Saturday, July 25, 2009

ဒုံးကျည်နည်းပညာ ကိရိယာ မြန်မာနိုင်ငံသို့ ပို့သော ဂျပန်စီးပွားရေးသမားကို ဖမ်းဆီး

RFA 2009-07-24
ဒုံးပျံပစ်လွှတ်မှုဆိုင်ရာသုံး စက်တလုံးကို ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့ဖို့ခဲ့တဲ့ ဂျပန်စီးပွားရေးသမား တဦးကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ဂျပန်ရဲတွေက ဒီကနေ့ ဇူလိုင် ၂၄ရက်မှာ ကြေညာလိုက်ပါတယ်။တိုကျိုမြို့ ရှင်ဂျူကုမြို့နယ်မှာ ရှိတဲ့ တိုကို အရောင်းအဝယ် ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ လီ ဂယောင် ဂိုးကို ဂျပန်ရဲတွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်မြောက်ကိုရီးယားလူမျိုးလို့ ယူဆရတဲ့ အသက်၄၁နှစ်အရွယ် မစ္စတာ လီ ဂယောင် ဂိုးဟာ ပြီးခဲ့တဲ့ ၂ဝဝ၈ခုနှစ် နိုဝင်ဘာလတုန်းက ဒုံးပျံပစ်လွှတ်မှုဆိုင်ရာသုံး စက်တလုံးကို ဂျပန်အစိုးရရဲ့ ခွင့်ပြုချက်မယူပဲ ဂျပန်နိုင်ငံ နာဂိုယာ ဆိပ်ကမ်းကနေ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာ၂ဝရက်နေ့က တင်ပို့ခဲ့ပါတယ်။ ဒါကို ဂျပန်ရဲက စုံစမ်းသိရှိခဲ့တာ ကြောင့် သူ့ကို အခုလို ဖမ်းဆီးရတာ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီစက်ဟာ ယူရေနီယံ သတ္တုသန့်စင်ရေး လုပ်ငန်း မှာလည်း သုံးစွဲနိုင်တယ်လို့ သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းရာမှာ အမည်မဖော်လိုတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး ပြောတာက လူအများ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ ဒုံးပျံ ပစ်လွှတ်မှုမှာ သုံးနိုင်တဲ့ စက်တလုံးကို မြန်မာနိုင်ငံကို တင်ပို့ဖို့ ကြိုးစားခဲ့တဲ့ ဂျပန်ကုမ္ပဏီပိုင်ရှင် တဦးကို ဖမ်းဆီးခဲ့တာ မှန်ကြောင်း ပြောဆိုပါတယ်။ အဲဒီကုမ္ပဏီပိုင်ရှင်ရဲ့ လုပ်ဆောင်ချက်ဟာ ဂျပန်နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက် နေတာ ဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒါ့အပြင် မစ္စတာ လီ ဂယောင် ဂိုးကို ငွေကြေးဆိုင်ရာ ဥပဒေအရရော တရားမဝင် ကုန်သွယ်မှုဆိုင်ရာ ဥပဒေ အရပါ အရေးယူဖို့ ရှိတယ်လို့ ဂျပန်သတင်းဌာနတွေက ဖော်ပြကြောင်း တိုကျိုမြို့မှာ နေထိုင်တဲ့ ဒေါ်ချိုချိုအေးက ပြောပြပါတယ်၊
ဒေါ်ချိုချိုအေး။ ။ 'ဂျပန်မှာနေတဲ့ မြောက်ကိုရီးယားသားလေ၊ ဖမ်းတယ်လို့တော့ ကြားတယ်။ မြောက် ကိုရီးယားသား ဒီဂျပန်မှာနေတဲ့လူက ပွဲစား လုပ်သွားတာကိုး။ ပြီးတော့ ဂျပန်ကလည်း တခုတခု အရေးယူဖို့ လုပ်တယ် လို့တော့ ပြောတယ်လေ။ မြောက်ကိုရီးယားကို ပို့တဲ့ ပိုက်ဆံတို့၊ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ဘဏ်၊ ပိုက်ဆံပို့တဲ့ဟာတွေကို သူတို့ ချုပ်မယ်ပေါ့နော်၊ အဲဒါမျိုးကို။ မြောက်ကိုရီးယားကို ပို့တဲ့ ပိုက်ဆံ တော် တော် များများက ဂျပန်မှာရှိတဲ့ မြောက်ကိုရီးယားသားတွေက ထောက်တာလေ။ အဲဒီ တိုင်းပြည်ကို။ သင်္ဘောနဲ့လေ၊ အကူးအသန်း အသွားအလာ လုပ်တဲ့လူတွေတို့ နောက်ပိုင်းက ထွက်နေတဲ့ ပိုက်ဆံတွေလည်း ဂျပန်အစိုးရက စိစစ်ပြီးတော့ ကြပ်မတ်သွားမယ်၊ အဲဒါမျိုးတော့ ကြားတယ်။'အခု ဖမ်းဆီးခံခဲ့ရတဲ့ လုပ်ငန်းရှင်ဟာ ဒီစက်အတွက် မြန်မာအစိုးရထံက အမှာစာကို မြောက်ကိုရီးယားနဲ့ ဖက်စပ် ထူထောင်ထားတဲ့ တရုတ်နိုင်ငံကုမ္ပဏီတခုကတဆင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစက်ကို မြန်မာနိုင်ငံ အမှတ် ၂ စက်မှုဝန်ကြီးဌာနကို လိပ်မူပြီး ပေးပို့ခဲ့တယ်လို့ ဆိုပါတယ် ။ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကလည်း အလားတူ ဖြစ်ရပ်မျိုးအတွက် တိုကျိုမြို့က ကုမ္ပဏီိပိုင်ရှင်တဦး အပါအဝင် လူသုံးဦးကို ဂျပန်ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

VOICE OF BURMA ဂျာနယ်(Issue No. 720 July 26, 2009)

VOB720KK

၂၄ဇူလိုင်အန်တီစုသဘောထားဦးကြည်ဝင်းပြောတဲ့ဗွီဒီယို