
SINGAPORE - JANUARY 30: President of Myanmar Thien Sein waits to meet Singapore Prime Minister Lee Hsien Loong at the Istana on January 30, 2012 in Singapore. President Thien Sein is on a three-day visit to Singapore. Mr Thien Sein is Myanmar's first civilian president after years of military rule. (Photo by Chris McGrath/Getty Images) 2012 Getty Images
စင်ကာပူဝန်ကြီးချူပ်ကို တွေ့ ဖို့  အခန်းထဲမှာ ထိုင်စောင့်နေရတဲ့ မြန်မာသမ္မတ

Nik Nayman facebook
Monday, January 30, 2012
ထိုင်ရတာညောင်းလို့
ဒီလိုလည်းငိုခဲ့တယ်
တရားရုံးချုပ် ရှေ့နေ မောင်ကိုနီ ၏ " လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးကြမလဲ " စာအုပ် မိတ်ဆက်ပွဲနှင့် လှူဒါန်းပွဲ အခမ်းအနား
The Voice Weekly
ပြည်သူ့ခေတ် ဂျာနယ်က စီစဉ်သည့် တရားရုံးချုပ် ရှေ့နေ မောင်ကိုနီ ၏ " လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးကြမလဲ " စာအုပ် မိတ်ဆက်ပွဲနှင့် လှူဒါန်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။



ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ - သို့ အိတ်ဖွင့်ပေးစာ။

၁။ ယနေ့(၃၀-၁-၂၀၁၂)ထုတ်ကြေးမုံသီတင
၂။ လက်တွေ့တွင် နံပါတ်ပြားကျပြီး ကညနတွင် သက်တမ်းတိုးလိုင်စင်ဝင်နေဆဲ(၈ဆ/
၃။ အဆိုပါနံပါတ်ကျပြီးသက်တမ်းတိုးက
၎။ သို့ဖြစ်ပါ၍ အဆိုပါ တရားဝင်လိုင်စင်နံပါတ်ကျပြီးသက်
By: Tint San Tun
နို့ဖိုး၊ မျိုးမင်းအောင်နှင့် စိန့်ဖရန့်စစ်က အကြွေစေ့ကလေးတွေ
Posted by admin on January 30, 2012
စာဖတ်နေတုန်း ဖုံးမြည်လာ၏။ ကြည့်လိုက်တော့ အီလီနွိုင်းပြည်နယ်ကဖုံး။ နံပတ်က မသိသည့်နံပတ်။ ကြော်ညာတွေပဲ နေမှာပါ ထင်ပြီး စာဆက်ဖတ်နေမိ၏။ ၂ မိနစ်လောက်နေတော့ နောက်တကြိမ်ထပ်မြည်လာပြန်၏။ ကြော်ညာဆိုရင် ဒီ လောက်ချက်ခြင်းမြန်မြန် ပြန် မခေါ်တတ်။ တခုခုပဲဆိုကာ ကောက်ကိုင်လိုက်၏။ မိန်းကလေးတယောက်အသံ။ သူ့နံမည် ရတီ ဖြစ်ကြောင်းနှင့် ဘယ်ကပါဆိုသည်ကို ပြောပြီး နေ့သစ်ဝက်ဘ်ဆိုက်တွင် တင်ထားသည့် ကျနော့် ဆောင်းပါးများ ဖတ်ပြီး စိတ်မကောင်းဖြစ်မိသလို နို့ဖိုးဒုက္ခသည်စခန်းက ကျောင်းကလေးကို ကူညီချင်စိတ်လည်းဖြစ်မိကြောင်း တဆက် တည်းပြောလာ၏။ ဤတွင် ဤစာရေးရန် အတွေးပေါ်၏။

တကယ်တော့ ရတီ ၏ ချက်မြုတ်က မြန်မာပြည်။ ရတီ ၄ နှစ်သမီးတွင် ဖေဖေကွယ်လွန်၏။ သို့ဖြင့်ဖေ့ဖေ့နေရာ မေမေက အစားထိုးကာ စီးပွားရေးအတွက် ထိုင်းတွင်စအခြေချ၏။ ထိုအချိန်မှစပြီး မေမေနှင့်ရတီ ကာလအတန်ကြာ ခွဲခွဲခွာခွာနေ ခဲ့ရ၏။ ရတီ ၅ တန်းဖြေအပြီး၊ ၁၁ နှစ်သမီးရောက်တော့ မေမေလှမ်းခေါ်သဖြင့် ရတီနှင့်ဖွားဖွား ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့ကလေးကို ရောက်လာ၏။ မေမေက သူကျွမ်းကျင်သည့် အရောင်းအဝယ်လုပ်ငန်း လုပ်သည်မှန်သော်လည်း ရတီက ကလေးပီပီ သိတ်စိတ်မဝင်စား။ မေမေသည် ဘဝတလျှောက်လုံး ရတီ့အား ပူပန်ကြောင့်ကြကင်းကင်း ထားနိုင်ခဲ့ သည့်အတွက် ဘဝဆိုသည်မှာရတီ့အတွက် အေးအေး ငြိမ်းငြိမ်းဟုသာ အနက်ထွက်ရ၏။ ဘဝတွင် ပူပင်ငြိမ်းသည်မှန် သော်လည်း မဲဆောက်သည် ပျင်းစရာဟု ရတီကထင်၏။ မဲဆောက်နေရင်း ကျောင်းနေဖက်သူငယ်ချင်းတွေကို လွမ်းမိ ၏။ သည်လိုနှင့် တနှစ်လောက်ကြာတော့ အမေရိကားကိုရောက်နေသည့် ဦးလေးနှင့် အဆက် အသွယ်ပြန်ရပြီး သူက “လာခဲ့ပါလား” ဟု လှမ်းခေါ်သဖြင့် ဒုက္ခသည်လျှောက်ပြီး ရတီ၊ မေမေနှင့်ဖွားဖွားတို့ ၃ ဦးသား နို့ဖိုးဒုက္ခသည်စခန်းကို ဝင် ခဲ့ကြ၏။
ကမ့်ထဲရောက်တော့ မေမေက ရတီ့ကိုကျောင်းပို့၏။ သူငယ်ချင်းသစ်တွေရ၍ ပျော်တာမှန်သော်လည်း ရတီ ကျောင်းမ တက်ချင်တော့။ ကျောင်းနှင့်နည်းနည်းဝေးခဲ့ရလို့လား မပြောတတ်။ ကျောင်းတက်ရမှာ ပျင်းသွား၏။ နောက်တချက်က ဘာသာစကားအခက်အခဲ။ ရတီက ကရင်စကား မတတ်။ သူငယ်ချင်းတွေ အများစုက ကရင်ကလေးတွေချည်း။ သူတို့ စကားကို ကိုယ်မတတ်တော့ သူတို့နဲ့ဝင်ရောပြီး ပျော်ရတာလည်း အရသာမရှိသလို ဖြစ်နေပြန်၏။ ၂ လ လောက်တက်ပြီး ဆက်မတက်ဖြစ်တော့။ မေမေက ဘာမှမပြောသော်လည်း သိတ်ကြိုက်ပုံမရ။ သို့သော် နေ့တိုင်း အိမ်သုံးဖို့ရေသွားခပ် ရင်း ကျောင်းလေးနားကဖြတ်ရတိုင်း၊ သူငယ်ချင်းတွေအသံကြားရတိုင်း၊ ကျောင်းခန်းလေးထဲ ပြေးပြေးဝင်ချင်စိတ်က တ ဖွားဖွား။ စာသင်ချင်လို့တော့ မဟုတ်။ သူတို့နှင့်အတူ ပြေးလွှားပျော်ပါးကစားချင်၍သာ။ ကမ့်ထဲမှာနေခဲ့သည့် ၂ နှစ် တာ ကာလသည် ရတီ့အတွက် ပျော်စရာအထိုက်အလျှောက် ရှိသည်မှန်သော်လည်း နေတော့မနေချင်လှ။ သို့သော်မတတ်နိုင်။
နောက်တော့ ရတီတို့ ၃ ယောက် ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် အမေရိကားသို့ ရောက်လာ၏။ ရောက်ပြီး ချက်ခြင်းဆိုသလိုပင် ရတီ့ကိုလည်း ကျောင်းအပ်၏။ ဒီမှာက အသစ်ရောက်လာသည့် ကလေးများအား အသက်ကိုလိုက်ပြီး အတန်းသတ်မှတ်တော့ ရတီ ၈ တန်းက စတက်ရ၏။ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုပဲ သင်တာ ဖြစ်တော့ စိတ်ကညစ်ရပြန်သည်။ နဂိုကမှ ကျောင်းနေပျင်းသည့်ရတီ၊ အင်္ဂလိပ်စာမတတ်ခဲ့သည့် ရတီ ခုတော့ သူမပျော် သည့်ကျောင်းနှင့် သူမတတ်သည့်ဘာသာစကားနှင့်မှ တည့်တည့် တိုးတော့၏။ သို့သော် “ဒီနိုင်ငံနေရင် ဒီစာ၊ ဒီစကား တတ်မှရမယ်၊ ဒီပညာသင်မှ ဖြစ်မယ်” ဆိုသည့် ဘဝပေးအသိက ရတီ့၏ ကျောင်းပျင်းစိတ် ကို အနိုင်ယူသွား၏။ သူများ တွေထက် ၂ ဆ ၃ ဆ ပိုပြီးကြိုးစား၏။ ကြိုးစားသည့်ကြားမှ ပညာရေးအဆင့်မမီသေးဟုဆိုကာ ၉ တန်းကို ၂ ခါ ပြန် တက်ရ၏။ သို့သော် စိတ်မပျက်ခဲ့။ ကြိုးစားမြဲကြိုးစားသာနေခဲ့၏။ “ငါ ဒုက္ခသည်စခန်းမှာနေခဲ့တုန်းက ကျောင်းတက်ဖြစ်ခဲ့ ရင် ခုလောက် အခက်တွေ့မှာမဟုတ်၊ အလကားသက်သက် ၂ နှစ်ကြီးတောင် အချိန်ဖြုန်းသလိုဖြစ်သွားပါလား”ဟု တွေး မိပြီး နောင်တလည်းရ၏။ နောက်တော့ အင်္ဂလိပ်လိုလည်း အထိုက်အလျှောက်ပြောတတ်လာ၊ စာလည်းလိုက်မီလာ၊ သူ တို့အထာကိုလည်းသိလာ၊ နိုင်ငံတကာက သူငယ်ချင်း သစ်တွေလည်းရလာဆိုတော့ ကျောင်းမှာပျော်လာ၏။ စာသင်ခန်း ကို တမ်းတမ်းတတဖြစ်လာ၏။
နောက်တော့ “နူးယော့ခ်စီးတီးမှာနေရတာ စရိတ်စားခတွေကြီးလို့” ဆိုပြီး မေမေက ပြည်နယ်ပြောင်း၍၊ အလုပ်သစ်ရှာ မည်ဆိုကာ အီလီနွိုင်း ပြည်နယ်က Loves Park ဆိုသည့် မြို့ကလေးကိုရွှေ့လာကြ၏။ ကျောင်းပြောင်းမြို့ပြောင်းဆိုတော့ ဝန်းကျင်နှင့်သူငယ်ချင်းတွေက အသစ်။ မြို့ကလေးက သေးတာမှန်သော်လည်း ဘယ်လည်လို့ ဘယ်ပတ်ရမှန်းမသိ။ အဆိုးဆုံးက သည်မြို့တွင် မြန်မာပြည်သားတယောက်မျှ မရှိ။ နာရီဝက်ခန့်မောင်းလျှင်ရောက်သည့် အနားကမြို့ကလေး တခုမှာတော့ မြန်မာပြည်သားတချို့ ရှိသည်ဟုသိ၏။ သို့သော် သွားမလည်အား။ အမေ တခု သမီးတခုဆိုတော့ တခါ တခါ နည်းနည်းပျင်းသလိုလို။ သည်မြို့လေးရောက်ပြီးသိတ်မကြာလိုက်။ မေမေ သူများဆူရှီးဆိုင်မှာ အလုပ်သင်အလုပ် သမားအဖြစ် စဝင်လိုက်၏။
တလလောက်ကြာတော့ မေမေလည်း ဆူရှီးကောင်းကောင်း လိပ်တတ်သွားပြီ။ မောလ်ကြီး တခုနားက စတိုးဆိုင်တဆိုင် တွင် အခန်းတခန်းယူပြီး ကိုယ်ပိုင်ဆူရှီးဆိုင်ဖွင့်၏။ အလုပ်သမား မထား။ ရတီက ကျောင်းတက်။ ကျောင်းဖွင့်ရက်တွေက ဒီလောက်ကိစ္စမရှိ။ ကျောင်းပိတ်ရက်တွေကျတော့ တယောက်တည်းအိမ်မှာနေရတာကို ကြာတော့ပျင်းလာပြန်၏။ ဒါနှင့် မေမေ့ကို ဆိုင်မှာကူလုပ်ချင်တယ်ဆိုကာ နားပူနားဆာတိုက်၏။ ပထမတော့ မေမေက သဘောမတူ။ သဘောမကျ။ နောက်ဆုံး ပြောလွန်းမက ပြောဖန်များတော့မှ “လုပ်ချင်လည်းလုပ်ပေါ့၊ သမီးကို မေမေမုန့်ဖိုးအနေနဲ့ တရက်ကို ဒေါ်လာ ၃ဝ ပေးမယ်၊ ဒါပေမယ့် တပတ်ကို ကျောင်းပိတ်ရက် ၂ ရက်ပဲ ခွင့်ပြုမယ်” ဆိုကာ သဘောတူလိုက်၏။
ကျောင်းဖွင့်ရက်တွေမှာ ကျောင်းစာအိမ်စာနှင့်အိမ်အလုပ်များလုပ်ပြီး၊ ပိတ်ရက်တွေမှာ မေမေ့ဆိုင်မှာကူ၏။ စစခြင်း တောက်တိုမယ်ရ။ နောက်တော့ ဆူရှီးနည်းနည်းပါးပါး လိပ်တတ်လာ၏။ ပုံကျပန်းကျတော့ ခုထိမဖြစ်သေး။ သို့သော် အလုပ်လုပ်ရတာကို ပျော်နေ၏။ တပတ်ကို ကိုယ်ပိုင်ဝင်ငွေကလည်း ဒေါ်လာ ၆ဝ။ ကျောင်းပိတ်ရက်တွေအိမ်မှာထိုင်၊ တီ ဗီကြည့်၊ ဖုံးတလုံး ကွန်ပြူတာတလုံးနှင့် သူငယ်ချင်းတွေနဲ့ စကားပြောလိုက် လုပ်ချိန်တွေလည်း လျော့သွား၏။ ဆိုင်မှာ မေ့မေ့ကိုကူရင်း အပြင်က လူတွေကိုလည်း တွေ့နေမြင်နေရ၏။ ပျင်းစရာ သိတ်မရှိတော့။ အလုပ်တဘက်နှင့် ကျောင်းစာ လည်းမပျက်။ သည်လိုဆိုတော့ မေမေက ဘာမှမပြော။ ပြုံးပြုံးပြုံးပြုံး။ အလုပ်လုပ်နေပြီဆိုတာ ကမ့်ထဲမှာခင်ခဲ့သည့် သူ ငယ်ချင်း တွေကိုပြောပြတော့ အံ့သြကြ၏။
ခုထိတိုင်အောင် မေမေသည် ရတီ့အတွက်လိုလေသေးမရှိ ဖြည့်ဆည်းဆဲ။ ရတီလိုအပ်တာမှန်သမျှ ၂ ခါမပူဆာရ။ ဆို တော့ မေမေပေးသည့်လုပ်ခသည် ရတီ့အတွက် အပိုဝင်ငွေသက်သက်။ ထို့ကြောင့်ပင်ဖြစ်၏။ ပေးချင်ကမ်းချင် လှူချင် တန်းချင်စိတ်အခံလေးကြောင့် ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်ဝင်ငွေလေးနှင့် နိုင်သရွေ့ဝေမျှတော့၏။ ကျောင်းက ဘာကိစ္စ၊ ညာကိစ္စ၊ လူမှုရေး၊ အသင်းအပင်းအဖွဲ့အစည်းတွေအတွက် ရံပုံငွေ အလှူခံတိုင်း တခြားသူတွေ ၁ ဒေါ်လာ၊ ၂ ဒေါ်လာ။ ရတီက ၅ ဒေါ်လာ၊ ဆယ်ဒေါ်လာ ထည့်တတ်၏။ သည်တော့သူငယ်ချင်းတွေက ရတီ့ကို “နင်က ATM စက်လား” လို့ မထိတထိလေးတောင် ပြောတတ်ကြ၏။ ကိစ္စမရှိ။ ကိုယ့်လုပ်အားနှင့် ရှာထားသည့်ပိုက်ဆံကို လိုအပ်သည့်နေရာတွေမှာ လှူတာပဲဟုသာ သဘောပိုက်ပြီး ဘာမှပြန်မပြောဖြစ်။
တနေ့ မေမေက မြန်မာပြည်မှာ တရုပ်ပြည်ကစွယ်တော်ပင့်လာပြီး လူတွေဖူးမြှော်ကြ၊ လှူကြတန်းကြသည့်အကြောင်း သ တင်းတွေပြတော့ ရတီလည်း တတ်နိုင်သလောက်တော့ လှမ်းလှူလိုက်ဦးမည်ဟု အားခဲထားမိ၏။ သို့သော် မလှူဖြစ်ခဲ့။ နောက်တရက်မှာ မြန်မာဝက်ဘ် ဆိုက်တွေလိုက်ဖတ်ရင်း “နို့ဖိုး၊ မျိုးမင်းအောင်နှင့်စိန့်ဖရန့်စစ်က အကြွေစေ့လေးတွေ” ဆောင်းပါး ၂ ပုဒ်ကို နေ့သစ်ဝက်ဘ်ဆိုက်မှာတွေ့ပြီး ဖတ်ဖြစ်လိုက်၏။ “နို့ဖိုး” ဆိုသည့် ဒုက္ခသည်စခန်းအမည်က သည် ဆောင်းပါးတွေဖတ်ဖြစ်အောင် ရတီ့စိတ်ကို စေ့ဆော်လိုက်ခြင်းပင်။ ဖတ်ပြီးနောက် ရတီ ကျနော့်ကို ဆက်သွယ်လာ၏။ အဆက်အသွယ်ရပြီးနောက် သူ့ကိုယ်ပိုင်ငွေ လက်ထဲမှာ ဒေါ်လာ ၄၂ဝ ရှိကြောင်း။ နောက်တပတ် အတွက်လုပ်ခကို သူ့ မေမေဆီက ကြိုထုတ်ပြီး ဒေါ်လာ ၅ဝဝ လှူချင် ကြောင်းပြောလာ၏။ ကျနော် ဝမ်းသာပီတိဖြင့် မျက်ရည်ပင်လည်မိ၏။ စိတ်တွင်လည်းကြိတ်၍ချီးကျူးရင်း သာဓုလည်းအကြိမ်ကြိမ်။ ပို့ခကို ကျနော်စိုက်ပေးလိုက်မယ်ဟုပြောသည်ကိုပင် နေ ပေ့စေသမီးပဲပေးမယ် ဟုဆို၏။
ကျနော်က ပိုက်ဆံပို့ပြီးရင် ဆောင်းပါးလေးတပုဒ်ရေးချင်ကြောင်း၊ ပြောပြလို့ရမယ့် ရတီ့အကြောင်းလေးတွေ ပြောပြပါ လားဆိုတော့ အပေါ်ကအတိုင်း ပြောပြ၏။ စကားဆုံးကာနီး ကျနော်က ကမ့်ထဲက ကလေးတွေကို ဘာပြောချင်သလဲ ဆိုတော့ “သမီးက ကိုယ်တိုင်လည်း ပညာကောင်းကောင်းမသင်ခဲ့ရသလို၊ နည်းနည်းပါးပါး သင်ဖို့အခွင့်အရေးလေးရ တုန်းကလည်း ကျောင်းတက်ပျင်းတာနဲ့ မသင်ခဲ့ပြန်ဘူး၊ ဟော အခု ဒီလည်းရောက်ရော ပညာသင်ခွင့်မရခဲ့တဲ့ ကိုယ့်ဘဝ ကိုလည်း ဝမ်းနည်းတယ်။ တခါ ဒီမလာခင် ကမ့်ထဲမှာ အင်္ဂလိပ်စာသင်ဖို့ အခွင့်အရေးရတုန်းကလည်း အပျင်းထူ၊ အ ကြောင်းအမျိုးမျိုးပြပြီး မတက်ခဲ့ပြန်ဘူး။ အဲဒီအတွက် ကိုယ့်ဘာ့သာ နောင်တရမိတယ်လေ။ ဒီလည်းရောက်ရော အခက် တွေ့တော့တာပေါ့။ ဒါ့ကြောင့် အခု ကမ့်ထဲမှာရှိနေသေးတဲ့ ပညာသင်နေကြတဲ့ကလေးတွေလည်း နောင်တချိန်မှာ အခြား နိုင်ငံတွေဆီ ရောက်ကြဦးမှာပဲ။ အချိန်နဲ့အခွင့်အလမ်းလေးရတုန်း ရသလောက်သင်ထားစေချင်တယ်။ နို့မို့ဆို သမီးလို အခက်တွေ့မှာ စိုးတယ်လေ” ဟုဆို၏။ ကျနော်ပိုလို့ပင် ချီးကျူးမိ၏။
သို့နှင့်ကျနော် ရတီတို့သားအမိနှင့် ဖုံးဖြင့်၊ အွန်လိုင်းဖြင့် စကားပြောဖြစ်၏။ ကမ့်ထဲကကလေးတွေနှင့်ဆရာတွေကိုယ်စား ကျေးဇူးတင်ကြောင်းလေး ပြောပြရ၏။ ငွေလက်ခံရရှိကြောင်း ကျောင်းတံဆိပ်တုံးနှင့် တာဝန်ရှိသူတို့ လက်မှတ်ထိုးထား သည့် ဂုဏ်ပြုကျေးဇူးတင် လွှာလေးလုပ်ပေးရန် မျိုးမင်းအောင် ကို ပြောပြတော့ သူလည်း ဝမ်းသာပြီး “ကျနော် မိဘဆ ရာအသင်းကို ထပ်ပြောပြပြီးလုပ်ပေးမယ်၊ အကိုလည်း ဆောင်းပါးလေးတပုဒ်လောက် ရေးပါလား” ဟု တိုက်တွန်း၏။ ထို့ကြောင့် ဤစာစုလေး ရေးဖြစ်သွား၏။
မှတ်ချက်- ယခင် ၂ ကြိမ်ပေါင်းလှူဒန်းငွေမှာ (ယူအက်စ်ဒေါ်လာ ၉၆၇) (ထိုင်းဘတ် ၂၇၄၇၆.၅၁ ဖြစ်ပြီး) ယခုအကြိမ်အ တွက် (ယူအက်စ်ဒေါ်လာ ၅၀၀) (ထိုင်းဘတ် ၁၅၂၀၄.၇၀ ဖြစ်သည့်အတွက်) ၃ကြိမ်ပေါင်း (ယူအက်စ်ဒေါ်လာ ၁၄၆၇) (ထိုင်းဘတ်ငွေ ၄၂၆၈၁.၂၁) (၄ သောင်း ၂ ထောင် ၆ ရာ ၈၁ ဘတ်) ရှိသွားပြီ ဖြစ်ပါသည်။ထပ်မံလှူဒန်းဒါနပြုလိုသူများ ကျနော့် အီးမေးလ် myomyint63@gmail.com သို့ဖြစ်စေ ကျနော့်လက်ကိုင်ဖုန်း (၂၆၀) ၅၁၅-၂၈၈၉ ကိုဖြစ်စေ ဆက် သွယ်စေလိုပါသည်။ နို့ဖိုးစခန်း PAB High School မှ ဘဏ္ဍာရေး တာဝန်ခံ ကိုမျိုးမင်းအောင်နှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းလိုပါကလည်း ၎င်း၏ခွင့်ပြုချက်ဖြင့် အီးမေးလ်လိပ်စာ ဖုန်းနံပတ်များ ပေးမည် ဖြစ်ပါသည်။
မျိုးမြင့်ချို
ဇန်နဝါရီ၊ ၂၈၊ ၂ဝ၁၂
နို့ဖိုးကျောင်းလေးနှင့်စပ်၍ ရေးခဲ့သည့် ရှေ့ဆောင်းပါး ( ၁ နှင့် ၂ ကို) ဤနေရာများတွင် ဖတ်နိုင်ပါသည်။
ဆောင်းပါး (၁) http://myo-myo-myintcho.blogspot.com/2011/10/blog-post_9600.html
ဆောင်းပါး (၂) http://myo-myo-myintcho.blogspot.com/2012/01/blog-post_15.html
ဆောင်းပါး (၂) http://www.naytthit.net/?p=23430
ဆောင်းပါး (၁) http://www.maukkha.org/index.php/book-store/essay-maukkha/272-2011-10-22-02-18-41
ဆောင်းပါး (၂) http://www.maukkha.org/index.php/book-store/essay-maukkha/1751-maukkha-noephoe-refugee-camp-and-children
http://www.naytthit.net/?p=23726
အကျင့်ပျက် ခြစားနေသော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပညာရေးမှူးနှင့် ပညာရေး ၀န်ထမ်းများ အကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သိပါစေ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ချောင်းနွယ်ကျေးရွာရှိ ပညာရေးအခြေအနေမှာ အလွန်ပင်စိတ်ဆင်းရဲ စရာအကြောင်းများ ဖြစ်ပေါ်နေပါသဖြင့် အများပြည်သူများ သိစေရန်နှင့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ် ဆိုသော သမ္မတ ဦးသိန်းစိန် အစိုးရ သိရှိစေရန် တင်ပြလိုက်ရပါသည်။
ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ် ချောင်းနွယ်ကျေးရွာမှာ အိမ်ခြေပေါင်း ငါးရာကျော်နီးပါး ရှိသော် လည်း အခုအချိန်ထိ အလယ်တန်းကျောင်း မရှိသေးပါ။ ရွာရှိ ကလေးငယ်များမှာ အလယ်တန်း အဆင့်ကို ကောင်းမွန်စွာ သင်ကြားခြင်းမပြုရသည့်အပြင် ခေတ်အဆက်ဆက် အစိုးရ အထက်ထက် လက်ထက်တွင် အလယ်တန်းကျောင်းကို ရပ်မိရပ်ဖ များက လျှောက်ထားခဲ့သော်လည်း ယနေ့အချိန်ထိ အလယ်တန်း ကျောင်းကို ချပေးခြင်း မရှိသေးပါ ။
ယခုကဲ့သို့ အခြေအနေတွင် အခုအခါ အလယ်တန်း အဆင့်သာမက မှုလတန်းအဆင့်ကို သင်ကြားနေသော ကျောင်းဆရာ ဆရာမ များမှာ ကျောင်းကိုခြိတ်ပိတ်ပြီး စာလာမသင်သည်မှာ ၅ လ နီးပါး ရှိနေပါသည်။ အဲဒီ အကြောင်းကို မြို့နယ် ပညရေးမှူး ပြည်နယ်ပညာရေးမှူး နှင့် ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ၄င်းကျောင်းဆရာ ဆရာများမှာလာရောက်စာ သင်ကြားမရှိခဲ့ပါ။
လွန်ခဲ့သည့် ၉ လပိုင်း ၁၈ ရက်နေ့ကတည်းကနေ .. ယခု အချိန်အထိ ဆရာ ဆရာများဖြစ်သော ... (၁) စိန်စိန်ဌေး (ပေါက်တောမြို့သူ) ၊ (၂) ဖြူဖြူထွေး (၃) ခင်ခင်ကျော် (၄) ဥမ္မာဝင်း (၅) ခင်မောင်သန်း ဆိုသော ကျောင်းဆရာ ဆရာမများသည် ယနေ့ထိတိုင် စာမသင်ကြားသည်မှာ ငါးလနီးပါးရှိနေပါသည်။ ကျောင်းတက်အရွယ် စာမသင်ရသော ကလေးငယ်များအတွက် အင်မတန်မှ စိတ်မကောင်းဖြစ်မိပါသည်။
၎င်း ချောင်းနွယ်ကျေးရွာသည် .. လူဦးရေ ၄ ထောင်နီးပါးရှိပြီး .. ပေါက်တောမြို့နယ် ကျေးရွာများ ထဲမှာ .. ဒုတိယ အကြီးဆုံး ကျေးရွာ တစ်ရွာဖြစ်ပါသည်။ ရခိုင်ပြည်နယ်၏ ပညာရေးစနစ်သည် .. အုပ်ချုပ်သူ လူတန်းစားများက လူမျိုးရေးအရ နှိမ်တဲ့ကြားထဲက မြို့နယ် အုပ်ချုပ်သူများနှင့် မြို့နယ်ပညာရေးမှုးများသည်လည်း တာဝန်ကျ ဆရာ/ ဆရာမ များထံမှ လာဘ်ထိုးသော ငွေကိုယူပြီး ဆရာ ဆရာမများ စာသွားမသင်ပဲ သူတို့ စီးပွားရေး သူတို့ လုပ်နေသည်ကို နားလည်မူ ပေးပြီး နေနေကြပါသည်။
ယခုအခါ ၄င်းကျေးရွာသူရွာသားများက လက်မှတ်ထိုးပြီး ပြည်နယ်ပညာရေးမှုနှင့် အခြေခံ ပညာ ဦးစီးဌာနစသော တိုင်းနှင့် ပြည်နယ် ပညာရေး တာဝန် အဆင့် ရှိသူများထိ စာတင်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာ မထူးပဲ ယနေ့ထိတိုင်အောင် ကလေးငယ်များအား စာလာသင်ကြားမရှိသေးပါ ။
ဒါတွေကို အထက်အာဏာပိုင်တွေ က မသိတာလား။ တမင်သက်သက် ဒီလိုအကျင့်ပျက် ခြစားနေတဲ့ ပညာရေးဝန်ထမ်းတွေကို အားပေး အားမြှောက်ပြုပြီး ရခိုင်ပြည်နယ် ပညာရေးကို ဖျက်ဆီးနေတာလား မေးလိုက်ပါရစေ။ ဒီလို တိုင်းပြည်ဝန်ထမ်းများက လုပ်နေရင် သူတို့ကို ... အားကိုးပြီးတော့ ဘယ်လို ဘယ်နည်းနဲ့ ဒီပညာရေးစနစ်နဲ့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို မြှင့်တင်သွားမှာပါလဲ။ အုပ်ချုပ်သူတွေရဲ့ လုပ်ရပ်ကြောင့် မြန်မာပြည်ထဲက ရခိုင်ပြည်နယ်ပညာရေးကို ရင်လေးမိပါသည်။
ဒါတွေလား .. Clean Government, Good Governance ဆိုတာ .. လားလို့ ဦးသိန်းစိန် သမ္မတကြီးကို မေးလိုက်ရပါရေစေ။
ချောင်းနွယ်ရွာသား
ကျောင်းသားဟောင်းတစ်ယောက် ...
http://www.narinjara.com/detailsbur.asp?id=3762
အရပ်သား အစိုးရလက်ထက်တွင်လည်း ရေတပ်က ရခိုင်လူထုကို အနိုင်ကျင့်
News Date:1/29/2012
ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ တက်လာသည်မှာ တနှစ် နီးပါး ရှိလာပြီ ဖြစ်သော်လည်း စစ်အစိုးရ လက်ထက်ကလို ဗမာ ရေတပ်က ရခိုင်လူထု အပေါ် အနိုင်ကျင့်နေဆဲ ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။

" ဟုတ်ကဲ့။ အခုလည်း သူတို့က လူထုကို နှိပ်စက်နေတုန်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က လူတွေ၊ အထူးသဖြင့် ကျောက်ဖြူမြို့နယ်က လူတွေ ဘယ်သူ့ကို အားကိုးရမှန်း မသိ ဖြစ်နေကြပါပြီ။ တိုင်တန်းရင်လည်း ဘယ်သူ့မှ အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူး။ အခု ကျွန်တော်တို့ ဘယ်သူ့ကို အဖေ ခေါ်ရမှန်း မသိ ဖြစ်နေပါပြီ" ဟု ဒေသခံ စက်လှေပိုင်ရှင် တစ်ဦးကပြောသည်။
ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ် ဌာနချုပ်မှ စစ်သင်္ဘောများသည် ကျောက်ဖြူ အရှေ့ဘက် (၁၀)မိုင်ခန့် အကွာတွင် တည်ရှိသော အုန်းဂျွိန် ဆိပ်ကမ်းတွင် စခန်းချထားပြီး လာသမျှသော စက် လှေများကို နိုင်ထက် စီးနှင်း ပြုလုပ်နေသည်ဟု သူက ဆက်ပြောသည်။
" ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကပါ။ ကျောက်ဖြူမြို့နယ်အပိုင် အုန်းဂျွိန်ဆိုတဲ့ ဆိပ်ရှိပါတယ်။ အဲဒီဆိပ်က နေပြီးတော့ မြို့ချောင်းကျွန်း၊ မဇရိုင်းကျွန်းမှာရှိတဲ့ ရွာပေါင်း ၆၀ လောက်က လာတဲ့ စက်လှေတွေကို အတင်း တန့်ခိုင်းပြီး လိုတဲ့ မြို့က ပစ္စည်းတွေကို ၀ယ်ခိုင်းပါတယ်။ မြို့က ပြန်လာရရင် စက်လှေပိုင်ရှင်တွေကို အရက်၊ ဘီယာ၊ ဆေးလိပ်၊ သကြားနဲ့ နို့ဆီတွေကို ၀ယ်ယူ လာရမယ်ဆိုပြီး အတင်း ခိုင်းပါတယ်။ မ၀ယ်လာရင် စက်လှေကို အချိန်ကြာကြီးရပ်ထားပြီး တချို့ စက်လှေသမားတွေကို နေပူလှန်းပြီး ရိုက်ပုတ်တာတွေ ပြုလုပ်နေပါတယ်။ အခုလို လုပ်နေတာကြောင့် တော်တော်ကို ဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။"
ယခုကဲ့သို့ ဗမာရေတပ်မှ ပြုလုပ်နေသဖြင့် ခရီးသွားပြည်သူများ ဒုက္ခ ရောက်နေကြရပုံကိုလည်း သူက ယခုကဲ့သို့ ဆက်ပြောသည်။
" ဒေသခံ စက်လှေတွေက လုပ်စားမရဖြစ်နေပါတယ်။ အုန်းဂျွိန်ဆိုတဲ့ နေရာကို မ၀င်လို့ မရပါ။ သူတို့က သူတို့ မကြိုက်တဲ့ စက်လှေ ပိုင်ရှင်တွေ ဆိုရင် အချိန်အကြာကြီး ရပ်ခိုင်ထားပါတယ်။ ဟိုတလောက ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင် စီးလာတဲ့ စက်လှေကိုတောင် ဒီလို လုပ်တဲ့ အတွက် ဦးကျော်လွှင်က ဒီကိစ္စကို ပြည်နယ် အစိုးရထိ တိုင်တယ်လို့ ကြားရပါတယ်။ ပစ္စည်းတောင်းတယ်။ ပိုက်ဆံတောင်းတယ်။ လူတွေ တော်တော့ကို ဒုက္ခရောက်နေကြရပါတယ်။ သူဆီကို မ၀င်လို့ရှိရင် သူတို့က ဟွန်ဒါစက်လှေနဲ့ လိုက်ပြီးတော့ စက်လှေပိုင်ရှင်တွေကို ရိုက်တာတွေရှိပါတယ်" ဟု ပြောသည်။
၎င်းပြင် နောင်တော် အနီးရှိ အစိုင်းကြီး ရွာနားတွင် တပ်စွဲထားသော အမြောက် တပ်မှလည်း အနီးအနားမှ သွားလာသော စက်လှေများ၊ ခရီးသည်တင် မော်တော်ဘုတ် များအား အမြောက်တပ်ပိုင် ဟွန်ဒါစက် လှေများနှင့် လိုက်လံပြီး အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသော ရေတပ်သင်္ဘောနှင့် အမြောက်တပ်များက ပြည်သူများကို အနိုင်ကျင့် နေကြသည်မှာ ယခင် စစ်အစိုးရ လက်ထက်ကပင် ဖြစ်ပြီး ယခု ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အခြေအနေ ပိုမိုးဆိုးရွား လာသည်ဟု သိရသည်။
ယခုကဲ့သို့ ရေတပ်နှင့် အမြောက်တပ်ရင်းများ၏ အနိုင်ကျင့်ခံနေရသော ရခိုင်ပြည်သူများ၏ ဘ၀မှာ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် တစုံတရာ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။
http://www.narinjara.com/detailsbur.asp?id=3763
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှပြည်သူများသို့ အသိပေးတင်ပြချက်

ရွှေပြည်တံခွန်ကမ္မဏီအနေဖြင့် ငါးထောင်တန် SIM ကဒ်ရောင်းချပေးနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း ယနေ့နေ့လည် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ပြောဆိုလိုက်သည်။
“ကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့ အချက်အမှတ်ငါး မှာပါထားတဲ့ အတိုင်းဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ရွှေပြည်တံခွန် ကုမ္မဏီ၏ စီမံချက်ဒါရိုက်တာ ဦးရဲထွဋ်ဝင်းက ပြောသည်။
ယင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက် အမှတ် STPG002 အမှတ် ငါးတွင် ရွှေပြည်တံခွန်မှ မူလကပေးခဲ့သည့်အတိုင်း လူတစ်ဦးမှတ်ပုံတင်တစ်ခုလျှင် SIM Card တစ်ခု (ကျပ် ၅၀၀၀) နှုန်းဖြင် ရောင်းချနိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင်စီမံကြိုးပမ်းဆောင်ရွက်တော့မည် ဖြစ်သည်ဟုပါရှိသည်။
ယမန်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေး သင်တန်းကျောင်း၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီကိုပါ ဖိတ်ကြားပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူတို့က ၅၀၀၀ တန်ဖုန်းကိစ္စမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
ထိုသို့ပြောကြားအပြီး နောက်တရက်အကြာတွင် ရွှေပြည်တံခွန်ကုမ္ပဏီက ယခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဆက်လက်ကြိုးစားသွားမည့် အကြောင်း ထုတ်ပြန် အသိပေးလိုက်ခြင်းဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငါးထောင်တန်ဖုန်း မဖြစ်နိုင်သေးသည့်အကြောင်းအချက်များကို ပြောဆိုရာတွင် ရေဒီယိုစခန်းများ တည်ဆောက်ရန် အချိန်ယူရခြင်း၊ စက်ပစ္စည်းများ လုံလောက်စွာတပ်ဆင်ရခြင်းနှင့် မြို့တွင်းနှင့် အခြားမြို့များသို့ ဆက်သွယ်ရာတွင် ပင်မကျောရိုးဆက်သွယ်မှုအတွက် အချိန်ယူတည်ဆောက်ရခြင်းတို့ကြောင့်ဟု အကြောင်းပြ ပြောဆိုထားသည် ကိုတွေ့ရသည်။
ယင်းအချက်နှင့်ပတ်သက်၍ ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးရဲထွဋ်ဝင်းက “သူတို့ရဲ့နည်းပညာအရတော့မသိပါဘူး ကျွန်တော်တို့နည်းပညာအရတော့ ခြောက်လအတွင်းလုပ်နိုင်ပါတယ်”ဟု ထပ်မံပြောကြားသည်။
ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် အမေရိကန်နည်းပညာဖြစ်သည့် 3GPP Rel 7 နည်းပညာအား အသုံးပြုသွားမည် ဖြစ်၍ ရွှေပြည်တံခွန်ကုမ္မဏီအနေနှင့် ပြည်ပဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။
ရွှေပြည်တံခွန်ကုမ္မဏီမှ ၀ါယာလက်နက်ဝေါ့ခ် နည်းပညာရှင် မစ္စတာ ဟီလို ရွိုင်း က “ကျွန်တော်တို့ အနေနဲ့ တာဝါတိုင် အကြီးကြီးတွေ တည်ဆောက်ဖို့မလိုအပ်ပါဘူး”ဟုဆိုသည်။
ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် လိုအပ်သည့်တာဝါတိုင်အကြီးများအစား ပိုမိုပေါ့ပါးသည့် တာဝါတိုင်အသေးများကို သုံးစွဲသွားမည်ဟု ယနေ့ရှင်းလင်းပွဲတွင်ပြောဆိုသည်။
ရွှေပြည်တံခွန်ကုမ္မဏီအနေဖြင့် Second Mobile Network Operator အဖြစ်ဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တင်ပြထားပြီး အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်ပါတ်သက်၍ ဦးရဲထွဋ်ဝင်းက “ဒါကတော့ MPT က ပြည်သူတွေကို ငါးထောင်နဲ့ ဖုန်းကိုင်စေချင်တဲ့စေတနာ အပေါ်မူတည်ပါတယ်”ဟုပြောသည်။ ။
thithtoolwin မှ ကူးယူဖော်ပြပါသည်။
ရွှေဝါရောင် အရေးအခင်း ကတည်းက ပျောက်ဆုံးနေသည့် သားအား မိခင်က စောင့်မျှော်နေ
by Yangon Press International
ဇန်န၀ါရီ ၂၇ ၊ ၂၀၁၂
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကတည်းက ပျောက်ဆုံးလျှက်ရှိသည့် သားဖြစ်သူ ကိုကိုဇော်အား မကြာမီ နိုင်ငံရေး အကျဉ်းသား ၄ သုတ်လွှတ်ပေးစဉ် ပြန်လာနိုးဖြင့် မျှော်လင့်နေခဲ့သည်ဟု မိခင်ဒေါ်ဖြူဖြူမြင့်က YPI သို့ပြောသည်။
သားဖြစ်သူ ကိုကိုဇော် (ခ) ဇော်ကိုမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် သူငယ်ချင်းနှင့်အတူ ရန်ကုန်မြို့လယ်သို့ သွားရောက်ခဲ့သည်။ ထို့နောက် မြို့တော်ခန်းမ အနီးလူအုပ်ကြားထဲ သူငယ်ချင်းနှင့် ကွဲသွားခဲ့ရာမှ ထိုနေ့ည ၎င်းတည်းခိုရာ သူငယ်ချင်းအခန်းသို့ ပြန်မလာတော့သည်မှာ ယနေ့ထိဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောသည်။
ကိုကိုဇော်မှာ ထိုစဉ်က အသက် ၂၁ နှစ်အရွယ်ရှိပြီး မကွေးမြို့ စီးပွားစီမံ ပထမနှစ်ကျောင်းသားဖြစ်ကာ ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှာဖွေရန် လာရောက်နေထိုင်နေစဉ် ရွှေဝါရောင် သံဃာ့အရေးအခင်း ဖြစ်ပွားလာပြီး ယင်းကဲ့သို့ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
မိခင်ဖြစ်သူက သူ့အနေဖြင့် မျှော်လင့်နေသည်ကို “သူများတွေ လွှတ်တယ်လွှတ်တယ်ဆိုတော့ ကိုယ့်သားလေးများ ပါမလားပေါ့၊ မျှော်တာပေါ့၊ နောက်တသုတ်ပြီး တသုတ်၊ ၄ သုတ်လောက်လွှတ်ပြီး ပါမလာဘူးဆိုတော့ စိုးရိမ်လာတာပေါ့” ဟု YPI သို့ပြောသည်။
ကိုကိုဇော် ပြန်ရောက်မလာသည့် နောက်ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် နေထိုင်သည့် အဒေါ်ဖြစ်သူ ဒေါ်မော်မော်မြင့်က ရန်ကုန်ဆေးရုံကြီးနှင့် ရင်ခွဲရုံတို့သို့ သွားရောက်ကာ စုံစမ်းခဲ့သော်လည်း တူဖြစ်သူနှင့် ပတ်သက်သည့် သဲလွန်စ မရရှိခဲ့ဟု မိခင်က ပြောပြသည်။
“သိသိချင်း သူ့အဒေါ်တွေက ဆေးရုံတွေလိုက်တယ်၊ ရင်ခွဲရုံတွေသွားမေးတယ်။ ဆေးရုံဆရာဝန်မက ဒီမှာ သေနတ်မှန်တဲ့ လူနာမရှိဘူးလို့ ပြောတယ်၊ ရင်ခွဲရုံသွားတော့ ကုလားလေးက အမတို့လူနာက ဘာဝတ်ထားလဲပေါ့၊ အဲလိုအဲလိုဝတ်ထားတယ်ဆိုတော့ မရှိဘူးလို့ဖြေတယ်၊ အထဲထိတော့ ပေးမ၀င်ဘူးပေါ့ ” ဟုထိုစဉ်က လိုက်လံစုံစမ်းခဲ့သည့် အဖြစ်ကိုပြန်လည်ပြောပြသည်။
ယင်းသို့ စုံစမ်းသော်လည်း သဲလွန်စမရသဖြင့် အဖမ်းခံရပြီး အကျဉ်းကျနေသည်ဟု မိခင်နှင့် အဒေါ်ဖြစ်သူတို့က မျှော်လင့်ထားခဲ့ကြာရာ ရွှေဝါရောင်သံဃာ့အရေးအခင်းနှင့် ပတ်သက်သူများ လွတ်မြောက်လာသည့် အခါတိုင်း သားဖြစ်သူ ပြန်လာနိုးဖြင့် မျှော်လင့်ခဲ့ရကြောင်းကို မိခင် ဒေါ်ဖြူဖြူမြင့်ကပြောသည်။
“သားက တကယ်လို့ တခြားကိုထွက်သွားမယ် ရှောင်သွားမယ်ဆိုရင်လည်း သူ့မှတ်ပုံတင်နဲ့ ပိုက်ဆံလောက်တော့ ပြန်လာယူမှာပဲ၊ ကျွန်မအဲလိုစဉ်းစားတယ် ” ဟုပြောသည်။

၎ နှစ်ကျော်ကြာ ပျောက်ဆုံးလျှက်ရှိသည့် ကိုကိုဇော်၏ ငယ်စဉ်က ဓါတ်ပုံ (YPI)လ နောက်ပိုင်းတွင် ရဲစခန်း၌ လူပျောက်တိုင်ကြားခဲ့သော်လည်း မည်သည့်အကြောင်းပြန်ချက်မှ မရကြောင်း သူ့အနေဖြင့်လည်း အစိုးရ၀န်ထမ်း တဦးဖြစ်သည့်အတွက် ထိုစဉ်က ပေါ်ပေါ်ထင်ထင် မစုံစမ်းရဲပဲ ရှိခဲ့ရာမှ ယခုအခါ အနည်းငယ်ပွင့်ပွင့်လင်းလင်း ဖြစ်လာသည့်အတွက် ယခုကဲ့သို့ အဖြစ်အပျက်ကို ထုတ်ပြောရခြင်းဖြစ်သည်ဟု ဆိုသည်။
ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၄ ဦးသာရှိခဲ့သည်ဟု ထိုစဉ်က ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက အဖြစ်အပျက်ဖြစ်ပွားပြီးမကြာမီ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပီညဲရိုးလာရောက်စဉ် တရားဝင်ပြောဆိုခဲ့သည်။
(Yangon Press International မှကူးယူဖေါ်ပြသည်။ )
http://moemaka.com
ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ်
Burma VJ Media Network
ဇန်နဝါရီလ ၂၉ ရက်နေ့က သွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်တိုင်းပြင်ပ ပါတီစည်းရုံးရေးအဖြစ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ပေါင်းစုံကို နေ့ချင်းပြန် သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သောင်းနဲ့ချီတဲ့ ထားဝယ်မြို့သူမြို့သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို နွေးနွေးထွေးထွေး လှိုက်လှဲစွာ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။
ပညာရေးဘတ်ဂျက်ကို အဆများစွာ တိုးပေးရန် လိုအပ်
Published on January 30, 2012 by အေးနိုင် · No Comments
လွှတ်တော်မှာ ဘတ်ဂျက်ခွဲဝေရေး ဆွေးနွေးတဲ့အခါ ပညာရေးအတွက် ဘတ်ဂျက်ကို လက်ရှိ ခွဲဝေနေတာထက် အဆများစွာ တိုးတက်ဖို့ လိုတယ်လို့ ပညာရေး လောကသားတွေက ပြောပါတယ်။
လက်ရှိ ပညာရေးဘတ်ဂျက်ထက် အဆ၂ဝလောက်ရအောင် ဆွေးနွေးကြဖို့ မြန်မာနိုင်ငံ အထက်မြန်မာပြည် ပညာရေးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) နိုင်ငွေသိန်းက တိုက်တွန်းခဲ့ပါတယ်။
အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ၂၀၁၁-၂၀၁၂ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနဲ့ ၂၀၁၂-၂၀၁၃ ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွေကို ဆွေးနွေးဖို့ ပြင်ဆင်နေတာကြောင့် တိုက်တွန်း လိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ တာဝန်ကို ယူနေတဲ့ နိုင်ငွေသိန်းက “အရင်က ပေးထားတဲ့ အဆထက်ကို အဆ ၂၀ လောက် ပေးဖို့ကောင်းတယ်လို့ ပြောချင်တယ်။ နည်းတောင်နည်းသေးလား မသိဘူး။ အပစ်အခတ် ရပ်စဲရေးလည်း ပြီးသွားပြီ။ ဟိုဘက် ကာကွယ်ရေးအသုံးစရိတ် က တအားကို လျှော့နိုင်သလောက် လျှော့ပြီးတော့ ဒီဘက်မှာတော့ တိုးပေးဖို့ ကောင်းမယ်လို့ သဘောရတယ်လေ” လို့ဆိုပါတယ်။
လက်ရှိအစိုးရဟာ အစိုးရမဖွဲ့ခင်ကလေးတင် ရက်ပိုင်းအလိုမှာ နအဖ စစ်ကောင်စီက ပြဋ္ဌာန်းခဲ့တဲ့ ဘတ်ဂျက် အသုံးစရိတ်အတိုင်း သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအသုံးစရိတ်ကို ပြန်တမ်း ထုတ်ပြန်ချက်အရ ကာကွယ်ရေးအသုံးစရိတ်က ဘတ်ဂျက်အကုန်လုံးရဲ့ ၂၃ ဒဿမ ၆ ရာခိုင်နှုန်းနဲ့ အမေရိကန်ဒေါ်လာသန်း ၂,၀၀၀ လျာထားသုံးနေပါတယ်။
ပညာရေးအတွက် ၄ ဒဿမ ၁၃ ရာခိုင်နှုန်း (ဒေါ်လာသန်း ၃၅၀) ခန့်နဲ့ ကျန်းမာရေးအတွက် ၁ ဒဿမ ၃ ရာခိုင်နှုန်း (ဒေါ်လာ သန်း ၁၁၀) သုံးဖို့ သတ်မှတ်ခဲ့တာပါ။
ရန်ကုန်မြို့မှာ အခမဲ့စာသင်ကြားတဲ့ ဗေဒါအင်စတိကျူ့ ထူထောင်သူ တဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်းကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရမယ်။ အဲ့လို ဖြစ်ဖို့ ပညာရေးနဲ့ ကျန်းမာရေးမှာ ငွေကြေးပိုမို သုံးစွဲရမယ်လို့ လက်ရှိကာလနဲ့ ချိန်ထိုးပြောပါတယ်။
“ဘယ်တိုးတက်တဲ့ နိုင်ငံမဆို ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ဘတ်ဂျက်အများဆုံး သုံးစွဲကြပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ အခုလိုအချိန်မှာ ဘတ်ဂျက်ကို ပိုသုံးစွဲဖို့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ ပြည်တွင်းစစ်မီးတွေရယ် အမျိုးသားရင်ကြားစေ့ရေး မရှိတာတွေရယ်၊ အဲဒီကိစ္စပေါင်းစုံနဲ့ ကာကွယ်ရေး အသုံးစရိတ်တွေ အများကြီးမြှင့်တင်ခဲ့ရတော့ ပညာရေးနဲ့ ကျန်းမာရေးမှာ အရမ်းနိမ့်ပါးခဲ့ရတယ်။ အထူးသဖြင့် ပညာရေးပေါ့။ အဲဒီမှာ ငွေကြေးရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။”
ဘတ်ဂျက်ဆိုတဲ့ နေရာမှာလည်း တနှစ်တာ တိုင်းပြည်ဝင်ငွေ ဘယ်လောက်ရလဲ ဆိုတဲ့ ဝင်ငွေခွန်ပေါ် မူတည်တယ်လို့ ပြောဆိုပြီး လက်ရှိကာလမှာ စစ်အစိုးရ လက်ထက်ကနေ ရှိနေတဲ့ လက်ဝေခံ အပေါင်းအပါတွေရဲ့ စီးပွားရေး လုပ်ငန်းတွေက အခွန်ငွေတွေဟာ ဘတ်ဂျက်ထက်ကို မဝင်တာတွေရှိလို့ ဝင်အောင် ကြိုးပမ်းဖို့ လိုတယ်လို့ ထောက်ပြ ပြောဆိုသွားပါတယ်။
“ဆိုပါတော့ တနှစ်ကို တထောင်ဝင်တယ်ဆိုရင် တကယ်တန်း ဘတ်ဂျက်ထဲ က မြန်မာနိုင်ငံရဲ့ ဝင်ငွေထဲဝင်လာတာ တရာပဲရှိတယ်။ ကျန်တဲ့ ကိုးရာက ပျောက်သွားတယ်။ တဦးချင်းတယောက်ချင်းနဲ့ ပျောက်သွားပြီ။ မြန်မာပြည်ရဲ့ ရသင့်ရထိုက်တဲ့ ငွေခွန်တွေကို ရဖို့လိုတယ်။ အဲဒီအတွက်ကို ပေါ်လစီချမှတ်ဖို့ လိုတယ်။ နိုင်ငံတနိုင်ငံရဲ့ ဝင်ငွေသည် အရမ်း အရေးကြီးပါတယ်။ ”
ပညာရေးနဲ့ ပတ်သက်တာက တအားကို လိုအပ်ချက် ရှိပါတယ်
January 30, 2012 by အေးနိုင်
နိုင်ငံ တော်ဘတ်ဂျက်မှာ ပညာရေးအသုံးစရိတ် နည်းနေတဲ့ အကြောင်းနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ်ပြီးရင် ကာကွယ်ရေး အသုံးစရိတ်တွေ လျှော့ချပြီး ပညာရေး အသုံးစရိတ်တွေ တိုးပေးဖို့ လိုတဲ့အကြောင်း မွန်ဒေသလုံးဆိုင်ရာ ပါတီဥက္ကဋ္ဌလည်းဖြစ်၊ အငြိမ်းစားပညာရေးမှူး တဦးလည်း ဖြစ်တဲ့ နိုင်ငွေသိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
ပညာ ရေးလောကသားတွေ မြန်မာပြည်မှာ ရင်ဆိုင်ခဲ့ရတဲ့ ပညာရေးဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ပြည့်စုံလုံလောက်မှု ရှိရဲ့လား၊ ဘာတွေလိုလဲ။
“ပညာရေးနဲ့ ပတ်သက်တာက တအားကို လိုအပ်ချက် ရှိပါတယ်။ တခုမှ ကျေနပ်စရာ အကြောင်းမရှိဘူး။ အထူးသဖြင့် မူလတန်းကျောင်း အားလုံးရဲ့ ၄၆ ရာခိုင်နှုန်းက ဆရာ ၂ ယောက် ကျောင်းဖြစ်နေတယ်။ အခုထိဖြစ်နေတုန်းပဲ။ ဆရာ ၂ ယောက်ကျောင်း ဆိုတာက မြို့မှာတော့မရှိဘူး တောမှာ။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ဝေးလံတဲ့ဒေသတွေမှာ သူငယ်တန်းကနေ လေးတန်းအထိက အတန်းက ၅ တန်းရှိတယ်။ တချို့ကျောင်း တယောက်ကျောင်းတွေ။ အဲဒါမျိုးကျတော့ ဘယ်လိုမှ စာသင်လို့မရဘူး။ စာသင်လို့ရတယ်ဆိုတာက အပြောပဲရှိတာပေါ့။ တကယ်ဆို ဒါက အဓိပ္ပာယ်မရှိတာ။ အဲလိုကျောင်းမျိုးက ၄၆ ရာခိုင်နှုန်းလောက် ရှိတယ်။ အခုကျတော့ အနည်းဆုံးတော့ အဲဒီလောက်ပဲ ပြန်ရှိဦးမယ် ထင်တယ်။ ဆရာ၊ ဆရာမတွေ မလုံလောက်ဘူးပေါ့။ အဲလိုဖြစ်တဲ့ အခါကျတော့ သင်ကြားရေးက ဘယ်လိုမှ အခု ကလေးဗဟိုပြုသင်ကြားနည်း (စီစီအေ) လို့ ပြောနေတယ်။ အဲဒီ စီစီအေ ဆို ဘယ်လိုသွားသင်မလဲ။ ဒီထိုင်းမှာကျတော့ တတန်းကို ဆရာ၊ ဆရာမ ၂ ယောက်လောက် အမြဲရှိနေတယ်။ သူတို့က တယောက်ချင်းကို သူတို့အာရုံပေးနိုင်တဲ့ သဘောရှိတယ်။ ကျနော်တို့ဆီမှာက အဲလိုမျိုးက နောက်ဆုံးပေါ် ကလေးဗဟိုပြုသင်ကြားနည်းက ဘယ်လိုမှ သင်လို့မရဘူး။ ပြောရင်လည်း ညာပြောနေတာပါပဲ။ ဒါပါပဲ။ ဆရာ၊ ဆရာမတွေ အပြည့်အဝချပေးဖို့ လိုတယ်။

နိုင်ငွေသိန်း
“လွန်ခဲ့တဲ့ ကျနော်တို့ ပညာရေးဌာနမှာ ရှိတုန်းကဆို ဆရာ၊ ဆရာမ ၃ သိန်းကျော်ကျော်လောက်ရှိတယ်။ အမှန်တကယ်ဆို ဆရာ၊ ဆရာမ ၆ သိန်းလောက်ရှိမှ ပြည့်စုံမယ့်အနေအထား ရှိတာပေါ့။ တကျောင်းကို ဆရာ ၃ ယောက်၊ ဆရာ ၂ ယောက်၊ ဆရာ ၁ ယောက် ဒါတွေက မဖြစ်သင့်တာ၊ အနည်းဆုံး မူလတန်းကျောင်းတကျောင်းမှာ ဆရာ ၈ ယောက် ရှိဖို့လိုတယ်။ ဆရာရှိဖို့လိုတယ်ဆိုတာက ရသ လည်းသင်ရမယ်၊ ကာယလည်း သင်ရမယ်၊ ကျောင်းစာလည်း သင်ရမယ်။ တတန်းမှာဆိုရင် ပိုပြီး ဂရုစိုက်နိုင်အောင် အခု ဝန်ကြီးဦးသန်းအောင်တို့ ထုတ်ထားတဲ့ ကိုယ်ရည်ကိုယ်သွေးမှတ်တမ်း ဆိုတာလည်းပဲ ဆရာ၊ ဆရာမတွေ စားပွဲပေါ်မှာ ဖြည့်နေကြတာပဲ။ ဆရာမကြို ၂ မှတ်။ ဘုရားပန်းတင်တယ် ၁ မှတ်။ အဲလိုတွေ လျှောက်လုပ်နေရတယ် ဆိုတဲ့အခါကျတော့ အမှန်တရားဟူသည် ကလေးတွေအတွက် ကိုယ်ရည်ကိုယ်သွေးမှတ်တမ်းမှာ ဖြည့်ရုံတင် မရဘူး။ ဒါလည်း တခုပေါ့။ နောက်တခုက ဆရာ၊ ဆရာမတွေအားလုံးကို အစိုးရဘက်က ကြည့်မယ်ဆိုရင် ကိုယ်ရည်ကိုယ်သွေးမှတ်တမ်းကို ကလေးဗဟိုပြုသင်ကြားနည်းနဲ့ ပြောသာပြောနေတာ။ သင်တန်း သေချာ ခေါ်တာ မရှိဘူး။ လက်ထောက်မြို့နယ် ပညာရေးမှူးတွေ တပါတ်လောက် သင်တန်းပေးလိုက်တယ်။ တပါတ်ဆိုတာ ၅ ရက်။ အဲဒီဆင်းလာတဲ့ အခါကျတော့ ဒီဆရာ၊ ဆရာမတွေကို သုံးရက်ပဲ ခေါ်ပြီး သင်ပေးတယ်ဆိုတာ ပုံပျက်နေတဲ့ သင်နည်းပဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ သင်တန်းပဲ။ အဲဒီသင်တန်းတွေလည်း အများကြီးဖွင့်ဖို့လိုတယ်။ တပြည်လုံးမှာ ဖွင့်ဖို့လိုမယ်။ ဒါကြောင့် ဒါတွေလည်းပဲ ငွေကြေးအကုန်အကျ အများကြီးကုန်မှာပါ။
“ကျနော်တို့ က စာသင်တဲ့အခါကျရင် တစ် ကိုယ်ပိုင်အတွေးအခေါ် လိုချင်တယ်။ ဘယ်အတန်းပဲသင်သင်၊ သူ့အလိုက်နဲ့ သူ့အတန်းနဲ့ ကိုယ်ပိုင်အတွေးအခေါ် လိုချင်တယ်။ ကိုယ်ပိုင်အတွေးအခေါ်က ခုနပြောတဲ့ တကျောင်းမှာ ဆရာနှစ်ယောက်ပဲရှိတယ်။ ဘယ်လိုမှ မသင်နိုင်ဘူး။ တတန်းမှာ အယောက် ၂၀ လောက် ရှိတာ ကိုယ်ပိုင်အတွေးအခေါ်ရအောင် သင်မယ်။ သူတွေးမယ်၊ ဘာခေါ်မလဲ။ သင်ခန်းစာတခုပေါ့။ မိုးရွာတဲ့အကြောင်း ပြောမယ်ဆိုရင် မိုးဆိုတာနဲ့ သူ့ဟာသူတွေးမယ်။ သူ့ဟာသူ ဆွေးနွေးမယ်။ ပြီးတဲ့အခါ ထိုးထွင်းတီထွင်နိုင်စွမ်းရှိတဲ့ ကိုယ်ပိုင်အတွေးအခေါ်။ မင်းတို့ ဒီမိုးဟာ နွေမှာလည်း ရွာဖို့ရှိမယ်ဆိုရင် ရှိနိုင်တယ်။ ပြီးမှ မိုးရွာများသွားတယ်။ ဘာဖြစ်လဲ၊ ဘယ်နေရာ ဘာဖြစ်တယ်၊ ဒါတွေက အဆင့် သုံးဆင့်လုံးကို ဘယ်အတန်းပဲ သင်သင် လုပ်ပေးဖို့ လိုတာပေါ့။ အခုက ဒီလိုမျိုး တွေးခေါ်တာတွေ လုံးဝမရှိဘူး၊ ကလေးက မအားဘူးဗျ။ မိုးချုပ်မိုးလင်း ကျူရှင်၊ တချိန်လုံး အားကစားလည်း ဘာမှမရှိဘူး။ လက်မောင်းကလေးတွေ သေးသေးလေးပဲရှိတော့တယ်၊ ကာယမရှိဘူးဆိုရင် ဦးနှောက်က ဘယ်လိုမှမပြည့်ဝဘူး။ အလုပ် မလုပ်နိုင်ဘူးဆိုတာ သိတယ်လေ။ အရင်က ကာယဆရာရှိတယ်၊ ပန်းချီဆရာရှိတယ်၊ ရသဆရာရှိတယ်။ အခုက ဘာမှမရှိတော့ဘူးဆိုတော့ ဖြည့်မယ်ဆိုရင် ဆရာဆရာမက အခြေခံပညာမှာတင်ပဲ ၆ သိန်းလောက် လိုတယ်လို့ ကျနော်တို့ အကြမ်းဖျင်းတွက်တယ်လေ။”
နိုင်ငံတော်ကနေ ချမှတ်ပေးတဲ့ ဘတ်ဂျက်နဲ့ ဘယ်လိုမျိုး နှီးနွှယ်ဆက်စပ်နေတယ်ဆိုတာ ပြောပြပေးပါလား။
“ဆရာ၊ ဆရာမတွေက အစောပိုင်းက ဦးရေ ၃ သိန်းလောက်ရှိတယ်။ မူလတန်း။ အခုန ကျနော် အဆိုပြုတာ ၆ သိန်းလောက် ရှိဖို့လိုတယ်ဆိုရင် ဘတ်ဂျက်က အများကြီးချပေးဖို့ လိုတယ်။ ဘတ်ဂျက်က ပညာရေးဌာနက အသုံးစရိတ်က အသေးသုံးဆိုတာ ခေါင်းစဉ် တော်တော်များပါတယ်။ ခေါင်းစဉ်များတယ်ဆိုတာက လစာတို့ ဘာတို့က သူ့ခေါင်းစဉ်နဲ့ သူပေါ့။ ကျောင်းမှာ ဘာတွေ ဝယ်မယ်၊ မြေဖြူဝယ်တာကအစ အားလုံးပေါ့။ အားလုံးကတော့ တိုးပေးဖို့ လိုတယ်။ အစစ အရာရာ လိုတယ်။ မတိုးပေးဘူးဆိုရင် ဆရာ၊ ဆရာမတွေက ကလေးတွေဆီကပဲ ကောက်ရမယ်။ သိတဲ့အတိုင်းပဲ။ ကလေးတွေက ဒီကျောင်းမှာသုံးတဲ့ ပစ္စည်းအတွက် ပေးရတယ်။ ဆရာ၊ ဆရာမတွေ ကျူရှင်အတွက်လည်း ပေးရတယ်။ ကျောင်းဆောက်ရင်လည်း ပေးရတယ်။ ကျောင်းပြင်ရင်လည်း ပေးရတယ် ဆိုတဲ့ အနေအထားက သိပ်များနေပြီ။ ကျနော်တို့က အခုန ကျောင်းဆောက်တာတို့ ကျောင်းပြင်တာတို့ မိဘပဲပေးတယ် ထားလိုက်တော့၊ ဒါပေမယ့် ဒါတွေမဖြစ်သင့်ဘူး။ အားလုံးက အစိုးရအနေနဲ့ အားလုံးကို တာဝန်ယူဖို့ ကောင်းတယ်။ အဲဒီလို ကလေးတွေဆီက မဖြစ်စလောက်လေးတွေတော့ ကိစ္စမရှိပါဘူး။ အားလုံး မြေဖြူကနေစပြီး ကလေးတွေ ပေးနေရတဲ့ အနေအထားမှာ ရှိနေတယ်။”
ကာကွယ် ရေးအသုံးစရိတ်ကတော့ သန်း ၂၀၀၀၊ ပညာရေးကတော့ သန်း ၃၅၀ ဆိုတော့ အဲဒီ ၂ ခုကို ယှဉ်ပြောပြပါလား။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးလည်း ဖြစ်နေပြီဆိုတော့ ဗမာပြည်မှာ ကာကွယ်ရေးအသုံးစရိတ်နဲ့ ဆရာကြီးကလည်း ညွှန်မှူးအဖြစ်နဲ့ သွားဖူးလာဖူးတယ်။ ဘယ်လိုဖြစ်စေချင်လဲ ဘတ်ဂျက်ခွဲဝေမှုမှာ။
“ဖြစ် စေချင်တာက ဥပမာ မူလတန်းက အခြေခံပညာမှာ ဆရာ၊ ဆရာမ ၆ သိန်းလောက် ဖြစ်သင့်တယ်။ အထက်တန်းမှာရှိတဲ့ တက္ကသိုလ်ကောလိပ်မှာ ကျောင်းတွေမှာ ရှိတဲ့ဆရာ၊ ဆရာမတွေလည်း သူတို့ သိန်းနဲ့ချီရှိတာပဲ။ အဆ၂၀။ ကျနော်ပြောတာ နည်းတောင်နည်းသေးတယ်။ ခုနက အပစ်အခတ် ရပ်စဲရေး ပြီးသွားပြီ။ ဟိုဘက်က အတတ်နိုင်ဆုံး ကာကွယ်ရေးစရိတ်ကို လျှော့ပြီးတော့ ဒီဘက်မှာ တိုးဖို့ကောင်းမယ်လို့ သဘောရတယ်။ ဒါပေမယ့် ဟိုဘက်က လခတိုးပေးရမယ်။ ဒီဘက်လည်း တိုးပေးရမယ်၊ ဆိုတော့ အတတ်နိုင်ဆုံးတော့ လူနည်းနည်းနဲ့ စစ်တပ်မှာရှိမယ်။ လူများများနဲ့ ပညာရေး၊ ကျန်းမာရေးမှာ ရှိမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်တာပဲ။ လူနည်းနည်း ဆိုတဲ့နေရာမှာ မလိုအပ်တော့ဘူးဆိုရင် ငြိမ်းချမ်းရေး ရပြီးရင်တော့ မလိုအပ်တော့ဘူး ထင်တာပဲ။”
http://burmese.dvb.no
ကိုဇာဂနာအပါအဝင် မြန်မာနိုင်ငံသားသုံးဦးကို အမေရိကန် NED ဖိတ်ကြား
January 30, 2012 by ကိုထွေး
မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားဒေသ အခြေအနေတွေကို ဆွေးနွေးဖို့ ဟာသသရုပ်ဆောင် လူရွင်တော် ဇာဂနာအပါအဝင် မြန်မာနိုင်ငံသားသုံးဦးကို အမေရိကန်အစိုးရနဲ့ လွှတ်တော်နောက်ခံအဖွဲ့အစည်း NED (National Endowment for Democracy)က ဖိတ်ကြားပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း တင်ပြဖို့ NED က ကချင်ပြည်က လယ်သမားနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာ၊ လူရွှင်တော် ဇာဂနာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးရေးရာ လှုပ်ရှားသူ ဒေါ်ခင်သန်းမြင့်တို့ ၃ ဦးကို ဖိတ်ကြားခဲ့တာပါ။
သူတို့ဟာ အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လုပ်သားရေးရာ ကော်မတီ လက်ထောက် အတွင်းဝန် မိုက်ကယ်ပိုဇနာနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း အမေရိကန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကိုလည်း သွားလည်ပတ်မှာဖြစ်သလို အမေရိကန်ရောက် ကချင်အသိုင်းအဝိုင်းထံကိုလည်း လည်ပတ်မယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
“မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေရယ်၊ တိုင်းရင်းသား ဒေသမှာဖြစ်နေတဲ့ လက်ရှိ အဖြစ်အပျက်ကို အခြေခံပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တိုင်းရင်းသား ဒေသမှာ တိုက်ပွဲဖြစ်နေတဲ့ကိစ္စ မြန်မာပြည်ရဲ့ အခြေအနေကို နည်းနည်း တင်ပြပေးဖို့ ဆိုပြီးတော့ ကမ်းလှမ်းထားတယ်။”
သူတို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ NED အဖွဲ့ဟာ ကမ္ဘာတဝန်းက ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
http://burmese.dvb.no/archives/20559
“ဓယ်ဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်”
By အောင်သက်ဝိုင်း on January 30, 2012 1:35 pm
ထားဝယ်လေဆိပ်အ၀င်ဝ မြေကွက်လပ်ရှေ့မှာ တနင်္ဂနွေနေ့ မနက်ပိုင်း ၇ နာရီအချိန်သာ ရှိသေးပေမယ့် ထောင်ချီရှိတဲ့ လူတွေ စုဝေးနေကြတယ်။ ဒီ လူအုပ်ကြီးထဲမှာ အသက် ၅ နှစ် အရွယ်ကစလို့ အသက် ၇၀ ကျော် အမယ်အို၊ အဘိုးအိုတွေလည်း ပါဝင်နေ ပါတယ်။

ထားဝယ် လူထုကို နှုတ်ဆက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)
ပင်နီရင်ဖုံးအင်္ကျီနဲ့ ယောထဘီ ၀တ်ဆင်ထားတဲ့ ချောမောလှပတဲ့ မိန်းမပျိုလေးတွေကလည်း စံပယ်ပန်းတွေ၊ သပြေပန်းတွေ၊ ဂန္ဓမာ ပန်းတွေ အပါအ၀င် ပန်းအမျိုးအစား ပေါင်းစုံ ကိုင်ဆောင်ထားကြပြီး သူတို့မျက်နှာတွေအားလုံး တက်ကြွရွှင်လန်းနေကြတယ်။
အမယ်အိုတချို့ကလည်း သူတို့လက်မှာ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတလုံးပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အလံငယ်လေးတွေကို ကိုင်ရင်း ထားဝယ်လေဆိပ် အဆောက်အအုံဘက်ကို လှမ်းမျှော်ကြည့်နေကြတယ်။
လုံခြုံရေးလက်ပတ်နဲ့ လူငယ်တွေက လူဝင်လူထွက်လုပ်နိုင်မယ့် လမ်းကြောင်းကို ရှင်းလင်းပုံဖော်နေကြချိန် NLD တံဆိပ်ပါ တီရှပ် တွေ၊ ဦးထုပ်တွေ ၀တ်ဆင်ထားတဲ့ လူငယ်တွေကတော့ အသင့်အနေအထား လမ်းဘေး ၀ဲယာတလျှောက် ညီညီ ညာညာ မတ် တတ် ရပ်နေကြတယ်။ သူတို့အားလုံးရဲ့လက်တွေက တဦးကိုတဦး ခိုင်မြဲစွာ ချိတ်ဆက် ထားကြတယ်။

ထားဝယ်မြို့ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ တော်ဝင်ဦး ဘေဘီ စတိုးကနေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မနက် ၇ နာရီ ခွဲ လောက်မှာ ကင်မရာတွေကိုင်ထားတဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ တဖွဲဖွဲ ရောက်လာကြတယ်။ ထားဝယ်လေဆိပ်ရှေ့မြေကွက်လပ်မှာ ခြေချစရာမရှိလောက်အောင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။ အများစု က ဆိုင်ကယ်တွေနဲ့ လာရောက်ကြတာဖြစ်ပြီး ဆိုင်ကယ်တွေအားလုံးမှာလည်း NLD အလံငယ်တွေကို စိုက်ထူထားကြတယ်။ အနီရင့်ရောင် NLD အလံကြီးတွေကလည်း လေဆိပ်ဝန်းကျင် တခုလုံးကို ဖုံးလွှမ်း သွားတယ်။
မနက် ၇ နာရီ ၅၅ မိနစ်လောက်မှာ လူစုလူဝေးကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အားလုံးမျက်ဝန်းတွေက တောက်ပသွားကြတယ်။
မြန်မာ ဆန်ဆန် အစိမ်းရင့်ရောင် ရင်ဖုံးအင်္ကျီနဲ့ထဘီ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတဦး ထားဝယ် လေဆိပ်ဆိုက်ရောက်ဆောင်က ထွက်လာတယ်ဆိုရင်ပဲ ပတ်ဝန်းကျင်တခုလုံး လက်ခုပ်သံတွေ ဆူညံသွားတယ်။
လူတွေက အမျိုးသမီးကို မြင်တယ်ဆိုရင်ပဲ ပြုံးတဲ့သူတွေက အားရပါးရပြုံးကြတယ်။ အော်တဲ့သူတွေက အားရပါးရ အော်ကြတယ်။ တချို့ကလည်း ရှိုက်ကြီးတငင် ငိုကြတယ်။ တချို့ကလည်း ခုန်ပေါက်နေကြတယ်။ တချို့ကလည်း အလံတွေကို ဝှေ့ယမ်းကြတယ်။
အဲဒီအမျိုးသမီးကတော့ တနင်္သာရီတိုင်း ထားဝယ်ဒေသကို ပထမဆုံးသော နိုင်ငံရေးစည်းရုံးမှုခရီးစဉ်အဖြစ် လာရောက်တဲ့ လူထု ခေါင်းဆောင်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါပဲ။
ပန်းကုံးစွပ်တဲ့သူတွေ များလွန်းလှတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့လည်ပင်းမှာ စံပယ်ပန်းကုံးတွေ ဖွေးဖွေးလှုပ်နေတယ်။ လက်ထဲမှာလည်း သပြေပန်းတွေ၊ နှင်းဆီပန်းတွေ၊ ဂန္ဓမာပန်းတွေ မနိုင်မနင်းဖြစ်နေပုံပါပဲ။
၁ ဂ / ၉၈၁၈ နံပါတ်တပ်ထားတဲ့ ပါဂျဲရိုး ကားပေါ်ကနေ လူထုကို လက်ပြ နှုတ်ဆက်လိုက်တယ်ဆိုရင်ပဲ“အမေစု ကျန်းမာပါစေ” “NLD အောင်ရမည်” “ရွေးကောက်ပွဲ နိုင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေက ထားဝယ် လေဆိပ် တခုလုံးကို ဖုံးလွှမ်းသွားတယ်။
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါတဲ့ယာဉ်တန်းက လူစုလူဝေးကြားထဲကနေ ခက်ခက်ခဲခဲထွက်ခွာလျက်ရှိနေချိန်မှာ ရာပေါင်းများစွာသော ဆိုင်ကယ်တွေကလည်း ထားဝယ်မြို့ကားလမ်းမတွေကို ဖုံးလွှမ်းသွားတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းနောက်မှာ သတင်းထောက်တွေ၊ ပြည်သူတွေ လိုက်ပါ စီးနင်းလာတဲ့ ယာဉ်စီးရေ တရာနီးပါး
လောက် ရှိတာကြောင့် ယာဉ်တန်းကြီးက တမျှော်တခေါ်နဲ့ ရှည်လျား လွန်းလှ ပါတယ်။
ထားဝယ် ပြည်သူတွေကလည်း သင်္ကြန်ရေပက်ခံ ကားတွေလိုပဲ ကားအမိုးဖွင့် မတ်တတ်ရပ် အနေအထားနဲ့ ပူပြင်းတဲ့ နေရောင်ကို ဂရုမစိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းနဲ့အတူ လိုက်ပါကြတယ်။
ထားဝယ်မြို့အ၀င် လမ်းဘေး ၀ဲယာတလျှောက် မြောက်မြားစွာသောပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ကို နှုတ်ဆက်နေကြ တယ်။
“အမေစုကို ရှစ်ဟယ် (အမေစုကို ချစ်တယ်)” ဆိုတဲ့ ထားဝယ်သံ ၀ဲဝဲနဲ့ စုပေါင်း အော်ဟစ်သံတွေကလည်း လမ်းတလျှောက် ထွက် ပေါ်နေတယ်။
ထားဝယ်လူထုရဲ့ မျက်ဝန်းတွေက မျှော်လင့်ချက်တွေ၊ ရဲရင့်မှုတွေနဲ့ တောက်ပလွန်းလှတယ်။ ထားဝယ်မြို့သူမြို့သားတွေ အားလုံး ပျော်နေကြတယ်။
မနက် ၈ နာရီ မိနစ် ၄၀ ကျော်လောက် ဆေးရုံလမ်းရှိ တနင်္သာရီတိုင်း NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့အခါ မှာလည်း ရုံးရှေ့မှာ ကားလမ်းမအပြည့် ထောင်ချီတဲ့ လူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်နေကြတယ်။
“ဒီနေ့ ထားဝယ်တမြို့လုံးနီးပါး အလုပ်တွေ နားထားကြတယ်။ ဆိုင်ရှိတဲ့သူတွေကလည်း ဆိုင်ပိတ်ထားတယ်။ အမေစုကို ကြိုဖို့၊ အမေစုကို ဘယ်လောက် ထောက်ခံတယ် ဆိုတာ ပြဖို့”လို့ ထားဝယ်မြို့ခံတဦးက ပြောဆိုပါတယ်။
မနက် ၈ နာရီ ၄၅ မိနစ်မှာ NLD ရုံးထဲကနေပြီး ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်း စပြောတယ်။
တရား ဥပဒေ စိုးမိုးဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ နဲ့ ပြည်သူအတွက် တကယ်အလုပ်လုပ်ဖို့ ကြားဖြတ် ရွေးကောက်ပွဲဝင်တဲ့အကြောင်း မိနစ်၂၀ နီးပါးကြာ စကားပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားခိုင်မာတဲ့ ပြောဆိုချက်တွေကြောင့် သဘောကျတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံတွေက မပြတ် ထွက်ပေါ်နေတယ်။
မနက် ၉ နာရီ ၁၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လောင်းလုံမြို့နယ် NLD ရုံးကို စတင်ထွက်ခွာ ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက် နားထောင်ကြတဲ့ ထားဝယ် လူထု (ဓာတ်ပုံ - ဧရာဝတီ)
ယာဉ်တန်းနောက် ခြေလျင် လမ်းလျှောက်လိုက်တဲ့သူတွေ မနည်းလှသလို ဆိုင်ကယ်တွေကလည်း မရေမတွက်နိုင်အောင် များလွန်း လှတယ်။
ထားဝယ်မြို့ကနေ ကမျောကင်း လမ်းအတိုင်း လောင်းလုံမြို့ကို ထွက်ခွာရာ လမ်းတလျှောက် ဖြတ်သန်းကျေးရွာ တွေက ဗိုလ်ချုပ် အောင်ဆန်း သီချင်းတွေ၊ လွတ်လပ်ရေး သီချင်းတွေ၊ အာဇာနည် သီချင်းတွေဖွင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံပါ ဗီနိုင်းကြီးတွေထောင်ပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။
အခြေခံပညာကျောင်းက ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေကလည်း ရွာသူရွာသားတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုနှုတ်ဆက်ကြတယ်။
တချို့ကျေးရွာတွေက “ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါ၏” ၊ “လွှတ်တော်တွင် ရာနှုန်းပြည့် NLD နိုင်ရမည်” ဆိုတဲ့ စာသားတွေပါတဲ့ ဗီနိုင်းကြီးတွေကို ကားလမ်းမပေါ်ကို ကန့်လန့်ဖြတ် ချိတ်ဆွဲထားကြတယ်။
မနက် ၁၁ နာရီကျော်မှာ လောင်းလုံ NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး လူထုကို ၁၅ မိနစ် မိန့်ခွန်းပြောပါတယ်။
နေ့လယ်အချိန် များပြားလှတဲ့ ပြည်သူတွေက ထီးမပါ၊ ဦးထုပ်မဆောင်း၊ အရိပ်မခိုဘဲ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နေပူခံနားထောင်ကြတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က အောက် ရေဖြူရွာ၊ သောကြာပြင်ရွာ တို့ကို ဆက်လက်ခရီးထွက်ခွာခဲ့ပြီး မွန်းလွဲ ၃ နာရီ ၀န်းကျင်မှာ မောင်းမကန် ကမ်းခြေကို ရောက်ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ခွန်းဆက်ဖို့ လာကြတဲ့ လူတွေ များလွန်းလှတာကြောင့် သဲဖွေးဖွေးကို မမြင်ရတဲ့အထိ မောင်း မကန်ကမ်းခြေမှာ လူတွေ စုပြုံတိုးနေကြတယ်။ ရေး ၊ ကော့သောင်း အစရှိတဲ့ တနင်္သာရီတိုင်း နေရာဒေသ နယ်ပယ်စုံ က ပြည်သူ တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် နှုတ်ဆက်ကြတယ်။
တချို့ပြည်သူတွေက ထမင်းချိုင့်တွေကို ခြင်းထဲ ထည့်လို့ မိသားစု၊ ဆွေမျိုးတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို လာနှုတ်ဆက်ကြ တယ်။ တချို့လူငယ်တွေက ပါးပြင်တွေပေါ်မှာ NLD အလံပုံ စတစ်ကာတွေကိုကပ်ထားပြီး တချို့မိန်းမပျိုလေးတွေကနဖူးပြင်မှာ ကပ်ထားကြတယ်။
ကမ်းခြေဖြစ်လို့ အေးမြတဲ့ ပင်လယ်လေတိုက်ခိုက်ရမှာဖြစ်ပေမယ့် လူတွေများလွန်းလှတာကြောင့်အတော်ကို မွန်းကျပ် လွန်းနေ တယ်။
လူထုထဲမှာ NLD အလံတွေကို ဝှေ့ယမ်းပြီး “အမေစု” ဆိုတဲ့အသံက လူတိုင်းနှုတ်ခမ်းကလို ထွက်ပေါ်နေတယ်။ မောင်းမကန် ကမ်းခြေမှာ လူထုကို နာရီဝက် နီးပါးကြာ မိန့်ခွန်းပြောပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာပါတယ်။
ညနေ ၃ နာရီ ၄၅ မိနစ်ကျော်မှာ ထားဝယ်မြို့ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ တော်ဝင်ဦး ဘေဘီ စတိုးကနေပြီး ဒေါ်အောင်ဆန်းစုကြည် က လူထု ကို မိန့်ခွန်းပြောပြန်ပါတယ်။
မိန့်ခွန်းလာနားထောင်တဲ့ လူတွေက များပြားလွန်းလှပြီး ဗိုလ်ချုပ်လမ်းတလျှောက် မျက်စိတဆုံး လူတွေ အုံးအုံးကျွက်ကျွက်
တိုးဝှေ့ နေကြတယ်။
အန္တရာယ်ကို ဂရု မမူဘဲ တိုက်ခေါင်မိုးတွေ၊ ၀ရန်တွေပေါ်မှာလည်း လူတွေ မနည်းမနောရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း ကို နားထောင်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်မှာ လက်ခုပ်သံတွေက ထားဝယ်မြို့တခုလုံး မြည်ဟီး နေ တယ်။
အဲဒီနောက် ညနေ ၄ နာရီကျော်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်ဦး ဘေဘီစတိုးကနေ ထားဝယ်လေဆိပ်ကို ပြန် လည် ထွက်ခွာပါတော့တယ်။
ရန်ကုန်ပြန်လည်ထွက်ခွာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မြို့လုံးကျွတ်ပြည်သူတွေက အုတ်အော်သောင်းတင်း နှုတ်ဆက်ကြ တယ်။ မနက်ပိုင်းက ထက်တောင် လမ်းမတွေပေါ်မှာ လူတွေပြည့်နှက်နေတယ်။
ယာဉ်ထိန်းရဲတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာနိုင်အောင် လမ်းတွေရှင်းပေးနေကြပါတယ်။ အနီရောင် ထဘီ ၀တ် သူနာပြုတွေကလည်း ဆေးရုံ အ၀င်ပေါက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်ဆက်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ကားဘေးမှာ ၀ိုင်းနေတဲ့လူတွေက များလွန်းတာကြောင့် လုံခြုံရေး လူငယ်တွေလည်း ကားထွက်နိုင်အောင် မနည်း ဖယ်ရှားနေရပါတယ်။
“ဓယ်ဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်”(ထားဝယ်သား အားလုံး အမေစုကို ချစ်တယ်)ဆိုတဲ့ ထားဝယ်ဘာသာ စကားနဲ့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ထားတဲ့ လူငယ်တွေကလည်း လေဆိပ် အ၀င် လမ်းမဘေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက် နေကြတယ်။
တချို့လူတွေက ထားဝယ်က ပြန်လည်ထွက်ခွာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်တွေကျနေ
ကြတယ်။
ညနေ ၄ နာရီ ၁၅ မိနစ်လောက်မှာ ဒေါ်အောင်ဆန်းစုကြည် လေဆိပ်ရောက်ရှိပြီး မြန်မာ့လေ ကြောင်း လေယာဉ်ပေါ်ကို တက်သွား ပါတယ်။
လေယာဉ်က ကောင်းကင်ပေါ်ကို ပျံသန်းဖို့ အရှိန်ယူနေပါပြီ။ လေဆိပ်ဝန်းကျင်တခုလုံးမှာတော့ ထားဝယ်ဒေသခံတွေ ဖွေးဖွေးလှုပ် ရှိနေပြီး လေယာဉ်ကို လက်ပြနှုတ်ဆက်နေကြတယ်။ လေယာဉ် ပေါ်မှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့မမြင်နိုင်ပေမယ့်
လက်ပြ နှုတ်ဆက် နေကြတယ်။
“သွားတော့ အမေရေ”လို့ အသက် ၃၀ ကျော်အရွယ် လူငယ်တဦးက ထားဝယ်သံ ၀ဲဝဲနဲ့ အော်ဟစ်နှုတ်ဆက်တယ်။ သူ့ပါးပြင်မှာ
မျက်ရည်စတချို့ ရှိနေတယ်။
လေယာဉ် ကောင်းကင်ပေါ် တက်သွားပြီဖြစ်ပေမယ့် လေဆိပ်ဝန်းကျင်မှာ လူတွေရှိနေဆဲ…။ မြောက်မြားစွာသော ထားဝယ်ဒေသခံ တွေ က ကောင်းကင်မှာ ပျံသန်းနေပြီဖြစ်တဲ့ လေယာဉ်ကို မျက်စိတဆုံးကြည့်နေကြဆဲ…၊ လက်ပြနေကြဆဲ…..။ ။
http://burma.irrawaddy.org/archives/5461
မြောက်ပိုင်း ABSDF က လူသတ်မှုများ
2012-01-28
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ လွန်ခဲ့တဲ့နှစ် ၂၀ က ဖြစ်ရပ်ဟာ အခုတလော တကျော့ပြန်ကာ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
(Lee Yu Kyung/EPN)
ထိုင်း- မြန်မာနယ်စပ်ရှိ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်) ၏ ဝေးကြီး ဗဟိုဌာနချုပ်တွင် နေ့လည်စာ စားနေကြသော ABSDF တပ်ဖွဲ့ဝင်များကို ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း တွေ့ရစဉ်။
၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလတုန်းက မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ ကျောင်းသား ရဲဘော်အနည်းဆုံး (၁၅) ဦးကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ညှဉ်းပန်းသတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်မှာ သူလျှိုအဖြစ် အစွပ်စွဲခံရပြီး ကျောင်းသား တပ်မတော်အချုပ်ထဲ အကျဉ်းချခံခဲ့ရသူ ပန်းချီထိန်လင်း (လက်ရှိ လန်ဒန်) က မြောက်ပိုင်းခေါင်းဆောင်တွေ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း၊ ဒီဖြစ်ရပ်ဟာ အုပ်စုနှစ်စုကြား အာဏာလုရာက ပေါ်ပေါက်လာခဲ့တာ ဖြစ်ကြောင်း၊ နောက်ဆုံးမှာ အခြားသူတွေနဲ့အတူ သူကိုယ်တိုင် အချုပ်ကနေ တရုတ်နယ်စပ်ဖက်ကို ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း RFA ကို ထုတ်ဖေါ်ပြောဆိုပါတယ်။ ကျောင်းသား တပ်မတော်မြောက်ပိုင်းမှာ အဲဒီအချိန်က ခေါင်းဆောင်ဖြစ်တဲ့ ABSDF ဗဟိုကော်မတီဝင်ဟောင်း ကိုအောင်နိုင်ကတော့ အဲဒီအချိန်က အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်အတိုင်း တာဝန်အရ လုပ်ကိုင်ခဲ့ရတာဖြစ်ပြီး၊ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး အတွက် ABSDFအဖွဲ့က စုံစမ်းစစ်ဆေးရာမှာ သူ့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/absdf-north-01282012120959.html
Sunday, January 29, 2012
အမေရိကန် တစ်ဒေါ်လာကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်
အမေ ရိကန်တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းအား ယခင်ခြောက်ကျပ်အစား ဈေးကွက်ပေါက်ဈေး ဖြစ်သော ကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်
Sunday, 29 January 2012 14:19
အမေရိကန် တစ်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်းအား ယခင်ခြောက်ကျပ်အစား ဈေးကွက် ပေါက်ဈေးဖြစ်သော ကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲသတ်မှတ်မှု ကိုလာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အစတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
လတ်တလောတွင်မူ နိုင်ငံစီးပွားရေးတည်ငြိမ်စေရန် ရှုပ်ထွေးသည့် နိုင်ငံခြားငွေ လဲလှယ်မှုစနစ်ကို ဦးစားပေးပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း၊ စီမံခန့်ခွဲမှုအပိုင်းတွင် လည်း မက်ခရိုစီးပွားရေး တည်ငြိမ် မှုကို ထိန်းထားနိုင်ရန်အတွက် ပြုပြင် ပြောင်းလဲရမည်ဖြစ်ကြောင်း IMF မှ ထုတ်ပြန်သော စာတမ်းတွင် ဖော်ပြ ထားသည်။
“လတ်တလော အခြေအနေမှာ အီးယူကတော့လာမယ့် ဧပြီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အနေအထား ကို ကြည့်ပြီး စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ ပြောနေကြတာရှိပါတယ်။ အခုဆို နော်ဝေ က ၀င်လာပြီဆိုတော့ တခြားအီးယူ နိုင်ငံတွေလည်း ၀င်လာဖို့ကြိုးစားတာရှိမှာပဲ။ ပြည်တွင်းမှာ ငွေကြေး လဲလှယ်နှုန်း အမျိုးမျိုးဖြစ်နေတဲ့ ကိစ္စတွေကိုလည်း မကြာခင် ပြင်ဆင်သွားမယ်လို့ သိရတယ်ဆိုတော့ လက်ရှိ အခြေအနေအတိုင်း ဆက်သွားရင် မြန်မာ့စီးပွားရေး တိုးတက်လာနိုင်ပါတယ်။ ပြီးတော့ IMF ကိုယ်တိုင် မြန်မာ့စီးပွားရေးကို စိတ်ဝင်စားနေတဲ့ အပိုင်းလည်းရှိတယ်”ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ် တွင်မူ ကာကွယ်ရေး အသုံးစရိတ် GDP ၏ ၂၅ ရာခိုင်နှုန်းအထိ သုံးထားပြီး ပညာရေးတွင် ၄ ရာခိုင်နှုန်းနှင့် ကျန်းမာရေးတွင် ၁ ဒသမ ၄ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ကြောင်း သိရှိရသည်။ ထို့အတူ တစ်ဒေါ်လာပေါက်ဈေး ခြောက်ကျပ်အစား ကျပ် ၈၀၀ နှင့် ပြင်ဆင်သတ်မှတ်သည့် ကိစ္စနှင့် ပတ်သက်၍လည်း အဆင်ပြေသွားမည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ဒုတိယ ဥက္ကဋ္ဌဦးသန်းလွင်က ပြောပြခဲ့သည်။
“အရင်တုန်းက ခြောက်ကျပ်နဲ့လဲနေရာကနေ တရားဝင်လဲလှယ်နှုန်းကိုကျပ် ၈၀၀ နဲ့ လဲလှယ်မယ်ဆိုတော့ ဘက်ဂျက်အပေါ်မှာတော့ သက်ရောက်မှုရှိလိမ့်မယ်။ ဗဟိုဘဏ်ကလည်းဝင်ပြီး ထိန်းကျောင်းဖို့ လိုလိမ့်မယ်။ IMF အပြင် တခြား ပညာရှင်တွေရဲ့အမြင်ကိုလည်း ယူသွားဖို့ရှိပါတယ်။ အခုလည်း ဈေးကွက်ထဲမှာ ကျပ် ၈၀၀ နဲ့ပဲလည်ပတ်နေတာ ဆိုတော့လာမယ့် ဘဏ္ဍာရေးနှစ် အစလောက်မှာတော့ အဆင် ပြေသွားလိမ့်မယ်လို့ ယူဆပါတယ်”ဟု ဦးသန်းလွင်က ပြောပြခဲ့သည်။
www.news-eleven.com
ကူးတို့ဆိပ်မီးလောင်ပေါက်ကွဲမှု တစ်လပြည့် စတုဒီသာအလှုနှင့်လှုဒါန်းငွေပေးအပ်ပွဲ
မီးဘေးဒုက္ခသည်များအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏အလှု
By Political Prisoner (Albums)





မကြာခင်ကပြန်လွတ်လာသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆေ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆေ
နိုင်ငံရေးအကျဉ်းသူတစ်ဦးကလ

ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန်မြို့နယ်မှာဝ

နိုင်ငံရေးအကျဉ်းသားဟောင်းတ
စက်ဆန်း၊ ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူများအတွက် တလပြည့်ဆွမ်းကျွေး တရားတော်နာရေစက်ချပွဲ
by Political Prisoner on Sunday, January 29, 2012 at 10:04am
မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်း၊ ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုကြောင့်သေဆုံးသူများအတွက် ရည်စူး၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက် လူမှုရေးအသင်း နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်း၍ တလပြည့်ဆွမ်းကပ် လှု တရားတော်နာရေစက်ချပွဲအခမ်းအနားကို ပုသိမ်ညွန့်ရှိ မဟာဝိဇရာ ရာမ(ပုသိမ်ညွန့်ရာကျော်ကျောင်းတိုက်ကြီး) တွင် ဆရာတော်၏ဦး
ဆောင်မှုဖြင့် ၂၉-၁-၂၀၁၂ နေ့ နံနက် ၅ နာရီကကျင်းပခဲ့ပါသည်။ ယင်းရေစက်ချပွဲတွင် သံဃာတော်များကို မနက် အာရုဏ်မုန့်ဟင်းခါးဆွမ်း
ဆက်ကပ်လှုဒါန်းပြီး ရပ်ကွက်အတွင်းနေထိုင်သူများအား မနက်စာ မုန့်ဟင်းခါး စတုဒီသာကျွေးခဲ့ကြပါသည်။
၎င်းအပြင် မီးလောင်ပေါက်ကွဲမှုကြောင့်သေဆုံးသွားသူများမှကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများကို မိမိတို့၏ချွေးနဲစာဖြင့် စုဆောင်း
ရရှိထားသောငွေကို လှုဒါန်းပြီး မဟာဝိဇရာ ရာမ(ပုသိမ်ညွန့်ရာကျော်ကျောင်းကြီးတိုက်) ဆရာတော်ထံလာရောက် လှုဒါန်းထားသော အ၀တ်
အစားနှင့် ခြင်ဆေးခွေများကို ဆက်လက်လှုဒါန်းခဲ့ကြပါသည်။
ယင်းအခမ်းအနားသို့ ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် NLD မှ ၀င်ရောက်အရွေးခံမည့် မဖြူဖြူသင်း၊ မကြာခင်က အကျဉ်းထောင်အသီးသီးမှပြန်လည်လွတ်မြောက်လာသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ NLD ပါတီဝင်များ၊ ဗကသ မျိုးဆက်
သစ်များနှင့် ရပ်ကွက်အတွင်း မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ယင်းအခမ်းအနားသို့ နယ်ထိန်းများ နှင့် ထောက်လှမ်းရေးများက လာရောက်စောင့်ကြည့်နေကြပြီး တစုံတရာနှောက်ယှက်မှုမရှိဘဲ၊ အခမ်းအနား ၁၀နာရီတွင် ပြီးဆုံးခဲ့ပါသည်။
ရိုက်တာက တင်ထားတဲ့ ဒေါ်စုရဲ့ ထားဝယ်ခရီးစဉ်ရုပ်သံ
စက်ဆန်း၊ ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူများအတွက် တလပြည့်ဆွမ်းကျွေး တရားတော်နာရေစက်ချပွဲ
by Political Prisoner on Sunday, January 29, 2012 at 10:04am
မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်း၊ ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုကြောင့်သေဆုံးသူများအတွက် ရည်စူး၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက် လူမှုရေးအသင်း နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်း၍ တလပြည့်ဆွမ်းကပ် လှု တရားတော်နာရေစက်ချပွဲအခမ်းအနားကို ပုသိမ်ညွန့်ရှိ မဟာဝိဇရာ ရာမ(ပုသိမ်ညွန့်ရာကျော်ကျောင်းတိုက်ကြီး) တွင် ဆရာတော်၏ဦး
ဆောင်မှုဖြင့် ၂၉-၁-၂၀၁၂ နေ့ နံနက် ၅ နာရီကကျင်းပခဲ့ပါသည်။ ယင်းရေစက်ချပွဲတွင် သံဃာတော်များကို မနက် အာရုဏ်မုန့်ဟင်းခါးဆွမ်း
ဆက်ကပ်လှုဒါန်းပြီး ရပ်ကွက်အတွင်းနေထိုင်သူများအား မနက်စာ မုန့်ဟင်းခါး စတုဒီသာကျွေးခဲ့ကြပါသည်။
၎င်းအပြင် မီးလောင်ပေါက်ကွဲမှုကြောင့်သေဆုံးသွားသူများမှကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများကို မိမိတို့၏ချွေးနဲစာဖြင့် စုဆောင်း
ရရှိထားသောငွေကို လှုဒါန်းပြီး မဟာဝိဇရာ ရာမ(ပုသိမ်ညွန့်ရာကျော်ကျောင်းကြီးတိုက်) ဆရာတော်ထံလာရောက် လှုဒါန်းထားသော အ၀တ်
အစားနှင့် ခြင်ဆေးခွေများကို ဆက်လက်လှုဒါန်းခဲ့ကြပါသည်။
ယင်းအခမ်းအနားသို့ ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် NLD မှ ၀င်ရောက်အရွေးခံမည့် မဖြူဖြူသင်း၊ မကြာခင်က အကျဉ်းထောင်အသီးသီးမှပြန်လည်လွတ်မြောက်လာသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ NLD ပါတီဝင်များ၊ ဗကသ မျိုးဆက်
သစ်များနှင့် ရပ်ကွက်အတွင်း မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ယင်းအခမ်းအနားသို့ နယ်ထိန်းများ နှင့် ထောက်လှမ်းရေးများက လာရောက်စောင့်ကြည့်နေကြပြီး တစုံတရာနှောက်ယှက်မှုမရှိဘဲ၊ အခမ်းအနား ၁၀နာရီတွင် ပြီးဆုံးခဲ့ပါသည်။
ၺၺ
သံဃာတော်များကို အာရုဏ်မုန့်ဟင်းခါးဆွမ်းကပ်လှုစဉ်
ထားဝယ်ကားလမ်း
ဓါတ်ပုံKo Hmine ဖေ့စ်ဘွတ်မှ

တနေ့ ခရီး မှသည် ကာလရှည်စွာသို့ 

တစ်စီးနစ်ရင် အားလုံးရှေ့ ဆက်မရ

တိမ်တိမ်လေးထင်ရင်ဆင်းကြည့်  --လူတစ်ထိုင်စာ အသာလေးမြုပ်၏
မေတ္တာလမ်း၏ရင်ခုန်သံ
by Nay Oo-People on Sunday, January 29, 2012 at 2:43am
ပန်းတွေအဆက်မပြတ်ပွင့်သီနေတယ် .
ဒေါ်အောင်ဆန်းစုကြည်ပြုံးလိုက်လို့..။
ပြည်သူ့တွေရင်မှာအေးချမ်းကြည်နှုးနေတယ်.
သူမ အကြင်နာမေတ္တာတွေကူးစက်လို့...။
မြန်ပြည်သာယာဝပြောငြိမ်းချမ်းတော့မယ်
မေတ္တာပေါင်းကူးတံတားတွေထိုးခဲ့လို့...
အားလုံးရင်ခုန်သံတွေမြန်နေတယ်..
အဲဒါ---
သင်ပုန်းတွေချေခဲ့လို့...
စစ်ပွဲတွေရပ်ခဲ့လို့
ရွှေတံခါးကြီးဖွင့်ခဲ့လို့.
ဒို့ကျောင်းသားခေါင်းဆောင်တွေလွတ်ခဲ့လို့..
လုပ်စရာရှိတာတွေဆက်လုပ်လို့.
ငြိမ်းချမ်းရေးလမ်းကိုလျှောက်ခဲ့လို့။
နေဦး (ပျော်ရွှင်ကြည်နှးမှုများစွာဖြင့်..)
ငြိမ်းချမ်းရေးလမ်း









