Thursday, December 25, 2008

25122008သတင်း

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။- 25 December 2008 News


(၂၀၀၉) ခုနှစ် ပြက္ခဒိန်။

ဗိုလ်ချုပ်မှူးကြီးမြေးကို ထိုင်ကန်တော့တောင်းပန်ခဲ့ရ

Thursday, 25 December 2008 14:48 ရိုးမ ၃
နအဖစစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာ မကျေနပ်သဖြင့် နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကို ကျေနပ်သည်အထိ ကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည် စင်္ကာပူတွင် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့ တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အခမ်းအနားတခုတွင် တွေ့ရသည့် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် (အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူ)
“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့ သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကို ဖိုးလပြည့်နဲ့ သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေးအိမ်ကို သွားပြီး ခဲနဲ့ပေါက်တာ၊ အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကို သွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။

ထိုည (၁) နာရီ မိနစ် (၂၀) ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီး တံခါးဖွင့်ရန် ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများက တံခါးဖွင့်ပေးလိုက်ရသည်။

“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့ ဖွင့်ပေးလိုက်ရတာ၊ အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကို အမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကို မထုတ်ပေးရင် ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကို ခြိမ်းခြောက်တော့ ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟု ဆက်ပြောသည်။

ဖိုးလပြည့်နှင့်အတူ လုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့် အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့ တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင် စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အိမ်နီးချင်းက ဆက်ပြောသည်။

“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်က သူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီး ထိုင်ကန်တော့ပြီး တောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်က အဲဒီအိမ်ကို ခဲနဲ့ ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကို သက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံ ကမာရွတ်စခန်းက အခုချိန်ထိ အမှုမဖွင့်ပေးဘူး”ဟု ဆက်လက်ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးမီကလည်း စစ်တက္ကသိုလ် ဗိုလ်လောင်းကျောင်းဆင်းပွဲတခုသို့ ဇနီးသားသမီးများအား ခေါ်ဆောင်သွားခဲ့ပြီး စစ်ဗိုလ်ချုပ်များနေရာနှင့် ထူးခြားစွာ နေရာချထားရာ မြေးဖြစ်သူ ဖိုးလပြည့်ပါ ပါဝင်ခဲ့ခြင်းကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။

ကျောထောက် နောက်ခံပြဿနာ

ကျွန်တော်အသက် အခု ၂၆ နှစ်ပြည့်ခဲ့ပါပြီ။လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကဆိုရင်
ကျွန်တော်က အသက် ၆ နှစ်သား သူငယ်တန်းပေါ့။ မှတ်မိကြမှာပါ။ ၁၉၈၈
အရေးတော်ပုံကြီးဖြစ်ခဲ့တာ။
အဲဒီတုန်းက ကျောင်းမှန်သမျှ ထွက်ပြီးဆန္ဒပြခဲ့ကြတဲ့အထဲမှာ ကျွန်တော်တို
့ကျောင်းလည်း ပါခဲ့ပါတယ်။ ကျွန်တော်တို့ကျောင်း တကျောင်းလုံးထွက်ပြီး
ဆန္ဒပြကြပြီဆိုတော့ ကျွန်တော်တို့ သူငယ်တန်းက ရှေ့ ဆုံးက ချီတက်ခဲ့ကြတာ။
လူတွေဆို လက်ခုပ်သံ တဖျောင်း ဖျောင်းပေါ့ ။တွေးလိုက်တိုင်း အဲဒီတုံးက
လက်ခုပ်သံတွေ ခုထိနားထဲ ကြားနေတုန်း။
အဲဒီနောက်တော့ စစ်တပ်က အာဏာသိမ်းလိုက်တာ ဆန္ဒပြပွဲတွေ ရပ်သွားလိုက်တာ
ကျွန်တော်အသက် ၂၅ နှစ်ရောက်တဲ့ ပြီးခဲ့တဲ့ နှစ်က ၂၀၀၇ စက်တင် ဘာမှာ
ရွှေဝါရောင်တော်လှန်ရေးကြီးဆိုတာ ပြန် ကြုံရပြန်ရော။
ဘယ်နေမှာလဲ. ကျွန်တော်လဲ ပြန်ပါတာပေါ့၊ ရဟန်းတော်တွေကို ဘေးက လုံခြုံရေး
လုပ်ရင်း လိုအပ်တဲ့ ဝေယာဝစ္စ ဆောင်ရွက်ပေးရင်းပေါ့။ ဒီရွှေဝါရောင် တော်လှန်ရေးလဲ
စစ်တပ်က လက်သံ ပြောင်ပြောင် နှိပ်ကွပ်လိုက်ပြန်လို့ နစ်နစ်မှုများစွာတွေနဲ့ 
ရပ်တန့် လိုက်ရပြန်ပါတယ်။
အခုရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ချိန်မှာ စစ်တပ်က ကာကွယ်ရေးလုပ်တဲ့ အနေနဲ့
ထောင် ထဲက အချုပ်သား ရဟန်းတော်တော်တွေကို ထောင် ဒဏ်အပြစ်တွေ စတင် အပြစ်ပေးပြ။
ပြီးတော့ စာသင်တိုက် တွေဘေးမှာ ရဲ၊ကြံ့ဖွတ်။ထောက်လှန်းရေး၊ မီးသတ်စတဲ့
အင်အားတွေနဲ့ နည်း မျိုးစုံ အကြောင်း ပြပြီး လုံခြုံရေးတွေချ၊ စောင့်ကြည့်၊
ဝင်ရောက်ရှာဖွေတာတွေ လုပ်နေကြပါ တယ်။
ပြည်တွင်းအား ပြည်တွင်းမှာရှိတယ်။ ကိုယ့်ပြည်တွင်းပြဿနာ ကိုယ်ရှင်းဖို့ အဓိက
ဆိုတဲ့ မူနဲ့ လုပ် လိုက်တာ နစ်နာမှုတွေ အရမ်းများနေပြီ။ ပြည်ပက အင်အားကြီး
အခိုင်အမာ အကူအညီမပါရင် နအဖက နိုင်ငံရေးသမား မှန်သမျှ ကြက်ကလေး၊ ငှက် ကလေး
ဖမ်းသလို လွယ်လွယ်လေး လုပ်ချင်တိုင်း လုပ်နေတာ ကြာလေ လုံးပါး ပါးလေဖြစ်တာ
ဘယ်သူမှ မငြင်းနိုင်တဲ့ ဖြစ်ပါ။

ကျွန်တော်တို့ အိမ်မှာနဲ့  ဆွေမျိုးတွေထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး
ထောင်ထဲရောက်တာ။ ရဲစခန်း၊ ထောက်လှမ်းရေး ရောက်ခဲ့တာ ရေအိုးနဲ့ ရေမှုတ်လို
ဖြစ်နေခဲ့ပါပြီ။ ခက်တာက ကျွန်တော် နားမလည်တာကို ဖြေပေးစေချင်လို့ ကျွန်တော် အခု
စာရေးပို့လိုက်တာပဲ။ အဲဒါက ကျွန်တော့ အဖေကိုမေးရင် အရိုက်ခံရတယ်။ အကိုတွေ၊
ဦးလေးတွေ မေးရင် မင်း အလုပ်လားတဲ့။
နိုင်ငံရေးထောင်မင်းသားကြီး ကျွန်တော့် အဘကို မေးမိပြန်တော့ မင်းမသိရင်အသာနေ
ငါ့သမိုင်းကို မဖျက်ချင်နဲ့ တဲ့၊ အပြောခံရတယ်။ ကျွန်တော်မေးတဲ့ မေးခွန်းလေးကို
ဖြေနိုင်ရင်ဖြေပေးစေချင်လို့ အရဲစွန့် ရေးလိုက်တာက။
ကျွန်တော့ မေးခွန်းက "နအဖ စစ်အစိုးရက ရုရှား တရုတ်နဲ့ အာဏာရှင်နိုင်ငံသမျှကို
ဆက်သွယ်ပြီး ရသမျှအကုအညီအကုန်ယူတယ်၊ အဲဒီအကူအညီတွေနဲ့ ပြည်သူတွေ နှိပ်ကွပ်တယ်။
နိုင်ငံရေး လှုပ်ရှားသူမှန်သမျှ မြေလှန် အမြစ်ဖြိုတယ်။အနောက်နိုင်ငံ
မှန်သမျှနဲ့ အမေရိကန် ၊အင်္ဂလန်ကို ဆန့် ကျင်တယ်။
ဒီအချိန်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ နိုင်ငံရေးသမားအများစုကလဲ
အနောက်နိုင်ငံတွေကို "နီရိုကိုလိုနီ-ခေတ်သစ် အရင်းရှင်နယ်ချဲ့"တဲ့။ အမေရိကန်
ကြ တော့ "ကမ္ဘာ့ချီးထုပ်ကြီး၊ အမြတ်ကြီးစား ၀ါးမြိုချင်နေတဲ့
စီးပွါးရေးသရဲကြီးတဲ့။" သူတို့ လာရင် နအဖနဲ့  တွဲတိုက်ပြီး အသေခံလိုက်မယ် တဲ့။
ကိုယ့် ပြဿနာ ကိုယ်ရှင်းမှဖြစ်မှာတဲ့။ ကိုင်း ဒီတော့ ရုရှားနဲ့ တရုတ်
ပါဝါတုယှဉ်နိုင်မယ့် နိုင်ငံကိုမှ ကျောထောက်နောက်ခံ အခိုင်အမာ မရှာရင်
တခြားဘယ်နိုင်ငံကို အခိုင် အမာထောက်ခံမှုနဲ့ နအဖကို ပြန်အန်တုမှာကြမှာလဲ၊ နအဖနဲ
့အပြိုင် တရုတ်နဲ့ ရုရှားကိုပဲ အတိုက်အခံတွေက အားကိုးပြီး ဒီမိုကရေစီအောင်ပွဲဆီ
ဖော် ဆောင်ကြ-သွားကြ-ချီတက်ကြမှာလား"


ကိုင်း ဖြေပေးနိုင်ရင် ကျွန်တော် သိချင်တာလေး ကူညီပေးပါခင်ဗျာ။
သိချင်လွန်းလို့ပါ။



စောင့်မျှော်လျှက်


တိုးဝင်းနိုင်( ပခုက္ကူ)


မြန်မာ့အရေးလှုပ်ရှားမှု့  ပြဿနာများ

မလုပ်တာနဲ့  စာလျှင် လုပ်တာကပိုကောင်းတယ်ဆိုတဲ့ အယူအဆသည်
လုံးဝမှားယွင်းသော အယူအဆဖြစ်သည်။ No news is good news နှင့် "
ထိုင်နေရင်အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ " ဆိုတဲ့
သဘောတရားများကိုလည်းနားလည်ဖို့ လိုပါတယ်။ ဘာမှ မလုပ်ဘဲ နေရမှာလား ဆိုတဲ့
ခတ်တုံးတုံး အမေးမျိုးလည်း မေးတတ်ကြပါတယ်။ ဟုတ်ပြီ၊ အလုပ်လုပ်သည်၊
လှုပ်ရှားကြသည်ဆိုတဲ့အခါမှာ ကိုယ်လုပ်တဲ့ လှုပ်ရှားမှု့ ဟာ လူထု အတွက်
အကျိုးဖြစ်မလား၊ အဆိုးဖြစ်မလားဆိုတာ ပထမဆုံး ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။
အကျိုးရှိသည်ဆိုဦးတော့ ရေတိုသာဖြစ်ပြီး ရေရှည်မှာ
အဆိုးဖြစ်လာနိုင်သာလားဆိုတာလည်း ထည့်သွင်းတွက်ချက်ရပါ့မယ်။
တပွဲတိုးအတွေးအခေါ်လောက်နဲ့  နိုင်ငံရေးလှုပ်ရှားမှု့ မလုပ်သင့်ပါ။ ဒါကြောင့်
ရေတို၊ ရေရှည် အကျိုးအမြတ်ရှိမည့် လှုပ်ရှားမှု့ မျိုးကိုသာ စနစ်တကျစီစဉ်ပြီး
လုပ်သင့်ပါတယ်။


အကျိုးအမြတ်ဆိုတာကကော ဘယ်သူ့ အတွက်လည်း မိမိအတွက်၊ မိမိနှင့်
အပေါင်းအပါတို့ အတွက် အဖွဲ့ အစည်းနဲ့ ပါတီအတွက်ဆိုရင် မှားပါလိမ့် မည်။
နိုင်ငံရေးလှုပ်ရှားမှု့ တိုင်းသည် နိုင်ငံတော်အတွက် (တနည်းအားဖြင့်) ပြည်သူလူထု
အတွက်သာဖြစ်ရပါလိမ့်မည်။ တချို့ ကဆိုကြပါသည်.. နိုင်ငံရေးလှုပ်ရှားမှုများ
အဆက်မပြတ်လုပ်ပေးရမည်တဲ့။ ဒါလည်းမှားပါသည်။ လှုပ်ရှားမှု့ဆိုတာ အခြေအနေ၊
အချိန်အခါနှင့်ကိုက်ညီပြီး ပြည်သူအတွက် အကျိုးအမြတ်ရှိမှလုပ်ခြင်းသာ
မှန်ကန်ပါသည်။ ဒီလိုဖြစ်ရန် ဆန္ဒစွဲ၊ အတ္တစွဲ၊ ပါတီစွဲတွေ ကင်းရှင်းဖို့အဓိက
ဖြစ်ပါသည်။


ဒီနေရာမှာ မြတ်ဗုဒ္ဓ၏ နု မှာ ငါးရာနိပါတ်တော်ထဲမှ ငါးသုံးကောင်ဇာတ်လမ်းကို
တင်ပြချင်ပါတယ်။ တံငါသည်တဦးက ငါးသုံးကောင်ကို ဖမ်းမိပြီး
လှေဝမ်းထဲမှာထည့်ထားလိုက်ပါတယ်။ ငါးသုံးကောင်ထဲမှ ပထမ ငါးတကောင်က
လှေဝမ်းထဲမှလွတ်မြောက်အောင် ဝီရိယကြီးစွာနဲ့ တဖြတ်ဖြတ် ခုန်ထွက်နေတယ်။ ဒီတော့
တံငါသည်က လှော်တက်နဲ့ ထုပြီးသတ်လိုက်တယ်။ ဒုတိယ ငါးကတော့
ကံကောင်းရင်လွတ်မှာပဲဆိုပြီး အိပ်လို့ သာနေပါ တယ်။ တတိယ ငါးကတော့ ပညာဥာဏ်နဲ့ 
သုံးသပ်ပြီး၊ လှေအစောင်းမှာ တအားကုန် ခုန်လိုက်တာ လွတ်မြောက်သွားပါတယ်။
ဒီဇာတ်တော်ရဲ့ နမူနာ အတိုင်းဆိုရင် တတိယငါးလို အခြေအနေ၊ အချိန်အခါနဲ့ 
အကျိုးအမြတ်ကို ကြည့်ပြီး လှုပ်ရှားဖို့ ပါပဲ။ သူများ ပရီပိုဇယ်ကိုယူပြီး
အချက်အလက်တွေတင်ပြဖို့ အမြဲမပြတ် လှုပ်ရှားမှု့ တွေပြုပေးနေရတဲ့ အဖြစ်မျိုးကို
ကြုံတွေ့ နေရသူတွေကတော့ တံငါသည်ရဲ့ လှော်တက်စာဖြစ်ကုန်တာပါပဲ။ သို့ သော်
ထူးခြားချက်က လှော်တက်စာဖြစ်သွားတဲ့ အထဲမှာ ပြည်ပရောက်နေသူများမပါကြပါဘူး။
နေမြဲ၊ စားမြဲပါ။ ပြည်တွင်းကလှုပ်ရှားသူများကသာ အစဉ်အမြဲ
လှော်တက်စာမိနေကြရတာပါ။ အနာခံမှအသာစံရတယ်၊ စွန့် မှ စားရတယ်ဆိုတာ အခြေအနေကို
ကြည့်ပြီး ဆုံးဖြတ်လုပ်ကိုင်ရတာမျိုးပါ။ အစဉ်အမြဲစွန့့် နေစရာ၊
အနာခံနေစရာမျိုးမဟုတ်ပါဘူး။


ပြည်ပတွင်နိုင်ငံရေးလှုပ်ရှားမှု့ များကို ပုံသဏ္ဍန်မျိုးစုံနှင့် တွေ
့ရပါတယ်။ ချီတက်လမ်းလျှောက်ခြင်း၊ သံရုံးများရှေ့ တွင် ဆိုင်းပုဒ်များကိုင်ကာ
တောင်းဆို၊ ကန့် ကွက်၊ ဆန္ဒပြကြခြင်း၊ ခရီးဝေးလမ်းလျှောက်၊ စက်ဘီးစီး၊
ဆုတောင်းပွဲ၊ လတ်မှတ်ထိုး၊ အစာငတ်ခံ စသည်ဖြင့်စုံလင်လှပါသည်။ ဖိုရမ်၊ ဝပ်ရှော့၊
စီမီနာ၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ လော်ဘီ၊ ဓါတ်ပုံပြ၊ ပန်းချီပြ၊
စာရွက်စာတမ်းဖြန့် ဝေ၊ ဖရောင်းတိုင်ထွန်း၊ တူညီဝတ်စုံဝတ် စသည်များနှင့်
များပြားလှသည့် လှုပ်ရှားမှု့ များပြုလုပ်ကြပါသည်။ လှုပ်ရှားမှု့ အားလုံးကို
ပြည်သူထံသို့  ရေဒီယိုမီဒီယာများ၊ ဝက်ဆိုဒ်များမှ အရောက်ပို့ ပေးနေကြ ပါတယ်။
ပြည်ပမှာရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူ မြန်မာပြည်သားများအတွက်
အားကောင်းချက်တွေ ရှိပါတယ်။ သက်ဆိုင်ရာနိုင်ငံ၏ ခွင့်ပြုချက်ဖြင့်
အသင်းအပင်းဖွဲ့ ခွင့်ရပါတယ်။ လွတ်လပ်တဲ့ ဆန္ဒပြခွင့်တွေပြောဆို
စည်းရုံးခွင့်တွေ၊ နိုင်ငံရေးလှုပ်ရှားခွင့်တွေ ရကြပါတယ်။ ဒီလိုလှုပ်ရှားမှု့ တွေ
အတွက် NGO များမှထောက်ပံ့ကြေးငွေတွေလည်း ရတတ်ကြပါတယ်။ ဒီအားသာချက်တွေအပေါ်မှာ
နှစ်ပေါင်းနှစ်ဆယ်လောက် လှုပ်ရှားမှု့ တွေ လုပ်ခဲ့ကြပြီးပါပြီ။ လူထုအတွက်ဘယ်လောက်
အကျိုးအမြတ်တွေဖြစ်ထွန်းနေကြပြီလဲ။ လှုပ်ရှားခဲ့တဲ့ပွဲပေါင်း၊ အချိန်၊ ကုန်ကျငွေ
ဒါတွေနဲ့  လူထုအတွက်ရမယ့် အကျိုး အမြတ်ကို နိုင်းယှဉ်တိုင်းတာကြည့်ဖို့ 
လိုအပ်ပါတယ်။


ဒီနေရာမှာ ပြည်ပရောက်အတိုက်အခံအင်အားစုတွေကို ဇောင်းပေးတင်ပြလိုပါသည်။
ဘုံရပ်တည်ချက် မရှိဘူးဆိုတာလည်း ဗူးပေါ်သလိုပေါ် နေပါတယ်။ ဒီမိုကရေစီရရှိရေး၊
စစ်အစိုးရပြုတ်ကျရေးဆိုတာလောက်နဲ့  မလုံလောက်ပါ။ ဒါ ဘုံရပ်တည်ချက်မဟုတ်ပါ။
နိုင်ငံရေးလူလည်ကြီးများနဲ့  ဘုမသိဘမသိတွေကလည်း ဒီအချိန်သည် တူတာတွဲလုပ်၊
မတူတာခွဲလုပ်ကြပါ။ အချင်းချင်း မဝေဖန်ပါနဲ့ ။ ရန်သူအားရစရာတွေ မလုပ်ဖို
့လိုပါတယ်လို့  ပြောနေကြပြန်ပါတယ်။ ဒီမိုကရေစီ၏ အနှစ်သာရသည် ရန်သူပဲဖြစ်ဖြစ်၊
မိတ်ဆွေပဲဖြစ်ဖြစ် မှားရင်မှားတဲ့အတိုင်း ဝေဖန်တာ၊ ထောက်ပြတာမျိုးကို
လက်ခံကျင့်သုံးတာပဲဖြစ်ပါတယ်။


ပြည်ပတွင်နိုင်ငံရေးလှုပ်ရှားမှု့ တိုင်းသည် ဒီမိုကရေစီရရှိရေးတို့ ၊
မြန်မာ့အရေးအဖြေရှာရေးတို့  စတဲ့ခေါင်းစဉ်တွေရဲ့အောက်ကနေပြီး လုပ်နေကြ တာမှို့ 
ဟုတ်သရောင်ရောင်ဖြစ်နေပါသည်။ အနှစ်သာရပိုင်းကိုစစ်လို့ လည်းမရ၊ ဆေးလို့ လည်းမရ
သူတဗိုလ်၊ ငါတမင်း လုပ်ချင်တိုင်း လုပ်လို့  ရနေကြ ပါသည်။ ဒီနေရာမှာ
ခွဲခွဲခြားခြားပြောဖို့ တော့ လိုပါသည်။ ပြည်သူတွေအတွက်အကျိုးရှိစေမယ့်
လှုပ်ရှားမှု့ မျိုးတွေကို ကိုယ်ကျိုးစွန့့် အနှစ်နာခံပြီး
ဦးဆောင်လုပ်ကိုင်နေသူများ၊ ပါဝင်အင်အားဖြည့်ဆောင်ရွက်နေသူများကိုတော့
အမှန်တကယ်လေးစား ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှု့ ကို
မိမိနှင့်မိမိတို့အပေါင်းအပါတစုအတွက်၊ အုပ်စုတခုအတွက်အသုံးချပြီး
အမြတ်ထုတ်နေသူများကိုတော့ ပြည်သူ့သစ္စာဖောက်များ၊ နိုင်ငံရေး ဖိုးတွမ်တိ
များအဖြစ် သတ်မှတ်ရှုံချရမှာ ဖြစ်ပါတယ်။ ထိုသူများကတော့ ကိုယ့်သမိုင်း
ကိုယ်ရေးတယ်ဆိုတဲ့ စကားကိုပြုံးပြုံးလေး ရင်ဆိုင်နေကြတဲ့ လူ့ ဂုဏ်သိက္ခာ ဆိုတာ
လုံးဝနားမလည်ကြသူများပင်ဖြစ်ပါတယ်။


နောက် နှစ်ပေါင်းငါးဆယ်၊ တစ်ရာလောက်ရှိခဲ့ရင် ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှ
ယနေ့ အထိသမိုင်းကာလကို ဘယ်လိုမှတ်တမ်းတင်ကြမလဲ။ မြန်မာ့ ဒီမိုကရေစီရေးအတွက်
မြန်မာ့သားကောင်းဇာနည်များ ပြည်ပကိုထွက်ပြီး ဘယ်လိုလှုပ်ရှားနေကြသလဲ။
အမှန်အတိုင်းသာမှတ်တမ်းတင်ကြလို့ ရှိရင် ရှက်စရာကောင်းတဲ့
မြန်မာ့သမိုင်းများဖြစ်သွားလေမလားလို့  စိုးရိမ်နေမိပါတယ်။


စစ်အစိုးရကို တိုက်ဖို့ နယ်စပ်ကိုထွက်ကြ၊ အဲဒီမှတဆင့်
တတိယနိုင်ငံများကိုရောက်ကြ၊ အချို့ လည်း ပတ်စပို့ တွေရပြီး နယ်စပ်မှာပြန်နေကြ
နယ်စပ်ဆိုတာလည်း သူများနိုင်ငံထဲမှာနေကြရ၊ အားလုံးကတော့
ပြည်ပရောက်ဟုဆိုနိုင်ပါတယ်။ ကံကောင်းတာက အဖွဲ့ တွေဖွဲ့ ကြီး ပရီပိုဇယ် ခေါ်
ထောက်ပံ့ကြေးငွေတွေကို နိုင်ငံခြား NGO တွေ၊ အဖွဲ့ အစည်းတွေဆီကရလိုက်ကြနဲ့ 
မြန်မာ့ပရီပိုဇယ် နိုင်ငံရေးကာလကြီးထဲကို ဖြတ်သန်းနေကြရပါပြီ။
ပရီပိုဇယ်နိုင်ငံရေး ဝဲဂယက်ထဲမှာ ရုန်းမထွက်နိုင်ကြတော့ဘဲ
စုံးစုံးမြုပ်ရတော့မည့် အခြေကို ဆိုက်နေကြပြီလားလို့  မေးစရာဖြစ်နေပါပြီ။ အခု
နောက်ဆုံးကြားရတဲ့ လှုပ်ရှားမှု့ ကတော့ န.အ.ဖ ကို ကုလသမဂ္ဂထဲက ဖယ်ထုတ်ရေးတဲ့
ပြီးတော့ သန်းရွှေတို့ ကို နိုင်ငံတကာ စစ်ခုံရုံးကို တင်ရေးတဲ့။
တော်တော်အရေးပါတဲ့ကိစ္စတွေကို ဆောင်ရွက်လှုပ်ရှားနေကြပါတယ်။ ပရီပိုဇယ်ဆိုတာကလည်း
တခုခုတော့ လုပ်နေဦးမှ၊ ရပ်နေလို့ မဖြစ်ဖူး၊ ဒီတော့ ပြည်သူ့ အတွက်အကျိုး
ရှိမရှိတွေ သိပ်စဉ်းစားနေလို့  မဖြစ်ဖူးပေါ့။ လှုပ်ရှားမှု့ တွေ မရပ်မနား
လုပ်နေကြရတော့မှာပေါ့။ ရှစ်ဆယ့်ရှစ်ရဲ့ နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားမှုသမိုင်း (ပြည်ပ) ကို ကြည့်ရင် " ပရီပိုဇယ် "
နိုင်ငံရေးသမိုင်းလို့ဆိုရပါလိမ့်မယ်။ " သူ့ ဆန်စားရဲမှ " ဆိုသလို သူ့ငွေကို
ယူရင်တော့ အမြဲပဲ လှုပ်ရှားမှု့ တွေ လုပ်နေရတော့မှာပါ။ ပြည်ပရောက်
မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု့ သည် ကံကောင်းသလား၊ ကံဆိုးသလားတော့ မပြော တတ်ပါ။
အဖွဲ့ တွေကြိုက်သလောက်ဖွဲ့ ရတယ်။ မူဝါဒစည်းမျဉ်း စည်းကမ်း၊ ရည်ရွယ်ချက်တွေ
ချမှတ်ကြရေးကြ၊ စာရွက်ပေါ်မှာ စံနစ်ကျဖို့ လိုတယ်။ အရေးကြီးတာက
ဗိုလ်လိုကောင်းကောင်းတတ်ဖို့အဓိကကျတယ်။ ပြီးရင် NGO တွေနဲ့ရအောင်ချိတ်၊
ပရီပိုဇယ်ရဖို့သေချာသလောက်ပါပဲ။ လက်နက်ကိုင် တိုက်ပွဲမှ လွဲလို့ ပေါ့။
ပရီပိုဇယ်တွေနဲ့  ကမ္ဘာ့ပတ်ပြီး လှုပ်ရှားကြတယ်။ နိုင်ငံတကာမှာလည်း လှုပ်ရှားမှု
့တွေလုပ်ကြတယ်။ ပြည်တွင်းမှာလည်း လုပ်ကြ တယ်။ ယနေ့ အဖြေဘယ်လိုထွက်နေပြီလဲ၊
အနှစ်နှစ်ဆယ် လှုပ်ရှားမှု့ တွေကို ကြည့်ပြီးဘယ်လောက်အောင်မြင်မှု့ ရှိပြီလဲလို့ 
မေးရင် ပြည်ပရောက် ပရီပိုဇယ် နိုင်ငံရေးခေါင်းဆောင်ကြီးများက " ကျွန်တော်ကတော့
အောင်မြင်တယ်လို့  ပြောနိုင်တယ်လို့ " အမြဲပဲ ပြောလေ့ရှိတယ်။ သူတို့ ဘယ်လိုပဲ
ပြောပြော ပြည်သူတွေသိပါတယ်။ သမိုင်းကစကားပြောပါလိမ့်မယ်။ နောက်ဆုံးတော့ "
ပြည်သူတွေသည် ကိုယ့်အောင်ပွဲကို ကိုယ်တိုင်မယူနိုင်လို့  တိုက်မယူရဲလို့ 
မလွတ်မြောက်တာပါ " ဆိုတဲ့ ကွန်မြူနစ်နဲ့ အာဏာရှင် ခေါင်းဆောင်ကြီးတွေရဲ့
သီအိုရီကြီးနဲ့ ပဲ ကိုယ့်ကိုယ့်ကို ကာကွယ်ပြောဆိုနေကြ ရတော့မည်
ဖြစ်ကြောင်းပါခင်ဗျား။


ဧရာအောင် (USA)

မြန်မာငရဲ

myanmarnaye


လူရှင်သင်းချိုင်းများအကြောင်း

Nay Lin 000


ကျုပ်သားငသန်းရွှေကို ဆုံးမပေးကြပါ..အရပ်ကတို့ ရေ…


ကိုးလလွယ်ဆယ်လမွေး.နို့ ချိုကြွေးထမင်းခွန့် 
အမေ့ရဲ့မေတ္တာ..မင်းပြန်မဆပ်တာအကြောင်းမဟုတ်။

မင်းကိုလူဖြစ်အောင်ကျွေး..ပညာရေးပေးခဲ့
အဖေ့ကျေးဇူး..မသိဘူးတာ..အရေးမဟုတ်။

ငယ်စဉ်ကိုယ်ရင်ဘ၀..ရွာဦးကျောင်းကဘဘုန်းကြီးရဲ့
သွန်သင်ကျေးဇူးမေ့လျော့ဘူးတာ..အထူုးဆန်းမဟုတ်။

ကြီးခါလေလေ..ပိုပိုမိုက်..ကိလေသာရဲ့အမှောင်တိုက်
အာဏာနဲ့ ..အဿပြာ..ရုးမိုက်စွာတက်မက်
သွေးစွန်းနေတဲ့မင်းရဲ့လက်..မာနထန်တဲ့မင်းမျက်ခွက်
“မောင်သန်းရွှေ “ အမည်ရ..အမေ့သား..
မရဏရဲ့ တံခါးဝနားမှာ...တံခါးခေါက်ဖို့ အချိန်ရောက်တောင်
သတိ.သစ္စာ..သမာဓိ ကိုမဆောင်နိုင်ဘဲ..ဆက်ဆက်ခါ..မိုက်မဲ..
ဒီ သံသရာထဲက..မင်း လွတ်ဖို့ ရယ်.တကယ်မလွယ်..

ဖူးမျှော်မာန်လျှော့..ထိခြင်းငါးပါးနဲ့ကန်တော့..
လောကရဲ့ဦးသျောင်.ဗုဒ္ဓရဲ့တန်ဆောင်..
သရဏဂုံမတည်တဲ့..လူုညစ်မိုက်..
ငါ့ဝမ်းကြာတိုက်ကထွက်ခဲ့တာ..ငါ့အသည်းနာ..၀မ်းရေစပ်
မင်းကိုယ်ထဲက ငါ့သွေး ရှိသမျှတွေ..ဖောက်ထုတ်စမ်းချင်..
နောင်..ဘယ်ဘ၀ရောက်ရောက်..မင်းနဲ့ အမျိုးမတော်စေချင်။

ဘုရားကိုစော်ကား..ပြက်လုံးများလုပ်ရယ်..
တရားကိုမထီ်.ကတိသစ္စာမတည်တဲ့လူသား
သံဃာကိုဂိုဏ်းခွဲ..ညှင်းပမ်းရဲတဲ့ယောက်ျား..
ထွီ..ရွံ့ ရှာသွား…ဝေးဝေးသွား...ဝေးဝေးသွား...
မင်းဟာ..ငါတို့ သားမဟုတ်..
မာရ်နတ်မင်းရဲ့..နိမိတ်ပုံရုပ်
ထထိုင်နေတဲ့ ဘီလူးငုတ်တုတ်
အယုတ်တကာ..ထိပ်ခေါင်..
မွေးမေ့ အသည်းနာစေခဲ့..ခွေးကောင်..

လူမျိုးမြိုမှ လူမျိုးပြုတ်..
သာသနာ.ဘာသာကိုချိုးဖြုတ်..
ဒီဂုဏ်ယုတ်နဲ့ ကျမသား..ရှက်လွန်းအားကြီးလှပါချည့်
ဒီအတိုင်းမကြည့်ထားနဲ့အရပ်ကတို့ ရေ..
သားသမီးမကောင်းရင်မိဘခေါင်း..
ကျမတို့ဟာ..မိဘကောင်း..
မွေးထားတဲ့ သားမိုက်ကို..လက်နဲ့သတ်ပစ်ချင်ညား
မလုပ်ရက်အားနိုင်တာမို့ ..
အရပ်ကောင်းရင်အလောင်းလှ..
ဒင်းကိုသာ..အ၀ီဇိငရဲ ကိုဆွဲဘဲချ ကြပါတော့..
ကျမတို့ အပြစ်မမြင်..ကျေးဇူးဥပေကာရတင်.
သာဓုသာခေါ်လိုက်ချင်။