Tuesday, May 5, 2009

အဝခေတ် ကျောက်စာပါ သမိုင်း အထောက်အထားများ

ပုဂံပျက်သည့် အေဒီ ၁၃ဝဝ မှ အဝပျက်သည့် အေဒီ ၁၇၅၂ အထိ ပိုင်းခြားထားသည့် ကာလအတွင်း တွေ့ရှိရတဲ့ ခေတ်ပြိုင် မှတ်တမ်းတွေ ဖြစ်တဲ့ ကျောက်စာ၊ ကြေးစာ၊ မြေစာ၊ မင်စာ၊ ပေစာ ပုရပိုက်စာတို့ကနေ ထုတ်နှုတ် အကျဉ်းချုပ် တင်ပြထားတဲ့ ဒေါက်တာ သန်းထွန်းရဲ့ "အဝခေတ် ကျောက်စာပါ သမိုင်း အထောက်အထားများ" သုတေသန စာတမ်းကို 'အသစ်မြင် ဗမာသမိုင်း' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီစာတမ်းကို ဆရာကြီး ဒေါက်တာ သန်းထွန်းက ၁၉၆၇ ခု၊ မြန်မာနိုင်ငံ သုတေသန ဆွေးနွေးပွဲမှာ အစအဦး ဖတ်ကြားခဲ့ပြီး၊ တက္ကသိုလ် ပညာပဒေသာ စာစောင် အတွဲ (၂)၊ အပိုင်း (၂)၊ မေ ၁၉၆၇၊ စာမျက်နှာ ၂၄၃ - ၅၆ မှာလည်း ဖော်ပြ ပါရှိခဲ့ပြီး ဖြစ်တယ်။
Photobucket
အဝခေတ် ကျောက်စာပါ သမိုင်း အထောက်အထားများ။ (ပုံမှာ - ပုဂံ ဘုရား ပထိုးတွေမှနေ စုဆောင်း သိမ်းဆည်းထားတဲ့ ကျောက်စာ အမျိုးမျိုးကို တစုတစည်းတည်း တွေ့မြင်ရပုံ)
ပုဂံပျက်သည့် အေဒီ ၁၃ဝဝ မှ အဝပျက်သည့် အေဒီ ၁၇၅၂ အထိ ပိုင်းခြားထားသည့် ကာလအတွင်း တွေ့ရှိရသော ကျောက်စာ၊ ကြေးစာ၊ မြေစာ၊ မင်စာ၊ ပေစာ ပုရပိုက်စာတို့သည် မြန်မာသမိုင်း အတွက် အားကိုးထိုက်ကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ခေတ်ပြိုင် မှတ်တမ်းတို့ကို အားကိုးပြုလျက် ယခင်က (၁) မြန်မာသမိုင်း အေဒီ ၁၃ဝ၁ - ၁၄ဝဝ၊ (၂) မဟာကဿပဂိုဏ်း၊ (၃) သာလွန်မင်းလက်ထက် အုပ်ချုပ်ရေး၊ ဟူ၍ စာတမ်း သုံးစောင် ရေးဖူးပါပြီ။ ဦးတင်လှသော်ကလည်း "မြန်မာသမိုင်း အေဒီ ၁၄ဝဝ - ၁၅ဝဝ" ကို ရေးခဲ့ဖူးပါပြီ။ အထက်ပါ စာတမ်းလေးခုကို ထပ်မံ ဖြည့်စွက် တိုးချဲ့၍ ယခု စာတမ်းကို ရေးပါသည်။ ရေးပြီး စာတမ်း အချို့ ရှိနေသည့်ပြင် အချိန် ကန့်သတ်သည့် အတိုင်း ပြီးပြည့်စုံရန် တတ်နိုင်သမျှ အကျဉ်းချုပ်၍ တင်ပြပါမည်။
နိုင်ငံရေးရာ၏ သဘောမှာ က္ဆွန်ပိုင်၊ အာဏာပိုင် မင်းခေတ် အကြုံးဝင်သည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ဧကရာဇ်၊ ပဒေသရာဇ်၊ စော်ဘွား၊ မြို့စား၊ ရွာစားတို့၏ ခေတ်ဟူ၍လည်း ခေါ်နိုင်ပါသည်။ ထိုခေတ် အခါမျိုးတွင် အုပ်ချုပ်သည့် အကြီးအကဲ၏ စည်းရုံးရေးပေါ်တွင် မူတည်လျက် တိုင်းပြည် ငြိမ်သက်ခြင်း၊ ဆူပူခြင်း၊ သို့မဟုတ် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းကို တွေ့ရမြဲ ဖြစ်ပါသည်။ ဆိုခဲ့ပြီးသည့် အချက်တို့ကို ထင်ရှားစေရန် နိုင်ငံရေး အခြေအနေကို စတင် ဖော်ပြလိုပါသည်။
တိုင်းတပါးမှ ဝင်ရောက် နှောင့်ယှက်သဖြင့် ပုဂံပြည်ကြီး ပျက်စီးရကြောင်းကို အများ အသိပင် ဖြစ်ပါသည်။ ပုဂံ နန်းရိုးတွင် မူလ တလူကြီး အခေါ်ခံသူသည် က႞ိစွာ (ကျော်စွာ) အမည်ဖြင့် ၁၂၈၉ ခု၊ မေလ ၃ဝ၊ တနင်းလာနေ့တွင် မင်းအဖြစ် ခံယူပါသည်။ မင်းအမည် ခံရုံမျှဖြစ်၍ ပုဂံဝန်းကျင်မျှသာ သြဇာရှိသူ ဖြစ်ပါသည်။ တနည်းအားဖြင့် ဆန်ရေစပါး ပေါများသည့် ကျောက်ဆည်ဘက်ရှိ ဆယ့်တခရိုင်ကို လက်လွှတ်၍ မင်းဘူးဘက်ရှိ ခြောက်ခရိုင်မျှသာ အထောက်အကူ ရှိသော မင်းဖြစ်ပါသည်။ ထို့ပြင် မွန်ဂို ဧကရာဇ်၏ အထောက်အကူ သို့မဟုတ် ခန့်အပ် အသိအမှတ် ပြုချက်ဖြင့် မင်းလုပ်သူ ဟုလည်း ဆိုရပါမည်။ ထိုမင်းသည် ၁၂၉၈ ခု၊ နှစ်လယ်လောက်တွင် နန်းကျ၏။ ၁ဝ မေလ ၁၂၉၉ တွင် အသတ်ခံရ၏။ ဤတွင် ခန့်မှန်းရန် အကြောင်းတခု ပေါ်ပါသည်။ ကျောက်ဆည်နယ် မြင်စိုင်းဘက်တွင် အားစုလျက် မင်းလုပ်လိုသူတို့က နိုင်ငံခြားသား ဆန့်ကျင်ရေး သဘောကို ယူကာ စည်းရုံး၍ ပုဂံနန်းကို လုပ်ကြံခြင်း ဖြစ်နိုင်ပါသည်။ နိုင်ငံခြားသား ဆန့်ကျင်ရေးဟု ခေါ်ရသော်လည်း တိုင်းရင်းသား စည်းရုံးရေး ဟူသည့် အဆင့်အထိ မြင့်မားသော အဖွဲ့အစည်းဟု ယူဆနိုင်လောက်အောင် အားကြီးမည့် သဘော ရှိမည် မထင်ပါ။ မြင်စိုင်းဘက်၌ အားစုသူတို့တွင် ခေါင်းဆောင်များကား အသင်္ခယာ၊ ရာဇာ၊ သီဟသူတို့ သုံးယောက်ပင် ဖြစ်သည်။ နိုင်ငံခြား သြဇာကို မထေမဲ့မြင် ပြုခြင်းကား ထိုအခါက နိုင်ငံခြားစစ်ကို ဖိတ်ခေါ်ခြင်းပင် ဖြစ်ကြောင်း သိကြမည်ပင် ဖြစ်ပါသည်။ သို့သော် ဝေးလံသည့် မြောက်အရပ်က ရန်သူ မရောက်လာမီ ကာကွယ်ရေး အတွက် ကောင်းစွာ ပြင်ဆင်ရန် အချိန်ရမည်ဟု မှန်းဆပြီး ဖြစ်သည်ဟု ထင်ရပါသည်။
မွန်ဂို စစ်သည်တို့သည် ၁၅ ဇန်နဝါရီ ၁၃ဝ၁ ခုတွင် မလည်သို့ ရောက်ကြ၏။ စစ်သည် အင်အား ၁၂,ဝဝဝ ခန့် ရှိမည်ဟု မှန်းဆရပါသည်။ မြင်စိုင်းကို ၁၅ ဇန်နဝါရီ ၁၃ဝ၁ ခုတွင် စတင် ဝန်းရံ တိုက်ခိုက်သည်။ မြောက်အရပ် ကုန်းမြင့် သမပိုင်းဇုန်မှ လာသည့် ရန်သူကို မြန်မာနိုင်ငံ အလယ်ပိုင်း၏ ပြင်းထန်သည့် အပူဒဏ်က နှိပ်စက်လိမ့်ဦးမည် ဟူ၍လည်း အမှန်အကန် မှန်းဆထားပြီး ဖြစ်သည်။ ရွှေ ငွေ လက်ဆောင်ဖြင့် သွေးဆောင်နိုင်ရာ၏ ဟူ၍လည်း တွေးတော ထားပေမည်။ ယင်း လက်နက် နှစ်မျိုးစလုံးကြောင့်ပင် ရန်သူတို့ ၆ ဧပြီ ၁၃ဝ၁ တွင် စတင် ဆုတ်ခွာ၍ ပြန်ကြသည်။ နောက်ထပ် လာရောက် တိုက်ခိုက်ခြင်းမှ ရပ်စဲလေအောင် မွန်ဂို ဧကရာဇ်ထံသို့ လက်ဆောင် ပဏ္ဏာဆက်သည့် သံတမန်များကိုလည်း အလီလီ စေလွှတ်ခဲ့ပါသည်။ တိုင်းတပါး တန်ခိုးရှင်ကိုပင် ခယခြင်း သဘောကို ဆောင်လျက် ရှိပါသည်။ ဆိုလိုသည်မှာ မြင်စိုင်း ခေါင်းဆောင်တို့သည် အမျိုးသား စည်းလုံးရေးနှင့် နိုင်ငံခြားသား ဆန့်ကျင်ရေးထက် မိမိတို့ မင်းဖြစ်ရေးကို ပို၍ လိုလားကြောင်း တွေ့ရ၏။ အဆိုပါ ခေါင်းဆောင် သုံးဦးတွင် သီဟသူသည် ၂ဝ အောက်တိုဘာ ၁၃ဝ၉ ခုတွင် မင်းအဖြစ် ဘိသိက်ခံသည်။ ပင်းယကို မြို့တော် အဖြစ် ၁၃၁၂ ခုတွင် တည်ထောင်ပါသည်။ နိုင်ငံခြား စစ်ကြောင့် ပျက်စီးခဲ့ရသော အခြေအနေမှ ပြန်လည် ထူထောင်ရေးသည် လွယ်ကူလှမည် မဟုတ်ပါ။ သို့သော် ၁၄ ရာစုဝက်တွင် တိုင်းကားနိုင်ငံ ပြန်လည် စည်ကားလျက် ရှိပြီဟု ယူဆဖွယ် ရှိပါသည်။ အဘယ့်ကြောင့် ဆိုသော် အထက်က စစ်ကြောင့် လယ်ပျက် ယာပျက်များကို စေ့ငှအောင် ပြန်၍ ထွန်ယက် စိုက်ပျိုးရန် ကြိုးစားကြောင် မှတ်တမ်း တွေ့ပါသည်။ ပြီးမှ အစူအစဉ် အမှတ်အသားများကို လေ့လာလျက် မင်းမြေ၊ သာသနာမြေဟု ခွဲခြားရပေမည်။ ယင်းသို့ ခွဲခြားရန် ရှေးမှတ်တမ်း ဖြစ်သော ကျောက်စာတို့ကို စုဆောင်း လေ့လာရပါသည်။ ကျောက်စာများ စတင် စုဆောင်းသည့် ရက်စွဲမှာ ၁၂ မတ်လ ၁၃၅၉ ခုဟု သိရပါသည် (ဓာတ်ပုံ ၅၂၁ ၁)။ စာရင်းဇယား ကောက်ယူခြင်းကို ပြည်ရွာ တိုးတက် စည်ပင် သာယာခြင်း၏ သဘောတရပ် ဖြစ်သည်ဟု ယူဆလိုပါသည်။
ပြည်ပရန်၏ ဒဏ်ရာ ဒဏ်ချက်များမှ လွတ်မြောက်ချိန်မှာပင် ပြည်တွင်းရန်များ ပေါ်လာရ၏။ မြောက်ဘက်တလွှားတွင် သျှံတို့ ဆူပူလျက် နိုင်ငံ အလယ်ပိုင်းသို့ ပေါက်ရောက်အောင် ချီတက် တိုက်ခိုက် နှောင့်ယှက်ခြင်းကား အဆိုပါ ၁၃၅၉ ခုမှပင် စပါသည်။ ထိုအရေးမှာ ၁၃၆၂ ခုတွင် ပို၍ ကြီးမားလာပါသည်။ စကိုင်းတွင် တမင်း၊ ပင်းယတွင် တမင်း ဟူ၍ ကွဲပြားပြီး အပြိုင်အဆိုင် ဖြစ်နေသဖြင့်လည်း ဆူပူသူတို့ အတွက် ပို၍ အခွင့်သာသည်ဟု ဆိုရပါမည်။ အေဒီ ၁၃၆၄ ခုတွင် စကိုင်းပျက်၏။ မရှေးမနှောင်းတွင် ပင်းယ ပျက်ပါသည်။
ယင်းသို့ ပျက်စီးရာမှ ပြန်လည် စည်းရုံးပေးနိုင်သူမှာ သတိုဝ်မင်ဖျာ ဖြစ်၏။ ၁၃၆၄ ခုမှ စ၍ သုံးနှစ် အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း၌ ပြန်၍ အုပ်စီးနိုင်ကြောင်း တွေ့ရပါသည်။ ၁၃၆၅ ခု၊ မှတ်တမ်း တခုတွင် -
သကရစ် ၇၂၇ ခု၊ သရဝန်နှစ် နွဲတာလ္ဆုတ် ၅ ရျက် ၃ နေအာ၊ ရတ္တနာသုံပါကိုဝ် ရိုဝ်သေစွာထသော သာသနာကိုဝ် အလွန် ခီပင်စွာထသော၊ သတိုဝ်မင်ကြိသည် အကြိယ် စကုကိုဝ် ထိုအံ့ဟု စုန်တ် မူသော (စာရင်း ၆၃၂ ၁-၅)
ဟု တွေ့ရှိရ၏။ ထိုစစ်ပြီးဆုံး၍ အပြန်တွင် နောက်မှတ်တမ်း တခုအရ -
သတိုဝ်မင်ကြီ စကုထိုဝ် ခေ႞ ရုယ် ပ႞န် တဝ် မူလစ်သော အခါ ကုခန် အရပ်နှိုက် တယ်တဝ်မူသော အခါနှိုက် နွာတခု ဝက်တခု ကြက်ပေါင် ၅ ခု သေအက္လောက် တဆယ် (စာရင်း ၆၃ဝ-က ၁၈-၂၁)
စားသောက်သည်ဟု တွေ့ရ၏။ သဘောမှာ သတိုမင်ဖျာသည် စစ်သည်တို့နှင့် လှည့်လည်၍ နိုင်ငံကို တိုက်ခိုက် သိမ်းသွင်းခဲ့သည်။ ထိုမင်းနှင့် ထိုမင်းကို ဆက်ခံသော မင်းတို့၏ ကြိုးစားချက်ဖြင့် ရှစ်နှစ်မျှ အတွင်း အခြေအနေ များစွာကောင်း၍ သွားသည်ဟု သိရ၏။ အဘယ့်ကြောင့် ဆိုသော် ၁၃၇၃ ခုတွင် အကြေအညာမှ ကျမ်းတတ်အကျော် ရဟန်း သာမဏေတို့ကို ပင့်ဖိတ်၍ စာပွဲသဘင်များ ကျင်းပသည်။ (စာရင်း ၆၉၈-က ၂၄-၆) ဟု သိရပါသည်။ ၇ ဖေဖော်ဝါရီ ၁၃၇၅ ခု၊ မှတ်တမ်းတွင် -
ရှေသောထက် ဆထက်အမွန် သာသနာတောက်ပစေလျက် ဒါန သီလ နေ့ည မကွင် အလျင်ခေါင်ရုယ် ရဟန်ပုံနာ မိမ ယောက်ျာ သူမျာတိုဝ်၏ အစိအဖွာ ချံသာကို ရှာပေတက်စွာထသော မြန်မာပြည်အလုံ ကုန်အောင်စုံကိုဝ် အစိုဝ်ရသည် ဖစ်ရုယ် တဝတိန်သာနတ်၏ ပြည်နှင် တူလှကျည်ထသော၊ အဝပြည် (စာရင်း ၆၈၂ ၁-၁ဝ)
ဟု တွေ့ရပါသည်။
အဝသည် ၁၄ ရာစု၏ နောက်ပိုင်း နှစ်အစိတ်တွင် စည်ကား၍ လာသကဲ့သို့ပင် ဆူပူ သောင်းကျန်းသည့် အခါကာလ အတွင်းက လူရဟန်းတို့ ပြေးသွား ခိုအောင်းရသည့် တောင်ငူ (စာရင်း ၆၈၆ ၈-၁ဝ) မှာလည်း ကြီးကျယ် စည်ကားလာကြောင်း တွေ့ရပါသည်။ တောင်ငူသည် နောင်အခါ ၁၆ ရာစုဦးတွင် အဝနှင့် တုပြိုင်မည့် အခြေခံကို ရခဲ့သည်ဟု ဆိုနိုင်ပါသည်။ ပြည်ရွာ ပြန်လည် စည်ကားလာခြင်း၌ ရဟန်းတို့၏ အကူအညီ ပါဝင်ကြောင်း အထင်အရှား တွေ့ရသည်။ ရဟန်း အကြီးအကဲများပင် ကျေးရွာ အလိုက် ငြိမ်ဝပ်ရေး၊ ကာကွယ်ရေး၊ လယ်ယာ ပြန်လည် စိုက်ပျိုးရေးတွင် ခေါင်းဆောင်သည်။ ထိုပုဂ္ဂိုလ်မျိုးကို သင်္ဃရာဇာ (စာရင်း ၈၉၁ ၉ စသည်) ဟု ခေါ်ပါသည်။ ပိတုသင်္ဃရာဇာ (စာရင်း ၈၉၁ ၁၁) ကဲ့သို့သော ပုဂ္ဂိုလ်မှာ ကနက္ကဒဏ် ထီးဖြူကိုပင် အဆောင်အရွက် အဖြစ် သုံးစွဲကြောင်း သိရပါသည်။ သင်္ဃရာဇာ ၏ အဓိပ္ပါယ်မှာ ရဟန်းမင်း ဖြစ်၍ အကယ်ပင် မင်းစည်းစိမ်တမျှ ခံစားခွင့်ရသူ။ သို့မဟုတ် ခံစားသူများ ဖြစ်ဟန် တူပါသည်။ ထို ရဟန်းမင်းတို့သည် ၁၆ရာစုသို့ ရောက်သည့် အခါတွင်မှ တန်ခိုး မှေးမှိန်သွားကြောင်း သိရပါသည်။
မြန်မာနိုင်ငံသည် ၁၅ ရာစုသို့ ဝင်သော အခါ များစွာ စည်းလုံး တိုးတက်လာပြီဟု သိရ၏။ ယခင်ကထက် မြေဧရိယာလည်း ကျယ်ပြန့်၍ လာပါသည်။ ၂၅ နိုဝင်ဘာ ၁၄ဝဝ ပြည့် မှတ်တမ်းတွင် -
မြမ္မာပြည်အလုံမ် တနု ပေါင်လောင် အမြီယောက်ကိုလွန်ရုယ် ခံတီခုန်ကျိုဝ်ခြာ နဂါဝတ်စာမဟိ စသော လူကိုဝ်သတ်ရုယ် နတ်လျှင်မူသည် တိမ္မာသလမည် ဒိထိ ပြည်တိုင်အောင်၊ တကုန်တလ စသော ဘင်ဂတိုင်အောင် (ရန်အောင်မြင် မျက်နှာ ၇ - ၉)
ကျယ်ပြန့်သည်ဟု တွေ့ရ၏။ အဆိုပါ နယ်မြေကား ရှေးမှတ်သားချက် အရ မြန်မာပြည်၊ တန်လိုင်ပြည် (ထူပါရုံကျောက် ၁၅ ၁-၃) သျှံပြည်တို့ ပါဝင်သည့် သုံးပြည်နယ် အဝန်းအဝိုင်း ဖြစ်ပါသည်။ ထိုမှတဖန် ၁၄ဝ၇ ခုတွင် ရခိုင်ပြည်ကို ရပြန်သည်။ (ထူပါရုံကျောက် ၁၄ ၂ဝ)။ သာမည အားဖြင့် အဝနိုင်ငံ အဝန်းအဝိုင်းတွင် အောက်မြန်မာနိုင်ငံကိုပါ ထည့်သွင်း ထားသော်လည်း ပုဂံပျက်ချိန်မှ စ၍ အောက်ပိုင်းနိုင်ငံတွင် တပြည်တမင်း ဖွဲ့စည်းလျက် ဟံသာဝတီ နိုင်ငံဟု ရှိနေပါသည်။ အဝ ဟံသာဝတီ ရန်စစ်မှာ ၁၃၈၆ (မှန်နန်း၊ ပ၊ ၄၅၉) ကပင် စတင်ခဲ့၏။ ထိုပဒေသရာဇ် အချင်းချင်း အားပြိုင်သည့် စစ်မှာ ၃၆ နှင့် (၁၃၈၆-၁၄၂၂) ကြာသည်။ ထိုစစ်များ ဖြစ်ပြီးနောက် ၂ဝ မေ ၁၄၂၆ (စာရင်း ၉၃၄-က ၁ဝ-၁၁) တွင် မင်းဖြစ်သည့် မိုဝ်ညင်သတိုဝ်သည် ပြန်လည် ထူထောင်ရေး အပါအဝင် လယ်ယာ ပြန်လည် ထွန်းကားအောင် များစွာ အားထုတ်ရသည်ဟု သိရပါသည်။ မှတ်တမ်းတခု၌ -
သတိုဝ်မင်ကြီသည်၊ ပြည်ထဲ၏ စိဖွာအလိုဝ်ငှါ တဝ်စိမ်ဟိရာ ထွန်တဝ်မူ (စာရင်း ၁၉၁ ၁၅-၁၆)
ကြောင်းတွေ့ရပါသည်။ မည်မျှ ကြိုးစားသည် ဖြစ်စေ အနှစ်လေးဆယ်မျှ တိုက်ခဲ့သည့် စစ်ဒဏ်ကို အထက်မြန်မာနိုင်ငံရော အောက်မြန်မာနိုင်ငံပါ ခံကြရမည်သာ ဖြစ်ပါသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မင်းတို့သည် မြောက်ဘက်ဖျားကို သိမ်းသွင်းရန် ၁၅ ရာစုဝက်တွင် ကြိုးစားကြောင်း တွေ့ရ၏။ ၁၆ မတ်လ ၁၄၄၂ ခုတွင် -
ကလေမေည်သော မိုဝ်ခုတ် ပြေည်ကို ရတော်မူ၏။ (စာရင်း ၉၃၄-က ၂၂)
ထို့ပြင် ဆက်၍ ၁၈ မတ်လ ၁၄၄၂ တွင် -
ကိုဝ်သိန်အသျှင် သိုဝ်ခင်ဖွာ၏ မြေရင်ဖြစ်သော မိုဟောဝ်၊ ဟိုင်ညင် သမုတ္တရာနာ ကုလာတိမသာ ခြေချင်ဝတ်၊ မိုင်ကာလေ၊ ကသည်၊ ကချင်၊ မိုင်တိန်၊ မိုင်ပြင်၊ မိုင်တီ၊ မိုင်နာ၊ မိုင်မျည်၊ ခြအိုင်၊ မိုင်ညိုဝ်၊ မိုင်လိုဝ်၊ မိုင်သော်၊ မိုင်ယာ၊ မိုင်ခြိုင်၊ မိုင်ခုန်၊ မိုင်ယိုဝ်၊ မိုင်တုန်၊ မိုင်ခြေည်၊ မိုင်မေည် ဟူသောထိ နှစ်ဆယ်တာင်ကို အစိုဝ်ရသော မောမင်ကြီသိုဝ်ငံဖွာကို ရတော်မူ၏ (စာရင်း ၉၃၄-က ၂၂-၅)
ဟု မှတ်တမ်းတခုတွင် တွေ့ရပါသည်။ စင်စစ်အားဖြင့် မြန်မာ တရုပ် နယ်စပ်တွင် ရှိသော သျှံတို့သည် တဖက်မှ -
တရုပ်စစ်သည်ကို အကြီမူသော စစ်သူကြီ ဆင်သွေ (စာရင်း ၉၄၉ ၂၆-၉)
ခေါ် ဝန်ကျိ (Wang Chi) အန္ဈရာယ်ကြောင့် မြန်မာတို့ထံ ဝင်၍ လက်အောက်ခံ မဟာမိတ် ပြုလာခြင်း ဖြစ်သည်။
စင်စစ် သျှံတို့သည် -
မညီမညွတ် ကြေညက်အောင် စစ်ကြီး ဖြစ်ကြ၍ (စာရင်း ၉၆၃-က ၂၆)
၁၄၅၆ တွင် အဝမင်း၏ လွှမ်းမိုးခြင်းကို ခံရပါသည်။ ထို ၁၄၅၆ ခုနှစ် မှတ်တမ်းတွင် မင်းတို့ စစ်ခင်းသည်ကို အညောင်တ် ဖြေသည် (စာရင်း ၉၆၃-က ၈-၁၁) ဟူ၍ လည်းကောင်း၊ အနိုင်ရလျှင် လက်နက်တ်ဖ႞စ်သည် (စာရင်း ၉၆၃-က ၁ဝ) ဟူ၍ လည်းကောင်း သုံးစွဲသည်ကို တွေ့ရ၏။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ထို ၁၅ ရာစုဝက်က စည်းရုံးမှု အင်အား လွန်စွာ ကောင်းချိန် ဖြစ်လာပါသည်။ စစ်ချီ စစ်တက် လွယ်ကူစေရန် -
ဧရာဝတီမည်သော မြစ်ကို စစ်အင်လေပါသွာလောက်အောင် တန်ဓါကြီဖွဲ (စာရင်း ၉၆၃-ခ ၄၆)
သည်ဟု သိရသည်။ ယခင်က စစ်ပြိုင်ဘက် ဟံသာဝတီ အပေါ်တွင်လည်း သြဇာ လွှမ်းမိုး နိုင်ခဲ့သည်ကို -
ပဲကူသိုဝ် ပညာကျန်တောကို နန်တင်လေစေ၏ (စာရင်း ၉၆၃-က ၁ဝ-၁၁)
ဟု မှတ်တမ်းတင်ခဲ့ကြောင်း တွေ့ရသည်။
ဆိုခဲ့ပြီးသည့် အတိုင်း အားကြီး အားသာသည့် ခေတ်အခါတွင်း၌ မင်းတို့သည် ပေါ့ပေါ့တန်တန် မနေမူ၍ မင်းကျင့်တရား ဆယ်ပါးကို စောင့်ထိန်း ခဲ့ကြသည်ဟု မှတ်တမ်း (စာရင်း ၉၆၃-က ၇) တင်ခဲ့သည်ကိုလည်း တွေ့ရပါသည်။ မင်းကျင့်တရား ဆယ်ပါးတွင် အချုပ်အားဖြင့် -
၁။ အလှူပေးခြင်း၊
၂။ သီလစောင့်ခြင်း၊
၃။ ပေးကမ်း ချီးမြှင့်ခြင်း၊
၎။ သိမ်မွေ့ခြင်း၊
၅။ ခြိုးခြံခြင်း၊
၆။ အမျက်မထွက်ခြင်း၊
၇။ သည်းခံခြင်း၊
၈။ ဖြောင့်မှန်ခြင်း၊
၉။ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း၊
၁ဝ။ ပြည်သူကို အခွန်အတုတ်ဖြင့် မညှဉ်းဆဲခြင်း၊
တို့ပင် ဖြစ်ပါသည်။ သဘောအားဖြင့် သက်ဦးဆံပိုင်မင်း ဟူ၍၊ အလိုရှိရာ ဖောက်လွဲ ဖောက်ပြန် မပြုခြင်း၊ သို့မဟုတ် မပြုဝံ့ခြင်းပင် ဖြစ်ပါသည်။
အခွန်နှင့် ပတ်သက်၍ ၁၄၅၈ ခု ကျောက်စာ တခုတွင်
ဓန်တဆဲသော အခွန်ကာ တက္လပ်၊ အစာကာ တမူ …… ဆာတဖိုဝ်သော အခွန်ကာ ငါက္လက်၊ အစကာ ခွဲသာဆဲမူစင် နှင့် ရွက်နီဖ0ဖြစ်စေသတည်။ လဲတပဲသော ……အခွန်ကာ ခုနစ်တင် အစာကာ ငါစိတ် (စာရင်း ၉၇ဝ-က ၈-၉)
ဟု တွေ့ရ၏။ ၁၄၁၈ ခု၊ မှတ်တမ်း တခုတွင်ကား အောက်ပါအတိုင်း အခွန်စာရင်းကို တွေ့ရသည်။
လှည်ခွန် ယည်ခွန် ကန်နာခွန် ခိန်ခွင်ခွန်၊ ဖျင်ခွန်၊ ဓါန်ဆီ၊ ဆိတ်အကွံကို ခိုင်စစ်တောင်စည် တည်ခွန်၊ က္ဆွန်တည် က္ဆွယ်တည် နွာတည်အိုဝ်ကောက်နှစ်လုမ် ဝါတစီ နှစ်လုံမ်ကောက် အရေအနံ အကောက်အစာ (စာရင်း ၉၉၅ ၁၂ - ၁၄ (စာရင်း ၈၅၃ ၂၄-၆ ကိုလည်းကြည့်)။)
ဟူ၍ ဖြစ်ပါသည်။ အိုးတလှည်းတွင် နှစ်လုံးကောက်၍ ဝါးတစီးတွင် နှစ်လုံးကောက်သည်ဟု ဖော်ပြသည်မှ အပ ကျန်အကောက်အစား တို့ကိုကား ခွဲခြား၍ မပြပါ။
မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်သည် ဟူသော အဖြစ်မျိုး မရှိရလေအောင် သတိမူသည်ကို အောက်ပါအတိုင်း တွေ့ရပါသည်။
မြေတိုင် သဘောကာ ပယ်လယ်ကိုဝ် သောလည်ခွဲလယ်ဟုရုယ် ဆိုဘိမည်၊ ခွဲလယ်ကိုဝ်သောလည် စိတ်လယ်သာဟုရုယ် ဆိုဘိမည်၊ ဓိုဝ်ကြောင် ငါမြေတိုင် လေယောက် ကိုဝ်ပယ်ရုယ်(စာရင်း ၉၉၅ -က ၇-၉) ဟု တွေ့ရ၏။
ယခု ဖော်ပြလျက် ရှိသော ၁၅ ရာစု၏ နောက်ပိုင်း တဝက် အချိန်တွင် ပြည်ရွာ စည်ပင်သဖြင့် စစ်ဘေး စစ်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားပုထိုဝ် စေတီ ကျောင်းကန်တို့ကို ပြုပြင်ကြ၏။ ကျောက်စာ တခု၌ -
စာတီများကို ပဲသည်ကိုဆက် (စာရင်း ၈၄ဝ-က ၁ဝ)
ဟု တွေ့ရ၏။
ဓီအထွတ် စသည် လည်တင်တီမူ၏ (စာရင်း ၁ဝဝ၁ ၁၆)
ဟု ၁၄၂၈ ခု၊ ကျောက်စာတွင် တွေ့ရ၏။ ဤတွင် စကား အလျဉ်းသင့်၍ ဖော်ပြ လိုသည်မှာ ဘုရားတွင် ထီးတင်ခြင်းမှာ ထိုအခါမှ စသည်ဟု ထင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ပုဂံခေတ် ကျောက်စာတို့၌ ထီးဆောက်၏ ဟူ၍သာ တွေ့ဖူးပါသည်။ ထီးတင်သည်ဟု မတွေ့ရပါ။ ကူနံရံများ ညစ်ပေနေသည်ကို သန့်ရှင်းစေလို သဖြင့် ၁၄၈၄ ခု၊ မင်စာတခုတွင် -
အလုံးစုံလျှင် အဖြူအတီလည်းဖွင့်၏… ခိရားသီးနှင့် တကွသော ရွှေဓီးငါးဆင် လည်းတင်၏…အဓက်ဝင်းကျင်လျှင် အလွန်သာယာစွာသော ရွှေဆည်လည်း အတိလည်း ဆွဲ၏… ဆေးဝါး ပြောင်ပြောင်ရေး၏ (စာရင်း ၁ဝဝ၅ ၆၊ ၉၊၁၆)
ဟု တွေ့ရပါသည်။ ထုံးပွတ်၍ အပြောက်အမွှမ်း ထပ်ကာ ချယ်လှယ်သဖြင့် ရှေးလက်ရာများ ပျောက်ပျက် ကုန်ပါတော့သည်။ စစ်ဘေး စစ်ဒဏ် အပြင် ရေကြီးခြင်း၊ ငလျင် ပြင်းစွာ လှုပ်ခြင်း တို့ကြောင့် ပျက်စီးသည်ကိုလည်း ပြုပြင်ကြောင်း မှတ်တမ်းများ ရှိပါသည်။ အေဒီ ၁၃၃၁ ခုတွင် ရေအလွန်ကြီး သဖြင့် ကျောင်းဘုရား ရေမျော ပျက်စီးသည်ကို -
သကရစ် ၆၉၃ ခု အာသိနှစ်နှိုက် ရိယ်ရူမေ႞ာက်ရုယ် ကူက္လောင်လေ ပြို၏။ ပုထိုဝ်ဖုရှာလေ မ႞ျဝ် (စာရင်း ၆ဝ၈-ခ ၁)
ဟူ၍ လည်းကောင်း၊ အေဒီ ၁၃၇၂ တွင် ငလျင်ကြီး လှုပ်၍ ပျက်စီးရသည်ကို -
သကရစ် ၇၃၄ ခုပ႞သိုဝ်လ္စန် ၄ ရက် ကြာသပတေနေ ငလျင်ကြိလုပ်၏
(ဓာတ်ပုံ ၄၈၇ ၁၉-၂ဝ)
ဟူ၍ လည်းကောင်း၊ ၁၄ ရာစု အတွင်းက ကြုံကြိုက်ရပုံကို တွေ့ရပြီးနောက် ၁၅ ရာစု အတွင်း၌လည်း အေဒီ ၁၄၂၆ တွင် -
ငလျင်ကြီးလည်း သိံ သိံ လုပ်၍ တံတိုင်းမိတာ များစွာ ပြို၏ (စာရင်း ၁ဝ-၁၄-က ၁၉)
ဟူ၍ လည်းကောင်း၊ အေဒီ ၁၄၈၅ ခုတွင် -
သက္ကရာဇ် ၈၄၇ ခု ဝါခေါင်လ္စန် သုံမ်ရက် ကြာသပတေနေ မိုဝ်သောက်ထနှိုက် သည်စွာသော မြေကြီး ငလျင် လုပ်သအာဖြင့် ဖုရာသိခင်လည်း ပန်တင်သိုဝ် တိုင်အောင်လျှင် အစိတ်စိတ် ပြိုကွဲဘိ၏ (စာရင်း ၁ဝ၁၄-ခ ၁ဝ-၁၁)
ဟု တွေ့ရပါသည်။ ၁၆ ရာစု၏ အပျက်အစီးကိုကား အေဒီ ၁၅၅၈ ခုထိုးသည့် ကျောက်စာတွင် -
ပုဂံ ပင်ယ စကိုင် စသော အဝ မင်နေပြည်တော်နှိုက် မစ္ဆာ _ _ တိုဝ် ဖျက်ဆီးလေသော စေတီ ပုဓိုဝ် ပိဋကတ် အပေါင် (စာရင်း ၁ဝ၇၃-ခ ၈)ကို ပြင်ရ၏ဟု ပါရှိသည်။
ထက် ဖော်ပြပါတို့တွင် နောက်ဆုံး ပျက်စီးပုံ အမှတ်အသား အရ အဝသည် ၁၆ ရာစု အစတွင် အခြေယိမ်းယိုင်၌ ပထမ နှစ်အစိတ်ကျော်လျှင် 'ဂငယ်သုံးခု ဥသျှစ်ထု' ဟူသော ခေတ်အခါသို့ ရောက်ခဲ့ရကြောင်း သိသာပါသည်။ အဝ ယိမ်းယိုင်လျှင် တောင်ငူ ကြီးကျယ်လာသည်ကို တွေ့ရ၏။ မင်းတရား ရွှေထီးနှင့် ဟံသာဝတီ ဆင်ဖြူရှင်တို့က ဟံသာဝတီသို့ ပြောင်းရွှေ့လျက် အခြေပြုကာ နိုင်ငံ စည်ပင်၍ လာရပြန်သည်။ ထိုအခါ နိုင်ငံ အကျယ်အဝန်းမှာ အေဒီ ၁၅၉၃ ခု၊ ရေးထိုးသည် ကျောက်စာအရ သိနိုင်ပါသည်။
မဟာနဂတိုင် ခေမဝရတိုင်၊ ဇင်ရုံတိုင်၊ တမလိတ္တိတိုင်၊ အယုဒယတိုင်၊ သုနာပရံတိုင်၊ တမ္ပဒီပတိုင်၊ ကမ္ဗေဇတိုင်၊ ကလေ၊ ကသည်၊ မိုဝ်ညင်၊ မိုဝ်ကောင်၊ မိုဝ်စင်၊ ခံတီ၊ မိုဝန်၊ ခွေလုံ၊ မိုဝ်နာ၊ စန္ဒာ၊ မိုဝ်ပေည်၊ မိုဝ်တီ၊ မိုဝ်ခွန်၊ ဗန်မော်၊ မိုဝ်မိတ်၊ သီပေါ၊ သေည်ဝီ၊ မိုဝိနယ်၊ ညောင်ရွှေ၊ ပတ်ကျိုဝ်၊ … စိန်တိုင်၊ ဤသိုဝ် များလှစွာသော တိုင်အရံယှိသော ရာမညတိုင် ဟံသာဝတီပြည် (စာရင်း ၁ဝ၈၇-က ၄-၇)
ဟူ၍ တွေ့ရပါသည်။ ထိုမျှ ကြီးပွားလင့်ကစား ၁၆ ရာစုကုန်တွင် ပျက်စီးရ ပြန်ပါသည်။ ဟံသာဝတီ ပျက်ပြီးမှ ရတနာပူ အဝမြို့က ပြန်လည် ထွန်းတောက်ခွင့် ရပြန်၏။ ထိုအခါ အဝ ဟူသော အမည်မှ ရွှေဝ (မင်းသုံးပါး {ညောင်ရမ်းမင်း၊ အနောက်ဖက်လွန်မင်းနှင့် သာလွန်မင်းတို့ လက်ထက် အမိန့်တော်တို့ကို စုပေါင်းထားသည့် မင်းသုံးပါး အမိန့်တော် (၉၆၇-၁ဝ၁ဝ-ပြည့်)။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ပေမူအမှတ် ၄၅၂၃၅။} (၉၆ဝ ပြည့်) ၃၃၃) ဟု အမည် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။ ထိုရွှေဝ၏ ပိုင်နက်မှာ -
အရှေ့ကိုလားသော် သံတံတား၊ အနောက်ကိုလားသော် ပင်လယ်နား၊ တောင်ကိုလားသော် ယိုးဒယား၊ မြောက်ကိုလားသော် ရေပေါ်မီး ငါ့နားကြီး အက္ကပတ် ကသည်းတို့ နေရာ (ဇမ္ဗူ {ဇမ္ဗူဒီပ ဥဆောင်းကျမ်း ၊ မြန်မာနိုင်ငံ သုတေသန အသင်းက ၁၉၆ဝ ပြည့်နှစ်တွင် ပုံနှိပ်။} (၉၉၉ ခု) ၆၃)
အထိ ပိုင်းခြား သတ်မှတ်သည်။ အေဒီ ၁၆၅ဝ ပြည့်တွင် ရေးထိုးသည့် ကျောက်စာအရ ဆိုပါလျှင် -
စကု စလင် လယ်ကိုင် ဖောင်လင် ကလေ သောင်သွပ် အစဟိသဝ် ပြီကြီတိုဝ်၏ တဉ်ရာ သုနာပရန္ဈတိုင်၊ ပုဂံ အဝ ပင်ရ မြင်စိုင် အစဟိသဝ် ပြီကြီတိုဝ်၏ တဉ်ရာ တမ္ပဒီပတိုင်၊ သီဗေါ ညောင်ရွှေ၊ မိုဝ်နဲ့ အစဟိသဝ် ပြဉ်ကြီတိုဝ်၏ တဉ်ရာ ကမ္ပောဇတိုင်ဝ်၊ ဗမ ခွေလုံမ်စန္ဈာ အစဟိသဝ် ပြဉ်ကြီတိုဝ်၏ တဉ်ရာ ဇိန်တိုင်၊ သရေခေတ္တရာ ဥဒေတရစ် ပန်ထောင် အစဟိသဝ် ပြဉ်ကြီတိုဝ်၏ တဉ်ရာ သီရိ ခေတ္တရာမတိုင်၊ ကေတုမတီ ဇေယဝတီ အစဟိသဝ် ပြဉ်ကြီတိုဝ်၏ တဉ်ရာ ဇေယဝဎုနတိုင်၊ ဟံသာဝတီ ဒီဂုံမ် ဒလ ကုသိမ် ရောင် မြမုတ္တိမ အစဟိသဝ် ပြဉ်ကြီတိုဝ်၏ တဉ်ရာ ရာမညတိုင်၊ ကျိုင်တုံမ် အစဟိသဝ် ပြဉ်ကြီတိုဝ်၏ တဉ်ရာ ခေမာဝရတိုင်၊ ဇင်မယ် ကျိုင်သဉ် အစဟိသဝ် ပြဉ်ကြီတိုဝ်၏ တဉ်ရာ ဟရိပုဉ္စတိုင်၊ ကျိုင်ရုံမ် မိုင်စဉ် အစဟိသဝ် ပြဉ်ကြီတိုဝ်၏ တဉ်ရာ မဟာနဂရတိုင် (စာရင်း ၁၁ဝ၅-၆၉-၇ဝ)တို့ကို အုပ်စိုးရသည်ဟု ဆိုလိုပါသည်။ ထိုမျှ ကျယ်ပြန့် သဖြင့်လည်း မှတ်တမ်း ကမ္ပည်း ရေးထိုးရသည့် အခါများတွင် မြန်မာဘာသာ၊ မွန်ဘာသာ၊ ယွန်ဘာသာ (စာရင်း ၁၁ဝ၅၊ ၄၇) တို့ဖြင့် ရေးထိုးရသည်ဟု သိရပါသည်။
ထိုနိုင်ငံကြီးကို စီမံကွပ်ကဲရန် အရည်အခြင်း ရှိသည့် မှူးကောင်း မတ်ကောင်းတို့ ရှိရပါမည်၊ ရှိလည်း ရှိပါသည်။
ဆင်မြင်စိနှင့် ကျင်လျင်လေ့က္ဆွမ် ရဲစွမ်သတ္တိ ဟိကုန်ထသဝ် ပြီရေရွာမှု ကြဥ့်ရှုမြင်နိုင် သုံမ်ဆိုင်စစ်ဆင်ွ့ကင်မယ့် ကျင်သေ အမတ်စစ်သူကြီ ဓမ္မသတ်က္ဆွမ်လေ့ သိမ်မွေ့နှုတ်ရဉ် ကွေ့လည်ဆန်ပြး စကးသိတတ် ရာဇဝတ်ရေ ရ တွေမြင်နိုင် ကျောက်စာတိုင်သိုဝ် ကျန်ခိုင်တဥ့်မတ် တရးဆိုန်ဖြတ်တတ်သဝ် အမတ်၊ မာတနှုတ်လက် ခိုဝ်ဝှက် လဥ့်ဖျးံလျှပ် စာစးကိုဝ် တရးကျင့်းရိုဝ်အလိုက် စီစစ်သဝ်ပြီ စိုဝ်မြိုင်ကွပ်ဆ ကြပ်ထောင် ပိုင်သင်ခိုင်မှူကြီ ကျေသီးမြိုဝ့်စး အစဟိသဝ် အထောင်မကသဝ် အမတြာအးတဉ် ဟူသဝ်အမစ္စဗလ (စာရင်း ၁၁ဝ၅ ၇၃-၇၅)
ဟူ၍ ဖော်ပြထားသည်ကို တွေ့ရ၏။
ဝန်ဟူသော ရာထူး အမည်ကို အေဒီ ၁၃၈၆ ကပင် စတင် သုံးစွဲလျက်ရှိကြောင်း တွေ့ရပါသည် (စာရင်း ၇၂၉ ၁၇-၄၇)၊ (စာရင်း ၁၁ဝ၅ ၅ဝ) ထိုအမှုထမ်းတို့၏ အကြီးအအုပ် ဖြစ်သော မင်း၏ အရည်အခြင်းကိုလည်း အသေးစိတ် ဖော်ပြပါသည်။ ဤတွင် နိုင်ငံ အုပ်ချုပ်ရေး၌ မြန်မာတို့၏ အကြိုက် ဖြစ်သော နည်းစနစ်သည် ယခု ဖော်ပြမည့် မင်း၏ အင်္ဂါရပ်တွင် ပါရှိသဖြင့် ရှေးမင်းတို့၏ အုပ်ချုပ်ပုံကို ကောင်းစွာ သဘောပေါက် နားလည်နိုင်ပါသည်။
မင်း၏ အင်္ဂါရပ်တို့ကို ဖော်ပြရာ၌ -
တပးသဝ် အင်္ဂါဟိသဝ်စာ မရိသးမြတ်ကယ့် သိုဝ်၊ မင်ကျင့်တရး တဉ်ဟုသဝ် စာရိတ္တသီလ၊ ပဉ္စသီ အဌဒသီတဉ်ဟု သဝ်ဝါ ရိတ္တ သီလကိုဝ် နီုဝ်ခြင် တည်ဟူသဝ်၊ တပးသော အင်္ဂါနှင့် ပြည့်စုံမ်ဘ်မူထင်သဝ်၊ ၊နှစ်ပးဉ်ဝ် အင်္ဂါဟိသဝ် တရိုင်တိုင် ကယ့်သိုဝ့်၊ နက်နဲ့ခိုင်ခံမ့်သဝ်အဖြစ် ခဝ်သိမ် သဝ်သူတိုင့်သဉ် မလှုပ်ယှးနိုင်သဝ် အဖြစ်တဉ်ဟူသဝ်၊ နှစ်ပးသဝ် အင်္ဂါတိုဝ့်နှင့် ပြည့်စုံမ်တမုထသဝ်၊ ၊သုံမ်ပးသဝ် အင်္ဂါဟိသဝ်၊ ပတ္တမြးကယ့်သိုဝ့်၊ အမျိုးဝ်တ အကျင့်တတိုဝ့်၏ စင်ကြယ်သဝ်အဖြစ်၊ မကောင်မှုတိုဝ်ဖြင့် မလိမ်ကြံသဝ်အဖြစ်၊ မြတ်သဝ်သူတိုဝ့်နှင့် နှီနှောသဝ်အဖြစ်တဉ် ဟူသဝ် သုံမ်ပးသဝ်အင်္ဂါတိုဝ်နှင့် ပြဉ့်စုံမ်တမူထသဝ်၊ ၊လေပးသဝ် အင်္ဂါဟိသဝ် စကြာမင်ကယ့်သိုဝ့်၊ ခပ်သိမ်သဝ် သူတိုဝ့်ကိုယ် လေပးသဝ် သင်္ဂဟဝတ္ထုဖြင့် ချီပင့်ခြင်၊ မုတိမ်ကဏ္ဍာတိုဝ့်ကိုဝ် မဟိုစေခြင်၊ တိုဝ်ကး နိုင်ငံတိုဝ့်ကိုဝ် နေ့တိုင့်မပြတ် ဆုံမစီရင်တမူခြင်၊ အတွင်အပ်နှိုက် အစောင့်အရှောက် ထးခြင်တဉ်ဟူသဝ်၊ လေပး သဝ်အင်္ဂါတိုဝ့်နှင့် ပြည့်စုံမ်တမူထသဝ်၊ အင်္ဂါငးပးသဝ်၊ ဟိသဝ်မိုင်ကဲသိုဝ့်၊ အတွင်အပနှိုက်ဖြစ်သဝ် ရန်မြူုကိုဝ်တရးနှင့်ဉီ စွာ နှိပ်နင်ခြင်၊ ပူပန်စေတတ်သဝ် ဒေါမနသ ဥပယာသ အကသိုဝ် ဝိတက်တိုဝ့် ကိုဝ် ပယ်ခြင်၊ မျိုဝ်စေ့နှင့် တူသဝ် ဖြစ်ယောက်ထိုက်သဝ်သူတိုဝ့်ကိုဝ် အဖန်တလဲလဲ အောက်မေ့စောင့်မခြင်၊ ရေတွင် ရေကန်နှင့် တူသဝ်ပညာ ဟိတိုဝ့်ကိုဝ် ပေးကမ်း ချီမြှောက်သဝ်အးဖြင့် ပြဥ့်စုံမ်စေခြင် တဉ်ဟုသဝ်၊ ငးပးသဝ်အင်္ဂါတိုဝ့်နှင့် ပြဥ့်စုံမ်တမူထသဝ်၊ ခြောက်ပးသဝ်အင်္ဂါဟိသဝ်၊ မဟာနမ မင်ကယ့်သိုဝ့်၊ ဘုရးနှိုက်ရိုဝ်သေခြင်၊ တရး၌ရိုဝ်သေခြင်၊ သင်္ဃာနှိုက် ရိုဝ်သေခြင်၊ သီလနှိုက်ရိုဝ်သေခြင်၊ ဟိရိသြတ္တပ တဉ်ဟူသဝ်၊ ၊ခြောက်ပးသဝ် အင်္ဂတိုဝ့်နှင့် ပြဥ့်စုံမ်တမူထသဝ်၊ ခုနစ်ပးသဝ် အင်္ဂါဟိသဝ်၊ ဝေသာလီ မင်တိုဝ့်ကယ့်သိုဝ့်၊ မပြတ်စဉ်ဝေ တိုင်ပင်ခြင်၊ ပြုအပ်သဝ် အမုအရတိုဝ်နှိုက် အဉီအဉွတ် စီရင်ခြင်၊ တရးနှင့် ဉီ စွ စီရင်လေ့ ဟိသဝ် ရှေမင်တိုဝ့် အကျင့်ကိုဝ် မရှုပ်မလွန်ခြင်၊ မင်စဉ်စိုဝ်ဆက်မီသဝ် မင်ဆွေမင်မျိုဝ် မှူကြီမတ်ကြီ တိုဝ်ကိုဝ် မြတ်နိုဝ်ပေကမ်ခြင်၊ ပြည်သူတိုဝ့်ကိုဝ် အနိုင်မနှိပ်စက်ခြင်၊ ပြဉ်တွင်ပြဉ်ပတိုဝ့်နှိုက် ရှေမင်တိုဝ် ပုဇ္ဇသဝ်နတ်တိုဝ်အါ် တရး နှင့် ဉီ စွာ ပုဇ္ဇသက္ကာရကိုဝ် ပြုခြင်၊ သီလဝန် ဂုဏဝန်ဖြစ်ဝ် ရဟန်သင်္ဃာတိုဝ်ကိုဝ် တရးနှင့် ဉီ စွာ စောင့်ရှောက် ထောက်ပင့်ခြင် တဉ်ဟူသဝ်၊ အပရိဟာနိယတရး ခုနစ်ပးတိုဝ့်နှင့် ပြဥ့်စုံမ်တမူထသဝ်၊ ၊ သစိံပကီ တကာလေန၊ ကပ္ပိယံပါဏ ဘောဇနံ၊ အစိသဝ်အးဖြင့် လာသဝ် သျှစ်ပးသဝ် သပ္ပုရိသ ဒါနတိုဝ့်နှင့် ပြဥ့်စုံမ်တမူထသဝ်၊ ၊အဋ္ဌင်္ဂဥပုသ် မေတ္တာတဝ်ဟူသဝ် ကိုဝ်ပးသဝ် မဟဗ္ဗလ မဟာဝိပ္ဖာရ ဓမ္မတိုဝ်နှင့် ပြဥ့်စုံမ်တ မူထသဝ်၊ ၊ဓနဓည ပုတ္တဒါသ စတုပ္ပဒသဒ္ဓါဒိပဉ္စကတဉ် ဟူသဝ်၊ ဆယ်ပးသဝ်ဝဎိုက အရိယဓနတိုဝ့်နှင့် ပြဥ့်စုံမ်တ မူထသဝ်၊ ၊သန္ဓာဝိရိယ သတိတမာဓိ ပညာ ဗုဒ္ဓနုသတာဒိ ဆက္ဗတဉ်ဟူသဝ် မြတ်သဝ် တဆယ့်တပးသဝ် အရိယ ဝိဟာရ ဓမ္မတိုဝ့်နှင့် ပြဥ့်စုံမ်တမူထသဝ်၊ ဤသို့ဝ် ခဝ်သိမ်သဝ်ရနယ်အခြင်တိုဝ့်၏ တဉ်ရာဖြစ်သဝ် ပြာဿဒ် ကဏ္ဏိကာ ကယ့်သိုဝ့် ရေတွက်ခြင်းငှာ မတတ်နိုင်သဝ်၊ နက္ခတ်တာရာတိုဝ်၏ ရောင်တိုဝ်သဉ် လ၏ အရောင်နှိုက် ဝင်ရုယ် တဉ်သကယ့်သိုဝ့် များစွာသဝ် ကျေဇူပေါင်တိုဝ်၏ တဉ်ရာဖြစ်တမူသဝ် … … … မင် (စာရင်း ၁၁ဝ၅-က ၇၃-၈၆၊)
ဟူ၍ တွေ့ရပါသည်။ စင်စစ်အားဖြင့် ဤသို့ အရည်အချင်း ရှိသူကိုသာလျှင် မင်းဟူ၍ အသိအမှတ်ပြုကြောင်း ပြညွှန်းခြင်းပင် ဖြစ်ပါသည်။ မင်းဖြစ်သူကလည်း မိမိကိုယ်ကို ဥယျာဉ်မှူး သဘောထား၍ နိုင်ငံကို စည်ပင်အောင် ဥယျာဉ်ကဲ့သို့ ပြုစုရမည်ဟု ယူဆ၏။ သာလွန်မင်း၏ အမိန့်တော် တခုတွင် ဤအယူအဆကို ဖော်ပြပုံမှာ -
ပျိုးသည့် စိုက်သည့် ပြင်သည့် လုပ်သည့် ဥယင်သဖွယ် ဖြစ်၏။ ငါ့တွင်မူကား အသန်သည်ကို သန်အောင်၊ မပွင့်သည်ကို ပွင့်အောင်၊ မသီးသည်ကို သီးအောင်၊ မစည်သည်ကို စည်အောင်၊ မပွားသည်ကို ပွားအောင်၊ အစွတ်သင့် သည်ကို အစွတ်နှင့်၊ အခြောက်သင့်သည်ကို အခြောက်နှင့်၊ ချဉ်သည့် အပင်ကို အချဉ် မပေါက်ရအောင်၊ ခါးသည့် အပင်ကို မသက်ရအောင်၊ ချိုသည့် အပင်ကို မပြက်ရအောင်၊ အမြစ်ရှက်သ၍ သြဇာပေါ့သည် ပျက်သည်များကို အမြစ် အပင် မရှက်ရအောင်၊ တတ်လှသော ဥယင်သည် သည်၊ သုတ်သင် သိမ်းပိုက် စိုက်ပျိုး ပြုစုသကဲ့သို့ သာသနာတော် စီးပွားရေး၊ ပြည်သူ လူတကာ သတ္တဝါ အပေါင်းတို့၏ စီးပွား၊ မိမိ ပြည်နိုင်ငံ၌ ရှိသော လူအပေါင်းတို့ကို ဂတိတည်စွာ ငယ်သသူကို ကြီးသာအောင်၊ ကြီးသသူကို အိုသာအောင်၊ အိုသသူကိုလည်း ချမ်းသာစွာ သေရအောင် (မင်းသုံးပါး (၁ဝဝဝ ပြည်) ၂၃၃) ဆောင်ရွက်မည် ဟူ၍ ဖြစ်ပါသည်။
မင်း၏ တာဝန်နှင့် ခံယူချက်ကို တင်ပြပြီးနောက် ပြည်သူ့ဝန်ထမ်း အရာရှိတို့တွင် အကြီးဆုံးဖြစ်သူ ဝန်ကြီး၏ တာဝန်တို့ကို သိရှိ ဝေဖန်ရန် လိုပါသည်။ အေဒီ ၁၆၃၇ တွင် နန္ဒယော်ဓာကို ဝန်ခန့်သည့် ပြန်တမ်းအရ -
(၁) ဝန်ကြီး အသစ်ကို အဟောင်း သုံးဦးနှင့် တွဲဖက်၍ ခန့်ခြင်း၊
(၂) အရှင့် အပေါ်တွင် စွဲမြဲသော သစ္စာရှိ၍ ငယ်က္ဆွန် ဖြစ်သောကြောင့် ခန့်ခြင်း၊
(၃) ပြည်ထောင်ချင်း အနီးအစပ် ဖြစ်သော နိုင်ငံတို့နှင့် ဆက်ဆံရေးတွင် ပါဝင် ဆောင်ရွက် စေလိုသဖြင့် ခန့်ခြင်း၊
(၄) ပြည်ကြီးဝန် ဖြစ်သော စီရင်ခင်း စီရင်ဖွယ် တာဝန်တို့မှာ ကောင်းကင် သမုဒြာ ကဲ့သို့ များပြားလှ သဖြင့် အမေ့အလျော့ အခ္ဆွတ်အယွင်း နည်းနိုင်သမျှ နည်းစေလို၍ ခန့်ထားခြင်း၊
ဟူ၍ အချက်ကြီး လေးချက်ကို တွေ့ရပါသည်။ ထိုအချက်များ အရ တာဝန် ပေးအပ်ခြင်း ခံရသူသည် နံနက်လင်းသည်မှ စ၍ မိုးချုပ်သည် အထိ အခိုအနား မရှိ၊ ပြည်ကြီးဝန်ကို ဝေဖန် ပိုင်းခြားလျက် ဆောင်ရွက်ရန် လိုသည်။ ပထမဦးဆုံး ဆောင်ရွက်ရန်မှာ -
(၁) တိုင်းတပါး မင်းတို့ထံမှ သို့မဟုတ် လက်အောက် ပဒေသရာဇ်များထံမှ ရောက်လာသည့် အကြောင်းကြား စာများကို စစ်ဆေး၍ ဆောင်ရွက်ထိုက်သမျှ ဆောင်ရွက်ရန် အဆင့်ဆင့် အမိန့်ပေး ဆောင်ရွက် စေရမည်။
(၂) ကင်းစောင့် ကင်းနေ့ ကာကွယ်ရေး ဆိုင်ရာ အစီရင်ခံစာများကို မှတ်သား၍ ဆောင်ရွက်ရန် ရှိသမျှကို စေခိုင်းရမည်။ မည်သို့ မည်ပုံ အရေးယူကြောင်း ပြန်ကြားရမည်။
(၃) မြို့ပြကျေးရွာ အမှုထမ်းတို့၏ အစီရင်ခံစာကိုလည်း အလားတူ ဆောင်ရွက်သင့်သမျှ ဆောင်ရွက်လျက် ပြန်ကြားရမည်။
(၄) တရား၊ ရာဇဝတ်မှု ခိုးမှု ယိုးမှုတို့ကို ဓမ္မသတ် ရာဇသတ် အဆိုအမိန့် ရှိရာ ညှိနှိုင်း ဆုံးဖြတ်ရမည်။
(၅) အဝေးမှ ရောက်လာသည့် မင်းရေး စိုးရေးဆိုင်ရာ ဧည့်သည် တို့ကို ထိုက်တန်သမျှ ပေးကမ်း လက်ခံ၍ ကျေးဇူး သစ္စာတော် နှစ်ပါးကို မမေ့မလျော့ထိုက်ကြောင်း သာယာ ခြေငံစွာ ပြောဆို ဧည့်ခံရမည်။
ဤငါးချက်ကား ရုံးမတက်မီ အိမ်တွင် ဆောင်ရွက်ရမည့် အချက်များပင်ဖြစ်ပါသည်။ ရုံးသို့ နေ့လည် ၁၂ နာရီ အချိန်တွင် တက်ကြရပါသည်။ ရုံးသို့ ရောက်လျှင်-
(၁) နာခံကတဆင့် ဆောင်ရွက် ပြီးစီးသမျှကို မင်းထံသို့ အစီရင်ခံစာ ဆက်သွင်းရသည်။
(၂) အတွင်းတော်က နားခံမှတဆင့် ခိုင်းစေသမျှကို ဆိုင်ရာ အရာရှိများ ဆောင်ရွက်ရန် တဆင့် အမိန့်ပေးရသည်။
(၃) နိုင်ငံခြား သံအဖွဲ့များ ရောက်လာမည်ဟု သိလျှင် အကြို အယူနှင့် နေရာ ချထားရေးကို စီမံရသည်။
(၄) နိုင်ငံတော် အလံကင်းဖျား မြို့ရွာများ၌ ခန့်ထားသည့် အစောင့်အနေတို့ ပြောင်းရွှေ့လဲလှယ်ခြင်း၊ အင်အား ထပ်ဖြည့်ခြင်း စသည်တို့ကိုလည်း စီမံရသည်။
(၅) နိုင်ငံတော် အစွန်းအနား၌ ပေါ်ရှိသော ရန်စစ် ရှိလျှင် အလျင်အမြန် နှိပ်ကွပ်ရန် စီမံရသည်။
(၆) အမှုထမ်း အရည်အသွေး အလိုက် တိုးတက် ချီးမြှင့် ထိုက်သူများကို မှတ်သား၍ မင်းတွင် လျှောက်ထားရသည်။
(၇) အောက်ရုံး စီရင်ချက်ကို အမှုသည် နှစ်ဦး စိတ်မတူ၍ အယူခံလာလျှင် ဆင်ခြေနှစ်ပြင်ကို မှတ်သား၍ ပြင်ဆင်သင့်က ပြင်ဆင်ရသည်။
ဤလုပ်ငန်း တာဝန်များ ပြီးဆုံးမှ ရုံးဆင်းရသည်။ ညနေပိုင်းတွင် -
(၁) မင်းညီ မင်းသားတို့ ကျရောက်သည့် တာဝန် အလိုက် ဆောင်ရွက်ခြင်း ရှိ မရှိ စိစစ်ရခြင်း၊
(၂) အခါကာလ အလိုက် ဝါဝင် ဝါထွက် ကန်တော့ လက်ဆောင် သွင်းခြင်း ကိစ္စများကို စီမံရခြင်း၊
(၃) လက်ဆောင် ဆက်လာသူတို့ကို အထိုက်အလျောက် ဆုတော်ပေးရန် စီမံရခြင်း၊
(၄) ကထိန်တော် ကာလ၊ သင်္ကြန်တော် ကာလ ရောက်လျှင် အနီးအဝေး ဆရာတော်တို့ထံ အလှူတော်ပို့ရန် စီမံရခြင်း၊ တန်ခိုးကြီး စေတီ ပုထိုးများသို့လည်း အလှူတော် ပို့ရခြင်း၊
(၅) အတာသဘင်၊ ညောင်ရေသဘင်၊ မီးပွဲသဘင် စသည့် တဆယ့် နှစ်ရာသီ သဘင်တို့ကို စီမံရခြင်း၊
(၆) ဝါတွင်းကာလ ပြည်သူတို့ ငါးပါးသီလ မြဲအောင် ကြပ်မတ် ဆင့်ဆိုရခြင်း၊
(၇) ထီးနန်း ပြောင်းလဲလျှင် ပဟိုရ်စည်၊ အိမ်ရှင်စည်၊ ရှေ့တော်ပြေးစည်၊ မြို့လည်စည်၊ ဂြိုလ်နတ်ရုပ် တို့ကို နံသင့် လဲစေရခြင်း၊
(၈) စော်ဘွား မြို့စားတို့ သေလွန်ကြောင်း သိလျှင် အမွေဆက်ခံခြင်း၊ အကူတော် ပို့ခြင်း၊ အသစ် မခန့်ထားမီ ယာယီ အုပ်ချုပ်ရေး စီမံရခြင်း၊ အသစ် ခန့်ထားသည့် အခါ သစ္စာပေး စီမံရခြင်း၊
(၉) မင်းဖြစ်သူ မြို့သိမ်းမြို့လည် ထွက်လျှင် တပ်ခင်းဝင်းခင်း စီမံရခြင်း၊
(၁ဝ) မိဖုရား မင်းညီမင်းသားတို့ သေလွန်လျှင် သဂြုင်္ိဟ်ရန် စီမံရခြင်း၊
(၁၁) ရုတ်ခြည်းပေါ်သည့် စစ်ရေး စစ်ရာကို မပေါ့မလျော့ စီမံရခြင်း၊ ရန်သူ ရှိရာသို့ နှစ်စခန်းကို တစခန်းပြု၍ အလျင် ချီစေခြင်း၊ စစ်သည် ရဲမက်တို့ အတွက် ရိက္ခာ လုံလောက်အောင် ပေး၍ ပြည်သူတို့ လုပ်သည့် 'သစ်သီးတလုံး ဟင်းရွက်တချပ် ကြက်မွေးတချောင်း ကိုမျှ မပေးသည်ကို မလု မယူစေ' ခြင်း၊
(၁၂) လောကီ အစီအရင် အနှံအထားတို့ကိုလည်း ထုံးစံနှင့် ညီ မညီ စစ်ဆေးရခြင်း၊
(၁၃) တိတ်ဆိုး နိမိတ်ဆိုး ပေါ်ထွက်လျှင် ယတြာဓာတ်ရိုက် ပရိတ်မွှန်း ပြုစေခြင်း၊
(၁၄) လက်အောက် အမှုထမ်းတို့က ပြည်သူကို မတရား ဖမ်းယူ ကွပ်ညှပ် နှိပ်စက်သည်ကို ကြားသိလျှင် ချက်ချင်း အရေးယူ၍ ဖြေရှင်းပေးခြင်း၊
(၁၅) ဆင်လွတ် မြင်းလွတ် မီးထင်း ရုတ်ရုတ်သဲသဲ ရှိလျှင် အမြန်ဆုံး ထိန်းအုပ်၍ အပြစ်ရှိသူကို အပြစ် အလျောက် ကွပ်ညှပ် စီစဉ်ခြင်း၊
(၁၆) မြို့ရိုးတံခါး ပြအိုး စသည့် ဟောင်းနွမ်းသည်များကို ပြုပြင်စေခြင်း၊
(၁၇) အခါအားလျော်စွာ ဆင်ခင်း၊ မြင်းခင်း၊ အမြောက်ပြောင်း သေနတ် စက်ပစ်ခြင်းများကို စီမံရခြင်း၊
(၁၈) နိုင်ငံတော် အတွင်း အထူးတလည် ပေါ်ထွက်သည့် တွင်းထွက် ရတနာ၊ ဆင်မြင်း ရတနာ စသည်တို့ကို မနှေးမဖင့် အဆက်အသ ပို့ဆောင်ရန် နှိုးဆော်ရခြင်း၊၊
စသည့် လုပ်ငန်း တာဝန်တို့ကို ဝန်ကြီးတို့ လုပ်ဆောင် ကြရပါသည်။
သာသနာရေးကို အုပ်ချုပ်ရေးဘက်က မည်သို့ သဘောထားကြောင်းကို သာလွန်မင်းတရား လက်ထက် ဆောင်ရွက်ချက်များ အရ အကဲခတ်နိုင်သည်။ ထိုမင်း နန်းတက်စက "ပဉ္စင်း မခံစေနှင့်၊ ရဟန်း မပြုစေနှင့်" ဟု အမိန့်တော် ထုတ်ဖူးသည် (မင်းသုံးပါး (၁ဝဝဝ ပြည့်) ၂၄၈)။ ဆိုလိုသည်မှာ တိုင်းပြည် ပြန်လည် ထူထောင်ရေး ကာလတွင် တာဝန် ရှောင်လိုသဖြင့် ပရိယာယ် သုံး၍ ရှင်ယောင်ပြုခြင်းကိုသာ ပိတ်ပင်ခြင်း ဖြစ်ပါသည်။ ထို့ပြင် ရှိပြီး ရဟန်းတို့ကိုလည်း -
(၁) မကောင်းမှုကို ပြုရန်ရှက်ခြင်း၊
(၂) ကျင့်ဝတ်၌ လေးစားခြင်း၊
(၃) အလေ့အလာ အားဖြင့် စင်ကြယ်ခြင်းတို့နှင့် ပြည့်စုံရမည်ဟု အမိန့်တော် ထုတ်ဖူး၏။
အဘယ့်ကြောင့် ဆိုသော် လူဖြစ်ခဲခြင်း၊ ဗုဒ္ဓသာသနာနှင့် ကြုံခဲခြင်း၊ ဗုဒ္ဓသာသနာ၌ သက်ဝင် ယုံကြည်ခဲခြင်း၊ ဗုဒ္ဓသာသနာတော်ထမ်း ရဟန်း ဖြစ်ခဲခြင်း ဟူသော ခက်ခဲခြင်း လေးပါးစလုံးကို ရရှိထားသည့် ရဟန်းသည် စင်ကြယ်သော အကျင့်ရှိလျှင် များလှသော အကျိုးရှိ၏။ ယင်းသို့ မဟုတ်ဘဲ -
(၁) ရဟန်းဘဝ၌ အကျော်အစောကို လိုခြင်း၊
(၂) ရဟန်းတို့၏ လာဘ်လာဘကိုသာ မြော်ကိုးခြင်း၊
(၃)ွွေ့ကးမြီများသဖြင့် တိမ်းရှောင်ရရုံ ရဟန်းပြုခြင်း၊
(၄) က္ဆွန်အဖြစ်မှ လွတ်လို၍ ရဟန်းပြုခြင်း၊
(၅) အဆွေအမျိုးတို့ကို ကောင်းစားအောင် ကူညီလို၍သာ ရဟန်းပြုခြင်း၊
ဟူ၍ စစ်ဆေး တွေ့ရှိသော ရဟန်းတို့ကို လူဝတ်လဲစေဟု အမိန့်တော် ထုတ်ဖူးသည် (မင်းသုံးပါး (၉၉၈ ခု) ၈၉-၉၄)။

တင်ပြပြီးခဲ့သမျှကို နိဂုံးချုပ်ရလျှင် အဝခေတ် ကျောက်စာဟု ခေါ်ရသော အေဒီ ၁၃ဝဝ မှ ၁၇၅၂ ထိ ကျောက်စာ၊ ကြေးစာ၊ မြေစာ၊ မင်စာ၊ ပေစာ၊ ပုရပိုက်စာတို့တွင် မြန်မာ့သမိုင်း အတွက် အားကိုးလောက်သည့် အထောက်အထားများကို တွေ့ရပါသည်။ ယခု စာတမ်း ဖတ်ကြားသည်ကို နားထောင်ရသူတို့ အသင့်အတင့် သိရှိစေရုံမျှ အဆိုပါ အထောက်အထားတို့မှ ကောက်နုတ် ဖော်ပြခဲ့သည်တို့မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
နိုင်ငံရေးရာ၏ သဘောမှာ က္ဆွန်ပိုင် အာဏာပိုင် မင်းခေတ်တွင် အကြုံးဝင်ကြောင်း တွေ့ရ၏။ ပုဂံပျက်ပြီးမှ နိုင်ငံခြား ဆန့်ကျင်ရေးကို မည်သို့ ပြုလုပ်၍ နိုင်ငံကို စစ်ဘေး စစ်ဒဏ်မှ မည်သို့ ပြန်လည် ထူထောင်ကြောင်း အသေးစိတ် သိရှိရပါသည်။ နိုင်ငံခြား အနှောင့်အယှက်မှ ကင်းလွတ်ပြန်သော အခါ ပြည်တွင်း ဆူပူမှုနှင့် မညီညွတ်မှု ဒဏ်ကို ပြင်းထန်စွာ ခံစားကြရပုံကို ဆက်လက် တွေ့ရှိရ ပြန်ပါသည်။ ထိုဒဏ်တို့မှ ထမြောက်လာလျှင် တိုင်းကား ပြည်ရွာသည် နတ်ပြည်တမျှ စည်ကားလာကြောင်း မှတ်တမ်းကိုလည်း တွေ့ရပါသည်။ ပြန်လည် ထူထောင်ရေးတွင် မင်းနှင့် မင်းမှုထမ်းများ သာမက ရဟန်းတော်များပင် ပါဝင် ဆောင်ရွက်သည်ကို တွေ့ရ၏။ 'ရဟန်းမင်း' အခေါ်ခံရသူတို့ များစွာ စွမ်းဆောင်နိုင်သူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ လူအား၊ စစ်အား၊ စီးပွားရေး အင်အား တိုးတက်လာသည်မှာ သျှမ်းတို့၏ အင်အားကို ထပ်ဖြည့်နိုင်ခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း အထင်အရှား တွေ့ရပါသည်။ မွန်တို့၏ အင်အားကိုပါ ပေါင်းစည်းနိုင်သော အခါ ၁၆ ရာစု အတွင်းက အရှေ့တောင် အာရှတွင် ထင်ရှား၍ အရေးပါသော နိုင်ငံကြီး တခုပင် ဖြစ်၍ လာပါတော့သည်။ ထိုနိုင်ငံတွင် အကြီးအအုပ် ဖြစ်သော မင်း၏ တာဝန်၊ သဘောထား၊ ဆောင်ရွက်ပုံ တို့ကို အသေးစိတ် ဖော်ပြလျက် ပြည်သူတို့၏ အကျိုးကို မည်မျှ ဆောင်ရွက်နိုင်စွမ်း ရှိမည်ကို အကဲဖြတ် နိုင်လောက်အောင် ဖော်ပြခဲ့ပါသည်။ မင်းနှင့် ပြည်သူ ပူးပေါင်း ညီညွတ်၍ တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်လျက် ရှိသော်လည်း သဘာဝ အန္ဈရာယ်ဟု ဆိုရသော မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ ရောဂါဘေးတို့ ကြုံကြိုက်သော အခါ အခိုက်အတန့် အားဖြင့် တိုးတက်မှု တန့်နား သွားတတ်ပုံများကို တွေ့ရသမျှ တင်ပြခဲ့ပါသည်။ ၁၆ ရာစု အကုန်ပိုင်းတွင် ခေတ္တမျှ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်ပုံကို တွေ့ရပြီးနောက် ညောင်ရမ်းဆက်တွင် များစွာ တိုးတက်လာပုံကို တွေ့ရ၏။ မင်း၏ တာဝန် ကျေပွန်ပုံ၊ အရာရှိတို့ လုံ့လပြုပုံတို့ကို တင်ပြခဲ့ပါသည်။ အားလုံးခြုံ၍ ပြောရလျှင် ဤမျှ အထောက်အထားစုံသည့် အဝခေတ် ကျောက်စာ တန်ဖိုးကို နားထောင်သူ သုတေသီတို့ အကဲဖြတ်နိုင် ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

ကျေးဇူးတင်ပါသည်။

ဒေါက်တာ သန်းထွန်း

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့/ နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်/စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

သက္ကရာဇ် ၈၆ဝ လောက်က လူမှုရေးသမိုင်း

" . . . ပုဂံခေတ် ဖြစ်တဲ့ ၁၁ ရာစုဦးလောက်က စပြီး၊ ဗမာတွေ ဗုဒ္ဓသာသနာကို လက်ခံခဲ့ကြတယ် ဆိုပေမဲ့ အရေးကြီးတဲ့ အလုပ် တခုခု ပြီးမြောက်ရင် အောင်သေ အောင်သား စားတယ် ဆိုပြီး သေရည်နဲ့ အမဲဟင်းလျာတွေ အဝ သောက်စားကြမြဲ ဖြစ်တယ်။ ဒီအလေ့ဟာ ၁၅ ရာစုကုန်တဲ့ အပိုင်းရောက်တဲ့ အခါ ဗုဒ္ဓသာသနာရဲ့ သြဇာကြောင့် 'သေသာစာသောက်ပွဲ' နေရာမှာ လက်ဖက် လက်ဆုံစားတာ ဝင်လာပြီး သေသား စားသောက်တဲ့ အကျင့် ပျောက်ကွယ် လိုက်ပါတယ် . . . " . . . [ရှင်မဟာရဋ္ဌသာရ နှစ် (၅ဝဝ) ပြည့် စာတန်းများ မန္ဈလေး၊ ရဲရင့်စာပေ၊ ၁၉၆၈၊ စာမျက်နှာ ၆၃-၈၉ မှာ ဖော်ပြပါရှိခဲ့တဲ့ ဒေါက်တာ သန်းထွန်းရဲ့ "သက္ကရာဇ် ၈၆ဝ လောက်က လူမှုရေးသမိုင်း" သုတေသန စာတမ်းကို 'အသစ်မြင် ဗမာသမိုင်း' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]
Photobucket
ပုံဂံ နံရံဆေးရေး - ၁) အမျိုးသား တဦးနှင့် အမျိုးသမီးများ ဘုရားကျောင်း သွားဟန်၊ ၁၈ ရာစုနှောင်း၊ စူဠာမုနိ။ ၂) မင်းတပါး ဘုရားတွင် ထီးပူဇော်ဟန်၊ ၁၂ ရာစု၊ လောကထိပ်ပန်။ ၃) အမျိုးသမီး တဦး ဇင်္ဂုလိတာရာကို ပူဇော်ဟန်၊ ၁၁ ရာစု နောက်ဆုံး နှစ်အစိတ်၊ အပယ်ရတနာ။

သက္ကရာဇ် ၈၆ဝ လောက်က လူမှုရေးသမိုင်း

ဒီစာတန်းကို ရေးနိုင်ဖို့ ၁၅ ရာစုရဲ့ နောက်ပိုင်း အနှစ် ၃ဝ နဲ့ ၁၆ ရာစုရဲ့ ရှေ့ပိုင်း အနှစ် ၃ဝ၊ အစုစု အနှစ် ၆ဝ တွင်းက ကျောက်စာတွေကို ဖတ်ပါတယ်။ အားလုံးပေါင်း ကျောက်စာ ၂၅ ခုလောက် ရှိပါတယ်။ အုပ်ချုပ်တဲ့ မင်းတွေ အလိုက်ပြောရရင်၊
အထက်ဗမာနိုင်ငံမှာ -

သီဟသူရ (၁၄၆၉-၈၁)
မင်းခေါင် ၂ (၁၄၈၁-၅ဝ၂)
ရွှေနန်းကြော့ရှင် (၁၅ဝ၂-၂၇) နဲ့
သိုဟန်ဘွား (၁၅၂၇)
တို့ လက်ထက် ဖြစ်ပါတယ်။ အဲဒီ အထဲမှာ ရွှေနန်းကြော့ရှင်ဟာ တိုက်ပွဲ အတွင်း စိန်သင့်ပြီး သေတယ်။ ဗမာနိုင်ငံကို အုပ်ချုပ်သွားတဲ့ လူတွေထဲက ပထမဦးဆုံး သေနတ်မှန် သေတဲ့ လူပါပဲ။ ပြီးတော့ သိုဟန်ဘွား ဆိုးသွမ်းတာကို အားလုံး ကြားပြီး ဖြစ်တယ်။ အဲဒီလောက် ပြောပြီးရင် ခေတ်အခြေအနေဟာ အင်မတန် ဆူပူပြီး လူထုအတွက် အသက်အိုးအိမ် စည်းစိမ်ရဲ့ လုံခြုံမှု နဲတဲ့အခါ ဖြစ်တယ်လို့ သိလောက်ပါပြီ။

အောက်ဗမာနိုင်ငံမှာတော့ အဲဒီအချိန်မှာ -

ရှင်စောပု (၁၄၅၃-၇၂)
ရာမာဓိပတိ (ဓမ္မစေတီ ၁၄၇၂-၉၂)
ဗညားရံ (၁၄၉၂-၅၂၆) နဲ့
တကာရွတ်ပိ (၁၅၂၆-၅ဝ)

တို့ အုပ်စိုးခဲ့ချိန် ဖြစ်ပါတယ်။ ရခိုင်ဘက်မှာတော့ ၁၄၃၃ ခုက စပြီး မြောက်ဦးမှာ အိန္ဒိယဘက်က အကူအညီနဲ့ အလီခန် နာမယ်ယူပြီး မင်းဆက်သစ် ထူထောင်တဲ့ မင်းရဲ့ အဆက်အနွယ်တွေ အုပ်စိုး နေပါတယ်။
သူတို့ကတော့ -
ဘစောဖြူ (ကလီမာရှား ၁၄၅၉-၈၂)
ဒေါလျာ (၁၄၈၂-၉၂)
ဘစောညို (၁၄၉၂-၄)
ရန်အောင် (၁၄၉၄)
စလင်္ဂသူ (၁၄၉၄-၅ဝ၁)
မင်းရာဇာ (၁၅ဝ၁-၂၃)
ကဇာပတိ (၁၅၂၃-၅)
မင်းစောဦး (၁၅၂၅)
သဇာတ (၁၅၂၅-၃၁)
မင်းပါကြီး (၁၅၃၁-၅၃)

တို့တွေပါပဲ။ အဲဒီလို မင်းတွေ အပြင် တောင်ငူမှာ နောင်အခါ ထင်ရှားတဲ့ မင်းဆက်ရဲ့ အဦးအစ ဖြစ်တဲ့ မင်းကြီးညိုဟာ ၁၄၈၆ က ၁၅၃၁ အထိ မင်းမူနေပါပြီ။ ဗမာနိုင်ငံ မြောက်ဖျားမှာတော့ မဝ်သျှမ်းခေါ်တဲ့ သျှမ်းကြီးတွေဟာ တောင်ဘက်ကို ဆင်းပြီး နှစ်စဉ်လိုပဲ တိုက်ခိုက် လုယက်ပါတယ်။ မြေတူး၊ ငရနဲ့၊ စည်ပုတ္တရာ၊ စည်သာ၊ တပယင်း ဆိုတဲ့ နေရာတွေဟာ သူတို့ နှောက်ယှက်လို့ ပြေပုန်းရတာ မနားရပါဘူး။ အဝက မင်းကိုယ်တိုင် ၁၅၂၄ ခုမှာ ဆင်ခေါင်း ဝက်ဝံ အထိ ပြေးပုန်းရတာလည်း ကြုံခဲ့ရပါတယ်။ ဒီလို အချိန်အခါမျိုးမှာ လာပြီး ဗမာစာပေ အနေနဲ့ ကြီးကြီးကျယ်ကျယ် ပွင့်လန်းတယ်ဆို၊ ဒါ အင်မတန်မှပဲ အံ့သြစရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ တမျိုးကြည့်မယ် ဆိုရင်တော့ တကယ်တမ်း ဆိုးဝါးတဲ့ အချိန်ဟာ အခု လေ့လာကြမယ့် ခေတ်ကာလရဲ့ ကုန်ဆုံးချိန် "ဂငယ်သုံးခု ဥသျှစ်ထု" ဆိုတဲ့ ၁၅၂၆ ခုရောက်မှ ကြုံရလို့ ဒါ့ထက် စောတဲ့ အချိန်က သာသနာ့ အရိပ်ခိုပြီး ဗမာစာပေဟာ လန်းဆန်းခွင့် ရတယ်လို့ ဆိုနိုင်ပါတယ်။ဗမာတွေ နေတဲ့ နေရာဟာလည်း သိပ်ပြီး ကျယ်ပြန့်လှတဲ့ နေရာလို့ မဆိုနိုင်ပါဘူး။ စကိုင်း ရတနာစေတီ ကျောက်စာ ၁၄၈၅ ခုမှာ -
အရိမတ္တန မြင်စိုင်၊ ပင်ယ၊ စစ်ကိုင် အဝ ဟူသည် မင်နေရာပြည်၊ ရတ္တနာ ရွှေ့ဣမ်စဉ်စိမ်ခံလျက်၊ ဧရာပန်ရောင်၊ ပေါင်လောင် ချင်တွင်၊ မ႞လေစင်အခံ၊ ကံညွတ်မျှနေသော ကြည်တောင် ဖ႞မျှ၊ မြံမာပြည် (စာရင်း ၁ဝ၁၄/၁၄-၁၅)
တို့ တွေ့ခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံဟာ ဧရာဝတီ၊ မြစ်ငယ်၊ မူးနဲ့ ချင်းတွင်း ဆုံတဲ့ နေရာလောက်ကို ခေါ်တယ်လို့ သိရပါတယ်။ နောက်တမျိုး တွေ့ဖူးသေးတာက ရတနာဗိမာန် ကျောက်စာ (၁၅ဝ၉ ခု) မှာ -
စကိုင်၊ ပင်ယ၊ အဝ လမည် ပြည်သုံပြည်ဖြင့် မဏ္ဍိုင် ဥစွန် မှန်ရာ တမူတည် ဖြစ်ထသော (စာရင်း ၁ဝ၄၃/၁၅-၁၆)
လို့ တမျိုး -
ဧရာဝတီ နဒီမည်သော ရေကြည်မြလာ မြစ်အခြာဖြင့် မြောက်သလွှာကာ သုနာပရန္ဈ တောင်ဖက်ကာ တမ္ဗဒီပ မည်သော တိုင်နှစ်တိုင် တိုဝ်ကြပ် ထိုင်ဖုံအုပ် အာဏာချုပ်လျက် ပိုက်ထုပ်ရိုက်ရာ သာသနာလတည် မြံမာပြည်။ (စာရင်း ၁ဝ၄၃/၁၇-၁၈)
လို့ တမျိုး တွေ့ရပါတယ်။ အခုခေတ် အတိုင်းအတာနဲ့ ကြည့်ရင် အင်မတန် သေးငယ်တဲ့ အစိတ်အပိုင်းကလေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသေးငယ်တဲ့ မြေဧရိယာလေးကို ပိုင်ဆိုင် အုပ်ချုပ်တဲ့ လူကို 'ရေမြေသိခင် ဖုရရှင်' (စာရင်း ၁ဝ၅၅၊ က/၅) လို့လည်း ခေါ်ချင်ကြတယ်၊ 'တရာတစင် ထီဆောင်ချင်သ မင်မျာထိပ်ခေါင် စောရန်အောင်' (စာရင်း ၁ဝ၅၅၊ က/၆) လို့လည်း မြှောက်တယ်၊ 'ရေမြေစိုဝ်ခြင် မင်တကာထက် ဆထက်တရာ လွန်ကဲစွာလျှင်' (စာရင်း ၁ဝ၅၅၊ က/၂ဝ-၁) လို့လည်း အကဲအမိုနဲ့ ချီးမွမ်းပါတယ်။ တကယ်ကတော့ တိုင်းငယ် ပြည်ငယ်ရဲ့ မင်းငယ် စိုးငယ် အဆင့်လောက်ပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ရှေးက ကြီးကျယ်ခဲ့တာကို မမေ့နိုင်သေးလို့ပဲလား မသိဘူး၊ 'ကျေးမက်ပြည်ရွာ ကျယ်ဝန်းစွာ၍' (စာရင်း ၁ဝ၅၅၊ က/၁ဝ) ဆိုတဲ့ အသုံးကို သုံးမြဲ သုံးတုန်းပါပဲ။ ပြည်ထောက်ဘက်ချင်း မဟာမိတ်ဖွဲ့တဲ့ အနေနဲ့၊ 'အယောင်အဆင် လှစွာသော သ္မီကညာ' (စာရင်း ၁ဝ၅ဝ/ ၂၁၊ ၆၆၊ ၇၉) အဆက်အသ အပေးအယူ လုပ်မြဲပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံကို ကာကွယ်ဖို့ မင်းလုပ်တဲ့ လူဟာ လေးအတတ်၊ ဆင်အတတ်၊ မြင်းအတတ် အပါအဝင် အဋ္ဌာရသ သိပ္ပကို တတ်ရတယ် (စာရင်း ၁ဝ၄၅/ ၁၅-၁၆) လို့ ဆိုပြန်တယ်။ အုပ်ချုပ်ရေးမှာ သူ့ကို ကူညီဖို့ 'အိမ်ရှေ့မင်' (စာရင်း ၁၈၄၅/ ၂၂-၄၂) လည်း ရှိတယ်၊ 'တောင် မိဖုရာကြီ' (စာရင်း ၉၉၉/၄၊ ၁ဝဝ၁/၂၉-၃ဝ) ကလည်း ပြည်ကြီးဝန်ကို ဖို့တူဖို့ငှ ယူရှာပါတယ်၊ ပြီးတော့ 'မင်းသက်တော်ရှည်' (စာရင်း ၁ဝ၅၅ / ၁၄) လို့ အရွယ်ကြီးရင့်တဲ့ ပညာရှိ ပုဂ္ဂိုလ်တွေလည်း အတိုင်ပင်ခံ ရှိမယ်၊ 'အမှူးကြီး အမတ်ကြီး' (စာရင်း ၁ဝ၅၅ - ခ/၁) တွေလည်း ရံနေပါတယ်၊ တကယ်တော့ ရှင်ဘုရင်ဟာ 'ဧကရစ်' (စာရင်း ၁ဝ၅၅-က/၃) ဖြစ်ပြီး ပဒေသရာဇ် ဖြစ်တဲ့ 'မြိုဝ့်စာ' (စာရင်း ၁ဝ၅၅-က/၉) တွေက ရံနေကြပြီး လုံခြုံရေး အတွက် 'စစ်သည်' (စာရင်း ၁ဝ၁၄/၃၊ ၁ဝ၄၅/၁၆)၊ 'ခြေသည်သူရဲ' (စာရင်း ၁ဝ၅ဝ/၈၊ ၁၅) ဆိုတာတွေနဲ့ ကွပ်ကဲ ထိန်းသိမ်း စောင့်ရှောက်ပြီး နယ်ချဲ့ ရာဇဌာနီ အတွင်း အဆက်အသွယ် လွယ်ကူအောင် 'မြင်လျင်' (စာရင်း ၁ဝ၅ဝ/၆၅) တွေထားပြီး အုပ်ချုပ်ခဲ့တယ်။ ကျောက်စာတွေထဲမှာ ပါတဲ့ အုပ်ချုပ်ရေး ဆိုင်ရာ တခြား အရာအထူး အမည်တွေကိုတော့ အက္ခရာစဉ် အတိုင်း ဖော်ပြ လိုပါတယ်။

ကိုဝ်ရံ (စာရင်း ၁ဝ၁၄/၂၇)
ကျေစာ (စာရင်း ၉၃၃၃/၃)
ကန်ပိုင် (စာရင်း ၁ဝ၄၃/၇)
စခီ / စချီ (စာရင်း ၉၇၈၊ ခ/ ၁၈၊ ၁ဝ၄၅/ ၆၂၊ ၆၃၊ ၆၇)
စပးခိုဝ်သူကြီ (စာရင်း ၉၈၁-က/၇)
စာရေ (စာရင်း ၁ဝ၁၄/၄ဝ၊ ၁ဝ၄၃/၂၉)
ပြည်စိုဝ် (စာရင်း ၉၇၈၊ ခ/၁၈၊ ၁ဝ၄၅/၆၃)
ဘဏ္ဍာစိုဝ် (စာရင်း ၁ဝဝ၂/၂၃)
မြေတိုင် (စာရင်း ၉၉၅ /၇၊ ၁ဝ၄၅/၆၃)
မြင်မှူ (စာရင်း ၁ဝ၃၇-က/၇)
မြင်လျင် (စာရင်း ၁ဝ၅ဝ/၆၅)
မြို့ဝ်စာ (စာရင်း ၁ဝ၅၅-က/၉)
မြို့ဝ်သူကြီ (စာရင်း ၁ဝဝ၂/၂၃)
ရွာကဲ (စာရင်း ၁ဝ၄၅/၆၃)
ရွာမင် (စာရင်း ၉၇၈-ခ/၁၈)
ရွာသူကြီ (စာရင်း ၁ဝဝ၁/၃၃၊ ၁ဝ၁၄/၂၅)
လှောကာသုံတောင် (မှူး) (စာရင်း ၁ဝ၃၇-က/၆)
သုကောင် (စာရင်း ၉၈၁-က/၇)
သင်္ဃရာဇာ (စာရင်း ၁ဝဝ၅/၈)
သံပျင် (စာရင်း ၁ဝ၄၅ / ၅၈၊ ၆၄၊ ၆၆)
အစိုဝ်အကဲ (စာရင်း ၁ဝ၄၅/၆၂)
အတွင်သုံထောင် (မှူး) (စာရင်း ၁ဝ၅၇-က/၇)
အတွင်သင် (မှူး) (စာရင်း ၁ဝ၃၇-က/၅)
အဓိန်တော် (စာရင်း ၁ဝ၄ဝ-က/၄၊ ၁ဝ၅၅-က/၆)
အမှုလုပ် (စာရင်း ၁ဝ၁၄/၂၇)
အမှူအမတ် (စာရင်း ၁ဝ၅ဝ/ ၈၊ ၆၅၊ ၇၉၊ ၁ဝ၅၅၊ ခ/၁)
တွေပါပဲ။

အဲဒီမင်းနဲ့ မင်းမှုထမ်းတွေကို ပြည်သူတွေဟာ အတော်ပဲ သည်းခံပြီး ဆက်ဆံ ကြရတယ်လို့ ထင်တယ်။ တနည်း ပြောရရင် မင်းမှုထမ်းနဲ့ ဆက်ဆံရေး နဲသမျှ နဲအောင် နေကြပါတယ်။ မှတ်တမ်းတခု (၁၄၈၁) ခုထဲမှာ
မြေတိုင်သဘောကာ ပင်လယ်ကိုဝ်သော်လည် ခွဲလယ်ဟု ရုယ်ဆိုဘိမည်၊ ခွဲလယ်ကိုဝ်သော်လည်၊ စိတ်လယ်သာဟု ရုယ်ဆိုဘိမည်(စာရင်း ၉၉၅ / ၇။)
လို့ အရာထမ်းတွေ မရိုးဖြောင့်ပုံကို ထင်ရှားအောင် ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ရွာထဲမှာ မင်းရေးမင်းရာ မပေါ်ရင် အကောင်းဆုံးပဲ ဆိုပြီး "ရွာတွင် မင်က္ဆွန်ဝင်ရုယ်၊ ခွေမျှ မဟောင်စေနှင့်" (စာရင်း ၉၉၅/၁၅) လို့ မှာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမှုထမ်းတွေဟာ အခွန်အကောက် စုဆောင်းဖို့ ရွာတွေကို လာနေကြမှာပဲ။ သူတို့ စုတဲ့ အခွန်ကို အချုပ်သဘောနဲ့ ရေကရတဲ့ အခွန်ကို 'အစွတ်' (စာရင်း ၁ဝ၄၅ / ၆၈) လို့ ခေါ်ပြီး၊ ကုန်းက ရတဲ့အခွန်ကို 'အခြောက်' (စာရင်း ၁ဝ၄၅/၆၈) လို့ ခေါ်ပါတယ်။ အသေးစိတ် ဖော်ပြထားတဲ့ အခါမှာတော့ -
လှည်ခွန်၊ ယဉ်ခွန်၊ ကန်နာခွန်၊ ခိန်ခွင်ခွန် ဖျင်ခွန်၊ ဓန်စီ၊ ဆိတ်အကွံဘိုခိုဝ် စစ်တောင်စည်၊ တည်ခွန်၊ က္ဆွန်ခွန်၊ က္ဆွယ်တည် နွာတည် အိုဝ်ကောက် နှစ်လုမ် ဝါတစီ နှစ်လုံမ်ကောက် အရေအနံ အကောက်အစာ (စာရင်း ၉၉၅ / ၁၁ - ၁၄) လို့ တွေ့ရပါတယ်။
ဒီလို အခွန်အကောက် ဆက်ကြရတဲ့ လူတွေဟာ ဘာလူမျိုးတွေနဲ့ ဘာအလုပ် လုပ်ကြသလဲ ဆိုတာ သိဖို့ လိုပါအုံးမယ်။ လွယ်လွယ်ပြောရင် လူအများစုက ဗမာဖြစ်ပြီး ပဓာန လုပ်ငန်းက လယ်ယာကိုင်းက္ဆွန်း ဥယင် အလုပ်ပါပဲ။ အဲဒီခေတ်က ကျောက်စာပါ လူမျိုး စာရင်းကို ပေးလိုပါတယ်။ (တင်လှသော်၊ '၁၄ဝဝ-၁၅ဝဝ ဗမာသမိုင်း' မသသ ၈-၄၂-၂-၁၄၆-၇ မှ)

ကသည် (စာရင်း ၉၃၆-က/၂၃)
ကရင် (မုံရွာ ဆလင်းကြီး ခွန်သာရွာ မြတ်လေးဆူဘုရား ကျောက်စာ၊ မျက်နှာဘက် ကြောင်းရေ ၉)
ကုလာ (စာရင်း ၉၃၄-ခ/၂၄)
ကန်တု (စာရင်း ၈ဝ၂/ ၅၅၊ ၉၆၃-က/၃၃)
ွ့ကံ (စာရင်း ၉၆၃-ခ/ ၅၂၊ ၅၄၊ ၅၅၊ ၁ဝ၁၄-ခ/၄ဝ)
ခရင် (စာရင်း ၉၄၉-က/၂၅)
ချင် (စာရင်း ၉၅၈-က/၅၊ ၉၆၃ - က/၂၁၊ ခ/၁၁)
စကြဝ် (စာရင်း ၈ဝ၂/၄၆၊ ၁ဝ၄၆/၁ဝ)
တနု (စကိုင်း ထူပါရုံ ကျောက်စာ အမှတ် ၁၅၊ မျက်နှာဘက် ကြောင်းရေ ၈)
တရုက် (စာရင်း ၉၄၃-က/၅)
တန်လိုင် (စကိုင်း ထူပါရုံ ၁၅/၁)
တောင်သူ (စကိုင်း၊ ရေမြက်၊ ကဲလားပြောက် ဘုရား ကျောက်စာ ၁၁)
နဂါ (တန်တားဦး ရန်အောင်မြင် ကျောက်စာ ၈)
ပသှ် (စာရင်း ၉၆၃-က/၂၅)
ပအိုဝ် (စာရင်း ၉၆၃-က/၃၈)
ပိုဝ် (စကိုင်း စေတီလှ ကျောက်စာ နောက်ကျော ၃၄)
ပန်သေ (စာရင်း ၉၆၃ - က/၂၁၊ ခ/၁၁)
ပေါင်လောင် (စာရင်း ၉၄၇ - က/၃၆)
ပျူ (စာရင်း ၉၆၃၊ ခ/၅၃၊ ၅၅၊ ၁ဝ၅ဝ/၇)
ပြဝ် (တန်တားဦး ရန်အောင်မြင် ကျောက်စာ ၁၈/၃၄)
ဖြုံမ်နကျာ (မင်းဘူး၊ စကု၊ ကန်ဦးကျောင်း ကျောက်စာ ကျောဘက် ၁၇)
မြံမာ (မင်းဘူး၊ စကု၊ ကန်ဦးကျောင်း ကျောက်စာ ကျောဘက် ၁၇)
မြုန် (စာရင်း ၉၆၃ - က/၂၁၊ ခ/၁၁)
ရခိုင် (မင်းဘူး၊ စကု၊ ကန်ဦးကျောင်း ကျောက်စာ ကျောဘက် ၁၇)
ရောက်ဆွဲ (မင်းဘူး၊ စကု၊ ကန်ဦးကျောင်း ကျောက်စာ ကျောဘက် ၁၇)
လဝ (စာရင်း ၉၃၄၊ က/၂၈၊ ၉၄၃ - မ/၁၅)
လင်ခြောဝ် (စာရင်း ၉၆၃ - က/၃၈)
သက် (စာရင်း ၉၄၃ - က/၅၊ ၉၆၃ - က/၂၁၊ ခ/၁၁)
သျှံ (စကိုင်း ထူပါရုံ ကျောက်စာ အမှတ် ၁၅၊ မျက်နှာဘက် ၂)
ဆိုတာတွေပါပဲ။ အဲဒီ အထဲက ပျူ ဆိုတဲ့ နံမယ်ကို ၁၅၁ဝ ပြည့်က စပြီး နောက်ပိုင်းမှာ မတွေ့ရတော့ပါဘူး။ ဒါ နောက်ဆုံးပါပဲ။ အဲဒီ လူတွေရဲ့ အလုပ်အကိုင်ကို ပြောပြ လိုပါသေးတယ်။ အက္ခရာစဉ် အတိုင်း ဆိုရင် -
ကခြေသှ်မ (စာရင်း ၁ဝ၄၅/၂ဝ၊ ၁ဝ၅ဝ/၆၇)
ကျောက်ခွဲ (စာရင်း ၁ဝ၄၅/၃၇)
ကြေပတ်သှ်၊ ကြေပတ်တီ (စာရင်း ၁ဝ၁၄/၄ဝ)
(တန်တားဦး ကြာနီကန် ကျောက်စာမျက်နှာ ၂၈)
စောင်တီ (စာရင်း ၉၆၃ ခ/၃၄)
ဆိုင်ဝိုင်တီ (တန်တားဦး ကြာနီကန် ကျောက်စာ မျက်နှာ ၂၈၊ စာရင်း ၁ဝ၁၄၊ ခ/၄ဝ)
တမော့/ ကျောက်စီသော (စာရင်း ၉၈၁၊ က/၂၂၊ ၁ဝ၁၄၊ ခ/ ၂၆၊ ၃၉၊ ၁ဝ၄၅/၃၈)
ထံစင်ထမ်း (စာရင်း ၁ဝ၄၅/၇၂)
ထီစွယ် (စာရင်း ၁ဝ၄၅/၇၂)
နွာထိန် (စာရင်း ၁ဝ၄၅/၅၉)
ပုရန် (စာရင်း ၉၈၁၊ က/၂၂၊ ၁ဝ၁၄၊ ခ/၂၆၊ ၃၉၊ ၁ဝ၄၅/၃ဝ၊ ၃၁)
ပတ်နရည်စရာသည် (စာရင်း ၉၈၁-က/၁၂-၁၅)
ပတ်မတီ (တန်တားဦး ကြာနီကန် ကျောက်စာ၊ မျက်နှာ ၂၈)
ပန်ခီ (စာရင်း ၉၈၁-က/ ၂၂၊ ၁ဝ၁၄ -ခ/ ၄ဝ၊ ၁ဝ၄၅/၃၉)
ပန်တယာ / ပန်တလျှာ (စာရင်း ၉၆၃-ခ/၅၂၊ ၁ဝ၁၄-ခ/၄၁)
ပန်ဘဲ (စာရင်း ၁ဝ၁၄-ခ/ ၂၆၊ ၃၈)
ပိသုကာ (စာရင်း ၁ဝ၅ဝ/ ၂၂ - ၂၅ - ၂၆ - ၇၂)
လက်သမာ (စာရင်း ၉၈၁-က/၂၃၊ ၁ဝ၁၄-ခ/၂၆)
လက်သာ (တန်တာဦး ကြာနီကန် ကျောက်စာ ကျော ၇)
လင်ခွင်သှ် (စာရင်း ၁ဝ၁၄-ခ/၄ဝ)
လွသမာ (စာရင်း ၁ဝ၄၅/၃၉)
သရေပ်သှ် (စာရင်း ၁ဝ၁၄-ခ/၄ဝ) (တန်တားဦး ကြာနီကန် ကျောက်စာ မျက် ၂၈)
သိခြင်သှ်မ (စာရင်း ၁ဝ၄၅/၁၉)
သူနာထန် (စာရင်း ၁ဝ၄၅-ခ/၆)
ဟုရာ (စာရင်း ၁ဝ၅ဝ/ ၂၃၊ ၂၅၊ ၇၂)
ဆိုတဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်တွေ ရှိတယ်လို့ သိရပါတယ်။
စိုက်ပျိုးရေးမှာ ဘာတွေ ပျိုးကြ စိုက်ကြသလဲ ဆိုတာ သိဖို့ လိုပါသေးတယ်။ ဆန်စပါးကို ပဓနာ ထားပြီး စိုက်မယ်လို့တော့ ဆိုနိုင်ပါတယ်၊ ဆူပူ သောင်းကျန်းမှုတွေ မစခင် ၁၅၂ဝ ပြည့်လောက်က "တပဲတတင်ရသော စပး" (စာရင်း ၁ဝ၄၅/၆၁) လို့ တွေ့ရပါတယ်။ ကုန်ထုတ် စွမ်းအားနဲ့ စီးပွားရေး အခြေအနေကို ကျောက်စာတွေထဲမှာ နဲနဲပဲ ပါတယ်။ ဒီတော့ ဒီပစ္စည်း စာရင်းကို လုပ်ပြရင် ဟိုတုန်းက ဒီပစ္စည်းတွေ လုပ်ပြီး သုံးစွဲကြတယ်။ ဒီကောက်ပဲသီးနှံတွေ စိုက်ပြီး စားသောက်ကြတယ် ဆိုတာ သိနိုင်မယ်။ က္ဆွန်တွေလည်း ရှိပါတယ်။ တနေရာမှာ က္ဆွန်ဖိုးဟာ တယောက်ကို ကြေးခွက် နှစ်ဆယ် ပေးရတယ် (စာရင်း ၁ဝ၄၅/၇၂) လို့ ပါတယ်။ အခု ပစ္စည်းနဲ့ အသီးအပင် စာရင်းကို အက္ခရာ အတိုင်း ပေးပါမယ်။

က (စာရင်း ၁ဝဝ၂/၁၃)

ကရာ (စာရင်း ၁ဝ၄၅/၅ဝ)

ကာ (စာရင်း ၁ဝ၅ဝ/၁၉)

ကံကော် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ကန္နခိုဝ် (စာရင်း ၁ဝ၁၄ ၊ ခ/၁၈)

ကန်သင် (စာရင်း ၁ဝ၄၃၊ ခ/၁၈)

ကောက်ကြီ (စာရင်း ၁ဝ၄၅/၆၄)

ကောက်လျင် (စာရင်း ၁ဝ၄၅/၆၄)

ကျောက်စာ (စာရင်း ၁ဝ၄၅/၇၇၊ ၁ဝ၅၁/၁)

ကျောင် (စာရင်း ၁ဝ၄၅/၄၁)

ကျောဝ်ကွင် (စာရင်း ၁ဝ၅ဝ/၄၇)

ကွံသီ (စာရင်း ၁ဝ၁၄၊ က/၄၈)

ကွန်စဝ် (တိုင်) (စာရင်း ၁ဝ၄၅/၃၅၊ ၁ဝ၅၅က/၁၅)

က္ဆွဲ (စာရင်း ၁ဝ၅ဝ/၄၄)

က္ဆွဲရေ (စာရင်း ၁ဝ၄၅/၃၁)

က္ဆွန် (စာရင်း ၉၈၁-ခ/၂၊ ၁ဝ၄၅/၇)

ကြငှန် (စာရင်း ၁ဝ၅ဝ/၈၂)

ကြာ (စာရင်း ၁ဝဝ၅/၅၂)

ကြာဖြူ (စာရင်း ၁ဝ၅ဝ/၄၇)

ကြေမုံမ် (စာရင်း ၁ဝ၅ဝ/၁၁)

ကြံပင် (စာရင်း ၁ဝ၅ဝ/၂၂)

ကြက် (စာရင်း ၁ဝ၄၅/၇ဝ)

ွေ့က (စာရင်း ၁ဝ၅၄-ခ/၁၈)

ခရာ (စာရင်း ၁ဝ၄၅/၃၅)

ခရုသင် (စာရင်း ၁ဝ၅ဝ/၂၅)

ခရံ (စာရင်း ၁ဝ၁၄-ခ/၁၈)

ခိရာ (စာရင်း ၁ဝ၁၄-ခ/၈၈)

ခဲဖွယ်စာဖွဲ ဘောစည် (စာရင်း ၁ဝ၅ဝ/၇၆)

ခွက် (စာရင်း ၁ဝ၄၅/၄၁)

ခွက်ယောက်လင်ပန် (စာရင်း ၁ဝဝ၁/၃၃)

ချိုဝ်ချည် (စာရင်း ၁ဝ၅ဝ/၇ဝ)

ငပိ (စာရင်း ၁ဝ၁၄၊ ခ/၃ဝ)

ငွေ (စာရင်း ၁ဝ၅ဝ/၄၉)

ငွေပြား (စာရင်း ၁ဝ၅ဝ/၇၃)

ငြံမ် (စာရင်း ၁ဝ၅ဝ/၆ဝ)

ငှက်ပျောပင် (စာရင်း ၁ဝ၅ဝ/၂၂)

စတီ (စေတီ) (စာရင်း ၁ဝ၅ဝ/၆၂)

စပး (စာရင်း ၉၈၁၊ က/ ၇၊ ၂၅)

စလစ်မွံခ္ဆွန် (စာရင်း ၁ဝ၄၅/ ၄၄၊ ၁ဝ၅၅၊ က/ ၁၅)

စောင် (စာရင်း ၉၆၃၊ ခ/၃၄)

စောဝ်ရှာ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

စည် (စာရင်း ၁ဝ၄၅/၃၅)

ဆာ (စာရင်း ၁ဝ၁၄၊ ခ/၃ဝ)

ဆိဥိ (စာရင်း ၁ဝ၅ဝ/၂၅)

ဆေ (ရေးရန်) (စာရင်း ၁ဝဝ၅/၈၊ ၁ဝ၄၅/၄၇)

ဆေး (သောက်ရန်) (စာရင်း ၁ဝ၁၄၊ က/၄၈၊ ခရစ်နှစ် ၁၄၈၅)

ဆေတန် (စာရင်း ၁ဝ၄၅/၄၇၊ အဝါရောင် အတွက်)

ဆင် (စာရင်း ၁ဝ၄၅/၃၉)

ဆင်စွဲ (စာရင်း ၁ဝ၄၅/၄၉)

ဆင်မယဉ်သာ (စာရင်း ၁ဝ၅ဝ/၈)

ဆင်ဝင် (စာရင်း ၁ဝ၄၅/၄၅)

ဆပ်သွး (စာရင်း ၁ဝ၄၅/၄၄)

ဆန် (စာရင်း ၁ဝ၄၅/၆၉)

ဆိတ် (စာရင်း ၁ဝ၄၅/၅၇)

ဆွံ (စာရင်း ၁ဝ၅ဝ/၃၅)

တခွန် (စာရင်း ၁ဝ၅ဝ/၁၃)

တပိုဝ် (စာရင်း ၁ဝ၄၅/၁၃)

တလည် (စာရင်း ၁ဝ၁၄ ခ/၁၈)

တုယင် (စာရင်း ၁ဝ၅ဝ/၂၆)

တင်ရု (စာရင်း ၁ဝ၅ဝ/၄၆)

တင်လဲ (စာရင်း ၁ဝ၄၅/၃၁၊ ၁ဝ၅ဝ/၂၅)

တံကျင် (စာရင်း ၁ဝ၅ဝ/၄၈)

တံခး (စာရင်း ၁ဝ၄၅/၄၅)

တံတိုင် (စာရင်း ၁ဝ၄၅/၃၈)

တန်စည် (စာရင်း ၁ဝ၄၅/၃၄)

တန်ထာ (စာရင်း ၁ဝ၄၅/၅၅)

ထမင် (စာရင်း ၁ဝ၅ဝ/၅၄)

ထီ (စာရင်း ၁ဝ၄၅/၇၂၊ ၁ဝ၅ဝ/၁၃)

ထောပတ် (စာရင်း ၁ဝ၅ဝ/၂၅)

ထန် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ထံစင် (စာရင်း ၁ဝ၄၅/၇၂)

ထိပ် (စာရင်း ၁ဝ၅ဝ/၆၂)

ထုပ် (စာရင်း ၁ဝ၄၅/၃၅၊ ၁ဝ၅ဝ/၇၅)

နရည်စရာ (စာရင်း ၉၈၁၊ က/ ၁၂၊ ၁၅)

နဝရတ် (စာရင်း ၁ဝ၅ဝ/၅၇)

နသာရည် (စာရင်း ၁ဝ၅ဝ/၆၃)

နီလာ (စာရင်း ၁ဝဝ၂/၄)

နေဇာ (စာရင်း ၁ဝ၅ဝ/၇ဝ)

နောင်နင် (စာရင်း ၁ဝ၄၅/၃၉)

နိုဓန် (စာရင်း ၁ဝ၅ဝ/၂၅)

နန်တော် (စာရင်း ၁ဝ၅ဝ/ ၁၁၊ ၂၈)

နွး (စာရင်း ၁ဝ၄၅/၃၉)

နွာချေ (စာရင်း ၁ဝ၅ဝ/၃၆)

နွာနိုဝ် (စာရင်း ၁ဝ၅ဝ/ ၅၊ ၂၅၊ ၃၆၊ ၃၇)

နိုယင် (စာရင်း ၁ဝဝ၂/၄)

ပလင် (စာရင်း ၁ဝ၅၁/၈၉)

ပိဋကတ်တိုက် (စာရင်း ၁ဝ၄၅/၄၉)

ပိတောက် (စာရင်း ၁ဝ၅ဝ/၇ဝ)

ပိနဲ့ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ပိမှန် (စာရင်း ၁ဝ၅ဝ/၅ဝ)

ပုခက် (စာရင်း ၁ဝ၄၈၊ ခ/၁၁)

ပစ္စမီ (စာရင်း ၁ဝ၄၅/၄၆)

ပန်ကပ် (စာရင်း ၁ဝ၅ဝ/၃၈)

ပန်တောင် (စာရင်း ၁ဝ၅ဝ/၃၈)

ပန်တိုင် (စာရင်း ၁ဝ၄၅/၄၉)

ပေါက်တု (စာရင်း ၁ဝ၅ဝ/၃၁)

ပေါက်ပေါက် (စာရင်း ၁ဝ၅ဝ/၃၈)

ဖတ် (စာရင်း ၁ဝ၁၄၊ ခ/၄ဝ)

ပတ္တမြာ (စာရင်း ၁ဝဝ၂/၃)

ပိတ် (စာရင်း ၁ဝ၄၅/၂၉)

ပိန် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ပုတ်ဆိန် (စာရင်း ၁ဝ၅ဝ/၄ဝ)

ပုန်ညက် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ပျာ (စာရင်း ၁ဝ၅ဝ/၂၅)

ဖလး (စာရင်း ၁ဝ၄၅/ ၃၆၊ ၄ဝ)

ဖျင် (စာရင်း ၁ဝ၄၆/၂၉၊ ပေါင်ဖျင် ၁ဝ၄၅/၄ဝ)

ဖူ (ဘူး) (စာရင်း ၁ဝ၅၅ က/၂၂၊ ခ/၅)

ဗိတန် (စာရင်း ၁ဝ၄၅/၄၅)

မရဖင် (စာရင်း ၁ဝ၄၅/၃၁)

မုရင် (စာရင်း ၁ဝဝ၁/၂၈)

မင်ကျဉ် (စာရင်း ၁ဝ၄၅/၆ဝ)

မောင် (တီးရန်) (စာရင်း ၁ဝ၅ဝ/၅၉)

မဏ္ဍပ် (စာရင်း ၁ဝ၅ဝ/၇၆)

မန္ဈရာ (စာရင်း ၁ဝ၅ဝ/၇၃)

မျက်သုတ် (စာရင်း ၁ဝ၅ဝ/၂၆)

မြတသောင်တန် (စာရင်း ၈၉၉၅/၆)

မြူတာ (စာရင်း ၁ဝ၅ဝ/၁၆)

မြင် (စာရင်း ၁ဝ၄၅/၃၉)

မြှောက်စည် (စာရင်း ၁ဝ၄၅/၃၅)

မှန်ကာ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

မှန်တ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

မှန်လျှင် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ရတနာ (စာရင်း ၁ဝ၅ဝ/၅၅)

ရေခွက် (စာရင်း ၁ဝ၅ဝ/၅၃)

ရေအိုဝ် (စာရင်း ၁ဝ၅ဝ/၅၃)

ရှောက် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ရွှေ (စာရင်း ၁ဝ၅ဝ/၅ဝ)

ရွှေပြာ (စာရင်း ၁ဝ၅ဝ/၇၃)

ရွှေလှော (စာရင်း ၁ဝ၄၅/၄၇)

လေ (ပြစ်ခတ်ရန်) (စာရင်း ၁ဝ၅ဝ/၁၉)

လက်ခုပ် (စာရင်း ၁ဝ၅ဝ/၆၇)

လက်တီ (စာရင်း ၁ဝ၄၅/၄၅-၄၆၊ ၁ဝ၅၅၊ က/၁၅)

လက်ကောက် (စာရင်း ၁ဝ၅ဝ/၅၇)

လက်ထုပ် (စာရင်း ၁ဝ၁၄၊ က/၄၈)

လက်ဖက် (စာရင်း ၁ဝ၄၅ /၂၉၊ ၄ဝ)

လင်ခွင် (စာရင်း ၁ဝ၁၄၊ ခ/၄ဝ)

လင်ပန် (စာရင်း ၁ဝ၄၅/ ၃၆၊ ၄ဝ၊ ၄၂)

လှေ (စာရင်း ၁ဝ၅ဝ/၂၄)

လှံ (စာရင်း ၁ဝ၅ဝ/ ၁၉၊ ၄၁)

လျောက် (စာရင်း ၁ဝ၄၅/၃၅၊ ၁ဝ၅ဝ/၇၅)

လွ (စာရင်း ၁ဝ၄၅/၃၉)

ဝတ်စာ တန်ဆာ (စာရင်း ၁ဝ၅ဝ/၆၇)

သပိုင် (စာရင်း ၉၈၁၊ က/၂၆)

သပြေ (စာရင်း ၁ဝ၅ဝ/၇ဝ)

သိရက် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

သေ (သောက်ရန်) (စာရင်း ၉၈၁၊ ခ/၅၊ ၁ဝ၄၅/ ၅၆၊ ၆၄၊ ၇ဝ)

သင်ကန် (စာရင်း ၉၈၁၊ က/၂၆)

သင်တွဲ (စာရင်း ၁ဝ၄၅/၄၇)

သစ္စေ (စာရင်း ၁ဝ၄၅/၃၁)

သစ်သီ (စာရင်း ၁ဝ၅ဝ/၇ဝ)

သည်ဒွေ (စာရင်း ၁ဝ၅ဝ/၆၃)

သည်မ (စာရင်း ၁ဝ၅ဝ/၆၃၊ ၁ဝ၅၅၊ က/၁၅)

သည်လတ် (စာရင်း ၁ဝ၅ဝ/၆၃)

သန် (လယ်) (စာရင်း ၁ဝဝ၁/၂၈)

သန္ဈာ (စာရင်း ၁ဝ၅ဝ/၃၇)

သံခြေချင် (စာရင်း ၁ဝ၅ဝ/၆၂)

သံဘရာ (စာရင်း ၁ဝ၁၄ ၊ ခ/၁၈)

သံလွင် (စာရင်း ၁ဝ၅ဝ/၁၉)

သံလျက် (စာရင်း ၁ဝ၅ဝ/၅၃)

ဟင်သပတး (စာရင်း ၁ဝ၄၅/၄၇)

အဆိမ်အဣုန် အချိုဝ်အချဉ် အလှော်အသင် (စာရင်း ၁ဝ၅ဝ/၅၈)

အပြောက် (စာရင်း ၁ဝ၅၅၊ က/၁၇)

အဝတ် (စာရင်း ၁ဝဝ၁/၃၃)

အသည်တိုင် (စာရင်း ၁ဝ၅ဝ/ ၇၃၊ ၇၈)

ဥကင်သ (စာရင်း ၁ဝ၄၅/၄၅)

ဥထုပ် (စာရင်း ၁ဝ၅ဝ/၂ဝ)

ဥရုတိုင် (စာရင်း ၁ဝ၅ဝ/၈၃)

သြဇာ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

အဲမောင် (စာရင်း ၁ဝ၅ဝ / ၁၉)

အင် (စာရင်း ၁ဝ၅ဝ/၇၃)

အင်္ကတေ (စာရင်း ၁ဝ၄၅/၃၁)

အင်္ကီ (စာရင်း ၁ဝ၅ဝ/၆၁)

အင်ကြင် (စာရင်း ၁ဝ၁၄-ခ/၁၈)

အုန် (စာရင်း ၁ဝ၁၄-ခ/၁၈)

အုမ်ဣပ်ရာ (စာရင်း ၁ဝ၅ဝ/၅၄)

အုတ် (စာရင်း ၁ဝ၄၅/၃၂)

အုတ်ွ့ကပ် (စာရင်း ၉၈၁၊ က/၂၃-၄)

အိုဝ်ပြစ် (စာရင်း ၁ဝ၅ဝ/၉)


ဒီစာရင်းကို အမှီပြုပြီး ဟိုတုန်းက လူနေမှုကို အသင့်အတင့် စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။
တကယ်ကတော့ ၁၅၂၆ လောက်မှာ အခြေအနေ သိပ်ဆိုးသွားပေမယ့် အဲဒီ အရင်နှစ်တွေမှာ အဝ ဝန်းကျင်ပင် စည်ပင်နေပါတယ်။ စောစောက ၁၃၈၆ ခုက ၁၄၂၆ ခုထိ၊ အနှစ် လေးဆယ်လောက် အထက် ဗမာနိုင်ငံနဲ့ အောက်ဗမာနိုင်ငံ စစ်တိုက်ခဲ့တာတွေရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ပြန်ပြီး ပြင်ဆင်နိုင်ပြီ ဖြစ်တယ်လို့ တွေ့နေရပါတယ်။ ကျောက်စာ တခုမှာ 'စာတီများကို ပဲသည်ကို ဆက်၏' (စာရင်း ၈၄ဝ၊ က/၁ဝ) လို့ တွေ့ရတယ်။ အဲဒါအပြင် 'ဓိအထွတ် စသည်လည် တင်တ်မူ၏' (စာရင်း ၁ဝဝ၁/၁၆) လို့ ၁၄၈၂ ခုနှစ်၊ ထိုကျောက်စာမှာ ဖော်ပြထားတာ တွေ့ရပါသေးတယ်။ ဒီနေရာမှာ စကား စပ်မိလို့ ပြောချင်တာက ပုဂံခေတ်က ဘုရားတွေမှာ အထွတ်ပဲ ရှိတယ်၊ ထီးတင်လေ့ မရှိဘူး။ အခု ခရစ်နှစ် ၁၅ဝဝ ပြည့်ဘက်ရောက်မှ ထီးတင်တယ်လို့ သိရပါတယ်။ ကူနံရံတွေ ညစ်ပေ နေတာကိုလည်း သန့်ရှင်းသွားအောင် ထုံးပွတ်ပြီး ၁၄၈၄ ခု၊ ရက်စွဲနဲ့ မင်စာ ရေးခဲ့တာကို -
အလုံးစုံလျှင် အဖြူတိလည် ဖွပ်၏အ်။ ခိရားသီး နှင့်အကွသော ရွှေဓိး ငါးဆင်လည် တင်၏ … အထက်ဝန်းကျင်လျှင် အလွန်သာယာစွာသော ရွှေဆည်လည်း အတိလည်းဆွဲ၏။ … ဆေးဝါးပြောင်ပြောင် ရေး၏။ (စာရင်း ၁ဝ၅ဝ/၆-၁ဝ)
လို့ မှတ်တမ်း တွေ့ရပါတယ်။ ဘုရားတကာက ရှေးဘုရားကို ပြုပြင်ရလို့ ဝမ်းသာပေမယ်၊ ဒါပေမဲ့ ရှေးလက်ရာတွေ ထုံးပွတ်ပြစ်လို့ အနုပညာ အဖိုးတန် ပစ္စည်းတွေ တိမ်ကော ပျောက်ပျက်ကုန်လို့ ကျနော်တို့ နှမျောတယ်။ ဒီလို ရှေးလက်ရာ ပျောက် ပြင်တာကို 'ပြင်လို့ ပျက်တယ်' လို့ ခေါ်ပါတယ်။ အခု လေ့လာဆဲ ဖြစ်တဲ့ ၁၅ ရာစုထဲမှာ ငလျင်ဒဏ်ကြောင့် ဘုရားပုထိုး ပျက်တာတွေလည်း ရှိပါတယ်။ 'ငလျင်ကြီးလည် သိံသိံ လုပ်၍ တံတိုင်မီတာ များစွာ ပြို၏' (စာရင်း ၁ဝ၁၄၊ က/၁၉) လို့ ၁၄၂၆ ခု၊ မှတ်တမ်း တခုက ဆိုတယ်၊ ပြီးတော့ ၁၄၈၅ ခု မှတ်တမ်းထဲမှာလည်း -
သက္ကရစ် ၈၄၇ ခု ဝါခေါင်လ္စန် သုံမ်ရက် ကြာသပတေနေ မိုဝ်သောက် ထနှိုက် သည်စွာသော မြေကြီ ငလျင် လုပ်သဖြင့် ဖုရာသိခင်လည် ပန်တင်သိုဝ်တိုင်အောင် အစိတ်စိတ် ပြိုကွဲဘိ၏ (စာရင်း ၁ဝ၁၄၊ ခ/၁ဝ)
လို့ တွေ့ရပါတယ်။ ခပ်တိုတို ပြောရရင် အဲဒါတွေကို ပြင်ဆင်ကြပါတယ်။ ဒါပေမဲ့ နောက်ထပ် ပျက်ကိန်းက ရှိနေသေးတာကို အများ အသိပါပဲ။ ဒါကြောင့် ၁၅၅၈ ခု၊ မှတ်တမ်း တခုမှာ -
ပုဂံ ပင်ယ စကိုင် စသော အဝ မင်နေပြည်တိုဝ်နှိုက် မိစ္ဆာ … … တိုဝ် ဖျက်ဆီလေသော စေတီ ပုဓိုဝ် ပိဋကတ်အပေါင် (စာရင်း ၁ဝ၇၃၊ ခ/၈)ကို ပြင်ရပြန်တယ်လို့ တွေ့ကြရတာပေါ့။
နောက်ဆုံး အပိုဒ်အနေနဲ့ ကိုးကွယ် ယုံကြည်မှုရယ် အလေ့အလာ တချို့ရယ် ဘယ်လို ရှိတယ်လို့ ပြောပြချင်ပါတယ်။ ပုဂံခေတ် ဖြစ်တဲ့ ၁၁ ရာစု ဦးလောက်က စပြီး၊ ဗမာတွေ ဗုဒ္ဓသာသနာကို လက်ခံခဲ့ကြတယ် ဆိုပေမဲ့ အရေးကြီးတဲ့ အလုပ် တခုခု ပြီးမြောက်ရင် အောင်သေ အောင်သား စားတယ် ဆိုပြီး သေရည်နဲ့ အမဲဟင်းလျာတွေ အဝ သောက်စားကြမြဲ ဖြစ်တယ်။ ဒီအလေ့ဟာ ၁၅ ရာစုကုန်တဲ့ အပိုင်းရောက်တဲ့ အခါ ဗုဒ္ဓသာသနာရဲ့ သြဇာကြောင့် 'သေသာစာသောက်ပွဲ' နေရာမှာ လက်ဖက် လက်ဆုံစားတာ ဝင်လာပြီး သေသား စားသောက်တဲ့ အကျင့် ပျောက်ကွယ် လိုက်ပါတယ်။ ဒီအကျင့်စာ ဗုဒ္ဓသာသနာကို ဗမာတွေ လက်မခံမီက အရိုးအစဉ် ရှိခဲ့တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ ဒီအကျင့်ကို ဗုဒ္ဓသာသနာကြောင့် စွန့်လိုက်တယ် ဆိုပေမဲ့ ဗုဒ္ဓသာသနာနဲ့ မဆိုင်တဲ့ တခြားအကျင့်တွေ ကျန်နေပါသေးတယ်။ ဥပမာ ရွှေနန်းကြော့ရှင်ရဲ့ ၁၅၁ဝ ပြည့်နှစ်၊ နန်းတည်ကျောက်စာ (စာရင်း ၁ဝ၅ဝ) ကို ဖတ်ကြည့်ရင် ပုဏ္ဏားတွေနဲ့ 'နှစ်ကျိပ်သောနတ်' (စာရင်း ၁ဝ၅ဝ/၅၄) တွေကို ပူဇော်တာ အကြိမ်ကြိမ် တွေ့ရမယ်။ တိုင်းသူ ပြည်သားကိုလည်း 'မိမိတိုဝ် ကိုဝ်ကွဲစမြဲသော' (စာရင်း ၁ဝ၅ဝ/၅၉) နတ်ကို ကိုးကြရမယ်လို့ ရှင်ဘုရင်က ခိုင်းတယ်။ ပဂိုး ကလျာဏီ ကျောက်စာထဲမှာ ပုဏ္ဏားတွေနဲ့ ရှင်ဘုရင်ကို ဘိသိက်သွန်းပုံမျိုး ဘုရားဓာတ်တော်တွေကို ဘိသိက်သွန်း ရတယ်လို့ တွေ့ရပါတယ်။ အဲ့ဒါကို ခွင့်ပြုတဲ့ ရာမာဓိပတိ (အများခေါ် ဓမ္မစေတီမင်း) ဟာ သာသနာပြု မင်းအဖြစ်နဲ့ ထင်ရှား လှပါတယ်။ ဗုဒ္ဓသာသနာနဲ့ ပတ်သက်ရင် အခု ကျနော်တို့ လေ့လာဆဲ ခေတ်မှာ အောက်ဗမာနိုင်ငံက ခေါင်းဆောင် ဖြစ်နေပါတယ်။ အဲဒီအခါက အောက်ပိုင်းကို ရာမညတိုင်းလို့ ခေါ်ပြီး 'ကုသိမ်အပြင်၊ ဟံသာဝတီအပြင်၊ မုတ္တမအပြင်' ဆိုတဲ့ နယ်ကြီး သုံးနယ် ပါဝင်တယ်။ အဲဒီနယ်တွေမှာ အခု တွံတေး ဝန်းကျင်မှာ ရှိတဲ့ ရှေးဒလ နေရာမှာ တိုင်းရင်းသား ရဟန်းဂိုဏ်း ရှိပေမဲ့ ကျန်နေရာတွေမှာ သီဟိုဠ်ဂိုဏ်းက လွှမ်းမိုးတယ်။ ဒါပေမဲ့ သီဟိုဠ်ဂိုဏ်းထဲမှာပဲ ဂိုဏ်းငယ် ငါးမျိုး ကွဲနေလို့ အဲဒါတွေ မလိုလားအပ်ဘူး ဆိုပြီး ရာမာဓိပတိမင်းက ပြုပြင်ဖို့ ဆုံးဖြတ်တယ်။ ပြီးတော့ ၁၄၇၆ ခုက စပြီး သီဟိုဠ် အကူအညီနဲ့ ပြုပြင်ပါတယ်။ သီဟိုဠ်ကို ရဟန်းတော် နှစ်ဆယ့်နှစ်ပါး လွှတ်ပြီး စင်ကြယ်တဲ့ ရဟန်းဘဝကို ရအောင် သီဟိုဠ်မှာ ပြန်ပြီး သိမ်တက် ရဟန်းခံ လုပ်ခဲ့စေတယ်။ အဲဒီ ရဟန်းတော်တွေ ပြန်ရောက်လာတော့ သိမ်သစ်ဖြစ်တဲ့ ကလျာဏီသိမ်ကို သမုတ်ပြီး ရှိပြီးသား ရဟန်းတွေကို လူဝတ်လဲစေပြီး ပြန်ရဟန်းခံကြ စေပြန်တယ်။ အဲဒီအခါမှာ စင်ကြယ်တယ်လို့ အာမခံနိုင်တဲ့ ရဟန်း ၁၅,၆၆၆ ပါး ရပါတယ်။ ဒီရဟန်းတွေဟာ ပရိယတ် ပဋိပတ် နှစ်မျိုးစလုံးမှာ အာမခံတွေမို့ လက်ရွေးစင်လည်း ဖြစ်တယ်။ မင်းရဲ့ အကူအညီရလို့ ဒီလို အောင်မြင်တယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရာမာဓိပတိမင်းဟာ ကူညီတာထက်ပိုပြီး သူ့အတွက် အမြတ်ယူတယ်လို့ ဆိုရင်လည်း ဖြစ်ပါတယ်။ ဘာပြုလို့လဲ ဆိုတော့ 'ရဟန်းခံ' ဆိုတဲ့ သာသနာ့ဘောင်ကို လူသစ် ရွေးချယ် လက်ခံပွဲမှာ ရဟန်းတွေမှာ ရွေးချယ်နည်း ကန့်သတ်ပြီး ဥပဒေတွေ ရှိနေပေမဲ့ ပဒေသရာဇ်က သူ့အလိုကျ ထပ်ပြီး ဖြေ့စွက်တာကို တွေ့ရလို့ပါပဲ။ ရာမာဓိပတိက လူသစ်လက်ခံတဲ့ အခါမှာ -

(၁) မင်းပြစ်သင့်သူ

(၂) ထင်ရှားတဲ့ လူဆိုး ဓားပြ

(၃) ကိုယ်လက်အင်္ဂါ ချို့တဲ့ နေတဲ့လူ

(၄) ကုန်းကွ လှီကင်း ကောက်ခွင်နေလို့ မြင်ရုံနဲ့ ရယ်စရာကောင်းသူ

အဲဒီ လူမျိုးတွေကို ရဟန်းခံ မပေးပါနဲ့လို့ သူက အမိန့်ပေးတယ်။ ရဟန်းဝတ် မပေးရလို့ ပြောထားပါရက်ကနဲ့ တိတ်တဆိတ် ဝတ်ပေးလို့ ပေါ်ပေါက်ရင် ရာဇဝတ် သင့်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ဒီနေရာမှာ သံသရာကို ကြောက်လို့ သတိ သံဝေဂရလို့ လူ့ဘောင်ကို စွန့်ချင်ရင် ခြေလက် အင်္ဂါစုံဖို့ လိုတယ်လို့ အဓိပ္ပါယ် ထွက်နေတယ်။ ဒါကြောင့် ရာမာဓိပတိဟာ ဒီတချက် အင်မတန် မှားသွားတယ်လို့ ပြောနိုင်ပါတယ်။
ရဟန်းတွေထဲမှာ လဇ္ဇိ ပေသလ၊ သိက္ခာကာမ ဖြစ်စေဖို့ ဆိုပြီး (၁) ဆေးကုတဲ့ ရဟန်း၊ (၂) ဗေဒင်ဟောတဲ့ ရဟန်း၊ (၃) လက်မှု ပညာ တခုခုနဲ့ စီးပွားရှာတဲ့ ရဟန်း၊ (၄) ဖွဲ့နွဲ့ ပြောဟောပြီး ငွေအလှူခံတဲ့ ရဟန်း၊ (၅) လူတွေနဲ့ ရောနှောလွန်းတဲ့ ရဟန်းနဲ့ (၆) အပြစ် ရှိတယ်လို့ ကဲ့ရဲ့ ခံရဖူးတဲ့ ရဟန်းတွေကို ရှာဖွေပြီး လူထွက် ခိုင်းတယ်။ အဲဒါ အပြင် စောစောက စီးပွားဖြစ်အောင် စုပြီး ချမ်းသာနေတဲ့ ရဟန်းကို ဥစ္စာကို စွန့်ရင်စွန့် မစွန့်ရင် ရဟန်း ဘဝကို စွန့်ခိုင်းတယ်။ ဒီနည်းတွေကတော့ သာသနာ့ အညစ်အကြေးကို ရှင်းလင်းတာ ဖြစ်လို့ ကောင်းပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင် အခု လေ့လာခဲ့တဲ့ ဗမာ သက္ကရာဇ် ၈၆ဝ၊ ခရစ်နှစ် ၁၅ဝဝ လောက်က လူမှုရေးကို ပြန်ကြည့်ရရင် ဗမာနိုင်ငံမှာ နေထိုင်မြဲ ဖြစ်တဲ့ တိုင်းရင်းသားတွေဟာ ခေတ်ဟောင်းကို စွန့်ပြီး ခေတ်သစ်ကို ကူးဖို့ အခွင့်ကောင်း ရတဲ့အချိန် ဖြစ်တယ်။ အနောက်တိုင်းက စွန့်စားသူတွေလည်း အရှေ့တိုင်းကို စတင် ပေါက်ရောက်စ အခါ ပြည်တွင်း ပြည်ပ လှုပ်ရှားမှုတွေနဲ့ ကြုံကြိုက်တဲ့ အခါဖြစ်တယ်။ ပုဂံခေတ် စကားပြေ အရေးအသား ကနေပြီး အဝခေတ် ပျို့ ကဗျာ လင်္ကာ အရေးအသားကို တိုးတက်လာမယ်။ အနုပညာ ပန်းချီ ပန်းပု ကျောက်ဆစ်နဲ့ ပိသုကာ လက်ရာတွေဟာလည်း မလွဲမသွေ တိုးတက်မှာပါပဲ။ ဘာပြုလို့လဲ ဆိုတော့ ပုဂံခေတ်က ရှင်ဘုရင်နေတဲ့ အိမ်ကို အိမ်ကြီး အိမ်တော်လို့ပဲ ခေါ်ခဲ့ရာက အဝခေတ်မှာ ရွှေအိမ်နန်းနဲ့ ကြငှန်းလို့ ခေါ်လာကြတဲ့ အပြင် ဘုရင်တပါးဟာ ကျန်ရစ်ခဲ့တဲ့ ကျောက်စာ အရ အင်မတန် ကောင်းတဲ့ နန်းတော်ကို ဆောက်ပြီး အဲဒါ ဂုဏ်ယူတဲ့ အနေနဲ့ 'ရွှေနန်းကြော့ရှင်' ဘွဲ့ကို ယူခဲ့တယ်။ ဒီလို အထက် ဗမာနိုင်ငံမှာ စာပေနဲ့ အနုပညာ တိုးတက်လာသလို အောက်ဗမာနိုင်ငံမှာ သာသနာ့ ပြုပြင် ပြောင်းလဲရေး အကြီးအကျယ် ဖြစ်တယ်။ ဒါပေမဲ့ ၁၆ ရာစုရဲ့ ပထမ နှစ်အစိတ် အလွန်မှာ နိုင်ငံရေး ဆူပူမှုတွေနဲ့ ပြည်သူ့ အသက် အိုးအိမ် စည်းစိမ်ကို ထိခိုက်တဲ့ တိုက်ခိုက်ပွဲတွေ ကြုံရလို့ လူမှု စီးပွားရေး ပျက်ပြားပြီး စာပေ အနုပညာဘက်မှာလည်း နှမြောစရာ ကောင်းလောက်အောင် တိုးတက်မှု အရှိန် ရော့သွားတာကို တွေ့ရပါတယ်။ ဒီလိုသာ လူမှု စီးပွားရေးကို မထိခိုက်ဘူး ဆိုရင် ၁၆ ရာစုထဲမှာ ပုဂံ ယဉ်ကျေးမှုထက် သာတဲ့ ယဉ်ကျေးမှု တရပ်ကို ဗမာနိုင်ငံ အလယ်ပိုင်းမှာ တွေ့နိုင်လောက်စရာ ရှိပါတယ်။

ဒေါက်တာ သန်းထွန်း

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့/ နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်/စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

“ သဘာဝ ”

“ သဘာဝ ”

ငယ်စဉ်အရွယ့့် 

ကျောင်းစနေစဉ်အချိန်လောက်ကတည်းက

အစပျိုးခဲ့တဲ့အလေ့အကျင့်တခုပ

တခုခုလိုချင်ရင်

အရင်စဉ်းစားပြီးမှ

မှန်တယ်ထင်တာကို

အခြေအနေအရ

လုပ်ကိုင်တတ်တာက

ကျနော့ရဲ့မွေးရာပါ သဘာဝ့  ။

ကြီးပြင်းလို့အရွယ်ရောက်လာလည့်း့ 

မှန်တယ်ထင်တာကိုတဇွတ်ထိုးလုပ်ကာ

ဆက်လုပ်တတ်တာကလည်း

ဖျောက်ဖျက်ပြစ်လို့မရပါ့  ။

တခါတလေမှာလည်းပဲ့ 

ဘ၀အတွေ့အကြုံတွေကရခဲ့တဲ့

ဗဟုသုတတွေကိုစုပေါင်း

ပြည်လည်သုံးသပ်

တခြားအသစ်ပြန်ထွင်တတ်တာလည်း

ငါ့ရဲ့ သဘာဝတခုပဲ့  ။

ကံဆိုတာလူလုပ်သမျှဆိုတာကိုသိထားခဲ့လို့ 

ငါ့ဘ၀့  ငါ့ကံနဲ့

ငါ့အနာဂတ်ကောင်းတွေ ဆက်ကောင်းအောင်နေ

ပြီးတော့  ဇာနည်မောင်ဆိုတဲ့

ငါ့နာမည်ကလေးဟာ

နောင်သားစဉ်မြေးဆက်တွေအထိပါ

ဆက်ကောင်းပြီးနာမည်ကောင်းကျန်ခဲ့ရအောင်

ငါ့ရဲ့  မှန်ကန်တဲ့

အလေ့အကျင့်နဲ့

ငါလုပ်တတ်တဲ့ သဘာဝတွေအတိုင်း

ငါ့သမိုင်းလှလှကလေးကျန်ခဲ့အောင်

ဆက်လက်လုပ်ဆောင်သွားမှာပါ့  ။

ဇာနည်မောင်

၅.၅.၂၀၀၉

၀၅၀၅၂၀၀၉ဒိုင်ယာရီ

Photobucket
google download

mediafire download

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။

အမေရိကန်ပြည်ထောင်စုက ပြည်နယ်အများစုမှာ ၀က်တုပ်ကွေးပြန့်နှံ့ကုန်ပြီ

Tuesday, May 05, 2009
မေ၄ရက်၊ ၂၀၀၉ (bloomberg.com)

အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၃၀ မှာ ၀က်တုပ်ကွေး ပြန့်နှံ့နေပြီးတပတ်ကျော်အတွင်းမှာ အသေအချာ ဖြစ်တယ်လို့ ပြောလို့ရတဲ့ နိုင်ငံ ၂ နိုင်ငံကနေနိုင်ငံ ၂၀ ထိ ခုန်တက်သွားပါပြီ။ သူ့နိုင်ငံကတော့ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးတိုက်ပွဲမှာ အနိုင်ရ နေပြီ၊ ဒီတပတ်အတွင်းမှာ ပုံမှန်အခြေအနေပြန်ရောက်မယ်လို့ မက္ကစီကို သမတ က ပြောအပြီးမှာပဲ ဒီပြန့်နှံ့မှုတွေ ဖြစ်လာတာပါ။

H1N1 လို့တရားဝင်ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးဟာ အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်အားလုံးနီးပါးမှာ ပြန့်နေပုံပါ။ အမေရိကန်နဲ့ မက္ကစီကိုမှာ စဖြစ်ပြီး အလယ်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာရှနဲ့နယူးဇီလန်တို့မှာလည်း H1N1 ဗိုင်းရပ်စ်ပိုးကို တွေ့တယ်ဆိုတာ အတည်ပြုပြီးပါပြီ။

နောက်တပတ်ကျော် မကြာမီမှာ ကူးစက်ပြန့်ပွားတဲ့အဆင့်ရောက်ပြီဆိုတာ ကြေညာချက်ထုတ်တော့မှာ ဖြစ်တဲ့အကြောင်းကို ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကြီးက ပြောပါတယ်။ မက္ကစီကိုကတော့အဆိုးဆုံးပါပဲ။ လူပေါင်း ၅၉၀ ရောဂါပိုးကူးစက်ပြီး၊ ၂၂ ယောက် သေပါတယ်။ “ကျနော် တို့ အခုထိအန္တရာယ်ရှိတဲ့အနေအထားကမလွတ်သေးပါဘူး။ ရောဂါဖြစ်တာပိုများမယ်။ ပိုပြင်းထန်ပြီး အသေအပျောက် ပိုများလာမယ်လို့ ကျနော်ထင်တယ်” လို့ အမေရိကန်ပြည်ထောင်စု က ရောဂါဖြစ်ပွားမှုအခြေအနေကို ကိုးကားပြောဆိုလိုက်ပြီး သိပ္ပံနဲ့ပြည်သူ့ကျန်းမာရေး စီမံကိန်း ယာယီဒုတာ ၀န်ခံ Schuchat က ပြောပါတယ်။ ကမ္ဘာ့မြောက် ခြမ်းမှာ တုပ်ကွေးရာသီရောက်တဲ့အချိန်၊ ဘာတွေဖြစ်လာမလဲဆိုတာကို ကျမတော့ “အရမ်းစိုးရိမ်တယ်” လို့ Schuchat က ပြောပါတယ်။

မက္ကစီကို ဖြစ်ပွားမှုအခြေအနေ

ပြီးခဲ့တဲ့အပတ်က မက္ကစီကိုမှာ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးရောက်ခဲ့ပုံပေါ်ပါတယ်။ ပြည်နယ် ၃၁ခုနဲ့မြို့တော် ခရိုင်တခု ရှိတဲ့အနက် ၂၃ ပြည်နယ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။ “မက္ကစီကိုက အမြန်ဆုံးပုံမှန်အခြေ အနေပြန်ရောက်ဖို့ ကြိုးစားနေပါ တယ်”၊ “ဒီတိုက်ပွဲမှာ ကျနော်တို့နိုင်မှာပါ” လို့ သမတ Felipe Calderon က မနေ့တုန်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၃၀ မှာ ရောဂါဖြစ်သူပေါင်း ၂၂၆ ယောက်ရှိပြီး မက္ကစီကိုက ခရီးထွက်ပြီး ပြန်လာတဲ့ ၂၂ လ ရွယ် ကလေးတယောက် ဧပြီ ၂၇ ရက်က ဟူစတန်ဆေးရုံမှာ သေတယ် လို့ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ် ရေးဌာနက အစီရင်ခံပါတယ်။ ပုံမှန်ရာသီရဲ့နောက်ဆုံးချိန်ရောက်တော့မယ့်အချိန် ဒီတကြိမ်မှာ တုပ်ကွေးဖြစ် တဲ့သူတွေ တိုးလာနေတယ်။ လို့ Schuchat က ပြောပါ တယ်။

လွယ်လွယ်ကူကူပြန့်နှံ့

“ပြန့်နှံ့တာ အရမ်းလွယ်တယ်” လို့ ABC သတင်းဌာနနဲ့အင်တာဗျူးမှာ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာန ယာယီအကြီးအကဲ Richard Besser ပြောပါတယ်။ “ကျောင်းတွေစုနေတဲ့နယူးယောက်စီးတီးအပြင်ဖက်မှာဆို ဒီ ကျောင်းတွေက တဆင့်ပဲ စကားတွေ ကားတာ အရမ်းမြန်တယ်၊ ဒါပေမဲ့ သူတို့တွေ့ရသလောက်ကတော့ ရောဂါဆိုးဆိုးဝါးဝါး ဖြစ်တာမရှိပါဘူး။ မိသားစုတွေထဲမှာ ကူးစက်တာလည်း ဆိုးဆိုးဝါးဝါး မဟုတ်ပါဘူး။ အားတက်စရာပါ။ ကိုလမ်ဘီယာနဲ့အယ်လ်ဆာဗာဒို နိုင်ငံတွေ ကို ရောဂါဖြစ်တာ သေချာတဲ့ စာရင်းထဲကို ထည့်လိုက်ပြီလို့ ဂျနီဗာအခြေ စိုက်ကုလသမဂ္ဂအေဂျင်စီတခုဖြစ်တဲ့ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ချုပ်က ဒီကနေ့ထုတ်ပြန်ပါတယ်။ တခြား နိုင်ငံတွေကတော့ သြစတြေးလျ၊ ကနေဒါ၊ ကော်စတာရီကာ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ တရုတ်(ဟောင်ကောင်)၊ အိုင်ယာလန်၊ အီတလီ၊ မက္ကစီကို၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ပါတယ်။

လူကနေ ၀က်တွေကို ကူးလာတဲ့ ကမ္ဘာ့ပထမဆုံးလူသိတဲ့ဝက်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ အယ်လ်ဘာတာပြည်နယ် က မွေးမြူ ရေးခြံ လုပ်သားတဦး မက္ကစီကို သွားတုန်းက ဖျားလာအပြီးမှာ ဖြစ်ဖို့များတယ် လို့ မေလ ၂ ရက်က ကနေဒါ ကျန်းမာရေးအရာရှိ တွေက အစီရင်ခံပါတယ်။

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

Kaowao မေ ၄၊ ၂၀၀၉။
ဘုရားသုံးဆူ(မေလ-၄) ။ ။ နယ်စပ်မြို့ ဖြစ်သော ဘုရားသုံးဆူမြို့စစ်ဆေးရေးဂိတ်တွင် မြန်မာအာဏါပိုင်အဖွဲ့ပေါင်းစုံ
မှ ကြီးကြပ်၍ မေလ(၁)ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံမှဝက်သားဝင်ရောက်မူကို တားမြစ်ဖမ်းဆီးခဲ့သည်။

ထိုင်းဘက်ကမ်းသောကြာနေ့ဈေးတွင် ဈေးဝယ်ပြန်လာသူများရှာဖွေစစ်ဆေးပြီး ဝက်သားများပါလာပါက သိမ်းဆည်းခဲ့ သည်။ ဘုရားသုံးဆူမြို့ဈေးတွင်၎င်း စားသောက်ဆိုင်များ၌၄င်း ဝက်သား၊ ဝက်နှင့်ပက်သက်သောဟင်းလျာများ ရောင်း ချခွင့်မပြုပေ။

မက္ကဆီကိုနိုင်ငံမှ အစပြုဖြစ်ပွါးခဲ့သော H1N1 အမျိုးအစားဝက်တုတ်ကွေး ဗိုင်းရပ်ကူးစက်ရောဂါအရှိန်ကြောင့် မြန်မာ အာဏါပိုင်များက ထိုင်းနိုင်ငံမှဝက်သားဝင်လာမှုကို တားမြစ် ပိတ်ပင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အမည်မဖေါ်လိုသူရွာသားတစ်ဦး၏အဆိုအရ အဆိုပါဖမ်ဆီးခဲ့သောဝက်သားများကို အဖွဲ့ပေါင်းစုံမှ မြေမြုပ်ခြင်းမပြုဘဲ ဝေစုခွဲ၍ အိမ်ကိုသယ်ယူသွားကြောင်း မိမိတို့သတင်းဌာနကို ပြောကြားခဲ့သည်။

ထိုင်းဘက်ကမ်းတွင်မူ ဝက်သားများကို သေချာစွာစစ်ဆေးပြီး ရောင်းချနေဆဲဖြစ်သော်လည်း လိုအပ်သောကျန်းမာရေး ပညာပေးမှုအပိုင်း၌ ကျယ်ြပန့်စွာပြုလုပ်ပေးခဲ့ပြီးဖြစ်သည်၊ မြန်မာဘက်ရှိ ဘုရားသုံးဆူမြို့ရှိအဏာပိုင်များမှာ ဝက်သား ရောင်းချမှုပိတ်ပင်ခဲ့သော်လည်း ကျန်းမာရေးပညာပေးမှုများမပြုလုပ်ရသေးဟု ဆေးဝန်ထမ်းတစ်ဦးမှပြောပါသည်။

သမာသတိနဲ့ သတ္တိရှိတဲ့ဆုံးဖြတ်ချက်

Tuesday, May 05, 2009
စိုးနေလင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တခုနဲ့ ပတ်သက်ပြီးဆောင်းပါးတပုဒ်ကို "မှန်ကန်ရဲရင့်တဲ့ ဆုံး ဖြတ်ချက်" ဆိုတဲ့ခေါင်းစဉ်နဲ့ရေးပြီး ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှာဖော်ပြခဲ့ဖူးပါတယ်။ ခေါင်းစဉ်ကတော့ စကားလုံး အ တိအကျဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

စစ်အစိုးရရဲ့ အမျိုးသားညီလာခံဆိုတဲ့ အတုအယောင်ညီလာခံကြီးကို နောက်ဆုံးအကျော့ ပြန်မစခင် ကျနော်တို့တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံကို ပြန်တက်မှာလား မတက်ဘူးလား၊ ဘယ်လို ဆုံးဖြတ်မှာလဲ၊ ဆုံးဖြတ်ချက် မှန်ကန်ပြတ်သားပါ့မလားဆိုပြီး ရင်တမမနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရဲရဲရင့်ရင့် မှန်မှန်ကန်ကန်ပဲ ညီလာခံမှာ ပါဝင်တက်ရောက်ဖို့ကို ငြင်းဆန်ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတုံးကတော့ စစ်အစိုးရက သူလိုချင်တဲ့ အချက်အလက်တွေပဲ ပါရအောင် အတင်းရေးဆွဲ ခိုင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၀င်ရောက်ထောက်ခံပေးရမယ့် ကိစ္စသာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါလည်း သူတို့ဘာသာရေးဆွဲသွားမှာပဲဆိုတာ ရှင်းနေခဲ့ပါတယ်။ ခုဆို ပြည်သူ့ဆန္ဒခံယူပွဲ ဆိုတာကြီးကို အတည်ဖြစ်အောင် လုပ်နည်းမျိုးစုံနဲ့ ခြိမ်းခြောက်လှည့်စားပြီး ထောက်ခံအတည်ပြုလို့တောင် ပြီးသွားပါပြီ။ သိပ်တော့ အရေးမပါလှပါဘူး။ ဒါပေမယ့်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါပဲ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံနဲ့ အဲဒီ ညီလာ ခံက ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥကဒေဆိုတာပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုကတော့ မရှိသလောက်ပါပဲ။

ခုတခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စဉ်းစားဆုံးဖြတ်ရတဲ့ ကိစ္စကတော့ အရေးအကြီးဆုံး ဆုံးဖြတ်ရတဲ့ ကိစ္စပါ။ တရားဝင် ပါတီ ဖြစ်တဲ့အပြင် ၁၉၉၀ ရွေးကောက်ပွဲမှာ တပါတီထဲအစိုးရဖွဲ့နိုင်လောက်တဲ့ မဲအရေအတွက်ထက် အများကြီးပိုရရှိခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီတရပ်အနေနဲ့ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကိုဝင်မလား မ၀င်ဘူးလား လို့ဆုံးဖြတ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးပါတီတခုအနေနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းရမှာဟာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က "ရွှေဂုံတိုင်ကြေငြာစာတမ်း"ကိုထုတ်ပြန်ပြီး မှန်ကန်ရဲရင့်တဲ့ဆုံးဖြတ်ချက်ကို ပြသ လိုက်နိုင်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဒီမိုကရေးစီ လိုလားထောက်ခံသူတွေအားလုံးကတော့ ၀မ်းသာအားရ ကြိုဆိုထောက်ခံကြမှာ အသေအချာပဲဖြစ်ပါတယ်။

မထောက်ခံ မကြိုဆိုတဲ့သူတွေလည်းရှိမှာပါပဲ။ ဒါပေမယ့် အဲဒီအုပ်စုတွေဘက်က ပြောဆိုတင်ပြလေ့ရှိတဲ့ သူတွေထဲက အသံ တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တော်လှန်ရေးအင်အားစုတခုဆိုရင် စစ်အစိုးရရဲ့ရွေးကောက်ပွဲကို ပြတ်ပြတ် သားသားဆန့်ကျင်ရမှာဖြစ်ပေမယ့် တရားဝင်နိုင်ငံရေးပါတီတရပ်အနေနဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်ငြင်းဆန်ရင် အသိ ပညာရှိရာ ကျလိမ့်မယ်မဟုတ်ဘူးဆိုတဲ့ ပြောဆိုသံမျိုးထွက်လာတာကိုလည်း သတိထားမိလိုက်ပါတယ်။ ကျနော့အနေနဲ့ ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အသိပညာရှိရုံသာမဟုတ်ပဲ ပြည်သူလူထုဖက်က အမှန်တရားဖက်က ဒီမိုကရေ စီရေး ဖက်က ရဲရဲရင့်ရင့်ရပ်တည်ရဲတဲ့ သတ္တိပါရှိနေတယ်လို့ ထင်ပါတယ်။

နိုင်ငံရေးပါတီတခုဖြစ်တာနဲ့ပဲ အာဏာသိမ်းထားတဲ့တရားမ၀င်အစိုးရ တခုက သူတို့ အာဏာတည်မြဲရေးအတွက် စိတ်ကြိုက် လုပ်ချင်တာလုပ်နေတာကို ခံပြီး ရွေးကောက်ပွဲ ၀င်ဟ ၀င်ဟ ဆိုတာနဲ့ဘာမှစဉ်းစားမနေပဲ ၀င်ရောက်ယှဉ်ပြိုင်လိုက်ဖို့ တာ ၀န် မရှိပါဘူး။ပြည်သူလူထုနဲ့နိုင်ငံတကာက တရားမျှတ လွတ်လပ်ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲကြီးတခုမှာ ပြည်သူလူထုက တခဲနက်ထောက်ခံအားပေးခဲ့လို့ အနိုင်ရခဲ့တဲ့ပါတီတရပ်အနေနဲ့ ရွေးကောက်ပွဲကျင်းပပေးမယ့် အစိုးရဘာတွေလုပ်နေတယ်၊ လုပ်နေတာတွေဟာ ဒီမိုကရေစီအခြေခံတွေနဲ့ရော ကိုက်ညီိရဲ့လား။ ပြည်သူလူထုအတွက် တကယ်အကျိုးရှိမယ့် ဆောင် ရွက်ချက်တွေဟုတ်ရဲ့လား ဆိုတာအသေအချာလေ့လာစမ်းစစ်ဖို့တာဝန်ရှိပါတယ်။ ပြည်သူလူထုအတွက်တကယ်စစ်မှန်တဲ့ အကျိုးစီးပွားမရှိ၊ဒီမိုကရေစီ အခြေခံတွေနဲ့လည်းမညီညွတ်၊ တရားမျှတမှုလည်းမရှိဘူးဆိုတာ အသေအချာသိမြင်ပြီ ဆိုရင် လည်း အမှန်တရား တရားမျှတမှု၊ ဒီမိုကရေစီရေးနဲ့ပြည်သူလူထုဘက်က ရဲရဲရင့်ရင့်ရပ်တည်ဖို့လည်း တာဝန်ရှိပါတယ်။ အဲဒီတာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်တာဟာ အသိပညာရှိရာ ကျပါတယ်။ ပြည်သူလူထုရဲ့ကျေးဇူးသစ္စာကို စောင့်သိ ရိုသေရာလည်းကျပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆိုရင် ဘယ်လိုအခြေအနေ မျိုးတွေကို စစ်အစိုးရက ဖန်တည်းပေးသင့်တယ်၊ ဘယ်လိုအခြေအနေမျိုးရှိသင့်တယ်ဆိုတာတွေကို တင်ပြတောင်းဆိုလိုက် တာတွေထဲမှာ ဘာတွေပါဝင်ပါသလဲ။ မသင့်လျှော် မမှန်ကန် ပြည်သူလူထု အကျိုးမဲ့စရာတွေများ ပါနေပါသလား။ လေ့လာ ကြည့်ကြရအောင်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူ့ရဲ့ရွှေဂုံတိုင်ကြေငြာစာတမ်းထဲမှာ.....

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး။
(ဂ) စည်းရုံးရေး။
(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။
(င) တွေ့ဆုံဆွေးနွေးရေး။

ဆိုတဲ့အချက်တွေကို အဓိကထည့်သွင်းဖေါ်ပြခဲ့ပါပြီး...
အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကြိုတင်စည်းကမ်းသတ်မှတ်ထားခြင်းမရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့်ပုဂ္ဂိုလ်များ ပါဝင်တက်ရောက် ကာ အပြန်အလှန်လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပရန်

(၂) ဆွေးနွေးပွဲများတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေးများရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ပြန်လည်သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများအရေး၊ လက်ရှိပြည်သူလူထု ဘဝအခြေအနေများ တိုးတက် ကောင်းမွန် လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့်ရလဒ်များကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော် တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရာရောက်အောင် စီစဉ် ရမည်။

(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ်နိုင်ငံရေးလမ်း ကြောင်းအတိုင်း သက်ဆိုင်သူများအားလုံးက ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက်ဖော်ဆောင် သွားရန်တို့ ဖြစ်သည်။

(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။

အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည်တည်တံ့မည့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီအနေဖြင့် တွေ့ဆုံ ဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာမမူဘဲလျက် နောင်လာမည့်ရွေးကောက်ပွဲကို တဖက်သတ်အစီအစဉ်ဖြင့် ကျင်းပ ခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည်ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည်ဖြစ်သည်။

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ် သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသား တည်း ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိ အစီ အစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက -

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်
(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ် ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည် ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

အဲဒီလိုပါတီရဲ့သဘောထားကိုထုတ်ပြန်ကြေငြာ လိုက်တာမှာ ပါတီအကျိုးစီးပွား ပါတီအာဏာရရေးဆိုတာတွေ ပါဝင်တာ တွေ့ရပါသလား၊ အသိပညာနုံနဲ့ရာကျတဲ့ မသင့်လျှော် မှန်ကန်တဲ့ တရားမျှတမှုမရှိတဲ့ တောင်းဆိုတင်ပြမှုတွေပါဝင်ပါသလား။

အာဏာသိမ်းစစ်အစိုးရရဲ့ ရက်ရက်စက်စက်ဖိနှိပ်ညှင်းပမ်းမှု မတရားမှု တွေကိုတော့ ဘာမှဝေဖန်ထောက်ပြ ပြောဆိုတာ မလုပ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ လိုက်လျှောအလျှော့ပေးဖို့သဘောထားပျော့ပျောင်းဖို့ ပြောဆိုနေကြသူတွေ အ နေနဲ့ ဘယ်သူကမမှန်တာ ဘယ်သူကတရားမျှတမှုမရှိတာ ဘယ်သူက အလျှော့ပေးပျော့ပျောင်းဖို့လိုအပ်နေတယ်ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြီး ဒီမိုကရေစီအခြေခံတွေနဲ့ မကိုက်ညီတာတွေ ကိုပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့အချက်ဟာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံနဲ့ပြည်သူလူထုတွေရေရှည် အတိဒုက္ခရောက်ရမယ့် ကိစ္စဖြစ် လို့ တချို့အချက်တွေဟာ ဘယ်လိုမှလက်ခံလိုက်လျှောလို့ မဖြစ်နိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြုပြင်ပြောင်းလဲလို့ မရတာမျိုးမဟုတ်ပေမယ့် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်ချက်တွေကို ချည်ပြီး တုတ်ပြီး တမင်ခက်ခဲအောင်လုပ်ထားတာကို ခွင့်ပြုလိုက်မယ်ဆိုရင် အဲဒီအဆိုးသံသရာကြီးထဲက အလွယ်တကူထွက်မြောက်လို့မရနိုင်ပါဘူး။ ဒါကို စစ်အာဏာရှင်အစိုးရ က အသေအချာနားလည်သဘောပေါက်ထားပြီးဖြစ်လို့ သူတို့အမြဲတန်းအသာစီးရပြီး တိုင်းပြည်ကိုထင်သလို ချယ်လှယ်ခွင့် ရအောင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုအတင်းဖြစ်အောင် အတည်ပြုပြဋ္ဌာန်းခဲ့တာပဲ ဖြစ်ပါတယ်။

စစ်အစိုးရဘယ်လိုချိုး ဘယ်လိုဖန်တည်းနေတယ်ဆိုတာကို နောကြေအောင်သိနေပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်း ပြည်သူလူထုဘက်က ကာကွယ်ရပ်တည်ပေးဖို့ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်နေတာ ဖြစ်ပါတယ်။ စစ်အစိုး ရကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမ၀င်ရင်လည်း အတင်းတရားဝင်အစိုးရဖြစ်အောင် လုပ်သွားဖို့ စနစ် တကျ ပြည်သူလူထုနဲ့နိုင်ငံတကာကို လှည့်စားဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ အပစ်ရပ်အဖွဲ့အစည်းတွေနဲ့ တချို့ လက်နက်ကိုင် အဖွဲ့အစည်းလေးတွေနဲ့တွေ့ဆုံ ခြောက်နည်းချော့နည်းပေါင်းစုံသုံးပြီး စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးဖို့ စည်းရုံးသိမ်း သွင်း နေပါပြီ။ တောင့်ခံနေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေကိုလည်း မက်လုံးပေးသွေးခွဲစည်းရုံး၊ အပြုတ်တိုက်ရေးတွေလုပ် နေပါပြီ။

အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တင်ပြတောင်းဆိုထားတဲ့ အချက်တွေကို စစ်အစိုးရက လိုက်လျှောအလျှော့ပေးစရာ အလားအလာနည်းတယ်လို့ထင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ပြည်သူလူထုကို ဒီမိုကရေစီ ပန်းတိုင်ရောက်အောင် ဦးဆောင်ခေါ်ယူသွားနိုင်မယ့် မဟာဗျူဟာနည်းဗျူဟာတွေကို အခိုင်အမာချမှတ်ပြီး ပြည်သူလူထု အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင် တဖြစ်လဲ အစိုးရကိုရင်ဆိုင်ဆန့်ကျင်ဖို့ အကောင်းဆုံးကို မျှော်လင့် ရင်းအဆိုးဆုံးအခြေအနေအတွက်လည်းပြင်ဆင်အားယူထားရပါလိမ့်မယ်။ အမှန်တရားဟာထာဝရ မရှုံးနိမ့် နိုင်ပါဘူး။ ။

စိုးနေလင်း

တနှစ်ပြည့် နာဂစ်ဒေသ၏ အစီရင်ခံစာ

မြတ်စိုး
အင်္ဂါနေ့၊ မေလ 05 2009 13:32 - မြန်မာစံတော်ချိန်
နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တနှစ်တိုင်ခဲ့ပါပြီ။ မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်ရင်ဆိုင်နေသည့် အခက်အခဲများကို လူမှုရေး အဖွဲ့များ၊ မြန်မာပြည်တွင် တရားဝင် လုပ်ကိုင်နေသည့် NGO အဖွဲ့များ၊ ကုလသမဂ္ဂမှ သက်ဆိုင်ရာ အဖွဲ့များ၏ အစီရင်ခံစာများကို မကြာခဏဆိုသလို သတင်း စာမျက်နှာများတွင် ဖတ်ရှုနေရသည်။

အစီရင်ခံစာများတွင် တူညီနေသော အချက်မှာ အစားအသောက်များ၊ ကူညီထောက်ပံ့များ လိုအပ်နေမှု၊ သောက်သုံးရေသန့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေး ပြန်လည်နာလံထူလာခြင်း မရှိသေးမှု၊ နာဂစ်ဒေသများတွင် စိုက်ထားသော စပါး အပါအဝင် ကောက်ပဲသီးနှံများ ပျက်စီးနေမှု၊ နာဂစ်ဒေသအတွင်း တောင်သူလယ်သမားများ အရှုံးပေါ်ပြီး လယ်ယာမြေများ ဆုံးရှုံးနေမှု၊ ဝင်ငွေ ရရှိနိုင်မည့် အလုပ်အကိုင်များ ရှားပါးနေမှု၊ တောင်သူလယ်သမားများ ကြွေးမြီတင်ရှိနေမှု စသည့် အချက်အလက်များကို တူညီစွာ ဖော်ပြ အစီရင်ခံထားခဲ့ကြသည်။

ထိုအစီရင်ခံစာများတွင် ပါရှိသော မုန်တိုင်းဒဏ်ခံ ဒေသများအတွင်း ပျက်စီးနေသေးသော အခြေအနေများ၊ ရင်ဆိုင်နေရသော အခက်အခဲ ပြဿနာများ၊ လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ကိန်းဂဏန်း အချက်အလက်များ အတိအကျ သိရှိနိုင်ရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စီးပွားရေး အခြေအနေများကို သိရှိနားလည်နိုင်ရန်အတွက်လည်းကောင်း နိုင်ငံတကာမှ လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူပညာရှင်များ ပါဝင်သော အဖွဲ့သည် မြန်မာနိုင်ငံအတွင်း တရားဝင် အကူအညီပေးနေသော နိုင်ငံတကာ NGO အဖွဲ့များမှ ဝန်ထမ်းများ၊ မြန်မာပြည်ရှိ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ - FAO မှ တာဝန်ထမ်းဆောင်နေသူများ၊ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ပညာရှင်များ၊ ကျောင်းသားများ၊ မြန်မာ့စီးပွားရေး သုတေသီပညာရှင်များနှင့် ပူးပေါင်းပြီး နာဂစ်တိုက်ခတ်ခဲ့သော ပြည်နယ်နှင့် တိုင်းများရှိ ကျေးလက်တောရွာများသို့ အဖွဲ့များ အသီးသီးခွဲ၍ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလက ၂ ပတ်ကြာ ကွင်းဆင်းလေ့လာ၊ သုတေသန ပြုခဲ့ကြကြောင်း သိရှိခဲ့ရသည်။

ယခုလို နာဂစ်ဒေသများသို့ ကွင်းဆင်းလေ့လာ၊ သုတေသနပြုချက်များအရ ၂ဝဝ၉ ခုနှစ်တွင် ဆန်စပါးထွက်နှုန်း သိသာစွာ ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းတွက်ဆနေကြသည်။ စိုက်ထားသော စပါးများ၏ သုံးပုံတပုံသာ ထွက်ရှိလိမ့်မည်ဟု ခန့်မှန်းတွက်ဆခဲ့ကြပြီး၊ ပြင်ဆင်မှုများ၊ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိလျှင် တတိယ နှစ်ပတ် (စက်တင်ဘာလခန့်) စားနပ်ရိက္ခာရှားပါးမှုနှင့် စတင်ရင်ဆိုင်ရမည်ဟု ခန့်မှန်းတွက်ဆနေသည်။ နာဂစ်ဒေသအတွင်း သုတေသနပြုခဲ့ကြသည့် အစီရင်ခံစာထဲတွင် လက်ရှိ ကျေးလက်တောရွာများရှိ တောင်သူလယ်သမားများ၊ အိမ်ထောင်စုများ၏ လက်တွေ့ ရင်ဆိုင်နေကြရသော ပြဿနာများကို မီးမောင်းထိုး ဖော်ပြထားခဲ့သည်။ ကျေးလက်ဒေသများတွင် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး အောက်ပါ အချက်အလက်များကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

(၁) တောင်သူလယ်သမားများသည် သီးနှံထွက်နှုန်းဆုံးရှုံးမှုနှင့် ဆန်စပါးဈေးနှုန်း ကျဆင်းမှုများကြောင့် ငွေကြေးဆုံးရှုံးမှု အမြောက်အမြားနှင့် ရင်ဆိုင်နေရသည်။ စပါးဈေးနှုန်းသည် ၂ဝဝ၇ ခုနှစ်တွင် တအိတ်လျှင် ၄ဝဝဝ ကျပ် ရှိရာမှ ၂ဝဝဝ ကျပ်သို့ ရောက်သွားသဖြင့် ပြီးခဲ့သည့်နှစ်ထက် ၅ဝ ရာခိုင်နှုန်း ကျဆင်းလျက်ရှိသည်။ FAO ၏ တွက်ချက်မှုအရ တအိတ်လျှင် ၂၂ဝဝ ကျပ် ဈေးနှုန်းသို့ ရောင်းချနိုင်မည် ဆိုလျှင်ပင် တောင်သူလယ်သမားများအနေနှင့် အမြတ်အစွန်း ရလိမ့်မည်မဟုတ်ဟု ဆိုသည်။ ရာသီဥတုနှင့် ဒေသတွင်းပေါ် မူတည်၍ စပါးတအိတ်လျှင် (၂ဝ ဒဿမ ၉ ကီလိုဂရမ် အိတ်/ 20.9 kg basket) ထွက်ရှိရန်မှာ ၁၅ဝဝ မှ ၃ဝဝဝ ကျပ်အထိ ကုန်ကျနေကြောင်း FAO ၏ အစီရင်ခံစာတွင် ခန့်မှန်းတွက်ဆထားသည်။ ဈေးနှုန်းသည် တအိတ်လျှင် ကျပ် ၃ဝဝဝ အရှုံးမပေါ်၊ အမြတ်မရ (Break-even price) ဆိုသော်လည်း၊ တောင်သူလယ်သမားများအနေနှင့် လုပ်အားနှင့် အချိန်များ နစ်နာခဲ့ကြသည်။ ဈေးကွက်မှာ စပါးဈေးနှုန်းကျဆင်းမှုနှင့် စပါးအထွက်နှုန်း နည်းနေသဖြင့် ယခင်နှစ်များတွင် တင်ရှိခဲ့သော ကြွေးမြီများကို ပြန်မဆပ်နိုင်ဘဲ ဖြစ်နေသည်။ စပါးထုတ်လုပ် စိုက်ပျိုးရာတွင် ငွေကြေးဆုံးရှုံးနိုင်သည့် အန္တရာယ်များ အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသဖြင့် ကျေးလက်ဒေသများရှိ တောင်သူလယ်သမားများသည် လယ်ယာလုပ်ငန်းကို စွန့်ပစ်လာနိုင်ပြီး၊ စပါးအထွက် နည်းပါးလာမည်ဟု ဖော်ပြထားသည်။

(၂) ငွေချေးငှားမှု အခက်အခဲများ ရင်ဆိုင်နေရသည်။ မြန်မာလယ်ယာဖွံ့ဖြိုးမှုဘဏ် (Myanmar Development Bank - MADB) က အမတော်ချေးငွေ ကျပ်ငွေ ၈ဝဝဝ ချေးငှားထောက်ပံ့ခဲ့သည်။ ယခင်နှစ်များတွင် ထပ်မံလိုအပ်သည့် ငွေကြေးကို တလလျှင် အတိုးနှုန်း ၁ဝ-၁၂ ရာခိုင်နှုန်း (သို့) ရွှေပေါင်ဖြင့် ၅ ရာခိုင်နှုန်းဖြင့် ချေးငှားနိုင်သော်လည်း၊ ယခုနှစ်တွင် အတိုးနှုန်းမြှင့်ပေးလျှင်လည်း ငွေချေးငှားမည့်သူ မရှိဘဲ ဖြစ်နေကြောင်း တွေ့ရသည်။ ထို့အတူ နာဂစ်မုန်တိုင်းကြောင့် ပိုင်ဆိုင်မှုများ မရှိတော့သဖြင့် တောင်သူ လယ်သမားများအနေနှင့် တိရစ္ဆာန် (ကျွဲ၊ နွား) ပေါင်၊ ရွှေပေါင်လည်း မလုပ်နိုင်တော့ကြောင်း သိရှိရသည်။

(၃) ကျေးလက်များရှိ တောင်သူလယ်သမားများသည် ကြွေးမြီမြောက်မြားစွာ တင်ရှိနေကြသည်။ လယ်ဧက ၁ဝ ဧကမှ ၁၅ ဧက ပိုင်ဆိုင်ကြသည့် လယ်သမားတိုင်း၊ အိမ်ထောင်စုတိုင်းတွင် အကြွေးတင်ရှိနေပြီး၊ ကျေးလက် တောင်သူလယ်သမား အများစုသည် တဦးလျှင် ကျပ် ၅ဝဝ,ဝဝဝ မှ ၇ဝဝ,ဝဝဝ ထိ (အမေရိကန် ဒေါ်လာ $ ၄၁၅ - ၅၈၃) အကြွေးတင်ရှိနေကြောင်း ဆိုသည်။

(၄) ကြွေးမြီတင်ရှိနေသဖြင့် ကျေးလက်နေ တောင်သူလယ်သမားများသည် မိမိတို့ ပိုင်ဆိုင်သော လယ်ယာမြေ ဆုံးရှုံးမှုများကို ရင်ဆိုင်နေရသည်။ သွားရောက်ကွင်းဆင်းခဲ့သော နာဂစ်ဒေသများ၌ အိမ်ထောင်စုများ၏ ၇ဝ ရာခိုင်နှုန်းသည် မြေယာမဲ့ ဖြစ်နေပြီး၊ လပွတ္တာ၊ ဘိုကလေးမြို့နယ်များရှိ ကျေးလက်ဒေသများတွင် ၅ဝ ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် မြေယာမဲ့ ဖြစ်နေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။ အထက် မြန်မာပြည်၌မူ ၂၅ မှ ၄ဝ ရာခိုင်နှုန်းသည် မြေယာမဲ့ ဖြစ်နေကြောင်း ဆိုသည်။

(၅) ငွေကြေးရနိုင်သော အလုပ်မျိုး မရှိသဖြင့်၊ ကျေးလက်နေ မိသားစုများသည် ဝင်ငွေမရှိ ဖြစ်နေသည်။

(၆) ကျေးလက်မိသားစုနှင့် တောင်သူလယ်သမားများသည် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများ မရှိတော့သဖြင့် နာဂစ် ဒေသအတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား သိသာစွာ ကျဆင်းနေကြောင်း တွေ့ရသည်။ လယ်ယာစိုက်ပျိုးရေး ကိရိယာများ၊ ဓာတ်မြေသြဇာယူမှုများ၊ ရောင်းအား ၃ဝ - ၅ဝ ရာခိုင်နှုန်း ကျဆင်းနေကြောင်း တွေ့ရှိရသည်။

(၇) လယ်ယာစိုက်ပျိုးရေးတွင် ထုတ်လုပ်မှုပိုင်း၌ နည်းပညာနှင့် ကိရိယာများသည် ခေတ်နောက်ကျနေခြင်း၊ လိုက်လျောညီထွေ မရှိခြင်း၊ တိုးမြှင့်ကောက်ခံနေသည့် အခွန်အကောက် အမျိုးမျိုးကြောင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားနေခြင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ စီမံခန့်ခွဲမှု အားနည်းနေခြင်း၊ ခြစားမှု ဖြစ်ပေါ်နေခြင်းကို တွေ့ခဲ့ရသည်ဟု ဖော်ပြထားသည်။ (ဥပမာ - ရန်ကုန်ဆိပ်ကမ်း ကုန်တင်ချမှုသည် ကမ္ဘာတွင် ဈေးအကြီးဆုံးနှင့် အညံ့ဆုံး ဆိပ်ကမ်းဖြစ်ကြောင်း ဖော်ပြထားသည်။ အရည်အသွေး မြင့်မားသည့် မျိုးစပါးများ စိုက်ပျိုးနိုင်မှုနှင့် အရည်အသွေး ကောင်းမွန်ပြီး၊ ဈေးနှုန်းချိုသာသည့် ဆန်စက်များ တည်ဆောက်နိုင်မှု ပါဝင်သည်။) တနည်းအားဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကျေးလက်ဒေသများတွင် (Development for Rural Infrastructure) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို စနစ်တကျ စီမံကိန်းများဖြင့် သေချာစွာ ပြုလုပ်သင့်ကြောင်း ဖော်ပြထားသည်။

(၈) လက်ရှိ ရင်ဆိုင်နေရသော ကမ္ဘာ့စီးပွားရေးပျက်ကပ် အကျိုးဆက်များ သက်ရောက်မှု ရှိနေသဖြင့်၊ ရောင်းချနေသော ဆန်ဈေးနှုန်းများသည် ဈေးကွက်တွင် ကျဆင်းမှု အန္တရာယ်များ ရင်ဆိုင်နေရသည်။

(၉) နောက်ဆုံးတွင် ကျေးလက်များရှိ တောင်သူလယ်သမားများသည် စွန့်စားဝမ်းစာရှာမှုများ၊ ကြီးပွားတိုးတက်လိုစိတ်များ၊ စီးပွားရေး အမြန်ဆုံး ပြန်လည်နာလံထူလာလိုစိတ်များကို အားတက်သရော တွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။

လက်တွေ့ ကွင်းဆင်းလေ့လာမှုတွင် ပါဝင်ခဲ့သည့် ကျွမ်းကျင်သူ ပညာရှင်များက နာဂစ်ဒေသအတွင်း ကျေးလက်တောင်သူဦးကြီးများ၊ ကျေးလက်အိမ်ထောင်စုများသည် လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများကို အရေးပေါ်ကူညီရန် တင်ပြထားသော အကြံပြုချက်များမှာ -

(၁) ကျေးလက် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် ချေးငွေကို ကျပ် ၈ဝဝဝ မှ ကျပ် ၈ဝဝဝဝ ၊ ၁ဝ ဆအထိ ငွေအလုံးအရင်း ချေးငှားပေးသင့်ကြောင်း တွက်ချက်ယူဆထားကြသည်။

(၂) စပါးဈေးနှုန်းကို တိုးမြှင့်ပေးရမည်။

(၃) နာဂစ် ဒေသများတွင် တောင်သူလယ်သမားများ၊ အိမ်ထောင်စုများသည် ဝင်ငွေ မရှိသဖြင့် လက်ရှိ စစ်အုပ်စုမှ ငွေကြေးထောက်ပံ့မှု အစီအစဉ်များ (Stimulus Package) အမြန်ဆုံး ပြုလုပ်ပေးရမည်။

(၄) ဝင်ငွေရရှိနိုင်မည့် အလုပ်အကိုင်များ ဖန်တီးပေးသင့်သည်။

(၅) လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၌ ထုတ်လုပ်မှု ပိုမို၍ သာလွန်ကောင်းမွန် လာနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုများ၊ သုတေသန ပြုမှုများတွင် ငွေကြေး အလုံးအရင်း ပိုမို၍ သုံးစွဲမှု ပြုရမည်။

(ဓာတ်မြေသြဇာစက်ရုံများ တည်ဆောက်ခြင်း၊ မျိုးကောင်း စပါးများ မှာယူထောက်ပံ့ပေးခြင်း၊ ပိုးသတ်ဆေး၊ လောင်စာဆီများ လုံလောက်စွာ ထောက်ပံပေးခြင်း၊ စပါး သိုလှောင်မှု၊ အရည်အသွေး ကောင်းမွန်သော ဆန်စက်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။

နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ခံခဲ့ရပြီးနောက် ရင်ဆိုင်းနေရသော အခက်အခဲ၊ အကျပ်အတည်းများကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် နိုင်ငံတကာမှ ထောက်ပံ့ကူညီမှု အလုံးအရင်းဖြင့် ရရှိနိုင်ရန် အမြန် လိုအပ်နေသည်။ နိုင်ငံတကာရှိ အစိုးရအဖွဲ့များ၊ လူသားချင်း စာနာထောက်ပံ့ပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စစ်အုပ်စုအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ရန် စစ်အုပ်စုမှ ထိန်းချုပ်ထားသော အကန့်အသတ်များကို အမြန်ဆုံး ဖယ်ရှားပေးရန် လိုအပ်ကြောင်းနှင့် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် ဟန့်တားနေသော နိုင်ငံရေးဆိုင်ရာ အခြေအနေကို တိုးတက်အောင် အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ လက်တွေ့ကျသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အလျင်အမြန် ပြုလုပ်ပြီး၊ အမှန်အကန် အရေးပေါ် လိုအပ်နေသော စီမံကိန်းများတွင် ငွေကြေးသုံးစွဲမှု ပြုလုပ်ရန် လိုအပ်သည်။

ဥပမာ - ကြပ်ပြေး နေပြည်တော် လေယာဉ်ကွင်း တိုးချဲ့မွန်းမံမှုတွင် ငွေကြေးသုံးစွဲမှု၊ တခြား အရေးမပါသော လုပ်ငန်းများ (Pet Projects) တွင် ငွေကြေးသုံးစွဲမှု ပြုလုပ်နေခြင်းထက် ယခု ဒုက္ခအကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်နေရသော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ငွေကြေး အလုံးအရင်း ရင်းနှီးမြှုပ်နှံသုံးစွဲပြီး၊ စပါးထွက်နှုန်း၊ ကောက်ပဲသီးနှံထွက်နှုန်း ပြန်လည်တိုးတက်လာရန်၊ ဝမ်းစာ စပါးများ၊ မျိုးစပါးများ ဖူလုံမှု ရှိစေရန် နာဂစ်ဒေသတွင် တောင်သူလယ်သမားများကို အရေးပေါ် ငွေကြေး အကူအညီများ ထောက်ပံ့ကူညီသင့်ကြောင်း ပါရှိသည်။

(မှီငြမ်းကိုးကား - ဤဆောင်းပါးတွင် ပါဝင်သော အချက်အလက်အများစုသည် FAO/ WFP ၊ UNDP တို့မှ အစီရင်ခံစာများ၊ David Dapice ၊ Tom Vallely နှင့် Ben Wilkinson တို့ သုတေသနပြု သုံးသပ်တင်ပြထားသော မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးစာတမ်း၊ ကွင်းဆင်းမှုများတွင် ပါဝင်ခဲ့သော နိုင်ငံတကာ NGO အဖွဲ့များမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူ ပညာရှင်များ၏ သုံးသပ်ချက် အမြင်များ၊ တွေ့ရှိချက်များကို စုစည်းပြီး ဘာသာပြန် တင်ပြထားခြင်း ဖြစ်ပါသည်။)

စိတ်ဒဏ်ရာနှင့် စိုးရိမ်သောကတို့ ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ နလန်ထူရေးတွင် အနာရွတ်တခု ဖြစ်နေ


လာရီဂျေဂင်
တနင်္လာနေ့၊ မေလ 04 2009 23:07 - မြန်မာစံတော်ချိန်


ဘန်ကောက်။ ။ အဖျက်စွမ်းအား ကြီးမားလှသေည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တနှစ်ပြည့်သည့် အချိန်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အပြည့်အဝ နာလန်ထူရေးတွင် တစ္ဆေများ၊ မရပ်မနား လှုပ်ရှား သွားလာနေကြသော ဝိဥာဉ်များက အနှောင့်အယှက် ပေးလျက်ရှိသည်။ မုန်သုန်ရာသီ နီးကပ်လာသည့် ယခုအချိန်တွင် နာဂစ်ဆိုင် ကလုံး မုန်တိုင်းဒဏ်မှ အသက်မသေ ကျန်ရှိခဲ့သူ အများအပြားမှာ ပို၍ ကြောက်လန့်လာလျက် ရှိသည်။ သူတို့က မိုးကြိုး မုန်တိုင်းများကို နိမိတ်ဆိုးအဖြစ် ယုံကြည်ကြသည်။

အသက်မသေ ကျန်ခဲ့သူ သောင်းပေါင်းများစွာမှာ စိတ်ဒဏ်ရာ ဒဏ်ချက်တို့၏ ဖိစီးမှုများကို တိတ်တဆိတ်ပင် ခံစားနေကြရသည်။ အသက်ရှင် ကျန်ရစ်ခဲ့သည်ကိုပင် အပြစ်ရှိသလို ထင်နေသည်၊ ဝမ်းနည်း ပူဆွေးနေကြရသည်။ ယခုအခါတွင်မူ သူတို့၏ သောကများကို ဆိုးဆိုးဝါးဝါး တုံ့ပြန်ဖော်ပြမှုမှာ အပြောင်းအလဲတရပ် ဖြစ်လာခဲ့ပြီး၊ အထူးသဖြင့် မိုးနှင့်လေကို အလွန် ထိတ်လန့် တုန်လှုပ်ကြသည်။

“လွန်ခဲ့တဲ့ အပတ်တွေက မိုးသဲသဲမဲမဲ ရွာပြီး မုန်တိုင်း တိုက်လိုက်တာ အသက်မသေဘဲ ကျန်နေတဲ့ လူတွေကြားထဲ စိုးရိမ် သောကတွေ ပိုများလာတယ်” ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ၏ စိတ်ပညာရှင် ဒေါက်တာ ဆီလ်ဗီ ယာဝမ်ဆာ (Dr. Sylvia Wamser) က ပြောသည်။ သူသည် မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသော ဘိုကလေးဒေသတွင် လွန်ခဲ့သော နှစ်အတွင်း အချိန်အတော်များများ နေထိုင်၍ နှစ်သိမ့် ဆွေးနွေးခြင်း လုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။

နာဂစ်မုန်တိုင်း ကျပြီးသည်မှာ တနှစ်ရှိသည့် အချိန်တွင် မြစ်ဝကျွန်းပေါ် ဒေသမှာ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိလာနေသည်။ နာဂစ်မုန်တိုင်း တိုက်ခဲ့သည့် နှစ်ပတ်လည် အချိန်တွင် လွန်ခဲ့သော တနှစ်ကကြုံခဲ့ရသော လွမ်းဆွတ်ကြေ ကွဲဘွယ် အဖြစ်များကို ပြန်ပြောင်း သတိရစရာ ဖြစ်လာသည်။

မြစ်ဝကျွန်းပေါ်ဒေသမှာ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိလာနေသော်လည်း ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် နာလန်ထူရေး လုပ်ငန်းများမှာ ဧရာမ လုပ်ငန်းကြီးများ ဖြစ်နေဆဲရှိသည်။ သန်းပေါင်းများစွာသော အသက်မသေ ကျန်ခဲ့သူများမှာ ထိုညက အဖြစ်အပျက်များ၏ ခြောက်လှန့်မှုကို ခံနေရဆဲ ရှိသည်။ ‘တစ္ဆေများ’ က ထိုညက အဖြစ်အပျက်များကို ယခုထိ သတိပေးနေဆဲ ရှိသည်။

ထိုပျောက်ဆုံးသွားသူများနှင့် ကွယ်လွန်သူများ၏ တစ္ဆေများက လမိုက်သည့်ည လေထန်သည့်ညများတွင် လာလေ့ ရှိသည်ဟု ဒေါက်တာဆီလ်ဗီယာ က မဇ္ဈိမ ကို ပြောသည်။

“တချို့က ငိုကြတယ်။ ဝမ်းနည်းတယ်လို့ ပြောကြတယ်၊ နောက်တခြား လူတွေကတော့ ဒေါသထွက်ကြတယ်” မြစ်ဝကျွန်းပေါ် အတွင်းပိုင်းကျသော နေရာမုန်တိုင်းထဲ ရွာလုံးကျွတ် မျောပါသွားသော ကျေးရွာမှ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော လယ်သမားကြီး ဦးမောင်မောင် က ပြောပါသည်။ သူ့ဇနီးနှင့် မြေးယေက်ျားလေး ၂ ဦးမှအပ မိသားစု တခုလုံးကို ဆုံးရှုံးခဲ့ရသူဖြစ်သည်။ “သူတို့ အော်ဟစ်ပြီး ငိုယိုနေရင် ကျနော်တို့လဲ ကြောက်နေကြတာဘဲ”။

သူတို့ ချစ်ခင်သူများနှင့် ပိုင်ဆိုင်သမျှကို ဆုံးရှုံးခဲ့ရသူ သန်းပေါင်းများစွာတို့အတွက် သူတို့ဘဝများ မည်သည့်အခါမှ နဂို အတိုင်း ပြန်မဖြစ်နိုင်တော့ပါ။ “ဖြစ်သွားတာတွေကို ကျနော် မယုံနိုင်ဘူး။ နာဂစ် မတိုင်ခင်ကတော့ ကျနော့်မှာ ဝင်ငွေလဲ လုံလုံလောက်လောက်ဘဲ၊ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဘဲ။ ကျနော့်မိသားစုနဲ့ ကျနော် ပိုင်ဆိုင်သမျှတွေ တညအတွင်း အကုန် ဖျက်ဆီး ခံလိုက်ရတာဘဲ” ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အလယ်ပိုင်း ဘိုကလေးမြို့မှ အသက်မသေ ကျန်ခဲ့သူ ၂၇ နှစ်အရွယ် အမျိုးသားတဦးက ပြောသည်။

ကိုလှဌေးမှာ သူ့မိသားစုနှင့်အတူ လှေတစင်းနှင့် လွတ်မြောက်ခဲ့သည်။ သို့သော် သူတို့လှေမှာ လေပြင်းနှင့် လှိုင်းလုံးများ အကြားတွင် တစစီ ကျိုးပဲ့ ပျက်စီးသွားခဲ့သည်။ “ကျနော့် မိသားစုအားလုံး ရေထဲကျပြီး ပါသွားကြတာ။ ကျနော့် ကလေးတွေက အော်ဟစ်ပြီး ကယ်ပါယူပါ တစာစာနဲ့၊ ကျနော် သူတို့အသံတွေ ခုထိကြားနေတုံးဘဲ” ဟု သူက ပြောသည်။ ထိုညက သူ့ဇနီးနှင့် ကလေး ၄ ဦး ဆုံးရှုံးခဲ့ရပြီး သားတဦးသာ အဖြစ်ဆိုးအတွင်းမှ လွတ်မြောက် အသက်ရှင် ကျန်ခဲ့သည်။

မြစ်ဝကျွန်းပေါ်ဒေသ တဝှမ်းလုံးတွင် ဤဇာတ်လမ်းများမှာ အတူတူပင် ဖြစ်သည်။ အသက်ရှင် ကျန်ခဲ့သူများမှာ သူတို့ ချစ်နှစ်သက်သောသူ အများအပြားကို ဆုံးရှုံးခဲ့ရသူချည်းသာ ဖြစ်သည်။ အသက် ၄ဝ အရွယ်ရှိ မနွယ်နွယ်ဆိုလျှင် သူမ၏ မိသားစုဝင် ၃၆ ဦးကို မုန်တိုင်းအတွင်း ဆုံးရှုံးခဲ့ရသည်။ “မုန်တိုင်းပြီးတော့ ကျမ ရွာက ထွက်လာတယ်။ ကျမ ဘာကိုမှ ပြန်သတိမရချင်တော့လို့ ထွက်လာခဲ့တာဘဲ။ ကျမ အိပ်လို့လဲ မရဘူး၊ စားလို့လဲ မရဘူး၊ အိမ်ထဲက အိမ်ပြင်လဲ မထွက်ရဲဘူး။ ကျမ ညတိုင်းညတိုင်း ထူးထူးဆန်းဆန်း ခြောက်အိပ်မက်တွေချည်း မက်နေတာ၊ အခုတော့ ညရောက်မှာကို ကျမ ကြောက်တယ်” ဟု သူမက ပြောသည်။

ဒေါက်တာ ဝါစမာလို နှစ်သိမ့်ဆွေးနွေးရေး လုပ်ငန်း လုပ်ကိုင်နေသူများအတွက် သူတို့ ဤသို့ ခိုင်ခိုင်မာမာ စွဲလမ်းနေကြသော သူရဲတစ္ဆေများမှာ စိန်ခေါ်မှုကြီးတရပ် ဖြစ်နေသည်။ “ခုလို ထိတ်လန့်တုန်လှုပ်ဘွယ် အဖြစ်ဆိုးတွေနဲ့ ကြုံပြီးတဲ့အခါ အိပ်မက်ဆိုးတွေ မက်တယ်ဆိုတာ ပုံမှန် အခြေအနေဘဲဆိုတာ သူတို့ နားလည်အောင် အကူအညီပေးဘို့က အရေးကြီးတယ်။ သူတို့နားမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတဲ့ ဂနာမငြိမ် ဖြစ်နေတဲ့ ဝိညာဉ်တွေဟာ သူတို့ ချစ်နှစ်သက်သူတွေ မဟုတ်ကြပါဘူး” ဟု သူမက ပြောသည်။

“ဆိုင်ကလုံး မုန်တိုင်းပြီးတော့ ကျမကလေးတွေနဲ့ ပတ်သက်ပြီး သိပ်ထူးဆန်းတဲ့ အိပ်မက်တွေ မက်တယ်” ဟု မုန်တိုင်း အတွင်းကလေး ၅ ဦးအနက် ၃ ဦးဆုံးရှုံးခဲ့ရသူ အသက် ၃၅ နှစ်အရွယ်ရှိ မကြည်ကြည်ဝင်းက ပြောသည်။ “ကလေးတွေက သူတို့နောက်ကို လိုက်ခဲ့ပါတော့လို့ ကျမကို ခေါ်တဲ့အိပ်မက်တွေ တောက်လျှောက် အမြဲမက်နေတာ။ ကျမအရမ်း ကြောက်တယ်၊ ကျမမှာ ငရဲကျနေသလိုဘဲ။ ဒါနဲ့ ကျမလဲ ဗေဒင်ဆရာဆီ သွားမေးရတယ်။ ကျမကလေးတွေက အပြစ် ကင်းသူတွေ ဖြစ်ကြလို့ ကောင်းတဲ့ဘုံကို ရောက်မှာပါလို့ သူကပြောတယ်။ ဒါပေမဲ့ ကျမကတော့ ဒီလို ထူးထူးဆန်းဆန်း အိပ်မက်တွေကို ခုထိ မက်နေတုံးပါဘဲ”။

“လေတွေ ထန်လာတဲ့ အချိန်ရောက်ရင် ကျမ စားလို့လဲ မရဘူး၊ အိပ်လို့လဲ မရဘူး။ ဆိုင်ကလုံး မုန်တိုင်းနဲ့ သေသွားတဲ့ ကျမ ကလေးတွေအကြောင်းဘဲ တွေးနေမိတော့တာ။ ငိုလို့ဘဲ မဆုံးနိုင်ဘူး”။

မကြည်ကြည်ဝင်းသည် ယခုအခါ ခေါင်းကိုက် ဝေဒနာနှင့် နောက်ကျောတက် ဝေဒနာတို့ကို အစဉ်အမြဲ ခံစားနေရသည်။ သူမသည် အာရုံစုစည်း၍ မရသည့် ဒုက္ခနှင့်ကြုံနေရပြီး၊ အလုပ်လုပ်ရန်လဲ စိတ်မဝင်စားတော့ပါ။ “သေသွားတဲ့ ကျမ ကလေးတွေ အကြောင်း စဉ်းစားမိရင် ကျမ သေသာသေချင်တော့တာဘဲ” ဟု သူမက ပြောသည်။

ဆိုင်ကလုံး မုန်တိုင်းက ချန်ထားရစ်ခဲ့သည့် မမြင်ရသော အသံမထွက်သော စိတ်ဒဏ်ရာ အနာရွတ်များကို ပျောက်ကင်းအောင် လုပ်ရန်မှာ သူတို့ကို အစားအစာ၊ နေစရာ အိုးအိမ်ပေးရသည်ထက် ပိုမိုခက်ခဲသည်ဟု အကူအညီပေးရေး လုပ်သား အများအပြားက ပြောသည်။ “ရွာသားတွေကို လက်နက် ကိရိယာတွေ ဝယ်ပေးတာ၊ မြေသြဇာတွေပေးတာ၊ မွေးမြူရေးအတွက် ကူညီတာ၊ ငါးဖမ်းပိုက်တွေ ပေးတာ၊ လှေတွေပေးတာ စတဲ့ သူတို့ စားဝတ်နေရေးကို ပြန်ထူထောင်ပေးရတာ၊ ကူညီရတာ လွယ်တယ်။ သူတို့ ဘဝတွေကို တကယ် ထိထိရောက်ရောက် ပြန်လည် တည်ဆောက်နိုင်ဘို့ သူတို့ရဲ့ ဒဏ်ရာရနေတဲ့ စိတ်ကို ပြန်ပြီးပြုပြင်ပေးရတာက အများကြီး ပိုခက်တယ်” ဟု MSF မှ စိတ်ပညာရှင် ကျွမ်းကျင်သူ Kaz de Jong က ပြောသည်။ သူသည် မုန်တိုင်းတိုက်အပြီး ပထမ ရက်သတ္တပတ် အနည်းငယ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိသွားခဲ့သူ ဖြစ်သည်။

မုန်တိုင်းအပြီး စိတ်ဒဏ်ရာဖိစီးမှု လက္ခဏာများမှာ အလွန် ထင်ရှားသည်ဟု မြစ်ဝကျွန်းပေါ်ဒေသတွင် လုပ်ကိုင်နေကြသော အကူအညီပေးရေး လုပ်သားများ၏ အပြောအရ သိရသည်။ ထိုဒေသရှိ လူများသည် ယခုထိ အိမ်မက်ဆိုးများ မက်နေကြဆဲ၊ အကန့်အသတ်ဖြင့်သာ အာရုံစိုက်၍ရသော ပြေဿနာ၊ ငူငူငိုင်ငိုင်ဖြစ်နေမှု၊ အာရုံဝင်စားလို့ မရဘဲ အစားအသောက်ပျက်ခြင်း စသော ဝေဒနာများကို ခံစားနေကြရသည်။ အခြားသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများဖြစ်သည့် နောက်ကျောအောင့်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အခြားသော နာကျင်မှု ဝေဒနာများမှာ စိတ်ဒဏ်ရာ၏ စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်သည်။

“အဓိက က ဒီအကြောင်းကို ပြောပြဘို့ဘဲ၊ သူတို့ အိမ်နီးချင်းတွေကို ပြောရမယ်၊ ဘုန်းတော်ကြီးတွေကို ပြောရမယ်ဟု ဒေါက်တာဝါစမာ က ပြောသည်။ “မိုးလေဝသလို၊ သိပ္ပံပညာလို ဟာတွေနဲ့ သူတို့ကို တခြားတဘက်က လှည့်ပြီးရှင်းပြ ရမယ်။ ဖြစ်ခဲ့တာတွေကို ခပ်လွယ်လွယ် ကံကြောင့်ပါဘဲကွာလို့ ပြောတာထက်စာရင် ဒါကို လုပ်ပေးရမယ်။ သူတို့ လုပ်နိုင်တာ၊ တတ်နိုင်တာ တချို့တလေ ရှိသေးတယ်ဆိုတာ သူတို့ နားလည်ဘို့ လိုတယ်။ သူတို့ဟာ အားကိုးရာမဲ့ ဖြစ်နေတာ မဟုတ်ဘူး၊ သူတို့ ကံကြမ္မာကို ကိုယ့်ဘာသာ စေစားနိုင်သေးတယ်ဆိုတာ သိဘို့လိုတယ်” ဟု သူမက ပြောသည်။

ဤမုန်တိုင်းဒဏ် ခံခဲ့ရသော နယ်မြေထဲရှိ အိမ်ထောင်စုလေး ပုံတပုံလောက်မှာ အလွန်ဆိုးဝါးသော စိတ်ရောဂါနှင့် လူမှုရေး ဘေးဒုက္ခများကို ကြုံနေရသည် ဟု ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ အဖွဲ့နှင့် မြန်မာအစိုးရတို့ ပူးတွဲပြုလုပ်ခဲ့သော ပြန်လည် နာလန်ထူရေး စီမံကိန်းတရပ်အရ သိရသည်။ သို့သော် ထိုမိသားစုများထဲမှ ၁၁% သာ အကူအညီ ရရှိခဲ့သည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) နှင့် လခြမ်းနီအဖွဲ့တို့က စေတနာ့ဝန်ထမ်း ၆ဝဝ ကို သင်တန်းပေးခဲ့ပြီး၊ ထိုစေတနာ့ဝန်ထမ်းများက ကျေးရွာပေါင်း ၆ဝဝ ရှိ အသက်မသေ ကျန်ခဲ့သူတို့ထံ အရောက်သွားကာ သူတို့ ဆုံးရှုံးခဲ့သမျှကို ရင်ဆိုင် ကျော်လွှားနိုင်ရန် ကူညီခဲ့ကြသည်။

စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ပြဿနာများသည် နာဂစ်က ဖန်တီးခဲ့သည့် အရေးပါသော ပြဿနာတရပ် ဖြစ်သည်ကို ပထမဆုံး အသိအမှတ် ပြုခဲ့သည့် အကူအညီပေးရေး အေဂျင်စီသည် MSF ဖြစ်သည်။ အလုံးအရင်းနှင့် ပြုလုပ်ခဲ့သည့် မြစ်ဝ ကျွန်းပေါ် ဒေသကယ်ဆယ်ရေး လုပ်ငန်း ကြိုးပန်းမှုကြီးတွင် နှစ်သိမ့်ဆွေးနွေးမှုပေါင်း များစွာကို လူပေါင်း ၆ သောင်း ကျော်အတွက် ပြုလုပ်ခဲ့သည်။ ထိုအထဲတွင် လူပေါင်း ၃ဝဝဝ ကို အနီးကပ် စောင့်ရှောက်ကုသမှု ပေးခဲ့သည်။

“ကျမတို့ လုပ်ငန်းအောင်မြင်တာရဲ့ အဓိကအချက်က လူနာတွေကို နားနားနေနေ နေတတ်ဘို့ နည်းလေးတွေ သင်ပေးခဲ့နိုင်တာ၊ သူတို့ စိတ်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်း ထုတ်သာပြောဘို့ အားပေးကူညီနိုင်ခဲ့တာ” ဟု ဒေါက်တာဝါစမာ က ပြောသည်။

“လူတိုင်းကတော့ ပြောကြတာဘဲ၊ ဗမာလူမျိုးတွေက အတော် ဒူပေနာပေ ခံနိုင်တာလို့။ ဒါမှန်တယ် ဆိုပေမဲ့ တချို့လူတွေ ကတော့ ဝမ်းနည်းပူဆွေးနေတာကနေ အပြည့်အဝ ပြန်မကောင်းလာနိုင်ကြသေးဘူး၊ ဘာတွေဖြစ်ခဲ့တယ် ဆိုတာလဲ နားမလည်ကြသေးဘူး” ဟု မြန်မာနိုင်ငံရှိ အကူအညီပေးရေး အေဂျင်စီတခုဖြစ်သော CARE မှ မြန်မာပြည်ဆိုင်ရာ ဒါရိုက်တာ ဘရိုင်ယန်အဂ်လင်း (Brian Agland) က ပြောသည်။

သို့သော် မြန်မာပြည်အတွက်မူ အလွန်ခက်ခဲသော ကိစ္စတရပ် ဖြစ်သည်။ တိုင်းပြည်၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်မှာ ခေတ်နောက်ကျလှသည်။ စိတ်ရောဂါနှင့် စိတ်ဒဏ်ရာ ဖိစီးမှုဆိုသည့် ပြဿနာများသည် တိုင်းပြည်၏ ကျန်းမာရေး လောကနှင့် အစိုးရ အုပ်ချုပ်ရေး ယန္တရားတွင် အယူအဆ အသစ်အဆန်းများ ဖြစ်နေသည်။ လွန်ခဲ့သော တနှစ်က မွှေနှောက်တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ အသက်မသေ ကျန်ရစ်သူများ အပြည့်အဝ ပြန်လည်နာလန် ထူလာနိုင်ရေးအတွက် ဤပြဿနာကို ထိပ်တိုက် ရင်ဆိုင်တွေ့မှရမည်။

“ဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးဘို့ အချိန်ကြာကြာ စောင့်နေလေလေ၊ ရေရှည်မှာ စိတ်ကျန်းမာရေး ပြဿနာတွေ ပိုရှုပ်ထွေးလာလေ ဖြစ်မယ်။ လူနာတွေကို နားနားနေနေ နေခိုင်းပြီး ကုသပေးတာ၊ တရားထိုင်ခိုင်းတာ၊ ဆုတောင်း ဝတ်ပြုခိုင်းတာတွေက သူတို့ ခံနိုင်ရည်ရှိအောင် လုပ်ပေးရာ ရောက်တယ်။ သူတို့ ကိုယ့်ခြေထောက် ၂ ချောင်းပေါ် ပြန်ရပ်နိုင်အောင် နဂို အခြေအနေ ပြန်ရောက်အောင် ကူညီပေးရာ ရောက်တယ်” ဟု ဒေါက်တာဝါစမာ က ပြောသည်။

သဘာဝ ဘေးအန္တရာယ်ကြီးများကို ရင်ဆိုင် ကျော်လွှားရာတွင်၊ အထူးသဖြင့် ရေရှည်တွင် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးမှုသည် အလွန် အရေးပါသည်ဟု ဥရောပ အခြေစိုက် အန်ဂျီအိုတခုဖြစ်သော MSF ကပြောသည်။ “စိတ်ကျန်းမာရေးက ကယ်ဆယ်ရေး လုပ်ငန်းမှ ကနဦးလုပ်ငန်း ဖြစ်သင့်တာ။ အစားအသောက် အထုပ်တွေ၊ ရှေးဦးသူနာပြု သေတ္တာတွေ ပေးတာနဲ့အတူ တွဲလုပ်ရမှာ” ဟု MSF ၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် မန်နေဂျာ Sebestien Matte က မဇ္ဈိမ ကို ပြောသည်။

“ကျနော်တို့ရဲ့ စိတ်ပညာ လူမှုရေးလုပ်ငန်း မြစ်ဝကျွန်းပေါ်ဒေသက လူတွေအကြား ပေးနိုင်ခဲ့တာကြောင့် လူတွေစကား ပြောနိုင်လာတယ်၊ သူတို့ ခံစားချက်တွေကို အခြားသူတွေနဲ့ မျှဝေခံစား ပြောပြတတ်လာကြတယ်။ အခုတော့ သူတို့ အရင်ကထက် ပိုပြီး နားလည်လာပြီ၊ သူတို့ရဲ့ တုံ့ပြန်ပုံတွေကို ထိတွေ့ ဆက်ဆံလာနိုင်ပြီ၊ သူတို့ရဲ့ အရင်းအမြစ်တွေကို ဖော်ထုတ် အသုံးချနိုင်လာပြီ၊ ရှေ့မှာကြုံရမဲ့ သဘာဝ ဘေးဒုက္ခတွေ အတွက်လဲ အရင်ကထက် ပိုပြီး ပြင်ပြင်ဆင်ဆင်ရင် ဆိုင်လာနိုင်ပြီလို့ မျှော်လင့်ပါတယ်”။