Friday, May 29, 2009

အပြစ်ပေးခံရခြင်းက ကင်းလွတ်နေတာကို အဆုံးသတ်ပါ

မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆက်ရှိနေမှာ ထင်ရှားသလို ချိုးဖောက်သူတွေကိုလည်း နအဖရဲ့ တရားစီရင်ရေးစံနစ်က အပြစ်ပေးအရေးယူမှာ မဟုတ်ပါဘူး။ဒါကြောင့် လုံခြုံရေးကောင်စီကနေ ကော်မရှင်ဖွဲ့ပြီး မြန်မာပြည်က လူမဆန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချိန်ရောက်ပါပြီ။ရဝမ်ဒါ၊ ဘော့စနီးယားနဲ့ ဆူဒန်မှာ လုံခြုံရေးကောင်စီက ကော်မရှင်ဖွဲ့ စုံစမ်းတာ လုပ်သလို မြန်မာနိုင်ငံမှာလည်း လုပ်ဖို့ အရေးကြီးပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ဆယ့်သုံးနှစ်ကြာနေခဲ့ပြီးပြီဖြစ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖက ကလိမ်စေ့ငြမ်းစင် ပုဒ်မတွေနဲ့ နောက်ထပ်ငါးနှစ်လောက်ထပ်ဖမ်းချုပ်ထားဖို့ မကြာတော့မယ့် အချိန်ကာတွင်းမှာပဲ အမိန့်ချလာနိုင်စရာ ရှိနေတယ်လို့ အစချီပြီး မစ္စတာပင်ညှဲရိုးက နအဖ စစ်အစိုးရကို လုံခြုံရေးကောင်စီကနေ စုံစမ်းရေးကော်မရှင်တခုဖွဲ့ပြီး လူမဆန်တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်း စစ်ဆေးဖို့၊ ခုချိန်ထိ ဘာမှ အရေးယူမခံရသေးတာကို စုံစမ်းစစ်ဆေးဖို့International Herald Tribuneသတင်းစာထဲမှာ ရေးသားလိုက်ပါတယ်။မစ္စတာ ပင်ညှဲရိုး ပြောတာက မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ်နဲ့ ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလတလျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နှစ်ထောင်ကျော်လောက်ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် အစိုးရက အမြဲတမ်းငြင်းပယ်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကမှ သူ့ရဲ့ အကျဉ်းကျခံနေရတဲ့ အဖြစ်ကို ကမ္ဘာက သိပါသေးတယ်။ဒါပေမယ့် တဖက်မှာ တတိုင်းပြည်လုံးရဲ့ သုံးပုံတပုံလောက်ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေ နအဖစစ်တပ်ရဲ့ လုပ်ရပ်တွေကို ခါးစီးခံနေရတာတွေကိုတော့ ကမ္ဘာက မသိကြတာတွေဖြစ်နေပါတယ်။နအဖစစ်တပ်ဟာ တိုင်းရင်းသားလူမျိုးစုတွေကို ဦးကျိုးသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျေးရွာပေါင်း သုံးထောင့်သုံးရာကျော်ကို စနစ်တကျ ဖျက်ဆီးခဲ့တယ်၊ ကလေးစစ်သားတွေ မကြာခဏသုံးတယ်၊ လူတွေကိုမိုင်းရှင်းခိုင်းတယ်၊ နောက်ရွာသူရွာသားတွေကိုလည်း ပေါ်တာဆွဲတယ်အစိုးရ ကိုယ်တိုင်က ဒီလိုလုပ်ရပ်တွေ လုပ်တဲ့လူတွေကို တမင်သက်သက်အရေးမယူတဲ့ပေါ်လစီကို ကိုင်ထားတော့ အောက်က စစ်သားတွေဟာ ရွာတွေဝင် မုဒိမ်းကျင့်၊ ခိုးဆိုးလုယက် သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတာဖြစ်ပါတယ်။ကျနော့်ကို ပြန်ပြောပြချက်တခုမှာ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလတုံးက နအဖ စစ်သားတွေက ကရင်ရွာတရွာကိုဝင်ပြီး အသက် ၇နှစ်အရွယ် ကလေးလေးကို မုဒိမ်းကျင့် သတ်ပစ်ခဲ့တယ်ဆိုတာ ပါဝင်ခဲ့ပါတယ်။အဲ့ဒီစစ်သားကို သူ့အထက် အရာရှိတွေက အရေးမယူတဲ့အပြင် ကလေးမိဘတွေကို တိုင်ရင် သတ်မယ်လို့တောင် ခြိမ်းခြောက်ပါတယ်။နောက် ၂ဝဝ၂ ခုနှစ်တုံးကလည်း ရှမ်းပြည်မှာ အမျိုးသမီး ၆၂၅ ယောက်ကို နအဖစစ်သားတွေက စနစ်တကျ မုဒိမ်းကျင့်တဲ့ သတင်းတွေ ရှိပါတယ်။ဒီလုပ်ရပ်တွေအတွက် ဘယ်လူတယောက်ကိုမှ အရေးယူ ခုံရုံးတင်တာ မရှိပါဘူး။စစ်တပ်ရဲ့ လုပ်ရပ်တွေကို ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကော်မရှင်တို့မှာ ကျနော် မကြာခဏ တင်ပြခဲ့ပါတယ်။

ကျနော့် အရင် လူ့အခွင့်အရေး ကိုယ်စားလှယ်တွေလည်း မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် အကြိမ်ပေါင်းများစွာ သွားပြီး ကြိုးစားခဲ့ပါတယ်။
ဒီသံတမန်ရေးလမ်းကြောင်းနဲ့ ကြိုးစားမှုတွေက လမ်းဆုံးနေပါပြီ

ဒီကြိုးပမ်းမှုတွေရဲ့ ရည်မှန်းချက်တွေ ဘာမှ မရခဲ့ပါဘူး။မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆက်ရှိနေမှာ ထင်ရှားသလို ချိုးဖောက်သူတွေကိုလည်း နအဖရဲ့ တရားစီရင်ရေးစံနစ်က အပြစ်ပေးအရေးယူမှာ မဟုတ်ပါဘူး။ဒါကြောင့် လုံခြုံရေးကောင်စီကနေ ကော်မရှင်ဖွဲ့ပြီး မြန်မာပြည်က လူမဆန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချိန်ရောက်ပါပြီ။ရဝမ်ဒါ၊ ဘော့စနီးယားနဲ့ ဆူဒန်မှာ လုံခြုံရေးကောင်စီက ကော်မရှင်ဖွဲ့ စုံစမ်းတာ လုပ်သလို မြန်မာနိုင်ငံမှာလည်း လုပ်ဖို့ အရေးကြီးပါတယ်။ဒီလိုကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးရင် ပထမအချက်အနေနဲ့ နအဖကို သူကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖြေရှင်းချက်ပေးခိုင်းရာ ရောက်မယ်၊ နောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးမှာ တရားစွဲဆိုတာမျိုးထိ ဖြစ်ချင်လည်း ဖြစ်လာနိုင်မယ်။ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံထဲမှာ ရာဇဝတ်မှု ကျူးလွန်သူတွေ အရေးယူမခံရတဲ့ အစဉ်အလာကြီးကို ထုတ်ဖော်ရာရောက်မယ်။နောက်ဆုံးအချက်အနေနဲ့ မြန်မာနိုင်ငံထဲမှာ နောက်ထပ်လူမဆန်တဲ့ ရာဇဝတ်မှုတွေ ထပ်မဖြစ်အောင် ဟန့်တားရာ ရောက်မယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ပါမောက္ခ ပင်ညှဲရိုးက အကြံပြုထားပါတယ်။
ဘီဘီစီမှ ကူးယူဖေါ်ပြပါသည်

0 အကြံပြုခြင်း: