Friday, March 27, 2009

ပြောင်းဖူးဖုတ်ပွဲ

ပြောင်ဖူးဖုတ်ပွဲဖြစ်ပေါ်လာရတာကဒီလိုပါ။
ကိုမိုးသီးဘလော့မှာတင်လိုက်တဲ့ဂေါက်ကြော်ငြာကစတာပါ၊


http://komoethee.blogspot.com/2009/03/indiana-burma-open-golf-tournment.html
Burma Golf Club- Fort Wayne)-

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖော့ဝိုင်းမြို့ မြန်မာဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) က ကြီးမှူးပြီး ပထမ အကြိမ်မြောက် အင်ဒီယားနားပြည်နယ် မြန်မာဂေါက်သီးရိုက်ပြိုင်ပွဲကို Memorial Holidays ၂၀၀၉ခုနှစ် မေလ ၂၃ ရက် စနေနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။ Indiana –Burma Open Golf Tournament သို့ မည်သည့် ဂေါက်သီးရိုက်ဝါသနာရှင်မဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ မိမိတို့ အသိမိတ်ဆွေ ဂေါက်သီး ၀ါသနာရှင်များကိုလည်း ဖိတ်ခေါ်ပြီး လာရောက် ယှဉ်ပြိုင်နိုင်ကြောင်း ကြားသိ ရပါသည်။ Green Fee, Free Golf carts, Free rang balls, snack foods, drinks အပါအ၀င် ညနေစာဖြင့် ဧည့်ခံ သွားမည်ဖြစ်ပြီး၊ ၀င်ကြေး မှာ တယောက်လျှင် ၆၅ ဒေါ်လာ ဖြစ်ကြောင်း ကြားသိရပါသည်။

ကယ်လီဖိုးနီးယား၊တက္ကဆတ်၊ဖလော်ရီဒါ၊ အပါအ၀င် အမေရိကန်နိုင်ငံ တ၀န်းမှ မြန်မာဂေါက်သီး သမားများ လာရောက် ယှဉ်ပြိုင်ကြလိမ့်မယ်လို့ ကြိုတင်သိရှိရပါတယ်။ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် လိုသူများ ၂၀၀၉ ခုနှစ် မေလ ၁၄ ရက်နေ့ထက် နောက်မကျပဲ ၀င်ကြေး ကို ပို့ပေးရမည် ဖြစ်ကြောင်း၊ တည်းခိုခန်းများအတွက် အကူအညီလိုအပ်ပါက လည်းကောင်း၊ ပြိုင်ပွဲ မတိုင်ခင် နှင့် ပြိုင်အပြီး နေ့များ၌ ဂေါက်သီးရိုက်လိုကြသော ဂေါက်သီးဝါသနာရှင်များအနေဖြင့် သတင်းအချက်အလက်ကို သိရှိလိုပါလျှင် ဖော်ပြထားသော မြန်မာ ဂေါက်သီးကလပ် ( Burma Golf Club- Fort Wayne) ဖုန်းနံပါတ်များထံ ကြိုတင်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း ကြားသိရပါသည်။

အမေရိကန်ရောက် မိမိတို့ မြန်မာအသိမိတ်ဆွေ ဂေါက်သီးဝါသနာရှင်များထံ လက်ဆင့်ကမ်း သတင်းပေး ပေးကြပါ။ အမေရိကန် ပြည်နယ်များရှိ ဂေါက်သီးသမား အကျော်အမော်များကို အင်ဒီယားနားပြည် ဖော့ဝိုင်းမြို့ မြန်မာဂေါက်သီးကလပ်မှ တလေးတစား ဖိတ်ခေါ်အပ်ပါသည်။

Host: Burma Golf Club ( Fort Wayne)

Location:
Cherry Hill Golf Course6615 Wheelock Rd, Fort Wayne
Indiana, USA. When: Saturday, May 23, 11:30AM Phone: 260-615-0575
Send you check by: May 14th, 2009
Amount: $65

Payable to : Myat Soe.

Myat Soe
4812 Old Maysville Road
Fort Wayne, Indiana 46815 Tel: (260) 615-0575

CONTACT PERSONS:

Burma Golf Club ( Fort Wayne) ( 260-705-4181)
Burma Golf Club ( Fort Wayne) (260-415-4862)
Burma Golf Club ( Fort Wayne) (260-602-4205)
Burma Golf Club ( Fort Wayne) (260-444-8737)

We will provide the direction to Burma Golf Club House for awarding ceremony and dinner. Open to all golfers looking for a great day of fun. Hope to see you all there.

ဒီဟာက၈၈၈၈ရဟူးအုပ်စုထဲရောက်သွားတော့...သံဝါစလေးတွေဖြစ်ကုန်တာပြန်ရှယ်ပေးလိုက်ပါတယ်..
တင်ပြရုံသက်သက်ပါ...ရဲရင့်ငယ်ပရောဂတခုမှမပါပါ၊ရင်ပြည့်နေ၍ပြောင်းဖူးဖုတ်လည်းမစားနိုင်ပါ။
လူရွှင်တော်တွေပျက်လေ့ရှိတဲ့ပြောင်းဖူးဖုတ်ကိုတော့မိတ်ဆွေတို့သိကြမှာပါ။ဆက်လက်ရှု့စားကြပါကုန်လော့၊


စဖွသူကတော့မင်းနိုင်သူပါ။

ဘယ်ကဂေါက်သီးရိုက်ပြိုင်လဲဟေ့ငါတို့ မသိရပါလားကွာ ။
မင်းတို့ကွာ
သောက်ရှက်လည်းတစက်မှမရှိဘူး။
ဗမာပြည်မှာတုံးကပိုက်ဆံထောင်ပစ်တဲ့အဆင့်ကနေ
ကံကောင်းလို့အမေရိကားရောက်သွားဂေါက်ရိုက်။
ထောင်ကျနေတဲ့သူတွေကိုမှအားမနာ။
ဒီ----သားတွေကဘယ်ကကောင်တွေလည်း။
သူတို့အကြောင်းသိတဲ့သူတွေပြောကြပါအုံး။


ကိုမြတ်စိုးကိုယ်ပွားmyat soe ကပြင်ဆင်ကြေငြာလိုက်တာက...

အောက်ပါ--ဖိတ်ကြားစာထဲမှာပါသောဖို့ဝင်းဒ်ဂေါ့က်ကလပ်ဆိုသည်မှာ-------
ကျနော်မြတ်စိုး၊ကြည်ဌေး၊ချစ်ကြည်၊ငြိမ်းချမ်း(ရောင်နီဦးရဲ့အကို)တို့ဖွဲ့ထားသောအဖွဲ့လေးဖြစ်ပါတယ်။
ကိုမိုးသီးဇွန်ရဲ့ဘလောက်မှာပါသောဖုံးနံပါတ်များမှာလည်းကျနော်တို့ရဲ့နံပါတ်တွေဖြစ်ပါတယ်။

ဆက်သွယ်ကြပါနော်။
အိမ်ထောင်ကွဲနေသူတွေ၊အလုပ်အကိုင်မဲ့ဖြစ်နေသူတွေအတွက်ဒေါ်လာ(၆၅)အစား
ဒေါ်လာ(၂၀)အဖြစ်လျော့ပေးဖို့စဉ်းစားထားပါတယ်။


ဆက်သွယ်ရန်--- မြတ်စိုး၊ချစ်ကြည်၊ငြိမ်းချမ်း၊ကြည်ဌေး


အဲဒီမှာရဲမြင့်အောင်(၁)ကစတင်မေတ္တာပို့တော့သည်။

နယ်စပ်ထွက်ပြေးလာ၊နိုင်ငံရေးဒုက္ခသည်လျှောက်၊ကံကောင်းတော့
အမေရိက/အနောက်ဥရောပနိုင်ငံတွေရောက်။
ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်တလုံးနဲ့  ဘ၀ဟောင်းမေ့၊အောက်ခြေတွေလွတ်၊
ပြည်မြန်မာမှာဂေါက်သီးဘော်လုံးတောင်မထိမကိုင်ခဲ့ဘူးတဲ့အာရ်လိမ်တွေ။
အင်န်စီဂျီယူဘီကိုအားကျတာလား၊အင်စီယူဘီကိုအတုခိုးချင်တာလား၊
အမိမြေမှာနေ့ တဓူဝအသက်သွေးတွေ ဘ၀တွေပေးဆပ်နေကြတဲ့
နိုင်ငံရေးလှုပ်ရှားသူတွေကိုမှအားမနာ၊ ဂေါက်သီးရိုက်ပြိုင်ပွဲလုပ်မတဲ့၊
ရှက်တတ်တဲ့စိတ်ရှိရင်ဖြင့် ရှက်စိတ်နဲ့ သာကိုယ့်ကိုကိုယ်သတ်လို့ သာ
သေကြပါတော့လို့ ရပ်ဝေးတနေရာမှမေတ္တာပို့ လိုက်ပါသည်။


ကိုမိုးကြိုးကအခုလိုမေတ္တာပို့ပါတယ်။

ကိုမိုးသီး နှင့် ကိုမြတ်စိုး
ခင်ဗျား တို့ ပြောတော့ ဗကသ ကျောင်းသားခေါင်းဆောင်တွေဆို ဘယ့်နှယ့် ဖြစ်ကြတာလဲ ၊
ကြပ်အတည်း ပေါင်းစုံ လမ်းဆုံလမ်းဂွမှာ ငြင်းကြခုံကြ ရှေ့လုပ်ငန်းစဉ်တွေညှိကြနှိုင်းကြ
လူတိုင်းလူတိုင်းစိတ်ပူ အလုပ်များနေကြချိန်မှာဗျာ.....
ခင်ဗျားတို့ က သောက်ရှက်မရှိ ဂေါက်ပွဲလုပ်မယ်ဆိုတော့ ရှစ်လေးလုံးမျက်နှာ ဓားနဲ့မွှန်း နေကြတာလား၊
ဂေါက်ရိုက်ကြမဲ့ကောင်တွေကြည့်တော့ . . .ကိုမြတ်စိုးက အလုပ်မရှိ အိမ်လခ ပေးစရာတောင်မရှိ ။
ကိုချစ်ကြည် ကလဲ သူ.ခလေးနှစ်ယောက်ကို ဟိုဂျောင်တိုး ဒီဂျောင်ထိုး နဲ့  ကျွေးစရာတောင်မရှိ။
ကြည်ဌေးရဲ့  မိန်းမ ခမျာများတော့ တို့ ဖူး န့ဲ အကျော် ကို တအိမ်ဝင် တအိမ်ထွက် လိုက်ရောင်းပြီး မိသားစုဝမ်းရေး
ဖြေရှင်း နေရရှာတာ ဖို့ ဝင်းမှာလူတိုင်းအသိဘဲ အဲဒိ ဘ၀င်ရူး ကြည်ဌေး ကလဲ ဂေါက်ရျိက်သမားသဌေးလိုလို ဘာလိုလို သောက်ရှက်မရှိ။
အထဲပြန်ဝင် ဒူးထောက် သစ်စာဖေါက်သွားတဲ့ ရောင်နီ အကို ကိုငြိမ်းခြမ်းကြပြန်တော့
သူများဆီက ကြာကူရိုက်ပြီး လုယူထားတဲ့ သူ့ မိန်းမ သိန်ဂီကို အဖြူတွေနဲ့  တရုန်းရုန်း လွတ်ပေးထားပြီး
သူကတော့ ဂေါက်ရိုက်လိုက် ဂွင်ရိုက်လိုက်နဲ့  ရဖြူဂျီ တွေရဲ့  မျက်ရည်တွေကိုငွေ လုပ် သုံးနေသူ။
ဟိုတနေ့ က ဖို့ ဝင်းမှာ သီးလေးသီးအငြိမ့် သွားကြည့်တော့ . . . .ဒီကောင်တွေ တယောက်မှလာမကြည့်ရဲကြဘူးတဲ့၊
Dr သီဟ ၊ ကိုကိုဦး၊ ကိုမောင်မောင်စိုး၊ ကိုကျော်သက် တို့ အုပ်စုကတော့ ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေး၊
စန်ရှင် ဆက်လက်အရေးယူဆောင် ရွက်ရေး နဲ့  ရှစ်ဆယ့်ရှစ် အင်အားစုများညီညွတ်ရေး အတွက် စီမီနာ တခုလုပ်ဖို့ ကြိုးစားနေကြကြောင်းကြားခဲ့ရသေးတယ်။
ဒီတော့ ကျနော်တို့  ရှစ်ဆယ့်ရှစ် အင်အားစု အားလုံးမှာ ဒီဖေါက်ပြန်ရေးသမားတွေ ကိုဝိုင်ဝန်းနိမ်နှင်းဘို့ တာဝန်ရှိ သလို . .
ဖို့ ဝင်း က ဒီမိုကရေစီ အင်အားစု တွေမှာ လဲ ဒီဖေါက်ပြန်ရေး အုပ်စု နဲ့  ဒင်းတို့ လုပ်ရပ်ကို နှိမ်နှင်ပေးကြစေလိုပါတယ်။
ဒါပေမဲ့ ဖို့ ဝင်းက မိတ်ဆွေ တချို့  ကိုဒီအကြောင်ဖုန်းဆက်မေးတော့. . သူတို့ ကဒီအတိုင်းလက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူး လို့ ပြောကြပါတယ် ။

ဆရာဦးတင်မိုးရေထကြည့် လှည်ပါဦး . . . .
ရှစ်ဆယ်ရှစ်ဝိဥာဉ်များ ကိုတိုင်တည်လျှက်......

မိုးကြိုး



ဒီတခါအလှည့်ရောက်တာက ခင်မောင်လေးပါ၊

တော်တော်အရှက်အကြောက်နဲကြပါလား၊
မြတ်စိုးဆိုတဲ့----သားကဘယ်တုံးဗကသခေါင်းဆောင်ဖြစ်ခဲ့လို့လဲ။
ငါကတော့ အမတ်ထွန်းဦးသမီးကိုဖွန်ကြောင်တဲ့မြတ်စိုးပဲသိတယ်။
----သား--အရမ်းကပ်စီးနည်းတဲ့ကောင်၊
တိုင်းပြည်အပေါ်စေတနာတစက်မှရှိတဲ့ကောင်မဟုတ်
ဗမာပြည်မှာတုံးက ကီလီကုန်ဈေးတန်းမှာလှည်းဆွဲတယ်။
ဒီမှာဂေါက်ရိုက်တာကိုအဟုတ်မှတ်နေတာ။
ကွယ်ရာကျငြိမ်းချမ်းမကောင်းကြောင်းမိုးမွှန်အောင်ပြောတယ်။
တွေ့တော့ @$#$%%^ လုပ်တယ်။
သွားမယုံလေနဲ့။ဒီကောင်တွေရောင်နီနဲ့တကြိတ်တည်းတဥာဏ်တည်းကောင်တွေ။
ဖို့ဒ်ဝင်းမှာမြန်မာသံရုံးကကောင်တွေကိုဖိတ်လာလို့ကတော့
မြတ်စိုးရေ..မင်းကိုထောင်ထဲမှာလိုလုပ်ပစ်လိုက်မယ်။


Photobucket

ဆရာတင်မိုးကဗျာလေးနဲ့အဆုံးသတ်ထားပါတယ်။

ခွပ်ဒေါင်းသို့ပန်ကြားချက်

*ရေးသူ-တင်မိုး*

(၁)

မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
ညစ်ကျယ်ကျယ် လူစားတွေ
တို့ပြည်မှာ အများသားကလား
ဟိုနားမှာတွေ့ သည်နားမှာတွေ့
ဟိုကွေ့မှာကြုံ သည်ကွေ့မှာကြုံ
တပုံတပင်ကြီးပါကလား၊

ခေါင်းဆောင်က တရာနှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
မျက်စိနောက်စရာ ပါလားနော်။


(၂)

ကိုယ်ကသာ ဘာမှမဟုတ်
လူတွင်ကျယ် လုပ်ချင်တယ်
ပုပ်လိုက်တဲ့ စိတ်ဓာတ်
စုတ်ပြတ်လိုက်ပါဘိ။
ပါးစပ်နဲ့ အလုပ်လုပ်
ခွတုပ်တဲ့ လူမျိုး
လက်ညှိုးတချောင်းနဲ့ လူရာဝင်
သူသာလျှင် အရေးပါသတဲ့
ပညာကလဲ မရှိ
အသိအမြင်ကလဲ ကျဉ်းမြောင်း
စိတ်ကောင်းကလဲ မမွေး
ကလေးစိတ် မိန်းမစိတ်
အတိတ်လဲ မဝေဖန်
ပစ္စုပ္ပန်လဲ မသုံးသပ်
အနာဂတ်လဲ မတွေးရှု
အရေးတခုရယ်လို့ သဘောမထား
တောသားအချင်းချင်း
ကျောပြားကို နင်းချင်တယ်
ရိုင်းပင်းမယ်လိုတော့ စိတ်မကူး
လက်ဦးအောင် ဖျာခင်း
အာဏာပြင်းလှချည့်
ရာဇာမင်းဂုဏ်နဲ့ မတန်
နုံနဲ့ ဟန်ပေါက်လိုက်ပုံက
သဘောက်မသား
လူရမ်းကားတွေ ပါလားဟေ့။


(၃)

သမိုင်းစာမျက်နှာကို
အိမ်သာသုံးစက္ကူသဖွယ်
အသုံးပြုခဲ့ကြတယ်။
လိုရာကိုဆွဲသုံး
အမဲတုံးခွေးဆွဲသလိုပေါ့လေ
ရေလဲနဲ့ သုံးခဲ့တယ်။
ဗလောင်းဗလဲစကား
အပြောင်းအလဲက များသနဲ့
ချောင်းထဲကငါး ရေကူးမြန်သလို
မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန် ပြောကြတယ်
ကြားသူတိုင်း ရှုပ်ထွေးပြီး
အလိုလေးတ, ရအောင်
ပါးစပ်က ကျည်ဆံထွက်
ထွီထွမ်ခွက် ပက်လက်မျောစရာ
စကားနာ စကားလိမ်
စကားသိမ် စကားဖျင်း
စကားတင်း စကားယုတ်
စကားပုပ် စကားလှည့်
စကားရွဲ့ စကားစောင်း
အကြောင်းအမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့ကြတယ်
ပြောသူ မရှက်
ကြားသူ ရှက်ရပါကလား။


(၄)

ဒီမိုး ဒီမြေ ဒီလူတွေနဲ့
ဒီအခြေ စခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေ တိုးမှာသေချာတယ်။
တန်ရာတန်ရာ မလုပ်ရင်
ရွာနာတယ်ဆိုတဲ့ ဆောင်ပုဒ်အရှိသား
အဟုတ်ကိုဘဲ ရွာနာခဲ့ပြီ။
မြန်မာပြည် သည်ပုံမျိုးနဲ့ဆိုရင်
အမျိုးပျောက်ရလိမ့်မယ်။
သူခိုးက လူ လူဟစ်
မချစ်သူက မေတ္တာစကားဆိုတော့
ဘယ်လိုမှ မကောင်းနိုင်
ခွပ်ဒေါင်းရေ...... ကယ်ပါအုံးလို့
ပြည်လုံးကျွတ် အော်ချင်လှပြီ
မကောင်း အညစ်တွေကို
ပြောင်းပစ်မှ နေရာကျပြီး
ပြည်ရွာလှလိမ့်မယ်။

(၅)

အို..... ခွပ်ဒေါင်း
လွတ်ကြောင်းအတွက်
ခွပ်လက်ပြင် ခွပ်လက်သွေးကာ
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့။ ။

*တင်မိုး ရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်း နှင့် အခြားကဗျာများ" ပဌမနှိပ်ခြင်း၊ လမင်းတရာစာပေ၊၂၀၀၀။ မှ ကူးယူဖော်ပြပါတယ်။*

၂၇၀၃၂၀၀၉ဒိုင်ယာရီ

ပေါလိုက်တဲ့ ဗိုလ်ချုပ်တွေ /ပြည်သူများကို အင်တာနက်သုံးစွဲ ခွင့်မပေး ပြင်ဆင်ရန် ဟု အကြောင်းပြပြီး ၎င်း တို့ ကမူ စိတ်တိုင်းကျသုံးစွဲ နေ၍ အများစု က ထိုကိစ္စသည် အုံကြွမှုတစ် ခုဆီသို့ တွန်းပို့ နိုင်သည် ဟုခန့်မှန်း/စစ်ကားက ခရီးသည်တင်ကားကို တိုက် /တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ /ဒေါ်စု ပြန်လွတ်ရင် ဘာဖြစ်မလဲ /စစ်အစိုးရရဲ့ အပြောထက် လုပ်ရပ်ကို အတိုက်အခံတို့ မြင်လို /တပ်မတော်နဲ့ ပြည်သူ နီးစပ်ရေး မလွယ်ကူ/အိန္ဒိယ နှင့် တရုပ်ရေနံ ကုမ္ပဏီများ ရခိုင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ကွက်များကို အပြိုင်အဆိုင် လုယက် /(ထိုင်းcollect) ဖုန်းထောင်လုပ်စား သူများအဆင်မပြေဖြစ် / တော်လှန်ရေးနေ့ အတွက် လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ လှုပ်ရှားမှု။ မြောက်ကိုရီးယားဒုံးပျံကို ပစ်ချဖို့ ဂျပန်အမိန့်ထုတ် /
file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


တော်လှန်ရေးနေ့ပန်ကြားချက်

Photobucket
Friday, March 27, 2009
မြန်မာ့တပ်မတော်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအပေါင်းတို့ရှင် -
ဒီကနေ့ဟာ မြန်မာပြည်သူလူထုအပေါ် စော်ကားနှိပ်စက်၊ အနိုင်ကျင့်ဗိုလ်ကျခဲ့ကြတဲ့ ဖက်ဆစ် လူရမ်းကားတွေကို မြန်မာ့တပ်မတော်က ဦးဆောင်ပြီး၊ ပြည်သူတရပ်လုံးက တိုက်ပွဲဝင်တော်လှန်ခဲ့ကြတဲ့ (၆၄) နှစ်မြောက် တော်လှန်ရေးနေ့ဖြစ်ပါတယ်။
ပြည်သူ့တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ သမိုင်းရဲ့လိုအပ်ချက်နဲ့အညီ ပေါ် ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှဆိုတဲ့ အခွင့်အရေးတွေကို တိုင်းရင်းသားပြည်သူတရပ်လုံး ခံစား၊ စံစားနိုင်ရေးအတွက် ရဲဘော်တို့ရဲ့ ဘိုးဘေးဘီဘင် မြန်မာ့တပ်မတော်သားကြီးတွေဟာ အသက်၊ သွေး၊ ချွေးကို စတေးပြီး မြန်မာ့လွတ် လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
အခုလက်ရှိအခြေအနေမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုဆိုတဲ့ လူ့အခွင့်အရေးတွေကို မြန်မာပြည်သူလူထုအနေနဲ့ ခံစားခွင့် မရရှာကြသေးပါဘူး။
မြန်မာပြည်သူလူထုဟာ အာဏာရူးနေတဲ့ စစ်အာဏာရှင်တစုရဲ့ ဖိနှိပ်ချုပ်ခြယ်၊ သတ်ဖြတ် နှိပ်စက်မှုတွေကို ခံနေကြရဆဲဖြစ်ပါတယ်။ ဒီ စစ်အာဏာရှင်တစုဟာ ရဲဘော်တို့ရဲ့ ရိုးဖြောင့်တည်ကြည်မှု၊ သစ္စာစောင့်သိမှုတွေကို အသုံးချပြီး သူတို့အာဏာတည်မြဲဖို့၊ သူတို့သား သမီး၊ မြေးမြစ်တွေကောင်းစားဖို့ စီမံဆောင်ရွက်နေကြပါတယ်။
ပြည်သူလူထုမှာတော့ ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ ၀မ်းရေးအတွက် ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ရုန်းကန်ရှာဖွေနေကြရတာ ရဲဘော်တို့ မျက်မြင်ကိုယ်တွေ့ပါ။
ဒါကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ လူထုတရပ်လုံး လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ ခံစားနိုင်ဖို့ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ရည်မှန်းချက်တာဝန်ဟာ မပြီးမြောက်သေးဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ဒီရည်မှန်းချက်တာဝန်တွေ ပြည့်စုံပြီးမြောက်ဖို့အတွက် မြန်မာပြည်သူလူထုကို ဆင်းရဲတွင်းထဲ တွန်းပို့နေတဲ့ စစ်အာဏာရှင်တွေကို ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ပြည်သူ့တပ်မတော်သား ပီသစွာ တော်လှန်တိုက်ပွဲဝင်ပေးဖို့ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီကနေ့ မှာ မြန်မာပြည်သူတဦးအနေနဲ့ ရဲဘော်တို့အားလုံးကို ပန်ကြားတောင်းဆိုအပ်ပါတယ်။
သမိုင်းအစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်ကို ပြည်သူ့ချဉ်ဖတ်ဘ၀ရောက်အောင် တွန်းပို့နေတဲ့ စစ်အာဏာရှင်တွေကို တော်လှန် ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာမယ့် တပ်မတော်သားအပေါင်းကို ဂုဏ်ယူစွာနဲ့ စောင့်ကြိုလိုပါကြောင်း အလေးအနက်ထား ပြောကြား လိုက်ပါတယ်။

ခင်မမမျိုး

မေ့ပျောက်ခံရသော တော်လှန်ရေးနေ့

အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မတ်လ 27 2009 16:57 - မြန်မာစံတော်ချိန်
နှစ်စဉ်နှစ်တိုင်း နွေဦးကာလ မတ်လရောက်၍ ဥသြငှက်တို့ တွန်သံကြားပြီဆိုလျှင် သမိုင်းမော်ကွန်းဝင် နေ့တနေ့၏ ပုံရိပ်များက အနှေး ရုပ်ရှင်ပြကွက်များလို အစီအစဉ်လိုက် ပေါ်လာတော့၏။
စိတ်ဓာတ်တက်ကြွဖွယ်၊ အမျိုးသားရေးအားမာန် ပေါင်းစည်းမှု၏ ပြယုဂ်၊ ရန်သူကို အညံ့မခံ တွန်းလှန်ပြသော မြန်မာတို့စိတ်ဓာတ်၊ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုကို လက်မခံလိုသော မြန်မာလူမျိုးတို့၏ စစ်ရေးစစ်ရာ သေနင်္ဂဗျူဟာကြွယ်ဝမှု၊ ပင်ကိုယ်သဘာဝ လူနေမှုအရ တဖက်သားကို သနားသည်းခံ တတ်သော်လည်း ဖိနှိပ်အုပ်ချုပ်မှုနှင့် အမျိုးသားထုတရပ်လုံးကို စော်ကားလာသည့် လုပ်ရပ်တို့အပေါ်တွင်တော့ ခေါင်းငုံ့မခံ ရဲရဲဝံ့ဝံ့နှင့် အားအင်ကြီးသူကို သတ္တိခွန်အား အရင်းခံစိတ်ဖြင့် တော်လှန်ပြခဲ့သော ကမ္ဘာကပင် အံ့သြချီးကျူးခဲ့ရသည့် မြန်မာ့သမိုင်းတွင် မော်ကွန်းကမ္ဗည်း ရေးထိုးခဲ့ရသော ထိုတနေ့၏ ဖြစ်စဉ်များက ဘယ်တော့မှ မရိုးနိုင်၊ မေ့မပစ်အပ်သော အဖြစ်များပင် ဖြစ်တော့သည်။
ထိုနေ့၏ ပုံရိပ်ပြကွက်များတွင် နွေဦး၏ အပူရှိန်ပျပျ၊ ရိုးတံပြိုင်းပြိုင်းတို့ဖြင့် ရော်ဝါရွက်တို့ ကြွေကျနေသည့် ပင်စည်ခြောက်ခြောက်များ၊ တွန်သံသာသာနှင့် ဥသြငှက်ငယ်များ၊ အနီရောင်ရင့်ရင့် လက်မောင်းပတ်စ၊ ကြယ်ဖြူတပွင့်၊ အဖြူရောင် ကြယ်ပွင့်ကြီးဖြင့် လေတွင် တလူလူလွင့်နေသော အလံတော်အနီ၊ မီးကျိုးမောင်းပျက် ရရာသေနတ်လက်နက်များနှင့် စနစ်တကျ ယူနီဖောင်းဝတ်မထားသည့် တော်လှန်ရေးရဲဘော်များ၏ အသက်စွန့်တိုက်ပွဲဝင်မည့် ရဲရင့်ပြတ်သားသော မျက်နှာပေးများ၊ အမျိုးသားခေါင်းဆောင်၏ ဦးဆောင် စစ်ဆင်မှုအောက်တွင် တညီတညာ ပူးပေါင်းပါဝင်ခဲ့ကြလေသော ဖက်ဆစ်ဂျပန်ကို တော်လှန်မည့် ဗမာ့ကာကွယ်ရေး တပ်မတော်သားတို့ တိုက်ပွဲခေါ်သံအတွက် စိတ်အားတက်ကြွနေပုံတို့မှာ ပြတ်ပြတ်ထင်ထင် မြင်လာရပါသည်။
ဤသည်တို့၏ ပေါင်းစည်းမှု အင်အားလှိုင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို နင်းကန်ဖိစီး နှိပ်စက်နေသော ဖက်ဆစ်စနစ်ဆိုးကို အမြစ်ပါမကျန် အမိမြေပေါ်မှ တွန်းလှန်ဖယ်ထုတ်နိုင်ခဲ့သော သမိုင်းဝင် နေ့တနေ့ ဖြစ်လာမည့် “တော်လှန်ရေးနေ့” ၏ အစပင် ဖြစ်လေ၏။
လွန်ခဲ့သော ၁၉၄၅ ခု၏ မတ်လ ၂၇ ရက်တွင် သန္ဓေတည်ခဲ့သော အဆိုပါ သမိုင်းဝင်နေ့သည် ယနေ့ဆိုလျှင် သက်တမ်းကာလအားဖြင့် ၆၄ နှစ်ကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပေမည်။ သို့သော် သမိုင်းကို ပုံဖျက်ကာ အမှန်ကို ဖုံးကွယ်လျက် ဇွတ်အတင်း နေရာဝင်ယူတတ်လေသူတို့ကြောင့် တကယ့်အနှစ်သာရ ပြည့်ဝသော နေ့တနေ့၏ ရာဇ၀င်ကား စွန်းထင်းခဲ့ရလေပြီ။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖက်ဆစ်တော်လှန်ရေး တပ်သားများ ရန်ကုန်မြို့ တော်လှန်ရေးပန်းခြံတွင် စစ်ချီအခမ်းအနား စတင်ခဲ့ရာ၊ ဖက်ဆစ်စနစ်ဆိုးကို စတင်တော်လှန်ခဲ့ရာ မတ်လ ၂၇ ရက်ကို “တော်လှန်ရေးနေ့” အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ၄၃ နှစ်ပြည့် ရောက်အပြီးတွင်တော့ “တပ်မတော်နေ့” ဟု အမည်ပြောင်းလဲခေါ်ကာ အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ယနေ့ကာလ၌ ၆၄ နှစ်ပြည့် “တော်လှန်ရေးနေ့” ဖြစ်ရမည့်အစား “တပ်မတော်နေ့” ဖြစ်နေလေတော့သည်။
ဟိုယခင်က ကျင်းပခဲ့သော “တော်လှန်ရေးနေ့” အစဉ်အလာနှင့် ယနေ့ ကျင်းပနေသော “တပ်မတော်နေ့” အစဉ်အလာတို့မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေ၏။
ယနေ့ခေတ် လူငယ်တို့၏ အသိအမြင်တွင် တော်လှန်ရေး၏ အနှစ်သာရ၊ ဖက်ဆစ်စနစ်ဆိုး၏ ခါးသီးမှု၊ ဖိနှိပ်အုပ်ချုပ်မှုကို ငုံ့မခံ တော်လှန်တတ်ရမည်ဆိုသော အသိတို့ အားနည်းလာလေပြီ။ သက်ကြားအို အာဏာရှင်ကို ချီတက်အလေးပြုရာ နေ့တနေ့အဖြစ်သာ သိမြင်နေတော့သည်။ ပြည်သူ့အသည်းနှလုံးကို သိမ်းကြုံးမယူနိုင်ဘဲ ပြည်သူ၏ အမုန်းတရားကိုသာ တိုးလို့သာ ရလာနေသော အထိမ်းအမှတ် နေ့တနေ့အဖြစ်သာ မြင်လာတော့သည်။
ဤ “တပ်မတော်နေ့” ပွဲကိုလည်း မည်သူမှ အရေးတယူ စောင့်ကြည့်နေခြင်း မရှိတော့။
ဖက်ဆစ်တော်လှန်ရေးကို ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ဖူးလေသူတို့မှာလည်း သက်ရှိထင်ရှားရှိမှု တစထက်တစ လျော့နည်းလာနေပြီဖြစ်ရာ ဤသမိုင်းအမှန်ကို သိမီသူတို့က နောင်လာနောက်သားတို့ထံ လက်ဆင့်ကမ်း သယ်ဆောင်ပေးကာ အမှန်တရားကို ပြောပြနေကြရပေမည်။


ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
ကိုဝိုင်း
သောကြာနေ့၊ မတ်လ 27 2009 19:56 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၌ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားများကို စစ်အစိုးရအဆက်ဆက်က တပ်မတော်နေ့အဖြစ် လွဲမှားစွာ ကျင်းပနေသည်ဟု အန်အယ်ဒီက ယနေ့ ပြောသည်။
ယနေ့ကျရောက်သည့် ၆၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန် အန်အယ်ဒီ ဌာနချုပ်တွင် ကျင်းပခဲ့အပြီး အဖွဲ့၏ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
“ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတာ လွတ်လပ်ရေး ရကတည်းက တောက်လျှောက်ကျင်းပလာတာ။ မဆလ လက်ထက်ကျမှ တပ်မတော်နေ့ဆိုပြီး ဒီနေ့ကို သူတို့ ရွေးချယ်တယ်။ တကယ်တော့ ဒီနေ့ဟာ တပ်မတော်အတွက်နေ့ မဟုတ်ဘူး။ တပ်မတော်သားရော၊ တော်လှန်ရေး ရဲဘော်ရော၊ နိုင်ငံရေးသမားရော၊ ပြည်သူရော တော်လှန်ရေးမှာ အားလုံးပါဝင်တာ။ တပ်မတော်ကပဲ တော်လှန်တာ မဟုတ်ဘူး။ အားလုံးပါဝင်လာတဲ့အတွက် တော်လှန်ရေးနေ့ပါ။ တပ်မတော်နေ့လို့ ပြောတာဟာ ကျနော်တို့အမြင်ကတော့ နည်းနည်းလွဲတယ်လို့ထင်ပါတယ်။ ဒါကို သူတို့ ယူခဲ့တာတော့ကြာပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သခင်စိုးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်သည့် ယနေ့ အခမ်းအနားသို့ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ အမေရိကန် စသည့် အနောက်နိုင်ငံများမှ သံတမန်များ တက်ရောက်ကြသည်။
သို့သော် တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ထိုင်း အပါအဝင် အာရှနိုင်ငံများမှ သံတမန်များကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
အန်အယ်ဒီမှ ကျန်းမာရေးမကောင်းသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဦးလွန်းတင်တို့မှလွဲ၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ အခြားနိုင်ငံရေးလောကသားများ အပါအဝင် ဧည့်ပရိသတ် ၅ဝဝ ကျော် တက်ရောက်ကြသည်။
အခမ်းအနားတွင် ကြေညာချက် အမှတ် ၅/ဝ၃/ဝ၉ ကို လည်း ထုတ်ပြန်ဖတ်ကြားခဲ့သည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ထုတ်ပြန်ချက်မှာ အဓိကပြောထားတာက အဖွဲ့ချုပ်ကနေ အထူးကြေညာချက် (၁၈) ပါ အချက် ၄ ချက်အတွက် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော်အစိုးရမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒီတာဝန်ကို နောင် အနာဂတ် မြန်မာနိုင်ငံ ကောင်းစားရေးအတွက် ဆောင်ရွက်ပါလို့ ကျနော်တို့ တိုက်တွန်းတာပါ။ တွေ့ဆုံပြီး အဖြေရှာရေးကို ဇောင်းပေးပြီးတော့ တင်ပြထားပါတယ်” ဟု ပြောသည်။
အန်အယ်ဒီ အထူးကြေညာချက် အမှတ် ၁၈ တွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို ပြန်သုံးသပ်ရေး ကော်မတီဖွဲ့ပေးရန်၊ တွေ့ဆုံဆွေးနွေးရန်တို့ တိုက်တွန်း တောင်းဆိုထားသည်။

ထူးအိမ်သင်"အရေးကြီးပြီ"

Photobucket
ပုံ - မိုးမခ။
ထူးအိမ်သင် ကွယ်လွန်ခြင်း (၄) နှစ်ပြည့် အမှတ်တရ အဖြစ် ကွယ်လွန်သူ "အဆိုတော် ထူးအိမ်သင်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်း" ကို သူ့ကို ချစ်တဲ့ ပရိသတ်တွေက သူ့ အမှတ်တရ တည်ဆောက် လွှင့်တင်ထားတဲ့ Htoo Eain Thin : Myanmar Famous Vocalist, Composer & Poetic [www.htooeainthin.com] ကွန်ရက် စာမျက်နှာနဲ့ မြန်မာ ဘလော့ ကွန်ရက် စာမျက်နှာတွေကနေ ပြန်လည်စုစည်း လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။
Photobucket
အဆိုတော် ထူးအိမ်သင်

ဖခင် ဦးထွန်းမြင့်နှင့် မိခင် ဒေါ်မြရင်တို့မှ ဇူလိုင်လ ၁ ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ မွေးချင်း ၆ ယောက်အနက် သားအကြီးဆုံး ဖြစ်သည်။ ငယ်နာမည် သန်းထွန်းစိုးမှ ပြောင်းလဲခဲ့သော အမည်ရင်းမှာ ကျော်မြင့်လွင် ဖြစ်ပြီး၊ ကိုငွေသီးဟု အဓိပ္ပာယ်ရသော 'ပေါ်စွမ်း' ဟူသည့် မွန်ဘာသာဖြင့် ငယ်နာမည်လည်း ရှိခဲ့သည်။ သျှပ်၊ ဘဲဥ၊ ငှက်ကြီးဟုလည်း ချစ်စနိုး ခေါ်ကြသည်။
မူလတန်း ပညာကို အမှတ် (၂ဝ) အ-မ-က တွင် ပညာ သင်ကြားခဲ့ပြီး၊ ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉ - ၈ဝ တွင် ဧရာဝတီတိုင်းရှိ ပုသိမ်‌ ဒေသ ကောလိပ်‌သို့ တက်‌ရောက်‌ခဲ့သည်။ ၁၉၈၁ ခုနှစ်‌တွင် မိသားစုနှင့်အတူ မော်‌လမြိုင်‌သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် မော်လမြိုင်‌ တက္ကသိုလ်‌မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။
ဂီတနှင့် ပတ်သက်သော ငယ်ဆရာများမှာ ဦးကျောက်စိမ်းနှင့် ဦးစန်းတင့် (လမ်းစဉ်လူငယ် ဘင်ခရာတပ်ဖွဲ့၊ ပုသိမ်မြို့) ဖြစ်ပြီး၊ မော်လမြိုင်တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။
၁၉၈၁ ဒေသ ကောလိပ် ကျောင်းသားဘဝတွင် 'မြ' အမည်ရှိ ကျောင်းတွင်း ကဗျာစာအုပ်ထဲ၌ ကလောင်အမည် သျှပ်မှူးကျော် ဖြင့် ကဗျာများ ရေးသားခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်ခဲ့သော ကဗျာဖြစ်သည့် 'အမေ … အမေ ဝမ်းရည်စပ်တယ် ဆိုရင် ခွင့်လွှတ်ပါ။ သားရင်ထဲမှာ ကဗျာ' ဟူသော ကဗျာမှာ သူ့အား ကဗျာဆရာ အဖြစ် ထင်ရှား အမှတ်ရစေခဲ့သည်။ ထို့နောက် ၁၉၈၂ တွင် ကလောင်အမည် လင်းထက်ဖြင့် 'မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍' ဝတ္ထုတိုကို ရှုမဝ မဂ္ဂဇင်းတွင် စတင် ရွေးချယ်ခြင်း ခံခဲ့ရသည်။ လင်းထက် နာမည်ဖြင့်ပင် ကဗျာများလည်း ရေးခဲ့သည်။ သူ၏ အခြား ကလောင်အမည် တခုမှာ ရဲသင်ရန် ဖြစ်သည်။ ထူးအိမ်သင် အမည်ဖြင့် ရေးသားခဲ့ပြီး ပုံနှိပ် ဖော်ပြခဲ့သည့် တပုဒ်တည်းသော ကဗျာမှာ 'သက်တန့်မြစ်' ဖြစ်ပြီး သရဖူ မဂ္ဂဇင်း (ဟောင်း) နှစ်ပတ်လည် အထူးထုတ်တွင် ပါဝင်ခဲ့သည် ။ ၁၉၈၆ ခုနှစ်တွင် 'နာရီပေါ်မှ မျက်ရည်စက်များ' တေးစီးရီးဖြင့် ဂီတလောကသို့ စတင် ဝင်‌ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ် သီချင်း အများစုကို ရေးသား သီကုံးခဲ့ပြီး ဂီတ ပညာရှင်တဦး ဖြစ်ရန် ကြိုးပမ်း အားထုတ်ခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး 'နာရီပေါ်မှ မျက်ရည်စက်များ' စတင် သွင်းယူခဲ့ပြီးနောက် မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တနေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့်တို့ တေးစီးရီးများ သွင်းပြီ ထုတ်ဝေ ဖြန်ချိခဲ့သည်။
၁၉၈၈ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးကို စစ်တပ်က သွေးထွက် သံယိုနှိမ်နင်းပြီး နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းယူပြီးနောက် ဒီမိုကရေစီ လိုလားသူ အများအပြား နယ်စပ်ဒေသ အသီးသီးကို ထွက်ပြေးပြီး စစ်အာဏာရှင်တွေကို လက်နက် တော်လှန်ဖို့ ကြိုးပမ်းရာမှာ ထူးအိမ်သင်လည်း ပါဝင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)၊ ကျောင်းသား တပ်မတော်တို့ ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီး၊ ကျောင်းသား တပ်မတော်၏ စစ်တေးသီချင်း တပုဒ် ဖြစ်တဲ့ "အရေးကြီးပြီ" သီချင်း ရေးဖွဲ့ပေးသည်။ နောက်ပိုင်းမှာ မိခင်ကို ချစ်မြတ်နိုး လွမ်းဆွတ်လှသဖြင့် မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
Photobucket
နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄ - ၈ - ၂ဝဝ၄ နံနက် ၁၁း၎ဝ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထောတို့ ကျန်ရစ်သည်။

ထူးအိမ်သင် သီဆို ထုတ်ဝေခဲ့သော တေးသီချင်းခွေများ

စဉ် သီချင်းခွေ အမည် ထုတ်ဝေသည့် ခုနှစ် အသံဖမ်း တေးဂီတ ထုတ်လုပ်ရေး
၁ နာရီပေါ်က မျက်ရည်စက်များ ၁၉၈၇ Oasis The Aces ဂန္ဓမာ တေးသံသွင်း
၂ မှော်ဆရာအိပ်မက် ၁၉၈၈ (ဖေဖော်ဝါရီ) Oasis The Aces ပန်းနုလဝန်း တေးသံသွင်း
၃ သက်ငြိမ် ၁၉၈၉ (အောက်တိုဘာ) Oasis The Aces Country Boy Recording
၎ အတ္တပုံဆောင်ခဲများ ၁၉၉၁ (ဇန်နဝါရီ) Oasis Emperor စံပယ်ဦး တေးသံသွင်း
၅ အကြင်နာအိပ်မက် ၁၉၉၁ (ဇွန်) Oasis, May T Four, Emperor, Success ယင်းမာ တေးသံသွင်း
၆ အရင်အတိုင်း ၁၉၉၁ (ဒီဇင်ဘာ) Oasis Emperor ဂျူပီတာ တေးသံသွင်း, Ko Ye Music Production
၇ စကားလုံးမရှိတဲ့ ကောင်းကင် ၁၉၉၅ (ဖေဖော်ဝါရီ) Oasis Emperor နှင်းဆီလှိုင်း တေးထုတ်လုပ်ရေး
၈ ထူးအိမ်သင် (Unplugged Live) (23-2-1995 One man show at Aung San Stadium) ၁၉၉၆ (ဒီဇင်ဘာ) Oasis Iron Cross Sein Min Music Production
၉ မြို့ပြလရောင်တမ်းချင်း ၁၉၉၆ (အောက်တိုဘာ) May Session Players Mercury Recording
၁ဝ ဝင်ရိုးစွန်းမီး ၁၉၉၇ (ဖေဖော်ဝါရီ) LYNN Session Players NASA Recording
၁၁ အမေ (သို့) အွ့ကင်းမဲ့ မေတ္တာတော် သီချင်း ၁၉၉၇ (မေ) LYNN Iron Cross IC Music Production
၁၂ အမှတ်တရ ဒဏ်ရာသီချင်းများ ၁၉၉၉ (ဇွန်) Oasis Emperor Emperor Heart Music Production
၁၃ အစိမ်းရောင် ရက်စွဲများ ၂ဝဝ၁ (နိုဝင်ဘာ) Oasis Iron Cross စံပယ်ဦး တေးသံသွင်း
၁၄ တနေ့စာအလွဲများ ၂ဝဝ၃ (အောက်တိုဘာ) Oasis Emperor မန်းသီရိ တေးသံသွင်း
၁၅ ချစ်ခြင်းအားဖြင့် ၂ဝဝ၅ (သြဂုတ်) Oasis, PTL, Nawarat Iron Cross, The Trees, Session Players CMP Music Production
၁၆ သီချင်းခွေကြမ်း - - - -

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့။
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်။
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်။