်အို စစ်ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။

အင်အား (၁ဝဝ) ဝန်းကျင်ရှိ နအဖစစ်သားများက လုံခြုံရေးအဖြစ် လိုက်ပါလာသည့် ဗိုလ်ချုပ်စိုးဝင်းသည် ယနေ့ နံနက် (၁ဝ) နာရီခန့်တွင် ကေအိုင်အို ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် လိုင်ဇာမြို့မြောက်ဘက်၊ နှစ်မိုင်ခန့်အကွာ ဝယ်ကျိုင်ကျေးရွာရှိ ကေအိုင်အို စစ်ဆေးရုံသို့ သွားရောက်ခဲ့သည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။

၎င်းက “တိုင်းမှူးအဖွဲ့က ကားငယ်လေးတွေက ဆယ်စီးလောက်ရှိမယ်။ စစ်ထရပ်ကားမှာက လုံခြုံရေးအနေနဲ့ လိုက်လာတဲ့ စစ်သားတွေပါတယ်။ သူတို့လုံခြုံရေးတွေနဲ့ပဲ လိုင်ဇာမှာ ပြည့်နေတာ” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး နအဖဘက်က ကမ်းလှမ်းထားမှုအပေါ် ကေအိုင်အိုအဖွဲ့က ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့ကို မိမိစစ်သားများဖြင့်သာ ဖွဲ့စည်းလိုပြီး အနာဂတ် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ကေအိုင်အိုက အာဏာရရှိရေး တောင်းဆိုခဲ့သည်။

ထို့အပြင် ကေအိုင်အိုအဖွဲ့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့နှင့်အဆင့်တူသည့် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့ စသည့်ဌာနများလည်း ရှိနေ၍ အသွင်ကူးပြောင်းရေးတွင် အဆိုပါဌာနများအတွက်လည်း ထည့်စဉ်စားရန်လိုကြောင်း ယခုလ (၈) ရက်တွင် ကေအိုင်အိုဘက်က တင်ပြထားသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်ခံသဘောတူရန် ကေအိုင်အိုအဖွဲ့အား ပြောဆိုနားချပေးရန် ယခုလ (၂၉) ရက်တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ စိန့်ကော်လန်ဘန်း ကက်သလစ် ဘုရားရှိခိုးကျောင်းတွင် မြောက်ပိုင်းတိုင်း တိုင်းမှူးက ကချင်ပြည်နယ်အတွင်းမှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ စုစုပေါင်း (၁၅ဝ) ခန့်နှင့် တွေ့ဆုံပြောဆိုခဲ့ပြီး ယခုကဲ့သို့ လိုင်ဇာခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

“ဒီတိုင်းမှူးက အရင်တိုင်းမှူးတွေနဲ့ မတူဘူး။ ဒီကို ခဏခဏလာတယ်။ တခါတလေ ဂေါက်သီးလာရိုက်တယ်ဆိုပြီးလာတာ။ အခုက နယ်ခြားစောင့်တပ်ကို ဒီဘက်က လက်မခံထားတဲ့အချိန်မှာ အခုလိုလာတာ နည်းနည်းတော့ထူးတယ်။ သူတို့တောင်းဆို ထားတာကို လက်မခံလို့ ပြန်ပြီး စည်းရုံးရေးဆင်းတဲ့ပုံရတယ်” ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ကေအိုင်အို ခေါင်းဆောင်များကို ဖုန်းဆက်သွယ်သော်လည်း မရရှိပါ။



မြန်မာကြက်သွန်နီ တင်ပို့မှုကန့်သတ်


NEJ / ၃၁ ဇူလိုင် ၂၀၀၉


ပြည်တွင်းဈေးကွက်တွင် အဆမတန်ဈေးမြင့်လာသည့်အတွက် ယခုရက်ပိုင်းအတွင်းမှစတင်ကာ မြန်မာကြက်သွန်နီများ ထိုင်းဘက်တင်ပို့မှုကို မြန်မာဘက်က ကန့်သတ်လိုက်သည်ဟု ကုန်သည်များက ပြောသည်။

မြ၀တီကြက်သွန်ဒိုင်ကြီးတခုက “အရင်လို ထိုင်းဘက်ကို ခိုးဂိတ်ကနေ ပို့လို့မရတော့ဘူး။ သူတို့ပြောတာက ပြည်တွင်းစားသုံးမှု ပြဿနာမဖြစ်ရအောင် ကုန်သည်တွေမှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ခဏနားထားရမယ်” ဟု ပြောသည်။

မြ၀တီမြို့တွင် မွန်ဒိုင်အပါအ၀င် ဒိုင်ကြီး (၆) ခုရှိပြီး မွန်ဒိုင်တခုသာလျှင် ကြက်သွန်နီများကို ထိုင်းဘက်သို့ ဂျူတီဆောင်ကာ တင်ပို့နေသော်လည်း ဒိုင်အများစုမှာ တွက်ခြေပိုကိုက်သည့် အောက်လမ်းမှသာ ထိုင်းဘက်သို့ ပို့ဆောင်ကြသည်ဟု ကုန်သည်များက ပြောသည်။

မြ၀တီရှိဘုရင့်နောင်ဈေးမှ ဆိုင်ရှင်တဦးက “ကြက်သွန်နီအလုံးကြီးတပိဿာကို (၁,၃၀၀) ကျပ်ရှိတယ်။ အရင်လတွေက (၇၀၀) ပဲ ရှိတယ်။ လက်ကားဆိုင်ဆိုတော့ ၀ယ်အားကျမကျ ချက်ချင်းသိတယ်။ ဈေးကြီးတော့ လူတွေလည်း အသုံးနည်းသွားတယ်” ဟု ပြောသည်။

မဲဆောက်ဘက်တွင် ဈေးကွက်အတွင်း ယခင်ကဲ့သို့ အရည်အသွေးကောင်းသည့် ကြက်သွန်နီများ ၀င်ရောက်မှုမရှိဘဲ အလုံးငယ်များကို တပိဿာလျှင် ဘတ် (၄၀) ဖြင့် ရောင်းချလျက်ရှိသည်။

မဲဆောက်ကြက်သွန်နီပွဲရုံမှ ထိုင်းမန်နေဂျာက “ဒီလိုဈေးထိုးတက်တာတွေ အရင်ကလည်းကြုံဖူးတယ်။ နှစ်တိုင်းတော့ မဟုတ်ဘူး။ ဈေးမြင့်တော့ ပစ္စည်းကို ထက်ဝက်လောက် လျှော့မှာရတယ်။ အရင်က တနေ့ကို အနည်းဆုံး (၁၀) တန်လောက် ဘန်ကောက်ကိုပို့တယ်။ အခုလကစပြီး ရက်ခြားပဲပို့ရတော့တယ်။ ဈေးကခေါက်ချိုးနီးနီး တက်သွားလို့ဖြစ်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ကလည်း မြန်မာကြက်သွန်နီ ဈေးအဆမတန်မြင့်တက်ခဲ့ရာ မြ၀တီဘက်တွင် တပိဿာ ကျပ် (၁,၈၀၀) အထိဖြစ်ခဲ့ပြီး ထိုင်းဘက်ခြမ်းမဲဆောက်တွင် တပိဿာ (၅၅) ဘတ်အထိ ဖြစ်ခဲ့သည်။

မြန်မာကြက်သွန်နီများ နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းရာတွင် မြ၀တီ-မဲဆောက်လမ်းကြောမှ လစဉ် တန်ချိန် (၁,၅၀၀) ခန့် အနည်းဆုံးရှိသည်ဟု ထိုင်းကြက်သွန်နီပွဲရုံက ပြောသည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေး စခန်းမှတ်တမ်းများအရ ယမန်နှစ် ဒီဇင်ဘာတလအတွင်း ထိုင်းဘက်သို့ ကြက်သွန်နီ တန်ချိန် (၂,၀၀၀)၊ အမေရိကန်ဒေါ်လာ (၄) သိန်းကျော်ဖိုး တင်ပို့ခဲ့သည်ဟု ဖော်ပြထားသည်။



စားသုံးဆီကြောင့် စီးပွားရေးဦးပိုင်နှင့် ဦးတေဇ အချင်းများကြ
Friday, 31 July 2009 16:51 ဟိန်းဇော် .မြန်မာနိုင်ငံတွင် စားသုံးဆီ တင်သွင်းခွင့် အပြည့်အဝ ရရှိထားသော စီးပွားရေး ဦးပိုင် လီမိတက်က မကျေနပ်သောကြောင့် ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ စားသုံးဆီ တင်သွင်းခွင့်များ ပိတ်ပင် ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှု ကြီးမားနေကြောင်း ၎င်း ကုမ္ပဏီအသိုင်းအဝန်းမှ ကြားသိရသည်။

ဦးတေဇသည် ၎င်း တည်ထောင်ထားသည့် ရန်ကုန် ယူနိုက်တက် FC အသင်း ရပ်တည်ရန် ယခုနှစ်အတွင်း ပြည်ပမှ စားသုံးဆီများ ပိုမို တိုးချဲ့တင်သွင်းလျက် ရှိသည်။

သို့ရာတွင် စစ်အစိုးရ၏ စီးပွားရေး ဦးပိုင် လီမိတက် လုပ်ငန်းကို ထိခိုက်လာသည်ဟု ယူဆကာ ကျန်းမာရေး ၀န်ကြီး ဌာနနှင့် ဦးပိုင် ပူးပေါင်း၍ ထူး ကုမ္ပဏီက တင်သွင်းသည့် စားသုံးဆီ အမှတ်တံဆိပ်များကို စားသုံးရန် မသင့်ကြောင်း ကြေညာပြီး တင်သွင်းခွင့် ပိတ်လိုက်ကြောင်း ထူး ကုမ္ပဏီ၏ တာဝန်ရှိသူ တဦးက ပြောသည်။

“ကိုတေဇက ဒီဘောလုံးအသင်းအတွက် ဆီက ရမယ့်အမြတ်ငွေထပ်ထည့်ဖို့ ရည်ရွယ်ထားတာ။ ဦးပိုင်က သူ့ လုပ်ကွက်ပျောက်မှာစိုးလို့ တင်သွင်းတဲ့ ဆီကို စစ်ဆေးအောင် တွန်းအားပေးခဲ့တာ။ ဆီတင်သွင်းခွင့် ပိတ်ခံရလို့ ကိုတေဇ ဒေါသထွက်နေတယ်” ဟု ၎င်းက ဆိုသည်။

ကျန်းမာရေး ၀န်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာထဲတွင် မလေးရှား နိုင်ငံထုတ် ကျောက်ပုစွန်နှစ်ကောင် (star oil) အမှတ်တံဆိပ်နှင့် ကျောက်ပုစွန် တကောင် အမှတ်တံဆိပ်၊ ရေနဂါး(twin sea horse) အမှတ်တံဆိပ်၊ ထိုင်းနိုင်ငံထုတ် ငါးကြော် အမှတ်တံဆိပ် (pamola brant) များသည် ဓာတုဓာတ်ခွဲ စစ်ဆေးချက်အရ စားသုံးဆီ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိ၍ စားသုံးရန် မသင့်ကြောင်း ကြေညာခဲ့သည်။

စားသုံးဆီ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိဟု ကျန်းမာရေးဌာနက သတ်မှတ်သော အဆိုပါ ဆီ အမှတ် တံဆိပ် များ ကို ဦးတေဇက တင်သွင်းနေပြီး ဆီတင်သွင်းခွင့် ပိတ်ခံလိုက်ရ၍ စီးပွားရေး ဦးပိုင် လီမိတက်နှင့် အချင်း များနေကြောင်း ဦးပိုင် လီမိတက်မှ ဆီကုန်သည် တဦးက ပြောသည်။

“နှစ်ဘက်စလုံးက လုပ်ပိုင်ခွင့်တွေ အပြည့်သုံးခွင့်ရထားတဲ့ သူတွေချည်းပဲ။ ပွဲကတော့ ကြည့်ကောင်းမှာ။ ဦးတေဇက သူလုပ်ငန်းပြန်လုပ်ခွင့်ရအောင် လုပ်မှာပဲ။ ဦးပိုင်ကလည်း သူလက်ရှိ လုပ်နေတဲ့ ဆီကို ဈေးကွက် ပျက်အောင် လုပ်လို့ ငြိမ်နေမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ဦးတေဇသည် ထူး ကုမဏီကို တည်ထောင်ပြီး အဲပုဂံ လေကြောင်း လိုင်းဖြင့် ပြည်တွင်းပြည်ပ ပျံသန်းခြင်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန် သွင်းကုန် လုပ်ငန်း၊ သစ်လုပ်ကွက် ၊ စက်သုံးဆီ၊ စားသုံးဆီ စသော လုပ်ပိုင်ခွင့်များ ရရှိထားပြီး မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့် အများဆုံး ရရှိထားသော စီးပွားရေးလုပ်ငန်းရှင်ကြီးများအနက် တဦးအပါအ၀င်ဖြစ်ကာ လက်ရှိတွင် ငွေကြေး ကျပ် သိန်း ထောင်ချီ အကုန်အကျ ခံပြီး ရန်ကုန် ယူနိုက်တက် FC ကြေးစားဘောလုံး အသင်းကိုတည်ထောင်ထားသူ ဖြစ်သည်။



အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လွတ်လာ
ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 31 ရက် 2009 ခုနှစ် 20 နာရီ 14 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ယမန်နေ့ညက ဖမ်းဆီးခံခဲ့ကြရသူများ အနက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ဒဂုံမြို့သစ်မှ မသက်သက်အောင်၊ တောင်ဒဂုံမြို့နယ်မှ ကိုထိန်ဝင်းနှင့် ဒေါ်ခင်ဝင်းကြည်၊ စမ်းချောင်းမြို့နယ်နေ အောင်လံအမတ် ဦးညွန့်လှိုင်၊ ဒေါ်နော်အုန်းလှ၊ မခင်မြတ်သူတို့ ပြန်လွတ်လာကြောင်း အဖွဲ့ချုပ် ဗဟို ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က ပြောသည်။

ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမည်ဟု ယနေ့တွင် လျာထားခဲ့ရာမှ ဆူပူအုံကြွမည်ကို စိုးရိမ်ပြီး လက်ဦးမှု ရယူသည့် အနေဖြင့် အနယ်နယ်အရပ်ရပ်မှ အန်အယ်ဒီအဖွဲ့ဝင်အချို့ကို ယမန်နေ့ညက ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၃၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းရသည်။

လွတ်မြောက်လာသူများမှ တဦးဖြစ်သူ တောင်ဒဂုံမြို့နယ် လူငယ်တာဝန်ခံ (၃) ကိုထိန်ဝင်းကလည်း “ဒီနေ့ ကျနော် ၁၂ နာရီ အိမ်ကို ပြန်ရောက်လာပါတယ်။ ကျနော့်ကို မေးတယ်။ ဒီနေ့ ၃၁ ရက်နေ့ ဘာလုပ်မလဲ။ ဆန္ဒပြဖို့ အစီအစဉ်ရှိလား။ ၈ လေးလုံးနေ့မှာ ဘာလုပ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့မယ်ဆိုရင် ဘာလုပ်မလဲလို့ ဆိုတာတွေ မေးတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုထိန်ဝင်းအား ယမန်နေ့ ည ၁၂ နာရီခန့်တွင် ကျေးရွာကောင်စီ - ရယက ဥက္ကဋ္ဌ၊ ရာအိမ်မှူးနှင့် အက်စ်ဘီ ဒုရဲအုပ် ကိုအေးသိန်းက မေးမြန်းစရာရှိသည်ဟုဆိုကာ နေအိမ်မှ တောင်ဒဂုံရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဒုရဲမှူး ဦးစိုးသိန်းက ကားဖြင့် ဗဟန်းမြို့နယ်ရှိ ပြည်ထဲရေးရုံးသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားကာ ၂ နာရီခန့်ကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။

ဒေါ်ခင်ဝင်းကြည်သည်လည်း အဆိုပါနေရာ၌ပင် စစ်ဆေး မေးမြန်းခြင်း ခံရကြောင်း ကိုထိန်ဝင်းက ပြောသည်။

စစ်ကြောရေးတွင် မေးမြန်းခဲ့သမျှကို ပြင်ပသို့ ပြန်လည်မပြောရန် ဝန်ခံကတိ လက်မှတ် ထိုးခဲ့ရသည်ဟုလည်း သူက ပြောသည်။



ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း
Friday, 31 July 2009 13:30 ကိုစိုး .မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အမှုအား ယနေ့ စီရင်ချက်ချမှတ်ရန် အစီအစဉ်ကို လာမည့် သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းကပြောသည်။

“ဒီနေ့ကတော့ ရုံးချိန်းသက်သက်ပဲ၊၁၀ နာရီရုံးတက်ပြီးတာနဲ့ တရားသူကြီးဦးသောင်းညွန့်က ရုံးချိန်းတဲ့အကြောင်း ကြေညာတယ်၊ အကြောင်းပြချက်က ဒီအမှုမှာ ဥပဒေပြဿနာကို စဉ်းစားသုံးသပ်ရန် ရှိနေတဲ့ အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၁ ရက်နေ့မနက် ၁၀ နာရီကို ချိန်းပါတယ်”ဟု ဦးဉာဏ်ဝင်း က ဧရာဝတီ သို့ ပြောသည်။

ယခုကဲ့သို့ ရွှေ့ဆိုင်းခြင်းသည် နိုင်ငံတကာ၏ သဘောထား ဖိအားများကို ထည့်သွင်း စဉ်းစားနေခြင်း ဖြစ်နိုင် သည် ဟု ယူဆ၍ ရကြောင်းလည်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့် အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည် အမှုအား ၂ ဘက်အပြီးသတ်လျှောက်လဲချက်များကို ကြားနာပြီး နောက် အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့ နံနက်ပိုင်းတွင် စီရင်ချက်ချမှတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

ယင်း စီရင်ချက်ချမည့် ရက်ကို ရွှေ့ဆိုင်းရန် တရားရုံးသို့ နေပြည်တော်ရှိ စစ်အစိုးရအကြီးအကဲက ညွှန်ကြားခဲ့ ခြင်းဖြစ်ကြောင်း အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။

ယခုကဲ့သို့ စီရင်ချက်ချမည့် ရက်ကို ရွှေ့ဆိုင်းခြင်းသည် သြဂုတ်လအတွင်း ကျရောက်မည့် ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့ကို ရှောင်ရှားလို၍ ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

ယနေ့တရားခွင်သို့ နိုင်ငံခြားသံရုံး အရာရှိများကို လာရောက်ခွင့်ပြုသည်ဟုလည်း သိရသည်။

အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင်လည်း လုံခြုံရေးတင်းကျပ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“အခု အင်းစိန်ခုံးတံတားကို ပိတ်ထားတယ်၊ လူရော ကားရော သွားလို့မရဘူး၊ ကျနော် ရောက်နေတဲ့ ဘက်က ဒီဘက် ပန်းခြံဘက်မှာ၊ ကြံ့ဖွံ့လိုလို စွမ်းအားရှင်လို လူတွေကလည်း ၁၀၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်၊ သူတို့က ကျနော်တို့ လူတွေကို ဓာတ်ပုံတွေ ဘာတွေရိုက်နေတယ်၊ အခုပြောနေချိန်မှာပဲ ရဲ ကား ၇ စီးလောက် လှည့်လာတယ်၊ ကားခေါင်းပေါ်မှာလည်း စက်သေနတ်ကို အသင့် ထောက်ပြီးတင်ထားတာတွေ့ရတယ်”ဟု ၎င်း က ပြောပြသည်။

ယင်း တရားစီရင်ရာ အင်းစိန်ထောင်အနီး ဝန်းကျင်သို့ NLD အဖွဲ့ဝင်များ၊ ပြည်နယ် နှင့် တိုင်းမှလွှတ်တော်အမတ် တချို့၊ မြောင်းမြဘဆွေ၊ အမျိုးသားရေး ဦးဝင်းနိုင် နှင့် အယ်ဒီတာ ကဗျာဆရာ ဖျာပုံနီလုံဦး တို့အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော လူပရိသတ် ၃၀၀ ဝန်းကျင်ခန့် လာရောက်ကြသည်ဟုလည်း ၎င်းက ဆိုသည်။

“ဆရာ ဦးဝင်းတင်ကလည်း လမ်းလျှောက်ရတာ မောနေလို့တဲ့ ဆိုက်ကားနဲ့ ထွက်လာချင်တယ်လို့ပြောတယ်၊ ပေါက်တောဘက်မှာတော့ ဦးအေးသာအောင်တို့ ရှိမယ်”ဟုလည်း သူ က ဆိုသည်။ အင်းစိန် ထောင်အနီး ပေါက်တော ဘက်တွင်လည်း လုံထိန်းတပ်ဖွဲ့ဝင်များစွာဖြင့် လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD ပါတီ ရုံးချုပ်အနီးတွင် လည်း ရဲကား ၁၀ စီးခန့်၊ လုံထိန်း၊ စွမ်းအားရှင်တို့ ဖြင့် လုံခြုံရေး တင်းကျပ်ထားကြောင်း ပြည်တွင်း သတင်း ထောက် တဦး ကပြောသည်။

“ရုံးနားက မူလတန်းကျောင်းအနားမှာ ရဲကား ၅ စီး ၊ ကျောက်ဆည် ဓမ္မာရုံနားမှာ ၄ စီး ရှိတယ်”ဟု ၎င်းက ပြောပြ သည်။

ယမန်နေ့ ညဘက်ကလည်း NLD အဖွဲ့ဝင် ၂၀ ခန့်ကို အာဏာပိုင်များက နေအိမ်များမှ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

“မနက်ဖြန် ဒေါ်စု ရုံးချိန်းသွားမှာလားလို့ မေးတယ်၊ သွားမယ်လို့ပြောတဲ့လူတွေကို ဖမ်းသွားတာ”ဟု အထက်ပါ သတင်းထောက်ကပြောသည်။

ဒေါ်ခင်ဝင်းကြည်(ဒဂုံမြို့သစ်) ၊ မထက်ထက်အောင် ဒဂုံမြို့နယ် လူငယ်၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်မှ ဦးမောင်စိုး၊ ဦးပါလေး၊ ဦးကျော်နိုင်၊ ရေနံချောင်းမှ ကိုမြင့်ငွေ၊ ကိုတင့်လွင်၊ ကိုသန်းအောင်၊ ဆင်ဖြူကျွန်းမှ ကိုနေမျိုးကျော်၊ မင်းဘူးမြို့နယ်မှ ဦးသောင်းစိုး၊ ရန်ကုန်တိုင်း တောင်ဒဂုံ မှ ကိုထိန်ဝင်း၊ သာကေတ မှ ကိုနေလင်းစိုး၊ မင်္ဂလာဒုံ မှ မခင်မြတ်သူတို့ အပါအဝင် NLD အဖွဲ့ဝင် ၂၀ ခန့် ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရ ကြောင်း NLD ကလည်း အတည်ပြု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် ကြည်ဝေနှင့် ပူးပေါင်းရေးသားသည်။



ဘန်ကောက်မှ မြန်မာတချို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ဆန္ဒပြ
Friday, 31 July 2009 17:50 ဘစောတင် .ထိုင်းနိုင်ငံရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူ ၂ဝ ကျော်သည် ယနေ့ နံနက်က မြန်မာသံရုံးရှေ့သို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းကို ရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြကြသည်၊


ယနေ့နံနက်က တွေ့ရသည့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှ ဆန္ဒပြပွဲ (ဓာတ်ပုံ- ဘစောတင်/ဧရာဝတီ)
အနီရောင် အဝတ်စများကို ခေါင်းတွင် စည်းကာ၊ ပိုစတာများ ကိုင်ဆောင်ထားကြသော မြန်မာပြည်သားများသည် သူတို့ ချစ်ခင် လေးစားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ချခံရမည်ကို အထူး စိုးရိမ်နေကြသည်။

“စစ်အာဏာရှင်တွေဟာ ကျနော်တို့ ခေါင်းဆောင်ကို မတရားသဖြင့် ကလိမ်စေ့ငြမ်းဆင်ကာ ထောင်ချဖို့ ကြံစည်တယ်၊ ဒီကနေ့  အမိန့်ချမယ်လို့ ကျနော်တို့ သိရတယ်၊ ဒါဟာ မတရားဘူး၊ မမျှတဘူး။ မြန်မာပြည်ရဲ့ တရားဥပဒေ စနစ်ဟာ ဘယ်လောက် ဆိုးရွားနေတယ် ဆိုတာကို ပြသနေတာ ဖြစ်တယ်၊ ဒါကို ကမ္ဘာကလည်း သိတယ်” ဟု လက်ကိုင် လော်စပီကာငယ်ဖြင့် အသံကုန် အော်ဟစ် တောင်းဆိုနေခဲ့သူ ကိုနိုင်ထွန်းလင်းက ပြောသည်။ ကိုနိုင်ထွန်းလင်းသည် မြန်မာ ဒုက္ခသည်များ ကူညီရေးအဖွဲ့ မှ အတွင်းရေးမှူး ဖြစ်သည်။

ဘန်ကောက်မြို့တွင် ယင်းသို့ ဆန္ဒပြနေစဉ်မှာပင် စစ်အစိုးရက စီရင်ချက်ချမည့်နေ့ကို သြဂုတ်လ ၁၁ ရက်နေ့သို့ ပြောင်းရွှေ့လိုက်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ထားလိုသည်မှာ သံသယဖြစ်ဖွယ် မရှိဟု အများက ယူဆနေကြသည်။

ယနေ့ ဆန္ဒပြပွဲတွင် နိုင်ငံရေး လှုပ်ရှားသူများသာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သော မြန်မာ အလုပ်သမားများလည်း ပါဝင်သည်ကို တွေ့ရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နှစ်နှစ် ကာကာ ကြည်ညိုတယ်၊ ယုံကြည်တယ်၊ အခုလို မတရားသဖြင့် စီရင်ချက် ချတော့မယ်လို့ ကြားရတော့ အင်မတန်လည်း ဝမ်းနည်းတယ်၊ ကျနော် ဘယ်လိုမှ ခံနိုင်ရည် မရှိဘူး။ ကျနော်တို့ ပြည်သူတွေက ကိုယ်တတ်နိုင်တဲ့ ဘက်က ဒါဟာ မတရားဘူး ဆိုတာကို ထုတ်ဖော်ပြရမယ်၊ ဒါကြောင့် ကျနော် အခုလို လာရောက် ဆန္ဒပြတာ” ဟု ဘန်ကောက်မြို့ လုံဗိနီ ညဈေးမှ ဈေးသည်တဦးဖြစ်သူ ကိုဝင်းကိုက ဧရာဝတီကို ပြောသည်။

စစ်အစိုးရ၏ မတရားမှုများကို သည်းခံနိုင်ခြင်း မရှိတော့ကြောင်း ဘန်ဘော်ရပ်ကွက် ငါးသေတ္တာစက်ရုံမှ ကိုမြင့်နိုင်က ပြောသည်။

“ကျနော်ကတော့ နိုင်ငံရေးတွေ ဘာတွေ သိပ် မသိဘူး၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တိုင်းပြည် ကောင်းစားရေး အတွက် ဘဝကို ရင်းပြီး လုပ်ပေးနေတယ် ဆိုတာ နားလည်တယ်၊ သူတို့ကို လွတ်လပ်စေချင်တယ်” ဟု ကိုမြင့်နိုင်က ပြောသည်။ ကိုမြင့်နိုင်သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နယ်မှ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏အိမ်သို့ အမေရိကန်တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့မှုကြောင့် တရားစွဲခံနေရခြင်း ဖြစ်သည်။

အာဆီယံအသင်းက စစ်အစိုးရ၏ ယခု လုပ်ရပ်ကို လျစ်လျူရှုထားရန် မသင့်လျော်ကြောင်း ထိုင်း အမျိုးသမီး သတင်းထောက်တဦးဖြစ်သူ Jonsinee KanKaew က ပြောသည်။

“အခုကိစ္စက နိုင်ငံရေး သက်သက်ကို ဇောင်းပေး ပြောနေလို့ မရတော့ဘူး။ လူ့ အခွင့်အရေး ချိုးဖောက်မှုကြီးလည်း ဖြစ်တယ်၊ မကျူးလွန်တဲ့ အပြစ်အတွက် ထောင်ချမယ် ဆိုရင် အာဆီယံ ပဋိညာဉ်စာတမ်းကို ဖောက်ဖျက်တာ ကျိန်းသေတယ်။ တကယ်လို့ မိုက်မဲစွာနဲ့ သူတို့ ဒေါ်စုကို ထောင်ချခဲ့ရင် အဲဒီအတွက် နိုင်ငံတကာရဲ့ ဖိအားကို အရင်ထက် ပိုမိုပြင်းထန်စွာ ရင်ဆိုင်ရမှာတော့ မလွဲပါဘူး” ဟု ဘန်ကောက်မြို့အခြေစိုက် သတင်းထောက် Jonsinee KanKaew က ပြောသည်၊
ရန်ကုန်မြို့တွင်လည်း ဒီမိုကရေစီအရေး လှုပ်ရှားသူများ ဆန္ဒပြကြမည်ကို အစိုးရက ကြိုတင် တားဆီးသည့်အနေဖြင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင် အများအပြားကို လမ်းပေါ်တွင် ချထားသည်။ ယမန်နေ့ညကလည်း ရန်ကုန်တိုင်း နှင့် မကွေးတိုင်းမှ NLD အဖွဲ့ဝင် ၃၀ ၀န်းကျင်ကို ထိန်းသိမ်းလိုက်သည်။အမှုကို စီရင်ချက် ချရန် ပြန်လည် သတ်မှတ်ထားသော သြဂုတ်လသည် ရှစ်လေးလုံး လူထု အုံကြွမှု ၂၁ နှစ်မြောက် နှစ်ပတ်လည် ကာလလည်း ဖြစ်သည်။



မြောက်ပိုင်းတိုင်းမှူး လိုင်ဇာသို့လည်ပတ်
မျိုးကြီး
သောကြာနေ့၊ ဂျူလိုင်လ 31 ရက် 2009 ခုနှစ် 19 နာရီ 47 မိနစ်


ရွှေလီ (မဇ္ဈိမ)။ ။ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ - ကေအိုင်အိုတို့ တရုတ်နယ်စပ်ရှိ ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာမြို့တွင် ယနေ့နံနက်ပိုင်းက လာရောက်သည်။

ယခုလ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့တွင် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းသည် ကချင် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုလို လိုင်ဇာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ နံနက် ၇ နာရီကျော်မှ ညနေ ၂ နာရီကျော်အထိ လိုင်ဇာမြို့ရှိ လိုင်ဇာဟိုတယ်တွင် ကေအိုင်အို ခေါင်းဆောင်များနှင့် တွေ့ဆုံကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

“မနက် ၆ နာရီ ၁၀ မိနစ်လောက်မှာ ပထမဆုံး ဖိုးဝီးကားတစီးနဲ့ အီရိုးလက်ကား ၂ စီး ရှေ့ပြေးအဖွဲ့ ရောက်လာတယ်။ ၇ နာရီ ၁၅ မိနစ်လောက်မှ တိုင်းမှူးက သူ့ရဲ့ ပါရာဒိုကားနဲ့ ရှေ့ပွိုင့် ဖိုးဝီးတစီးနဲ့ အတူလာတယ်။ ၁၀ နာရီခွဲလောက်မှာတော့ ဖိုးဝီးကား ၇ စီး ပွိုင့် ၅ တွေ တင်ထားတယ်။ သေတ္တာတွေလည်း တင်ထားတယ် အားလုံးဆို ၁၀၀ ပတ်ဝန်းကျင်လောက် ရှိမယ်” ဟု တွေ့မြင်လိုက်သူ တဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရန် နအဖက ပြီးခဲ့သည့် ဧပြီလကတည်းက ကေအိုင်အိုကို အဆိုပြုခဲ့သော်လည်း လက်မခံခဲ့ဘဲ၊ ယခုလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် မြောက်ပိုင်းတိုင်းမှူးနှင့် ကေအိုင်အို တွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် - BGF အစား ကချင်ဒေသ လုံခြုံရေးတပ်ဖွဲ့ - KRGF ဖွဲ့စည်းရေးကို တင်ပြ တောင်းဆိုခဲ့သည်။

မွန်းလွဲ ၂ နာရီခွဲခန့်တွင် တိုင်းမှူးနှင့် အဖွဲ့သည် လိုင်ဇာမြို့ ဝယ်ကြိုင်ရပ်ကွက်ရှိ ကေအိုင်အို ဆေးရုံသို့ လာရောက်ကြည့်ရှုခဲ့ပြီး ညနေ ၃ နာရီခန့်တွင် လိုင်ဇာမှ ပြန်လည် ထွက်ခွာသွားသည်။



ကြက်ဥ အတုများ ဝင်ရောက်နေဟု အစိုးရ သတိပေး
Friday, 31 July 2009 18:01 ရန်ပိုင် .ပြည်သူများ စားသုံးရန် မသင့်သည့် ဓာတုဗေဒနည်းနှင့် ပြုလုပ်ထားသော ကြက်ဥအတုများ နယ်စပ်ဒေသမှ တဆင့် ၀င်ရောက်နေသည်ဟု ထူးခြားးသည့် သတင်းအား ဇူလိုင်လ ၃၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

အဆိုပါ ကြက်ဥ အတု သတင်းကို မြန်မာပြည်တွင်းရှိ ဖတ်ရှုသိရှိရသူများက ထူးဆန်းအံ့သြမှု ဖြစ်နေကြကြောင်း သိရ သည်။

ယခု ကြက်ဥ အတုများ ၀င်ရောက်နေကြောင်း စစ်အစိုးရကြေညာချက်သည် အစိုးရ ကိုယ်တိုင်ကြက်မွေးမြူနေ၍ တဖက် နိုင်ငံက ကြက်ဥများဝင်လာမည်စိုးသောကြောင့်ဟု ထင်မြင်ကြောင်း ရန်ကုန်မြို့မှ အိမ်ရှင်မတဦးက ဧရာဝတီ ကို ပြော သည်။

“ညကမှ ရုပ်မြင်သံကြားသတင်းမှာ တွေ့တာ ၊ မဖြစ်နိုင်ဘူးထင်တယ်၊ အတုလုပ်ဖို့ ကုန်ကျစရိတ်က ကြီးမယ်၊ တခါမှ တော့မမြင်ဖူးသေးဘူး၊ အစိုးရကိုယ်တိုင် ကြက်မွေးနေတော့ တဖက်နိုင်ငံက ကြက်ဥတွေဝင်လာမှာ စိုးလို့ထင်တယ်” ဟု ပြောသည်

ကြက်ဥ အတု၏ အကာပိုင်းတွင် ဘင်ဇိုရစ် အက်စစ်၊ ဂျယ်လီ၊ အမည်မသိဓာတုဆေးမှုန့် နှင့် မုန့်ဖုတ်ရာတွင်သုံးသော ဓာတုပေါင်ဒါများပါဝင်ပြီး အတုနှင့် အစစ်ကိုခွဲခြားရာတွင် လှည့်ကြည့်ပါက အတုသည် ဂျင်ကဲ့သို့လည်၍ အရောင်ပိုရင့် ကြောင်း စစ်အစိုးရသတင်းစာများတွင်ဖော်ပြထားသည်။

နယ်စပ်ဒေသမှ ဝင်ရောက်နေဟု ဆိုသော်လည်း မည်သည့် နယ်စပ်ဒေသဆိုသည်ကို အတိအကျဖော်ပြထားခြင်း မရှိပေ။

ကြက်ဥ အနှစ်ပိုင်းကလည်း အမည်မသိ အ၀ါရောင်ပေါင်ဒါမှုန့်အား အရည်တမျိုးဖြင့် သမအောင်မွှေကာ ကယ်ဆီယမ် ကလိုရိုဒ်ထည့်သွင်း ဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တမျိုးဖြင့် ရောစပ်ထားသည်ဟုသိရသည်။

“မြ၀တီနယ်စပ်မှာတော့ လုံးဝအတုမရှိဘူး၊ ကြက်ဥ ဘဲဥ အကုန်လုံးအစစ်တွေချည်းပဲ၊ ဒီဘက်မှာတော့ တခါမှ မကြားဘူး၊ အခုလို အစိုးရက ထုတ်ပြန်မှသိရတယ်”ဟု မြ၀တီမြို့ခံ တဦးက ပြောသည်။

ရန်ကုန်မြို့တွင် ကြက်ဥဈေးနှုန်းမှာ တလုံးလျှင် ၁၀၀ ကျပ် မှ ၁၂၀ ကျပ်ရှိပြီး ကြက်ဥဈေးကွက်တွင်လည်း အခက်အခဲဖြစ် နိုင်ကြောင်း အဆိုပါ အိမ်ရှင်မက ပြောသည်။

တရုတ်မြန်မာ နယ်စပ်ဒေသခံ တဦးက ပလတ်စတစ်ဖြင့် လုပ်ထားသော ဆန်အတု၊ ကြာဆန်အတုများကို ကိုယ်တိုင်ကြုံတွေ့ဖူးခဲ့သော်လည်း ကြက်ဥ အတုကိုမှု မတွေ့ရှိဘူးသေးကြောင်း ဧရာဝတီသို့ပြောသည်။

“ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ကြာဇံအတု ကိုတော့ ကိုယ်တိုင်ကြုံဖူးတယ် ၊ ကြော်လိုက်တဲ့အခါ ပလတ်စတစ်တွေ အရည် ပျော်သွားတယ်၊ ကြက်ဥ အတုကိုတော့ မကြားဘူးသေးဘူး”ဟု ၎င်းဒေသခံက ပြောသည်။

ကြက်ဥအတုတွင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် စားသုံးမိလျှင် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ဆေးပညာရှင် များက သတိပေးထားပြီး ရောင်းချသူများနှင့် စားသောက်ဆိုင်များအား ကြော်လှော်ချက်ပြုတ် ရောင်းချခြင်းမပြုရန် သက် ဆိုင်ရာက တား မြစ်ထားသည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ယင်းကြက်ဥ အတုများကိုလည်းသက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့များက လိုက်လံသိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

မကြာသေးမီကလည်း အချို့သောဓာတုဆိုးဆေး များပါဝင်သည့် ငါးပိ ၊ လက်ဖက်၊ ယိုစုံ ( အချဉ်ထုတ် )၊ ငရုတ်သီးမှုန့်နှင့် ပြည်ပမှ တင်သွင်းသော စားအုံးဆီများကို စားသုံးရန်မသင့်ဟုမကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။



အိန္ဒိယရှိ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ
Friday, 31 July 2009 18:24 ဇာနည်မာန် .အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ရှိ မြန်မာအလုပ်သမား အနည်းဆုံး ၂၁ ဦးကို တရားမ၀င် နေထိုင်မှုဖြင့် အိန္ဒိယရဲများက ယမန်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ အိန္ဒိယတွင် နေထိုင်ခွင့် လက်မှတ် တစုံတရာမရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သူတို့ကို ပြည်နယ်မြို့တော် အိုက်ဇောရှိ တရားရုံးတွင် ရုံးတင်စစ်ဆေးကာ ထိုက်သင့်သော ပြစ်ဒဏ်များချ မှတ်မည်ဟု ပြည်နယ်ရဲဌာနမှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

“သူတို့ကို ဒီမှာ တရားဝင် နေထိုင်ခွင့်လက်မှတ်တွေ မရှိလို့ဖမ်းထားတာပါ၊ အခုသူတို့ကို တရားရုံးမှာပို့ထားပါ တယ်၊ တရားရုံးက သူတို့ကို မြန်မာပြည်ကို ပြန်ပို့ဖို့ ဒါမှမဟုတ် ဒဏ်ငွေဆောင်ခိုင်းဖို့ တခုခု အမိန့်ချမှတ်ပါ လိမ့်မယ်” ဟု သူက ဆိုသည်။

ဖမ်းဆီးခံရသူ အလုပ်သမားများမှာ ဒဏ်ငွေချမှတ်ခံရပါက အိန္ဒိယ ရူပီး ၅၀၀ မှ ၂၀၀၀ အထိ ပေးဆောင်ရ မည် ဖြစ်သည်။ ဒဏ်ငွေ မဆောင်နိုင်ပါက နယ်စပ်သို့ ပြန်ပို့ခံရခြင်း၊ ထောင်ဒဏ်အနည်းဆုံး ၉ လ အထိကျခံရခြင်း များရှိသည်။

မီဇိုရမ်သို့ ဝင်လာသည့် မြန်မာနိုင်ငံသား အရေအတွက် မြင့်မားလာသကဲ့သို့ နယ်စပ် ကုန်စည်ကူးသန်းရောင်း ၀ယ်မှုများ ပြုလုပ်ရာတွင် မူးယစ်ဆေးဝါးနှင့် တရားမ၀င် လက်နက်မှောင်ခိုမှုများ၌ မြန်မာတို့ ပါဝင်ပတ်သက်မှုများ ရှိနေသောကြောင့် တရားမ၀င်နေထိုင်သူများကို အရေးယူခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ သတင်းဌာနများတွင် ဖော်ပြကြသည်။

ယမန်နေ့ညနေက မီဇိုရမ်ရှိ မြန်မာပြည်တွင်း ခေတ္တပြန်နေသော မြန်မာ အမျိုးသမီးတဦး ငှားရမ်းနေထိုင်သည့် အိမ်တအိမ်ကို သက်ဆိုင်ရာက ၀င်ရောက်ရှာဖွေရာတွင် လက်နက်ခဲယမ်းများကို တွေ့ရှိခဲ့သည်ကို သတင်းဌာန များတွင် ဖော်ပြ ထားသည်။

ဖမ်းဆီးရမိသော လက်နက်များမှာ M-16 သေနတ် ၈ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး နှင့် လမ်းလျှောက်စကားပြောစက် ၅ ခုတို့ဖြစ်ပြီး အဆိုပါ အမျိုးသမီး၏ အမည်နှင့် အခြားအသေးစိတ်အချက်အလက် များ ကို ဖော်ပြထားခြင်း မရှိပါ။

အဆိုပါ ကိစ္စကြောင့် မြန်မာလုပ်သားများကို ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ယက်ကန်းလုပ်ငန်းရှင်များနှင့် အလုပ်သမားများအနေဖြင့် ယူဆနေကြသော်လည်း ရဲအရာရှိကမူ ထိုကဲ့သို့ မဟုတ်ကြောင်း ငြင်းဆိုသွားသည်။

လွန်ခဲ့သောနှစ်များက ယခုလို အလုပ်သမားများကို ဖမ်းဆီးခြင်းမျိုး မရှိခဲ့သော်လည်း ယခုနှစ်တွင်မှ ဖမ်းဆီး စစ်ဆေးခြင်းများ ရှိလာသည်ဟု မြန်မာ ယက်ကန်းလုပ်ငန်းပိုင်ရှင်တဦးက ဆိုသည်။

“ဒီနှစ်ထဲမှာ ဒါနဲ့ဆိုရင် ၃ ကြိမ်ရှိပြီ၊ သူတို့ ဒီမှာ ရဲတွေပြောတာတော့ အစိုးရရဲ့အမိန့်နဲ့လို့ပြောတယ်၊ သူတို့က မှောင်ခို ကုန်ကူးတဲ့ နိုင်ငံခြားသားကို ဖမ်းခိုင်းတိုင်း ဒီယက်ကန်းသမားတွေကိုပါ လာလာဖမ်းကြတယ်”ဟု အဆိုပါ ယက်ကန်းရုံပိုင်ရှင်က ဧရာဝတီကိုပြောသည်။

မီဇိုရမ်ပြည်နယ်တွင် လာရောက်အလုပ်လုပ်ကိုင်သူများအတွက် အလုပ်သမား မှတ်ပုံတင်ကဲ့သို့ စာရွက်စာတမ်း များကို အစိုးရမှ တရားဝင်ပြုလုပ်ပေးခြင်းမရှိ၍ သက်ဆိုင်ရာ ဒေသမှ အာဏာပိုင်များနှင့် ညှိနှိုင်း၍သာ နေထိုင်ခွင့် များ ရယူထားကြရသည်။

“သူတို့နေထိုင်ဖို့ ပါမစ်လိုဟာမျိုးက တရားဝင်ရယ်လို့တော့ မဟုတ်ဘူး၊ ဒီလိုပဲ သူတို့ တရားရုံးကို သွားပြီးတော့ အလုပ်သမားပုံနဲ့ အလုပ်ရှင် ထောက်ခံစာနဲ့သွားပြီး နားလည်မှုနဲ့လုပ်ထားတာပေါ့၊ အခု အစိုးရ အသစ်တက်လာ တော့ အရင်နှစ်တွေက လုပ်ထားတဲ့ဟာကို အသစ်ပြန်လုပ်ရမှာလိုမျိုး ဖြစ်နေတယ်၊ ဒီမှာက တခြား ထိုင်းတို့ မလေးရှားတို့မှာလို သီးသန့် မှတ်ပုံတင် လုပ်ပေးတာမျိုးတွေ၊ အလုပ်သမား အဖွဲ့အစည်းတွေဆိုတာ မရှိတော့ ဒီလိုဖြစ်လာရင် အလုပ်သမားတွေရော အလုပ်ရှင်တွေရော တော်တော်ဒုက္ခရောက်ကြပါတယ်”ဟု သူက ဆို သည်။

ယခုလို ဖမ်းဆီးမှုများ ရှိလာသောကြောင့် ယက်ကန်းရုံတချို့ရပ်နားထားရပြီး ယက်ကန်း လုပ်သားများမှာလည်း ပုန်းရှောင်နေကြရသောကြောင့် စားဝတ်နေရေး ထိခိုက်ရသည်ဟု ပုန်းရှောင်နေရသည့် ယက်ကန်းသမလေး မသေးသေးက ပြောပြသည်။

“အရင်တခါက အဖမ်းခံထားရတော့ ကြောက်တာပေါ့နော်၊ အခုလည်း မိသွားမှာစိုးလို့ မပြန်ရဲသေးဘူး၊ အခုလည်း ဖုန်းစောင့်နေတာ၊ အိမ်ရှင်က အာမခံ မပေးနိုင်တော့ ပုန်းခိုင်းထားလို့ ကျမတို့ ပုန်းနေတာ၊ ကျမတို့ တရုံလုံးပေါ့၊ အယောက် ၂၀ လောက်ရှိတယ်၊ အလုပ်ကတော့ ပျက်တာပေါ့၊ အလုပ်ပျက်တော့ သိပ်အဆင်မပြေဘူး”ဟု သူက ဆိုသည်။

ပြည်တွင်း၌ စားဝတ်နေရေးကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက် အိန္ဒိယ နယ်စပ် မီဇိုရမ် ပြည်နယ်အတွင်း ဝင်ရောက်လာသူ မြန်မာနိုင်ငံသားပေါင်း ၅ သောင်းဝန်းကျင်ရှိနေပြီး ရက်ကန်းခတ်ခြင်း၊ ရွှေပန်းထိမ် လုပ်ငန်း၊ လက်သမား၊ အိမ်ဖော်၊ တောင်ယာ၊ လမ်းဖောက်လုပ်ငန်းများနှင့် အခြား ကြုံရာ ကျပန်း အလုပ်များ လုပ်ကိုင်နေကြသည်။


ဒေါ်စုအမှု စီရင်ချက်ချမည့်ရက် သြဂုတ်လ ၁၁ ရက်ကို ရွှေ့ဆိုင်း

31 July 2009


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုအတွက် ဒီကနေ့ စီရင်ချက်ချဖို့ ချိန်းဆိုထားပေမယ့် တရားသူကြီးက ရုံးချိန်းထပ်ပေးပြီး စီရင်ချက်ချမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အမှုကိုဆုံးဖြတ်ဖို့ရာ ဥပဒေရေးရာ ပြဿနာတွေ ရှိနေသေးတယ်ဆိုပြီး တရားရုံးက အကြောင်းပြတယ်လို့ အကျိုးဆောင်ရှေ့နေကြီးတဦးက ပြောပါ တယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထား ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီမှာ စီရင်ချက်ချမယ် ဆိုပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်၊ အင်္ဂါနေ့မှာ တရားသူကြီးက ရုံးချိန်း ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့မှာတော့ စီရင်ချက်မချဘဲ ရွှေ့ဆိုင်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကပြောပါတယ်။

"ဒီကနေ့ အမိန့်မချဘူးခင်ဗျ။ ၁၁ ရက်နေ့ မနက် ၁၀ နာရီကို ရွှေ့ပါတယ်။ အကြောင်းပြချက်ကတော့ ဒီအမှုကို ဆုံးဖြတ်ဖို့ရာအတွက် ဥပဒေ ပြဿနာတွေ ရှိနေတယ်၊ အဲဒါတွေကို သုံးသပ်နေရလို့ ဆိုပြီးတော့ အကြောင်းပြပါတယ်။"

ဘယ်လိုဥပဒေပြဿနာတွေ ရှိနေတယ် ဆိုတာကိုတော့ တရားသူကြီးက တိတိကျကျ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ နေအိမ် ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်လာခဲ့တဲ့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယမ် ယက်တော ကို အဲဒီအချိန်က နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာဟာ အကျယ်ချုပ် ချထားတဲ့ တားဆီးမိန့်ကို ဖောက်ဖျက်တာ ဆိုပြီးတော့ တရားလိုတွေဘက်က စွပ်စွဲထားပါတယ်။ ဒီလိုစွပ်စွဲတာမှာ သူတို့ဘက်က အသုံးပြုတဲ့ဥပဒေတွေဟာ ၁၉၈၈ ခုနှစ်က ဖျက်သိမ်းခဲ့ပြီးသားဖြစ်တဲ့ ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေပါ ပြဌာန်းချက်တွေဖြစ်တာကြောင့် အကျုံးမ၀င်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းတို့ ဘက်က ပြန်ပြီး ချေပထားတာပါ။ အခု တရားရုံးကပြောတဲ့ ဥပဒေပြဿနာတွေဆိုတာ အဲဒီလိုအချက်တွေ ဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဦးဉာဏ်ဝင်းကပြောပါတယ်။

"ကျနော်တို့မြင်တဲ့ ဥပဒေပြဿနာကတော့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ သုံးလို့ရမရရယ်၊ နောက်ပြီးတော့ ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ၂၀၀၃ ခုနှစ်ကတည်းက ထိန်းသိမ်းခဲ့ခြင်းဟာ တရားဝင်မှု ရှိမရှိ ဆိုတာရယ်၊ ဒီပြဿနာ ၂ ခု ရှိနေတယ်လို့တော့ ကျနော်တို့ဘက်က မြင်တာပေါ့။ ဥပဒေရေးအရ အခု ထိန်းသိမ်းတာတွေက တရားမ၀င်ဘူး။ တရားမ၀င်တဲ့အကြောင်းတွေက အဲဒီမှာ ပုဒ်မ (၇) တို့ (၈) တို့၊ အဲဒီဟာတွေနဲ့ နောက်တခါ တားဆီးမိန့်တွေကလည်း တရားမ၀င်ဘူး။ တားဆီးမိန့်ကို ပုဒ်မ (၁၁) အရပဲ လုပ်ရမယ်။ အဲဒါက တယ်လီဖုန်း ဆက်တာ၊ စာဆက်သွယ်တာလုပ်တာ၊ ဒါတွေက တရားမ၀င်ဘူးလို့ ထောက်ပြထားတယ်။"

ဒီအမှုကို စပြီးစစ်ဆေးစဉ်ကတည်းက စွဲချက်တွေဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေ ကနေ ချေပလာခဲ့ကြတာပါ။ ဥပဒေရေးရာ ကျွမ်းကျင်သူ အများအပြားကလည်း ဒီအမှုဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဝေဖန် ပြောကြားထားတာတွေ ရှိပါတယ်။ အခုတော့ အမှုကိုဆုံးဖြတ်ဖို့ ဥပဒေပြဿနာတွေ ရှိနေတယ်လို့ တရားရုံး ကိုယ်တိုင်က ပြောလာပြီမို့ တကယ်ပဲ ဥပဒေ ပြဿနာတွေကြောင့် ဒီကနေ့မှာ စီရင်ချက်မချနိုင်ဖြစ်ရတာပါလား၊ တခြား ဘယ်လိုအကြောင်းတွေများ ရှိနေနိုင်ပါသလဲ။ အရင် အစဉ်အလာတွေ အရကတော့ မြန်မာစစ်အစိုးရဟာ တရားစီရင်ရေး စနစ်ထဲမှာ နိုင်ငံရေးပယောဂနဲ့ ၀င်ရောက်စွက်ဖက်တာတွေ ရှိခဲ့ဖူးတာမို့ အခု စီရင်ချက်ချဖို့ ရက်ရွှေ့တာမှာလည်းပဲ နိုင်ငံရေး ရည်ရွယ်ချက် ပါနိုင်တယ်လို့ သုံးသပ်သူ ကတော့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းပါ။ "ကျနော်တို့ ကြားတာက ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလကစလို့ စစ်အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေမှာ သူတို့က 'နိုင်လုံ' လို့ ခေါ်ပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးလား စသဖြင့် ကော်မတီ တခုရှိတယ်။ အဲဒီကနေပြီးတော့ ကိစ္စ တော်တော်များများကို ဆုံးဖြတ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကိစ္စကလည်း ထောင်ချမလား၊ ရှေ့ကို ဘယ်လိုလုပ်မလဲ ဆိုတာက နိုင်ငံရေး ဆုံးဖြတ်ချက်အရ ဖြစ်တာများတယ်လို့ ကျနော် ထင်ပါတယ်။"

မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းပါ။

ဒီကနေ့ စီရင်ချက်ချမယ်ဆိုတဲ့အချိန် မတိုင်ခင် မြန်မာစံတော်ချိန် မနက်စောစောမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေကို ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။ ဘာအကြောင်း ပြောဆိုကြသလဲ ဆိုတာ တိတိကျကျမသိရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့မှာပဲ တောင်းဆိုခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီနေ့တရားခွင်မှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ အကျိုးဆောင် ရှေ့နေတွေနဲ့တောင် နောက်ပြီးတော့ ရယ်မောနေခဲ့သေးတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် အဆိုးဆုံးအတွက် ပြင်ဆင်ထားတဲ့အနေနဲ့ အကျဉ်းချခံခဲ့ရမယ် ဆိုရင် အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ စာအုပ်တွေ စုဆောင်းထားပါတယ်တဲ့။

"စာအုပ်ကတော့ အများကြီးပဲဗျ။ အင်္ဂလိပ်စာအုပ် ပါတယ်၊ ပြင်သစ်စာအုပ်ပါတယ်။ မြန်မာစာအုပ်၊ ဘာသာရေး စာအုပ်၊ ပြင်သစ်က စာအုပ်တွေ ပါတယ်။ ပြင်သစ်သမိုင်းစာအုပ် ပါတယ်။ မြန်မာစာအုပ်ကတော့ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ 'တဘ၀ သာသနာ' ပါတယ်။ နောက် တရားထိုင်းနည်းတို့ ဘာတို့။ Buddhist Dictionary လည်း ပါတယ်။ ဒါက ကျနော် မှတ်မိသလောက်ပေါ့။ ဒီထက် အများကြီး များပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းပါ။

နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်ခါနီးလေးမှာပဲ ဒီအမှုပေါ်ပေါက်လာခဲ့၊ ရုံးတင်တရားစွဲခံရပြီး ထောင်ဒဏ် ငါးနှစ်ထိ ချမှတ်ခံ ရနိုင်တဲ့အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတာပါ။ ဒီအတွက်လည်း ကုလသမဂ္ဂနဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့တို့ အပါအ၀င် နိုင်ငံတကာကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ၀ိုင်းဝန်းတောင်းဆို နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ လွှတ်ပေးမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်လာဖို့ အခွင့်အလန်းပွင့်လာမှာ ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုတွေလည်း ပွင့်လာမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာအာဏာပိုင်တွေကတော့ ဒီလို တောင်းဆိုချက်တွေ၊ ကမ်းလှမ်းချက်တွေအပေါ်မှာ အကောင်းမြင် ပြန်တုံ့ပြန်တာမျိုး ခုချိန်ထိ မတွေ့ရသေးပါဘူး။
VOA NEWS


မြန်မာ့အရေး ဖိလစ်ပိုင်နဲ့ အမေရိကန် ရပ်တည်ချက် တူညီ

31 July 2009


ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချမယ့် ဒီနေ့ တရားခွင် ရုံးချိန်းမတိုင်ခင် မနေ့ ကြာသပတေးနေ့က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနက - ဒီကနေ့ တရားခွင်ကို အထူး အာရုံစိုက် စောင့်ကြည့်နေတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုခဲ့သလို အမေရိကန်သမ္မတ ဘားရက် အိုဘားမား ကလည်း ဖိလစ်ပိုင် သမ္မတ ကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံတဲ့အချိန် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့အတူ အမေရိကန်က တသဘောတည်း ရှိတဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ လက်ရှိ ရပ်တည်ချက် ဘယ်လိုရှိသလဲ ဆိုတာကို နော်ရှိုးက အပြည့်အစုံ တင်ပြထားပါတယ်။

မနေ့တုန်းက ၀ါရှင်တန်ဒီစီမြို့ တော်က အိမ်ဖြူတော်မှာ သမ္မတ အိုးဘားမားက ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ မက်ကာပါဂယ်လ် အာရိုယို (Gloria Macapagal Arroyo) ကို လက်ခံတွေ့ဆုံခဲ့ရာမှာ နှစ်နိုင်ငံကြား အရေးကြီးတဲ့ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတဲ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ အာရိုယို က မြန်မာနဲ့ မြောက်ကိုးရီးယား နိုင်ငံတို့က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ မားမားမတ်မတ် ရပ်တည်မှုနဲ့အတူ ဖိလစ်နိုင်ငံကလည်း ရှိနေပါတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ အမေရိကန် နှစ်နိုင်ငံသဘောထားတွေ တူညီနေတယ်လို့ ဖိလစ်ပိုင်သမ္မတ အာရိုယိုက ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး သမ္မတ သမ္မအိုဘားမားက -

"သံတမန် လမ်းကြောင်းကနေတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၂,၁၀၀ လောက်ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရမယ် ဆိုတဲ့ ကျနော်တို့ရဲ့ သဘောထားကို လူသိရှင်ကြား တစိုက်မတ်မတ် ထုတ်ဖော်ပြောကြား လာနေခဲ့ပါတယ်။ မကြာခင်တုန်းက ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကိုယ်တိုင် အခွင့်အရေးရတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့ သူ တိုက်တွန်းခဲ့ပါတယ်။"

မနေ့တုန်းကလည်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ပုံမှန် ကျင်းပမြဲဖြစ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရသူ အီရန် ကယ်လ်လီ (Ian Kelly) က အမေရိကန်နိုင်ငံရဲ့ သဘောထားကို အခုလို ထပ်ပြီး ပြောဆိုပါတယ်။

"မြန်မာနိုင်ငံမှာ နှစ်ရှည်လများ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကအစ မြောက်ကိုးရီးယားရဲ့ နျူးကလီးယား လက်နက်ကိစ္စ အဆုံး အာရှဒေသတွင်း ဖြေရှင်းရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရဘက်က သူတို့ရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြောဆိုလာခဲ့တဲ့ အပေါ် ကျနော်အနေနဲ့ အင်မတန် ဂုဏ်ယူကျေးဇူးတင်ပါတယ်။"

နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ အီရန် ကယ်လ်လီ ပြောသွားတာပါ။

မကြာသေးခင်တုန်းကပဲ ထိုင်းနိုင်ငံ ဖူးကပ် ကမ်းခြေမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ARF ခေါ် အာရှဒေသတွင်း လုံခြုံရေးစည်းဝေးပွဲမှာ တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က တကယ်လို့ မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ် ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဖို့အတွက် တံခါးဖွင့်ထားတယ်လို့ စကားကမ်းလှမ်းထားခဲ့ပါတယ်။ ဒီလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာအာဏာပိုင်တွေဘက်က ပြောင်းလဲမှုတွေ လုပ်လာအောင် ချော့မော့ ကြိုးစားနေသလို တဖက်မှာ အမေရိကန် သမ္မတ ဘားရက်အိုဘားမား ကလည်း မြန်မာစစ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ မြန်မာစစ်အစိုးရ အပေါ် စီးပွားရေးနဲ့ ကုန်သွယ်ရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ထားတဲ့ အက်ဥပဒေကို သက်တမ်းတိုးပြီး မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံထဲကို နောက်ထပ် သုံးနှစ်အတွင်း မတင်ပို့ရဘူးလို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။



ဒေါ်စုအမှု စီရင်ချက်အတွက် လုံခြုံရေး တင်းကျပ်

31 July 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုကို အပြီးသတ် စီရင်ချက်ချမယ့် ဒီနေ့ သောကြာနေ့မှာ ရန်ကုန်မြို့က အင်းစိန်ထောင်တ၀ိုက်မှာ လုံခြုံရေးကို အထူး တင်းကျပ်ထားပါတယ်။

တရားရုံးက စီရင်ချက်ချလိုက်ရင် ဘယ်လိုနည်းနဲ့မှ ဆန္ဒပြတာတွေ မလုပ်ကြဖို့ မြန်မာစစ်အစိုးရက သတိပေးထားပါတယ်။ နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မေလမှာ ဖမ်းဆီးခဲ့ပါတယ်။

မေလတုန်းက အမေရိကန် နိုင်ငံသားတဦး သူ့နေအိမ်ခြံဝင်းထဲကို မဖိတ်ခေါ်ဘဲ ၀င်ရောက်ခဲ့တာကို ခွင့်ပြုထားလို့ဆိုပြီး တရားသူကြီးက အပြစ်ရှိတယ်လို့ အမိန့်ချရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၅ နှစ် ချခံရမှာ ဖြစ်ပါတယ်။ သူ့နေအိမ်ထဲ ၀င်ရောက်သူလည်း တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာ ရှိပါတယ်၊ ဒါပေမယ့် အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက အင်္ဂါနေ့ကပဲ ထပ်ပြီး တိုက်တွန်းသွားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုကို သေချာ စောင့်ကြည့်နေပါတယ်၊ အမေရိကန် ကောင်စစ်ဝန်ကလည်း ဒီတရားခွင်ကို တက်ရောက်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက စွဲဆိုထားတဲ့ စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့ကပဲ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ ရုံးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးသန်းဆွေကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက လွန်ခဲ့တဲ့ နာရီပိုင်းက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ဗွီအိုအေကို ပြောပါတယ်။ သူတို့တွေ ဘာအကြောင်း ပြောဆိုသလဲ ဆိုတာတော့ မသိရသေးပါဘူး။


အာဏာပိုင်များက အဖွဲ့ချုပ်ဝင်များကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွား
Friday, 31 July 2009 17:15 ဖြိုးကြီး .အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို အာဏာပိုင်များက အကြောင်းပြချက်မရှိဘဲ ခေါ်ဆောင်သွားသဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်နေလျှက်ရှိသည်။

မကွေးတိုင်း၊ အောင်လံမြို့မှ အဖွဲ့ချုပ်ဝင် ဦးအေးမြင့်နှင့် ကိုမင်းမောင်တို့ကို ယမန်နေ့ ည (၁) နာရီခန့်က မြို့နယ်ရဲမှူး ဦးစိုးသန်း ဦးဆောင်သည့်အဖွဲ့က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

“မိသားစုတွေကို ဘာမှတော့ ပြောမသွားဘူး၊ ည (၁) နာရီလောက်က ဧည့်စာရင်းစစ်သလိုနဲ့ လိုက်ခဲ့ဖို့ ခေါ်သွားတယ်၊ ခေါ်သွားသူရဲ့နာမည်တွေ မှတ်ထားတာရှိတယ်၊ ကိုမင်းမောင်ရဲ့ အမျိုးသမီးက ခေါ်သွားတဲ့အကြောင်း လက်မှတ်ထိုးခိုင်းတော့ သူတို့က လက်မှတ်မထိုးပေးဘူး” ဟု ပြောသည်။

ကိုမင်းမောင်ကို လာရောက်ခေါ်ဆောင်စဉ်က မြို့နယ်မှူး ဦးစိုးသန်း၊ ဒုရဲအုပ် ကျော်ထူးနှင့် အင်အား ၁၀ ယောက်ခန့် ပါဝင်ပြီး ယနေ့နံနက်ပိုင်းတွင် မိသားစုဝင်များက သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့သော်လည်း အခြေအနေ တစုံတရာမသိခဲ့ရကြောင်း ဆက်ပြောသည်။

“ဒီမနက်ရော၊ နေ့လည်ကရော သွားမေးတော့ စခန်းမှာမရှိဘူး ပြောတယ်၊ ဘယ်မှာထားလဲ ဆိုတော့လည်း မသိဘူးပြောတယ်၊ စခန်းမှူးကို မေးတော့လည်း မရှိဘူး၊ နေပြည်တော်အစည်းအဝေးသွားတယ်လို့ပဲ ပြောတယ်၊ အခုချိန်ထိ ဘယ်မှာရှိတယ်ဆိုတာ မသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ရေနံချောင်းမြို့မှ ဦးမြင့်ဝေ၊ ဦးတင့်လွင်၊ ဦးသန်းအောင်၊ ကိုခင်ဝင်း၊ တောင်တွင်းကြီးမှ ဦးစိုး၊ ကိုပါလေး၊ ကိုကျော်နိုင်၊ မြို့သစ်မှ ဦးသာအောင် (လွှတ်တော်ကိုယ်စားလှယ်)၊ ဇင်မမထွန်း၊ ဦးသန်းမြင့်၊ ဒဂုံမြို့သစ်မှ ကိုထိန်ဝင်း၊ မခင်ဝင်းကြည်၊ မင်းဘူး စကုမှ ဦးသောင်းစိုး၊ နေမျိုးကျော်၊ ပွင့်ဖြူမြို့မှ ကိုအောင်တင်လင်း၊ ကိုအောင်ဝင်း၊ ဒေါပုံမှ ကိုနေလင်းကျော်၊ သာကေတမှ ကိုနေလင်းစိုး၊ ဒေါ်နော်အုံးလှ၊ စမ်းချောင်းမှ ဦးညွန့်လှိုင်၊ ပခုက္ကူမှ ဦးပိုက်ကို၊ ကိုကျော်မြင့်အေး၊ ကိုဌေးဝင်း တို့ကိုလည်း ယမန်နေ့ ညပိုင်းက အာဏာပိုင်များ ဖမ်းဆီးခဲ့သည်။


ပဌာန်းရွတ်ဆုတောင်းပွဲကို အာဏာပိုင်များ စောင့်ကြည့်
Friday, 31 July 2009 16:52 ဉာဏ်မောင် .ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှု ရုံးချိန်းနေ့တိုင်း ပြုလုပ်နေသည့် ပဌာန်းရွတ်ဆုတောင်းပွဲကို အာဏာပိုင်များ စောင့်ကြည့်မှုများကြောင့် လူစုခွဲ လုပ်ဆောင်ခဲ့ရသည်။

ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်း၊ ညောင်ဦးမြို့ ရွှေစည်းခုံဘုရား၊ သဲပုံစေတီတို့တွင် နှစ်ဖွဲ့ခွဲကာ ဆုတောင်းပွဲများပြုလုပ်ခဲ့ကြကြောင်း ညောင်ဦးမြို့ခံတဦးက ပြောသည်။

“ဒီနေ့ ဆုတောင်းပွဲလုပ်ဖြစ်တယ်၊ နှစ်ဖွဲ့ခွဲလုပ်တာ၊ ရွှေစည်းခုံဘုရားဘက်မှာ လုံခြုံရေးက အယောက် ၂၀ လောက် စောင့်ကြည့်နေတာ ရှိတယ်၊ အဲဒါနဲ့ ဆုတောင်းပွဲကို နှစ်ယောက်တဖွဲ့၊ သုံးယောက်တဖွဲ့ ခွဲပြီး လုပ်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။

သဲပုံစေတီတွင် ပြုလုပ်သည့် ဆုတောင်းပွဲမှာ အန္တရာယ်ကင်းရှင်းစွာဖြင့် ပြုလုပ်နိုင်ခဲ့ပြီး အာဏာပိုင်များဘက်မှ တစုံတရာ နှောင့်ယှက်မှုမရှိကြောင်း မြို့ခံက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များကို အာဏာပိုင်များက နှောင့်ယှက်မှုများ ရှိနေပြီး ပြီးခဲ့သည့်အပတ်က မန္တလေးမြို့တွင် ပြုလုပ်သည့် ဆုတောင်းပွဲတက်ရောက်သူတဦးကို စွမ်းအားရှင်များက ဝိုင်းဝန်းထိုးကြိတ်မှုများ ရှိခဲ့သည်။

စစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားတဦး နေအိမ်ထဲဝင်ရောက်လာသည့် ကိစ္စဖြင့် အမှုဆင် တရားစွဲဆိုထားပြီး ယနေ့ အမိန့်ချမည်ဟု ချိန်းဆိုထားသည်။

သို့သော် အင်းစိန်းတရားရုံးက ဥပဒေဆိုင်ရာ အချက်အလက်အချို့ ပြန်လည်ပြင်ဆင်ရန်ဟု အကြောင်းပြကာ အဆိုပါအမှုကို သြဂုတ်လ (၁၁) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။


မုန်းတိုင်းသင့်ဒေသ ပညာရေးဝန်ထမ်းများ အကျိုးခံစားပိုင်ခွင့်များ မရရှိသေး
Friday, 31 July 2009 14:37 ဉာဏ်မောင် .နာဂစ်ဒေသက ပညာရေးဝန်ထမ်းများ ခံစားပိုင်ခွင့် လစာနှင့် ထောက်ပံ့ကြေးကိစ္စများအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးအာဏာပိုင်များက တာဝန်ယူလုပ်ဆောင်ပေးခြင်း မရှိသေးသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့သည့် ဆရာ၊ ဆရာမ ၈ ဦးနှင့် အခြား ပင်စင်ယူသွားသည့် ဝန်ထမ်းများအတွက် မြို့နယ်ပညာရေးမှူးကိုယ်တိုင်က ခေါင်းရှောင်နေကြောင်း ပညာရေးဝန်ထမ်းတဦးက ပြောသည်။

“အခု တနှစ်ကျော်ပြီ၊ သူတို့ရဲ့ လစာတွေနဲ့ ရပိုင်ခွင့်တွေအတွက် မိသားစုတွေကို မြို့နယ်ပညာရေးမှူးရုံးက ဆောင်ရွက်ပေးခြင်းမရှိသေးဘူး၊ အဲဒါကို သွားပြ်ီး ဆွေးနွေးတဲ့အခါ အဲဒီဝန်ထမ်းတွေရဲ့လစာကို မြို့နယ်ပညာရေးမှူးရုံးက အထက်ကို တင်ပေးခြင်းမရှိသေးတာ၊ အလုပ်မအားလို့ပါဆိုပြီး ပြောတယ်” ဟု ပညာရေးဝန်ထမ်းတဦးက ပြောသည်။

မြို့နယ်ပညာရေးမှူးရုံးမှ စာရေးကြီးကိုယ်တိုင် နာဂစ်ဒေသအတွင်းမှ စာသင်ကျောင်းများ ပြန်လည်ဆောက်လုပ်ရေးကို ကန်ထရိုက်ယူကာ ကိုယ်ကျိုးအတွက် လိုက်လံလုပ်ဆောင်နေခြင်းများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

“စာရေးကြီးကိုယ်တိုင် ကျောင်းအဆောက်အဦးတွေကို ကန်ထရိုက်ယူပြီး လိုက်ဆောက်နေတဲ့အခါကျတော့ တခြားကိစ္စတွေကို လုပ်ပေးတာမရှိတော့ဘူး၊ ဝန်ထမ်းတွေအတွက် ပင်စင်လစာ၊ ဆုကြေးငွေတွေအတွက် ဘာမှကို ဆောင်ရွက်ပေးခြင်းမရှိတဲ့အခါကျတော့ တော်တော်ကို နစ်နာတယ်” ဟု ပြောသည်။

နာဂစ်မုန်တိုင်းအတွင်း ဘိုကလေးမြို့နယ်တွင် မူလတန်းပြ ဆရာ၊ ဆရာမ ၄ ဦး၊ အလယ်တန်းပြ ၄ ဦး သေဆုံးခဲ့ပြီး အခြား ပင်စင်ယူသွားသူ ပညာရေးဝန်ထမ်း စုစုပေါင်း ၁၄ ဦးရှိကာ ၎င်းတို့မိသားစုများမှာ စားဝတ်နေရေး ကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။

“အထက (၂) က ဦးဖုန်းကို ဆိုတဲ့ ကျောင်းစောင့်တယောက်ဆိုရင် တနှစ်နီးပါးရှိနေပြီ၊ ငွေကို သူများဆီမှာ အတိုးနဲ့ချေးပြီး ဝမ်းစာအတွက် သုံးနေရတယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ညွှန်ကြားချက်တွေရှိတာပဲ၊ မြို့နယ်ပညာရေးအာဏာပိုင်တွေက မလိုက်နာတာဆိုတော့ ဝန်းထမ်းတွေရဲ့ မိသားစုတွေ အခြေအနေ အတော်ဆိုးနေတယ်” ဟု ဆက်လက်ပြောသည်။

ဧရာဝတီတိုင်းအတွင်း စာသင်ကျောင်းပေါင်း ၆၃၂၄ ကျောင်းရှိပြီး နာဂစ်မုန်တိုင်းကြောင့် ၄၀၀၀ ကျော် ပျက်စီးသွားခဲ့သည်။ ၂၀၀၈/၂၀၀၉ ဘဏ္ဍာရေးနှစ်အတွင်း ကျောင်းပေါင်း ၆၀၀ ကျော်သာ ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်။


ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များ အားလုံး လုံခြုံရေး ဆိုင်ရာ အစည်းအဝေး ပြုလုပ်
7/31/2009


ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် တပြိုင်နက်တည်း လုံခြုံရေး ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်မှ စတင်ပြီး ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့တွင် မြို့နယ်လုံခြုံရေး အစည်းအဝေးကို ယနေ့နံနက်က စတင်ပြီး ပြုလုပ်နေကြောင်းနှင့် အစည်းအဝေးသို့ စကခ ၁၅ မှူး၊ ဗျူဟာမှူးနှင့် ဘူးသီးတောင်-မောင်တောခရိုင် ဥက္ကဌ တို့ အပါအ၀င် ဌာနဆိုင်ရာ အရာရှိများ တက်ရောက်နေသည်ဟု သိရသည်။

အလားတူ စစ်တွေတွင်လည်း လုံခြုံရေး အစည်းအဝေးကို ခရိုင်ရုံးတွင် ပြုလုပ်နေပြီး အဆင့်မြှင့် စစ်ဘက်ဆိုင်ရာ ၀န်ထမ်းများနှင့် အရပ်ဘက် ၀န်ထမ်းများ တက်ရောက်နေကြောင်း စစ်တွေက လာသော သတင်းတွင် ဖေါ်ပြသည်။

ယခုအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချပါက နိုင်ငံ အနှံ့ ဆူပူမူများ ဖြစ်လာနိုင်သဖြင့် လုံခြုံရေးကို မြို့နယ်အလိုက် တိုးမြှင့်ထားရန် အထက်က ညွန်ကြားချက်အရ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချပါက နိုင်ငံအတွင်း မငြိမ်မသက်မူများ ဖြစ်လာနိုင်သဖြင့် ဒေါ်စုအမူ စီရင်ချက် ချမည့်နေ့ကို သြဂတ်စ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ယခု လုံခြုံရေး ဆိုင်ရာ အစည်းအဝေး ပြီ်းပါက ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးကို ပိုမို တင်းကျပ်လာနိုင်သည်ဟု စစ်တွေမှ လေ့လာအကဲခတ်သူ တဦးက ပြောသည်။



အမ်းမြို့ရေမြုပ်
(စစ်တွေ-ရန်ကုန်ကားအသွားအလာ ရပ်ဆိုင်း)
7/30/2009


မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် အမ်းမြို့ရှိနေရာ အတော်များများမှာ ရေမြုပ်နေကြောင်း သတင်းရရှိသည်။

အဓိက နေရာ ၆ နေရာကို ရေလွှမ်းမိုးထားပြီး တနေရာစီတွင် အနည်းဆုံး ရေအမြင့်မှာ ၅ ပေခန့်စီရှိသည်ဟု ဒေသခံ တဦးကပြောသည်။

ရေမြုပ်နေသော နေရာမှာ အမ်းမြို့နှင့် ရဲစခန်းကြားရှိ လမ်းဖြစ်ပြီး ရေ ၇ ပေခန့် နစ်မြုပ်နေသည်ဟု သူကပြောသည်။

တခြား ရေမြုပ်နေသော နေရာများမှာ မြို့သစ်နှင့် အမ်းဆေးရုံအကြား၊ အမ်းနှင့် တပ်တောင်အကြား၊ အမ်းနှင့် အမ်းအောက်ရွာအကြားရှိ မိုင်တိုင် ၉၅ နှင့် ၉၆ အကြား နေရာများနှင့် လက်နက် ထိန်းသိမ်းရေး တပ်ရင်းရှေ့ လမ်းများ ဖြစ်သည်။

ရေကျော်မူကြောင့် အမ်းမြို့သစ်နှင့် ဆေးရုံအကြားရှိ ပေ ၁၅၀ အရှည်ရှိ တံတားမှာ ကျိုးပျက်ရန် အနေအထားတွင် ရှိသဖြင့် လူအသွားအလာကို တားမြစ်ထားသည်ဟု ဒေသခံက ပြောသည်။

မျက်မြင်များ၏ အပြောအရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အိမ်ထောင်သည်လိုင်းများလည်း ရေမြုပ်နေပြီး မိသားစုများကို နီးစပ်ရာ စာသင်ကျောင်းများနှင့် အဆောက်အဦးများ ရွှေ့ပြောင်းနေသည်ဟု သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့မှ စပြီး ရေမြုပ်နေခြင်း ဖြစ်ပြီး ယခုအချိန်ထိ ရေမကျသေးကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ အမ်းမြို့နယ်အတွင်း လမ်းအတော်များများကို ရေလွမ်းမိုးနေသဖြင့် စစ်တွေနှင့် ရန်ကုန် အကြား ကားအသွားမှာ ရပ်ဆိုင်းနေကြောင်း သိရသည်။













အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၅ ဦး အဖမ်းခံရ
ကိုဝိုင်း
သောကြာနေ့၊ ဂျူလိုင်လ 31 ရက် 2009 ခုနှစ် 12 နာရီ 49 မိနစ်


မဇ္ဈိမ (ချင်းမိုင်)။ ။ ဒေါ်အောင်ဆန်းစုကြည် တရားခွင်အပေါ် မကျေနပ်ဖြစ်ကာ ဆူပူအုံကြွမှာစိုး၍ လက်ဦးမှု ရယူသည့် အနေဖြင့် အာဏာပိုင်များက အနည်ဆုံး နိုးကြားတက်ကြွသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၅ ဦးကို ယနေ့ နံနက်တွင် ဖမ်းဆီးလိုက်သည်။

အန်အယ်ဒီ စည်းအဖွဲ့ဝင်များ ဖြစ်ကြပြီး မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှ ဦးပါလေး၊ ဦးစိုး၊ ဦးကျော်နိုင်နှင့် ရေနံချောင်းမြို့မှ ဦးတင့်လွင်၊ ဦးသန်းအောင်တို့ အဖမ်းခံရသည်။

“ညက တနာရီလောက်ပေါ့။ ဧည့်စာရင်းစစ်တယ် ဆိုပြီးတော့ စကားလေး နည်းနည်းပြောချင်လို့ လိုက်ခဲ့ပါလို့ ခေါ်သွားတာလေ။ ခေါ်သွားတဲ့နေရာက ရဲရိပ်သာလို့ ထင်ရတာပဲ။ အတိအကျတော့ မသိဘူး။ နောက်ပြီးကျတော့ အိပ်ယာလိပ်တို့ ဘာတို့တော့ ရဲက လာပြန်တောင်းသွားတယ်။ သူတို့လာတာ ယူနီဖောင်း အပြည့်အစုံပဲ။ ၇ ယောက် လောက်ရှိမယ်။ ဆိုင်ကယ် ၄ စီးလောက် ရှိမယ်” ဟု ဦးစိုး၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ဦးကျော်နိုင်နှင့် ဦးစိုးတို့အား ၎င်းတို့နေထိုင်ရာ တောင်တွင်းကြီးမြို့ နေအိမ်များမှ ဖမ်းခေါ်သွားခြင်း ဖြစ်သည်။

ဦးပါလေးကိုမူ ၎င်းနေထိုင်ရာ တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာတွင် တောင်တွင်းကြီးမြို့မှ ရဲအချို့အပါအဝင် ဆတ်သွားရဲစခန်းမှူး ဦးကျော်နိုင်၊ နယ်ထိန်း ကိုဇော်မင်းနိုင်၊ ချောင်းနက်ကျေးရွာဥက္ကဋ္ဌ ဦးဝင်းရွှေ၊ ရာအိမ်မှူးတို့က လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူက ပြောသည်။

“ကိုပါလေးကို မနေ့ည ၁၂ နာရီခွဲ၊ အကိုပြောတဲ့ ကိုစိုးက ည ၁ နာရီ၊ ကိုကျော်နိုင်ကတော့ ဘယ်အချိန်လဲ မသိဘူး။ အားလုံး ကို မနေ့ညကပဲ ခေါ်သွားတာ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် လွတ်မြောက်ရေးအတွက် ဆွမ်း၊ ဆီမီးကပ်လှူခြင်း၊ ဘုရားတက် ဝတ်ပြုဆုတောင်းခြင်းတို့ကို တက်ကြွစွာ လုပ်ဆောင်နေသူများ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမှတ်မည့် ယနေ့တွင် တစုံတရာ လှုပ်ရှားမည်ကို စိုးရိမ်သောကြောင့် အာဏာပိုင်များက လက်ဦးမှုယူခြင်း ဖြစ်နိုင်သည်ဟု အန်အယ်ဒီနှင့် ဒေသခံများက ယူဆနေကြသည်။

မကွေးတိုင်း ရေနံချောင်းမြို့မှ အန်အယ်ဒီ မြို့နယ်စည်းအဖွဲ့ဝင် ဦးတင့်လွင်နှင့် ဦးသန်းအောင်တို့ ၂ ဦးကိုလည်း အာဏာပိုင်များက ယမန်နေ့ညတွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အန်အယ်ဒီက ပြောသည်။

ရေနံချောင်းမြို့နယ်စည်း ဒေါ်သန်းသန်းဌေးက “ဦးတင့်လွင်ကို ည တနာရီခွဲလောက်က လာခေါ်သွားတယ်လို့ သူ့အမျိုးသမီးက ပြောပါတယ်။ ဦးသန်းအောင်ကို ၂ နာရီခွဲ လာခေါ်သွားတယ်လို့ သူ့ညီလေးက ပြောတယ်။ ကျမတို့ ရေနံချောင်းက အာဏာပိုင် အဖွဲ့အစည်းက ခေါ်တာပါပဲ။ ဒါပေမဲ့ ရေနံချောင်းမှာတော့ မရှိဘူးလို့ သိရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယနေ့န့က်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ အန်အယ်ဒီ အဖွဲ့ဝင်များက ဦးဆောင်ပြီး ရေနံချောင်းမြို့တွင် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်၊ အမွှေးတိုင်များကို နေရာခွဲ လူခွဲ၍ ကပ်လှူဆုတောင်းခဲ့ကြကြောင်း သိရသည်။

မိထ္ထီလာမြို့၌လည်း ယနေ့နံနက်ပိုင်းတွင် ဖောင်တော်ဦးဘုရားသို့ အန်အယ်ဒီအဖွဲ့ဝင်အချို့ သွားရောက်ပြီး ဒေါ်စု လွတ်မြောက်ရေးအတွက် ဘုရားရှိခိုး ဆုတောင်းခဲ့ရာ လမ်း၌ မိထ္ထီလာခရိုင် အတွင်းရေးမှူး၊ မယက ဥက္ကဋ္ဌ၊ ခရိုင်ရဲ အပါအဝင် ကြံဖွံ့နှင့် စွမ်းအားရှင် စုစုပေါင်း ၄ဝ ဦးခန့်က ဝါးဆစ်ပိတ် လက်ကိုင်တုတ်များကို ကိုင်ဆောင်ထားကြပြီး စောင့်ကြည့်ခဲ့သော်လည်း ကိုယ်ထိလက်ရောက် နှောင့်ယှက်ခြင်း မရှိကြောင်း မိထ္ထီလာမြို့နယ် အန်အယ်ဒီအတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောသည်။






အီရန် ရွေးကောက်ပွဲအလွန် ဆန္ဒပြ သေဆုံးသူတွေအတွက် တီဟီရန်မှာ စုဝေး

30 July 2009


အီရန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ အလွန် ဆူပူ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူတွေအတွက် တီဟီရန်မြို့က သင်္ချိုင်းတခုမှာ ကျင်းပနေတဲ့ အောက်မေ့ဘွယ် ဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်နေတဲ့ အတိုက်အခံခေါင်းဆောင် မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) ကို အဲဒီနေရာကနေ ထွက်သွားဖို့ သူ့ကားရှိရာကို အီရန် လုံထိန်းရဲတွေက အတင်းတွန်းထုတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဲဒီအခါမှာ အောက်မေ့ဘွယ် အခမ်းအနား တက်ရောက်လာသူတချို့က မစ္စတာမူဆာဗီကို ထောက်ခံကြောင်း ကြွေးကြော်သံတွေနဲ့ သူ့ကားရှိရာကို ၀ိုင်းအုံလာခဲ့ကြပါတယ်။ အစိုးရက မသွားဖို့ ပိတ်ပင်ထားတဲ့ကြားက အဲဒီ အောက်မေ့ဘွယ် အခမ်းအနားကို လူရာပေါင်းများစွာ တက်ရောက်ခဲ့ရာမှာ ရဲတွေက လူတော်တော်များများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒီကနေ့ ဆုတောင်းပွဲမှာ ရွေးကောက်ပွဲလွန် ဆူပူမှုအတွင်း အသတ်ခံခဲ့ရတဲ့ အီရန်အမျိုးသမီးလေး နီဒါ အာဂါ-ဆိုလ်တန် (Neda Agha-Soltan) ရဲ့ မိခင်ဖြစ်သူဟာလည်း သူ့သမီး သေဆုံးခဲ့တာ ရက်ပေါင်း ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲလွန် ကာလမှာပဲ နီဒါတယောက် ပစ်သတ်ခံခဲ့ရတဲ့ ပုံရိပ်တွေဟာ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူတွေအတွက် ကြွေးကြော်စရာတခု ဖြစ်ခဲ့တာပါ။ အစိုးရ သတင်းမီဒီယာတွေရဲ့ အဆိုအရ ဇွန်လ ၁၂ ရက် ရွေးကောက်ပွဲအလွန် ဆန္ဒပြမှုတွေအတွင်း လူ ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း



Kaowao ဇူလိုင် ၃၁၊၂၀၀၉။
ရန်ကုန်(ဇူလိုင်- ၃၁)။ ။ နေအိမ်အကျယ်ချုပ်ဥပဒေဖေါက်ဖျက်မှူဖြင့် အင်းစိန်အထူးတရားရုံးတွင် အမှု ရင်ဆိုင်နေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို ယနေ့တွင်အမိန့်ချမှတ်ရန် စစ်အစိုးရတို့ သတင်းထုတ်ပြန်ခဲ့ရာ ယနေ့ ၁၀ နာရီခန့်၌ ယင်းအထူးတရားရုံးမှ လာမည့်သြဂုတ်လ ၁၁ ရက်နေ့သို့ အမိန့်ချမှတ်ရန်ရက်ထပ်မံရွေ့ဆိုင်း လိုက်ကြောင်း ရန်ကုန် NLD အသိုင်းအဝိုင်းက ပြောကြားနေသည်။

“ဥပဒေကြောင်းအရ မရှင်းလင်းလို့တရားသူကြီးများပြန်လည်သုံးသပ်ကြရန်” အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ အမှုကိုထပ်မံချိန်းဆိုခဲ့သည်ဟု ဆိုသည်။

ရန်ကုန်ရှိ မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးက “စစ်အစိုးရက သူတို့ကတဲ့ဇာတ်ထုပ် ကြိုးရှုပ်နေတဲ့အဖြစ်ကို သူတို့ ဟာသူတို့ ပြန်မဖြည်နိုင်တာတွေ ဖြစ်နေကြကုန်ပြီ” ဟုသုံးသပ်ပြောဆိုသည်။

ယနေ့အထူးတရားရုံကို ၂၈ နိုင်ငံမှ သံတမန်များ လာရောက်ခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့အချို့နေရာများတွင် ကျောင်းသားများကိုကျောင်းမတက်ခိုင်းပဲ အိမ်ပြန်စေခြင်း၊ အချို့လမ်းများကို ပိတ်ထားပြီး လုံခြုံရေးကိုလည်း အထူးကြပ်မတ်ထားသည်ကို တွေ့ရသည်။

ထို့အတူ နိုင်ငံတကာရှိ စစ်အစိုးရသံရုံးများရှေ့တွင် ထိုတရားရုံးအမိန့်ချမှတ်ချိန်နှင့်တပြိုင်တည်း မြန်မာ့ဒီမိုကရေစီ ဘက်တော်သားများ အချိန်ကိုက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး ချွင်းချက်မရှိ လွှတ်ပေးဖို့ ယနေ့စောစောပိုင်းတွင် ကုလသမဂ္ဂ ရုံးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးသန်းဆွေကို တောင်းဆိုထားသည်။


ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိ



post by Friday, July 31, 2009






ဒီကေဘီအေမှ နယ်စပ်ရဲလုပ်ရန် သဘောတူထားပြီး နအဖမှ လိုအပ်သော အင်အားထပ်ဖြည့်ဖို့ ညွှန်ကြားတာကြောင့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ၂၀၀၉ ခုနှစ် ဇွန်လပိုင်းက ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိပါ တယ်။

နဘူးမြို့နယ်ရှိ ကျေးရွာများကို တပ်သားသစ် ၃၀၀ ကောက်ခံထားပြီး ကျေးနယ် တနယ်ကို ၇ ဦး ကနေ ၁၀ ဦးအထိ သတ်မှတ်ထားပြီး မပေးနိုင်ရင် တဦးအတွက် လေးသောင်းကနေ ၂ သိန်း ထိတောင်းပါတယ်။ တပ်သားသစ် များကို ၃ နှစ်အမှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။

ငွေမပေးနိုင်တဲ့အိမ်တွေကို ပစ္စည်းတွေသိမ်းတယ်။ သူကြီးတွေကိုဖမ်းပြီး တောင်းထားတဲ့ ငွေနဲ့ရွေးခိုင်းတယ်။

နဘူးမြို့နယ်အတွင်းရှိ နောင်တပွဲကျေးနယ်၊ ထီးကလေးကျေးနယ်၊ နောင်ကိုင်းကျေးနယ်၊ ထီးပိုစံကျေးနယ်၊ သကြားချောင်းကျေး နယ်၊ အင်းရှည်ကျေးနယ်တွေကိုအစည်းအဝေးခေါ်ပြီး ဒီကေဘီအေ ၉၉၉ မှ အရာရှိများဖြစ်တဲ့ ဗိုလ်မြခိုင် နဲ့ ဗိုလ်ဂတုံးတို့က အခုလို တပ်သားသစ်တွေ ကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီ ကျေးရွာတွေအတွက် ကာကွယ်ဖို့ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း တပ်သားသစ်ကောက်ခံခဲ့ပါသေးတယ်၊ အဲဒီတုန်းက တနယ်ကို နှစ်ဦး တောင်းတယ်။


ကြက်ဥအတုများ နယ်စပ်ဒေသမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်
Fri 31 Jul 2009, IMNA
ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများ နယ်စပ်ဒေသမှ တဆင့် ဝင်ရောက်ကာ မြန်မာနိုင်ငံနယ်စပ်ဒေသတချို့နှင့် အချို့ပြည်တွင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ ရောင်းချလျှက်ရှိကြောင်း ယနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

နယ်စပ်ဒေသမှာ ကြက်ဥအတု ဝင်ရောက်သည့်အကြောင်းနှင့် ပတ် သက်ပြီး၊ မြဝတီနှင့် မူဆယ်နယ်စပ် မှာရှိသည့် ကုန်သည်များကို မေးမြန်း ရာတွင် အခုချိန်ထိ ဘာမှ မကြားရသေးကြောင်း ကော့ သောင်းနယ်စပ် ဒေသရှိ မြို့ခံတစ်ဦးက ပြောသည်။

“ကျွန်မတို့က ကုန်ပစ္စည်းတွေကို ထိုင်းကနေ မြဝတီကို နေ့တိုင်းကုန် ပစ္စည်းချနေတယ်၊ ဒါပေမယ့် ကြက်ဥအတု ပေါ်လာပြီး မြန်မာပြည်ထဲကို သွင်းနေတာကိုတော့ အခုထိ ဘာမှာ မကြားရသေးဘူး” ဟု မြဝတီမြို့ ကုန်သည်တစ်ဦးက ပြောသည်။

ကြက်ဥအတုများမှာ မွေမြုရေးကြက်များနှင့် ပုံစံတူပြီး ဒေသန္တရကြက်ဥ (အိမ်းမွေးကြက်ဥ) နှင့် အနည်းငယ် ကွဲပြားသည်။ ကြက်ဥအတု၏အကာ ပိုင်းကို ဘင်ဇိုရမ်အက်စစ်၊ ဂျယ်လီ၊ အမည်မသိဓာ တုဆေးမှုန့်၊ ကော်ရည် ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းများနှင့် မုန့်ဖုတ်ရာ တွင်အသုံးပြုသော ဓာတုပေါင်ဒါများဖြင့် ရောစပ်ပြုလုပ်ထားပြီး၊ ၄င်း၏အ နှစ်ကို အမည်မသိ အဝါရောင်ပေါင်ဒါမှုန့်အား အရည်တစ်မျိုးဖြင့် သမ အောင်မွှေကာ ကယ်ဆီယမ်ကလိုရိုက်ဒ် ထည့်သွင်းဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တစ်မျိုးဖြင့် ရောစပ်ပြုလုပ်ထားသည်။


ကြက်ဥအတု၏ အကာနှင့်အနှစ်ကို အဝိုင်းပုံသဏ္ဍာန်ရှိသည့် ပလတ် စတစ်ပုံသွင်းခွက်ထဲသို့ လောင်းထည့်ကာ ပုံသွင်းရကြောင်းနှင့် ကြက်ဥ အကာနှင့်အနှစ်တို့အကြား ရောနှောသွားခြင်းမရှိစေရန် Magic Water က ပါးလွှာသောအမြှေးပါးအသွင်ဖြင့် ပိုင်းခြားပေးထားကြောင်း၊ ကြက်ဥအ ခွံကိုမှု ပါရာဖင်းဓာတ်ပါဝင်သော ဖယောင်းနှင့် အမည်မသိ အဖြုရောင် ဓာတုဆေးရည်တစ်မျိုးတို့ ရောစပ်ပြုလုပ်ပြီး ၄င်းအရည်ကို အပိုင်းပုံ သဏ္ဍာန်ပြုလုပ်ထားသော ပလတ်စတစ်ပုံစံခွက်အတွင်း ထည့်ထားသည့် အနှစ်အတုနှင့် အကာအတုများ အပေါ်သို့ လောင်းချ၍အချိန်အ နည်းငယ်ကြာအောင် အခြောက်ခံထားပါက ကြက်ဥအစစ်နှင့် ထပ်တူထပ် မျှ အသွင်သဏ္ဍာန်တူသော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် ကြက်ဥ အတုကို ရရှိသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

၎င်းကြက်ဥအတုနှင့်အစစ်ကို ခွဲခြားရန်အတွက် ကြက်ဥအတုကို ခပ်ပြင်း ပြင်း လှုပ်ကြည့်ပါက အဆန်ချောင် နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်က အဆန်ချောင်ခြင်း မရှိဟု သိရသည်။

ကြက်ဥအတု၏အရောင်က ပိုရင့်ပြီး အတု၏အခွံသည် ဖယောင်းနှင့်ပြု လုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ကြောင်း၊ ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံမျက်နှာပြင်က ပို၍ကြမ်းကြောင်း၊ ကြက်ဥကို ခွဲ၍ကြည့်ပါက အတု၏အနှစ်နှင့်အကာသည် သီးသန့်မနေဘဲ ရော၍သွား ကြောင်း၊ အတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါးကြောင်း၊ ပြုတ် လိုက်ပါက အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာသီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရှိရသည်ဟု ၄င်းသတင်းစာတွင် ဖော်ပြ ထားသည်။

အဆိုပါ ကြက်ဥအတုကို လူကိုအဟာရဖြစ်စေသည့် ပရိုတိုန်းဓာတ် မပါ ဝင်ဘဲ ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် ကျန်မားရေးကို ထိခိုက်နိုင်သည်ဟု ဆေးပညာရှင်များက သတိပေးထားသည်။

မြန်မာအဏာပိုင်တွေကလည်း ကြက်ဥစားသုံးသူများအနေဖြင့် သတိပြုကြ ရန်နှင့် ၄င်းကြက်ဥအတုများ ရောင်းချနေသည်ကို တွေ့ရှိပါက စည်ပင်သာ ယာရေအဖွဲ့က သိမ်းဆည်းမည်ဖြစ်ကြောင်း ၄င်းသတင်စားက ရေးသား ထားသည်။


မိုးလေဝသကြောင့် အမြန်ရေယာဉ် ပြေးဆွဲမှု ရပ်နား
Thu 30 Jul 2009, IMNA
တနင်္သာရီတိုင်း မိုးလေဝသအခြေအနေကြောင့် ၁၀ ရက်ခန့် တနင်္သာ ရီကမ်းရိုးတန်းတွင် ပြေးဆွဲနေသည့်အမြန်ရေယာဉ် ပြေးဆွဲမှုကို ရပ် နားထားခဲ့သည်ဟု အမြန်ယာဉ်လက်မှတ်ရောင်းသူနှင့် နီးစပ်သူက ပြောသည်။

၎င်း၏အဆိုအရ “ဇူလိုင် ၂၀ ကတည်းကပဲ မပြေးဆွဲတာ ဒီနေ့အထိပဲ၊ ရာ သီဥတုကြောင့်ပဲ မိုးလည်းကြီး တယ်လေ” ဟု ဆိုသည်။ အမြန်ယာဉ် ပြေး ဆွဲသည် မပြေးဆွဲသည်ကို ညနေ ၈ နာရီကျော်ခန့်တွင် သိရှိရသည်ဟု လက်မှတ်ရောင်းသူက ပြောသည်။

၎င်းအမြန်ယာဉ်သည် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ ကော့သောင်း မြို့အထိ နေ့စဉ်နှစ်စီး နှုန်းဖြင့် ပြေးဆွဲသည်။ ၄င်းအမြန်ယာဉ်ခရီးသည် ထားဝယ်-မြိတ်-ကော့သောင်းမြို့သို့ တစ်နေ့ခန့် ကြာမြင့်သည်။

ထားဝယ်မြို့မှ ကော့သောင်းသို့ပြေးဆွဲနေသည့်အမြန်ရေယာဉ် ၉ စီးခန့်ရှိပြီး ပုဂ္ဂလိကပိုင်များဖြစ်သည်။ တစ်စီးလျှင် ခရီးသည် ၂၀၀-၄၀၀ ခန့်သယ် ဆောင်နိုင်ပါသည်။

“မိုးသက်လေပြင် တစ်နာရီ ၄၀-၄၅ မိုင်တိုက်ခတ်နိုင်တဲ့အတွက်ကြောင့် အစိုးရဘက်က မပြေးဆွဲဖို့ ပြောတယ်။ တရားဝင် ကြေငြာချက် ထုတ် ထားတာတော့မဟုတ်ဘူး” ဟု လက်မှတ်ရောင်းသူနှင့်နီးစပ်သူက ပြောသည်။

“ကျနော်လူတွေလည်း ကော့သောင်းကိုလာဖို့ရှိတယ်။ ရေလမ်းက မပြေး ဆွဲတော့ ထားဝယ်မှာ သောင်တင်နေတယ်။ ဒါကြောင့် ကော့သောင်း ကိုအမြန်ရောက်ဖို့ လေယာဉ်ခရီးစဉ်ရှိရင် လေယာဉ်နဲ့ အမြန်လာ၊ ဒါမ မဟုတ် အမြန်ရေယာဉ်ပြေးဆွဲရင် အမြန်ယာဉ်နဲ့ အမြန်လာဖို့ ပြော ထားယ်။ အခု ကျနော်လူက ထားဝယ်မှာ ရှိနေတုန်းပဲ” ဟု ၄င်းက ဆက်ပြောသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အား ကောင်းရာမှ အားအလွန်ကောင်းလျက်ရှိ သည်။ မြန်မာ့ပင်လယ်ပြင်တွင်မူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြလေသည် တစ်နာရီ မိုင် ၄၀ တိုက် ခတ်နိုင်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ ခရီး သည်တစ်ဦး၏အဆိုအရ ရေလမ်းသာမက လေကြောင်းလမ်းမှာလည်း မိုးလေဝသသတင်းကြောင့် ရန်ကုန်မှ ထားဝယ်နှင့် မြိတ်မြို့သို့ ဆင်းသက် မည့်လေယာဉ်မှာလည်း ခေတ္တခဏရပ်နားထားပြီး ရန်ကုန် -ကော့သောင်း ခရီစဉ်မှာ ပုံမှန်အတိုင် ပြေးဆွဲလျှက်ရှိသည်။

အမြန်ရေယာဉ်နှင့် လေကြောင်းပြေးဆွဲမှု ယာယီရပ်နားထားသည့်အတွက် ၄င်းမြို့တို့တွင် ခရီးသည်များ သောင်တင်နေကြသည်ဟု ၄င်းခရီးသည်တစ် ဦးက ပြောသည်။ ထားဝယ်မှ ကော့သောင်းသို့ အမြန်ရေယာဉ်စရိတ်မှာ တနင်္သာရီတိုင်းအတွင်းမှ ခရီးသည်တစ်ဦးဖြစ်ပါက ကျပ် ၄၅၀၀၀ ပေးရ သည်။ အခြားပြည်နယ်နှင့် တိုင်းမှလာသောခရီးသည်ဖြစ်ပါက တစ်ဦးလျှင် ၇၅၀၀၀ ကျပ်ပေးဆောင်ရပြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဆင်းခွင့်ရ ရန်အတွက် အာဏာပိုင်တို့အား ကျပ် ၃၀၀၀၀ အပိုပေးဆောင်ရသည်။

အမြန်ရေယာဉ်နှင့် လေယာဉ်ပြေးဆွဲမှု ယာယီရပ်နားထားသော်လည်း မီးသွေး၊ သစ်များသယ်ဆောင်သည့် လှေနှင့် ငါးဖမ်းလှေများမှာ ဆက် လက်ပြေးဆွဲလျှက်ရှိသည်။



တရုတ်ကုန်ပစ္စည်းများ ဖမ်းဆီးမှု၊ တားဆီးပိတ်ပင်မှု ပိုမိုလုပ်လာ၊ အတက်အဆင်းကားများလည်း နည်းပါးသွား

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၃၁ ရက်၊ ၂ဝဝ၉ ခုနှစ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်အား တရုတ်ဘက်မှ မှောင်ခို တင်သွင်းနေသည့် ကုန် ပစ္စည်းအား ဖမ်းဆီးမှုနှင့် တားဆီး ပိတ်ပင်မှုများ ပိုမိုလုပ်လာ နေသည်။

ယခုဇူလိုင်လ(၁၁)ရက်နေ့က ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်-မြန်မာနယ်စပ်သို့ လာလည်ပြီးနောက်ပိုင်း ပိုမိုလုပ်လာခြင်းဖြစ်သည်။

ယခင်က တပိုင်တနိုင်ကုန်သွယ်မှုအား အထိုက်အလျောက် ခွင့်ပြုထားခဲ့သည့် လွယ်ဂျယ်မှ တဆင့် ဗန်းမော်သို့ လည်းကောင်း၊ နမ်းခမ်း၊ မန်ဝိန်းကြီးမှတဆင့် ဗန်းမော်သို့ လည်းကောင်း၊ လိုင်ဇာမှ ဗန်းမော်နှင့် မြစ်ကြီးနားသို့ သွားသည့် လမ်းများတွင် တရုတ်ဘက်မှ ကုန်ပစ္စည်းများတင်သွင်းမှုကို ပိတ်ပင်ထားခြင်း၊ ဖမ်းဆီးခြင်းများ လုပ်လာ သည်ဟု ကုန်သည်များက ပြောသည်။

လိုင်ဇာဘက်မှ တရုတ်ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်ကားများကို လဂျားယန် ဂိတ်မှ အဝင်မခံသည့် အပြင် ခရီးသည်တင်ကားများဖြင့် တပိုင် တနိုင်တင်ဆောင်မှုများကို လည်း ဖမ်းဆီးနေသည်ဟု လိုင်ဇာ ဒေသခံ တဦးက ပြောသည်။

“အခုလလယ်ပိုင်းလောက်ကတော့ ကားတွေ လဂျားယန်ကို ကျော်လို့မရတော့ဘူး။ အလွတ် ဆိုရင် တော့ ရတာပေါ့။ ဟိုင်းလတ်တို့၊ ဖိုးဝီးတို့ ခရီးသည်တင်ကားတွေမှာ ဟိုတုန်းကလို နည်းနည်းပါးပါး သယ်လို့မရတော့ဘူး။ အခုရက်ပိုင်း ပိုကျပ်နေတယ်။ ကားသမားတွေက လည်း ကုန်ရမှ ကိုက်တာကိုး။ ဒီတော့ ကားတွေလည်း အတက်၊အဆင်း သိသိသာသာ နည်းသွားတယ်။”

လွယ်ဂျယ်မှ ထွက်လာသည့်ကားများကိုလည်း တရုတ်ကုန်ပစ္စည်းတင်ဆောင်ခွင့် ပိတ်ထား သည့်အတွက် မှန်လုံ နှင့် ဟိုင်းလတ်ကားများ ပြေးဆွဲမှု ထက်ဝက်ကျော် လျော့နည်းသွား သည်ဟု လွယ်ဂျယ်တဖက်ကမ်း၊ တရုတ် ပြည် လားရင်းဒေသခံတဦးက ပြောသည်။

“ကားက အရမ်းနည်းသွားတာ။ ကျန်းဖုန်းဘက်ကနေ သွင်းနေတဲ့ တရုတ်ပိတ်အုပ်တို့၊ အဝတ်အထည် တို့၊ ဆေးဝါးတို့ လူသုံးကုန်တွေ ဘာဆိုဘာမှ သယ်လို့မရဘူး။ ခရီးသည် တွေချည်းဆို ကားသမား လည်း မကိုက်ဘူး။ ခရီးသည်ဆို တာကလည်း ကုန်သည်တွေ ဘဲရှိတာ။ အဆင်းကုန် မသယ်ရတော့ ကုန်သည်တွေလည်း နည်းသွားတယ်။ အတက်ကုန် ဆိုရင် ဆန်တို့၊ ဆန်ကွဲတို့၊ စားသောက်ကုန်တို့ကို လွယ်ဂျယ်၊ လားရင်းတို့ဘက် လာရောင်း၊ အပြန်မှာ တရုတ်ပစ္စည်း ပြန်သယ်။ အဲဒါ မရဘူးဆိုတော့ ကားကော၊ ကုန်သည်ကော အရမ်းနည်းသွားတယ်။”

တရုတ်-မြန်မာ နယ်စပ် နမ်းခမ်းနှင့် မန်ဝိန်းကြီးမှတဆင့် ဗန်းမော်သို့ သွားရာလမ်းတွင် ဗန်းမော်ခရိုင် အာဏာ ပိုင်များက ကိုက်ထိပ်ကျေးရွာအထိ တက်ရောက်ကာ ဖမ်းဆီးနေ၍ အဆိုပါ လမ်းကြောင်းတွင် လုပ်ကိုင်စား နေသည့် ဒေသခံကုန်သည်များ အခက်တွေ့ နေကြရသည်ဟု ကုန်သည်များက ပြောသည်။

တရုတ်ပြည်၊ ကျယ်ဂေါင်တဆင့် မြန်မာပြည်အလယ်ပိုင်းသို့ ဆိုင်ကယ်မှောင်ခို တင်သွင်းမှု များကို ဖမ်းဆီး၊ ငွေ တောင်းမှုများရှိရာ ယခုလ(၂၇)ရက်နေ့တွင် (၁ဝ၅)မိုင်အနီး၌ ဒေသခံရဲ နှစ်ဦးက ဆိုင်ကယ်ကယ်ရီသမား ဆယ် ဦး ခန့်အား တားဆီးပြီး ငွေတောင်းရာမှ ပြဿနာ ဖြစ်ခဲ့သည်ဟု မူဆယ်ဒေသခံတဦးက ပြောသည်။

“တောင်းတာများလာလို့ ဆိုင်ကယ်သမားတွေလည်း အခုက သိပ်မကိုက်တော့ဘူ။ ကျောက်ဆည်၊ မုံရွာအထိ သွားနိုင်မှ နှစ်သောင်း လောက်ကျန်တယ်။ လားရှိုး တင် လောက်ဆို ထောင်ပိုင်းဘဲ ကျန် တာတဲ့။ အဲလိုအချိန်မှာ ရဲနှစ်ယောက်က သွားပြီး ဖမ်းမယ် ဆီးမယ်လုပ်ရာက ဟိုက ပြန်ချမယ်လုပ် တော့ ရဲနှစ်ယောက် ထွက်ပြေးလာခဲ့တာတဲ့။”

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက မူဆယ်(၁ဝ၅)မိုင်ဇုန်သို့ အခုလ(၁၁)ရက်နေ့က ရောက်ရှိ လာစဉ် တရားဝင် ကုန်သွယ်ခွင့်ပြုထားပြီဖြစ်၍ မှောင်ခိုကုန်သွယ်မှုမရှိသင့်တော့ကြောင်း၊ အခွန်ဆောင်ပြီးရောင်းဝယ်တတ် လာ အောင် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဝန်ထမ်းများ က ဝိုင်းဝန်းထိန်းသိမ်းပညာပေးကြရန် မှာကြားသွားသည်။



မြောက်ပိုင်းတိုင်းတိုင်းမှူးခရီးစဉ်တွင် ရက်သတ္တတပတ်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၃၁ရက်၊ ၂ဝဝ၉ ခုနှစ်။

မြစ်ကြီးနားမြို့မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက ကချင်လွတ်မြောက် ရေးအဖွဲ့ ထိန်း ချုပ်ရာ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာသို့ ယနေ့မနက်ပိုင်းက ထွက်လာစဉ် လမ်းခရီး၌ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည်။

မပခ တိုင်းမှူးခရီးစဉ် ကားတန်း၏ ရှေ့ပြေးလမ်းကြောင်းရှင်းသည့် အဖွဲ့မှကားနံပတ် (၁/ခ၃ဝ၈၅ )စစ်ရောင် ဖိုးဝှီးကားသည် နန့်ဆန်ယန်ကျေးရွာအနီး ကုန်းအဆင်းတွင် မြစ်ကြီးနားမြို့သို့ ဦးတည်မောင်းလာသည့် ဟိုင်း လတ်စ် ကားနှင့် အမြီးပိုင်းတိုက်မိပြီး ခရီးသည်တင်ကား တိမ်းမှောက်ကာ လူသုံးဦး ဒဏ်ရာရရှိသွားသည်ဟု နန့်ဆန်ယန် ဒေသခံတဦးက ပြောသည်။

“ဟိုင်းလတ်စ်ကားကဘေးကိုကွေ့လိုက်တော့ အမြီးပိုင်းကိုချိတ်မိပြီး ကားကနှစ်ပတ်လောက် လိမ့်သွား တာတဲ့။ ဒဏ်ရာရတာ သုံးယောက်၊ တယောက်ကတော့ လည်ပင်အရိုးထိသွားတယ်။ သူကတော့ ဒဏ် ရာ ပြင်းတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ပွန်းပဲ့သွားတယ်။”

ပြီးခဲ့သည့်(၂၄)ရက် သောကြာနေ့တွင်လည်း မခပတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၏ ဝိုင်းမော် အခြေစိုက် ခလရ(၅၈) တပ်ရင်းသို့ ထွက်လာစဉ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှေ့ပြေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားက တိုက်မိ သဖြင့် မိုင်းနားကျေးရွာ၊ ရပ်ကွက်(၁)၊ လဝမ်ကထောင်နေ အသက်(၄၅)နှစ်အရွယ် အမျိုးသမီး တဦး ပွဲချင်းပြီး သေဆုံးသွားပြီး သုံးဦး ဒဏ်ရာရရှိသည်ဟု ဝိုင်းမော် ဒေသခံ တဦးက ပြောသည်။

“ဒေါ်ကျောင်းဖဒိုင်နွယ်နဲ့ သူ့အဖေါ် သုံးယောက်နဲ့ လမ်းဖြတ်ဖို့ လုပ်နေတုန်း ကားက ဝင်တိုက် သွား တာ။ သူက ပွဲချင်းပြီး သေသွားတယ်။ အခုသူ့ရဲ့ (၁ဝ)နှစ်အရွယ် သမီးလေးကျန်ထား တယ်။ သူ့အ တွက် ငွေနည်းနည်းပါးပါးလေး လာပေးတယ်လို့တော့ ကြားရတယ်။ အရပ်သား အချင်ချင်း ယာဉ် တိုက်မှုဖြစ်ရင်တောင် တဘက်လူကျေနပ်အောင် လုပ်ပေးရတာလေ။ အခုက တိုင်းမှူးနဲ့ သက်ဆိုင်တဲ့ ကားတန်းက ဖြစ်တာ ပိုပြီးတောင် ကျေနပ်အောင် လုပ်ပေးသင့်တယ်၊ အခုလို ဖြစ်တာကို ဒီမှာ ဘယ် သူမှ မကျေနပ်ကြဘူး။”

ဒဏ်ရာရှိသူများကို မြစ်ကြီးနားဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်သည်။

လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ်အတွင်း မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့် လက်ထက်တွင်လည်း မြစ်ကြီးနား မှ ဗန်းမော်သို့ မော်တော်ယာဉ်တန်းဖြင့် ထွက်လာစဉ် ရှေ့ပြေးအဖွဲ့ကားတန်းက နန့်ဆန်ယန်ကျေးရွာအတွင်း ဆိုင် ကယ်စီးလာသည့် ဒေသခံ အမျိုးသမီးတဦးအား တိုက်မိ၍ သေဆုံးသွားခဲ့သေးသည်။



နအဖတပ် စစ်ပြေးဆယ်ဦးခန့်ကို တရုတ်ဘက်က ဖမ်းပြီး လွှဲပေး

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၃၁ ရက်၊ ၂ဝဝ၉ ခုနှစ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ဗန်းမော်ခရိုင်အတွင်းရှိ စစ်တပ်များမှ ထွက်ပြေး လာသည့် စစ်သား ဆယ်ဦးခန့်ကို ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တဖက်ကမ်း တရုတ်ပြည် ကျန်းဖုန်းဒေသအတွင်း ဖမ်းဆီးရမိခဲ့ပြီး မြန်မာဘက်သို့ အခုလ(၂၉)ရက်နေ့တွင် ပြန်လည် လွှဲပြောင်းပေးလိုက်သည်။

ဗန်းမော်နှင့် မံစီအခြေစိုက် တပ်ရင်းများမှ မကြာသေးမီက ထွက်ပြေးလာပြီး ကျန်းဖုန်းဒေသ အတွင်း လာရောက် အခြေချရန် ပြင်ဆင်နေစဉ် တရုတ် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ပြန်ပို့ခံရခြင်း ဖြစ်သည်ဟု ကျန်းဖုန်းမြို့မှ မြန်မာတဦးက ပြောသည်။

“အဲဒီနေ့က ကားစုစုပေါင်း ခုနှစ်စီးရှိတယ်။ မနက်(၁ဝ)နာရီလောက်မှာ လွယ်ဂျယ်ဘက်ကို နယ်စပ် က လားရင်း ရွာကနေလွှဲလိုက်တယ်။စစ်ပြေး ဆယ်ယောက်လောက်ရှိတယ်လို့ပြောတယ်။သူတို့က ဗန်း မော်၊ မံစီဘက်က ပြေးလာတာတဲ့။ ကျန်းဖုန်းမှာ အလုပ်လုပ်မယ်ပေါ့၊ ကြုံရာ အလုပ်ပေါ့။ တရုတ် စ ကား ကမတတ်၊ နေထိုင်ခွင့်လက်မှတ်တွေ၊ နယ်စပ်ဖြတ်ကျော် လက်မှတ်တွေလည်းမပါဘူးတဲ့။ ယောင် လည်လည်ဖြစ်နေတုန်းမှာ အားလုံး အဖမ်းခံရပြီး ပြန်လွှဲပေးတာ။”

မြန်မာစစ်တပ်မှ ထွက်ပြေးပြီး တရုတ်-မြန်မာနယ်စပ်တွင် လာရောက်အခြေချနေသူများ ရှိနေသော်လည်း ယခု ကဲ့သို့ တရုတ်နယ်စပ်အာဏာပိုင်များက ဖမ်းဆီးပြီး ပြန်ပို့ခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက် သြဂုတ်လ ၁၁ ရက်နေ့ ရွှေ့ဆိုင်း
2009-07-31

ဒေါ်အောင်ဆန်းစုကြည်အမှုကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒီကနေ့ စီရင်ချက် အမိန့်မချမှတ်ပဲ သြဂုတ်လ ၁၁ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရားသူကြီးတွေဘက်က ဥပဒေပိုင်းဆိုင်ရာ ပြဿနာတွေကို စဉ်းစားသုံးသပ်နေဆဲ ဖြစ်တာကြောင့်ဆိုပြီး အကြောင်းပြခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းက အာအက်ဖ်အေကိုပြောပါတယ်။


ဦးဥာဏ်ဝင်း။ ။'ဒီအမှုဟာ ဥပဒေပြဿနာ ရှိတာအမှန်ပဲလေ။ အဲဒီဥပဒေပြဿနာကို ဒီလောက်အချိန်ယူပြီးတော့ စဉ်းစားတယ်ဆိုရင် ကျနော်တို့က ကျေနပ်ပါတယ်။ ဥပဒေပြဿနာက သုံးလေးခုမက ရှိတယ်။ ဒါပေမယ့် အဓိက ပြဿနာက ၇၄ ခုနှစ် အခြေခံဥပဒေ အသုံးပြု၍ ရမရပေါ့။ အဲဒါအဓိကပါ။ ကျနော်တို့က အသုံးပြုလို့ မရတော့ဘူးဆိုတဲ့ဘက်ကနေ တင်ပြထားတယ်။ ဒါအတော်အဓိကကျတဲ့ ပြဿနာတခုပါ'

အာဏာပိုင်တွေဘက်က ဥပဒေပိုင်းဆိုင်ရာ ပြဿနာရှိတယ်လို့ အကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ရွှေ့ဆိုင်းလိုက်ပေမယ့် ဘယ်ဥပဒေ ပြဿနာ ဆိုတာကို တိတိကျကျ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်၊၊

တရားသူကြီးတွေက စီရင်ချမယ့်ရက်ကို ထပ်ပြီး ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း မကြေညာခင် တရားရုံးကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာရောက် နားထောင်နေကြတဲ့ နိုင်ငံတကာသံတမန်တွေကို အင်္ဂလိပ်ဘာသာနဲ့ နှုတ်ဆက်စကား ပြောဆိုရာမှာ သူ့အနေနဲ့ ဒီကနေ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိမရှိဆိုတာကို လက်တွေ့ပြသမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ တရားရုံးချိန်ကို သတ်မှတ်ထားတဲ့အတိုင်း မနက် ၁ဝ နာရီမှာ စတင်ခဲ့ပေမယ့် သံတမန်တွေ တက်ရောက်နားထောင်ဖို့အတွက် အစိုးရအာဏာပိုင်တွေက နာရီပိုင်းအလိုကျမှ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ တရုတ်၊ ရုရှနဲ့ အမေရိကန်သံတမန်တွေလည်း ပါဝင်တယ်လို့ ဦးဥာဏ်ဝင်းကပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။'တော်တော်များများတက်ပါတယ်။ သံရုံးဘယ်နှစ်ရုံးလည်းတော့ မသိဘူး။ ကျနော်ထင်တယ် ဆယ်ရုံးအထက်မှာ ရှိတယ်။ ကျနော်အကုန်တော့မသိဘူး။ အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ ဂျပန်၊ တရုတ်လည်းပါတယ်၊ စင်္ကာပူ။ တော်တော်များပါတယ်'

တရားရုံးအနေနဲ့ ဒီကနေ့မှာ စီရင်ချက် အမိန့်ချမှတ်မယ်လို့ အများစုက မျှော်လင့်ထားတဲ့အတွက် အာဏာပိုင်တွေဘက်က တက်ရောက်ခွင့် မပြုခဲ့ဘူးဆိုရင် အင်းစိန်ထောင်တွင်းတရားရုံးနဲ့ အနီးဆုံးနေရာအထိ သွားရောက်စောင့်ဆိုင်း နားထောင်ကြဖို့ သံတမန်အများစုက ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် ချမှတ်မယ့် စီရင်ချက်ကို ကမ္ဘာအရပ်ရပ်က စောင့်ကြည်နေပြီး ကုလသမဂ္ဂ အနေနဲ့လည်း ဒီစီရင်ချက်အပေါ်မှာ တုန့်ပြန်မှုတွေ ရှိမှာဖြစ်တယ်လို့ အတွင်းရေးမှုးချုပ် ဘန်ကီးမွန်းကလည်း မကြာသေးခင် ရက်ပိုင်းအတွင်းက ပြောဆိုထားပါတယ်။



အဖွဲ့ချုပ်အဖွဲ့ဝင် သုံးဆယ်နီးပါး ဖမ်းဆီးခံရ
2009-07-31

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမယ်လို့ ပြောထားတဲ့ ဇူလိုင် ၃၁ ရက် မတိုင်ခင်ညက ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းအတွင်းက အန်အယ်လ်ဒီ ပါတီဝင် ၃ဝ နီးပါးကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင် နယ်အနှံ့အပြားက ဖမ်းဆီးခံခဲ့ရတဲ့ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ စာရင်းနဲ့ နောက်ဆုံးသိရတဲ့ အခြေအနေတွေကို အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က အခုလိုပြောပြပါတယ်။

ဦးအုန်းကြိုင်။ ။'ရေနံချောင်းက ကိုမြင့်ငွေ၊ ကိုတင့်လွင်၊ ကိုသန်းမောင်၊ ကိုခင်ဝင်း၊ နောက် အောင်လံက ဦးအေးမြင့်၊ ကိုမင်းမောင်၊ တောင်တွင်းက ကိုစိုး၊ ကိုပါလေး၊ ကိုကျော်နိုင်၊ မြို့သစ်က ဦးသာအောင်က လွှတ်တော်ကိုယ်စားလှယ်၊ ဇင်မမထွန်း၊ ဦးသန်းမြင့် ဒဂုံမြို့သစ်က ထိန်ဝင်း၊ မခင်ဝင်းကြည်၊ မင်းဘူးစကု က ဦးသောင်းစိုး၊ နေမျိုးကျော်၊ ပွင့်ဖြူက ကိုအောင်ဝင်း၊ ကိုအောင်တင်လင်း၊ မင်္ဂလာဒုံက မခင်မြတ်သူ၊ ဒေါပုံက ကိုနေလင်းကျော်၊ သာကေတက ကိုနေလင်းစိုး၊ နောက်ပြီး ပခုက္ကူက ကိုပိုက်ကို၊ ကိုကျော်မြင့်အေး၊ ကိုဌေးဝင်း၊ နောက် ဦးတင်ညွှန့် ပါ။ ဘာလို့ဖမ်းတယ်ဆိုတာကတော့ မသိဘူးဗျ၊ အဲဒီ သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ရဲတို့ ရပ်ကွက်တာဝန်ရှိတဲ့သူတွေက လာပြီးတော့ ခေါ်သွားတာတွေပဲ သိတယ်'

မင်္ဂလာဒုံမြို့နယ် လူငယ်အဖွဲ့ဝင် မခင်မြတ်သူနဲ့ ဒဂုံမြို့သစ်က ကိုထိန်ဝင်းတို့ကို ဖမ်းဆီးခံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီလူငယ် မဖြူဖြူသင်းက ခုလိုပြောပြပါတယ်။

မဖြူဖြူသင်း။ ။'ခင်မြတ်သူကိုကျတော့ မနေ့ညက ညနေစောင်းလောက်က သူ့အဖေကို ခေါ်တယ်တဲ့။ သူ့အဖေကို ခေါ်ပြီးတော့ ဒီနေ့ အင်းစိန်ကို မသွားဖို့ တားပေးပါလို့ ပြောတယ်။ ပြောတော့ သူ့အဖေက ဘာမှ ဝန်မခံပေးဘူးတဲ့။ ဝန်မခံပေးတဲ့ အခါကျတော့ ည ၁ နာရီခွဲလောက်မှာ လာခေါ်သွားတယ်တဲ့။ ခနပါဆိုပြီး ပြောတယ်တဲ့၊ အခု သူ့ကို မင်္ဂလာဒုံ ရဲစခန်းမှာ ထားတယ်။ သူတို့ သွားတွေ့လို့တော့ ရတယ်တဲ့။ မနက်က သူ့အမနဲ့ တွေ့လိုက်တယ်လေ၊ စခန်းမှူးက ပြောတယ်တဲ့။ ကာလအချိန် တခုအထိ ကြာအောင် သူတို့ခေါ်ထားမယ်ဆိုတဲ့ ပုံစံမျိုး ပြောတယ်တဲ့။ အဓိကတော့ အင်းစိန်ထောင်ရှေ့ မသွားဖို့ပေါ့။ ကိုထိန်ဝင်းကတော့ ညက ပါသွားတာပဲ ကြားတယ်'

မကွေးတိုင်း ရေနံချောင်းမြို့က အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးခင်ဝင်း၊ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးတင့်လွင်၊ ဦးမြင့်ငွေနဲ့ ဦးသန်းအောင်တို့ကို ည ၁ နာရီကျော်လောက်မှာ ရေနံချောင်းရဲစခန်းက ခနလေး မေးစရာရှိလို့ပါ ဆိုပြီး ခေါ်သွားလို့ အဝတ်တထည် ကိုယ်တခုနဲ့ပဲ လိုက်သွားတာလို့ ဦးတင့်လွင်ရဲ့ဇနီး ဒေါ်ခင်မော်သန်းက ပြောပါတယ်။

မင်းဘူး၊ စကုနဲ့ ပွင့်ဖြူမြို့က ပါတီဝင်တွေ ဖမ်းဆီးခံခဲ့ရတဲ့ အကြောင်းကို မကွေးတိုင်း အန်အယ်လ်ဒီ ပါတီဝင်တဦးက အာအက်ဖ်အေကို ခုလိုပြောပြပါတယ်။

အန်အယ်လ်ဒီပါတီဝင်။ ။'ကျမတို့ ဒီမှာတော့ တိတိကျကျ မသိရသေးဘူးရှင်၊ ဘယ်ကိုခေါ်တယ်ဆိုတာ။ မင်းဘူးက ဦးသောင်းစိုးပါတယ်။ နောက်တခါ စကုက နေမျိုးကျော်လည်း ပါသွားတယ်။ ဦးသောင်းစိုးက အမှတ် ၂ ထဲမှာ၊ အမှတ် ၂ ရဲစခန်းပေါ့။ နေမျိုးကျော်က အမှတ် ၁ ရဲစခန်းထဲမှာတဲ့။ နောက်တခါ ပွင့်ဖြူက ကိုအောင်ဝင်းနဲ့ ကျန်တဲ့တယောက်က ပွင့်ဖြူရဲစခန်းထဲမှာပဲ ရှိတယ်တဲ့'

တောင်တွင်းကြီး အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ဦးမောင်စိုး၊ အတွင်းရေးမှူး ဦးပါလေးနဲ့ အဖွဲ့ဝင် ကိုကျော်နိုင်တို့ကို ည ၁၂ နာရီလောက်မှာ လာခေါ်သွားပြီး ဘယ်မှာထားတယ်ဆိုတာ မသိရသေးတဲ့အကြောင်း တောင်တွင်းကြီး အန်အယ်လ်ဒီပါတီဝင် တဦးက ပြောပါတယ်။

တောင်တွင်းကြီးပါတီဝင်။ ။'အခု သူတို့ အိမ်တွေကတော့ လိုက်တော့ လိုက်နေကြတုန်း။ ဘာမှတော့ အထွေအထူး မပြောဘူးဗျ။ သူတို့က ဒီတိုင်းပဲ၊ ခန လိုက်ခဲ့ပါအုံး ဒီလောက်ပဲပြောတာ။ ကျနော်တို့ကတော့ တွက်ထားပြီးသားပေါ့ဗျာ'

မကွေးတိုင်း အောင်လံမြို့နယ် အဖွဲ့ချုပ်အဖွဲ့ဝင် ဦးအေးမြင့်နဲ့ ကိုမင်းမောင်တို့နှစ်ဦးကို ညအချိန်မတော် အကြောင်းပြချက်မရှိ လာဖမ်းသွားခဲ့ပုံကို မိသားစုနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးက အခုလို ပြောပါတယ်။

ဒေသခံအမျိုးသမီး။ ။'ညက တနာရီလောက်ကလို့ ပြောတယ်၊ အဖမ်းခံရတာ။ ဦးအေးမြင့်ရယ် ကိုမင်းမောင်ရယ် မိသားစုဆီက ခေါ်သွားတုန်းကတော့ ဧည့်စာရင်း ဝင်စစ်သလိုနဲ့။ အဲလိုမျိုး ဝင်စစ်ပြီးတော့ သူတို့နဲ့ လိုက်ခဲ့ဖို့ ခေါ်တယ်ပေါ့နော်။ အဲဒီတော့ သူတို့အမျိုးသမီးတွေက လာခေါ်တဲ့ သူတွေရဲ့ နာမည်တွေဘာတွေကို တောင်းထားတယ်တဲ့။ ဦးအေးမြင့်ကို ခေါ်သွားတဲ့သူတွေရဲ့ နာမည်ကိုတော့ မသိဘူးရှင့်။ ကိုမင်းမောင်ကို ခေါ်သွားတာတော့ မြို့နယ်မှူးဦးစိုးသန်းတဲ့၊ ဒုရဲအုပ် ကျော်ထူးတဲ့ အဲလိုပြောတယ်။ အဲဒီမှာတော့ ၁ဝ ဦးလောက် ပါတယ်ပြောတယ်၊ မြို့နယ်အာဏာပိုင်တွေပဲ'

သူတို့ရဲ့မိသားစုဝင်တွေက ဒီကနေ့မနက် အောင်လံမြို့နယ် ရဲစခန်းကို သွားရောက် စုံစမ်းတဲ့အခါ ရဲစခန်းမှာမရှိပဲ ဘယ်နေရာမှာပို့ ထားတယ်ဆိုတာကိုလည်း မပြောဘူးလို့ သိရပါတယ်။

ခုလိုဖမ်းဆီးမှုတွေ လုပ်နေတဲ့ အကြောင်းအရင်းကို သေချာမသိရသေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု အမိန့်ချမယ်ဆိုတဲ့ရက်နဲ့ တိုက်ဆိုင်နေတာကြောင့် တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချခဲ့ရင် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု တစုံတရာ ဖြစ်လာနိုင်တာကို ကြိုတင်ကာကွယ်တဲ့သဘောနဲ့ စစ်အစိုးရက လက်ဦးမှုယူနေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတချို့က ပြောဆိုနေကြပါတယ်။


ယုံကြည်မှုတည်ဆောက်ရေးတံခါး မြန်မာစစ်အစိုးရ ပိတ်ပစ်
2009-07-31

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုခဲ့ပြီးတဲ့နောက် နိုင်ငံတဝှမ်းက အန်အယ်ဒီ ပါတီဝင်တွေကိုပါ ဖမ်းဆီးနှိပ်ကွပ်မှုတွေ တိုးမြှင့်ပြုလုပ်နေတာဟာ မြန်မာနဲ့ နိုင်ငံတကာအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် ယုံကြည်မှုတည်ဆောက်ရေး တံခါးတွေကို ပိတ်ပစ်လိုက်တဲ့ လုပ်ရပ်ပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တောမတ်ကင်တားနားက ဒီကနေ့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။




မြန်မာစစ်အစိုးရကို အမေရိကန်နဲ့ ဖိလစ်ပိုင်သမ္မတ ရှုတ်ချ
2009-07-31

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရုံးတင်တရားစွဲဆိုခံရမှု အပါအဝင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးချိုးဖောက်မှု အခြေအနေတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း အမေရိကန်သမ္မတနဲ့ ဖိလစ်ပိုင်သမ္မတတို့က တညီတညွတ်တည်း ပြောကြားလိုက်ပါတယ်၊၊

အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဂလိုရီယာ အာရိုယိုနဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားတို့ သမ္မတအိမ်ဖြူတော်မှာ ကြာသပတေးနေ့က တွေ့ဆုံကြရာမှာ မြန်မာနိုင်ငံကိစ္စကို အလေးထား ဆွေးနွေးပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်၊၊

သမ္မတ အာရိုယိုက ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မြောက်ကိုရီးယားရဲ့ အနုမြူအစီအစဉ် ဖော်ဆောင်မှု ကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ရပ်တည်ချက်အတိုင်း တသဘောတည်းရှိတယ်လို့ ပြောဆိုခဲ့ပါတယ်၊၊ ဒါ့ပြင် မြန်မာနိုင်ငံအရေးနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ပါ အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ ရပ်တည်ချက်ဟာ ထပ်တူထပ်မျှ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ အာရိုယိုက ပြောပါတယ်၊၊

သမ္မတ အိုဘားမားကလည်း အာရှနိုင်ငံတွေအပေါ် အမေရိကန်က ချမှတ်ကျင့်သုံးနေတဲ့ မူဝါဒတွေကို ဖိလစ်ပိုင်နိုင်ငံက ထောက်ခံအားပေးနေတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း အပြန်အလှန် ပြောဆိုခဲ့ကြပါတယ်၊၊

ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တက်တက်ကြွကြွ တောင်းဆိုကြိုးပမ်းနေတဲ့ နိုင်ငံဖြစ်ပြီး သမ္မတအာရိုယိုဟာ အခါအခွင့်သင့်တိုင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကိစ္စတွေကို ခုလို အလေးထား ပြောဆိုနေတာ ဖြစ်တယ်လို့ ဖိလစ်ပိုင် ကွန်ဂရက် လွှတ်တော်အမတ် Lorenzo Tanada က ပြောပါတယ်၊၊

သမ္မတအိုဘားမားနဲ့ သမ္မတအာရိုယိုတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးအတွက် အတူ ဆောင်ရွက်သွားကြမယ့် နည်းလမ်းတွေကို အလေးထားရှာဖွေ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဖိလစ်ပိုင် လွှတ်တော်အမတ် Lorenzo Tanada က ပြောပါတယ်၊၊ ဒါ့ပြင် သူက မြန်မာစစ်အစိုးရအနေနဲ့ NLD ပါတီဝင်တွေကို ဆက်လက်ဖမ်းဆီးနှိပ်ကွပ်နေတာတွေကို အမြန်ဆုံး ရပ်တံ့ဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်၊၊

စစ်အစိုးရအနေနဲ့ နိုင်ငံရေးအရ အမြင်မတူသူတွေကို ဖမ်းဆီးနှိပ်ကွပ်နေတာတွေကို ရပ်တံ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခ္ဆွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုပါတယ်၊၊ စစ်အစိုးရအနေနဲ့ တောင်းဆိုချက်အတိုင်း လုပ်ဆောင်လာမယ်ဆိုရင် အနိမ့်ဆုံး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် ယုံကြည်မှုတည်ဆောက်ဖို့ လမ်းခင်းပေးရာ ရောက်နိုင်ပါတယ်၊၊ ဒါ့ပြင် ရွေးကောက်ပွဲအတွက် အသင့်တော်ဆုံးပုဂ္ဂိုလ်တွေဟာ ထောင်ချခံထားရတဲ့အတွက် သူတို့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာလဲလို့ ဖိလစ်ပိုင် လွှတ်တော်အမတ် မစ္စတာ တာနာဒါ က မေးခွန်းထုတ်လိုက်ပါတယ်၊၊ လွှတ်တော်အမတ် မစ္စတာ တာနာဒါဟာ ဖိလစ်ပိုင်လွှတ်တော် လူ့အခွင့်အရေးကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်၊၊

အိမ်ဖြူတော်က သမ္မတနှစ်ဦး ဆွေးနွေးပွဲမှာ မစ္စတာအိုဘားမားက ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာရှရဲ့ စံတန်ဖိုးတွေပေါ် အခြေပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ မြောက်ကိုရီးယား အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အခိုင်အမာ ရပ်တည်ပြောဆိုနေတဲ့အပေါ် အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်၊၊ ဒါ့ပြင် မစ္စတာအိုဘားမားက သူ့အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို အလည်အပတ် သွားရောက်ဖို့ ရှိတဲ့အပြင် အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးမှာ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ဦးရွက် ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်၊၊

တွေ့ဆုံပွဲအပြီးမှာ ဖိလစ်ပိုင်သမ္မတ မစ္စက် အာရိုယိုက အမေရိကန်သမ္မတနဲ့ ဆွေးနွေးပြောဆို ခဲ့မှုတွေအပေါ် အလွန်နှစ်ထောင်းအားရဖြစ်မိတယ်လို့ ဖိလစ်ပိုင်သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်၊၊
ဒီအတောအတွင်း ဖိလစ်ပိုင်နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မနီလာမြို့က မြန်မာစစ်အစိုးရ သံရုံးရှေ့မှာ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။